← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

“နင်…။ နင့်ကို လီကျင်းဌာနက ဖမ်းသွားတာ မဟုတ်ဘူးလား။” ချွေ့ဖိန်ထင် အံ့အားသင့်စွာ မေးလိုက်သည်။ “ဘာလဲ။ နင်လို ဂုဏ်သိက္ခာရှိတဲ့ ပညာရှင်တစ်ယောက်က အသက်ရှင်ဖို့အတွက် မိန်းမစိုးတစ်​ယောက်ရဲ့ နောက်လိုက်ခွေးကလေးလုပ်မလို့လား။”

တုပိုင်က ပြောလိုက်သည်။

“ချန်ဖိန်က ငါ့ကို လေးစားတယ်။ ပြီးတော့ ငါ့ကြောင့် မင်းမောင် ချွေ့နျန်နဲ့ လောင်းကြေးထပ်ပြီး ချွေ့ဖိန်ထင်က ဖောက်ပြန်တယ် ဆိုတဲ့ စကားမျိုး ပြောခဲ့တာ။ ဒါကြောင့် မင်းက လူလွှတ်ပြီး သူ့ကို ဂူအဆိပ်ခတ်ခဲ့တယ် မဟုတ်လား။”

“ဟုတ်တော့ရော ဘာဖြစ်လဲ။” ချွေ့ဖိန်ထင် အလိုအလျောက် ပြောလိုက်သည်။

သူမသည် ဆရာလုပ်ရသည်ကို ကျင့်သားရနေပြီး ချန်ဖိန်ကဲ့သို့ နိမ့်ကျသော သာမန်လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူသည်ဟု ထင်မှတ်နေသည်။ သို့သော် နောက်ဆုံးတွင် သူမသည် ထိုသို့ ဝန်ခံလောက်အောင် မအပေ။

သူမ၏ လှပသော မျက်လုံးများကို မှေးစင်းလိုက်ပြီး ချွေ့ဖိန်ထင် နှာခေါင်းရှုံ့လိုက်သည်။

“သေချာပေါက် မဟုတ်ပါဘူး။ ချန်ဖိန်လို လူစားမျိုးကို ငါက ခြိမ်းခြောက်မှု တစ်ခုလို့တောင် မသတ်မှတ်ဘူး။ သူ့ကို ဒုက္ခပေးဖို့ လူလွှတ်စရာတောင် မလိုဘူး။ နင် သူ့ကို အထင်ကြီးလွန်းနေပြီ။ သူ့လို အဆင့်အတန်းနဲ့က ငါ့အာရုံစိုက်မှုကို မထိုက်တန်ပါဘူး။”

“မဝန်ခံလည်း ကိစ္စမရှိပါဘူး။” တုပိုင် ပြောလိုက်သည်။

ထို့နောက် သူသည် ချန်ဖိန်၏ ဘေးနားသို့ သွားပြီး မေးလိုက်သည်။

“မင်းကို အဆိပ်ခတ်တဲ့ အမျိုးသမီးက ဒီမှာလား။ မင်း မှတ်မိလား။”

ချန်ဖိန် အားနည်းစွာ ပြောလိုက်သည်။

“သူ့ဘေးနားက အမျိုးသမီးပါ။ ဒါပေမဲ့ အဲဒီတုန်းက သူက မြောင်တိုင်းရင်းသူ ဝတ်စုံ ဝတ်ထားတာ။”

ထိုစကားကို ကြားသောအခါ ချွေ့ဖိန်ထင်၏ ဘေးနားမှ အစေခံမလေး ရှောင်မင်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် စူးရှသော အသံဖြင့် ပြောလိုက်သည်။

“လျှောက်မပြောနဲ့။ နင်လို ဆင်းရဲသား ပညာရှင်မျိုးကို ငါ တစ်ခါမှတောင် မမြင်ဖူးဘူး။ နင့်ကို မြှူဆွယ်ပြီး အဆိပ်ခတ်ဖို့ နေနေသာသာပေါ့။ နင့်ရုပ်နင် မှန်ထဲ ပြန်ကြည့်လိုက်ဦး။”

နောက်ထပ် နလပိန်းတုန်းတစ်ယောက်ပင်ဖြစ်၏။

“သူ့ကို ဖမ်းလိုက်။” တုပိုင် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်နှစ်ဦး ရှေ့တိုးလာပြီး ချွေ့ဖိန်ထင်၏ အစေခံမလေးကို ဖမ်းချုပ်လိုက်သည်။

“ဘာလုပ်တာလဲ။ ငါ့ကို လွှတ်။ ငါကလည်း ပေမင်ဓားဂိုဏ်းဝင်ပဲ။ မင်းတို့ ငါ့ကို ဘယ်လို ထိရဲတာလဲ။” အစေခံမလေး ရှောင်မင် စူးရှစွာ အော်ဟစ်လိုက်သည်။

သူမသည် အမှန်တကယ်ပင် ပေမင်ဓားဂိုဏ်းဝင် ဖြစ်သော်လည်း ချွေ့ဖိန်ထင်ကဲ့သို့ တိုက်ရိုက် တပည့်မဟုတ်ပေ။ ချွေ့ဖိန်ထင်ကို ပြုစုရင်း သိုင်းပညာ အနည်းငယ် သင်ကြားခဲ့ရခြင်း ဖြစ်သည်။

သို့သော် သူမ၏ သိုင်းပညာသည် လီစန်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်သဖြင့် ချက်ချင်း ဖမ်းချုပ်ခံလိုက်ရသည်။

တုပိုင် ရှေ့တိုးလာပြီး မေးလိုက်သည်။

“မင်းက မြောင်ဒေသက မဟုတ်လား။”

“ထွီ။ ညစ်ပတ်တဲ့ မိန်းမစိုးကောင်။ ငါနဲ့ ဝေးဝေးနေစမ်း။ ရွံဖို့ကောင်းအောင် မလုပ်နဲ့။” ချွေ့ဖိန်ထင်၏ အစေခံမလေး ရှောင်မင်သည် တုပိုင်ကို တံတွေးနှင့် လှမ်းထွေးလိုက်သည်။

တုပိုင် ရှောင်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ မကြာခင် မင်း ပိုပြီး ရွံစရာ ကောင်းလာလိမ့်မယ်။ ပုံမှန်ဆိုရင် ငါက မိန်းမတွေကို မရိုက်ဘူး။ မိန်းမတစ်ယောက်က ငါ့ကို စော်ကားရင်တောင် ငါ ပြန်မရိုက်ဘူး။ ငါက အရမ်း သိမ်မွေ့တယ်။”

“ယူလာခဲ့။” တုပိုင် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တစ်ဦးသည် ငွေရောင်သေတ္တာတစ်လုံးကို တုပိုင်လက်ထဲသို့ ထည့်ပေးလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ဂူပိုးကောင်များ ပြည့်နှက်နေပြီး မျှော့ကောင်များကဲ့သို့ ဖြစ်နေသည်။ ပန်းကန်လုံး တစ်ဝက်ခန့် ရှိသည်။

“သူ့ပါးစပ်ကို ဖြဲထား။” တုပိုင် ပြောလိုက်သည်။

အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များသည် ရှေ့တိုးလာပြီး ရက်စက်ကြမ်းကြုတ်သော အစေခံမလေး ရှောင်မင်၏ ပါးစပ်ကို အတင်း ဖြဲထားလိုက်ကြသည်။

တုပိုင်သည် ဂူပိုးကောင် သေတ္တာတစ်လုံးလုံးကို အစေခံမလေး၏ ပါးစပ်ထဲသို့ ရုတ်တရက် လောင်းထည့်လိုက်ပြီးနောက် ပျားရည်ကို လည်ချောင်းထဲသို့ လောင်းထည့်လိုက်သည်။

“အားးးးး။ အားးးးး။” မိန်းမဆန်သော စူးရှသည့် အော်ဟစ်သံများနှင့်အတူ အရွယ်ရောက်ပြီးသား ဂူပိုးကောင် ပန်းကန်လုံး တစ်လုံးစာသည် သူမ၏ ဗိုက်ထဲသို့ ဝင်ရောက်သွားလေသည်။

တုပိုင် ညင်သာစွာ ပြောလိုက်သည်။

“ရှောင်မင်။ ဟုတ်တယ်မလား။ ငါက အမျိုးသမီးတွေကို အရမ်း သနားတတ်တယ်။ မင်းက တော်တော် လှတယ်။ မင်း သေသွားရင် နှမြောစရာပဲ။ ဒီလိုလုပ်… မင်းရဲ့ သခင်မ ချွေ့ဖိန်ထင် အကြောင်း ဝန်ခံလိုက်။ ဥပမာ… သူက ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှုနဲ့ ချန်ဖိန်ကို သတ်ဖို့ ကြိုးစားတဲ့ အမှုမှာ နောက်ကွယ်က ကြိုးကိုင်သူတွေထဲက တစ်ယောက် ဖြစ်တယ် ဆိုတာမျိုးပေါ့။ ဒါဆို ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ်။ ဘယ်လိုလဲ။”

ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော ချွေ့ဖိန်ထင်သည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ရုတ်တရက် ဓားကို ဆွဲထုတ်ကာ တုပိုင်ရှိရာသို့ ပြေးဝင်လာသည်။

“ချွင်…”

နောက်တစ်စက္ကန့်တွင် သူမ၏လက်ထဲမှ ဓားသည် လွင့်ထွက်သွားလေသည်။

သူမသည် ပေမင်ဓားဂိုဏ်းတွင် သိုင်းပညာ သင်ကြားခဲ့ပြီး ဂိုဏ်း၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်သော်လည်း ပေမင်ဓားဂိုဏ်းသည် ချမ်းသာသော မိသားစုဝင် သားသမီးများကို တပည့်အဖြစ် လက်ခံလေ့ ရှိသည်။

ဤသည်မှာ သံတမန်ရေးရာ နည်းဗျူဟာ တစ်ခုသာ ဖြစ်သည်။ သိုင်းပညာ စွမ်းရည်အရ ဆိုလျှင် ဂိုဏ်းတွင် တစ်သက်လုံး နေထိုင်ခဲ့ကြသော တပည့်များကသာ စစ်မှန်သော သိုင်းပညာရှင်များ ဖြစ်ကြသည်။

ချွေ့ဖိန်ထင်၏ သိုင်းပညာသည် မဆိုးလှသော်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကျွမ်းကျင်ပညာရှင် လီစစ်နှင့် ယှဉ်လျှင် သာမန်အဆင့်သာ ရှိသည်။

နောက်တစ်စက္ကန့်တွင် လီစစ်၏ ဓားသည် ချွေ့ဖိန်ထင်၏ လည်ပင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“တုပိုင်။ ငါ့ဆရာက နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး။ ငါ့အဖေလည်း နင့်ကို လွှတ်ထားမှာ မဟုတ်ဘူး။ ငါ့ရဲ့ လက်စားချေမှုကို နင် မကြာခင် မြင်ရလိမ့်မယ်။”

ချွေ့ဖိန်ထင် စကားမဆုံးခင်မှာပင် တုပိုင်က ပြောလိုက်သည်။

“သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်။”

လီစစ်သည် လက်သီးကို ဆုပ်လိုက်ပြီး ချွေ့ဖိန်ထင်၏ ရင်ဘတ်နှင့် ဗိုက်ကို ပြင်းပြင်းထန်ထန် ထိုးချလိုက်သည်။

“ဘုန်းးးး။” ချွေ့ဖိန်ထင် လွင့်ထွက်သွားလေသည်။

ထို့နောက် သူမသည် မြေပြင်ပေါ်တွင် လဲကျသွားပြီး မျှော်လင့်ချက်မဲ့စွာ လူးလိမ့်နေကာ သွေးအန်နေလေသည်။ အသံပင် မထွက်နိုင်တော့ချေ။

ဤလီစစ်သည် အမျိုးသမီးများအပေါ် သနားညှာတာမှု လုံးဝ မရှိပေ။

ယခုအချိန်တွင် အဆိုးရွားဆုံး ခံစားနေရသူမှာ ရက်စက်ကြမ်းကြုတ်သော အစေခံမလေး ရှောင်မင်ပင် ဖြစ်သည်။ အရွယ်ရောက်ပြီးသော ဂူပိုးကောင်များသည် သူမ၏ အူလမ်းကြောင်းထဲသို့ ဝင်ရောက်သွားပြီးနောက် သွေးများကို အငမ်းမရ စုပ်ယူနေကြသဖြင့် ငရဲကျသကဲ့သို့ နာကျင်မှုကို ခံစားနေရသည်။ ဤနာကျင်မှုကို သူမ လုံးဝ ခံနိုင်ရည် မရှိတော့ပေ။

တုပိုင် ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

“မင်းက မြောင်ဒေသက လာတာဆိုတော့ မင်းရဲ့ ဂူပညာက သာမန်အဆင့်ပဲ ရှိသေးတာ။ ဒါပေမဲ့ မင်း သိတဲ့အတိုင်းပဲ အရွယ်ရောက်ပြီးသား ဂူပိုးကောင်တွေကို သတ်ရတာ လွယ်ကူတယ်။ ဘာလို့လဲဆိုတော့ သူတို့က အရွယ်အစား ကြီးမားပြီး သွေးကြောမျှင်လေးတွေထဲ တိုးဝင်ဖို့ ခက်ခဲလို့ပဲ။”

“သူတို့က အစာအိမ်နဲ့ အူလမ်းကြောင်း မျက်နှာပြင်မှာပဲ ကပ်နေတတ်ကြတာ။ ဆေးတစ်ခွက်တည်းနဲ့ သူတို့အကုန်လုံးကို သတ်ပစ်လို့ ရတယ်။ တခြားတစ်ဖက်မှာတော့ ဂူပိုးကောင် သားလောင်းတွေက သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တယ်။ သူတို့က အနုစိတ်ဆုံး သွေးကြောလေးတွေကနေတဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို တိုးဝင်သွားနိုင်လို့ ကုသရတာ အလွန် ခက်ခဲတယ်။”

“ဒါပေမဲ့ အရွယ်ရောက်ပြီးသား ဂူပိုးကောင်တွေမှာ ကြောက်စရာကောင်းတဲ့ အချက်တစ်ချက် ရှိတယ်။ သူတို့က လူသတ်တာ အရမ်း မြန်တယ်။ ၁၅ မိနစ် အတွင်းမှာပဲ လူတစ်ယောက်ရဲ့ သွေးကို အကုန် စုပ်ယူပစ်နိုင်တယ်။ ပြီးတော့ အူနဲ့ အစာအိမ်ကို ကိုက်ဖောက်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို တိုးဝင်သွားနိုင်တယ်။ အဲဒီအချိန်ရောက်ရင် နတ်ဘုရားတောင် မင်းကို မကယ်နိုင်တော့ဘူး။”

တုပိုင်သည် အိတ်ကပ်ထဲမှ ကြွေပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ငါ ဆေးပြင်ထားပြီးသား။ ချွေ့ဖိန်ထင်က ချန်ဖိန်ကို သတ်ဖို့ ကြိုးစားတဲ့ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်တယ်ဆိုတာကို မင်း ဝန်ခံမယ်လို့ ကတိပေးရင် ငါ မင်းကို ဆေးချက်ချင်း ပေးမယ်။”

“အခု သောက်ရင် နောက်မကျသေးဘူး။ မင်းခန္ဓာကိုယ် ထိခိုက်မှုလည်း သိပ်မရှိသေးဘူး။ နည်းနည်းလောက် ထပ်စောင့်လိုက်ရင်တော့ ကယ်လိုက်နိုင်ရင်တောင် မင်း တစ်သက်လုံး အိပ်ရာထဲ လဲနေရလိမ့်မယ်။”

တုပိုင်သည် ကြွေပုလင်းကို အစေခံမလေး ရှောင်မင်၏ ရှေ့တွင် ချထားလိုက်ပြီး မေးလိုက်သည်။

“မင်းသခင်မ ချွေ့ဖိန်ထင်ကို ဖော်ထုတ်မယ်လို့ ကတိပေးလား။”

“ပေးပါတယ်။ ပေးပါတယ်။” အစေခံမလေး ရှောင်မင် အသည်းအသန် ပြောလိုက်သည်။

‘သောက်ကျိုးနည်း… မင်း သဘောတူတာ မြန်လွန်းတယ်။ အစေခံတစ်ယောက်အနေနဲ့ မင်းရဲ့ သစ္စာရှိမှုက နည်းလွန်းတယ်။’

ထိုစကားကို ကြားသောအခါ မြေပြင်ပေါ်တွင် ကွေးကောက် လူးလိမ့်နေသော ချွေ့ဖိန်ထင်သည် လုံးဝ ကြောင်အသွားသည်။ ခဏတာမျှ သူမ၏ နာကျင်မှုကို မေ့လျော့သွားပြီး ဟိန်းဟောက်လိုက်သည်။

“ရှောင်မင်းး။ နင် ငါ့ကို သစ္စာဖောက်ရဲတယ်ပေါ့။”

“သူ့ကို ပါးစပ်ပိတ်ထား။” တုပိုင် အမိန့်ပေးလိုက်သည်။

လီစစ် ရှေ့တိုးလာပြီး ချွေ့ဖိန်ထင်ကို မလိုက်သည်။

“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။” ချွေ့ဖိန်ထင် တုန်ယင်စွာ ပြောလိုက်သည်။

လီစစ်သည် ပါးလွှာသော ပုစဉ်းတောင်ပံကဲ့သို့ ဓားကို ဆွဲထုတ်ပြီး ချွေ့ဖိန်ထင်၏ နှလုံးနှင့် အဆုတ်ကြားရှိ နေရာတစ်ခုကို ထိုးစိုက်လိုက်သည်။

“အားးးးး။” ချွေ့ဖိန်ထင် အော်ဟစ်လိုက်ရပြီး မျက်လုံးများ ပြာဝေသွားကာ သတိတစ်ပိုင်း လစ်သွားလေသည်။

အမှန်တကယ်တော့ လီစစ်သည် သနားညှာတာခဲ့ခြင်း ဖြစ်ပြီး နှလုံးနှင့် အဆုတ်ကို မထိခိုက်စေဘဲ အရေးကြီးသော သွေးကြောဆုံမှတ် တစ်ခုကိုသာ ထိုးစိုက်ခဲ့ခြင်း ဖြစ်သည်။

“မင်းသခင်မကို သစ္စာဖောက်ဖို့ ဆန္ဒရှိတယ်ပေါ့။ ကောင်းပြီ။” တုပိုင်သည် ဆေးရည်ကို အစေခံမလေး ရှောင်မင်၏ ပါးစပ်ထဲသို့ လောင်းထည့်ပေးလိုက်သည်။

“အားးးးး။ အားးးး။ အားးးးး။” ချက်ချင်းပင် သူမသည် ပိုမို ပြင်းထန်သော နာကျင်မှုဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေလေသည်။

သေချာသည်မှာ ဤဆေးသည် ဂူပိုးကောင်များကို သတ်ဖြတ်နေခြင်း ဖြစ်ပြီး ဂူကောင်များသည် ဗိုက်ထဲတွင် ရုန်းကန် လှုပ်ရှားနေသဖြင့် အလွန် နာကျင်ရခြင်း ဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် အစေခံမလေး ရှောင်မင်၏ ဗိုက်ထဲမှ ဂူပိုးကောင်များ အားလုံး သေဆုံးသွားကြသည်။

“ပြန်ရောက်ရင် ဂူပိုးကောင် အသေတွေကို ခန္ဓာကိုယ်ထဲကနေ စွန့်ထုတ်လိုက်။ ပြီးရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို လအနည်းငယ်လောက် အားဖြည့်ပေးလိုက်ရင် မင်း ကောင်းသွားလိမ့်မယ်။” တုပိုင်က ပြောလိုက်သည်။

“ကဲ။ မင်း လိမ်လိမ်မာမာနဲ့ ဝန်ခံချက် ရေးပြီး လက်မှတ်ထိုးမလား။ စိတ်မပူပါနဲ့။ မင်းက ကိုယ့်အပြစ်ကို ကိုယ်ဆေးကြောပြီးပြီ။ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက လိမ်မာတဲ့ကလေးတွေကို အရမ်း သက်ညှာပါတယ်။”

အစေခံမလေး ရှောင်မင်သည် အားနည်းစွာ ခေါင်းညိတ်ပြလိုက်ပြီး မည်သည့် ခုခံမှုမှ မပြုလုပ်တော့ပေ။

ထို့နောက် သူမသည် စုတ်တံကို ကိုင်ပြီး ချွေ့ဖိန်ထင်က ချန်ဖိန်ကို သတ်ဖြတ်ရန် သူမအား မည်သို့ ညွှန်ကြားခဲ့ကြောင်း အသေးစိတ် ရေးသားလေသည်။

“မှတ်ထား။ ငါ တုပိုင်ကို အရမ်းကြီး ဆွဲမထည့်နဲ့။ အဓိကအချက်က ချွေ့ဖိန်ထင်ရဲ့ မောင် ချွေ့နျန် အကယ်ဒမီစာမေးပွဲမှာ ပထမရဖို့အတွက် သူမက မင်းကို ချန်ဖိန်ကို သတ်ခိုင်းခဲ့တယ် ဆိုတာပဲ။ ဘာလို့လဲဆိုတော့ ချန်ဖိန်က ပါရမီရှင် လူငယ် ဖြစ်ပြီး ချွေ့နျန်ရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်နေလို့ပဲ။” တုပိုင်က ဘေးနားမှနေ၍ လေးနက်စွာ ညွှန်ကြားလိုက်သည်။ “အတိုချုပ် ပြောရရင် ချွေ့ဖိန်ထင်နဲ့ ချွေ့နျန်က ဒီစာမေးပွဲ မသမာမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ဖြစ်ပြီး အပြစ်မဲ့သူတွေကို သတ်ဖြတ်တဲ့အထိ ယုတ်မာခဲ့ကြတယ် အဲတာပါပဲ။”

၁၅ မိနစ် အကြာတွင် ပြီးပြည့်စုံသော ဝန်ခံချက် တစ်စောင် ရေးသားပြီးစီးသွားပြီး အစေခံမလေး ရှောင်မင်သည် လက်မှတ်ထိုးကာ တံဆိပ်နှိပ်လိုက်သည်။

“ချန်ဖိန်။ မင်း အလှည့်ရောက်ပြီ။” တုပိုင် ပြောလိုက်သည်။

အပိုင်း ၁၂၅ ပြီး။

All Chapters