← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

ပညာရှင်များသည် အိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် အတော်လေး ဆင်ခြင်တုံတရား ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ချွေ့နျန်နှင့် ချွေ့ဖိန်ထင်တို့ကို နေရာအနှံ့ လိုက်လံ ရှာဖွေရုံသာ ပြုလုပ်ကြသည်။

သို့သော် ရာနှင့်ချီသော အလေအလွင့် လူတန်းစားများသည် အန္တရာယ်ကို လျစ်လျူရှုကာ အခွင့်ကောင်းယူပြီး ပိုက်ဆံရှာရန် စတင် လုယက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် အောက်ခြေလူတန်းစား အများစုသည် ဤနေရာ၏ ခမ်းနားထည်ဝါမှုနှင့် ဖြုန်းတီးမှုများကို မြင်တွေ့ရပြီးနောက် မှင်သက်သွားကြပြီး ဒေါသ ပိုမို ပြင်းထန်လာကာ တွေ့သမျှ အရာအားလုံးကို စတင် ရိုက်ခွဲဖျက်ဆီးကြလေသည်။

လူအုပ်ကြီးကြားတွင် ပုန်းအောင်းနေသော အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လျှို့ဝှက်အေးဂျင့်များသည် ဖရိုဖရဲ ဖြစ်နေသော အခြေအနေကို အခွင့်ကောင်းယူပြီး မီးရှို့ကြသည်။

ချက်ချင်းပင် ခမ်းနားထည်ဝါသော ချွေ့မိသားစု အိမ်တော်ကြီးသည် မီးတောက်များဖြင့် ဖုံးလွှမ်းသွားလေသည်။

ချွေ့ရွှမ်နှင့် ချွေ့ဖူတို့သည် အိမ်တော်စစ်သည် ရာပေါင်းများစွာ၏ ကာကွယ်မှုဖြင့် အိမ်တော်မှ ထွက်ပြေး လွတ်မြောက်လာခဲ့ကြပြီး မိုင်အနည်းငယ် အကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။

နင်းချေခံရ၊ ရိုက်ခွဲခံရပြီး မီးလောင်ကျွမ်းနေသော သူ့အိမ်တော်ကို ပြန်ကြည့်ရင်း ချွေ့ရွှမ်သည် မျက်လုံးများ ဝေဝါးသွားပြီး ခန္ဓာကိုယ်မှာ ရေခဲတုံးကဲ့သို့ အေးစက်သွားသလို ခံစားလိုက်ရသည်။

ဤသည်မှာ လွန်ခဲ့သောရာစုနှစ်နှင်ချီ သူ့ဘိုးဘေး မျိုးဆက်များ အုတ်တစ်ချပ် သဲတစ်ပွင့်၊ သစ်ပင်တစ်ပင် ပန်းတစ်ပွင့်မှ စတင် တည်ဆောက်ခဲ့သော စီးပွားရေး လုပ်ငန်းကြီး တစ်ခု ဖြစ်သည်။

ဧက ၁၀ ဧကကျော်လောက်မှ စတင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ လူနေအိမ်များနှင့် မြေသြဇာကောင်းသော လယ်ကွင်းများကို တဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်ကာ ချွေ့ရွှမ်လက်ထက်တွင် လက်ရှိ အတိုင်းအတာအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ရာစုနှစ်တစ်ခုကြာ တည်ဆောက်ခဲ့သော အရာများသည် ဆူပူအုံကြွသူ လူတစ်စုကြောင့် ခဏအတွင်း ပျက်စီးသွားခဲ့ရသည်။

ချွေ့ရွှမ်သည် သွေးများ ခေါင်းထဲသို့ ဆောင့်တက်လာသလို ခံစားလိုက်ရပြီး လည်ချောင်းထဲတွင် ချိုမြမြ အရသာကို ခံစားလိုက်ရကာ ရုတ်တရက် သွေးတစ်လုပ် အန်ထုတ်လိုက်လေသည်။

“အဖေ… အဖေ…” ချွေ့ဖူသည် ချွေ့မိသားစု ခေါင်းဆောင်ကို အမြန် တွဲကူလိုက်ပြီး အသက်ရှူမှန်အောင် အစွမ်းကုန် ကူညီပေးနေသည်။

ချွေ့ရွှမ် မျက်လုံးများကို မှိတ်လိုက်ပြီး သူ့ရှေ့မှ နာကျင်စရာ မြင်ကွင်းနှင့် ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူ တည်ငြိမ်သွားပြီ ဖြစ်သည်။

“အိမ်တော်ကို ပြန်ဆောက်လို့ ရပါတယ်။ လူတွေ အသက်ရှင်နေသရွေ့ ဘာပြဿနာမှ မရှိဘူး။” ချွေ့ရွှမ် ပြောလိုက်သည်။ “ငါတို့ မရှုံးသေးဘူး။ လီကျင်းဌာနက တုပိုင်ကို ဖမ်းမိပြီး ဖိန်ထင်နဲ့ ချွေ့နျန်ကို ပြန်ခေါ်လာနိုင်သရွေ့ ငါတို့ ကြီးမားတဲ့ အောင်ပွဲကို ရရှိနေဦးမှာပဲ။ ငါတို့ အိမ်တော်က တုပိုင်နဲ့အတူ မြေမြှုပ်ခံလိုက်ရတယ်လို့ပဲ သဘောထားလိုက်။”

“သူ့ရဲ့ တန်ဖိုးမရှိတဲ့ အသက်က ဒါနဲ့ မထိုက်တန်ပါဘူး။” ချွေ့ဖူ အေးစက်စွာ ပြောလိုက်သည်။

ချွေ့ရွှမ်က ပြောလိုက်သည်။

“မြန်မြန်… ဘုရင်ခံရုံးကို သွားပြီး အမတ်မင်း လော့ဝမ်ကို ဆူပူအုံကြွသူတွေကို နှိမ်နင်းဖို့ စစ်တပ်လွှတ်ပေးဖို့ ပြော။ ဒါဆို အိမ်တော်ရဲ့ တစ်ဝက်လောက်ကို ကယ်တင်နိုင်ဦးမှာ။”

ထို့နောက် အထက်တန်းစား အိမ်တော်စစ်သည်များ၏ ခြံရံမှုဖြင့် ချွေ့ရွှမ်နှင့် သူ့သားသည် အိမ်တော်မှ ဖရိုဖရဲ ထွက်ပြေးလွတ်မြောက်လာပြီး ကွမ်ရှီး ဘုရင်ခံရုံးသို့ အမြန်ဆုံး သွားရောက်ကြလေသည်။

**--**--**--**--**--**--**--**

သို့သော် ဘုရင်ခံရုံးသို့ ရောက်ရှိသောအခါ…

ချွေ့ရွှမ်နှင့် ချွေ့ဖူတို့ ကြောင်အသွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ချွေ့မိသားစု အိမ်တော်ကို ဝိုင်းရံထားသူများထက် လူအင်အား ပိုများနေသောကြောင့် ဖြစ်သည်။

ပညာရှင် ထောင်ပေါင်းများစွာ ရှိပြီး ထိုအထဲမှ ၁၀၀ ကျော်သည် ရှိုချိုင် (အဆင့်နိမ့် ပညာရှင်) ဘွဲ့ ရရှိထားသူများ ဖြစ်ကြကာ ၁၀ ဦးကျော်သည် ကျူရန် (အဆင့်မြင့် ပညာရှင်) ဘွဲ့ ရရှိထားသူများ ဖြစ်ကြသည်။

ထိုအဖွဲ့ကို ဦးဆောင်နေသူမှာ ရာထူးတံဆိပ် ဦးထုပ်နှင့် ဝတ်ရုံများကို ချွတ်ထားပြီး ဖြစ်သော ပညာရေးမှူး ဝူစန်းရှီ ဖြစ်သည်။

သေချာသည်မှာ ဤနေရာသည် အင်ပါယာ တရားရုံး၏ ဥပဒေများကို ကိုယ်စားပြုသော တရားဝင် အစိုးရရုံး ဖြစ်သဖြင့် အကြမ်းဖက်မှု မရှိပေ။ လူ ၂ သောင်းကျော်သည် ဘုရင်ခံရုံး တစ်ခုလုံးကို ဝိုင်းရံထားပြီး သေသပ်သော အတန်းလိုက် ရပ်နေကြသည်။

ဝူစန်းရှီနှင့် ပညာရှင် တစ်ထောင်တို့သည် သြဝါဒကျမ်းကို တညီတညွတ်တည်း ရွတ်ဆိုနေကြသည်။

သြဝါဒကျမ်းကို ရွတ်ဆိုပြီးနောက် သူသည် ချွေ့နျန်၏ စာမေးပွဲ မသမာမှုနှင့် ချွေ့ဖိန်ထင်၏ လူသတ်ရန် ကြိုးစားမှု ဝန်ခံချက်များကို စတင် ဖတ်ပြပြီး ထပ်ခါတလဲလဲ ဖတ်ပြနေသည်။

ကျောင်းသားများ၏ ကျယ်လောင်သော စာဖတ်သံများသည် ညနေဆည်းဆာ အချိန်တွင် ပဲ့တင်ထပ်နေပြီး ဘုရင်ခံရုံးကို ဝိုင်းရံထားခြင်းအား မြင့်မြတ်ပြီး တရားမျှတသော အသွင်ဆောင်စေသည်။

ဖတ်ပြပြီးနောက် ဝူစန်းရှီသည် ဘုရင်ခံရုံးဘက်သို့ လေးနက်စွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုး ဝူစန်းရှီ… အရှင်မင်းကြီးအနေနဲ့ ချန်ဖိန်အတွက် ဖြေရှင်းချက် တစ်ခု၊ ကွမ်ရှီးက ဖြေဆိုသူ အားလုံးအတွက် ဖြေရှင်းချက် တစ်ခု၊ ကွန်ဖြူးရှပ်အတွက် ဖြေရှင်းချက် တစ်ခုနဲ့ ဧကရာဇ်မင်းမြတ်အတွက် ဖြေရှင်းချက် တစ်ခု ပေးပါရန် တောင်းပန်အပ်ပါတယ်။”

ထို့နောက် ပညာရှင် ထောင်ပေါင်းများစွာသည် ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ချန်ဖိန်အတွက် ဖြေရှင်းချက် ပေးပါ။ ကွမ်ရှီးက ဖြေဆိုသူတွေအတွက် ဖြေရှင်းချက် ပေးပါ။ ကွန်ဖြူးရှပ်အတွက် ဖြေရှင်းချက် ပေးပါ။ ဧကရာဇ်မင်းမြတ်အတွက် ဖြေရှင်းချက် ပေးပါ။”

**--**--**--**--**--**--**--**

ဘုရင်ခံရုံး အတွင်းတွင် လော့ဝမ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။ နာရီဝက် မပြည့်ခင်မှာပင် သူ့ဆံပင်များသည် ဖြူလုနီးပါး ဖြစ်သွားသည်။

ဤသည်မှာ သူ အရာရှိ ဖြစ်လာပြီးနောက်ပိုင်း ကြုံတွေ့ရသော အကြီးမားဆုံး အကျပ်အတည်း ဖြစ်သည်။

ယခင်က တုပိုင်၏ စော်ကားမှု ခံရခြင်းသည် သူ့ဂုဏ်သိက္ခာကိုသာ ထိခိုက်စေခဲ့သည်။ ယနေ့ ကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက သူ၏ ရာထူးအာဏာပါ ဆုံးရှုံးသွားနိုင်သည်။

“အမတ်မင်းကွေ့… ခင်ဗျား ဝူစန်းရှီကို ဖျောင်းဖျပြီးပြီလို့ ပြောခဲ့တယ် မဟုတ်လား။” လော့ဝမ် လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ကွေ့တုန်းယန်၏ မျက်နှာသည်လည်း အလွန် အရုပ်ဆိုးနေပြီး တုန်ယင်စွာ ပြောလိုက်သည်။

“အဲဒီတုန်းက သူက ချက်ချင်း သဘောတူခဲ့တာ။ ဘာလုပ်ရမလဲ သိပါတယ်လို့ ပြောခဲ့တာ။ သေချာတာပေါ့… သူ့အနာဂတ်အတွက် သူ ငါတို့နဲ့ ရပ်တည်မယ်လို့ ငါ ထင်ခဲ့တာ။ ဒီအရူးကောင်က ဒီလို ဇာတ်လမ်းဆင်မယ်လို့ ဘယ်သူက ထင်မှာလဲ။”

လော့ဝမ် ရေရွတ်လိုက်သည်။

“အခုတော့ ဝူစန်းရှီက ကြာပန်းဖြူလေးလို ဖြစ်နေပြီး ငါတို့က ကျီးကန်းမည်းတွေ ဖြစ်နေပြီ။”

“စစ်တပ်နဲ့ နှိမ်နင်းလိုက်။ နှိမ်နင်းလိုက်။” တောင်ပိုင်းပင်လယ် သိုင်းကျောင်းတော်မှ ကျူးဝူယာက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ “ဒီဆူပူအုံကြွသူတွေ နောက်ဆုတ်သွားဖို့ စစ်သည် ၁ သောင်းကို ငါ ချက်ချင်း လွှတ်လိုက်မယ်။ မဟုတ်ရင် သူတို့ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမယ်။”

“အဓိပ္ပာယ် မရှိတာ… အဓိပ္ပာယ် မရှိတာ…” ဘုရင်ခံ လော့ဝမ် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ “ဒါက ပညာရှင် ထောင်ပေါင်းများစွာ ပါဝင်တဲ ဆန္ဒပြမှုတစ်ခုပဲ။ သူတို့မှာ ငြင်းလို့မရတဲ့ သက်သေအထောက်အထားတွေ ရှိတယ်။ သူတို့က အသာစီး ရနေတယ်။ ပြီးတော့ သူတို့က ဘာအကြမ်းဖက်မှုမှ မလုပ်ဘူး။ ဘယ်လိုလုပ် နှိမ်နင်းလို့ ရမှာလဲ။”

ကွေ့တုန်းယန်က အလျင်အမြန် ပြောလိုက်သည်။

“စစ်တပ်ကို မသုံးရဘူး။ နှိမ်နင်းလို့ မရဘူး။ ပြည်သူ့အုံကြွမှု ဖြစ်သွားပြီး ပညာရှင် ၁၀ ယောက်လောက် ထပ်သေသွားရင် ငါတို့အနာဂတ်တွေ ပျက်စီးကုန်လိမ့်မယ်။ ကွမ်ရှီးပြည်နယ် တစ်ခုလုံးမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာပြီး ပုန်ကန်မှု အဆင့်အထိ ရောက်သွားရင် ငါတို့ ခေါင်းတွေ ပြတ်ကုန်လိမ့်မယ်။”

ကျူးဝူယာက မေးလိုက်သည်။ “ဒါဆို ဘာလုပ်ကြမလဲ။ ပြောစမ်း…။ ဘာလုပ်ကြမလဲ။”

လီအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်သည် မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည်။

“ဘုရင်ကို ကယ်ဖို့ နယ်ရုပ်တွေကို စတေးတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ။ ငါတို့ လူတချို့ကို လက်လွှတ်လိုက်သင့်တယ်။ ဒါပေမဲ့ အနည်းဆုံး ငါတို့ထဲက တချို့တော့ အပြစ်ကင်းနေသေးတာပဲ။ ပုတ်နေတဲ့အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အစားထိုးတာက မှန်ကန်တဲ့ လုပ်ရပ်ပဲ။”

ထိုအချိန်တွင် ချွေ့မိသားစု ခေါင်းဆောင် ချွေ့ရွှမ် ပြေးဝင်လာပြီး ပြောလိုက်သည်။

“ဘုရင်ခံမင်း… သခင်ကြီး ကျူးဝူယာ… စစ်တပ်ကို မြန်မြန် လွှတ်ပေးပါ။ ကျွန်တော့်အိမ်တော်မှာ ဆူပူအုံကြွသူတွေက မီးရှို့၊ လူသတ်၊ လုယက်နေကြတယ်။”

ထိုစကားကို ကြားသောအခါ ရှိနေသော ပုဂ္ဂိုလ်ကြီးများ၏ မျက်လုံးများသည် ချွေ့ရွှမ်ထံသို့ ရောက်ရှိလာကြပြီး သူတို့၏ အကြည့်များက အနည်းငယ် ထူးဆန်းနေသည်။ သနားခြင်းများနှင့် လူသတ်လိုစိတ် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

ချွေ့ရွှမ် ရင်ထိတ်သွားသည်။ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ရှေ့တိုးလာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ချွေ့ရွှမ်… မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ မင်းက သားကောင်းသမီးမွန်တွေကို ပြုစုပျိုးထောင်ခဲ့တာပဲ။”

ယခင်က ဤဘုရင်ခံသည် အမြဲတမ်း ကြင်နာတတ်ပြီး ချွေ့ရွှမ်ကို ညီအစ်ကိုကဲ့သို့ ဆက်ဆံကာ နွေဦးရာသီကဲ့သို့ နွေးထွေးခဲ့သည်။ ယခုအချိန်တွင်မူ သူ့မျက်နှာသည် ဆောင်းတွင်းညကဲ့သို့ အေးစက်နေသည်။

ချွေ့ရွှမ် တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “အမတ်မင်း… ဒါ… ဒါ ဘာသဘောလဲ။”

လော့ဝမ်က ပြောလိုက်သည်။

“အမှားလုပ်တဲ့သူက အကျိုးဆက်ကို ခံရမယ်။ ရှုပ်ထွေးအောင် လုပ်တဲ့သူက ကိုယ့်အရှုပ်ကိုယ် ရှင်းရမယ်။ နိုင်ငံတော် ဥပဒေတွေ ရှိနေတာပဲ။ ဥပဒေအတိုင်း ဆောင်ရွက်သင့်တယ်။”

အမတ်မင်း လော့ဝမ်သည် မဟာမိတ်များကို သစ္စာဖောက်ရာတွင် မယုံနိုင်လောက်အောင် ကျွမ်းကျင်လှသည်။

ချက်ချင်းပင် ချွေ့ရွှမ်သည် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး လော့ဝမ်ကို လက်ညှိုးထိုးပြသော်လည်း အသံတစ်သံမျှ မထွက်နိုင်တော့ပေ။

ဘုရင်ကို ကယ်တင်ရန် သူ စတေးခံလိုက်ရပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။

,ဒါပေမဲ့ ဒီတစ်ခါ တုပိုင်ကို သတ်တာက ပူးပေါင်းဆောင်ရွက်မှုလေ။ ပြီးတော့ မင်းတို့လူတွေ ကွမ်ရှီးကို ရောက်လာပြီးကတည်းက ချွေ့မိသားစုဆီက ငွေဘယ်လောက် ယူခဲ့ကြလဲ။ ဂဏန်း ၆ လုံး အပြည့် ရှိတယ် မဟုတ်လား။’

“သောက်ကျိုးနည်း…”

“ဝေါ…” ထို့နောက် ချွေ့မိသားစု ခေါင်းဆောင် ချွေ့ရွှမ်သည် ရုတ်တရက် သွေးမည်းတစ်လုပ် အန်ထုတ်လိုက်သည်။

ဤတစ်ခါ သူ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လုံးဝသတိလစ်သွားလေသည်။

သတိလစ်နေသော ချွေ့ရွှမ်ကို ကြည့်ပြီး ကျူးဝူယာ မေးလိုက်သည်။ “သူ လူတိုင်းကို ဆွဲချသွားမှာ မဟုတ်ဘူးလား။”

ရှိနေသော ပုဂ္ဂိုလ်ကြီး အားလုံးသည် ချွေ့မိသားစုထံမှ ငွေယူထားကြပြီး မည်သူမျှ သန့်ရှင်းခြင်း မရှိကြပေ။

လော့ဝမ် မျက်မှောင်ကြုတ်လိုက်သည်။ ‘သိုင်းလောကသားတွေက အရမ်း ရိုင်းစိုင်းတာပဲ။ ငွေကိစ္စကို ဘယ်လိုလုပ် ဒီလောက် ပေါ်တင် ပြောရဲတာလဲ။’

အော်ယန်ထန်က ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ သူ့မှာ သားတစ်ယောက်နဲ့ မိသားစု တစ်ခုလုံး ရှိသေးတယ်။ ချွေ့ယန်ရဲ့ အနာဂတ်အတွက် သူ အဲဒီလောက် မိုက်မဲတဲ့အလုပ် လုပ်မှာ မဟုတ်ဘူး။”

လော့ဝမ်သည် ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော ချွေ့ရွှမ်ကို သနားစဖွယ် ကြည့်လိုက်သော်လည်း တွဲထူရန် မကြိုးစားပေ။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို မှိတ်ကာ ပြင်ဆင်လိုက်သည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သွေးရောင်လွှမ်းနေပြီး မျက်ရည်များ ပြည့်နေသည်။

ထို့နောက် သူသည် ဆံပင်များကို ရှုပ်ပွအောင် လုပ်လိုက်ပြီး ရာထူးတံဆိပ် ဝတ်ရုံကို ဆုတ်ဖြဲလိုက်ကာ အသက်ပြင်းပြင်း ရှူပြီးနောက် အပြင်ဘက်ရှိ ပညာရှင် ထောင်ပေါင်းများစွာနှင့် လူတစ်သောင်းကျော်ကို တွေ့ဆုံရန် ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

“ဘုရင်ခံမင်း ထွက်လာပြီ။ ဘုရင်ခံမင်း ထွက်လာပြီ…” အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာပြီးနောက် လူတိုင်းသည် ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို လှည့်ကြည့်လိုက်ကြသဖြင့် တိတ်ဆိတ်သွားကြသည်။

လော့ဝမ်၏ အသံသည် အက်ကွဲနေပြီး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။

“ငါ ရုံးကို ပြန်ရောက်တာနဲ့ ဒီတုန်လှုပ်စရာ သတင်းကို ကြားလိုက်ရတာပဲ။ ငါ့ရင်ထဲက ဒေါသနဲ့ အရှက်ရမှုတွေကို ဖော်ပြဖို့ စကားလုံးတောင် မရှိတော့ဘူး။”

“ဒီလူတွေ ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ။ ဧကရာဇ်မင်းမြတ် စာမေးပွဲမှာ မသမာမှု လုပ်ရုံတင်မကဘူး။ ပထမနေရာ ရချင်လို့ အပြစ်မဲ့ပြီး ပါရမီရှိတဲ့ လူငယ်လေး တစ်ယောက်ကိုပါ သတ်ပစ်ကြတာလား။”

“ယုတ်မာလိုက်တာ။ သူတို့မှာ အရှက်တရား မရှိကြတော့ဘူးလား။ တိုင်းပြည်ရဲ့ ဥပဒေတွေကို လေးစားမှု မရှိကြတော့ဘူးလား။”

“ဧကရာဇ်မင်းမြတ် စာမေးပွဲ ဆိုတာ ဘာလဲ။ နိုင်ငံတော်အတွက် သီလနဲ့ပြည့်စုံပြီး ပါရမီရှိတဲ့ လူတွေကို ရွေးချယ်ပေးတာ။ ဒါ အင်ပါယာရဲ့ နိုင်ငံတော် မူဝါဒပဲ။ နိုင်ငံတော်ရဲ့ အသက်သွေးကြောနဲ့ သက်ဆိုင်တယ်။ ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်သလို နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့တဲ့ တရုတ်ယဉ်ကျေးမှုရဲ့ အတက်အကျနဲ့လည်း သက်ဆိုင်တယ်။ ဒါကို ဒီလူတွေက ဒီလို နင်းချေရဲကြတယ်။”

ကွမ်ရှီးဘုရင်ခံ လော့ဝမ်၏ အသံသည် ရင်ကွဲမတတ် နာကျင်ခံစားနေရသကဲ့သို့ ဖြစ်နေသည်။

“ကွမ်ရှီး ဘုရင်ခံရုံးနဲ့ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးရုံး ကိုယ်စား ငါ ကြေညာတယ်။ ဒီ ဧကရာဇ်မင်းမြတ် စာမေးပွဲ မသမာမှုနဲ့ ချန်ဖိန်ကို သတ်ဖြတ်မှုရန်ကြိုးစားတဲ့ အမှုကို အဆုံးထိ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးသွားမယ်။ ဘယ်သူပဲ ပါဝင်ပတ်သက်နေပါစေ ဘယ်လောက်ပဲ အာဏာရှိပါစေ သေဒဏ်ပေးသင့်တဲ့သူကို သေဒဏ်ပေးမယ်။ ထောင်ချသင့်တဲ့သူကို ထောင်ချမယ်။ ပြည်နှင်ဒဏ် ပေးသင့်တဲ့သူကို ပြည်နှင်ဒဏ် ပေးမယ်။”

ထိုစကားကို ကြားသောအခါ ပညာရှင် ထောင်ပေါင်းများစွာသည် လက်ခုပ်တီးပြီး အားပေးကြလေသည်။

“ဒါ့အပြင်… ဒီ ဧကရာဇ်မင်းမြတ် စာမေးပွဲ ရလဒ်တွေ အားလုံး ပျက်ပြယ်ကြောင်းနဲ့ နောက်တစ်ရက်မှာ ပြန်လည် စစ်ဆေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။”

ချက်ချင်းပင် ပညာရှင် ထောင်ပေါင်းများစွာ၏ လက်ခုပ်သံများ ပိုမို ကျယ်လောင်လာသည်။

“ချန်ဖိန် ဘယ်မှာလဲ။ ချန်ဖိန် ဘယ်မှာလဲ။” ဘုရင်ခံ လော့ဝမ်၏ အသံသည် ကြင်နာမှုနှင့် ဂရုစိုက်မှုများ ပြည့်နှက်နေသည်။

ချက်ချင်းပင် ရုပ်ဖျက်ထားသော အရှေ့ဘက်ကွပ်ကဲရေးရုံးမှ မိန်းမစိုးတစ်ဦးသည် ဘီးတပ်ကုလားထိုင်ကို တွန်းပြီး ဘုရင်ခံ လော့ဝမ်၏ ဘေးနားသို့ ရောက်ရှိလာသည်။

လော့ဝမ် ကိုင်းညွတ်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ချန်ဖိန်… မင်းရဲ့ စာမေးပွဲ စာစီစာကုံးတွေကို ငါ ဖတ်ပြီးပြီ။ ရိုးရိုးလေး ပြောရရင် ထူးချွန်လွန်းတယ်။ အဲဒီ စာစီစာကုံးက တကယ့်ကို ပြောင်မြောက်ပြီး အဲဒီကဗျာက သိပ်လှလွန်းလို့ ငါ့ကို ၃ လလောက် အသားအရသာ မေ့သွားစေတယ်။ မင်းက တကယ့်ကို ကွမ်ရှီးရဲ့ ဂုဏ်ယူစရာပဲ။ ဘယ်လို နေသေးလဲ။”

“ကျွန်တော့် ကံကောင်းခဲ့ပါ။” ချန်ဖိန် ပြောလိုက်သည်။

လော့ဝမ်၏ အသံသည် ပို၍ စိုးရိမ်ပူပန်လာပြီး ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ မင်းအတွက် တရားမျှတမှုကို သေချာပေါက် ရှာပေးမယ်။ ပြီးတော့ ဘယ်လောက်ပဲ ကုန်ကျပါစေ ငါ မင်းကို ကုသပေးမယ်။”

သူ့အသံက နူးညံ့သော်လည်း နှလုံးသားက ဓားကဲ့သို့ အေးစက်နေသည်။ ချန်ဖိန် ဧကရာဇ်မင်းမြတ် စာမေးပွဲ ဘယ်တော့မှ မအောင်မြင်စေရဘူးလို့ လော့ဝမ် ဆုံးဖြတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဘုရင်ခံမင်း။” ချန်ဖိန် ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူ့အပြုအမူသည် နှိမ့်ချပြီး နာခံမှု ရှိလှသည်။

ထို့နောက် ချန်ဖိန်က ပြောလိုက်သည်။ “အမတ်မင်း… ကျွန်တော် အမတ်မင်းကို ပြောစရာ စကားတစ်ခွန်း ရှိပါတယ်။”

ဘုရင်ခံ လော့ဝမ်သည် ချစ်ခင်စွာဖြင့် သူ့နားနားသို့ ကပ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။ “ပြောပါ… ပြောပါ။”

ချန်ဖိန်သည် သတ္တိမွေးပြီး တုပိုင်၏ အမိန့်ကို ဆောင်ရွက်လိုက်သည်။

သူ လော့ဝမ်၏ နားနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်တော့်သခင် တုပိုင်က အမတ်မင်းကို ပြောခိုင်းလိုက်ပါတယ်။ လော့ဝမ်… ခင်ဗျားကြီးလို လူယုတ်မာကောင်… ဒီတစ်ခါ ပါးရိုက်ခံရတာ ဘယ်လိုနေလဲတဲ့။”

“ဖြောင်းးးး။” အဝေးမှာ ရှိနေပေမဲ့ တုပိုင်သည် ဘုရင်ခံ၏ မျက်နှာကို ဖြတ်ရိုက်နိုင်ခဲ့သည်။

ချက်ချင်းပင် လော့ဝမ်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားပြီး အလွန် အရုပ်ဆိုးသွားလေသည်။

သို့သော် လူသောင်းချီ ကြည့်နေသဖြင့် သူ အတင်းအဓမ္မ ပြုံးပြလိုက်ရသည်။ ထိုခံစားချက်က သူ့ကို သွေးအန်လုနီးပါး ဖြစ်စေသည်။

အပိုင်း ၁၃၀ ပြီး။

All Chapters