အခန်း (၁၃၇)
Vol. 14 Ch. 137
သန်းခေါင်ယံ အချိန်၌ အမျိုးသမီး အကျဉ်းထောင်တွင် ချွေ့မိသားစု ခေါင်းဆောင် ချွေ့ရွှမ်သည် ဆောင်းဦးရာသီတွင် ကွပ်မျက်ခံရမည့် ချွေ့ဖိန်ထင်ကို တွေ့ဆုံရန် အကျဉ်းထောင်သို့ ရောက်လာသည်။
သေချာသည်မှာ ဆိုင်းငံ့သေဒဏ်ဆိုသည်မှာ ခေတ်သစ်ကမ္ဘာမြေရှိ သေဒဏ်ချမှတ်သော်လည်း အကောင်အထည်ဖော်မှု ဆိုင်းငံ့ထားခြင်းနှင့် တူညီသည်။
ပုံမှန် အခြေအနေတွင် ထိုလူသည် သေဆုံးမည် မဟုတ်ဘဲ နယ်စပ်တပ်ဖွဲ့များတွင် ကျွန်အဖြစ် အမှုထမ်းရန် မိုင်ထောင်ချီ ဝေးသော အရပ်သို့ ပြည်နှင်ဒဏ် ပေးခံရလေ့ ရှိသည်။
“ငါတို့အိမ် မီးရှို့ခံလိုက်ရတယ်။ လုယက် ဖျက်ဆီးခံလိုက်ရတယ်။” ချွေ့ရွှမ် ပြောလိုက်သည်။
ချွေ့ဖိန်ထင်သည် တိတ်ဆိတ်စွာ မျက်ရည်ကျရင်း တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ “အဖေ… သမီး တောင်းပန်ပါတယ်။”
“တောင်းပန်စရာ မလိုပါဘူး။ ငါတို့က ဒေသခံ အာဏာရှင်တွေ ဖြစ်နေကျမို့ ကြောက်ရွံ့မှု ကင်းမဲ့သွားတာပါ။” ချွေ့ရွှမ် ပြောလိုက်သည်။ “ချန်ဖိန်ကို ဂူအဆိပ်ခတ်ဖို့ မင်း လူလွှတ်လိုက်တာကို ငါ မသိခဲ့ပေမဲ့ သိခဲ့ရင်တောင် ငါ တားမှာ မဟုတ်ဘူး။ ပိုပြီး လျှို့ဝှက်ပြီး ရက်စက်တဲ့ နည်းလမ်းနဲ့ လုပ်ဖို့ပဲ ပြောမိမှာ။”
ချွေ့ဖိန်ထင် ငိုကြွေးလိုက်သည်။ “သမီး… သမီး တကယ် ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ တုပိုင်က ဒီလောက် ရက်စက်မယ်ပြီး ယသူ့လက်တုံ့ပြန်မှုက ဒီလောက် ကြောက်စရာ ကောင်းမယ်လို့ သမီးတကယ် မထင်ထားခဲ့ဘူး။”
“ငါလည်း မထင်ထားခဲ့ဘူး။ ငါတို့ ဘယ်သူမှ မထင်ထားခဲ့ကြဘူး။” ချွေ့ရွှမ် ပြောလိုက်သည်။ “ဒီဝံပုလွေပေါက်စက အရမ်း ယုတ်မာပြီး ကြောက်စရာ ကောင်းတယ်။ မင်းအစ်ကို ချွေ့နျန်က ဧကရာဇ်မင်းမြတ် စာမေးပွဲကို နှစ်အနည်းငယ်လောက် ဖြေခွင့်ရမှာ မဟုတ်ဘူး။ မင်းဦးလေး ချွေ့ယန်လည်း ၃ နှစ်ကနေ ၅ နှစ်အတွင်း ရာထူးတိုးဖို့ မလွယ်လောက်ဘူး။”
ချွေ့ဖိန်ထင်သည် ထိုထိုးနှက်ချက်ကြောင့် စိတ်ဓာတ်ကျသွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ ငိုကြွေးလေသည်။
အဓိကတရားခံသည် ချွေ့ဖိန်ထင် ဖြစ်သည်။ သူမသာ ချန်ဖိန်ကို ဖမ်းရန် ပိုင်ယွီချင်းကို မလွှတ်ခဲ့လျှင် အခြေအနေ ဤအဆင့်ထိ ရောက်လာမည် မဟုတ်ပေ။ သူမသာ တုပိုင်ကို မမုန်းခဲ့လျှင် ချန်ဖိန်ကို လုပ်ကြံရန် ကြိုးစားမည် မဟုတ်ပေ။
အရာအားလုံး၏ အဓိက အကြောင်းရင်းမှာ တုပိုင်အပေါ်ထားရှိသော သူမ၏ အမုန်းတရားကြောင့် ဖြစ်သည်။
သို့သော် ဤအမုန်းတရားသည် လုံးဝ အကျိုးသင့်အကြောင်းသင့် မရှိပေ။ တုပိုင်သည် သူမကို မည်သည့် အမှားမှ မလုပ်ခဲ့ဖူးဘဲ သူမကသာ တုပိုင်ကို အချိန်တိုင်း သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။
“အကျိုးဆက်က ဒီလို ဖြစ်မယ်မှန်း သိရင် သမီး တုပိုင်ကို ဘယ်တော့မှ လက်စားချေဖို့ ကြိုးစားမှာ မဟုတ်ဘူး။” ချွေ့ဖိန်ထင် အော်ဟစ်ငိုကြွေးလိုက်သည်။ သူမ တကယ် နောင်တရနေပြီ ဖြစ်သည်။ ဤအချိန်တွင် ကြောက်ရွံ့မှုနှင့် နောင်တတရားများသည် တုပိုင်အပေါ်ထားသော သူမ၏ အမုန်းတရားကို လုံးဝ လွှမ်းမိုးသွားခဲ့ပြီ ဖြစ်သည်။
“နောင်တရစရာ မလိုပါဘူး။ ငါတို့က အဲဒီ ဝံပုလွေပေါက်စကို လျှော့တွက်ခဲ့မိတာပဲ။” ချွေ့ရွှမ် ပြောလိုက်သည်။ “ဒါ့အပြင် ငါတို့ ချွေ့မိသားစု ပျက်စီးသွားတာ မဟုတ်ပါဘူး။ နှစ်အနည်းငယ်လောက် ငြိမ်နေလိုက်ရုံပါပဲ။ တုပိုင်က ဒီတစ်ခါ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အစွယ်တွေကို ထုတ်ပြလိုက်တော့ ကွမ်ရှီးက ပုဂ္ဂိုလ်ကြီး အားလုံးကို ရန်စသလို ဖြစ်သွားတယ်။ လူတိုင်းက သူ့ကို အမြန်ဆုံး သတ်ချင်နေကြပြီ။ သူ အားနည်းချက် တစ်ခု ပြလိုက်တာနဲ့ အခွင့်အရေး တစ်ခု ရတာနဲ့ သူ မြေမြှုပ်စရာ နေရာမရှိဘဲ သေရလိမ့်မယ်။”
ချွေ့ဖိန်ထင် ငိုပြီး ပြောလိုက်သည်။ “ဒါဆိုရင် သမီးတို့ စောင့်ကြည့်ကြတာပေါ့။ သူ တစ်စစီ ဆုတ်ဖြဲခံရမယ့် နေ့ကို စောင့်ကြည့်ကြတာပေါ့။”
ချွေ့ရွှမ်က ပြောလိုက်သည်။ “သိပ်ကြာမှာ မဟုတ်ဘူး။ တစ်နှစ်အတွင်း သူ သေလောက်တယ်။ လူတစ်ယောက်က ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ မုန်းတီးနေတဲ့ မျက်လုံးပေါင်း ထောင်ချီရဲ့ စောင့်ကြည့်မှုကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေ့ကို မင်း မြင်ရလောက်မှာ မဟုတ်ဘူး။”
ချွေ့ဖိန်ထင် အံ့သြသွားပြီး ပြောလိုက်သည်။ “ဘာလို့လဲ။ သမီးက ဆိုင်းငံ့သေဒဏ်ပဲ ကျတာလေ။ တကယ် အသတ်ခံရမှာမှ မဟုတ်တာ။”
ချွေ့ရွှမ်က ပြောလိုက်သည်။ “ငါတို့က မင်းသေဖို့ လိုကောင်း လိုလိမ့်မယ်။ ငါတို့ ချွေ့မိသားစုက ပြည်သူ့ဒေါသကို ငြှိမ်းသတ်ဖို့နဲ့ ငါတို့ရဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ် လိုအပ်တယ်။ အမျိုးသမီး တစ်ယောက်က အပြစ်ရှိလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဆိုရင် သနားစရာ ကောင်းတဲ့ ပုံရိပ်ကို ဖန်တီးနိုင်လောက်တယ်။”
ထိုစကားကို ကြားသောအခါ ချွေ့ဖိန်ထင်၏ လှပသော မျက်နှာသည် ချက်ချင်း သွေးဆုတ်ဖြူလျော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ သူမအဖေ ချွေ့ရွှမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
“သမီးက အဖေ အချစ်ဆုံး သမီးလေ။”
ချွေ့ရွှမ် မျက်ရည်များဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “မှန်တယ်။ ဒါပေမဲ့ မိသားစု အကျိုးစီးပွားအတွက် ဆိုရင် ဘယ်သူမဆို စတေးခံရနိုင်တယ်။ မင်းလည်း မပါဘူးလို့ မပြောနိုင်ဘူး။”
နောက်တစ်နေ့တွင် ချွေ့ဖိန်ထင် ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်း ပြန့်နှံ့သွားလေသည်။
**--**--**--**--**--**--**--**
သေချာသည်မှာ တုပိုင်သည် ဤအရာများ တစ်ခုကိုမျှ မမြင်ခဲ့ရပေ။ ကိစ္စများ ငြိမ်သက်သွားပြီး ကြီးမားသော အောင်ပွဲ ရရှိပြီးနောက် လီစန်းနှင့် လီစစ်တို့၏ ကာကွယ်မှုဖြင့် သူသည် ချက်ချင်းပင် ဝူကျိုးစီရင်စုသို့ ညတွင်းချင်း ပြန်သွားခဲ့သည်။
ထိုအချိန်မှစ၍ ကွေ့လင်ရှိ အရာအားလုံးသည် တုပိုင်နှင့် မသက်ဆိုင်တော့ပေ။ ထိုရန်သူများ၏ ကံကြမ္မာ မည်မျှပင် ဆိုးရွားပါစေ သူ ရပ်ပြီး ကြည့်နေမည် မဟုတ်ပေ။
သူ့အတွက် အရေးအကြီးဆုံးမှာ ရက် ၁၀၀ အတွင်း ကျင်းပမည့် ဘွဲ့ယူစာမေးပွဲပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင် သူသည် ကြီးမားသော အောင်ပွဲ ရရှိခဲ့ပြီး ကွမ်ရှီးရှိ အဖွဲ့အစည်း အများအပြားကို တုန်လှုပ်သွားစေခဲ့သော်လည်း ပုဂ္ဂိုလ်ကြီး အများအပြားက သူ့ကို အရိုးထဲထိ မုန်းတီးသွားစေခဲ့သည်။
သူ အားနည်းချက် တစ်ခု ပြလိုက်သည်နှင့် ရန်သူက အခွင့်အရေး ရလိုက်သည်နှင့် ဤပုဂ္ဂိုလ်ကြီးများသည် သူ့ကို တစ်စစီ ဆုတ်ဖြဲပစ်ကြပေလိမ့်မည်။
ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ ကိုယ့်ကိုယ်ကိုယ် ပိုမို သန်မာအောင် လုပ်ရန် ဖြစ်သည်။ ရက် ၁၀၀ အလိုတွင် ကျင်းပမည့် ဘွဲ့ယူစာမေးပွဲသည် ပို၍ အရေးကြီးပြီး ကျရှုံး၍ မဖြစ်ပေ။
ကွေ့လင်တွင် ရက်အနည်းငယ် ဖြုန်းခဲ့ပြီး ဖြစ်ရာ စာသင်ကြားမှုများကို အမီလိုက်နိုင်ရန် ချက်ချင်း ပြန်သွားရမည်။
**--**--**--**--**--**--**--**
မင်းသမီးယွီကျိန်းသည် နေ့မနား ညမနား အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်ခဲ့ပြီး တစ်ရက်နှင့် တစ်ည အကြာတွင် နောက်တစ်နေ့ ညနေမစောင်းမီ ဝူကျိုးစီရင်စုရှိ ကြာပန်းကျောင်းတော်သို့ နောက်ဆုံးတွင် ရောက်ရှိလာလေသည်။
“တပည့်မ ဆုန်ယွီကျိန်း… ဆရာသခင်ကြီးနင်ကို ဂါရဝပြုပါတယ်။” မင်းသမီးယွီကျိန်းသည် နင်ဇောင်ဝူကို ဦးညွှတ်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးအလှသည် ပို၍ပင် ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။
“ဟားဟားဟား။” နင်ဇောင်ဝူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ယွီကျိန်း။ မင်း ဘယ်လိုဖြစ်ပြီး ဒီအဘိုးကြီးကို လာတွေ့နိုင်ရတာလဲ။”
မင်းသမီးယွီကျိန်းသည် နင်ဇောင်ဝူ၏ အချစ်ဆုံး တပည့်မ ဖြစ်သည်။ သူမသည် ရဲရင့်ပြတ်သားပြီး သိုင်းပညာတွင် အလွန် ထူးချွန်သည်။ ရင်သပ်ရှုမောဖွယ် အလှပဂေး တစ်ဦး ဖြစ်သော်လည်း အမျိုးသားများနှင့် ယှဉ်နိုင်သော သူရဲကောင်း စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည်။ သူမသည် ပြီးပြည့်စုံသော တပည့်မ တစ်ဦးပင် ဖြစ်သည်။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “တပည့်မ ဆရာသခင်ကြီးနင်နဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စ ရှိလို့ပါ။”
နင်ဇောင်ဝူက မေးလိုက်သည်။ “ဘာကိစ္စလဲ။ မင်းက ဘာလို့ ဒီလောက် ဝေးတဲ့ ခရီးကို နေ့ရောညပါ လာခဲ့ရတာလဲ။”
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “အန်နမ်ဘုရင်ကို ကူညီပြီး ပုန်ကန်မှုကို နှိမ်နင်းဖို့ သမီးရဲ့ ခမည်းတော်ကို တောင်ဘက်ဆီ စစ်တပ် ၁ သိန်း ဦးဆောင်ချီတက်ဖို့ ဧကရာဇ်မင်းမြတ်က အမိန့်တော် ချမှတ်လိုက်ပါတယ်။”
သူမသည် တာ့နင်အင်ပါယာ တစ်ခုလုံးနှင့် အရှေ့အာရှ တစ်ခုလုံးကိုပါ တုန်လှုပ်သွားစေမည့် ဤကြီးကျယ်သော ကိစ္စရပ်ကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“အရှင်မင်းကြီးက နောက်ဆုံးတော့ စစ်တပ်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ဖို့ နောက်ဆုံးတော့ ဆုံးဖြတ်လိုက်ပြီလား။” နင်ဇောင်ဝူ၏ မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ အရမ်း ကောင်းတယ်။ ငါ ဒီနေ့ကို စောင့်နေတာ နှစ်ပေါင်းများစွာ ကြာပြီ။”
လွန်ခဲ့သော ဆယ်စုနှစ်များက ဂျပန်အင်ပါယာသည် ကိုရီးယားနိုင်ငံကို ကျူးကျော်ခဲ့သည်။ တာ့နင်မင်းဆက်သည် ကိုရီးယားသို့ စစ်သည် သိန်းပေါင်းများစွာ စေလွှတ်ခဲ့သည်။
တိုက်ပွဲသည် အလွန် ခက်ခဲခဲ့ပြီး ဂျပန်နိုင်ငံက တာ့နင်အင်ပါယာသည် အပြင်ပန်းသာ မာကျောပြီး အတွင်း၌ အားနည်းနေကြောင်း မြင်တွေ့ခဲ့ရသည်။ သို့သော် တာ့နင်မင်းဆက်သည် တိုက်ပွဲတွင် အနိုင်ရခဲ့ပြီး ဂျပန်စစ်တပ်ကို ပင်လယ်ထဲသို့ မောင်းထုတ်နိုင်ခဲ့သည်။
ထိုစစ်ပွဲကြီးသည် တာ့နင်မင်းဆက်၏ နောက်ဆုံးသော အသက်စွမ်းအားကို ကုန်ခမ်းသွားစေပုံ ရသည်။
အန်နမ်ပြည်တွင်းစစ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤအချိန်ကာလတွင် အန်နမ်သည် တာ့နင်အင်ပါယာ၏ အနီးစပ်ဆုံး လက်အောက်ခံ နိုင်ငံများထဲမှ တစ်ခု ဖြစ်ပြီး နိုင်ငံနှစ်ခု၏ တော်ဝင်မိသားစုများသည် မျိုးဆက်ပေါင်းများစွာ လက်ထပ်ထိမ်းမြားခဲ့ကြသည်။ မင်မင်းဆက်ကို ရန်သူအဖြစ် သတ်မှတ်သော ကမ္ဘာမြေမှ အန်နမ်နှင့် မတူပေ။
ထို့ကြောင့် အန်နမ်ဘုရင်သည် တာ့နင်ဧကရာဇ်ထံမှ အကူအညီ တောင်းခံရန် ရက်အနည်းငယ်ကြာတိုင်း မြောက်ဘက်သို့ သံတမန်များ စေလွှတ်ခဲ့ပြီး စာလွှာတိုင်းသည် ဥဩငှက် သွေးအန်အောင် အော်ဟစ်ငိုကြွေးသကဲ့သို့ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် တာ့နင်အင်ပါယာ ကိုယ်တိုင်လည်း ရှုပ်ထွေးနေသည်။ ပထမဦးစွာ ကွမ်ရှီးနှင့် ယူနန်မှ မျိုးနွယ်စု ခေါင်းဆောင်များ၏ ပုန်ကန်မှုများ ရှိခဲ့ပြီး ထို့နောက် မြောက်ပိုင်း တာတာများနှင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။
ထို့နောက် ဂျာချင်လူမျိုးများနှင့် စစ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ ထို့ပြင် နိုင်ပွဲထက် ရှုံးပွဲက ပိုများနေပြီး နယ်စပ်ဒေသများမှာ ဖရိုဖရဲ ဖြစ်နေသည်။ အခြေအနေ တည်ငြိမ်ရန် အတော်လေး ခက်ခဲစွာ ကြိုးပမ်းခဲ့ရသည်။ အန်နမ်နိုင်ငံ၏ ပုန်ကန်မှုကို ကူညီနှိမ်နင်းပေးရန် အင်အား ဘယ်မှာ ရှိတော့မည်နည်း။
ရလဒ်အနေဖြင့် တောင်ဘက်ရှိ သူပုန်များသည် ဆက်တိုက် အောင်ပွဲခံခဲ့ပြီး အန်နမ်နိုင်ငံ၏ တစ်ဝက်ခန့်ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ သူတို့သည် အန်နမ်နိုင်ငံ၏ မြို့တော်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။ အကယ်၍ တာ့နင်အင်ပါယာသာ လာရောက် မကူညီပါက ထိုနေရာတွင် မင်းဆက် ပြောင်းလဲသွားမည်ကို စိုးရိမ်ရသည်။
အကယ်၍ ထိုသို့ ဖြစ်လာပါက အရှေ့တောင်ကျွန်းဆွယ် တစ်ခုလုံးနှင့် အရှေ့တောင်အာရှ တစ်ခုလုံးရှိ တာ့နင်အင်ပါယာ၏ ဩဇာလွှမ်းမိုးမှု ပျောက်ကွယ်သွားမည် ဖြစ်ပြီး ဂုဏ်သိက္ခာလည်း အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။ အရှေ့တောင်အာရှရှိ တာ့နင်အင်ပါယာ၏ အကျိုးစီးပွား အားလုံးလည်း လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ယခု တာ့နင်အင်ပါယာ၏ ဧကရာဇ်မင်းမြတ်သည် အန်နမ်ဘုရင်ကို ကူညီရန် တောင်ဘက်သို့ စစ်တပ်လွှတ်ရန် အမိန့်တော် ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ နင်ဇောင်ဝူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
တာ့နင်အင်ပါယာ တစ်ဝှမ်းလုံးရှိ မျိုးချစ်စိတ်ရှိသူများပင် ဤအရာကြောင့် စိတ်ဓာတ် တက်ကြွလာပေလိမ့်မည်။
(ဤစာအုပ်ပါ အန်နမ်နိုင်ငံ၏ သမိုင်းကြောင်းသည် လုံးဝ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပြီး ၁၇ ရာစု ဗီယက်နမ်နှင့် မသက်ဆိုင်ပါ။ - သောက်ချောကြီး) (ဘာသာပြန်ဆရာလောက်ချောလို့လား 😎)
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဒီသတင်းကို ကြားရင် ဆရာသခင်ကြီးနင် အရမ်း စိတ်လှုပ်ရှားမယ်ဆိုတာ သမီး သိပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အန်နမ်ဘုရင်က ဧကရာဇ်မင်းမြတ်ဆီက အကူအညီ တောင်းခဲ့ပေမဲ့ အင်ပါယာက သူ့ရဲ့ လက်အောက်ခံ နိုင်ငံကို ကူညီဖို့ စစ်တပ် မလွှတ်နိုင်ခဲ့လို့ အရှေ့တောင်ကျွန်းဆွယ် တစ်ခုလုံးမှာ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။”
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။” နင်ဇောင်ဝူသည် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီးနောက် အခန်းထဲသို့ ပြေးဝင်သွားကာ ပြောလိုက်သည်။ “ငါ့ဆီမှာ ငွေတုံး ထောင်ချီ ကျန်သေးတယ်။ အကုန်လုံးကို စစ်စရိတ် အဖြစ် ယူသွားလိုက်။”
ဤသည်မှာ နင်ဇောင်ဝူ၏ စုဆောင်းငွေ အားလုံး ဖြစ်သည်။ သူ အကုန် ပေးလှူလိုက်ခြင်း ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီးနင်။” မင်းသမီးယွီကျိန်း ပြောလိုက်သည်။ “ဒါပေမဲ့ သမီး ဒီကို လာတာက ဒီသတင်းကောင်း လာပြောတာတင် မဟုတ်ဘူး။ နောက်ထပ် အရေးကြီးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ဖို့လည်း ပါပါတယ်။”
“ဘာလဲ။” နင်ဇောင်ဝူ မေးလိုက်သည်။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်က သိုင်းပညာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သလို ဧကရာဇ်ကို သစ္စာရှိပြီး တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့သူပါ။ ဒါကြောင့် ပုန်ကန်မှုကို နှိမ်နင်းရာမှာ ပါဝင်ဖို့ ဆရာသခင်ကြီးနင်ကို စစ်တပ်ထဲ ဝင်ရောက် အမှုထမ်းဖို့ သမီးခမည်းတော်က ခေါ်ယူချင်နေပါတယ်။”
ထိုစကားကို ကြားသောအခါ နင်ဇောင်ဝူသည် အစပထမတွင် ဝမ်းသာသွားသော်လည်း နောက်ပိုင်းတွင် သူ့မျက်နှာထား ရှုပ်ထွေးသွားသည်။
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်က ဘာလို့ အဲဒီလို မျက်နှာထား ဖြစ်သွားတာလဲ။ ဝမ်းပန်းတသာ သဘောတူမယ်လို့ သမီး ထင်ခဲ့တာ။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “အရင်တုန်းကဆိုရင်တော့ ငါ သေချာပေါက် တာဝန်ထမ်းဆောင်မှာပါ။ ဒါပေမဲ့ အခု ငါ့မှာ လုပ်စရာ ပိုအရေးကြီးတဲ့ ကိစ္စ ရှိနေတယ်။”
မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းဆောင်တာထက် ဘာက ပိုအရေးကြီးလို့လဲ။ ဒါက ငါတို့ တာ့နင်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ စစ်ပွဲလေ။”
နင်ဇောင်ဝူက ပြောလိုက်သည်။ “ပါရမီရှင် တစ်ယောက်ကို ပြုစုပျိုးထောင်တာက လာမယ့် ၁၀ နှစ်အတွင်း အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်စေမယ့် ပါရမီရှင် ဖြစ်လာနိုင်သလို အင်ပါယာကိုတောင် ပြောင်းလဲပစ်နိုင်တယ်။”
“ဘယ်သူလဲ။” မင်းသမီးယွီကျိန်း မေးလိုက်သည်။
နင်ဇောင်ဝူက ပြောလိုက်သည်။ “တုပိုင်လေ။ လီဝမ်ဟွေ့ရဲ့ မွေးစားသား တုပိုင်။”
“တိုပိုင်။ သူလား…။” မင်းသမီးယွီကျိန်း မေးလိုက်သည်။
အပိုင်း ၁၃၇ ပြီး။