← Chapters

အခန်း (၁၄၀)

Vol. 14 Ch. 140

အခန်း (၁၄၀)

Vol. 14 Ch. 140

အဘယ်ကြောင့် လောင်းကြေးကို တစ်ရက်တည်း သတ်မှတ်ခဲ့သနည်း။

ပထမအချက်မှာ တုပိုင်သည် ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ မင်းသမီးယွီကျိန်းသည် လုံးဝ စောင့်ဆိုင်းလိုစိတ် မရှိသောကြောင့် ဖြစ်သည်။ သူမအတွက် တစ်ရက်ဆိုသည်မှာ သည်းခံနိုင်စွမ်း၏ အကန့်အသတ် ဖြစ်နေပြီ ဖြစ်သည်။

တတိယအချက်မှာ တုပိုင်သည် အိပ်မက်စနစ်အပေါ် မျှော်လင့်ချက် ထားရှိသောကြောင့် ဖြစ်သည်။ အကယ်၍ အိပ်မက်ထဲတွင် တစ်ည လေ့ကျင့်ရုံဖြင့် မအောင်မြင်နိုင်ပါက ၃ ရက် အချိန်ရလျှင်လည်း သိပ်ပြီး အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ မြှားပစ်ခြင်းသည် ကြွက်သားနှင့် အရွတ်ပြောင်းလဲခြင်းနည်းစနစ် ကဲ့သို့ အဆင့်ဆင့် သင်ယူရသည့်အရာ မဟုတ်ပေ။ တတ်ရင်တတ် မတတ်ရင် မတတ် ဟူ၍သာ ရှိသည်။

တုပိုင်နှင့် မင်းသမီးယွီကျိန်းတို့၏ လောင်းကြေးအကြောင်း ကြားသိပြီးနောက် နင်ဇောင်ဝူသည် သက်ပြင်းချလိုက်ပြီး တုပိုင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“မင်း စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ။ သူက တကယ် စစ်ဥပဒေအတိုင်း လုပ်ပြီး မင်းကို ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်လိမ့်မယ်။”

ဆိုလိုရင်းမှာ တုပိုင် သေချာပေါက် ရှုံးနိမ့်မည်ဟု သူ ယုံကြည်နေခြင်း ဖြစ်သည်။

တုပိုင်သည် ယခင်က အံ့ဖွယ်အမှုများကို အကြိမ်ကြိမ် ဖန်တီးခဲ့ဖူးသော်လည်း ဤတစ်ကြိမ်တွင်မူ သိပ်ပြီး ထူးဆန်းလွန်းကာ အဓိပ္ပာယ်မဲ့လွန်းနေသည်။

တုပိုင်၏ မြှားပစ်ပါရမီ ညံ့ဖျင်းမှုသည် ၄ နှစ် ၅ နှစ် သင်ယူလျှင်ပင် လုံလောက်မည် မဟုတ်ရာ တစ်ရက်တည်းဖြင့် မည်သို့ ဖြစ်နိုင်မည်နည်း။

နင်ဇောင်ဝူသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အခန်းသို့ ပြန်ကာ အဘိုးအို အစေခံကို မှာကြားလိုက်သည်။ “ပစ္စည်းတွေ သိမ်းထားလိုက်။ ငါတို့ မနက်ဖြန် နေဝင်ပြီးတာနဲ့ ထွက်သွားကြမယ်။”

အဘိုးအို အစေခံက မေးလိုက်သည်။ “ဘယ်ကို သွားမှာလဲ။ တုပိုင်ကို လအနည်းငယ်လောက် သင်ပေးရဦးမှာ မဟုတ်ဘူးလား။”

“အခွင့်အရေး မရှိတော့ဘူး။ ငါတို့ လမ်းခွဲကြတော့မယ်။” နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။ “ပါရမီရှင်တွေမှာတောင် အကန့်အသတ် ရှိတာပဲ။ အရာရာတိုင်းမှာ ပါရမီရှင် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ တိုင်းပြည်အတွက် ပြန်အမှုထမ်းပြီး စစ်တိုက်ထွက်ကြမယ်။”

နင်ဇောင်ဝူသည် အမှန်တကယ် နှလုံးကွဲကြေမတတ် ခံစားနေရသည်။ တုပိုင်နှင့် အတူရှိနေစဉ် ကာလတစ်လျှောက်လုံး ဤကောင်စုတ်လေး၏ အကြိမ်ကြိမ် အရှက်ခွဲမှုကို ခံခဲ့ရသော်လည်း သူသည် ထိုအရာကို နှစ်သက်သဘောကျခဲ့ပြီး သူတို့နှစ်ဦးကြား သံယောဇဉ်သည် မသိလိုက်ဘာသာ တိုးပွားလာခဲ့သည်။

တုပိုင်ကို သင်ကြားပေးခဲ့ရသော နေ့ရက်များသည် နင်ဇောင်ဝူအတွက် လွန်ခဲ့သော နှစ်များအတွင်း အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် မင်းသမီးယွီကျိန်း ဝင်ရောက်လာပြီး ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်။ တကယ်လို့ ဆရာက ကျွန်မနဲ့အတူ စစ်တပ်ထဲ လိုက်မလာချင်ရင် ကျွန်မ နားလည်ပေးနိုင်ပါတယ်။”

“မဟုတ်ဘူး။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ငါ ရှုံးနိမ့်မှုကို လက်ခံပါတယ်။ ဒါပေမဲ့ တုပိုင်က ငါထင်ထားသလို ပါရမီရှင် မဟုတ်ဘူး ဆိုတာ သိလိုက်ရတဲ့အတွက် ဝမ်းနည်းမိတာပါ။”

မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ခမည်းတော်က ကျွန်မကို သင်ပေးဖူးတယ်။ ကိစ္စတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ် တဲ့။ ဒီလောကကြီးမှာ ကယ်တင်ရှင် ဆိုတာ မရှိဘူး။”

နင်ဇောင်ဝူက ပြောလိုက်သည်။ “လူတိုင်းက မင်းတို့ သားအဖလို သန်မာကြတာမှ မဟုတ်တာ။”

ထို့နောက် နင်ဇောင်ဝူသည် လက်ကာပြလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မဆွေးနွေးလိုတော့ဘဲ ပြောလိုက်သည်။ “ဒီတစ်ခါ မင်းအဖေက အန်နမ်သူပုန်တွေကို နှိမ်နင်းဖို့ စစ်သည်တွေ ဦးဆောင်သွားတာ။ စစ်သည်အင်အား ၁ သိန်းအတွက် စစ်စရိတ်က အနည်းဆုံး ငွေတုံး သန်းချီ လိုအပ်သည်။ ဧကရာဇ်မင်းမြတ်က ထုတ်ပေးလိုက်လား။”

“ဘာများ ပေးနိုင်မှာလဲ။” မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ခမည်းတော်က ခါးပတ်ကို တင်းတင်းစည်းထားပြီး တစ်နေ့ ထမင်းနှစ်နပ်ပဲ စားလို့စားနဲ့ ကျွန်မအတွက် ငွေတုံး ၂ သန်းလောက် ထွက်လာမလားလို့ မျှော်လင့်နေရှာတာ။”

“ဟူး…” နင်ဇောင်ဝူ သက်ပြင်းချလိုက်သည်။ “သမိုင်းတစ်လျှောက်လုံးကို ပြန်ကြည့်မယ်ဆိုရင် ငါတို့ ဧကရာဇ်မင်းမြတ်ထက် ပိုဆင်းရဲတဲ့သူ ရှာတွေ့ဖို့ထက် ထီပေါက်တာကမှ ပိုဖြစ်နိုင်ဦးမယ်။”

အမှန်တကယ်ပင် တာ့နင်မင်းဆက်၏ ဧကရာဇ်မင်းမြတ်သည် အိုး ၅ လုံး ရှိသော်လည်း အဖုံး ၃ ခုသာ ရှိသကဲ့သို့ အလွန် ဆင်းရဲမွဲတေနေသည်။ ကျန်းနန်နယ်စားမင်းဆုန်ချွဲကို ပေးလိုက်သော ငွေတုံး ၂ သန်းသည် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ရောင်းလိုက်၍ ရရှိလာသော ငွေများ ဖြစ်သည်။

နင်ဇောင်ဝူ မေးလိုက်သည်။ “ဒါဆို ကျန်တဲ့ စစ်စရိတ် ငွေတုံး သန်းပေါင်းများစွာကို ဘယ်လို လုပ်မလဲ။”

မင်းသမီးယွီကျိန်းက ပြောလိုက်သည်။ “ဘယ်လို လုပ်ရမှာလဲ။ အဖေက သူ့မွေးစားသားသမီးတွေကို လွှတ်ပြီး ပိုက်ဆံရှာခိုင်းရတာပေါ့။”

ပိုက်ဆံရှာခြင်းဟု ပြောခြင်းက သိပ်ယဉ်ကျေးလွန်းရာ ရောက်သည်။ တိတိကျကျ ပြောရလျှင် ဓားပြတိုက်ခြင်း ဖြစ်သည်။

ဆုန်ချွဲသည် သူ့မွေးစားသားသမီးများကို စေလွှတ်ပြီး ပင်လယ်ပြင်တွင် ဓားပြတိုက်ခြင်း၊ မှောင်ခိုလုပ်ခြင်းနှင့် စီရင်စုအသီးသီးတွင် ဆက်ကြေးကောက်ခြင်းများ ပြုလုပ်ခိုင်းသည်မှာ အားလုံးသိသော ကိစ္စဖြစ်သည်။

နယ်စားမင်းတစ်ပါး စစ်ထွက်ရသည်ကို စစ်စရိတ်အတွက် မှောင်ခိုလုပ်ငန်းနှင့် ဓားပြတိုက်ခြင်းများဖြင့် ဖြေရှင်းနေရခြင်းသည် တာ့နင်အင်ပါယာအတွက် အလွန် ကြီးမားသော အရှက်ရစရာ ဖြစ်သည်။

“အင်ပါယာက တောင်ဘက်မှာ ပိုက်ဆံလိုတယ်။ မြောက်ဘက်မှာ ပိုက်ဆံလိုတယ်။ အနောက်ဘက်မှာလည်း ပိုက်ဆံလိုတယ်။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်က မူရင်းလစာတောင် မပေးနိုင်ဘဲ ငရုတ်ကောင်းစေ့တွေနဲ့ အစားထိုး ပေးနေရတယ်။ ဒါပေမဲ့ တချို့လူတွေကျတော့ တိုင်းပြည်ထက်တောင် ပိုချမ်းသာပြီး စည်းစိမ်ယစ်မူးနေကြတယ်။ ငါတို့ တာ့နင်မင်းဆက်ကတော့ ကြာကြာခံမှာ မဟုတ်တော့ပါဘူး။”

မင်းသမီးယွီကျိန်း၏ လှပသော မျက်လုံးများ နီရဲလာပြီး ပြောလိုက်သည်။ “ကျွန်မ သိပါတယ်။ အဖေလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တတ်နိုင်သလောက် ကြိုးစားပြီး ကျန်တာကို ကံတရားအတိုင်း လွှတ်ထားလိုက်ရုံပါပဲ။ အန်နမ် စစ်ဆင်ရေးက တာ့နင်မင်းဆက်ရဲ့ နောက်ဆုံးထွက်သက် ဖြစ်မယ်ဆိုရင်တောင် ကျွန်မတို့ လက်ခံပါတယ်။”

ထိုသို့ ပြောပြီးနောက် မင်းသမီးယွီကျိန်းသည် မျက်လုံးထဲရှိ မျက်ရည်များကို ဖုံးကွယ်ရန် မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဆရာသခင်ကြီးနင်။ ကယ်တင်ရှင်ဆိုတာ မရှိပါဘူး။ ကောင်းကင်ပေါ်ကနေ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဆင်းလာပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်မယ်လို့ မမျှော်လင့်ပါနဲ့။ အဲဒီ မိန်းမစိုးလေး တုပိုင်က ပိုလို့တောင် ပါရမီရှင် မဟုတ်သေးတယ်။ မနက်ဖြန်ကျရင် သူက ဆရာ့ကို လက်လျော့စေပြီး အင်ပါယာရဲ့ ဂုဏ်သိက္ခာအတွက် နောက်ဆုံးတိုက်ပွဲ ဝင်ဖို့ ကျွန်မတို့နဲ့အတူ လိုက်လာစေရမယ်။”

“ငါ မျှော်လင့်ချက် မထားတော့ပါဘူး။” နင်ဇောင်ဝူ ပြောလိုက်သည်။ “ဒါပေမဲ့ မင်းနဲ့ ဆွေးနွေးစရာ တစ်ခု ရှိတယ်။ သူက ငွေတုံး ၅ သောင်း ဘယ်လိုမှ ရှာနိုင်မှာ မဟုတ်ဘူး။ မနက်ဖြန် သူရှုံးရင် ကြိမ်ဒဏ် အချက် ၁၀၀ ကို ကင်းလွတ်ခွင့် ပေးလိုက်ပါ။”

“မဖြစ်နိုင်ဘူး။” မင်းသမီးယွီကျိန်း ပြောလိုက်သည်။ “စစ်တပ်မှာ နောက်ပြောင်တာမျိုး မရှိဘူး။ သူက ကျွန်မနဲ့ ဒီလိုလောင်းကြေး ထပ်ရဲမှတော့ အကျိုးဆက်ကို ခံနိုင်ရည် ရှိရမယ်။ မနက်ဖြန် နေမဝင်ခင် သူရှုံးပြီး ကြိမ်ဒဏ် အချက် ၁၀၀ ရိုက်ခံရပြီးတာနဲ့ ကျွန်မတို့ ချက်ချင်း လျန်ကျိုးစီရင်စုကို ပြန်ကြမယ်။ ဒါမှ ဆရာ သူ့အပေါ် အချိန်နဲ့ လူပင်ပန်းခံနေတာတွေ သက်သာသွားမှာ။”

ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် တုပိုင်သည် အမှန်တကယ်ပင် ကောက်ကျစ်ပြီး ရက်စက်တတ်သည်။

သို့သော် သူ လေးစားသော အမျိုးသမီးနှင့် ရင်ဆိုင်ရချိန်တွင်မူ သူသည် ငယ်ရွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်လာကာ သူမ၏ အထင်သေးမှုကို ခံရသည်ကို သည်းမခံနိုင် ဖြစ်လာသည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင် မင်းသမီးယွီကျိန်း မှားယွင်းကြောင်း သက်သေပြပြီး သူမ၏ အမှားကို သိမြင်လာအောင် မဖြစ်မနေ လုပ်ရပေမည်။

‘အိပ်မက်စနစ်။ ကျေးဇူးပြုပြီး ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။’ တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ညစာမစားဘဲ အိပ်ရာပေါ် တန်းတက်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း အိပ်မက်ထဲသို့ ရောက်သွားလေသည်။

အိပ်မက်သည် အလွန် ရိုးရှင်းသည်။ တုပိုင်သည် အဆုံးအစမဲ့ ကျယ်ပြောသော မြက်ခင်းပြင်ကြီးပေါ်တွင် ရပ်နေပြီး သူ့ရှေ့ မီတာ ၉၀ အကွာတွင် ပစ်မှတ်တစ်ခု ရှိနေသည်။

ဤသည်မှာ မြှားပစ်လေ့ကျင့်ခြင်း အိပ်မက် ဖြစ်သည်။

တုပိုင်သည် ကျောက်တုံးတစ်တုံးအားရှိသော လေးကို ကောက်ကိုင်လိုက်ပြီး နင်ဇောင်ဝူ၏ သင်ကြားမှုအတိုင်း စတင် စမ်းသပ်လေ့ကျင့်လေတော့သည်။

လက်တွေ့ဘဝတွင် ဆိုလျှင် မြှား ၁၀ စင်း ပစ်လိုက်ရုံဖြင့် သူ့လက်မောင်းများ နာကျင်ကိုက်ခဲလာမည် ဖြစ်ပြီး တစ်ရက်လျှင် အများဆုံး မြှားရာဂဏန်းလောက်သာ ပစ်ခတ်နိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက သူ့အရွတ်များနှင့် သွေးကြောများ ထိခိုက်သွားနိုင်သည်။

ဝါရင့် သိုင်းပညာရှင် တစ်ယောက်ပင် တစ်ရက်လျှင် အများဆုံး မြှားတစ်ထောင်ခန့်သာ ပစ်ခတ်နိုင်သည်။

သို့သော် အိပ်မက်ထဲတွင်မူ အချိန်လုံလောက်စွာ ရရှိပါက သူသည် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ထောင်သောင်းချီ၍ စမ်းသပ်ပစ်ခတ်နိုင်သည်။

လက်မောင်းများ ဒဏ်ရာရမည် မဟုတ်သလို အရွတ်များလည်း နာကျင်မည် မဟုတ်ပေ။

ထိပ်တန်း မြှားပစ်သမားတိုင်းသည် သောင်းနှင့်ချီ သိန်းနှင့်ချီသော လေ့ကျင့်ပစ်ခတ်မှုများမှတဆင့် ပေါ်ထွက်လာကြခြင်း ဖြစ်သည်။

“ရွှီ… ရွှီ… ရွှီ… ရွှီ… ရွှီ…”

တုပိုင်သည် မမောနိုင်မပန်းနိုင် ၁ နာရီ၊ ၃ နာရီ၊ ၅ နာရီ၊ ၁၀ နာရီ ကြာအောင် ဆက်တိုက် ပစ်ခတ်လေ့ကျင့်နေသည်။

တုပိုင်၏ အိပ်မက်ထဲရှိ အချိန်သည် လက်တွေ့ကမ္ဘာထက် ၁၀ ဆကျော် ပိုနှေးကွေးသဖြင့် သူသည် ၁၀ ရက်ကျော်ကြာ ရူးသွပ်စွာ လေ့ကျင့်နိုင်လေသည်။

ထို့ပြင် အိပ်မက်ထဲတွင် သူ၏ ဦးနှောက်စွမ်းရည်သည် လက်တွေ့ထက် ၁၀ ဆ ပိုများသဖြင့် လေ့ကျင့်မှု၏ ထိရောက်မှုသည်လည်း လက်တွေ့ထက် အဆပေါင်းများစွာ သာလွန်သည်။

ဤနည်းအားဖြင့် အိပ်မက်ထဲတွင် တစ်ည လေ့ကျင့်ခြင်းသည် လက်တွေ့တွင် ၂ လ၊ ၃ လ လေ့ကျင့်ခြင်းနှင့် ညီမျှနိုင်သည်။

အိပ်မက်အချိန်ကာလ အတွင်း ပထမနေ့တွင် တုပိုင်သည် အကြိမ်ပေါင်း သောင်းနှင့်ချီ ပစ်ခတ်လေ့ကျင့်ခဲ့သည်။

လေ့ကျင့်မှု ရလဒ်များမှာ အလွန် ကောင်းမွန်သည်။ ယခင်က မြှား ၁၀ စင်းလျှင် ၄ စင်းသာ ပစ်မှတ်ကို ထိမှန်သော်လည်း ယခုအခါ ၁၀ စင်းလျှင် ၈ စင်း ထိမှန်နေပြီ ဖြစ်ရာ တိုးတက်မှုနှုန်း နှစ်ဆ ဖြစ်သည်။

အိပ်မက်ထဲတွင် ဒုတိယနေ့၌ တုပိုင်သည် နောက်ထပ် အကြိမ်ပေါင်း သောင်းနှင့်ချီ ပစ်ခတ်လေ့ကျင့်ပြန်သည်။

ဒီတစ်ခါတွင် သူသည် မြှား ၁၀ စင်းစလုံး ပစ်မှတ်ကို ထိမှန်ပြီး တစ်စင်းမျှ လွဲချော်ခြင်း မရှိတော့ပေ။

အိပ်မက်ထဲတွင် လေ့ကျင့်ခြင်းသည် အမှန်တကယ် ထိရောက်မှု ရှိပြီး လက်တွေ့ကမ္ဘာထက် များစွာ ပိုမို အစွမ်းထက်လေသည်။

သို့သော် တုပိုင်၏ ရမှတ်မှာ သုညသာ ဖြစ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြှားတစ်စင်းမျှ ပစ်မှတ်ကွင်းကို မထိသလို ပစ်မှတ်အလယ်တည့်တည့်ကိုလည်း မထိသောကြောင့် ဖြစ်သည်။

အိပ်မက်ထဲတွင် တတိယနေ့၌ တုပိုင်သည် အကြိမ်ပေါင်း သောင်းနှင့်ချီ ပစ်ခတ်ခဲ့ပြီးနောက် နောက်ထပ် တိုးတက်မှု တစ်ခု ရရှိခဲ့သည်။

ဒီတစ်ခါတွင် သူသည် နောက်ဆုံး၌ မြှားတစ်စင်းဖြင့် ပစ်မှတ်ကွင်းကို ထိမှန်ခဲ့ပြီး ၅ မှတ် ရရှိခဲ့သည်။

၅ မှတ်သာ ဖြစ်ပြီး ရည်မှန်းထားသော ၉၀ မှတ်နှင့် ဝေးကွာနေသေးသော်လည်း ဤသည်မှာ သုညမှ တိုးတက်လာခြင်း ဖြစ်ပြီး အလွန် အဓိပ္ပာယ် ရှိလေသည်။

အိပ်မက်ထဲတွင် တတိယနေ့၌ သူသည် မြှားပေါင်း သောင်းနှင့်ချီ ပစ်ခတ်ခဲ့သော်လည်း ၅ မှတ်သာ ရရှိခဲ့သည်။

စတုတ္ထနေ့တွင် တုပိုင်သည် နောက်ထပ် မြှားပေါင်း သောင်းနှင့်ချီ ပစ်ခတ်ခဲ့ပြီး ဒီတစ်ခါတွင်လည်း တိုးတက်မှု ရရှိကာ မြှား ၂ စင်းဖြင့် ပစ်မှတ်ကွင်းကို ထိမှန်ခဲ့သည်။

ပဉ္စမနေ့၊ ဆဋ္ဌမနေ့၊ သတ္တမနေ့။ နေ့စဥ်​နေ့တိုင်း တုပိုင်သည် နားချိန်မရှိသလောက်ဖြင့် မြှားပေါင်း သောင်းနှင့်ချီ ပစ်ခတ်လေ့ကျင့်ခဲ့သည်။

“အရှုံးမပေးနဲ့ကြိုးစားးးး။” အပြင်ဘက်မှ ငှက်ပျောသီးတွန်သံသည် တုပိုင်ကို အိပ်မက်မှ နိုးထလာစေသည်။

အိပ်မက်ထဲမှ ၁၅ ရက် ကုန်ဆုံးသွားပြီ ဖြစ်ပြီး လက်တွေ့တွင် တစ်ညတာ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ တစ်ညတာ အိပ်မက်လေ့ကျင့်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

တုပိုင် အိပ်ရာထ မျက်နှာသစ်ပြီး မနက်စာ စားရန် ထွက်လာခဲ့သည်။ သို့သော် နင်ဇောင်ဝူ၏ ပစ္စည်းများသည် သိမ်းဆည်းပြီးသား ဖြစ်နေကာ သေတ္တာ အများအပြားဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဆရာသခင်ကြီးနင်။ ဘာလုပ်နေတာလဲ။” တုပိုင် မေးလိုက်သည်။

နင်ဇောင်ဝူက ပြောလိုက်သည်။ “ပစ္စည်းတွေ သိမ်းပြီး ထွက်သွားဖို့ ပြင်ဆင်နေတာ။ ငါတို့ နေဝင်တာနဲ့ ထွက်သွားကြမယ်။ ဒါမှ ကြိုတင်မပြင်ဆင်ဘဲ ဖြစ်မနေမှာ။”

မျှော်လင့်ထားသည့်အတိုင်း ဆရာသခင်ကြီး၏ မျက်လုံးထဲတွင် တုပိုင် နိုင်မည့် မျှော်လင့်ချက် လုံးဝ မရှိတော့ပေ။

သို့သော် တုပိုင်သည် နာကြည်းခြင်း မရှိဘဲ သက်ပြင်းသာ ချလိုက်သည်။

မနက်စာ စားပြီးနောက် တုပိုင်က ပြောလိုက်သည်။ “ဆရာသခင်ကြီးနင်။ ဒီနေ့က ကျွန်တော့်ကို သိုင်းပညာ သင်ပေးတဲ့ နောက်ဆုံးနေ့ ဖြစ်မယ်ဆိုရင်တောင် ဒီနေ့ သင်ကြားမှုကိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြီးအောင် လုပ်ပေးရပါမယ်။”

နင်ဇောင်ဝူသည် ခါးသီးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ။”

ထို့နောက် တုပိုင်နှင့် နင်ဇောင်ဝူတို့သည် ကြာပန်းကျောင်းတော်နှင့် ဝေးကွာသော ကွင်းပြင်ကျယ်ကြီး တစ်ခုသို့ ရောက်ရှိလာကြသည်။

တုပိုင်သည် ပစ်မှတ်ကို ထောင်လိုက်ပြီး လုံလောက်သော မြှားများကို ပြင်ဆင်ထားလိုက်သည်။

“ဆရာသခင်ကြီးနင်။ မနေ့ညက အိပ်မက်ထဲမှာ မြှားပစ်တာနဲ့ ပတ်သက်ပြီး ထိုးထွင်းသိမြင်မှု တချို့ ရခဲ့သလို တိုးတက်မှု တချို့လည်း ရှိခဲ့တယ်။ ဒီနေ့ ဆရာ့ရှေ့မှာ အဲဒါတွေကို သက်သေပြချင်ပါတယ်။” တုပိုင် ပြောလိုက်သည်။

“ကောင်းပြီ။” နင်ဇောင်ဝူ ပြောလိုက်သည်။

ပစ်မှတ်နှင့် မီတာ ၉၀ အကွာသို့ ရောက်သောအခါ တုပိုင်သည် လေးကို ဖြုတ်ချလိုက်ပြီး လေးကြိုးပေါ်တွင် မြှား တပ်ဆင်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

ဤအချိန်တွင် သူသည် စိတ်ငြိမ်သက်ခြင်းနည်းစနစ်၊ ကြွက်သားဆန့်ထုတ်ခြင်းနည်းစနစ် နှင့် ခန္ဓာကိုယ် ငြိမ်သက်ခြင်းနည်းစနစ် တို့ကို တမင်သက်သက် ကျင့်သုံးနေစရာ မလိုတော့ဘဲ သူ့ဗီဇစိတ်ထဲတွင် လုံးဝ ပေါင်းစပ်သွားပြီ ဖြစ်ကာ စိတ်ရှိတိုင်း လှုပ်ရှားနိုင်ပြီ ဖြစ်သည်။

လေးကို ဆွဲ၊ ချိန်ရွယ်၊ ပစ်လွှတ်။

“ရွှီးးးး။ ရွှီးးး။ ရွှီးးးး။ ရွှီးးး။ ရွှီးးးး။ ရွှီးးး။ ရွှီးးးး။ ရွှီးးး။ ရွှီးးးး။ ရွှီးးး။”

တုပိုင်သည် မြှား ၁၀ စင်းကို ဆက်တိုက် ပစ်လွှတ်လိုက်ရာ စုစုပေါင်း တစ်မိနစ်ပင် မကြာလိုက်ပေ။ မနေ့ကထက် နှစ်ဆ ပိုမြန်သည်။

“ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။ ဒုတ်​။”

မြှား ၁၀ စင်းစလုံး ပစ်မှတ်ကို ထိမှန်သွားသဖြင့် ဆက်တိုက် အသံများ ထွက်ပေါ်လာသည်။

ချက်ချင်းပင် နင်ဇောင်ဝူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ရှေ့မှ ရလဒ်ကို လုံးဝ မယုံကြည်နိုင်သလို ဖြစ်သွားသည်။

တစ်ညတည်းနဲ့ ဤမျှလောက် တိုးတတ်လာသည်လော။

တုပိုင်သည် ရမှတ်တွက်ချက်ရန် ပစ်မှတ်ဆီသို့ သွားလိုက်ပြီး သူ့တစ်ညတာ အိပ်မက်လေ့ကျင့်မှု ရလဒ်ကို အတည်ပြုရန် ပြင်ဆင်လိုက်လေသည်။

အပိုင်း ၁၄၀ ပြီး။

All Chapters