← Chapters

ကောင်းကင်အဆိပ်ကျမ်း

Vol. 19 Ch. 272

ကောင်းကင်အဆိပ်ကျမ်း

Vol. 19 Ch. 272

ပိုင်မျိုးနွယ်အတွင်းတွင်

ပိုင်ကျီဟန်သည် အလုပ်များလွန်းနေသဖြင့် နဂါးနှင့် ဖီးနစ် ပြိုင်ပွဲသို့ မတက်ရောက်နိုင်ခဲ့သည့်တိုင် ပြိုင်ပွဲ၏အဆုံးအဖြတ် မည်သို့ဖြစ်လာမည်ကိုတော့ သိပြီးသားဖြစ်သည်။

ယင်းအစား ထိုနေ့ရက်များတွင် ကျင်းယွဲ့လင်းကို လေ့ကျင့်ပေးရန် သို့မဟုတ် သူမ၏ ယင်စွမ်းအားကို တည်ငြိမ်ရန် ပြုလုပ်ပေးနေခဲ့သည်။

ပထမဦးစွာ ပိုင်မျိုးရိုးအတွင်းတွင် ယန်စွမ်းအားပါဝင်သော အဖိုးတန်အရာများ များပြားစွာ ရှိပြီး ပိုင်ကျီဟန်အနေဖြင့် အားလုံးကို အပြည့်အဝ အသုံးပြုခွင့် ရရှိထားသည်။

သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို မျိုးနွယ်သို့ ပေးခဲ့သော အကျိုးကျေးဇူးကြောင့် သူလိုချင်သမျှကို လိုသလို အသုံးချနိုင်သည်။

အခြားသူများအတွက် အလွန်တန်ဖိုးကြီးပြီး ရှားပါးသော်လည်း ပိုင်မျိုးနွယ်အတွက်တော့ ထိုအရာများသည် ထူးထူးခြားခြား အဖိုးတန်လှသည်မဟုတ်ပေ။

ယန်စွမ်းအား ချို့တဲ့မှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရသော ကျင်းယွဲ့လင်းသည် ယခုအချိန်တွင် ယန်စွမ်းအားကို အလွန်အမင်း ရရှိလာပြီး နောက်ထပ် မစုပ်ယူနိုင်တော့သည့် အဆင့်အထိ ရောက်ရှိလာခဲ့သည်။

ယန်အနှစ်သာရ ပြည့်ဝသော အဖိုးတန်ပစ္စည်းများသည် အစုလိုက်အပြုံလိုက် လင်းလက်နေကာ ခြေထောက်ချိတ်ထိုင်နေသော ကျင်းယွဲ့လင်း၏ ကိုယ်ပေါ်သို့ ဆေးကြောသလို လွှမ်းမိုးနေသည်။ သူမ အသက်ရှူသံသည် တည်ငြိမ်လာပြီး ယခင်ကဲ့သို့ မျက်နှာအရောင် မဖျော့တော့ပေ။

ယင်အဆိပ်ကြောင့် အသက်ဆုံးရှုံးတော့မည့် အခြေအနေထိ ရောက်ခဲ့ဖူးသော သူမသည် ယခုအခါ အသစ်မွေးဖွားလာသကဲ့သို့ လန်းဆန်းပြီး အသက်စွမ်းအားများ ပြည့်လျှံနေသည်။

ပိုင်ကျီဟန်သည် လက်ပိုက်ကာ တိတ်တိတ်လေး စောင့်ကြည့်နေသည်။ အချိန်တိုအတွင်း ဖြစ်ပေါ်လာသော ပြောင်းလဲမှုသည် အလွန်အမင်း ကြီးမားသော်လည်း

ဤအရာသည် စတင်ခြင်းသာဖြစ်ကြောင်း သူသိနေသည်။

ထိုအချိန်တွင် တည်ငြိမ်သည့် ရှေးဟောင်းအသံတစ်ခုဖြစ်သော မသေမျိုး ဧက္ကရာဇ်၏ အသံသည် သူစိတ်အတွင်းသို့ ပြန်လည် ပေါ်ပေါက်လာသည်။

“သူမက အကန့်အသတ်အဆင့်ကို ရောက်လာပြီ။ ယန်အဖိုးတန်အရာတွေက သူမရဲ့ အခြေအနေကို တည်ငြိမ်စေပြီး အဆိပ်က သွေးကြောတွေကို မဖျက်ဆီးနိုင်တော့ဘူး။ အခု နည်းစနစ်ကို သင်ယူနိုင်ပြီ… ဒါပေမယ့်—”

အသံသည် နက်ရှိုင်းလာပြီး သတိပေးသံ ပါလာသည်။” သတိထားရမယ်။ ဒီလိုနည်းစနစ်တွေက သူမရဲ့ ရှင်သန်ခြင်းနဲ့ သေခြင်းရဲ့ အမြစ်ကိုတောင် လှုပ်ခတ်စေနိုင်တယ်။ အနည်းငယ် လွဲချော်ရင်တောင် ပြင်းထန်တဲ့ တန်ပြန်မှု ဖြစ်နိုင်တယ်။ ဘယ်အချိန်မဆို ဝင်ရောက် ကယ်တင်နိုင်ဖို့ အသင့်ပြင်ထားပါ။”

ပိုင်ကျီဟန်၏ မျက်လုံးများသည် စူးရှလာပြီး ခေါင်းအနည်းငယ် ငုံ့လိုက်သည်။

“နားလည်ပါပြီ”

သူသည် ရှေ့သို့ တစ်လှမ်းတက်ကာ ကျင်းယွဲ့လင်းရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ သူ့မျက်လုံးသည် နူးညံ့သော်လည်း

အသံက လေးနက်နေသည်။

“ကျင်းယွဲ့လင်း” သူက ပြောသည်။ “ မင်းရဲ့ အခြေအနေက အတော်လေး ကောင်းလာပြီ။ ဒါပေမယ့် မင်းကိုယ်ထဲက အဆိပ်ကတော့ မပျောက်သေးဘူး။ ဒီအတိုင်းထားခဲ့ရင် တစ်နေ့မှာ ပြန်လည် ပေါက်ကွဲလာလိမ့်မယ်။” သူမ၏ မျက်လုံးများသည် သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်သော်လည်း မယိမ်းယိုင်ပေ

“ဒါကြောင့်ပဲ“ ပိုင်ကျီဟန် ဆက်ပြောသည်။ “မင်းကို နည်းစနစ်တစ်ခု သင်ပေးမယ်။ ဒီနည်းလမ်းက မင်းကိုယ်ထဲက အဆိပ်နဲ့ ကိုက်ညီအောင် လုပ်ပေးနိုင်မယ်။ ဒီနည်းလမ်းကို ရရှိရင် မင်းဘဝကို ကြောက်ရွံ့မှုမရှိဘဲ နေနိုင်မယ်… ဒါတင်မကဘဲ ဒီကျိန်စာကို မင်းရဲ့ အင်အားအဖြစ် ပြောင်းလဲနိုင်တာတောင် ဖြစ်နိုင်တယ်။”

သူမ၏ အသက်ရှူသံ အနည်းငယ် မြန်လာသော်လည်း မျက်လုံးသည် ယိမ်းယိုင်ခြင်းမရှိပေ။

“ဒါပေမယ့်” ပိုင်ကျီဟန်၏ အသံသည် ပိုမို တင်းမာလာသည်။ “ဒီနည်းလမ်းက လွယ်ကူမဲ့ အရာ မဟုတ်ဘူး။ မင်းရဲ့ သည်းခံနိုင်စွမ်းနဲ့ စိတ်ဓာတ်ကို စမ်းသပ်လိမ့်မယ်။ ပြင်ဆင်ထားဖို့ လိုတယ်။”

ကျင်းယွဲ့လင်း၏ နှုတ်ခမ်းများ တင်းကျပ်လာပြီး ကျောကို တည့်လိုက်ကာ နှလုံးခုန်မြန်နေသော်လည်း အသံမှာ တည်ငြိမ်နေသည်။

သူမ ခေါင်းညိတ်လိုက်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးသေးသေး ပေါ်လာသည်။

သူသည် လက်တစ်ဖက်ကို ဆန့်ကာ သူမ၏ ခေါင်းပေါ်သို့ နူးညံ့စွာ တင်လိုက်ပြီး ရှားပါးသော အားပေးမှုတစ်ခုဖြစ်သည်။

ထို့နောက် လက်ကို ပြန်လည် ဖယ်ရှားပြီး သူ့တည်ရှိမှုသည် ရေကဲ့သို့တည်ငြိမ်နေ၏

“မျက်လုံးပိတ်လိုက်” မသေမျိုး ဧက္ကရာဇ်၏ အသံဖြင့် ညွှန်ကြားလိုက်သည်။” စိတ်ကို လွတ်လပ်အောင်ထား။ မင်းကို နည်းလမ်းတစ်ဆင့်ချင်း ညွှန်ပြမယ်။”

ကျင်းယွဲ့လင်းသည် နာခံလိုက်ပြီး မျက်တောင်ရှည်များ အနည်းငယ် လှုပ်ခတ်ကာ မျက်လုံးပိတ်သွားသည်။ အသက်ရှူသံ တည်ငြိမ်လာပြီး စိတ်အာရုံကို စုစည်းလိုက်သည်။

ပိုင်ကျီဟန်သည် သူမ၏ နောက်ကျောအပေါ် လက်တစ်ဖက်ကို တင်လိုက်ပြီး သူ၏ ချီစွမ်းအားကို နူးညံ့သည့် ကြိုးမျှင်များကဲ့သို့ စီးဆင်းစေသည်။

“ဒီနည်းစနစ်ကို” ပိုင်ကျီဟန်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကောင်းကင်အဆိပ် ကျမ်းလို့ ခေါ်တယ်။ မင်းရဲ့ အဆိပ်ကို ပျောက်ကင်းစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွမ်းကျင်သွားရင် မင်းအဆိပ်နဲ့ အတူတကွ နေထိုင်နိုင်မယ်။ ပြီးတော့ တစ်နေ့မှာတော့ ထိန်းချုပ်တာတောင် ဖြစ်လာနိုင်လိမ့်မယ်။”

သူ ပြောနေစဉ်တွင် ချီစွမ်းအားသည် ကျင်းယွဲ့လင်း၏ ကိုယ်အတွင်းသို့ စိမ့်ဝင်ကာ သူမ၏ သွေးကြောများနှင့် ဆက်စပ်ပေါင်းစည်းသွားသည်။

သူမ၏မျက်နှာသည် အနည်းငယ် ကွေးကောက်သွားပြီး သူမ၏ကိုယ်အတွင်းရှိ ယင်အဆိပ်သည် အဆိပ်ရှိသောတိရစ္ဆာန်တစ်ကောင်ကဲ့သို့ တုန်လှုပ် ရွေ့လျားလာသည်။

သူမ၏အသက်ရှုသံ ပြင်းသွားသည်။ ညည်းသံတစ်ချက်သည် သူမ၏နှုတ်ခမ်းမှ ထွက်လာသော်လည်း သူမ လဲမကျခဲ့ပေ။ သွားကိုကြိတ်ကာ ခံနိုင်ရည်ရှိစွာ တောင့်ခံနေသည်။

“အဲ့ဒီလိုပဲ” ပိုင်ကျီဟန်ကိုယ်ထဲမှ ဖေးလိန်သည် တောင်တစ်လုံးကဲ့သို့ တည်ငြိမ်သောအသံဖြင့် အားပေးလိုက်သည်” အင်အားနဲ့ ဆန့်ကျင်နဲ့။ ညွှန်ကြားလိုက်။ ထိန်းချုပ်လိုက်”

သူ၏ညွှန်ကြားမှုအောက်တွင် တဖြည်းဖြည်းချင်း ကျင်းယွဲ့လင်း အရောင်အဝါသည် တည်ငြိမ်လာသည်။

ယခင်က မထိန်းနိုင်သော အနက်ရောင်အဆိပ်သည် ပိုင်ကျီဟန် ပြုစုထားသည့် ယန်စည်းကမ်းများ၏ အုပ်ချုပ်မှုအောက်တွင် အတွင်းဘက်သို့ ပြန်လည်ဖိသိပ်ခံရကာ လျော့နည်းသွားသည်။

သူမ၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေပြီး ချွေးများသည် ဝတ်ရုံကို စိုစွတ်စေခဲ့သည့်တိုင် မဆုတ်မနစ် ခံနေခဲ့သည်။

မိနစ်အနည်းငယ်က နာရီများကဲ့သို့ ရှည်လျားသွားသည်။

နောက်ဆုံးတွင် သူမ၏ အရောင်အဝါသည် တည်ငြိမ်သွားချေသည်။ သူမ၏အရေပြားအရောင်သည် အနီနုနုဖြစ်သော်လည်း ကျန်းမာလာပြီး အသက်ရှုသံလည်း ချောမွေ့လာသည်။

သူမ၏ သွေးကြောများအတွင်းတွင် အလင်းရောင်နုနုတစ်ခု ကျန်ရှိနေပြီး ကောင်းကင်အဆိပ်ကျမ်းသည် အမြစ်စိုက်လာနေပြီဟူသည့် အထောက်အထားဖြစ်သည်။

“အလုပ်ဖြစ်ပြီ… အလုပ်ဖြစ်သွားပြီ…”

သူမသည် သက်သာမှုမျက်ရည်များနှင့်အတူ မျက်လုံးဖွင့်ကာ တိတ်တိတ်လေး ပြောလိုက်သည်။

ပိုင်ကျီဟန်သည် ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် မမြင်သာသောအပြုံးသေးသေးတစ်ခု ပေါ်လာသည်။

“ကောင်းပြီ။ မင်း”

သို့သော် သူပြောမပြီးခင် သူမ၏ စွမ်းအင်စုရပ်၏ အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်သော လှိုင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ကျင်းယွဲ့လင်းသည် အသက်ရှုကြပ်သွားပြီး သူမ၏ခန္ဓာကိုယ် တုန်ခါသွားသည်။

သူပိတ်ဆို့ထားသော စည်းမျဉ်းများသည် ပြင်းထန်စွာ လှုပ်ရှားလာကာ ကွဲအက်သွားပြီး ထိန်းချုပ်မရသော ယင်အဆိပ်စွမ်းအင်သည် ရေလွှမ်းမိုးသလို ပြန်လည် ထိုးဖောက်ထွက်ပေါ်လာသည်။

သူမ၏နှုတ်ခမ်းများ အပြာရောင်ပြောင်းသွားပြီး သွေးကြောများ အနက်ရောင်ဖြစ်လာကာ အဆိပ်သည် အပြင်သို့ ပေါက်ကွဲထွက်ရန် ခြိမ်းခြောက်လာသည်။

“မကောင်းတော့ဘူး”

ဖေးလိန်သည် အော်ဟစ်လိုက်ပြီး ကျင်းယွဲ့လင်း၏ ကိုယ်အတွင်းရှိ အဆိပ်သည် အတွင်းဘက်သို့ ဖိသိပ်ပေါက်ကွဲနေကြောင်း သူ သိလိုက်ပြီဖြစ်သည်။

“သူမ ကိုယ်အတွင်းမှာ ဒီလောက်ကြီးမားတဲ့ အဆိပ်ပမာဏကို ဖိနှိပ်ထားနိုင်တယ်လို့ ဘယ်သူက ထင်မလဲ… ကောင်းကင်အဆိပ်

ခန္ဓာကိုယ်ကို ငါ လျော့တွက်မိပြီ”

မသေမျိုး ဧက္ကရာဇ်သည် ထပ်မံရှင်းပြလိုက်သည်။

“ပိုင်ကျီဟန်၊ ချက်ချင်း နောက်ဆုတ်လိုက်—မဟုတ်ရင် မင်းကိုယ်တိုင်ပါ အဆိပ်ရေလှိုင်းထဲ ရောက်သွားလိမ့်မယ်”

မသေမျိုး ဧက္ကရာဇ်သည် သတိပေးလိုက်၏

ပိုင်ကျီဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း သူ၏မျက်နှာမပြောင်းဘဲ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ကာ သူမ၏ ကျောပေါ်သို့ တင်းကျပ်စွာ ထိန်းထားလိုက်သည်။

သူ၏ ချီစွမ်းအင်သည် လှိုင်းကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ ထိုးထွက်လာကာ ပျက်စီးလုနီးပါးဖြစ်နေသော သူမ၏ သွေးကြောအတွင်းသို့ ဝင်ရောက်ချိတ်ဆက်လိုက်သည်။

မသေမျိုး ဧကရာဇ်၏ ဝိညာဉ်သည် သူ၏စိတ်အတွင်း၌ ဆူညံစွာ အော်ဟစ်လာသည်

“မိုက်မဲလွန်းတယ်။ ကောင်းကင်အဆိပ်ခန္ဓာကိုယ်ရဲ့ အဆိပ်ဆိုတာ လက်လှမ်းမီလို့ရတဲ့အရာ မဟုတ်ဘူး။ အနည်းငယ် စုပ်ယူမိရင်တောင် သေမှာ”

သို့တိုင် ပိုင်ကျီဟန်သည် တစ်စက္ကန့်တောင် မတွန့်ဆုတ်ခဲ့ပေ

အမှန်တကယ် အသက်အန္တရာယ်ရှိပြီး တန်ကြေး မြင့်မားသည့်တိုင် စနစ်စတိုးမှ ဆေးဖြေဆေးကို ဝယ်ယူနိုင်သေး၏

ထို့အပြင် ကမ္ဘာဦးဖရိုဖရဲ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ဖြင့် ခန္ဓာကိုယ်ကိုသန့်စင်ထားခြင်းကြောင့် မည်သည့်အဆိပ်မျိုးမှသက်ရောက်နိုင်မည်ဟု သူ မယုံကြည်ပေ

သူမ၏ သွေးကြောများမှ ယိုထွက်လာသော အနက်ရောင် အဆိပ်မြူသည် သူ့ကိုယ်အတွင်းသို့ စုပ်ယူခံရပြီး သဲတစ်စက်တောင် မကျန်ဘဲ ချက်ချင်း ပျောက်ကွယ်သွားသည်။

မျှော်လင့်ထားသလိုပင် အနည်းငယ် အဆင်ပြေရုံသာ ခံစားရပြီး သူ့ခန္ဓာကိုယ်

အတွင်း မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်ခဲ့သည့်အပြင် အဆိပ်သည် သူ့ကို ဖုံးလွှမ်းသွားခြင်းမျိုးမဟုတ်ဘဲ သူက အဆိပ်ကို ပြန်လည် သိမ်းလိုက်သလို ဖြစ်နေသည်။

ကျင်းယွဲ့လင်း၏ တုန်ခါမှုသည် တဖြည်းဖြည်း လျော့နည်းလာသည်။အနက်ရောင် သွေးကြောများ ပျောက်သွားပြီးသူမ၏ မျက်နှာအရောင်သည် သဘာဝအတိုင်း ပြန်ဖြစ်လာကာ ပြင်းထန်စွာ အသက်ရှူနေသည်။ ပိုင်ကျီဟန်၏ ကိုယ်အတွင်းမှ အဆိပ်သည် သွေးကြောများထဲ ပျော်ဝင်ပြီး အင်္ဂါများ ပေါက်ကွဲသွားကာ ဝိညာဉ်ကိုတောင် ပုပ်စေမည်သာ။

သို့တိုင်

ထိုအရာများ မဖြစ်ခဲ့ပေ

ကမ္ဘာဦး ဖရိုဖရဲ ခန္ဓာကိုယ်သည် အဆုံးမရှိသည့် ပင်လယ်ကြီးထဲသို့ ကျောက်တုံးသေးသေးတစ်လုံး လွှတ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လှိုင်းတစ်ချက်တောင် မဖြစ်ပေါ်ခဲ့ပေ။ ထိခိုက်မှု တစ်စုံတစ်ရာမှ မရှိခဲ့ပေ။

မသေမျိုးဧကရာဇ်၏ ဝိညာဉ်သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ထို့နောက် မယုံကြည်နိုင်သည့် အသံသည် ပြန်လည် ထွက်ပေါိလာသည်။

“မဖြစ်နိုင်ဘူး…အဲဒါ ကောင်းကင်အဆိပ်ခန္ဓာကိုယ်ရဲ့ အဆိပ်ပဲ…ကောင်းကင်အောက်မှာ အန္တရာယ်အရှိဆုံး အဆိပ်တွေထဲက တစ်ခု၊ ဒါပေမယ့် မင်းက…”

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ ရပ်နေပြီး ဘာမှမဖြစ်သလို လက်ကို ပြန်လည် ဆုတ်ယူလိုက်သည်။

“…ဘာမှ မဖြစ်သလိုနဲ့ စုပ်ယူသွားခဲ့တယ်။”

တုန်ခါနေသော မျက်လုံးများဖြင့် ကျင်းယွဲ့လင်းကတော့ သူ့ကို

ကြောက်ရွံ့မှုတစ်ဝက်၊ လေးစားအံ့အားသင့်မှုတစ်ဝက်ဖြင့် ကြည့်နေသည်။

“အစ်ကိုကျီဟန်…” သူမ၏ အသံသည် တိုးနေသည်။ “ရှင် ကျွန်မကို ထပ်ပြီး ကယ်တင်ပေးလိုက်ပြန်ပြီ”

ပိုင်ကျီဟန်က ဘာမှ မပြောခဲ့ပေ။

သူ၏ မျက်လုံးများသည် တည်ငြိမ်ပြီး အဆုံးမဲ့ အနက်ရှိုင်းဆုံးချောက်ကဲ့သို့ အားလုံးကို မျိုချလိုက်သည်။

သို့တိုင် မသေမျိုးဧကရာဇ်၏ ဝိညာဉ်ကတော့ မအေးချမ်းနိုင်ခဲ့ပေ။

“မင်းရဲ့ ခန္ဓာကိုယ်အမျိုးအစားက ဘာလဲ?ကောင်းကင်ယင်ခန္ဓာကိုယ်ရဲ့ အဆိပ်တောင် မင်းကို ဘာမှ မလုပ်နိုင်ဘူး…”

ပိုင်ကျီဟန်နှင့် အတူရှိနေသရွေ့ အံ့အားသင့်မှုတစ်ခု ပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေသည်။ သူမ အသက်ရှင်နေစဉ် အချိန်က ရရှိခဲ့သမျှ အံ့အားသင့်မှုအားလုံး စုပေါင်းလိုက်လျှင်ပင် ပိုင်ကျီဟန်ကြောင့် ခံစားရသော အံ့အားသင့်မှုသည် ပိုများနေပြီ ဖြစ်သည်။

နောက်ထပ်နေ့ရက်များတွင်တော့ ကျင်းယွဲ့လင်းသည် သင်ကြားခံထားရသော နည်းစနစ်ကို ဆက်လက် လေ့ကျင့်ကာ စွမ်းအင်ကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။

အခြားတစ်ဖက်တွင် ပိုင်ကျီဟန်သည် ဆီမီးဖိုင်နယ်ပြိုင်ပွဲ၏ ရလဒ်ကို လက်ခံရရှိခဲ့ပြီး မျှော်လင့်ထားသလိုပင် အဆုံးသတ်သို့ တက်ရောက်နိုင်ခဲ့သူများမှာ နီဖန်းကျိုး နှင့် ပိုင်ရွှယ်ချင်းတို့ ဖြစ်ကြသည်။

အံ့ဩစရာ မရှိပေ

ထို့နောက် နေ့ရက်များသည် တည်ငြိမ်သော ပုံစံတစ်ခုအတိုင်း ဆက်လက် လည်ပတ်သွားခဲ့သည်။

ကျင်းယွဲ့လင်းသည် ကောင်းကင်အဆိပ်ကျမ်းကို လေ့ကျင့်နေပြီး ယခင်က ပိုင်ကျီဟန် ပေးထားသော ညွှန်ကြားချက်များအတိုင်း သူမ၏ အဆိပ်ချီကို ညှိနှိုင်း ထိန်းချုပ်နေသည်။

တိုးတက်မှုသည် နှေးကွေးပြီး ခက်ခဲသော်လည်း ယခင်က အလွန်ပင် အားနည်းခဲ့သော သူမ၏ခန္ဓာကိုယ်သည် ယခုအခါ

စွမ်းအင်အသစ်တစ်ခု ပေါက်ဖွားလာပြီဖြစ်သည်။

သူမ၏ မျက်နှာအရောင် ပိုမိုသန့်ရှင်းလာပြီးအရောင်အဝါသည် ပိုမို တည်ငြိမ်လာကာ ယခင်က သူမကို တင်းကျပ်စွာ ဖက်တွယ်နေခဲ့သော သေဆုံးမှု၏ အရိပ်အယောင်သည် တဖြည်းဖြည်း လျော့နည်းသွားခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် ပိုင်ကျီဟန်သည် သူမ၏ ကြိုးစားအားထုတ်မှုကို တိတ်တဆိတ် ကြည့်ရှုနေခဲ့ပြီး ကိုယ်တိုင်ကျင့်ကြံမှုကိုလည်း မလျော့မနား ဆောင်ရွက်နေခဲ့သည်။

တစ်နေ့မနက်မှာတော့ သူမ၏ သွေးကြောများ တည်ငြိမ်နေကြောင်း သေချာစစ်ဆေးပြီးနောက် ပိုင်ကျီဟန်က ထရပ်လိုက်သည်။

“ကျင်းယွဲ့လင်း” သူ၏အသံသည် တည်ငြိမ်ပြီး ဆန့်ကျင်ခွင့် မရှိသည့် အာဏာပါရှိနေသည်။“ငါ သင်ပေးထားတဲ့ နည်းလမ်းကို ဆက်ပြီး လေ့ကျင့်နေပါ။”

ကျင်းယွဲ့လင်းသည် မျက်လုံးဖွင့်လိုက်သည်။ လေ့ကျင့်မှုပြီး သွားခါစဖြစ်သဖြင့် အသက်ရှုသံသည် အနည်းငယ် မညီမညာ ဖြစ်နေသေးသည်။

သူမ ခဏလောက် တွန့်ဆုတ်သွားပြီးနောက်စိုးရိမ်မှုအနည်းငယ် ပါဝင်သည့် အသံဖြင့် မေးလိုက်သည်။

“အစ်ကိုကျီဟန်… ဘယ်နေရာသွားမလို့လဲ?”

ပိုင်ကျီဟန်သည် ခဏရပ်ပြီး ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

“နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ မကြာခင် စတင်တော့မယ်။ မြို့တော်မှာ ကျင်းပမှာကို ငါ သွားကြည့်မလို့”

ထိုသတင်းကြောင့် ကျင်းယွဲ့လင်း၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။အဖြူဖျော့နေသည့် မျက်နှာပေါ်တွင် အသက်ဝင်လာပြီး စိတ်လှုပ်ရှားစွာ ရှေ့သို့ တိုးလာ၏

“ဒါဆို ကျွန်မလည်း အတူ လိုက်မယ်”

သူမ အသံသည် ယခင်ကထက် ပိုမို တောက်ပလန်းဆန်းနေသည်။

“မရဘူး။ မင်း ဒီမှာပဲ နေပြီး ကောင်းကင်အဆိပ်ကျမ်းကို ဆက်လက် လေ့ကျင့်ရမယ်။မင်းရဲ့ တိုးတက်မှုက အခုထိ မတည်ငြိမ်သေးတဲ့ အဆင့်မှာပဲရှိနေတယ်။ အမှားလေးတစ်ခု လုပ်မိရင်တောင် နေ့ပေါင်းများစွာ ကြိုးစားထားတာတွေ အလုံးစုံ ပျက်စီးသွားနိုင်တယ်။”

ကျင်းယွဲ့လင်းသည် ပါးစပ်ကို အနည်းငယ် ဟလိုက်သော်လည်း သူမ၏ ဆုံးဖြတ်ချက်သည် မလျော့နည်းခဲ့ပေ

“ဒီရက်ပိုင်းတွေမှာ ကျွန်မ အနားမယူဘဲ ကြိုးစားနေခဲ့တာပါ” သူမသည် နူးညံ့သော်လည်း တောင်းပန်သံဖြင့် ပြောလိုက်သည်။

“နည်းနည်းလောက် နားရင် မထိခိုက်ပါဘူး။

ကျေးဇူးပြုပြီးပါနော်… အစ်ကိုကျီဟန်”

ပိုင်ကျီဟန်သည် အချိန်အတော်ကြာ တိတ်ဆိတ်စွာ သူမကို ကြည့်နေခဲ့သည်။

နောက်ဆုံးမှာတော့ ပေါ့ပါးစွာ အသက်ရှုထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးအသေးလေး ပေါ်လာသည်။

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။”

“ဟုတ်ကဲ့”

ကျင်းယွဲ့လင်း၏ မျက်လုံးများ တောက်ပသွားပြီး ယခင်က ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေကို စိတ်လှုပ်ရှားမှုဖြင့် အစားထိုးသွားခဲ့သည်။

All Chapters