← Chapters

နီဖန်းကျိုးနှင့် ပိုင်ရွှယ်ချင်း

Vol. 19 Ch. 275

နီဖန်းကျိုးနှင့် ပိုင်ရွှယ်ချင်း

Vol. 19 Ch. 275

အရာရာသည် စင်မြင့်ပေါ်၌ ကျဉ်းမြောင်းသွားခဲ့သည်။

နီဖန်းကျိုး ဓားသည် ဓားအိမ်မှထွက်ကာ အနက်–အနီရောင် အလင်းရောင်သည် ဓားအရှည်တစ်လျှောက် သံရည်ချိုင့်တစ်ခုလို စီးဆင်းနေသည်။

သူ့ရပ်တည်ချက်သည် လေးလံပြီး မလှုပ်မရှားပင်။ သူ့အရောင်အဝါ ထိုးတက်လာချိန်မှာတော့ သူ့ခြေထောက်အောက်ရှိ မြေပြင်ပင် ကွဲထွက်သွားခဲ့သည်။

“ နဝမမြောက် အထီးကျန် အာဏာရှင်ဓား”

သူ့ဓားချက်တိုင်းသည် အာဏာရှင်ဆန်ပြီး ဆန့်ကျင်မှုအားလုံးကို ဖိချေဖျက်ဆီးလိုက်မည့် ထိုးချက်များပင် ဖြစ်သည်။

သူ့ပထမဆုံး ဓားချက်သည် စင်မြင့်တစ်လျှောက် ဖြတ်သန်းသွားပြီး မိုးကြိုးလို ပြင်းထန်သည့် ဓားအလင်းတစ်ခုအဖြစ် ကာကွယ်ရေး အခင်းအကျင်းများကိုပင် ချိုးဖောက်သွားခဲ့သည်။

ပိုင်ရွှယ်ချင်း၏ မျက်လုံးများ တင်းမာသွားသည်။ ထိုအခိုက်အတန့်မှာပင် သူမ၏ ဓားသည် တောက်ပစွာ လင်းလက်လာပြီး ငွေရောင်အလင်းသည် ရေလှိုင်းများကဲ့သို့ ထွက်ပေါ်လာသည်။

“အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်း ဓား”

သူမ၏ ဓားလှုပ်ရှားသွားသည်နှင့် တပြိုင်နက် သူမသည် ကိုးယောက်ဖြစ်သွားသကဲ့သို့ ထင်ရသည်။ ကိုးခုသော အရိပ်များသည် ပေါင်းစည်းကာ နီဖန်းကျိုး၏

နဝမမြောက် အထီးကျန် အာဏာရှင်ဓားအား တစ်ခုချင်းစီ တားဆီးလိုက်သည်။

သူမ၏ အရိပ်များကြောင့် လေထုပက် တောက်ပသွားကာ သူမ၏ ဓားပညာသည် လှပသိမ်မွေ့ပြီး သေစေနိုင်လောက်အောင် တိကျပြတ်သားသည်။

ကလန်! ကလန်! ကလန်!

သံချင်း တိုက်မိသံများ ဆက်တိုက် ပေါက်ကွဲသွားသည်။ မီးပွါးများသည် မိုးတိမ်ပေါ်က ကြယ်တံခွန်များကဲ့သို့ ဖွားထွက်သွားကြသည်။

ပရိတ်သတ်များအနေဖြင့် မျက်စိနှင့်လိုက်မမီနိုင်တော့ပေ

လေ့ကျင့်မှုမရှိသူ မျက်စိအတွက်တော့ အနက်–အနီရောင် အာဏာပြင်းထန်မှုနှင့် စီးဆင်းနေသော ငွေရောင်တောက်ပမှုတို့ ထိပ်တိုက်ဆုံနေသည့် ဓားအလင်းမုန်တိုင်းထဲ၌ လူနှစ်ယောက်လုံး ပျောက်ကွယ်သွားသကဲ့သို့သာ မြင်ရသည်။

တစ်ဖက်က မရပ်တန့်နိုင်သည့် ကျောက်ထုကဲ့သို့ ရှေ့သို့ ဖိအားပေးဝင်ရောက်လာသည်။

အခြားတစ်ဖက်ကတော့ လရောင်ရေပေါ် လှိုင်းယိမ်းသကဲ့သို့ ရှောင်တိမ်း၊ လွတ်မြောက်နေသည်။ သို့သော် မည်သူမှ မထိခိုက်သလို မည်သူမှ မတုန်လှုပ်ပေ။

“မဖြစ်နိုင်ဘူး…။ သူတို့နှစ်ယောက်လုံး နည်းစနစ်တွေမှာ အဆင့်မြင့် ကျွမ်းကျင်မှုကို ရောက်နေပြီ”

“ဒီအသက်အရွယ်နဲ့ အဲဒီအဆင့်ရောက်နိုင်တာ… လူအများစုအတွက်တော့ ရာစုနှစ်များစွာ လိုအပ်တဲ့ အရာပဲ”

အသက် နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော လူနှစ်ယောက်အဖို့ ထိုအဆင့်ကို ရောက်ရှိနိုင်ခြင်းသည် သူတို့နှင့် သာမန် ကျင့်ကြံသူများကြားရှိ အကွာအဝေး မည်မျှကြီးမားသည်ကို ပြသနေသည်။

သူတို့နှစ်ယောက်လုံးသည် နည်းစနစ်ကို အပြစ်ကင်းစွာ အသုံးချပြီး တစ်ယောက်ကိုတစ်ယောက် ဖိအားပေးရန် ကြိုးစားနေကြသည်။

နီဖန်းကျိုး၏ ဓားသည် အပေါ်မှ အကြမ်းဖက်စွာ ကျရောက်လာပြီး စင်မြင့်ပင် အင်အားကြောင့် ကွဲအက်သွားခဲ့သည်။

ပိုင်ရွယ်ချင်း၏ ပုံစံသည် တောက်ပလှုပ်ရှားသွားပြီး အလင်းလမ်းကြောင်းတစ်ခုအဖြစ် ပျောက်ကွယ်သွားကာ ခဏအကြာတွင် သူ့ဘေးဖက်၌ ပြန်ပေါ်လာသည်။ သူမ၏ ဓားသည် အချက်တိတိကျကျဖြင့် ဖြတ်တောက်သွားသည်။

သို့သော် သူသည် ကိုယ်ကိုလှည့်ကာ ဓားကို လှည့်ဖြတ်လိုက်ပြီး သူမ၏ ထိုးချက်ကို တားဆီးလိုက်သည်။

ဓားနှစ်လက် တိုက်မိကာ ပိတ်ဆို့မိပြီး မီးပွါးများသည် ဆူညံစွာ ပေါက်ကွဲထွက်လာသည်။

ကလန်!

အော်ဟစ်သံနှင့်အတူ သူတို့နှစ်ယောက်လုံး ကွဲသွားကြပြီး နောက်ခဏအကြာတွင် ထပ်မံ ရှေ့သို့ တိုးဝင်လာကြကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဓားများ လင်းလက်နေကြသည်။

တိုက်ခိုက်မှုတိုင်းသည် မိုးကြိုးကဲ့သို့ အသံထွက်နေသည်။ အပြန်အလှန်တိုင်းသည် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြားက စစ်ပွဲဖြစ်သည်။

၎င်းသည် လေ့ကျင့်ပွဲ မဟုတ်ပေ။စမ်းသပ်မှုလည်း မဟုတ်ပေ။

သူတို့နှစ်ယောက်သည် ရှေ့ဆက်သွားဖို့တစ်ယောက်ကို တစ်ယောက် ဖြတ်ချမှရမည့် ပုံစံဖြင့် တိုက်ခိုက်နေကြသည်။ (သူမ အရမ်းအားကောင်းတယ်)

နီဖန်းကျိုးသည် စိတ်ထဲ၌ တွေးလိုက်ပြီး သူမ၏ အင်အားကို သိပြီးသားဖြစ်သည့်တိုင် ထိပ်တိုက်တိုက်ခိုက်နေရချိန်မှာတော့ သူရင်ဆိုင်နေရသူသည် မည်သူဖြစ်သည်ကို ထပ်မံ နားလည်သွားခဲ့ရသည်။

(ကောင်းကင် အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတဲ့ အမည်က အလှပြရုံပဲ မဟုတ်ဘူးထင်တယ်…)

သူမသည် ထိုပြိုင်ပွဲအတွင်း သူ ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်များနှင့် လုံးဝကွာခြားနေသည်။

အမှားတစ်ချက်တည်းဖြင့် အရာအားလုံး ဆုံးရှုံးသွားနိုင်သလို ခံစားရပြီး သူမအား ခြေလှမ်းမီနေဖို့ သူ့အားလုံးကို ထုတ်သုံးနေရသည်။

ထို့အပြင် ပိုင်ရွှယ်ချင်းသည် အန္တရာယ်ကြီးမားသည့် အရာတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ စိုးရိမ်မှုတစ်မျိုးလည်း ရှိနေသည်။

သူမ ပြနေသည့် အရာများသည် သူမ အင်အား အပြည့်အစုံ မဟုတ်သလို ခံစားရသည်။

သူမတွင် သူ၏ ကောင်းကင်ငှါးရမ်းဖြတ်ကျော်ခြင်းကိုတောင် ယှဉ်နိုင်မည့် လျှို့ဝှက်လက်နက်တစ်ခု ရှိနေသလို ခံစားမိသည်။

ဓားတိုက်ခိုက်မှု တစ်ချက်ချင်းစီတိုင်းနှင့်အတူ နီဖန်းကျိုး အသက်ရှုသံသည် ပိုမိုကြမ်းတမ်းလာကာ သူ့ဓားကတော့ တစ်ချက်မျှ မတုန်လှုပ်ခဲ့ပေ

သို့တိုင် သူ့ကိုယ်ခန္ဓာကတော့ အော်ဟစ်နေချေပြီ။

ရုတ်တရက် ပြင်းထန်သော နာကျင်မှုတစ်ခုသည် ရင်ဘတ်ကို ထိုးဖောက်သွားပြီး မျက်စိရှေ့မှ ကမ္ဘာကြီးသည် တစ်စက္ကန့်လောက် လှုပ်ယမ်းသွားသည်။

“ဖူး”

ထို့အပြင် ချူကျီယန်နှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ရာများသည် အပြည့်အဝ မသက်သာသေးပေ

အင်အားအပြည့်အဝ အခြေအနေမှာပင် ပိုင်ရွယ်ချင်းကို အနိုင်ရဖို့ အလွန်ခက်ခဲမည့် အရာဖြစ်သည်။ ယခုကဲ့သို့ အင်အားအထွတ်အထိပ် မရှိသည့် အချိန်မှာတော့ ပိုလို့တောင် ခက်ခဲနေချေပြီ။

သို့သော်လည်း သူ လက်မလျှော့ပေ။ နှစ်နှစ်တာ အရှက်ခွဲခံရမှုနဲ့ ခက်ခဲပင်ပန်းစွာ ကြိုးစားလာခဲ့သမျှ အားလုံးသည် ဒီနေ့အတွက်သာ ဖြစ်သည်။

သူ့သွားကို တင်းတင်း စိထားရင်း အသံတစ်ခု လွတ်ထွက်လာသည်။ သူ့ခြေလှမ်း လှုပ်ယမ်းသွားသည်ကို ဖုံးကွယ်ရင်း ရပ်တည်ချက်ကို မတုန်လှုပ်အောင် ပြန်ထိန်းလိုက်သည်။

သို့တိုင် ထိုအဆင့်အတန်း တိုက်ပွဲတစ်ခု၌ ဘာကိုမှ ဖုံးကွယ်လို့ မရပေ

သူ့စည်းချက် အနည်းငယ် ချိုးဖောက်သွားသည့် တစ်ခါတည်းမှာပင် ပိုင်ရွှယ်ချင်း၏ မျက်လုံးများ တင်းမာသွားသည်။

(အဖွင့်တစ်ခု)

သူမ၏ ဓားသည် တောက်ပလှုပ်ရှားသွားပြီး ငွေရောင်အလင်း စီးကြောင်းများအဖြစ် ခွဲထွက်သွားသည်။

အရိပ်ကိုးပါးစီးဆင်းနေသော အလင်းဓားသည် အပြည့်အဝ ပေါက်ထွက်သွားပြီး သူမ၏ လှုပ်ရှားမှုများသည် မဖြစ်နိုင်လောက်အောင် မြန်ဆန်လာကာ သူ့ပတ်ဝန်းကျင်၌ အရိပ်ကိုးခုကို အလှည့်အပြောင်းဖြင့် ဖန်တီးလိုက်သည်။

ရှူး

သံဓားများသည် လေထုကို ဖြတ်သန်းသွားသည်။ ငွေရောင် ဓားအလင်းများသည် လှိုင်းတစ်ခုလို ပိတ်ဆို့သွားပြီး လေ့ကျင့်မှုများမှ ထွက်ပေါ်လာသော တိကျပြတ်သားမှုနှင့် အတူသူ့အသက်ကို တိုက်ရိုက် ရည်ရွယ်လာကြသည်။

နီဖန်းကျိုး၏ အရောင်အဝါ ထိုးတက်လာပြီးသူ့ဓားသည် အပြင်ဘက်ကို လှည့်ဖြတ်လိုက်ရာ မီးပွားမုန်တိုင်းတစ်ခုအတွင်း အရိပ်အချို့ကို ဖျက်ဆီးလိုက်နိုင်သည်။

“အရိပ်ကိုးပါး စီးဆင်းနေတဲ့ အလင်းဓား”

အရိပ်ကိုးပါး စီးဆင်းနေသော အလင်းဓား၏ တတိယပုံစံကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။

သူတို့ကို ခုတ်လှဲပစ်လိုက်သော်လည်း တစ်ယောက်ပြီးတစ်ယောက် မရပ်မနား အစားထိုး ဝင်ရောက်လာကြသည်။

ပရိသတ်တစ်စုလုံး အံ့အားသင့်ပြီး ရှေ့တိုးကာ လှမ်းကြည့်ကြသည်။

“သူမက သူ့ကို ဖိအားပေးနေပြီ”

“နီဖန်းကျိုး အမှားလုပ်မိပြီ… အခု အဲဒီအတွက် အပြစ်ပေးခံနေရပြီ”

“ဒါနဲ့ပဲ အဆုံးသတ်သွားတော့မလား”

ရွှမ် ရွှမ်

နီဖန်းကျိုး၏ မေးရိုးသည် တင်းကျပ်သွားပြီး သွားများကို ကြိတ်ကာ ခန္ဓာကိုယ်အနှံ့ နာကျင်မှု ထိုးဖောက်လာသည်။

သို့သော် သူ၏ မျက်လုံးများသည် အေးဆေးတည်ငြိမ်ပြီး ခိုင်မာနေဆဲဖြစ်သည်။

(ဒီနေရာမှာ ငါ အားလျော့သွားရင် ငါ ခံခဲ့ရသမျှ၊ သည်းခံခဲ့ရသမျှ အားလုံး အလဟသဖြစ်သွားလိမ့်မယ်)

အော်ဟစ်သံနက်ကြီးတစ်ချက်နဲ့အတူ သူ၏ဓားသည် လှုပ်ရှားသွားပြီး အနက်ရောင်-အနီရောင် အလင်းတောက်တစ်ခုသည် တောင်တစ်လုံး ပြိုကျသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည်။

အရိပ်များအားလုံးသည် ထိုပြင်းထန်သည့် အင်အားကြောင့် ပျက်စီးသွားကြသည်။

သို့တိုင် ပိုင်ရွှယ်ချင်းကတော့ သူ၏ ခုတ်ချက် အနားသို့ မရောက်ခင်မှာပင် လှမ်းကျော်သွားပြီးသားဖြစ်သည်။

သူမ၏ အမှန်တကယ် ကိုယ်ထည်သည် သူ၏ မမြင်ရသော နေရာထဲသို့ ဝင်ရောက်လာသည်။

သူမ၏ဓားသည် ငွေရောင်အလင်းတောက်တစ်ခုလို ဖြစ်လာပြီး နီဖန်းကျိုး၏ နှလုံးကို တိုက်ရိုက် ရည်ရွယ်ထားသည်။

ပိုင်ရွှယ်ချင်း၏ ငွေရောင်ဓားအလင်းသည် သူ၏ နှလုံးဘက်သို့ ထိုးဝင်လာချိန်တွင် နီဖန်းကျိုး၏ အမြင်အာရုံသည် သံဓားတစ်လက်လို ထက်မြက်စွာ ပြင်းထန်သွားသည်။

ရှောင်မပြေးဘဲ သူသည် လက်ကို ရှေ့သို့ တိုက်ရိုက် ထိုးထုတ်လိုက်သည်။

ရွှမ်

သွေးစက်များ ပြန့်ကျဲသွားပြီး သူ၏ လက်ဖဝါးထဲသို့ ထိုးဝင်သွားသည့်တိုင် သူ၏ လက်ချောင်းများသည် ဓားအစွန်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး နှလုံးသားနှင့် လက်မအနည်းငယ်သာ ကွာဝေးသည့် နေရာတွင် ရပ်တန့်သွားစေသည်။

“ဖမ်းမိပြီ”

အခြားလက်တစ်ဖက်ဖြင့် သူ၏ အနက်-အနီရောင်ဓားသည် ထွက်ပေါ်လာကာ သူမကို ချက်ချင်း နှစ်ပိုင်းခွဲဖျက်ပစ်မည့်

အလား ခုတ်ချလိုက်သည်။

သို့တိုင် ပိုင်ရွှယ်ချင်း၏ တုံ့ပြန်မှုက ပိုမိုမြန်ဆန်နေခဲ့သည်။

သူမ၏ မျက်လုံးများ တောက်ပသွားပြီး ဓားကို လွှတ်ချလိုက်သည်နှင့် သူမ၏ အရိပ်သည် သုံးလှမ်း နောက်ဆုတ်သွားပြီးသားဖြစ်သည်။

နီဖန်းကျိုး၏ လက်ထဲတွင် စွန့်ပစ်ခံလိုက်ရသော ဓားသာ ကျန်နေပြီးသူ၏ သွေးများသည် ဓားအစွန်းအတိုင်း တုန်ယင်လျက် စီးကျလာသည်။

“ချီး”

နီဖန်းကျိုးသည် ဟိန်းဟောက်လိုက်ပြီး သူ၏ ခုတ်ချက်သည် လေထုအလွတ်ကိုသာ ဖြတ်သန်းသွားသည်။ အသက်ရှူတစ်

ချက်တောင် မကြာသေးခင် ပိုင်ရွှယ်ချင်း၏ ကျောက်စိမ်းလို လက်သည် တစ်ချက်လှုပ်ရှားသွားပြီး သူမ၏ လက်စွပ်မှ ဓားတစ်လက် ထပ်မံ တောက်ပစွာ ပေါ်ထွက်လာသည်။

သူမ၏ အဆင့်အတန်းနှင့်အညီ သူမတွင် ဓားအရံ များစွာ ရှိနေပြီး

တစ်လက်ချင်းစီသည် မြေကမ္ဘာအဆင့်ကိုတောင် ကျော်လွန်သည့် အရည်အသွေးဖြစ်သည်။

ထို့ကြောင့် သူမ၏ လက်နက်ကို ဖယ်ရှားကာ အင်အား လျော့ချမည့် မည်သည့် နည်းဗျူဟာမဆို မဖြစ်နိုင်သော အရာဖြစ်နေသည်။

နီဖန်းကျိုး၏ မျက်နှာအရောင်သည် မှောင်မိုက်သွားပြီး လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်မောင်းကြောများ ထင်းထင်း ထွက်ပေါ်လာသည်။

(ဒါဆို… ဒီနည်းတောင် သူမအပေါ် မသက်ရောက်ဘူးလား)

သူမသည် အတော်လေး ပြင်ဆင်ပြီးသားဖြစ်သည်။ ပြည့်စုံလွန်းနေသည်။ သူမတွင် နောက်ထပ် တစ်ဒါဇင်လောက် ရှိနေသေးသဖြင့် ဓားတစ်လက်ကို ဖယ်ရှားနိုင်ခြင်းသည် အဓိပ္ပါယ်မရှိပေ။

သူ၏ လက်ဖဝါးသည် သွေးများ ဆက်တိုက် စီးကျလာပြီး ပေါက်ကွဲနေသော စင်မြေ ပြင်ပေါ်သို့ ကျသွားသည်။

သူ၏ ရင်ဘတ်သည် စစ်ဒရမ်တီးသကဲ့သို့ မြင့်နိမ့် လှုပ်ရှားနေသော်လည်း သူ၏ မျက်လုံးများသည် မက်မောရူးသွပ်မှုနှင့် လက်မလွှတ်လိုသည့် ဆန္ဒဖြင့် တောက်ပနေသည်။

(ဒီနေရာမှာ ရပ်လိုက်ရင် ငါ ရှုံးပြီ။ ဒါဆို အရာအားလုံးကို ဒီတစ်ကြိမ်မှာပဲ လောင်းကြေးတင်လိုက်ရအောင်)

ပိုင်ရွှယ်ချင်းကို ရင်ဆိုင်နေရချိန်တွင် ကောင်းကင်ငှါးရမ်း ဖြတ်ကျော်ခြင်းကို မသုံးပါက ကိုယ်တိုင်သည် အားနည်းနေကြောင်း သူ သိပြီးသားဖြစ်သည်။

ထို့ကြောင့် အရှုံးသတ်မှတ်ထားသည့် တိုက်ပွဲထဲ၌ ချီအင်အားကို အလဟသ မဖြုန်းတော့ဘဲ အစောပိုင်းမှာပင် ကောင်းကင်ငှါးရမ်း ဖြတ်ကျော်ခြင်းကို အသုံးပြုပြီး အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အသက် တစ်ချက် ရှူသွင်းလိုက်သည်။

ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားသလို ခံစားရပြီး သူ၏ ချီအင်အားသည် ရက်စက်စွာ ပေါက်ကွဲလာသည်။

အနက်-အနီရောင် အင်အားသည် ဓားကို ပတ်ကာ အတွင်းသို့ ကွေးကောက်ကျုံ့ဝင်သွားပြီးနောက် ထပ်မံ ပေါက်ကွဲထွက်လာကာ အသက်ရှူတောင် ခက်စေသည့် ဖိအားကြီးကို ဖန်တီးလိုက်သည်။

လေထုသည် တုန်ခါနေပြီး မိုးကောင်းကင်တောင် ထိုအရာကို ကြောက်ရွံ့သလို ဖြစ်နေသည်။

“ကောင်းကင်ငှါးရမ်း ဖြတ်ကျော်ခြင်း”

အသံသည် မိုးကြိုးလိုပင် စစ်ကွင်းအနှံ့ ပဲ့တင်ထပ်သွားသည်။

ပရိသတ်အားလုံး အသက်ရှူသံကို ထိန်းထားကြသည်။

“အဲဒီနည်းစနစ် ထပ်သုံးပြန်ပြီ…”

“ချူကျီယန်ကို ဖျက်ဆီးခဲ့တဲ့ နည်းနဲ့တူတူပဲ”

“ပိုင်ရွှယ်ချင်း ခံနိုင်ပါ့မလား”

စင်ပေါ်တွင် ပိုင်ရွှယ်ချင်း၏ မျက်နှာသည် တည်ငြိမ်နေသော်လည်း ဓားလက်ကိုင်ကို ဆုပ်ထားသည့် လက်မောင်းများသည် ဖြူဖျော့သွားသည်။

ငွေရောင် မျက်လုံးများကို ကျဉ်းမြောင်းစွာ ဖွင့်ကာ ချီအင်အားကို အတွင်းသို့ စုဆောင်းရင်း အသက်ရှူသံကို တည်ငြိမ်စေလိုက်သည်။

ချူကျီယန်ကို တိုက်စဉ်က ထိုနည်းကို အသုံးပြုခဲ့သည်ကို သူမ မြင်ပြီးသားဖြစ်သည်။

သူမ ပြင်ဆင်ထားပြီးသားဖြစ်ကာ စောင့်နေသည်။ သို့သော်… ခံနိုင်မည်လား မခံနိုင်ဘူးလားဆိုတာကတော့ အခြား ကိစ္စတစ်ခုသာ ဖြစ်သည်။

All Chapters