မသေမျိုးဧက္ကရာဇ်ဖေးလိန်နှင့် အဆင့်မြင့် အင်မော်တယ်တူ
Vol. 19 Ch. 279
နီဖန်းကျိုး သို့မဟုတ် တူချန်ရှန့်သည် ဝေဝါးသွားသော ရိပ်ခနဲလှုပ်ရှားမှုနဲ့အတူ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။
ကြက်သွေးရောင်ဓားသည် စက္ကူချပ်ကို ဖြတ်လိုက်သလိုမျိုး လေထုကို ခွင်းပြီး အသံအကျယ်ကြီး မြည်ဟည်းသွားချေ၏
ပိုင်ရွှယ်ချင်း၏ သောင်းကျန်းနေသာ ရေခဲချီသည် အခုထိ လုံးဝငြိမ်သက်မသွားကြောင်း သူ သိနေ၏
ထိုချီ ငြိမ်ကျသွားလျှင်ပင် လုံးဝဥဿုံ ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း သူ တွေးမိပေသည်။
သူမ၏ အဆင့်မှာရှိသော မည်သည့်ကျင့်ကြံသူမှ ထိုရုန်းရင်းဆန်ခတ်ဖြစ်နေသော အားအင်များကို နောက်ဆက်တွဲဒဏ်ရာ မရဘဲ မနှိမ်နင်းနိုင်ပေ ။သူမ သွားချေပြီ ။
ဒါကို ခေတ္တထားဦး၊ သူမသည် သူ့ စွမ်းအားကို ယှဉ်နိုင်ပါ့မည်လား
သူ့တွင် အဆင်မြင့် မသေမျိုးခွန်အားကို အသုံးမပြုနိုင်သေးသည့်တိုင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် မိန်းကလေးကို သတ်နိုင်သည့် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းအဆင့် စွမ်းအားကိုတော့ ထုတ်ဖော်ပြသနိုင်ပါသေးသည်။
ဓားချက်သည် ကျဆင်းလာပေသည်။
သို့တိုင်
ရွှမ်
ပိုင်ရွှယ်ချင်းခန္ဓာကိုယ်သည် မဖြစ်နိုင်လောက်သော နွဲ့နှောင်းမှုနဲ့အတူ ဘေးတိုက် စီးဆင်းသွားပြီး ကမ္ဘာကြီးကိုယ်တိုင်က ကွေးညွတ်ပေးလိုက်သလိုမျိုး သူမသည် ဓားသွား၏ လမ်းကြောင်းကနေ လွတ်
ထွက်သွားသည်။
ဓားသွားသည် ဆံပင်တစ်ပင်စာအကွာလောက် လွဲချော်သွားပြီး ထိုတစ်ခဏမှာပဲ သူမ ငွေပြာရောင်မျက်လုံးများက သူ့ကို စိုက်ကြည့်
လိုက်သည်။
အေးစက်ပြီး ပြတ်သားလွန်းလှ၏
"မဖြစ်နိုင်တာ”
တူချန်ရှန့်သည် အသံထွက်ပြီး ပြောလိုက်မိသည်။
သူ့၏ မြန်သော တိုက်ကွက်ကို လွယ်လွယ်ကူကူနဲ့ အပြစ်အနာအဆာမရှိ ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ
အရှိန်လိုအပ်သည်ကို မဆိုထားနှင့်
(သူမက အရင်ကထက် ဘယ်လိုလုပ် ပိုမြန်နေရတာလဲ?)
နီဖန်းကျိုးလိုပဲ ပိုင်ရွှယ်ချင်းသည်လည်း သူမ၏ အားအင်အားလုံး ကုန်ခမ်းနေသင့်ချေပြီ ။သို့တိုင် သူမသည် အရင်ကထက် ပိုမြန်
နေ၏
သူမတုံ့ပြန်မီ သူမ ဓားသည် လက်ခနဲ ဖြစ်သွား၏
ငွေပြာရောင် အလင်းတန်းတစ်ခု အပေါ်ကို မြှင့်တက်လာပြီး သူ့ဓားကို မြှောက်ပြီး ကာလိုက်သည် ။ ချလွမ်
ထိခိုက်မှုကြောင့် သူ့လက်တစ်ဖက်လုံး ထုံကျဉ်သွားပြီး ကြက်သွေးရောင် မီးတောက်များ လွင့်စင်သွားသည်။
သူမ၏ တိုက်ကွက်နောက်က ရေခဲစွမ်းအားသည် ရုန်းရင်းဆန်ခတ် အခြေအနေ မဟုတ်တော့ဘဲ ပိုမိုသန့်စင်ပြီး ထက်မြက်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိနေ၏
“ ဘာ_ ဘာဖြစ်တာ”
ပွဲကြည့်စင်ကနေ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။
“သူမ လှုပ်ရှားမှုက အတော်မြန်တယ်”
“မဟုတ်ဘူး ထက်မြက်လွန်းနေတယ်။ သူမဓားရည်ရွယ်ချက်လား”
"နီဖန်းကျိုး ဖိနှိပ်ခံနေရပြီ”
တူချန်ရှန့်သည် အံကြိတ်ပြီး သူ့၏ ခွန်အားများကို နီဖန်းကျိုး ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းထည့်လိုက်သည်။ ချွမ် ရှလွမ်
တိုက်ခိုက်မှုတိုင်းသည် ပြိုင်ဘက်ကင်းနေ၏
သူ့ဓား ဝှေ့ယမ်းချက်တိုင်းသည် သူမကို အဆုံးသတ်သွားစေသင့်ပေမဲ့ တိုက်ကွက်တိုင်းသည် တိကျလွန်းသော ကွာဟချက်လေးနဲ့တင် လွဲချော်နေခဲ့သည်။
သူမ ဓားသည် စီးဆင်းနေသော ရေလို ကနေသည့်တိုင် အေးစက်ပြီး သေစေနိုင်လောက်အောင် ပြင်းထန်နေ၏
သူ့၏ ကြက်သွေးရောင် မီးတောက်များသည် ထပ်ခါတလဲလဲ ငြိမ်းသတ်ခံနေရပြီး မပြန့်နှံ့ခင်မှာပဲ ချေမှုန်းခံလိုက်ရသည်။
နီဖန်းကျိုး အသံသည် သူ့ အသိစိတ်အာရုံထဲ၌ တုန်ရင်နေသည်။
"ဆ... ဆရာ... ဘယ်လိုလုပ်ပြီးလဲ? သူမက ဘယ်လိုလုပ် ဒီလိုမျိုး ဆက်တိုက်နိုင်နေရတာလဲ”
တူချန်ရှန့်သည် ပိုင်ရွှယ်ချင်း၏ အရှိန်အဟုန်ကို လိုက်မီဖို့ ရုန်းကန်နေရသည်ကို ကြည့်ပြီး သူ့မျက်လုံးများသည် မယုံကြည်
နိုင်မှုဖြင့် ပြူးကျယ်သွားသည်။
တိုက်ခိုက်မှုတိုင်းသည် သူ့အရိုးများကို တုန်ခါသွားစေပြီး ခုခံလိုက်သော တိုက်ကွက်တိုင်းသည် သူ့လက်မောင်းတစ်လျှောက် တုန်ခါမှုကို ပေးပို့နေသည်။
၎င်းသည် သူမ အရှိန်တစ်ခုတည်းကြောင့် မဟုတ်ပေ။ သူမ၏ တိကျမှု၊ ကျော့ရှင်းမှုနှင့်စွမ်းအားကို အပြစ်အနာအဆာမရှိ ထိန်းချုပ်နိုင်မှုကြောင့်သာ
အသိစိတ်နယ်ပယ်ထဲ၌ တူချန်ရှန့်၏ မျက်နှာအမူအရာသည် တင်းမာခက်ထန်နေ၏ ပထမဆုံးအကြိမ်အဖြစ် သူ ချက်ချင်းပေးစရာ အဖြေမရှိ ဖြစ်နေသည်။
ပိုင်ရွှယ်ချင်း၌လည်း သူ့လိုပင် ဝိညာဉ်တစ်ခု ခိုအောင်းနေနိုင်သည့် ဖြစ်နိုင်ခြေကို သူ ထည့်မစဉ်းစားခဲ့ပေ။
တကယ်တော့ သေဆုံးပြီးနောက် ဝိညာဉ်တစ်ခု ရှင်သန်ကျန်ရစ်ဖို့သည် ဝိညာဉ်စွမ်းအား အတော်လေးမြင့်မားနေရန် လိုအပ်ပြီး ရှားပါးသည့် အခြေအနေပင်။
ထို့အပြင် သူနဲ့မတူတာက ဖေးလိန်သည် ပိုင်ရွှယ်ချင်းချီ သို့မဟုတ် ကျင့်ကြံခြင်းအဆင့်ကို တိုးမြင့်မပေးခဲ့ပေ
သူမသည် ပိုင်ရွှယ်ချင်းကို ရေခဲချီအား ထိန်းချုပ်နိုင်ရန်နှင့် သူမ ဓားရည်ရွယ်ချက်နှင့်အတူ ပေါင်းစပ်အသုံးချနိုင်အောင် ကူညီပေးရုံသာဖြစ်ပြီး လှုပ်ရှားမှုတိုင်းကို အားကောင်းပြီး ပြီးပြည့်စုံစေသည်။
ပိုင်ရွှယ်ချင်းဓားသည် အောက်သို့ ဝိုက်ချလိုက်သည့်အခါ ဓားဖျားမှ နှင်းခဲများ ပြန့်နှံ့သွားသည်။
ဓားရည်ရွယ်ချက် ကြိုးမျှင်တိုင်း၌ အအေးဓာတ်များသည် ပါဝင်နေပြီး ချည်မျှင်တိုင်းသည် တူချန်ရှန့်၏ ကြက်သွေးရောင်
မီးတောက်များအား သူမ နယ်မြေထဲ၌ တည်ရှိခွင့်မပေးသလိုမျိုး ဖြတ်တောက်သွားသည်။
ပရိသတ်များသည် တစ်ဝက်က အံ့သြပြီး ကျန်တစ်ဝက်ကတော့ မယုံကြည်နိုင် ဖြစ်နေ၏
"သူမက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိသေးတာလေ”
"ဒါဆို ဘာလို့ နီဖန်းကျိုး က—မဟုတ်ဘူး၊ အဲဒီထက်တောင် ပိုသန်မာတဲ့သူက—ဘာလို့ နောက်ဆုတ်ပေးနေရတာလဲ?"
"ဒါ မဖြစ်နိုင်ဘူး... ဒါက ကျင့်ကြံခြင်းဆိုင်ရာ ယုတ္တိဗေဒကို ဆန့်ကျင်နေတာပဲ”
ထိုတိုက်ပွဲသည် လူများစွာအတွက် မျက်စိပွင့်စေခဲ့ပြီး ကျင့်ကြံခြင်းအဆင့်တစ်ခုတည်းကသာ အနိုင်အရှုံးကို ဆုံးဖြတ်တာမဟုတ်ကြောင်း လူတိုင်းကို သက်သေပြနေသည်။
အတွင်းပိုင်းမှာတော့ တူချန်ရှန့်သည် နီဖန်းကျိုး ခန္ဓာကိုယ်တစ်လျှောက် အက်ကြောင်းများ ပြန့်နှံ့လာသည်ကို ခံစားနေရသည်။
သူ ငှါးရမ်းသုံးစွဲနေသော စွမ်းအားများသည် အရင်တိုက်ပွဲများကြောင့် ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရနေသော သွေးကြောထဲ၌ စီးဆင်းနေသည်။
ကောင်လေး ဒဏ်ရာများသည် အော်ဟစ်ဆန့်ကျင်နေပြီး သူ့ စွမ်းအားများဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်နေသည်။
မသေမျိုးခွန်အား တိုးထွက်လာတိုင်း သွေးဖြင့် ရင်းပြီး ပေးဆပ်နေရသည်။
"တောက်”
တူချန်ရှန့်အံကြိတ်လိုက်မိသည်။ သူသည် အမြင့်မြတ်ဆုံး အင်မော်တယ်တစ်ဦး ဖြစ်သည်။
ရာစုနှစ်တစ်ခုတောင် မပြည့်သေးသည့် လူငယ်ဘဝထဲသို့ ဝင်ကာစရှိသေးသည့် မိန်းကလေးတစ်ယောက်ကြောင့် ဆုတ်ခွါပေးရခြင်းသည် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်အောင် အရှက်ရစရာပင်။
သူက ဒါမျိုးကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း?
မည်မျှပင် ပေးဆပ်ရပါစေ၊ ဤနေရာတွင် သူ အရှုံးမခံနိုင်ပေ။
သူ၏မျက်လုံးများသည် မှောင်အတိကျသွားပြီး ယခင်ကထက် ပိုမိုနက်ရှိုင်းသော စွမ်းအားများကို စတင်ဆွဲထုတ်လိုက်စဉ် ကြက်သွေးရောင်မီးတောက်များသည် သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် ဝေ့ဝဲလာကြသည်။
သူ ဆင့်ခေါ်လိုက်သော စွမ်းအင်များ၏ ဖိအားကြောင့် စင်မြင့်ကြီးသည်လည်း တုန်ခါကာ အက်ကြောင်းများ အပြင်ဘက်သို့ ပြန့်ကားသွားသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ဂျူနီယာကို ရှုံးနိမ့်ရမည်လား? လူအများကြီး ရှေ့မှာလား?
မဖြစ်နိုင်တာ
အဆင့်မြင့်အင်မော်တယ်တစ်ဦးအနေဖြင့် သူ၏မာန်မာနသည် ထိုအရာကို ခွင့်မပြုနိုင်ပေ။
"မိန်းကလေး... မင်း ငါ့ကို အစွမ်းကုန်ထုတ်သုံးအောင် လုပ်လိုက်တာပဲ" တူချန်ရှန့်သည် တိုးတိုးရေရွတ်ရင်း သူ၏ဓားကို အပေါ်သို့ မြှောက်လိုက်ရာ ကြက်သွေးရောင်အလင်းတန်းများ မိုးပေါ်သို့ ဟိန်းဟောက်တက်သွားသည်။
လေထုသည် ထူလာပြီး အတားအဆီးများသည် မြည်ဟည်းလာကာ ပွဲကြည့်စင်ပေါ်ရှိ ကျင့်ကြံသူများသည်လည်း ပိုမိုပြင်းထန်လာသော မုန်တိုင်း၏ဖိအားကြောင့် နောက်သို့ ယိုင်လဲကုန်ကြသည်။
ပိုင်ရွှယ်ချင်း တစ်ယောက်တည်းတင်မကဘဲ တစ်စင်မြင့်လုံးကိုပါ ရိုက်ခွဲဖျက်ဆီးပစ်နိုင်သော တိုက်ကွက်မျိုး ဖြစ်သည်။
တူချန်ရှန့်သည် ဟိန်းဟောက်လိုက်ရာ သူ၏အသံသည် နီဖန်းကျိုး ၏ ခန္ဓာကိုယ်မှတစ်ဆင့် စင်မြင့်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
"အကြွင်းမဲ့ ဖြတ်တောက်ခြင်း”
ထိန်းချုပ်မှုနှင့် စွမ်းအားများသည် ယခင်နှင့်မတူတော့ပေ။ ကာကွယ်ရေးအတားအဆီးပင်လျှင် ခံနိုင်ရည်ရှိပါ့မလားဟု ထင်မှတ်ရသည်။
အခင်းအကျင်း ကျွမ်းကျင်သူများသည် ဖြစ်ပေါ်လာတော့မည့် ထိခိုက်မှုဒဏ်ကို ပြင်ဆင်သည့်အနေဖြင့် အတားအဆီးကို အသည်းအသန် အားဖြည့်နေကြသည်။
သို့သော် စင်မြင့်ပေါ်တွင်မူ
ပိုင်ရွှယ်ချင်း၏ ပုံရိပ်သည် ငြိမ်သက်စွာ ရပ်နေပြီး ငွေပြာရောင် နှင်းခဲများသည် တည်ငြိမ်သော မုန်တိုင်းတစ်ခုကဲ့သို့ သူမပတ်လည်တွင် ဝေ့ဝဲနေသည်။
သူမသည် ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။
နှင်းခဲများသည် ရုန်းရင်းဆန်ခတ် မဟုတ်ဘဲ သူမ၏ ဓားရည်ရွယ်ချက်နှင့်အတူ ဟန်ချက်ညီစွာ စုစည်းလာကြသည်။
သူမ မြှောက်လိုက်သော ဓားသွားသည် နတ်ဘုံနတ်နန်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါများဖြင့် တောက်ပနေပြီး ရေခဲစွမ်းအားသက်သက် မဟုတ်သလို ဓားစွမ်းအားသက်သက်လည်း မဟုတ်ဘဲ ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသော နည်းဗျူဟာတစ်ခုပင် ဖြစ်သည်။
"ရေခဲနှောင်ဖွဲ့ ဖြတ်တောက်ခြင်းဓား”
အားအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံကြသည်။
ပရိသတ်များသည် စင်မြင့်ကြီး ပျက်စီးသွားတော့မည့် ပေါက်ကွဲမှုကို မျှော်လင့်ကာ မျက်စိကို မှိတ်ပြီး ပြင်ဆင်ထားကြသည်။
သို့သော်—
မြေကမ္ဘာကို တုန်ဟည်းသွားစေမည့် ပေါက်ကွဲသံကြီး ထွက်မလာခဲ့ပေ။ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေမည့် ရိုက်ခတ်မှုမျိုးလည်း မရှိခဲ့ပေ။
ဖေးလိန်၏ ရေခဲနှောင်ဖွဲ့ ဖြတ်တောက်ခြင်းဓားသည် တူချန်ရှန့်၏ အဆုံးမဲ့ ဖြတ်တောက်ခြင်းနှင့် ထိတွေ့လိုက်သည့် တစ်ခဏချင်းမှာပင် ကြက်သွေးရောင် စွမ်းအင်များသည် အေးခဲသွားသည်။
အရှိန်လျော့သွားခြင်း သို့မဟုတ် ခုခံနေခြင်းမျိုး မဟုတ်ဘဲ လမ်းခုလတ်မှာတင် လုံးဝရပ်တန့်သွားကာ မီးတောက်တိုင်းနှင့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတိုင်းသည် ကြည်လင်သော ရေခဲပြင်ကြီးအတွင်း ပိတ်မိသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အေးခဲသွားသောစွမ်းအင်သည် တောက်ပနေသော ကြက်သွေးရောင် ရေခဲအစအနများအဖြစ် ကွဲကြေသွားပြီး ဖြူလွလွ နှင်းခဲများကြားတွင် ငြိမ်းလုဆဲဆဲ မီးခဲများကဲ့သို့ လွင့်စင်သွားသည်။
ထို့ပြင် ပိုင်ရွှယ်ချင်း၏ ဓားသည် ရပ်တန့်မသွားခဲ့ပေ။
ရေခဲနှောင်ဖွဲ့ ဖြတ်တောက်ခြင်းဓားသည် တားဆီး၍မရသော အအေးဓာတ်များနှင့်အတူ ရှေ့သို့ ဆက်လက်စီးဆင်းသွားသည်။
နီဖန်းကျိုး၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ အတွင်းပိုင်းတွင်လည်း တူချန်ရှန့်၏ အသိစိတ်သည် အံ့ဩတုန်လှုပ်သွားရသည်။ "မဖြစ်နိုင်တာ! ငါ... ငါ မလုပ်နိုင်”
သို့သော် နောက်ကျသွားခဲ့ချေပြီ။
သူ၏ မသေမျိုးမာန်မာနသည် အဓိပ္ပာယ်မရှိတော့ပေ။ ခန္ဓာကိုယ်တစ်ခုမှတစ်ဆင့် ငှားရမ်းသုံးစွဲထားသော သူ၏စွမ်းအားသည် အက်ကွဲပြီး သွေးထွက်နေသည်။
နီဖန်းကျိုးသည် ခုခံနိုင်စွမ်းမရှိဘဲ လုံးဝ အကာအကွယ်မဲ့သွားသည်။ ငွေပြာရောင် ဓားအလင်းတန်းသည် အရောင်အဝါနှင့် ပြီးပြည့်စုံသော ဓားတစ်လက်၏ တိကျမှုတို့ဖြင့် သူ၏ရင်ဘတ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ပရိသတ်များ၏ ဟစ်အော်သံသည် မယုံကြည်နိုင်မှုနှင့် အံ့ဩချီးကျူးမှုများဖြင့် ဆူညံသွားသည်။
"နီဖန်းကျိုး ကတော့”
တူချန်ရှန့်သည် လှုပ်လည်းမလှုပ်နိုင်၊ ခန္ဓာကိုယ်ကိုလည်း မကာကွယ်နိုင်တော့ဘဲ သူ၏ ကြီးကျယ်လှသော အဆုံးမဲ ဖြတ်
တောက်ခြင်းသည် ရေခဲမှုန့်ဘဝ ရောက်သွားသည်ကို မျက်လုံးအပြူးသား ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
သူ ခုခံရန် ကြိုးစားသော်လည်း နီဖန်းကျိုး၏ ခန္ဓာကိုယ်သည် ဒဏ်ရာများစွာဖြင့် ဗလပွဖြစ်နေပြီး သူ၏ဆန္ဒ မည်မျှပင် ပြင်းပြစေကာမူ ခန္ဓာကိုယ်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ပေ။
သူ အရှုံးပေးလိုက်ရချေပြီ။