မြစိမ်းရောင်နေမင်းဂိုဏ်းအကြီးမကဲ၏ တောင်းဆိုချက်
Vol. 19 Ch. 281
ပွဲကြည့်စင်တစ်ခုလုံး အောင်ပွဲခံအော်ဟစ်သံများ မငြိမ်သက်သေးမီမှာပင် ကြီးကြပ်သူ ယန်မင်လန်သည် ငြိမ်သက်ရန် လက်မြှောက်လိုက်သည်။
"ဒီနေ့က နဂါးနှင့်ဖီးနစ် ပြိုင်ပွဲကြီးရဲ့ ပြီးဆုံးခြင်း အထိမ်းအမှတ်နေ့ပဲ ဖြစ်ပါတယ်။"
သူ၏အသံသည် ကျယ်လောင်ဟိန်းထွက်နေပြီး ကွင်းပြင်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ဒီစင်မြင့်က အင်ပါယာရဲ့ အတောက်ပဆုံး ပါရမီရှင်တွေ စုဝေးပြီး သူတို့ကိုယ်သူတို့ သက်သေပြတဲ့နေရာပဲ။ ဒီနှစ်တိုက်ပွဲတွေက အရင်ကထက် ပိုပြီးပြင်းထန်ခဲ့ပေမဲ့ ကောင်းကင်ဓားဂိုဏ်း ကတော့ ထိပ်ဆုံးမှာ တစ်ဖန်ပြန်ပြီး ရပ်တည်နိုင်ခဲ့ပြန်ပြီ။ ဒါဟာ အင်ပါယာရဲ့ ဂုဏ်ယူစရာပါပဲ။"
ပွဲကြည့်စင်များထံမှ ယဉ်ကျေးပျူငှာသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် တော်ဝင်စင်မြင့်ဘက်သို့ အသာအယာ ဦးညွှတ်လိုက်သည်။
"အခုဆိုရင် ဒီနှစ်ပြိုင်ပွဲကြီးကို တရားဝင်ပိတ်သိမ်းပေးဖို့နဲ့ အမှာစကား ပြောကြားပေးဖို့ ပထမမင်းသား ယုကျီတီကိုဖိတ်ကြားအပ်ပါတယ်။"
ရွှေရောင်ဝတ်စုံကို ဆင်မြန်းထားသည့် ပထမမင်းသား ယုကျီတီ ထရပ်လိုက်ချိန်တွင် ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဒီနေ့က ငါတို့ဟာ တိုက်ပွဲတွေကိုတင်မကဘဲ ငါတို့အင်ပါယာ လူငယ်တွေရဲ့ မလျှော့တဲ့ ဇွဲလုံ့လတွေကိုပါ တွေ့မြင်ခဲ့ရတယ်။ ဒါဟာ ကောင်းကင်အင်ပါယာ ရဲ့ အနာဂတ်ကို ထောက်ပံ့ပေးမဲ့ အင်အားပဲ။ ငါ အလွန်ဂုဏ်ယူမိတယ်”
လူအုပ်ကြီးသည် ရိုသေစွာ နားထောင်နေကြပြီး လူအများ၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှုများဖြင့် တောက်ပနေသည်။
သို့သော်လည်း ပိုင်မျိုးနွယ်စု၏ ထိုင်ခုံနေရာတွင်မူ ပိုင်ကျီဟန်က ထရပ်လိုက်သည်။
"သွားရအောင်။"
အကြီးအကဲများသည် ချက်ချင်းသတိထားမိသွားပြီး သူတို့မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။
တော်ဝင်မင်းသား အမှာစကားပြောနေစဉ် ထွက်ခွါသွားခြင်းသည် အလွန်အမင်း မလေးစားရာရောက်မှန်း သူတို့ ကောင်းကောင်းသိသည်။
သို့သော်လည်း ဒါက ပိုင်ကျီဟန် ဖြစ်နေသည်။
မင်းသား မိန့်ခွန်းပြောနေချိန် ထွက်သွားခြင်းသည် သူလုပ်ခဲ့သမျှ မလေးစားမှုများထဲတွင် အသေးအဖွဲဆုံးပင် ဖြစ်ပေလိမ့်မည်။
သူလုပ်ခဲ့သည့် မလေးစားသော လုပ်ရပ်ပေါင်းများစွာ ရှိသေးသည် မဟုတ်ပါလော
အကြီးအကဲများသည် အချင်းချင်း ကြည့်လိုက်ကြသော်လည်း မလှုပ်ရှားရဲကြပေ။
ပိုင်ကျီဟန် တစ်ယောက်တည်း ထွက်သွားလျှင် ကိစ္စမရှိသော်လည်း သူတို့သာ လိုက်သွားပါက ပထမမင်းသားသည် ၎င်းကို တော်ဝင်မိသားစု၏ မျက်နှာကို မထောက်ထားခြင်းဟု အသေအချာ သတ်မှတ်ပေလိမ့်မည်။
ပိုင်ကျီဟန်အတွက်မူ သူတို့သည် အကြောင်းပြချက် တစ်ခုခုပေးနိုင်သလို တော်ဝင်မိသားစုကို စိတ်ကျေနပ်အောင် လိမ်ညာပြောဆို၍ ရသေးသည်။
သို့သော်လည်း လူနှစ်ယောက်ကတော့ ထရပ်ပြီး သူ့နောက်သို့ လိုက်ပါသွားကြသည်။
ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်အပေါ် အမြဲသစ္စာရှိပြီး မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ သူ၏သခင်လေးနောက်သို့ တစ်ချက်ပင် လှည့်မကြည့်ဘဲ လိုက်သွားသည်။
သူတို့နောက်မှ ခြေလှမ်းကျဲကျဲဖြင့် တုံ့ဆိုင်းတုံ့ဆိုင်း လိုက်ပါလာသူမှာ ကျင်းယွဲ့လင်း ဖြစ်သည်။
သူမသည် ပိုင်ကျီဟန်၏ ပစ်ပယ်ခြင်းကို မခံနိုင်သဖြင့် သူထရပ်လိုက်သည်နှင့် သူ၏လက်ကို ဆွဲကိုင်ထားခဲ့သည်။
ကွင်းပြင်ကြီးအတွင်း၌ ပထမမင်းသား၏ မြင့်မြတ်သော ကတိစကားများနှင့် လှပသော စကားလုံးများ ပဲ့တင်ထပ်နေစဉ် ပိုင်ကျီဟန်၏ ကျောပြင်သည် စင်္ကြံလမ်းများထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူ၏ခြေလှမ်းများသည် တည်ငြိမ်နေပြီး သူထားခဲ့သည့် မြင်ကွင်းအပေါ် လုံးဝ ဂရုမစိုက်ပေ။
"အကြီးအကဲ၊ ပိုင်ကျီဟန် ထွက်သွားပြီ။"
မြစိမ်းရောင်နေမင်းဂိုဏ်းမှ တပည့်တစ်ဦးသည် အကြီးအကဲအား ချက်ချင်း သတင်းပို့လိုက်သည်။
"ကောင်းတယ်။"
ပိုင်ကျီဟန်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ အခွင့်အရေးရမည် မဟုတ်ကြောင်း သူထင်ထားခဲ့သော်လည်း သည်းခံစောင့်ဆိုင်းရကျိုး နပ်သွားပုံရသည်။
"မင်းတို့အားလုံး ဒီမှာပဲနေ။ အဲဒီကောင်စုတ်ကို ငါကိုယ်တိုင် သွားရှင်းမယ်။"
သူက အမိန့်ပေးလိုက်သည်။ ပိုင်မျိုးနွယ်စု အကြီးအကဲများကဲ့သို့ပင် သူသည်လည်း တော်ဝင်မိသားစုအပေါ် မလေးစားသည့်ပုံစံ မဖြစ်စေချင်ပေ။
သို့သော် သူတစ်ယောက်တည်း ထွက်ခွာခြင်းကတော့ ကြီးကြီးမားမား ပြဿနာမရှိနိုင်ဘဲ ဤကဲ့သို့ အခွင့်အရေးမျိုးကိုလည်း လက်လွတ်မခံနိုင်ပေ။
ကွင်းပြင်ကြီးနှင့် ဝေးလာလေလေ ပထမမင်းသား၏ အသံသည် တိုးသထက် တိုးလာလေဖြစ်ပြီး စင်္ကြံလမ်းရှိ ခြေသံများကြားတွင် နစ်မြုပ်သွားတော့သည်။
အပြင်ဘက်တွင်မူ အင်ပါယာ၏ ချန်ပီယံများကို ဂုဏ်ပြုနေကြသည့် လူအုပ်ကြီး၏ ဟိန်းဟောက်သံများကို ခပ်သဲ့သဲ့ ကြားနေရသေးသည်။ သို့သော် ဤနေရာတွင်မူ ထိုကမ္ဘာနှင့် လုံးဝအဆက်အသွယ် ပြတ်တောက်သွားသလို ခံစားရသည်။
ကျင်းယွဲ့လင်းသည် နောက်ဆုံးတွင် သူ့ကို မော့ကြည့်ရဲလာသည်။ သူ၏အရပ်သည် မြင့်မားပြီး တည်ငြိမ်နေကာ ခြေလှမ်းတိုင်း၌ စဉ်းစားဆင်ခြင်ပြီးသား ဖြစ်ပုံရသည်။
သူမအတွက်မူ သူသည် မင်းသား၏ မိန့်ခွန်းပြောရာမှ ထွက်လာခြင်းမဟုတ်ဘဲ တစ်ဦးတည်းသာ မြင်နိုင်သော လမ်းတစ်ခုဆီသို့ လျှောက်လှမ်းနေသကဲ့သို့ ခံစားရသည်။
"ရှင် ရှင့်အစ်မကို ဂုဏ်မပြုခဲ့ဘူးလား။"
သူမသည် ဇဝေဇဝါ မေးလိုက်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် ခပ်ယောင်ယောင် ပြုံးရိပ်တစ်ခု ပေါ်လာသည်။
"သူက ငါ့စကားတွေကို မလိုပါဘူး။ သူ့ရဲ့ အောင်ပွဲက သူ့ဘာသာသူ အောင်မြင်ခဲ့တာပဲ။"
(သူနဲ့သာ သွားတွေ့ရင် ငါ့ကို ဘယ်လိုအမိန့်မျိုး ပေးဦးမလဲ မသိဘူး။)
သူမသည် သူ့ကို အစေခံတစ်ယောက်လို ခိုင်းစေမည်ဟု ပြောခဲ့သည်ကို သူမှတ်မိနေပြီး သူမစကားကို သူ လုံးဝ မသံသယမရှိပေ။
အခွင့်အရေးရတုန်း လက်ရှောင်တာ အကောင်းဆုံးပင်
သူတို့သုံးယောက်သည် စင်္ကြံလမ်းများထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာကြပြီး ချိတ်ဆွဲထားသည့် ဝိညာဉ်မီးအိမ်များမှ အလင်းရောင်သည် ကြမ်းပြင်ပေါ်တွင် ရှည်လျားသော အရိပ်များကို ဖန်တီးထားသည်။
ပွဲကြည့်စင်မှ အောင်ပွဲခံသံများသည် သူတို့နောက်ကွယ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သို့သော် ရုတ်တရက်
ဖတ် ဖတ်
ရှေ့ရှိ စင်္ကြံလမ်းမှ ခြေသံအသစ်တစ်ခု ပဲ့တင်ထပ်လာသည်။ လေးလံကာ တည်ငြိမ်နေပြီး ကျင့်ကြံသူတစ်ဦး၏ ဖိအားပေးလိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
ခုန်ကျန်းဟုန်သည် ချက်ချင်းပင် ဘေးသို့ တိုးလိုက်ပြီး ဓားကို ကိုင်ကာ မျက်မှောင်ကြုတ်
လိုက်သည်။
"သခင်လေး... တစ်ယောက်ယောက် လာနေတယ်။"
မှိန်ပျပျ စင်္ကြံလမ်းထဲမှ ပြာလဲ့သော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ ဝတ်စုံ၏ အင်္ကျီလက်များတွင် နေမင်းပုံစံများကို ထိုးထားသည်။
သူ၏ဆံပင်များသည် နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော်လည်း သူ၏မျက်လုံးများမှာမူ ပြင်းထန်သော ရန်လိုမှုများဖြင့် တောက်
လောင်နေသည်။
မြစိမ်းရောင်နေမင်းဂိုဏ်းမှ အကြီးအကဲ!
ကျင်းယွဲ့လင်းသည် ပိုင်ကျီဟန်၏ လက်ကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ သူမသည် ထိုအကြီးအကဲနှင့် ယခင်က တွေ့ဖူးပုံရပြီး သူ့အပေါ် ကောင်းမွန်သော အမြင်မရှိသည်မှာ ထင်ရှားသည်။
အကြီးအကဲ၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"သခင်လေးပိုင်၊ ခဏလောက် စောင့်ပါဦး။"
ပိုင်ကျီဟန် ရပ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ။"
ပိုင်ကျီဟန်က မေးလိုက်သည်။
သူ၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် သူသည် မြစိမ်းရောင်နေမင်းဂိုဏ်းမှ အကြီးအကဲဖြစ်ကြောင်း သိနေသော်လည်း မသိချင်ယောင်ဆောင်လိုက်ခြင်း ဖြစ်သည်။
အဘိုးအိုသည် သူ၏လက်များကို နောက်ကျောတွင် ချိတ်လိုက်ပြီး ကိုယ်ဟန်အနေအထားကို မတ်မတ်ထားကာ အမိန့်ပေးနေကျ အသံဖြင့် ပြောလိုက်သည်။
"ငါက မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အကြီးအကဲ ဝူကျန်းခုန်းပဲ။"
သူ့အသံသည် အမိန့်ပေးနေကျသူတစ်ဦး၏ အရှိန်အဝါများ ပါဝင်နေသည်။
ပိုင်ကျီဟန်သည် သူ့ကို အနည်းငယ် စိတ်ဝင်တစား ကြည့်လိုက်ပြီး ဘာကြောင့် ထိုနေရာတွင် ရောက်နေသည်ကို သူ ကောင်းကောင်း သိထားပြီးသား ဖြစ်သည်။
(ကျင်းယွမ်ကျန်းအကြောင်းနဲ့ ဂိုဏ်းရဲ့ တရားမဝင် လုပ်ရပ်တွေအကြောင်း သိထားလို့ ဖြစ်ရမယ်။)
"ဪ... အကြီးအကဲဝူ။ ဒါဆို ပြောပါဦး၊ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အကြီးအကဲက ကျွန်တော့်ဆီက ဘာအလိုရှိလို့လဲ။"
ဝူကျန်းခုန်း၏ အကြည့်သည် ခုန်ကျန်းဟုန်ထံသို့ ခဏတာ ရောက်သွားပြီးနောက် ပိုင်ကျီဟန်၏ နောက်ကွယ်တွင် ပုန်းနေသည့် ပုံရိပ်လေးထံသို့ ရောက်ရှိသွားသည်။
ကျင်းယွဲ့လင်း၏ မျက်နှာသည် ဖြူလျော့သွားပြီး ရ ပြုံးလိုက်သည်။
"မင်း ကျင်းယွမ်ကျန်းကို ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ ကောလာဟလတွေကို ငါကြားတယ်။ အခု သူ့ညီမနဲ့အတူ ထွက်လာတာကို ကြည့်ခြင်းအားဖြင့် ဒါက အမှန်တရားဆိုတာ အတည်ပြုလိုက်တာပဲ။"
သူ့အသံသည် မာန်ပါလာပြီး ခြိမ်းခြောက်သည့်လေသံ ပေါက်လာသည်။
"ငါ သူမကို ပြန်ခေါ်သွားဖို့ လာတာ။ ပြီးတော့ ကျင်းယွမ်ကျန်းကိုလည်း ငါ့လက်ထဲ အပ်ဖို့ ငါအလိုရှိတယ်။"
ကျင်းယွဲ့လင်း၏ လက်ချောင်းများ
သည် ကြောက်လန့်တကြားဖြင့် ပိုင်ကျီဟန်၏ အင်္ကျီစကို ဆွဲကိုင်ထားမိသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်
ဖူး
ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားမှ လှောင်ပြောင်သရော်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သူသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ဝူကျန်းခုန်းကို အထင်အမြင်သေးစွာ စိုက်ကြည့်လိုက်သည်။
"ပြန်ခေါ်သွားမယ် ဟုတ်လား။"
သူက ထိုစကားလုံးကို ပြန်လည် ထပ်ကျော့ပြောလိုက်ပြီးနောက် သူ၏ အေးစက်သော အပြုံးသည် ပိုမိုနက်ရှိုင်းလာသည်။
"အကြီးအကဲဝူ၊ ခင်ဗျား နားလည်မှု လွဲနေပုံရတယ်။"
သူသည် ကိုယ်ကို မတ်လိုက်ပြီး သူ၏မျက်လုံးများသည် သံမဏိကဲ့သို့ တောက်ပလာသည်။
"ဘာဖြစ်လို့... ကျွန်တော်က ခင်ဗျားစကားကို နားထောင်ရမှာလဲ။"