← Chapters

မှတ်မိနိုင်စရာမရှိသော အကြီးအကဲဝူ

Vol. 19 Ch. 285

မှတ်မိနိုင်စရာမရှိသော အကြီးအကဲဝူ

Vol. 19 Ch. 285

လေထုသည် အလင်းတန်းများဖြင့် အက်ကွဲသွားသည်။

ရှုဝူး! ရှုဝူး!

သူတို့၏ ဂိုဏ်းတံဆိပ်ဖြစ်သော ရွှေရောင်နေမင်းသင်္ကေတ ပန်းထိုးထားသည့် ဝတ်ရုံများကို ဆင်မြန်းထားသော လူရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။

ပထမမင်းသား၏ မိန့်ခွန်းပြောကြားမှုသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး ပြိုင်ပွဲသည်လည်း တရားဝင် အဆုံးသတ်သွားပြီဖြစ်သည်။

သူတို့သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး လူအုပ်ကြားမှ တိုးထွက်ကာ ပြိုင်ပွဲအဆုံးသတ်သွားကြောင်းနှင့် လူများရောက်ရှိလာကြောင်း အကြီးအကဲဝူထံ သတိပေးရန် အပြေးအလွှား သွားကြသည်။

အကြီးအကဲဝူသည် သူရှိနေသည့်နေရာကို လမ်းညွှန်ချက် ပေးထားပြီးဖြစ်သော်လည်း မကြာမီမှာပင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သဖြင့် သူတို့ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။

မကြာမီတွင် သူတို့သည် ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီး ပိုင်ကျီဟန်ကို တွေ့လိုက်ရသဖြင့် နေရာမှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သူတို့၏ မျက်လုံးများသည် ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းပေါ်၌ ရပ်တန့်သွားသည်။

အက်ကွဲပြီး သွေးစွန်းနေသော မြေပြင်၏ အလယ်ဗဟိုတွင် ပိုင်ကျီဟန်သည် တည်ငြိမ်စွာဖြင့် လက်ထဲ၌ ဓားကို ကိုင်

ဆောင်လျက် ရပ်နေသည်။

သူ့ခြေရင်းတွင်မူ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး လဲလျောင်းနေသည်။ သူသည် မည်မျှပင် ရိုက်နှက်ခံထားရသနည်းဆိုလျှင် မျက်နှာတစ်ခုလုံး ဖူးရောင်ကာ သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာဗရပွ ဖြစ်နေပြီး လက်တစ်ဖက်သည်လည်း ပြတ်တောက်နေကာ ဝတ်ရုံများလည်း စုတ်ပြတ်သတ်နေသည်။

သူ၏ ခန္ဓာကိုယ်သည် အနည်းငယ်မျှ လှုပ်ခတ်နေပြီး ပခုံးကို ဓားဖြင့် ထိုးစိုက်ကာ ဖိနှိပ်ထားခြင်း ခံရသည်။

ပိုင်ကျီဟန်သည် အကြီးအကဲဝူ ကိုင်တွယ်ဖြေရှင်းတာ ခံရပြီးနောက် သူ့ကို ဒေါသထွက်အောင် လုပ်မိသည့် သနားစဖွယ် အဘိုးကြီးတစ်ယောက်ကို ရိုက်နှက်နေခြင်း ဖြစ်မည်ဟု ထင်မှတ်လိုက်ကြသည်။

"သနားစရာပဲ”

သူတို့ တွေးလိုက်မိသည်။

ဒါပေမဲ့ အကြီးအကဲဝူက ဘယ်မှာလဲ?

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ် ကျင့်ကြံသူဖြစ်သော စီနီယာတပည့်တစ်ဦးသည် ရှေ့သို့တက်လှမ်းလာပြီး ဘေးဘီကို ဝေ့ဝဲကြည့်ကာ

"သခင်လေးပိုင်၊ အကြီးအကဲဝူ ဘယ်မှာရှိလဲဆိုတာ သိပါသလား ခင်ဗျာ?"

သူက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

ကျင်းယွဲ့လင်းသည်လည်း သူနှင့်အတူ ရှိမနေသဖြင့် (ပိုင်ကျီဟန်က အကြီးအကဲဝူကို နှိပ်စက်နေစဉ် ခုန်ကျန်းဟုန်က သူမကို ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်) အကြီးအကဲဝူအနေဖြင့် ကျင်းယွဲ့လင်းနှင့် ကျင်းယွမ်ကျန်းတို့အားလွှဲပြောင်းပေးရန် ပိုင်ကျီဟန်ကို အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့ပြီဟု သူ ထင်နေခြင်း ဖြစ်သည်။

ပိုင်ကျီဟန်သည် တည်ငြိမ်စွာဖြင့် မော့ကြည့်လိုက်ပြီးနောက် သူ့ခြေရင်းက အဘိုးကြီးကို ပြန်ငုံ့ကြည့်ကာ

"ဒီမှာလေ”

သူသည် ခေါင်းအစ ခြေအဆုံး ဖူးရောင်ပေါက်ပြဲကာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည့် အဘိုးကြီးကို ညွှန်ပြလိုက်သည်။

စီနီယာတပည့်ဖြစ်သူသည် နားမလည်နိုင်ဘဲ ခေါင်းစောင်းကြည့်လိုက်မိသည်။

(ငါ့ကို နောက်ပြောင်နေတာလား?)

"သခင်လေးပိုင်... ကျေးဇူးပြုပြီး နောက်မနေပါနဲ့တော့။ အကြီးအကဲဝူ ဘယ်သွားလဲဆိုတာကိုပဲ ပြောပြပါ"

ဤတစ်ကြိမ်တွင် သူ၏လေသံသည် တင်းမာသွားသည်။ သူသည် ယဉ်ကျေးပျူငှာစွာ ဆက်ဆံခဲ့သော်လည်း ပိုင်ကျီဟန်ကမူ သူ့ကို နောက်ပြောင်နေသည်ဟု ထင်မြင်နေသည်။

သို့သော် ပိုင်ကျီဟန်ကမူ သူ၏ခြေရင်းမှ အဘိုးကြီးကို တစ်ချက်ကြည့်လိုက်ရုံမှလွဲ၍ ဘာလက္ခဏာမှ မပြပေ။

"နေပါဦး..."

တပည့်တစ်ဦးသည် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဲဒါ... အကြီးအကဲဝူလား?"

ထိုအခါမှသာ စီနီယာတပည့်အပါအဝင် အားလုံးသည် ပိုင်ကျီဟန်၏ခြေရင်းတွင် ဆိုးရွားစွာ အရိုက်ခံထားရသည့် အဘိုးကြီးကို အသေအချာ ဂရုတစိုက် ကြည့်လိုက်ကြသည်။

သူ၏အဝတ်အစားများသည် စုတ်ပြတ်သတ်နေသော်လည်း ၎င်းမှာ မြစိမ်းရောင်နေမင်းဂိုဏ်း အကြီးအကဲဝတ်ရုံဖြစ်သည်မှာ မှားစရာမရှိပေ။

(မဖြစ်နိုင်တာ။ ဒါ မဖြစ်နိုင်ဘူး။ မြစိမ်းရောင်နေမင်းဂိုဏ်းရဲ့ အစွမ်းထက်လှတဲ့ အကြီးအကဲဝူက ဒီလောက်အထိ သနားစရာကောင်းပြီး ပျက်စီးနေတဲ့ အခြေအနေမျိုး ရောက်သွားတယ်လား?)

စီနီယာတပည့်က တွေးလိုက်မိသည်။

သူသည် ပိုင်ကျီဟန်ကို တစ်ချက်ပြန်ကြည့်လိုက်ရာ ပိုင်ကျီဟန်သည် လှောင်ပြုံး ပြုံးနေသည်ကို မြင်လိုက်ရသည်။

သူတို့သည် ပျက်စီးနေသော ရုပ်အလောင်းသဖွယ် ခန္ဓာကိုယ်နှင့် ပိုင်ကျီဟန်ကို တစ်လှည့်စီ အပြန်ပြန်အလှန်လှန် ကြည့်နေကြသည်။

"ကောင်လေး! အကြီးအကဲဝူ ဘယ်မှာလဲလို့”

သူက ဒေါသတကြီး မေးမြန်းလိုက်သည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းအစုံသည် လှောင်ပြောင်မှုများ ပြည့်နှက်နေသော အပြုံးငယ်တစ်ခုအဖြစ် ကွေးညွတ်သွားသည်။

"အကြီးအကဲဝူ ဘယ်မှာလဲ ဟုတ်လား”

သူသည် လှောင်ပြောင်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူ၏ခြေရင်းမှ သွေးအလိမ်းလိမ်းဖြစ်နေသော လူကိုကြည့်ကာ ဓားဖျားဖြင့် တစ်ချက်တို့လိုက်၏

"ငါ ပြောပြီးပြီပဲ— မင်းတို့ ကြည့်နေတဲ့ လူက သူပဲလေ"

ထိုစကားလုံးများသည် တူဖြင့် ထုနှက်လိုက်သကဲ့သို့ ပြင်းထန်လှသည်။

မြစိမ်းရောင်နေမင်းဂိုဏ်းသားများကြားတွင် အံ့ဩကုန်ပြီး မြေပြင်ပေါ်တွင် ညည်းတွားနေသည့် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသော အဘိုးကြီးကို ကြည့်ကာ မျက်နှာများ ဖြူလျော်ကုန်ကြသည်။

“ဒီ... ဒီအရာကြီးက အကြီးအကဲဝူတဲ့လား”

သူသည် မမှတ်မိနိုင်လောက်အောင် ဖြစ်နေရုံသာမက သူတို့ထက် အဆင့်နိမ့်သည့် ဂျူနီယာတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် ဤကဲ့သို့ အခြေအနေမျိုး မည်သို့ ရောက်သွားနိုင်မည်

နည်း?

လုံးဝ မဖြစ်နိုင်ဘူး မလား?

"က... ကယ်ပါဦး”

အကြီးအကဲဝူသည် အသက်လုကာ စကားတစ်ခွန်းကို အားယူ၍ ပြောလိုက်သည်။ သူသည် သူ၏တပည့်များကို မြင်လိုက်ရသဖြင့် ပထမဆုံးအကြိမ်အဖြစ် စိတ်သက်သာရာ ရသွားခဲ့သည်။

"အကြီးအကဲဝူ”

ထိုအသံမှာ မှားစရာမရှိပေ။

တပည့်အများအပြားသည် မျက်နှာများ ပျက်ယွင်းကာ မျက်လုံးထဲတွင် ဒေါသတရားများ တောက်လောင်လျက် ရှေ့သို့ တက်လာကြသည်။

"သခင်လေးပိုင်၊ မင်း ငါတို့ရဲ့ အကြီးအကဲကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့လေ?"

တစ်ယောက်က လက်ညှိုးငေါ့ငေါ့ထိုးကာ အော်ဟစ်လိုက်သည်။

"မင်းက မြစိမ်းရောင်နေမင်းဂိုဏ်းကို ရန်စဖို့ ကြံနေတာလား? ဒီလို စော်ကားမှုအတွက် ဘာအကျိုးဆက်မှ ရှိလာမှာမဟုတ်ဘူးလို့ မင်းထင်နေတာလား”

သူတို့သည် တရားမျှတမှုအတွက် ဒေါသထွက်ကာ ရှေ့သို့ တိုးလာကြသော်လည်း မည်သူမျှ ချက်ချင်း တိုက်ခိုက်ရန် မဝံ့ရဲကြပေ။

အကြီးအကဲဝူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရခြင်းသည် သူတို့၏ အရိုးထဲအထိ သတိထားရမည်ဟု စွဲထင်သွားစေသည်။

နောက်တန်းမှ ပို၍ သန်မာသော တပည့်များမှာမူ မလှုပ်မယှက် ရပ်နေကြသည်။ ယင်းအစား သူတို့၏ ရင်ထဲတွင် အေးစက်သော အသိတစ်ခု ဝင်လာသဖြင့် သူတို့၏ မျက်နှာများသည် ထိတ်လန့်မှုကြောင့် ရှုံ့မဲ့သွားသည်။

(အကယ်၍ ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူ အကြီးအကဲဝူတောင် ဒီလိုအခြေအနေမျိုး ရောက်သွားတယ်ဆိုရင်

ဒါကို ဘယ်သူက လုပ်နိုင်မှာလဲ)

သူတို့၏ အကြည့်များသည် ပိုင်ကျီဟန်ထံသို့ ရောက်သွားကြသည်။ ပိုင်ကျီဟန် ကိုယ်တိုင် သို့မဟုတ် ပိုင်ကျီဟန်နှင့်အတူ ရှိနေသည့် ပို၍ ကြောက်စရာကောင်းသော တစ်စုံတစ်ယောက်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရမည်။

အခြေအနေ နှစ်ရပ်လုံးသည် ကြောက်စရာကောင်းလှသော်လည်း သူတို့သည် ဒုတိယအချက်ကိုသာ ဖြစ်စေချင်ကြသည်။

သူတို့၏ ကျောပြင်တစ်လျှောက် ချွေးအေးများ စီးကျလာသည်။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်မှ စီနီယာတပည့်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

တာဝန်ယူရမည့် ဝန်ထုပ်ဝန်ပိုးသည် သူ့ကို ဖိနှိပ်ထားသဖြင့် ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်နေသည်။

အားလုံးက သူ့ကို ကြည့်နေကြသည်— သူတို့ တိုက်ခိုက်သင့်သလား၊ ဆုတ်ခွာသင့်သလား သို့မဟုတ်... ညှိနှိုင်းရန် ဆုံးဖြတ်သင့်လား။

သူသည် ကျိုးပဲ့ပျက်စီးကာ တစ်ချိန်က ခန့်ညားထည်ဝါခဲ့သည့် အရှိန်အဝါများ လုံးဝကွယ်ပျောက်နေပြီဖြစ်သော အကြီးအကဲဝူကို တစ်ချက်ပြန်ကြည့်လိုက်သည်။

ထို့နောက် သူ၏အကြည့်သည် တည်ငြိမ်အေးဆေးစွာဖြင့် တစ်လှမ်းချင်းတိုးလာရန် စိန်ခေါ်နေသကဲ့သို့ လှောင်ပြုံးပြုံးနေသော ပိုင်ကျီဟန်ထံသို့ ရောက်ရှိသွားသည်။

စီနီယာတပည့်သည် မေးရိုးကို တင်းတင်းစေ့ထားလိုက်သည်။ သူ၏ဦးနှောက်သည် အမြန်နှုန်းဖြင့် အလုပ်လုပ်နေသည်။

(ငါသာ မစဉ်းစားမဆင်ခြင်ဘဲ လှုပ်ရှားလိုက်ရင်... ငါတို့အားလုံး အကြီးအကဲဝူလိုပဲ အဆုံးသတ်သွားနိုင်တယ်။ သူ တစ်နေရာရာမှာ ကူညီမယ့်သူကို ဝှက်ထားတာ သေချာတယ်။ ဒါပေမဲ့ ငါက အလွယ်တကူပဲ နောက်ဆုတ်ပေးလိုက်ရင်လည်း... ဒါက ဂိုဏ်းအတွက် အရှက်ရစရာ ဖြစ်လာလိမ့်မယ်။)

သူသည် လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်သည်။ ဆုံးဖြတ်ချက်၏ အလေးချိန်သည်လေထုထဲတွင် လွှမ်းမိုးနေသည်။

"တော်တော့”

သူ၏အသံသည် အေးစက်စွာ ထွက်ပေါ်လာပြီး ဒေါသထွက်နေသည့် တပည့်များနှင့် ကြောက်ရွံ့နေသည့် တပည့်များအားလုံးကို တိတ်ဆိတ်သွားစေသည်။

သူသည် စိတ်မသက်မသာဖြစ်မှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ကာ တည်ငြိမ်သောလေသံဖြင့် ပိုင်ကျီဟန်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"သခင်လေးပိုင်... ကျေးဇူးပြုပြီး အကြီးအကဲဝူရဲ့ ခန္ဓာကိုယ်ပေါ်က မင်းရဲ့ခြေထောက်ကို ဖယ်ပေးပြီး သူ့ကို ငါတို့ဆီ ပြန်အပ်ပေးပါ။ ဒါဆိုရင် ဘာမှမဖြစ်ခဲ့သလိုမျိုး ငါ သဘောထားပေးမယ်။”

စီနီယာတပည့်သည် အလွန်အမင်း အနိုင်ကျင့်ရာလည်းမကျ၊ သူရဲဘောကြောင်ရာလည်းမရောက်သော ပညာရှိသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ခြင်းဖြစ်သည်။

လောလောဆယ်တွင် သူ၏ အဓိကဦးစားပေးသည် အကြီးအကဲဝူကို ပြန်လည်ခေါ်ဆောင်သွားရန်သာ ဖြစ်သည်။ ထိုသို့ခေါ်ဆောင်နိုင်မှသာ နောက်ထပ်ဘာဆက်လုပ်ရမည်ကို သတင်းအချက်အလက် ရရှိနိုင်မည် ဖြစ်သည်။

ပတ်ဝန်းကျင်တွင် အခြားမည်သူမျှ မရှိသဖြင့် ပိုင်ကျီဟန်၏ အကူအညီပေးသူသည် ထွက်ခွာသွားပြီဟု သူတို့ ယူဆလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ မစ်ရှင်မှာ ကျရှုံးသွားခဲ့ပြီဖြစ်သော်လည်း လက်ရှိအခြေအနေထက် ပို၍ဆိုးရွားမသွားရန် သူတို့ ထိန်းသိမ်းရမည်ဖြစ်သည်။

"ဟီးဟီး... မင်းစကားကို ငါနားထောင်မယ်လို့ ဘာလို့ထင်နေတာလဲ?"

ပိုင်ကျီဟန်က မေးလိုက်သည်။

မြစိမ်းရောင်နေမင်းဂိုဏ်းသည် သူတို့ထက် အဆင့်အတန်း မြင့်မားသူတစ်ဦး၏ ရှေ့မှောက်တွင်ပင် သူတို့ကိုယ်သူတို့ ကောင်းကင်အင်ပါယာ၏ လူကုံထံကြီးများဟု ထင်မှတ်နေသည့် အကျင့်ဆိုးတစ်ခု ရှိနေပုံရသည်။

အကြီးအကဲဝူရော၊ ယခု သူ၏တပည့်ပါ တစ်ပုံစံတည်းပင် ဖြစ်သည်။

All Chapters