← Chapters

အခန်း (၁၅၂)

Vol. 16 Ch. 152

အခန်း (၁၅၂)

Vol. 16 Ch. 152

ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် ပျက်စီးနေသော လူကုံထံတစ်ဦး ဖြစ်သော်လည်း အနည်းဆုံးတော့ သူသည် အရည်အချင်းရှိပြီး ဆွဲဆောင်မှုရှိကာ ရိုင်းစိုင်းသောသူ မဟုတ်ပေ။ သို့သော် သူ့သားကမူ လုံးဝ လူယုတ်မာ တစ်ကောင်သာ ဖြစ်သည်။

သို့သော် တုပိုင်သည် ချက်ချင်း အရေးယူခြင်း မပြုသေးဘဲ သခင်မကြီးဝူ၏ တုံ့ပြန်မှုကို စောင့်ကြည့်ချင်သည်။ အကယ်၍ သူမသာ သဘောတူပြီး သူမ၏ ချွေးမကို တိရစ္ဆာန်ရွှီချန်ထျန်၏ ခုတင်ပေါ်သို့ ပို့ပေးလိုက်မည် ဆိုပါက တုပိုင်အနေဖြင့် ဝူမိသားစု တစ်ခုလုံးကို ပိုင်ဆိုင်မှုသိမ်းဆည်းပြီး သုတ်သင်ရှင်းလင်းလိုက်လျှင် သူ့ကို အပြစ်တင်၍ ရမည် မဟုတ်ပေ။

ယခုအချိန်တွင် တုဖိန်အာသည် ဒေါသကြောင့် တုန်ရီနေပြီး သူမ၏ မျက်လုံးများသည် မီးဝင်းဝင်းတောက်နေသည်။ တုပိုင်သည် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပုတ်ပေးလိုက်သည်။

ထိုအချိန်တွင် အထဲမှ သခင်မကြီးဝူသည် မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ပြောလိုက်သည်။

“နယ်စားမင်းလေး။ ကျွန်မရဲ့ ချွေးမက အောက်တန်းကျတဲ့ မိသားစုက မို့လို့ နယ်စားမင်းလေးတို့လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်နှစ်ဦးကို ပြုစုဖို့ မထိုက်တန်ပါဘူး။ ကျွန်မ ငွေတုံး ထောင်ချီ အကုန်ခံပြီး သခင်ကြီးနှစ်ပါးကို ပြုစုဖို့ နာမည်ကြီး ပြည့်တန်ဆာ နှစ်ယောက် ဝယ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။”

ရွှီချန်ထျန်၏ မျက်နှာ အေးစက်သွားပြီး ပြောလိုက်သည်။

“မိန်းမကြီး။ ခင်ဗျား ဘာက ကောင်းတယ်ဆိုတာ မသိပါလား။ ခင်ဗျား ချွေးမကို ကျွန်တော့်ဆီ လိမ္မာပါးနပ်စွာ မပို့ပေးဘူးဆိုရင် ခင်ဗျားရဲ့ ယောကျ်ားနဲ့ သား ထောင်ထဲမှာ သေသွားမယ့်ရက်ကိုသာ စောင့်နေလိုက်တော့။ ဘာ ပြည့်တန်ဆာလဲ။ သူတို့အားလုံးက ဖာသည်မတွေပဲ။ ကျုပ်က အိမ်ကောင်းရာကောင်းက မိန်းမပျိုတွေကိုပဲ ကြိုက်တာ။”

သခင်မကြီးဝူသည် မျက်နှာဖြူဖပ်ဖြူရော်ဖြင့် တုန်ရီနေရင်း ပြောလိုက်သည်။

“သခင်ကြီးရွှီ။ ကျွန်မ။ ကျွန်မ အသက်ကြီးနေပြီ ဆိုပေမဲ့ ဆွဲဆောင်မှုတချို့တော့ ရှိပါသေးတယ်။ ရှင်မကြိုက်ဘူး ဆိုရင် ကျွန်မက ရှင့်ကို ပြုစုပေးရင်ရော ဘယ်လိုလဲ။ ကျွန်မက ရှင့်လို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကို ပြုစုဖို့ တကယ် မထိုက်တန်ပေမဲ့လည်း။”

တုပိုင် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ဝူမိသားစုအပေါ် ထားရှိသော လူသတ်ချင်စိတ်ကို ချက်ချင်း စွန့်လွှတ်လိုက်သည်။

သခင်မကြီးဝူသည် လျှာစောင်းထက်ပြီး စိတ်ကြီးသူ ဖြစ်သော်လည်း ဖိန်အာကို အမှန်တကယ် ချစ်မြတ်နိုးသည်။

သို့မဟုတ်ပါက သူမသည် ဖိန်အာကို ရက်အနည်းငယ်ကြာတိုင်း မိဘအိမ်သို့ ပြန်ခွင့်ပြုမည် မဟုတ်သလို ဝူမိသားစု၏ ငွေများကို သုံးပြီး သူမ၏ မိသားစုကို ထောက်ပံ့ခွင့် ပြုမည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ဤသခင်မကြီးဝူသည် သူရဲကောင်း အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အသက် ၅၀ ကျော်နေပြီ ဖြစ်သော်လည်း ခင်ပွန်းနှင့် သားကို ကယ်တင်ရန်အတွက် မိမိကိုယ်ကို ကျားစာအဖြစ် ပူဇော်ရန် ရဲဝံ့လေသည်။

သခင်မကြီးဝူ၏ စကားကို ကြားသောအခါ တုဖိန်အာသည် ချက်ချင်း မျက်ရည်ကျလာပြီး ပြောလိုက်သည်။

“ယောက္ခမကြီး။ သွားကြစို့။ သူတို့ကို တောင်းပန်မနေပါနဲ့။ ယောက္ခမကြီးနဲ့ ယန်မင်ကို ကယ်ဖို့ တခြားလူ ရှာကြမယ်။”

“ဟားဟားဟား။ ဝူကျိုးစီရင်စု တစ်ခုလုံးမှာ ငါကလွဲပြီး မင်းတို့ ဝူမိသားစုကို ဘယ်သူ ကယ်နိုင်မှာလဲ။”

ရွှီချန်ထျန် ရယ်မောလိုက်ပြီးနောက် သခင်မကြီးဝူကို ရမ္မက်ဆန္ဒ ပါသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားမှာ ဆွဲဆောင်မှု ရှိသေးသားပဲ။ ကောင်းပြီလေ။ ကောင်းပြီလေ။ ခင်ဗျားလည်း ကျုပ်တို့ကို လာပြုစုပေး။ ခင်ဗျားရဲ့ ချွေးမနဲ့အတူ လာခဲ့။” ထို့နောက် ရွှီချန်ထျန်သည် လျူမန်ယွီကို မေးလိုက်သည်။

“နယ်စားမင်းလေး။ ခင်ဗျား ကိုင်တွယ်နိုင်ပါ့မလား။”

နယ်စားမင်းလေး လျူမန်ယွီသည် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “ကိုင်တွယ်နိုင်တာပေါ့။ ကိုင်တွယ်နိုင်တယ်။”

ရွှီချန်ထျန် အားရပါးရ ရယ်မောလိုက်သည်။

“လာ… လာ… မိန်းကလေး တုဖိန်အာ။ ကိုယ့်ပေါင်ပေါ် လာထိုင်ပြီး နယ်စားမင်းလေးနဲ့အတူ မင်္ဂလာဦး ဝိုင်သောက်ကြရအောင်။ ဟားဟားဟား။”

သခင်မကြီးဝူ၏ မျက်နှာ အေးစက်သွားသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် သခင်ကြီးရွှီကို ထပ်ပြီး ဒုက္ခမပေးတော့ပါဘူး။ နှုတ်ဆက်ပါတယ်။”

ရွှီချန်ထျန်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားပြီး ပြောလိုက်သည်။ “ဝင်လာဖို့ လွယ်ပေမဲ့ ပြန်ထွက်ဖို့ ခက်တယ်။ ဒီည ငါက တုဖိန်အာ ဆိုတဲ့ မိန်းမငယ်လေးကို သိမ်းပိုက်ရမှ ဖြစ်မယ်။”

“တစ်ယောက်ယောက် လာကြ။ တံခါးပိတ်လိုက်။” ရွှီချန်ထျန် အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် စစ်သည်အချို့ ပြေးဝင်လာပြီး လင်းယွမ်အခန်း၏ တံခါးကို ပိတ်လိုက်ကြသည်။

ရွှီချန်ထျန်က ပြောလိုက်သည်။ “ဝူကျန့်လုံ။ မင်းရဲ့ မရီးကို ဖိထားလိုက်။ သူ့ကို ရုန်းကန်ခွင့် မပေးနဲ့။”

အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီးနောက် ဝူကျန့်လုံသည် ရှေ့သို့ တိုးလာပြီး သခင်မကြီးဝူ၏ ပခုံးကို ဖိချကာ ပြောလိုက်သည်။

“မရီး။ အစ်ကိုကြီးနဲ့ တူလေးကို ကယ်တင်ဖို့က အရေးကြီးဆုံးပဲ။ တုဖိန်အာက အောက်တန်းကျတဲ့ မိသားစုက သမီးတစ်ယောက်ပဲ။”

“နောက်ကျရင် သူ့ကို ကွာရှင်းလိုက်လို့ ရတာပဲ။ ယန်မင်ရဲ့ အရည်အချင်းနဲ့ ငါတို့ မိသားစု နောက်ခံကြောင့် မိန်းမကောင်းတစ်ယောက် မရမှာ ပူစရာ မလိုပါဘူး။ မရီးက တုဖိန်အာရဲ့ နောက်ခံကို အမြဲ မကျေမနပ် ဖြစ်နေတာ မဟုတ်ဘူးလား။ သူ့ကို သခင်ကြီးရွှီဆီ ပေးလိုက်တာ အကောင်းဆုံးပဲ။”

သခင်မကြီးဝူသည် အသည်းအသန် ရုန်းကန်ပြီး အော်ဟစ်လိုက်သည်။ “ဝူကျန့်လုံ။ နင် တိရစ္ဆာန်ကောင်။ ငါ့ ဝူမိသားစုမှာ နင့်လို အသုံးမကျတဲ့ကောင် မရှိဘူး။”

ရွှီချန်ထျန်က ပြောလိုက်သည်။ “ဝူကျန့်လုံ။ မင်း ဆုံးဖြတ်နိုင်ရဲ့လား။ မိန်းမစိုးစွန်းလင်းက ငါ့ရဲ့ မွေးစားအဖေပဲ။ မင်းရဲ့ အစ်ကိုကြီးနဲ့ တူလေးကို ကယ်တင်ဖို့က ငါ့အတွက် ထမင်းစားရေသောက်သလောက် လွယ်တယ်။”

“အဲဒီ ကုန်သည်သင်္ဘောကို ပြန်ထုတ်ပေးဖို့တောင် ငါ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ငါက တစ်ဝက် ယူမယ်။”

ဝူကျန့်လုံသည် မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ပြောလိုက်သည်။ “ကျွန်တော် ဆုံးဖြတ်နိုင်ပါတယ်။ ကျွန်တော် ဆုံးဖြတ်နိုင်ပါတယ်။ ကျေးဇူးပြုပြီး ဒီ တုဖိန်အာကို သုံးဆောင်ပါ သခင်ကြီး။”

“သခင်ကြီးက အစ်ကိုကြီးနဲ့ တူလေးကို ကယ်တင်ပေးနိုင်သမျှ ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ပြန်ရအောင် ကူညီပေးနိုင်သမျှ အရာအားလုံး ညှိနှိုင်းလို့ ရပါတယ်။”

ပြောပြီးနောက် ဒုတိယသခင် ဝူကျန့်လုံသည် သခင်မကြီးဝူကို ပွေ့ချီပြီး အပြင်သို့ ထွက်သွားကာ ပြုံးလျက် ပြောလိုက်သည်။ “သခင်ကြီးရွှီ။ နယ်စားမင်းလေး။ ကျေးဇူးပြုပြီး ပျော်ပျော်ပါးပါး နေကြပါ။”

သခင်မကြီးဝူသည် အသည်းအသန် ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။ “ဝူကျန့်လုံ… နင် တိရစ္ဆာန်ကောင်။ ဖိန်အာ… ပြေး။”

“ဟားဟားဟားးး။ ဘယ်ကို ပြေးမှာလဲ။” ရွှီချန်ထျန်သည် အဝတ်အစားများကို ချွတ်ရန် မစောင့်နိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ညလေး။ ခဏနေရင် ကိုကြီးက မင်းကို ကိုယ့်အရည်အချင်းတွေ ပြမယ်။ မင်း ကိုယ့်အနားကနေ ဘယ်တော့မှ ထွက်မသွားချင်တော့အောင်ကို အာမခံတယ်။ အယ်လယ့်”

ထို့နောက် သူသည် လက်မောင်းများကို ဖွင့်ပြီး တုဖိန်အာကို ဖက်ရန်လုပ်လိုက်သည်။ ထိုအခိုက် တုပိုင်သည် ရှေ့သို့ တိုးလာပြီး တုဖိန်အာ၏ လမ်းကြောင်းကို ပိတ်ကာ မေးလိုက်သည်။

“လီစန်း။ စစ်ဆေးရေးမှူး တစ်ယောက်ကို သတ်ရင် ပြဿနာ တက်နိုင်လား။” လီစန်းနှင့် လီစစ်တို့သည် ဟင်းပွဲများ သယ်ဆောင်ရင်း ဝင်လာကြပြီး ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး။ ခွေးတစ်ကောင်ကို သတ်တာနဲ့ အတူတူပါပဲ။”

“အော်။ ဒါဆို ကောင်းတာပေါ့။” တုပိုင်က ရေခဲကဲ့သို့​ အေးစက်နေသော မျက်ဝန်းတို့ဖြင့် ပြောလိုက်သည်။

“ဒါဆို ဒီည ငါတို့ ဒီခွေးကောင်ကို သတ်ကြမယ်။” တုပိုင်နှင့် လီစန်းတို့၏ စကားကို ကြားသောအခါ ဝူကျိုး စစ်ဆေးရေးမှူး ရွှီချန်ထျန် အံ့အားသင့်သွားသည်။

သူ ကြားလိုက်ရသည့်အရာကို နားလည်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

သူ့ရာထူး စစ်ဆေးရေးမှူးက မမြင့်မားသော်လည်း သူသည် ကြီးမားသော အာဏာကို ကိုင်စွဲထားသည်။ ဤဒေသတွင် မည်သူမျှ သူ့ကို ရန်မစချင်ကြသလို တရားဝင်လောကရော မြေအောက်လောကကပါ သူ့စကားကို နားထောင်ကြရသည်။

“ဟားဟားဟား။ ဝူကျိုးတရားသူကြီးတောင် ဒီလိုစကားမျိုး မပြောရဲဘူး။ အစေခံလေးတွေလို ဖြစ်နေတဲ့ ဒီနှစ်ယောက်က ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောရဲတာလဲ။ ရယ်စရာ မကောင်းလွန်းဘူးလား။”

“သခင်လေး။ ကြားလိုက်လား။ ဒီနှစ်ကောင်က ကျုပ်ကို သတ်ချင်နေတာတဲ့။” ရွှီချန်ထျန်သည် ကြောက်လန့်သလို ဟန်ဆောင်ပြီး ပြောလိုက်သည်။

“ကျုပ် သိပ်ကြောက်တာပဲ။ ဘယ်လို လုပ်ရမလဲ။”

နယ်စားမင်းလေး လျူမန်ယွီသည် ယပ်တောင်ကို ဖွင့်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ “မသိခြင်းက ကောင်းချီးတစ်ခုလို့ ပြောကြတယ်။ ဒီနေ့တော့ ကိုယ်တိုင် တွေ့လိုက်ရပြီပဲ။”

ရွှီချန်ထျန်က ပြောလိုက်သည်။ “ငါက ပေမင်ဓားဂိုဏ်းရဲ့ တပည့်။ ဝူကျိုးစီရင်စုရဲ့ စစ်ဆေးရေးမှူး။ ဖုန်းဝူနယ်စားမင်း အမွေဆက်ခံသူရဲ့ ကျမ်းကျိန်မိတ်ဆွေ။ ကွမ်ရှီး ရေကြောင်းကုန်သွယ်ရေးရုံး အကြီးအကဲ စွန်းလင်းရဲ့ မွေးစားသားယာ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝမ်ရင်ရဲ့ မွေးစားတူပဲ။ ပြောစမ်းပါဦး။ ဝူကျိုးစီရင်စုထဲမှာ ဘယ်သူက ငါ့ကို သတ်ရဲလို့လဲ။”

ပေမင်ဓားဂိုဏ်းကတော့ ခြေဖဝါးလျက်ခြင်း အနုပညာတွင် ဆရာတစ်ဆူအဆင့်သို့ ရောက်နေပြီဖြစ်၏။ အာဏာနည်းနည်း ရှိသူမှန်သမျှကို သူတို့ဂိုဏ်းထဲ ဆွဲသွင်းချင်နေကြသည်။

နယ်စားမင်းလေး လျူမန်ယွီက ပြောလိုက်သည်။ “ဝူကျိုးစီရင်စုမှာ အဆင့်အမြင့်ဆုံး လူငယ်က နင်းချုံးယောင်ပဲ။ ဒါပေမဲ့ ကွေ့မင်းသားရဲ့ အမွေဆက်ခံသူ ဖြစ်တဲ့ သူတောင် ဒီလိုစကားမျိုး မပြောရဲဘူးလို့ ကျုပ် အာမခံတယ်။ သူသာ ပြောရဲရင် ကွေ့မင်းသားအိမ်တော်အထိ သွားပြီး သူ့ပါးကို ရိုက်ရဲတဲ့လူ ရှိတယ်။”

အမှန်ပင် ဖြစ်သည်။ ကွေ့မင်းသား၏ သား နင်းချုံးယောင်သည် အလွန်သတိကြီးပြီး ခြေတစ်လှမ်း မှားမည်ကို ကြောက်ရွံ့သူ ဖြစ်သည်။ သေချာပေါက် သူသည် စစ်ဆေးရေးမှူး တစ်ယောက်ကို သတ်ရဲမည် မဟုတ်ပေ။

သို့မဟုတ်ပါက မြို့တော်သို့ စွပ်စွဲပြစ်တင်လွှာများ ရေလို ဝင်ရောက်သွားလိမ့်မည်။ ထိုအရပ်ဘက် အရာရှိများသည် ပြည်နယ်များရှိ တော်ဝင်မိသားစုဝင်များကို ပစ်မှတ်ထားရသည်ကို အလွန်နှစ်သက်ကြသည်။

“နင်းချုံးယောင်က မလုပ်ရဲဘူး ဆိုရင် ဘုရင်ခံလော့ဝမ်ရဲ့ သားကရော။” ရွှီချန်ထျန် မေးလိုက်သည်။

နယ်စားမင်းလေး လျူမန်ယွီက ပြောလိုက်သည်။ “အစ်ကိုရွှီ။ ခင်ဗျား မှတ်ဉာဏ်ကလည်းဗျာ။ လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ ခင်ဗျား သခင်လေးလော့ကို ဒီမှာ ညစာ ဖိတ်ကျွေးပြီး ကောင်မလေးနှစ်ယောက်နဲ့အတူ တစ်ညတာ နေခိုင်းခဲ့သေးတာ မဟုတ်ဘူးလား။”

“ဟုတ်သားပဲ။ ဟုတ်သားပဲ။ ကျုပ် မှတ်ဉာဏ်ကို ကြည့်စမ်း။” စစ်ဆေးရေးမှူး ရွှီချန်ထျန်သည် နဖူးကို ပုတ်လိုက်ပြီး တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ “ကွေ့မင်းသားရဲ့ သားကလည်း ဒီလိုစကားမျိုး မပြောရဲဘူး။ ဘုရင်ခံရဲ့ သားကလည်း မပြောရဲဘူး။ ဒါပေမဲ့ မင်းက ပြောရဲတယ်။ ကျုပ် သေလောက်အောင် ကြောက်သွားတာပဲ။ ဒါနဲ့များ ခင်ဗျားရဲ့ နာမည်လေးနဲ့ ဘယ်အိမ်တော်က ဆိုတာလေး ပြောပြပေးလို့ ရမလား။ ကျုပ် ကြားချင်လို့ပါ။”

တုပိုင် ဖြေလိုက်သည်။ “တုပိုင်။ ကွမ်ရှီး မိန်းမစိုးအကယ်ဒမီက ကျောင်းသား။”

ဝူကျိုး စစ်ဆေးရေးမှူး ရွှီချန်ထျန် အံ့အားသင့်သွားပြီးနောက် ကြောက်လန့်သလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဝါး။ မိန်းမစိုးအကယ်ဒမီက သင်တန်းသားတဲ့ကွ။ ဥမပါတဲ့ မိန်းမစိုးလေးပဲ။ ငါ သိပ်ကြောက်တာပဲ။ ထိတ်လန့်လွန်းလို့ တုန်တောင် တုန်တယ်။ ငါ့အသည်းနဲ့ သည်းခြေတောင် ပေါက်ကွဲထွက်တော့မယ်။”ရွှီချန်ထျန်၏ သရုပ်ဆောင်စွမ်းရည်က ပိုလွန်းသော်လည်း အမှန်တကယ်ပင် ကောင်းမွန်လှသည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူ့မျက်နှာပေါ်မှ ဟန်ဆောင်ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အစားထိုးလိုက်သည်။ သူသည် ခံစားချက်မပါသော လေသံဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

“ဒီမိန်းမစိုး နှစ်ယောက်ရဲ့ ခြေလက်တွေကို ချိုး။ မျက်လုံးတွေကို ဖောက်ထုတ်။ လျှာတွေကို ဖြတ်ပြီး စတုတ္ထထပ်ကနေ ပစ်ချလိုက်ကြ။”

တုပိုင်သည် ကွေ့လင်စီရင်စုတွင် ကြောက်မက်ဖွယ် ကောင်းသော လူတစ်​ယောက် ဖြစ်သော်လည်း လူကြီးလူကောင်း အနည်းငယ်သာ ထိုအကြောင်းကို သိရှိကြသည်။

ဝူကျိုးစီရင်စု၏ ဒေသခံ အာဏာရှင် ဖြစ်သော်လည်း ရွှီချန်ထျန်သည် ဤလျှို့ဝှက်သတင်းအချက်အလက်ကို မသိရှိခဲ့ပေ။

ထို့ကြောင့် သူ့မျက်လုံးထဲတွင် တုပိုင်သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး နာမည်ကိုပင် မကြားဖူးခဲ့ချေ။

“ဟုတ်ကဲ့ပါ” စစ်သည်လေးယောက် ရှေ့သို့ တိုးလာပြီး တုပိုင်နှင့် လီစန်းတို့၏ ခြေလက်များကို ဖြတ်တောက်ရန် ပြင်ဆင်လိုက်ကြသည်။

လီစန်းနှင့် လီစစ်တို့သည် ဓားများကို ဆွဲထုတ်လိုက်ပြီး တုပိုင်ကို အလယ်တွင် ထားကာ ကာကွယ်လိုက်ကြသည်။

“အော်။ မင်းတို့က သိုင်းပညာလည်း တတ်တယ်ပေါ့။”

ရွှီချန်ထျန် ပြောလိုက်သည်။ “နယ်စားမင်းလေး။ ခင်ဗျားရဲ့ မြူခိုးမျှော်စင်က ကျွမ်းကျင်ပညာရှင် တစ်ယောက်လောက် ငှားလို့ ရမလား။”

နယ်စားမင်းလေး လျူမန်ယွီသည် ချက်ချင်း လက်ခုပ်တီးလိုက်သည်။ ချက်ချင်းပင် အောက်ထပ်မှ ခြေသံများ ဆူညံစွာ ထွက်ပေါ်လာပြီး စစ်သည် ဒါဇင်ပေါင်းများစွာနှင့် လေးသမားများ ဝင်ရောက်လာကာ တုပိုင်။ လီစန်းနှင့် လီစစ်တို့ကို အပြည့်အဝ ဝိုင်းရံလိုက်ကြသည်။

ရွှီချန်ထျန် မထီမဲ့မြင် ပြုံးလိုက်သည်။

“မိန်းမစိုးဂိုဏ်းက မိန်းမစိုးလေး တစ်ယောက်ကများ ငါ့ရှေ့မှာ ဆရာကြီး လာလုပ်ရဲတယ်ပေါ့။ ငါ့မွေးစားအဖေက အမတ်ချုပ်ကြီးစွန်းလင်း။ ငါ့မွေးစားဦးလေးက ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူး ဝမ်ရင်ကွ။ သူတို့က မင်းရဲ့ ဘိုးအေတွေပဲ။ လီဝမ်ဟွေ့တောင် ငါ့ကို မျက်နှာသာ ပေးရတယ်။ မင်းတို့လို ကောင်လေးတွေက ပုရွက်ဆိတ်တွေလိုပဲ။ ငါ့လက်ကောက်ဝတ်ကို လှုပ်လိုက်ရုံနဲ့ မင်းတို့အုပ်စုလိုက်ကို ချေမှုန်းပစ်နိုင်တယ်။”

တကယ့်ကို ရယ်စရာကောင်းလှသည်။ ဝမ်ရင်သည် တုပိုင်၏ လက်ချက်ကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရပြီး သွေးအန်သည်အထိ ဖြစ်ခဲ့ရသည် မဟုတ်ပါလော။

“တိုက်ကြ။” ရွှီချန်ထျန် စူးရှစွာ အော်ဟစ်လိုက်သည်။

စစ်သည် ဒါဇင်ပေါင်းများစွာသည် ရှေ့သို့ တက်လာပြီး ဓားများကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်ကြသည်။ ထို့အတူ လေးသမား ဒါဇင်ကျော်သည်လည်း လေးများကို ဆွဲကာ မြှားများ ပစ်လွှတ်ရန် ပြင်ဆင်လိုက်ကြသည်။

အပိုင်း ၁၅၂ ပြီး။

All Chapters