← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

တုပိုင်သည် လျင်မြန်စွာဖြင့် ရွှီချန်ထျန်၏ ခြေလက်များကို ဓားမြှောင်ဖြင့် ဆယ်ချက်ကျော် ထိုးစိုက်လိုက်ပြီး ခြေလက်များရှိ အရွတ်များနှင့် သွေးကြောများ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

“ဓားသိုင်းကွက်က ပြောင်မြောက်လိုက်တာ။ လျင်မြန်ဖျတ်လတ်မှု စစ်ဆေးခြင်းမှာ မင်း သေချာပေါက် အမှတ်ပြည့် ရမှာပဲ။” ကျုံးထိန် လက်ခုပ်တီးပြီး ပြောလိုက်သည်။

“ကျွန်တော် အကြာကြီး လေ့ကျင့်ထားတာလေ။” တုပိုင်က အပြုံးဖြင့် ပြောလိုက်သည်။ “နောက်ဆုံးတော့ ကြွားဝါပြဖို့ အခွင့်အရေး ရသွားပြီ။”

ထိုအချိန်တွင် ရွှီချန်ထျန်သည် နာကျင်စွာဖြင့် အော်ဟစ်နေဆဲ ဖြစ်သည်။

တုပိုင် ပြောလိုက်သည်။ “ပစ်ချလိုက်။”

“ဟုတ်ကဲ့ပါ။”

လီစန်းနှင့် လီစစ်တို့သည် အလွန်အမင်း ကြောက်လန့်နေသော ရွှီချန်ထျန်ကို မလိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားကြသည်။

“ဦးလေးတုပိုင်။ အဖိုးတုပိုင်။ ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော့်ကို လွှတ်ပေးပါ။”

ရွှီချန်ထျန် ငိုယိုအော်ဟစ်နေသည်။ ထို့နောက် ရှည်လျားသော အာပြဲအော်သံကြီးနှင့်အတူ သူသည် စတုတ္ထထပ်မှ ပစ်ချခံလိုက်ရလေသည်။

“တစ်၊ နှစ်၊ သုံး။”

“အားးးးး။”

ဘုန်း။

မြေကြီးနှင့် ရိုက်မိသံ ထွက်ပေါ်လာပြီးနောက် သူ့အော်သံ ရပ်တန့်သွားကာ နောက်ဆုံးတွင် အရာအားလုံး တိတ်ဆိတ်သွားလေသည်။

ဤရက်စက်ပြီး သွေးဆာနေသော စစ်ဆေးရေးမှူး၊ ဝူကျိုးစီရင်စု၏ ဒေသခံ အာဏာရှင်သည် ရာပေါင်းများစွာသော လူအုပ်ကြီးရှေ့တွင် ပြုတ်ကျသေဆုံးသွားခဲ့လေသည်။

တုပိုင် နားကလော်လိုက်ပြီး ပြောလိုက်သည်။ “ဦးလေးကျုံး။ သူက တော်တော် ဆူညံတာပဲ။”

“အင်း။” ကျုံးထိန်သည် ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။

“ဘိုးအေလေးရေ။ မင်းကတော့ အခု ပျော်နေပြီ။ ဒါပေမဲ့ ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးက ဒီလောက်ကြီး မောက်မာလို့ မရဘူး။ လူသတ်ရင် အကြောင်းပြချက်နဲ့ သက်သေအထောက်အထား ရှိရမယ်။”

တုပိုင်က ပြောလိုက်သည်။ “ဒီရွှီချန်ထျန်က ပြစ်မှုတွေအများကြီးနဲ့ လူယုတ်မာလေ။ သူ့ခေါင်းကို ဆယ်ခါ ဖြတ်ရင်တောင် မလုံလောက်ဘူး။”

“အဲဒါတော့ ဟုတ်တယ်။” ကျုံးထိန် ပြောလိုက်သည်။

“ဒါပေမဲ့ ငါတို့က ဥပဒေအတိုင်း အပြစ်ပေးရဦးမယ်။ ထားလိုက်ပါတော့။ ဒီည အချိန်ပို ဆင်းပြီး သူ့ပြစ်မှုတွေကို လိုက်ရှာကြတာပေါ့။ နေရာတင် သတ်ပစ်ဖို့ အခွင့်အရေး ရအောင်လို့ နိုင်ငံတော်ပုန်ကန်မှုလိုမျိုး ကြီးလေးတဲ့ အပြစ် ဖြစ်မှ ရမယ်။”

“နိုင်ငံတော်ပုန်ကန်မှုလား။” တုပိုင် မေးလိုက်သည်။ “အန်နမ်သူပုန်ဘုရင်နဲ့ ပူးပေါင်းကြံစည်မှုဆိုရင်ရော ဘယ်လိုလဲ။”

“ကောင်းတယ်။” ကျုံးထိန်သည် ဖြောင့်ချက်စာရွက်ပေါ်တွင် စွဲချက်ကို ရေးသားလိုက်ပြီး ပြောလိုက်သည်။ “ဒါမဲ့ မလုံလောက်သေးဘူး။”

တုပိုင်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မျိုးနွယ်စုခေါင်းဆောင်စော်ဘွားတွေ ပုန်ကန်တုန်းက ပူးပေါင်းခဲ့တဲ့ အပြစ်ဆိုရင်ရော။”

“ကောင်းပြီ။” ကျုံးထိန် စွဲချက်ကို ထပ်ရေးလိုက်ပြီး ပြောလိုက်သည်။ “မလောက်သေးဘူး။ နောက်ထပ် စွဲချက်တစ်ခုလောက်ဆိုရင် လုံလောက်ပြီ။”

တုပိုင်က မေးလိုက်သည်။ “ကျွန်တော်တို့ တာ့နင်မင်းဆက်ရဲ့ ကမ်းရိုးတန်း စီရင်စုတွေကို တိုက်ခိုက်ဖို့ ဂျပန်ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းကြံစည်တဲ့ အပြစ်ဆိုရင်ရော။”

ကျုံးထိန် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ဂျပန်ပင်လယ်ဓားပြတွေက ကျန်းစုနဲ့ ကျဲ့ကျန်း ကမ်းရိုးတန်း စီရင်စုတွေကို တိုက်ခိုက်နေတာလေ။ ကွမ်ရှီးနဲ့က လီထောင်ချီ ဝေးတယ်။ ဘယ်လိုလုပ် ပူးပေါင်းလို့ ရမှာလဲ။”

“သူတို့ ပင်လယ်ရပ်ခြားမှာ ပူးပေါင်းခဲ့ကြတာလေ။ ရွှီချန်ထျန်က ကျန်းစုနဲ့ ကျဲ့ကျန်း ကမ်းရိုးတန်းတလျှောက်က ကာကွယ်ရေး ဖြန့်ကြက်ထားမှုတဲ့ တည်နေရာတွေကို သူတို့ဆီ သတင်းပေးခဲ့တယ်။”

“ပြီးတော့ ကွမ်ရှီး ကမ်းရိုးတန်း စီရင်စုတွေရဲ့ ကာကွယ်ရေးတည်နေရာ ဖြန့်ကြက်ထားမှုတွေကိုလည်း ဂျပန်ပင်လယ်ဓားပြတွေဆီ ရောင်းစားခဲ့တယ်။” တုပိုင် ပြောလိုက်သည်။

ကျုံးထိန်က ပြောလိုက်သည်။ “အင်း။ အဲဒါ အဓိပ္ပာယ် ရှိတယ်။ ကောင်းပြီလေ။ နိုင်ငံတော်ပုန်ကန်မှု ကြီးလေးကြီး ၃ ခု ဆိုရင် ချက်ချင်း ကွပ်မျက်ဖို့ လုံလောက်ပြီ။ လာ။ ရွှီချန်ထျန်ကို ဒီစာရွက်ပေါ်မှာ လက်ဗွေနှိပ်ခိုင်းပြီး ပြစ်မှုထင်ရှားကြောင်း မှတ်တမ်းတင်လိုက်။”

ဤသည်က အနေရခက်စရာပင်။ ရွှီချန်ထျန်၏ အလောင်းသည် အောက်ထပ်တွင် ရှိနေပြီး ပြုတ်ကျသေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျုံးထိန် ညည်းညူလိုက်သည်။ “မင်း သူ့ကို အပေါ်ထပ်မှာတင် သတ်ခဲ့သင့်တာ။ အခုတော့ သူ့အလောင်းကို သယ်လာဖို့ လူလွှတ်ရတော့မယ်။”

“တစ်ယောက်ယောက် လာကြ။ ရွှီချန်ထျန်ရဲ့ အလောင်းကို ဒီပေါ် သယ်လာခဲ့။” ကျုံးထိန် အမိန့်ပေးလိုက်သည်။

“အပြင်လောကကို သတင်းထုတ်ပြန်ရင် ဒီအတိုင်းပဲ ပြောရမယ်။ ရွှီချန်ထျန်က နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးခံရချိန်မှာ ထွက်ပြေးဖို့ ကြိုးစားရင်း မြူခိုးမျှော်စင်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ပြောရမယ်။”

“ဟုတ်ကဲ့ပါ” အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များအားလုံး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

ထို့ကြောင့် ရွှီချန်ထျန်၏ အလောင်းကို ပြန်သယ်လာပြီးနောက် ကျုံးထိန်သည် သူ့လက်ကို သွေးစွန်းစေပြီး ဖြောင့်ချက်စာရွက်ပေါ်တွင် လက်ဗွေနှိပ်လိုက်လေသည်။

ယခုအခါ သက်သေအထောက်အထား ခိုင်လုံသွားပြီဖြစ်လေ၏။

ကျုံးထိန်သည် ဝန်ခံချက်လွှာပေါ်ရှိ သွေးစက်များကို အမြန်ခြောက်သွားစေရန် မှုတ်လိုက်ပြီး တုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။

“တူလေး။ မင်းတော့ ငါတို့က သမင်ကို မြင်းလို့ပြောပြီး အမည်းကို အဖြူဖြစ်အောင် လုပ်နေတယ်လို့ ထင်နေမှာပဲ။”

ထို့နောက် ခွက်ထဲမှ ဝိုင်ဖြင့် လက်ဆေးလိုက်ပြီး လက်ကိုင်ပဝါဖြင့် ပြောင်စင်အောင် သုတ်လိုက်လေသည်။

တုပိုင် ခေါင်းညိတ်လိုက်သည်။ ရွှီချန်ထျန်သည် ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သော်လည်း ယခုလေးတင် ပြောလိုက်သော နိုင်ငံတော်ပုန်ကန်မှု စွဲချက် ၃ ခုကတော့ လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်ခြေများသည်။

ကျုံးထိန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ရယ်စရာကောင်းတာက စွဲချက် ၃ ခုစလုံးက တကယ်ဖြစ်နေတာပဲ။ သူက ပုန်ကန်တဲ့ ခေါင်းဆောင်တွေနဲ့ တကယ် ပူးပေါင်းခဲ့သလို အန်နမ်က သူပုန်တွေနဲ့လည်း ပူးပေါင်းခဲ့တယ်။ သူက ကွမ်ရှီးနဲ့ ကျန်းဆူးရဲ့ ကာကွယ်ရေးစီမံကိန်းအချက်အလက်တွေကို ဂျပန်ပင်လယ်ဓားပြတွေဆီ မရောင်းစားခဲ့ပေမဲ့ သူတို့နဲ့ စီးပွားရေး အများကြီး လုပ်ခဲ့ပြီး စပါးနဲ့ လက်နက်တွေလို မဟာဗျူဟာမြောက် ပစ္စည်းတွေကို ရောင်းချခဲ့တယ်။”

တုပိုင် အံ့သြသွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

“ဘာလို့လဲ။”

ကျုံးထိန်က ပြန်ဖြေလိုက်သည်။

“စီးပွားရေး လုပ်တာလေ။ စီးပွားရေး အကြီးကြီး လုပ်တာ။ တချို့လူတွေ ဘယ်လောက် ရက်စက်နိုင်လဲဆိုတာ မင်း တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး။ ငါတို့က ရွှီချန်ထျန်ကို စောင့်ကြည့်နေတာ ကြာပြီ။ သူ့ကို မသတ်ခင် ဝလာအောင် အရင် ကျွေးထားပြီးမှ တခြားလူတွေကိုပါ တစ်ပါတည်း ဆွဲချဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ မင်းလို ဘိုးဘေးလေး ရောက်လာတာနဲ့ ငါတို့က စောစောစီးစီး သတ်ပစ်လိုက်ရတာ။”

တုပိုင်က ပြောလိုက်သည်။ “အဲဒါဆိုရင်တော့ တောင်းပန်ပါတယ်။”

ကျုံးထိန်က ပြောလိုက်သည်။ “ကိစ္စ မရှိပါဘူး။ ခွေးတစ်ကောင်ပဲဟာ။ သတ်လိုက်တာ ဘာမှ မဖြစ်ဘူး။ ဒါ့အပြင် အဲဒီလိုလူတွေက အများကြီး ရှိသေးတယ်။ ရွှီချန်ထျန် တစ်ယောက်တည်း မဟုတ်ဘူး။ အမြတ်အစွန်းသာ လုံလောက်ရင် ဘယ်ကုန်သည်က တိုင်းပြည်ကို မရောင်းစားဘဲ နေမှာလဲ။ ဘယ်အင်အားကြီး မိသားစုက အင်ပါယာရဲ့ အကျိုးစီးပွားကို မရောင်းစားဘဲ နေမှာလဲ။”

ထိုခဏ၌ ဘေးနားမှ တုဖိန်အာ၏ အားနည်းသော အသံ ထွက်ပေါ်လာသည်။ “မောင်လေး။”

တုပိုင် မေးလိုက်သည်။ “အစ်မ။ ဘာဖြစ်လို့လဲ။”

တုဖိန်အာက ပြောလိုက်သည်။ “အစ်မ အန်ချင်လို့။ သွားအန်လို့ ရမလားဟင်။”

သူမသည် ဘေးနားတွင် ရပ်ပြီး ကြည့်ရှုရန် အတင်းအကျပ် တောင်းဆိုခဲ့သော်လည်း ယခုအခါတွင် တောင့်မခံနိုင်တော့ပေ။ တုပိုင် ထိတ်လန့်သွားပြီး ပြောလိုက်သည်။ “မြန်မြန် သွား။”

တုဖိန်အာသည် အလျင်အမြန် ပြေးထွက်သွားသော်လည်း တံခါးဝသို့ပင် မရောက်ခင် အန်ချလိုက်လေသည်။

ယခုအချိန်တွင် လူငယ်နယ်စားလေး လျူမန်ယွီသည် အသိပြန်ဝင်လာပုံရပြီး တုပိုင်နှင့် အခြားလူများကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မင်းတို့ မိန်းမစိုးတွေက လူ့အသက်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး အမှန်တရားကို မှင်အနက်သုတ်တယ်။ သမင်ကို မြင်းလို့ ခေါ်ရဲကြတယ်ပေါ့။ ပြီးတော့ ငါ့ရဲ့ မြူခိုးမျှော်စင်မှာ လူသတ်ရဲတယ် ဟုတ်လား။ အေး ငါ ဧကရာဇ်မင်းမြတ်ဆီ တိုင်စာပို့မယ်။ မင်းတို့ကို ထောင်ထဲပို့မယ်။”

တုပိုင်သည် ကျုံးထိန်ဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ပေ။

“ငါ့ကို လာမကြည့်နဲ့။” ကျုံးထိန်က ပြောလိုက်သည်။ “ဒီကောင်ကို သတ်လို့ မရဘူး။ သူက မြင့်မြတ်တဲ့ မိသားစုက သား။ သာမန် ကင်းလှည့်စစ်ဆေးရေးမှူး တစ်ယောက်နဲ့ မတူဘူး။ သူ့ကို သတ်တာက ခွေးတစ်ကောင်ကို သတ်သလိုမျိုး လုပ်လို့ မရဘူး။ နယ်စားမင်းရဲ့ သားကို သတ်တာက ကိစ္စကြီးတယ်။”

တုပိုင်က အဘယ်ကြောင့် ဤလူငယ်နယ်စားလေးကို သတ်ချင်ရမည်နည်း။ ဤအကောင်က ဦးနှောက်မရှိဘူး ဆိုလျှင်တောင် လျူဝူဟွမ်း၏ သားဖြစ်နေသေးပြီး သူတို့ကြားမှာ ဆွေမျိုးတော်စပ်မှု အနည်းငယ် ရှိနေသေးသည်။ သူ့ကို သင်ခန်းစာ ပေးလို့ရသော်လည်း သတ်၍ မရပေ။

ကျုံးထိန်၏ စကားကို ကြားသောအခါ လူငယ်နယ်စားလေးသည် ချက်ချင်းပင် ဘဝင်မြင့်သွားပြီး မတ်တတ်ရပ်ကာ တုပိုင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

“အခုမှ ကြောက်တတ်သွားတာလား။ ငါက တော်ဝင်နန်းတော်ရဲ့ မြင့်မြတ်တဲ့ သားတစ်ယောက် ဖြစ်မှန်း အခုမှ သိတာလား။”

လူငယ်နယ်စားလေးသည် သွားများကို ကြိတ်ကာ ဆက်ပြောလိုက်သည်။

“ငါ မင်းတို့ကို ပြောလိုက်မယ်။ အခုမှ နောက်ဆုတ်ချင်ရင်တော့ မင်းတို့ နောက်ကျသွားပြီ။ မင်းတို့ ကလိမ်ကကျစ်လုပ်ပြီး နန်းတွင်းအရာရှိ တစ်ယောက်ကို သတ်ခဲ့လဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်။”

“ငါ့ရဲ့ မြူခိုးမျှော်စင်မှာ ငါ့ရှေ့မှောက် ငါ့မျက်စိအောက်မှာတင် လူသတ်ရဲတယ်။ ဒီကိစ္စကို ဒီအတိုင်း ထားလိုက်လို့ မရဘူး။ လောကကြီးက မင်းတို့ မိန်းမစိုးအုပ်စုကြောင့် ပျက်စီးနေရတာကွ။ မင်းတို့က လူ့အသက်ကို မြေမှုန့်လို သဘောထားပြီး ပြည်သူတွေကို ဒုက္ခပေးတယ်။”

“ငါ ပြန်ရောက်တာနဲ့ ကွမ်ရှီးဘုရင်ခံဆီ စာရေးမယ်။ ပြီးရင် ငါ့အဖေနဲ့ ဘုရင်ခံ ပူးပေါင်းပြီး မင်းတို့ကို စွပ်စွဲပြစ်တင်ခိုင်းမယ်။ ဒီကိစ္စကို အမှုကြီး ဖြစ်အောင် လုပ်ပြီး ဧကရာဇ်မင်းမြတ်ကို ကွမ်ရှီးက မိန်းမစိုးအဖွဲ့အစည်း တစ်ခုလုံးကို သန့်စင်ရှင်းလင်းပြီး အကြီးစား ပြုပြင်ပြောင်းလဲမှု လုပ်ခိုင်းရမယ်။”

ဤတာဝန်မဲ့သော ငတုံးသခင်လေးသည် သူ့စိတ်ကူးယဉ်ကမ္ဘာထဲတွင် မျှော်လင့်ချက်မဲ့စွာ နစ်မြောနေလေ၏။ တစ်ခါတစ်ရံတွင် လူတစ်ယောက်သည် ဤမျှအထိ ဦးနှောက်မဲ့နိုင်သည်ကို တုပိုင် ယုံကြည်ရန် ခက်ခဲနေမိသည်။

တုပိုင် ရှေ့သို့ တိုးသွားပြီး သူ့ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

“ဖြောင်းးးး။”

ကျယ်လောင်သော ပါးရိုက်သံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

“အားးးး။ သောက်ခွေးမသား။ မင်း ငါ့ကို ရိုက်ရဲတယ်လား။” လူငယ်နယ်စားလေး လျူမန်ယွီ အံ့သြတကြီး အော်ဟစ်လိုက်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးက သူတို့အနေဖြင့် မြင့်မြတ်သော သားစဉ်မြေးဆက်များကို ထိပါး၍ မရကြောင်း ရှင်းရှင်းလင်းလင်း ပြောထားသော်လည်း တုပိုင်က သူ့လို လူငယ်နယ်စားလေးကို ရိုက်ရဲလေသည်။

တုပိုင်သည် စကားတစ်ခွန်းမျှ မပြောဘဲ ဘယ်ပြန်ညာပြန် စတင် ရိုက်နှက်တော့သည်။

လူငယ်နယ်စားလေး လျူမန်ယွီသည် ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း လီစန်းနှင့် လီစစ်တို့က သူ့လက်မောင်းများကို ချက်ချင်း ဖမ်းချုပ်လိုက်ကြသည်။

“ဖြောင်းးး။ ဖြောင်းးး။ ဖြောင်းးး။ ဖြောင်းးး။ ဖြောင်းးး။”

တုပိုင်သည် အလွန် ရက်စက်လှသည်။ သူ့လျင်မြန်မှုကို အမြင့်ဆုံးအထိ တင်လိုက်ပြီး လူငယ်နယ်စားလေးကို မြန်မြန်ဆန်ဆန်လေး အချက်ပေါင်း တစ်ရာကျော် ပါးရိုက်လိုက်လေသည်။

တကယ်ကို အချက်ပေါင်း ရာချီ ရိုက်နှက်ခြင်း ဖြစ်သည်။ တင်စားပြောဆိုခြင်း မဟုတ်ပေ။ ထိုရိုက်ချက်များက လူငယ်နယ်စားလေး လျူမန်ယွီ၏ ချောမောသော မျက်နှာကို ဝက်ခေါင်းဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်သည်။

အစပိုင်းတွင် လူငယ်နယ်စားလေးသည် ခေါင်းမာနေသေးသော်လည်း နောက်ပိုင်းတွင် အရိုက်ခံရသဖြင့် သူ၏ဖြစ်တည်မှုကိုပင် မေးခွန်းထုတ်လာရပြီး မိစ္ဆာမ တစ်ကောင်ကဲ့သို့ အော်ဟစ်နေတော့သည်။

“မင်းကို မောက်မာခွင့် ပေးထားလိုက်တာ… ငါ့အစ်မကို စော်ကားခွင့် ပေးထားလိုက်တာ… မင်းအဖေကြောင့်ပဲ။ မင်းအဖေသာ မရှိရင် ငါ မင်းကို သင်းကွပ်ပစ်တာ ကြာပြီ။ သောက်ခွားမသေးလေး။”

တုပိုင် ရိုက်နှက်ပြီးသွားသောအခါ လက်ပေါ်ရှိ သွေးများကို လက်ကိုင်ပဝါဖြင့် အရင် သုတ်လိုက်သည်။ ထို့နောက် ဝိုင်အိုးကို ယူပြီး လျူမန်ယွီ၏ ဝက်ခေါင်းကဲ့သို့ ဖြစ်နေသော မျက်နှာပေါ်သို့ ပက်လိုက်သည်။

ဝိုင်သည် ဖူးရောင်နေသော မျက်နှာကို စပ်ဖျင်းဖျင်း ဖြစ်သွားစေသဖြင့် နာကျင်လွန်း၍ ခုန်တက်လုနီးပါး ဖြစ်သွားသည်။

ထိုအချိန်မှာပင် အလျင်အမြန် လျှောက်လှမ်းလာသော ခြေသံများ ထွက်ပေါ်လာပြီး လင်းထျန်အခန်း တံခါး ပွင့်ထွက်သွားကာ ဖုန်းဝူနယ်စားမင်း လျူဝူဟွမ်းသည် နယ်စားအိမ်တော်မှ စစ်သည် ၁၀ ဦးကျော်ကို ဦးဆောင်၍ အခန်းထဲသို့ ဝင်ရောက်လာလေသည်။

အပိုင်း ၁၅၄ ပြီး။

All Chapters