← Chapters

စိတ်မပူပါနဲ့။ မင်းယောကျာ်းရဲ့ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိတယ်။

Vol. 16 Ch. 182

စိတ်မပူပါနဲ့။ မင်းယောကျာ်းရဲ့ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိတယ်။

Vol. 16 Ch. 182

ဤအချိန်တွင် ခရိုင်တရားသူကြီးမင်းအသစ်ကို ကြိုဆိုရန် အရာရှိများအားလုံး အစိုးရရုံးသို့ ရောက်ရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် ချွေ့စံအိမ်တွင် လူများများစားစား မရှိလောက်ပေ။

သူတို့သာ ဂရုတစိုက်လုပ်ဆောင်နေသရွေ့တော့ ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ သေချာပေါက် အောင်မြင်ပါလိမ့်မည်။

နှစ်ယောက်သား စိတ်ပိုင်းဖြတ်ပြီးသည်နှင့် နွားလှည်းကို လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ မောင်းသွားကြသည်။ ဟဲကျစ်ယန်သည် သူမ၏ လက်ကို ဝှေ့ယမ်းကာ နွားလှည်းနှင့် မော့ကျိုးယွီကို နေရာလပ်နယ်မြေထဲသို့ ယူဆောင်သွားခဲ့သည်။

ဤနေရာလပ်နယ်မြေထဲသို့ ဝင်ရောက်လာရခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရှင်းသည်။ နေ့ခင်းကြောင်တောင်တွင် မကောင်းမှုများကို မပြုလုပ်ခင်မှာ သူတို့၏ အပြင်အဆင်ကို ပြောင်းလဲဖို့ လိုအပ်ပေသည်။

ဟဲကျစ်ယန်သည် မိတ်ကပ်ပစ္စည်းအချို့ကို ထုတ်ယူကာ မော့ကျိုးယွီအား အရုပ်ဆိုးသော မျက်လုံး၊ နှာတံပြားပြီး နှုတ်ခမ်းထူသော အမျိုးသားအဖြစ် ပြောင်းလဲပေးခဲ့သည်။

ဒါက အားလုံး မဟုတ်ပါဘူး၊ သူမက မော့ကျိုးယွီကို နှုတ်ခမ်းမွေးလည်း တပ်ဆင်ပေးခဲ့ပါသေးသည်။

ထို့နောက် အနက်ရောင်အဝတ်အစားကို အစားထိုးရန်အတွက် တာ့ပေါင်မောလ်တွင် မီးခိုးရောင်ဝတ်စုံ တစ်စုံကို ဝယ်ယူခဲ့သည်။

မော့ကျိုးယွီကို သူမ ပြန်ကြည့်လိုက်တော့ သူ့မူလပုံစံနဲ့ လုံးဝ မတူတော့ဘူး။

ဟဲကျစ်ယန်သည် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်၊ “မော့ကျိုးယွီ၊ ဒီကမ္ဘာပေါ်မှာ အဆွဲဆောင်နိုင်ဆုံး လူနှစ်မျိုး ရှိတယ်ဆိုတာ ရှင် သိလား။”

သူမ သူ့ကို လှည့်စားနေမှန်း မသိဘဲ “ဘယ်လို လူမျိုးတွေလဲ” ဟု မော့ကျိုးယွီက ပြန်မေးလိုက်သည်။

“ဟားဟား… ဟားဟား…၊ တစ်မျိုးက အရမ်းကြည့်ကောင်းတဲ့လူမျိုး၊ နောက်တစ်မျိုးကတော့ ရှင့်ရဲ့ အခုလက်ရှိပုံစံမျိုးနဲ့ လူမျိုးပဲ။”

ဟဲကျစ်ယန်က ထိုသို့ ပြောနေရင်း မော့ကျိုးယွီအား ရေချိုးခန်းမှန်ရှေ့သို့ လူကို တွန်းပို့ထားပြီးပြီဖြစ်သည်။

မော့ကျိုးယွီသည် မှန်ထဲတွင် သူ့ကိုယ်သူ ပထမဆုံးမြင်လိုက်ရသောအခါတွင် သူ့အလိုလို နောက်ပြန်ဆုတ်သွားမိသည်။

မော့ကျိုးယွီက သူ့နှာခေါင်းသူ လက်ညှိုးထိုးပြပြီး “ဒီရုပ်ဆိုးတဲ့ ဘီလူးကောင်က ကိုယ်လား” ဟု မယုံကြည်နိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။

ဟဲကျစ်ယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ဟုတ်တယ်၊ အဲ့တာ ရှင်ပဲ။ ဘယ်လိုလဲ။ ကျွန်မရဲ့ ရုပ်ဖျက်စွမ်းရည်က အံ့ဩစရာကောင်းတယ်လို့ ရှင်ထင်လား။ ရှင့်အမေတောင် အခု ရှင့်ရဲ့ ဒီပုံစံကိုမြင်ရင် မမှတ်မိလောက်ဘူးလို့ ကျွန်မ ယုံကြည်တယ်။”

အမှန်တော့ သူ့အမေက သူ့ကို မမှတ်မိမယ့်အကြောင်းကို မပြောနဲ့ဦး၊ သူကိုယ်တိုင်တောင် သူ့ကိုယ်သူ မမှတ်မိဘူး…။

ဘာပဲဖြစ်ဖြစ် သူ့မိန်းမကို ရယ်မောအောင်လုပ်နိုင်ဖို့ နည်းနည်း ရုပ်ဆိုးသွားတာက ထိုက်တန်ပါတယ်လေ။

ဟဲကျစ်ယန်က ရယ်မောပြီး သူမကိုယ်သူမ ရုပ်ဖျက်လိုက်သည်။

သူမရဲ့ ဝတ်စားဆင်ယင်မှုက ပိုမို ရိုးရှင်းသည်။ သူမသည် ဖျင်ယန်းကောင်တီတွင် ဝတ်ဆင်ထားသော အမျိုးသားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်အချို့ကို ပေါ့ပေါ့ပါးပါး လိမ်းခြယ်လိုက်သည်။

နှစ်ယောက်သား ရုပ်ဖျက် အဝတ်အစား ပြောင်းဝတ်ပြီးနောက် နေရာလပ်နယ်မြေထဲမှ ထွက်လာခဲ့ကြသည်။

ချွေ့စံအိမ်အပြင်ဘက်သို့ ရောက်တော့ ခဏလောက် စောင့်ကြည့်ပြီးနောက် မော့ကျိုးယွီက ဟဲကျစ်ယန်ကို ခါးမှ ပွေ့ပြီး အထဲကို ဝင်ရန် နံရံကျော်တက်ဖို့ ကိုယ်ဖျော့စွမ်းရည်ကို အသုံးပြုခဲ့သည်။

သူတို့ နံရံကျော်တက်လိုက်သည်နှင့် ပိုးထည်ဝတ် အမျိုးသမီး ခုနစ်ဦး ရှစ်ဦးလောက်ကို အစေခံဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသားအချို့က ပင်မတံခါးဝဆီသို့ တွန်းထုတ်လာကြသည်ကို တွေ့လိုက်ရသည်။

အမျိုးသမီးငယ်များသည် ကျယ်လောင်စွာ အော်ဟစ်နေကြပြီး အချို့မှာ ပြန်ပြေးရန် ကြိုးစားသော်လည်း အစေခံများက သူတို့ ဆံပင်တွေကို ဆွဲပြီး ကြမ်းတမ်းစွာ ဆွဲထုတ်လာခဲ့ကြသည်။

ထိုအမျိုးသမီးများထဲတွင် ဟဲကျစ်ယန်သည် ဟယ်မိသားစုမှ အမြွှာညီအစ်မနှစ်ယောက်ကို ချက်ချင်း တွေ့လိုက်ရသည်။

သူတို့နှစ်ယောက် မငိုကြွေးကြသလို ရုန်းရင်းဆန်ခတ်လည်း မလုပ်ဘဲ အစေခံများကိုသာ ဆက်လက်၍ တောင်းပန်နေကြသည်။

“လူကြီးမင်း၊ ကျေးဇူးပြုပြီး ကျွန်မတို့ညီအစ်မကို သနားပါဦး၊ ကျွန်မတို့ကို အဲဒီနေရာမျိုးမှာ မရောင်းချပါနဲ့။”

ထိုညီအစ်မနှစ်ယောက်က တခြားသူတွေလို မငိုတာကို မြင်တော့ အစေခံက နည်းနည်းတော့ သနားမိသွားသည်။

“ဒါက ခရိုင်တရားသူကြီးမင်းချွေ့က အမိန့်ပေးထားတာ။ မင်း ငါတို့ကို တောင်းပန်နေတာက အသုံးမဝင်ဘူး။ မင်း ငါတို့နဲ့ အတူ နာခံမှုရှိရှိ လိုက်လာမယ်ဆိုရင် ပိုကောင်းလိမ့်မယ်။ ဒါမှ မင်းတို့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို သက်သာစေလိမ့်မယ်။”

ထိုညီအစ်မက “လူကြီးမင်း၊ ကျွန်မတို့ကို ခရိုင်တရားသူကြီးမင်းချွေ့နဲ့ တွေ့ဖို့ ခေါ်သွားပေးပါလား။” ဟု ဆက်လက်၍ တောင်းပန်တိုးလျှိုးခဲ့သည်။

“မင်းတို့ ဒီအကြံကို စွန့်လွှတ်လိုက်တာ ပိုကောင်းလိမ့်မယ်။ ခရိုင်တရားသူကြီးမင်းချွေ့က မင်းတို့အပေါ် ခံစားချက်ရှိရင် သူက မင်းတို့ကို ပြည့်တန်ဆာအိမ်ကို မရောင်းဘူး။”

“လူကြီးမင်း ကျေးဇူးပြုပြီး...”

သူတို့ရဲ့ အသနားခံသံတွေ အားနည်းလာပြီး မကြာခင်မှာပဲ ချွေ့စံအိမ်တံခါးဝမှာ ပျောက်ကွယ်သွားခဲ့သည်။

ဟဲကျစ်ယန်သည် လှောင်ရယ်ရယ်မောလိုက်သည်။ “ဒီခရိုင်တရားသူကြီးမင်းချွေ့က တကယ် လက်တွေ့ကျတယ်။ သူက မစွမ်းဆောင်နိုင်တော့ဘူးဆိုတာ သိလိုက်ရတော့ ဒီအမျိုးသမီးတွေကို ငွေနဲ့ လဲလှယ်ဖို့ ဆုံးဖြတ်လိုက်တာ မဆိုးဘူးပဲ။”

ဟဲကျစ်ယန်သည် မူလက ဤအရာကို ညည်းညူရန်သာပြောခဲ့သော်လည်း မော့ကျိုးယွီသည် သူ့နားထဲတွင် ကွဲပြားသော အဓိပ္ပါယ်ကို ခံစားလိုက်ရသည်။

မော့ကျိုးယွီသည် သူ့အကျင့်အရ ဟဲကျစ်ယန်၏ ဦးခေါင်းလေးကို အသာအယာ ထိတွေ့ပြီး “စိတ်မပူပါနဲ့။ မင်းယောကျာ်းရဲ့ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလည်း ရှိတယ်။” ဟု ပြောလိုက်သည်။

ဟဲကျစ်ယန်…

ရှင့်အတွေးရထားကတော့ လမ်းကြောင်းလွဲနေပြီ။

အဲဒါကို စဉ်းစားဖို့ အချိန်မရှိဘူး။ ယခုအချိန်တွင် အနောက်ခြံဝင်းတွင် လူသိပ်မရှိသောကြောင့် ခိုးဝင်ဖို့ အချိန်ကောင်း ဖြစ်သည်။

မော့ကျိုးယွီသည် သူမ၏ လက်ကို ဆွဲကာ ခြံဝင်းထဲ ပြေးဝင်သွားလိုက်သည်။

မနေ့ညက လျန့်ဟောက်တို့ကို အတိအကျ မေးမြန်းထားသဖြင့် ချွေ့မိသားစု၏ ဂိုဒေါင်သည် ပင်မဝင်းဘေးတွင် ရှိကြောင်း သူတို့ သိထားသည်။

ထို့ကြောင့် သူတို့နှစ်ဦးသည် ဂိုဒေါင်၏ တည်နေရာကို အားစိုက်ထုတ်စရာမလိုဘဲ ရှာဖွေနိုင်ခဲ့သည်။

ဂိုဒေါင်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ နေထိုင်သည့် ခြံဝင်းနှင့် နံရံတစ်ခုတည်းသာ ခြားပြီး ဆေးသေတ္တာများ ကိုင်ဆောင်ထားသည့် သမားတော်များစွာ ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသမားတော်များ၏ အမူအရာများသည် သူတို့ဘိုးဘေးများကို ဆုံးရှုံးလိုက်ရသလိုပင် အရုပ်ဆိုးနေကြသည်။

အိမ်တော်ထိန်းက သူတို့ကို ဆက်လက် ဖိအားပေးနေတဲ့အတွက် ဒီလိုဖြစ်နေတာ အံ့ဩစရာ မရှိပါဘူး။

“ခင်ဗျားအားလုံးက ယွင်ချန်မှာရှိတဲ့ နာမည်ကြီး သမားတော်တွေပဲ။ ခရိုင်တရားသူကြီးမင်းရဲ့ ဒဏ်ရာကို ဘယ်လိုလုပ်ပြီး မကုသနိုင်ကြတာလဲ။ ခရိုင်တရားသူကြီးမင်းက သူ့ဒဏ်ရာ မသက်သာမချင်း ခင်ဗျားကို ပြန်ခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားတယ်။”

သမားတော် တော်တော်များများ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးတစ်ဦးက ခါးသီးသော အမူအရာဖြင့် ရှေ့တက်သွားခဲ့သည်။

“အိမ်တော်ထိန်းကြီး၊ လက်ထောက်ခရိုင်တရားသူကြီးမင်းက ကျွန်တော်တို့ကို အရမ်းအထင်ကြီးလွန်းနေပြီ။ နန်းတော်ထဲက မိန်းမစိုးတွေတောင် ရာထူးနဲ့ စည်းစိမ်ဥစ္စာတွေရရှိပြီးနောက် ယောကျာ်းဘဝကို ပြန်ရဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ရှေးခေတ်ကနေ အခုအချိန်အထိ ဘယ်သူမှ မအောင်မြင်သေးဘူး။ ကျွန်တော်တို့လို မြို့ငယ်လေးက သမားတော်တွေက ဒီလောက် ကြီးကျယ်တဲ့ ဆေးပညာ အရည်အချင်း ဘယ်လိုရှိနိုင်မှာတဲ့လဲ။”

အခြားသမားတော်များစွာကလည်း သူ့ပြောစကားကို ထောက်ခံခဲ့ကြသည်။

“ဟုတ်တယ်၊ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ရဲ့ ရောဂါကို ကုသဖို့ ကျွန်တော့်မှာ နည်းလမ်း မရှိဘူး။”

“အိမ်တော်ထိန်းကြီး၊ ကျေးဇူးပြုပြီး လက်ထောက်ခရိုင်တရားသူကြီးမင်းရှေ့မှာ ကျွန်တော်တို့အတွက် စကားကောင်းလေး နည်းနည်းလောက် ပြောပေးပြီး ကျွန်တော်တို့ကို ပြန်လွှတ်ပေးဖို့ ပြောပေးပါဦး။”

“ကျွန်တော်တို့မိသားစုတစ်ခုလုံးက ကျွန်တော့်ကို မှီခိုအားထားနေကြရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် စကားကောင်းလေးပြောပေးပါဦး။”

“…”

သမားတော်များ၏ အသနားခံမှုကို ရင်ဆိုင်ရသောအခါတွင် အိမ်တော်ထိန်းက သူတို့ကို လျစ်လျူရှုပြီး ခြံအပြင်ဘက်သို့ လှမ်းအော်ပြောလိုက်သည်။

“လူနည်းနည်းလောက် ဒီကို လာခဲ့ကြဦး။ ဒီသမားတော်တွေကို စောင့်ကြည့်ထား။ သူတို့ထဲက တစ်ယောက်ယောက် ထွက်ပြေးသွားတာနဲ့ မင်းတို့ တာဝန်ယူရမယ်။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် အမှောင်ထဲတွင် စောင့်ကြည့်နေခဲ့သည်။ ဂိုဒေါင်အပြင်ဘက်မှာ စောင့်နေတဲ့ အစေခံ ( ၃ ) ယောက်ထဲမှ ( ၂ ) ယောက်က ချက်ချင်း ထွက်သွားပြီး ပင်မဝင်းထဲကို ဝင်သွားခဲ့သည်။

အစောင့် ( ၁ ) ယောက်ပဲ ကျန်တော့တာက သူတို့အတွက် ပိုအဆင်ပြေတယ်။

မော့ကျိုးယွီသည် ဂိုဒေါင်စောင့် အစေခံနောက်သို့ အလျင်အမြန် ပြေးသွားပြီး လက်ဝါးစောင်းခုတ်ပြီး သတိလစ်သွားစေကာ ထောင့်နားသို့ ဆွဲချလိုက်သည်။

ဟဲကျစ်ယန်သည် အဆိုပါ အခွင့်အရေးကို အရယူကာ နှစ်ယောက်သား ပြတင်းပေါက်မှ ခုန်ဝင်သွားခဲ့သည်။

ဂိုဒေါင်အား ရှင်းလင်းသေသပ်စွာ ပြုပြင်ထားပြီး အခိုးခံထားရတဲ့ လက္ခဏာ တစ်ခုမျှ မတွေ့ရပေ။

လျန့်ဟောက်တို့ပြောသည့်အတိုင်း သယ်ယူရခက်ခဲသော ကြီးမားသော ပစ္စည်းများမှာ အထဲတွင် ကျန်နေခဲ့သည်။

ဟဲကျစ်ယန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အမှန်တကယ်ပင် ဉာဏ်အလင်းရသွားခဲ့သည်။

ငွေတုံးများနှင့် ငွေစက္ကူများ ပြတ်လပ်ခြင်း မရှိသည့်အပြင် ဂိုဒေါင်ထဲတွင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ၊ ကျောက်စိမ်း အဆင်တန်ဆာများ၊ ရှေးဟောင်း လက်ရေးလှ၊ ပန်းချီများ၊ ပိုးထည်များနှင့် ဖဲထည်များ ပါရှိသော စင်များ ပတ်ပတ်လည်တွင် အပြည့်ရှိသည်။

ဟဲကျစ်ယန်သည် သူမ၏ လက်ကို ဝှေ့ယမ်းပြီး ဂိုဒေါင်ထဲက ပစ္စည်းအားလုံးကို ပျောက်ကွယ်သွားစေခဲ့သည်။

အခုဆို နေရာလပ်နယ်မြေဟာ နေရာပိုကျယ်လာတဲ့အတွက် သိုလှောင်မှုဆိုင်ရာ ပြဿနာများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့ပါ။ သူမသည် စင်များ အပါအဝင် အရာအားလုံးကို နေရာလပ်ထဲသို့ ပို့ဆောင်ခဲ့သည်။

ပစ္စည်းတွေ တစ်ခုမှ မကျန်အောင် အသေအချာ စစ်ဆေးပြီးမှ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။

သို့သော် ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်နှင့် အစေခံ ( ၂ ) ဦး ခြံရံပြီး လှပစွာ ဝတ်စားဆင်ယင်ထားသော အသက် ( ၃၀ ) အရွယ် အမျိုးသမီး တစ်ဦးနှင့် ပက်ပင်းတိုးမိခဲ့သည်။

ထိုအမျိုးသမီးနှင့် အတူရှိနေသည့် အစေခံ ( ၂ ) ဦးသည် ထူးဆန်းသော လူ ( ၂ ) ဦးကို တွေ့တော့ ချက်ချင်း ထအော်ခဲ့သည်။

“သခင်မ၊ သူခိုးတွေ။”

သခင်မချွေ့သည် သူတို့ကိုမြင်တော့ “သူခိုးဖမ်းကြ” ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဒါကိုမြင်တော့ ဟဲကျစ်ယန်သည် နေရာလပ်ထဲမှ အိပ်ဆေး လက်တစ်ဆုပ်စာကို ထုတ်ပြီး သူတို့ဆီ ပက်ဖြန်းလိုက်သည်။

သခင်မချွေ့နှင့် သူ့အစေခံများ သိပ်မကြာမီ ပျော့ခွေလဲကျသွားခဲ့သည်။

မော့ကျိုးယွီသည် လျင်မြန်စွာ ချဉ်းကပ်လာသော ခြေသံများကိုကြားတော့ ဟဲကျစ်ယန်အား ပွေ့ချီပြီး အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။

အစေခံများ နီးကပ်လာသည်ကို မစောင့်ဘဲ နှစ်ယောက်သား ခြံထဲက ခုန်ထွက်သွားခဲ့ကြသည်။

***

All Chapters