← Chapters

လက်အောက်ငယ်သားများ၏ နစ်နာချက်များကိုပင် မဖြေရှင်းနိုင်သူတစ်ဦးသည် အနာဂတ်တွင် အရေးကြီးသော တာဝန်များကို မည်သို့ ကိုင်တွယ်ပေးနိုင်ပါ့မည်နည်း။

Vol. 16 Ch. 184

လက်အောက်ငယ်သားများ၏ နစ်နာချက်များကိုပင် မဖြေရှင်းနိုင်သူတစ်ဦးသည် အနာဂတ်တွင် အရေးကြီးသော တာဝန်များကို မည်သို့ ကိုင်တွယ်ပေးနိုင်ပါ့မည်နည်း။

Vol. 16 Ch. 184

ဟဲကျစ်ယန်သည် ဟင်နရီ၏ စကားများကို မုန့်ဟွေ့နင်အတွက် ဘာသာပြန်ဆိုပေးသည်။

မုန့်ဟွေ့နင်သည် နိုင်ငံခြားသားများကို မငြင်းပယ်ခဲ့ပေ။ တကယ်တမ်းပြောရရင် ထိုအချိန်က နိုင်ငံခြားသားတွေက ဒီမြေကို ထိခိုက်အောင် မလုပ်ရသေးဘူး။

သို့သော်လည်း သူသည် လူသစ်တစ်ဦးဖြစ်ပြီး ယွင်ချန်မြို့တွင် မည်သည့်အရာနှင့်မျှ မရင်းနှီးခဲ့ပေ။

ထို့ကြောင့် မုန့်ဟွေ့နင်မှ တာဝန်ရှိသူတစ်ဦးကို တိုက်ရိုက်လှမ်းခေါ်ပြီး “ယွင်ချန်မြို့မှာ သင်္ဘောပြုပြင်တတ်သူတွေ ရှိလား” ဟု မေးလိုက်သည်။

လှမ်းခေါ်ခံလိုက်ရသည့် အရာရှိက အလွန်ရိုကျိုးစွာ ပြန်ဖြေခဲ့သည်၊ “အရှင်၊ ကျွန်တော်တို့ ယွင်ချန်မြို့က ပင်လယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာဆိုတော့ တံငါသည် အများစုက လှေပြင်တတ်ကြတယ်။”

မုန့်ဟွေ့နင်က သဘောပေါက်ပြီး ဟဲကျစ်ယန်အား ပြောလိုက်သည်၊ “ခယ်မလေး မင်း သူ့ကို ဒီအကြောင်း ပြောပြပေးပါဦး။”

ဟဲကျစ်ယန်သည် အရာရှိ၏ ပြောစကားများကို ဟင်နရီဆီသို့ ဘာသာပြန်ဆိုပေးခဲ့သည်။

ဒီစကားကိုကြားတော့ ဟင်နရီက ဝမ်းသာအားရ ပြောဆိုလိုက်သည်။ “မိန်းကလေး ဟဲကျစ်ယန်၊ ကျွန်တော်နဲ့ အတူ လိုက်ပေးလို့ ရမလား။”

သင်္ဘောပြင်သမားကို ဟင်နရီက ဘယ်မှာ ရှာရမယ်ဆိုတာကို သိနေရင်တောင်မှ သူတို့နဲ့ ဆက်သွယ်သို့ မရဘူးဆိုတာကို ဟဲကျစ်ယန် သိပေသည်။ သူမ သူနှင့် အတူ လိုက်ပေးဖို့ လုံးဝ လိုအပ်ပါသည်။

ဒါပေမယ့် ဒီနေ့တော့ အလုပ်မဖြစ်မှာကို စိုးရွံ့မိသည်။

မွန်းတည့်ချိန်နီးနေပြီ။ ဒီနေ့ သူတို့ ခရီးထွက်ရသည့် ရည်ရွယ်ချက်က ဆေးဖက်ဝင်ပစ္စည်းတွေ ဝယ်ဖို့ပါပဲ။

ပဥ္စမအစ်ကို ရောဂါမထခင် အမြန်ပြန်ဖို့ လိုအပ်ရုံသာမက ညဘက် ဘယ်မှာနေရမလဲဆိုတာကို ကူညီဖြေရှင်းပေးဖို့ မုန့်ဟွေ့နင်ကို အကူအညီတောင်းရပေမည်။

မုန့်ဟွေ့နင် ရှေ့တက်မယ်ဆိုလျှင် ဒီကိစ္စကို အခြေကနေ ဖြေရှင်းနိုင်ပေလိမ့်မည်။

ထို့ကြောင့် ယခု သူတို့၏ အခြေအနေကို မုန့်ဟွေ့နင်အား ရှင်းပြရပေမည်။

ဟဲကျစ်ယန်သည် ဟင်နရီထံ သူ့လက်ကို ဝှေ့ယမ်းပြီး တောင်းပန်လိုက်သည် - “တောင်းပန်ပါတယ်၊ ကျွန်မမိသားစုမှာ ဒီနေ့ လုပ်စရာလေးတွေ ရှိနေလို့ပါ။ မနက်ဖြန် ကျွန်မ အားတဲ့အခါကျရင် ရှင့်ကို တံငါရွာကို လိုက်ပို့ပေးပါ့မယ်။”

ဟင်နရီသည် ယွင်ချန်မြို့တွင် ရက်အတော်ကြာ ပိတ်မိနေခဲ့ပြီး နောက်ဆုံးတွင် သူနှင့် ပြောဆိုဆက်သွယ်နိုင်သော တစ်စုံတစ်ယောက်ကို ရှာတွေခဲ့တာဖြစ်သည့်အတွက် သူ အလျင်လိုနေရင်တောင် စိတ်ရှည်ရပါမည်။

“ကောင်းပြီလေ၊ ဒါဆို မနက်ဖြန်မှ တွေ့ကြတာပေါ့။”

ဟင်နရီနှင့် ဆက်သွယ်ပြီးနောက် ဟဲကျစ်ယန်သည် မုန့်ဟွေ့နင်နှင့် စကားပြောဆိုရန် မော့ကျိုးယွီနှင့် အတူလိုက်ပါသွားခဲ့သည်။

မုန့်ဟွေ့နင်မှာလည်း တူညီတဲ့ အကြံအစည်ရှိတာကြောင့် သူတို့နှစ်ဦးကို ခရိုင်အစိုးရရုံးထဲမှာ စကားပြောဖို့ ဖိတ်ခေါ်လိုက်သည်။

မုန့်ဟွေ့နင်သည် ဤနေရာတွင် ပတ်ဝန်းကျင်နှင့် မရင်းနှီးသေးပါ။ သူ တာဝန်ထမ်းဆောင်ရန် တုန်းဖန့်ကောင်တီသို့သွားသောအခါ၊ သူ့ကို ဒေသခံ ခရိုင်တရားသူကြီးမင်းက သူ့ကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းတာဝန်များကို ရှင်းလင်းစွာ လွှဲပြောင်းပေးခဲ့သည်။

ဒါပေမယ့် ယွင်ချန်မြို့သို့ သူရောက်လာပြီဆိုတဲ့သတင်းကို အကြောင်းကြားထားပြီးသားဖြစ်တာကိုတောင် ခရိုင်တရားသူကြီးမင်းကို ဒီမှာ ဘာဖြစ်လို့ မတွေ့ရတာလဲ။

မုန့်ဟွေ့နင်သည် ဤကိစ္စအတွက် အလွန်အံ့ဩသွားသည်။

လမ်းကို ဦးဆောင်နေတဲ့ အရာရှိကို ခေါ်ပြီး “မင်းတို့ ခရိုင်တရားသူကြီးမင်းက ဘယ်မှာလဲ” ဟု မေးလိုက်သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အကြောင်း မေးသောအခါ အရာရှိသည် တုံ့ဆိုင်းသွားပြီး ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားသည်။

အကယ်၍ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ သားစဉ်မြေးဆက်အမြစ်ကို အန္တရာယ်ပြုခံခဲ့ရကြောင်းကို ခရိုင်တရားသူကြီးမင်း သိရှိသွားပြီးနောက် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ရာထူးမှ ထုတ်ပယ်ခြင်း မရှိပါက သူသည် ကုန်းတိုက်သူ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ဆန့်ကျင်ဘက်အနေဖြင့် အမှန်အတိုင်း မပြောပြန်ရင်လည်း ခရိုင်တရားသူကြီးမင်းကို စော်ကားမိရာရောက်ပေလိမ့်မည်။

အရာရှိများသည် ဤလူနှစ်ဦးကို မစော်ကားဝံ့သဖြင့် အလွန်တွန့်ဆုတ်နေပုံရသည်။

ဒါကိုမြင်တော့ မော့ကျိုးယွီက သူ့ပြဿနာကို ကူညီဖြေရှင်းပေးဖို့ အစပျိုးခဲ့သည်။

“အစ်ကိုမုန့်၊ ဒီနေ့ ကျွန်တော်တို့ မြို့ထဲကို ဝင်လာတုန်းက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က မနေ့ညက သူ့သားစဉ်မြေးဆက်အမြစ် ဒဏ်ရာရသွားတဲ့အတွက် အခု အိမ်မှာ ကုသနေရတယ်ဆိုတဲ့ ကောလဟာလကို ကျွန်တော် ကြားမိတယ်။”

ထိုသတင်းသည် မုန့်ဟွေ့နင်အား အလွန်အံ့အားသင့်သွားစေခဲ့သည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့အား ထိုကဲ့သို့ ဒဏ်ရာရစေသူသည် သူ့အား အလွန်မုန်းတီးပုံရသည်။

မုန့်ဟွေ့နင်က တွေးနေတုန်းမှာပဲ မော့ကျိုးယွီက ချုံပုတ်တစ်ဝိုက်ကို ရိုက်နှက်ဖို့ မရည်ရွယ်ထားဘူး။ ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ပြဿနာကို ဖြေရှင်းဖို့ပါပဲ။

“အစ်ကိုမုန့်၊ မနေ့က ကျွန်တော်တို့ ယွင်ချန်မြို့ကို ရောက်ချိန်မှာ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က ကျွန်တော်တို့ကို အနိုင်ကျင့်ခဲ့တယ်။ သူက သူ့မျိုးနွယ်စုဝင်တွေ နေထိုင်တဲ့ ရွာမှာ ကျွန်တော်တို့ကို တမင်တကာ နေရာချပေးခဲ့တယ်။ ဒီလို ရာသီဥတုမျိုးမှာ ကျွန်တော်တို့ထဲ အယောက် ( ၃၀ ) လောက်က တစ်ညလုံး အပြင်မှာ အိပ်ခဲ့ရတယ်။”

“ညီလေးမော့၊ အစ်ကိုတို့ အထဲဝင်ပြီး အသေးစိတ် စကားပြောကြရအောင်” မုန့်ဟွေ့နင်သည် ထိုသို့ပြောပြီးသည်နှင့် မော့ကျိုးယွီတို့ဇနီးမောင်နှံအား စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

အရာရှိက အရမ်းသိတတ်လိမ္မာသည်။ လူတွေထိုင်ပြီးတာနဲ့ လက်ဖက်ရည် ပြင်ဆင်ပေးပြီး အခန်းတံခါးကို ပိတ်ပေးလိုက်သည်။

မုန့်ဟွေ့နင်သည် အေးအေးဆေးဆေး စကားမပြောမီ လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။

“အစ်ကိုမော့နဲ့ ခယ်မလေး၊ အစ်ကို မင်းတို့ဆီ ဘာမှ ကွယ်ဝှက်ထားမှာ မဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် လူကြီးမင်းဖေးက အစ်ကို့ကို ခရိုင်တရားသူကြီးမင်းအဖြစ် ယွင်ချန်မြို့မှာ တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးလိုက်တာပါ။”

ယွင်ချန်မြို့သည် ကြမ်းတမ်းပြီး အေးခဲသော ပတ်ဝန်းကျင်ရှိကာ ဝေးလံခေါင်သီသော နေရာတွင် တည်ရှိသည်။ ဖေးနန်ယွီသည် မုန့်ဟွေ့နင်အား အဘယ်ကြောင့်များ ဤနေရာသို့ စေလွှတ်ဖို့ စီစဉ်ခဲ့မှန်း မော့ကျိုးယွီ နားမလည်နိုင်ခဲ့ပါ။

“ဘာဖြစ်လို့ ဒီလို စီစဉ်ပေးတာလဲ။”

မုန့်ဟွေ့နင်က ခါးသီးစွာ ပြုံးလိုက်သည်။ “တုန်းဖန့်ကောင်တီမှာ အလောင်းတွေ မီးရှို့တဲ့ အဖြစ်အပျက်ကလွဲလို့ အခြား မရှိဘူးလေ။”

ခေတ္တရပ်နားပြီးနောက် မုန့်ဟွေ့နင်က ဆက်ပြောသည်။

“ခယ်မလေးက သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးရှို့ဖို့ အကြံပြုတယ်။ ဒါက နောင်ဖြစ်လာမယ့် ဒုက္ခတွေကို ကြိုတင်ကာကွယ်ဖို့ နည်းလမ်းကောင်းတစ်ခုပဲ။

မင်းသားချီက ဘေးဒုက္ခ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ လူတွေကို ဦးဆောင်ပြီးရောက်လာတဲ့အခါမှာ ဒီအကြောင်းကို အစ်ကိုက ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့တယ်။

မင်းသားချီက အစပိုင်းမှာ သဘောတူပြီး သူ့လူတွေကို အစ်ကိုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်။

သေဆုံးသူတွေရဲ့ အလောင်းတွေကို မီးရှို့ဖို့ အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ပလိပ်ရောဂါကို ကုသဖို့အတွက် ဆေးဝါးများ ပြင်ဆင်ဖို့ ဆေးဖက်ဝင်အပင်များကို ရှာဖွေဖို့ နည်းလမ်းပေါင်းစုံနဲ့ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု အနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်တယ်လို့ဆိုနိုင်ခဲ့တယ်။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးခါနီးမှာ အလောင်းတွေကို မီးရှို့တာ လက်မခံနိုင်ဘူး၊ တရားရုံးက မိသားစုဝင်တွေကို ရှင်းလင်းချက် ပေးရမယ်ဆိုပြီး နောက်ကွယ်ကနေ ဘယ်သူက သွေးထိုးလှုံ့ဆော်မှန်း မသိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းသားချီက သွေးထိုးလှုံ့ဆော်သူတချို့ကို ဖမ်းဆီးဖို့ လူတွေ စေလွှတ်ခဲ့ပေမယ့် ပြည်သူတွေက အဲဒီလူတွေ ပြောတာကို လုံးလုံး ယုံကြည်နေခဲ့ပြီ။ သူတို့ ဆက်ပြီး ပြဿနာရှာနေသရွေ့ တရားရုံးကနေ သေချာပေါက် လျော်ကြေးရလိမ့်မယ်လို့ သူတို့က ယူဆတယ်။

ဒါကိုမြင်တော့ မင်းသားချီက သူ့မူလရည်ရွယ်ချက်ကို ပြောင်းလဲခဲ့ပြီး ပြည်သူတွေကို ရှင်းပြချက်ပေးတာက ပြည်သူတွေ လိုချင်တဲ့အရာလို့ သူ ယုံကြည်ခဲ့တယ်။ သူက ပြည်သူတွေကို လျော်ကြေးငွေ တစ်စုံတစ်ရာ မပေးနိုင်တာကြောင့် အလောင်းတွေကို မီးရှို့ရာတွင် တာဝန်ခံဖို့ ဓားစာခံကို ဖယ်ရှားပြီး စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်ခဲ့တယ်။

‘ဓားစာခံ’ လို့ပြောရင် ယုံမှားသံသယ မရှိ ငါပဲ ဖြစ်ရတော့မှာပေါ့။

မင်းသားချီက အစ်ကို့ကို အပြစ်ပုံချတော့မှာကိုမြင်တော့ ရာထူးကနေ ဖယ်ရှားဖို့ သူ့အပြောကို မစောင့်ဘဲ တိုက်ရိုက်နှုတ်ထွက်ဖို့ အစ်ကို ကြံစည်ခဲ့တယ်။

လူကြီးမင်းဖေးက ဒါတွေအားလုံးကို မြင်တယ်။ မင်းသားချီက သူ့ကို အရမ်းယုံကြည်တယ်။ လူကြီးမင်းဖေးရဲ့ အကြံပေးချက်အရ မင်းသားချီက အစ်ကို့ကို တုန်းဖန့်ကောင်တီကနေ ပြောင်းရွှေ့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီတုန်းက အစ်ကို့အတွက် ရွေးချယ်စရာ ဝေးလံခေါင်ဖျားတဲ့ နယ်မြို့ ( ၃ ) နေရာ ရှိတယ်။ အစ်ကို ရွေးချယ်မှု မပြုလုပ်ခင်မှာ လူကြီးမင်းဖေးက အစ်ကို့ကို လာတွေ့ပြီး ယွင်ချန်မြို့ကို သွားဖို့ အကြံပြုခဲ့တယ်။

ဒီကို လာရတဲ့ အဓိက ရည်ရွယ်ချက်က မင်းတို့ ဒီမှာ ပြည်နှင်ဒဏ်ပေးခံရလို့ဖြစ်ပြီး မင်းတို့ကို ဂရုစိုက်ပေးဖို့ ရင်းနှီးတဲ့ အရာရှိတစ်ယောက် ရှိတာက မင်းတို့အတွက် ပိုအဆင်ပြေလိမ့်မယ်။

လူကြီးမင်းဖေး မပြောခဲ့ရင်တောင် အစ်ကိုက ဒီကို လာဖို့ စီစဉ်ထားပါတယ်။ လူကြီးမင်းဖေးနဲ့ အစ်ကိုတို့ အကြံလာတူနေကြတယ်လေ။

နောက်သုံးရက်ကြာတော့ လူကြီးမင်းဖေးရဲ့ စီစဉ်မှုအရ အစ်ကိုက တုန်းဖန့်ကောင်တီကနေ ထွက်ခွာလာပြီး ဒီနေရာကို အမြန်ပြေးလာခဲ့တာပဲ။”

မုန့်ဟွေ့နင်၏ ပြောစကားကို နားထောင်ပြီးနောက် ဟဲကျစ်ယန်သည် နန်ချီကို သူ့စိတ်ထဲ ဆူပူကြိမ်းမောင်းခဲ့သည်။

မင်းသားတစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်ပြီး တာဝန်ယူမှု တာဝန်ခံမှုမျိုး မရှိရတာလဲ။

သူ့မှာ အရည်အချင်းရှိတဲ့ ဝန်ကြီးတစ်ယောက်၏ စိတ်နှလုံးကို အနိုင်ယူဖို့ အခွင့်အရေးရှိပေမယ့် တခြားသူကို ပေးလိုက်မိပေသည်…။

မော့ကျိုးယွီက နည်းနည်းလောက် ပိုတွေးခဲ့သည်။ “တကယ်လို့ နန်ချီကသာ အစ်ကို့ကို အပြစ်မပေးခဲ့ဘူးဆိုရင် အစ်ကို့ရဲ့ ဘေးဒုက္ခ ကယ်ဆယ်ရေး လုပ်ငန်းစဉ် အောင်မြင်မှာ သေချာတယ်၊ အစ်ကို မြို့တော်ကို ပြန်ရောက်တဲ့အခါကျ ဒါက နာမည်ကောင်း ရမှာ အမှန်ပဲ။”

မုန့်ဟွေ့နင်က ခါးသီးစွာ ပြုံးလိုက်သည်။ “ဒါတော့ အမှန်ပဲ။ ဒီလိုမျိုး ကြုံခဲ့ရတော့ အစ်ကို့ရဲ့ ခါးသီးမှုတွေကို မင်းတို့ဆီမှာ ဖွင့်ဟထုတ်ပြောဖို့ပဲ အစ်ကို့မှာ တတ်နိုင်တော့တယ်။”

မော့ကျိုးယွီသည်လည်း အလားတူ ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ လက်အောက်ငယ်သားများ၏ နစ်နာချက်များကိုပင် မဖြေရှင်းနိုင်သူတစ်ဦးသည် အနာဂတ်တွင် အရေးကြီးသော တာဝန်များကို မည်သို့ ကိုင်တွယ်နိုင်မည်နည်း။

နန်ချီ၏ ရာဇပလ္လင်ကို တစ်စုံတစ်ယောက်မှ လုယူသွားကြောင်း သမိုင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသည်မှာ အံ့ဩစရာ မဟုတ်ပေ။

သေချာပါတယ်၊ နန်ချီက သူ့ရဲ့ ပျက်စီးရာ ပျက်စီးကြောင်း ဒုက္ခအားလုံးကို သူ့ကိုယ်တိုင် ယူဆောင်လာခဲ့ခြင်းကြောင့် ဖြစ်တာပါ။ တာ့ရွှင်းတိုင်းပြည်ကို ကာကွယ်ဖို့အတွက် အလွန်ကြိုးစားခဲ့ကြသော သူ့ဖခင်နှင့် ညီအစ်ကိုများအကြောင်းကို သူ ပြန်တွေးမိသည်။

မုန့်ဟွေ့နင်သည် သူ့ကိုယ်ပိုင်ဇာတ်လမ်းကို ပြန်ပြောပြပြီးနောက်တွင်၊ သူသည် သူ့စိတ်သဘောထားကို အလျင်အမြန် ပြုပြင်ပြောင်းလဲပြီး လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ အနိုင်ကျင့်ခြင်းကို ခံရသည့် မော့ကျိုးယွီတို့၏ မိသားစုအကြောင်းကို ဆက်လက်မေးမြန်းခဲ့သည်။

မော့ကျိုးယွီသည် မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို အပိုစာသား မထည့်ဘဲ မုန့်ဟွေ့နင်အား အတိအကျ ပြန်ပြောပြခဲ့သည်။

ထိုစကားကိုကြားပြီးနောက် မုန့်ဟွေ့နင်သည် ဒေါသအလွန်ထွက်ကာ စားပွဲကို ရိုက်ချလိုက်သည်။

“ဒီလက်ထောက်ခရိုင်တရားသူကြီးမင်းက တကယ့်ကို သတ္တိကောင်းလွန်းတယ်။”

ထိုစကားကိုပြောပြီးနောက် မုန့်ဟွေ့နင်က ထရပ်ကာ တံခါးအပြင်ဘက်သို့ လှမ်းအော်ပြီး အမိန့်ပေးလိုက်သည်။

“တစ်ယောက်လောက် အမြန်ဝင်လာခဲ့။”

ခဏကြာတော့ တံခါးအပြင်ဘက်က အရာရှိနှစ်ဦး ဝင်လာပြီး “အရှင် ဘာများ အမိန့်ပေးစရာရှိလို့လဲခင်ဗျ” ဟု မေးလာခဲ့သည်။

***

All Chapters