ကျေးဇူးပြု၍ သတိထားပါ။
Vol. 16 Ch. 187
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် သူတို့ နှစ်ဦးဟာ ခရိုင်တရားသူကြီးမင်း အသစ်နှင့် နီးကပ်သော ဆက်ဆံရေး ရှိရမည်ကို လုံးဝ တွေးမထားမိသည်မှာ သိသာထင်ရှားသည်။ မဟုတ်ပါက လူတိုင်းသည် ဤတရားရုံးတွင် ထိုင်ရန် အရည်အချင်းပြည့်မှီမည် မဟုတ်ပေ။ လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ယမန်နှစ်က နံရံကို ကန်မိသွားမှန်း သိလိုက်ရသဖြင့် ခေါင်းခဲသွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
ယခု ခရိုင်တရားသူကြီးမင်းက သူ့ကို ဒီလို ဆက်ဆံရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သူ ဒီလူနှစ်ဦးအပေါ် ပြုမူဆက်ဆံခဲ့ပုံကြောင့် ဒေါသထွက်နေပုံရသည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် ခရိုင်တရားသူကြီးမင်း၏ ပြုမူဆက်ဆံပုံ မူလဇစ်မြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သူက ယုံကြည်ခဲ့သည်။
လက်ရှိ အကြပ်အတည်းကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ဤလူနှစ်ဦးကို စိတ်ကျေနပ်စေရန်သာ ဖြစ်ပုံရသည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ ရှေ့သို့ ပြင်းစွာ အားစိုက်ထုတ်ပြီး တွားသွားကာ ငိုသည်ထက်ပင် ရုပ်ဆိုးသော အပြုံးကို ထုတ်ဖော်လိုက်သည်။
“မနေ့က မင်းတို့ နှစ်ယောက်ကို နေရာမှားပြီး ချပေးလိုက်တာက ဒီအရာရှိရဲ့ ပေါ့ဆမှုပဲ။ မင်းတို့ကို ပိုကောင်းတဲ့ နေရာကို ပြောင်းရွှေ့ကူညီပေးဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်မယ်။”
မော့ကျိုးယွီက လှောင်ပြောင်လိုက်သည်။ “ဟားဟား…၊ အဲ့ဒါက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က ရွာပြောင်းပြီး နေရာချထားပေးဖို့ စွမ်းအားရှိမရှိပေါ်မှာ မူတည်တယ်။”
“မင်း...” လက်ထောက်ခရိုင်တရားသူကြီးမင်းသည် နှစ်ပေါင်းများစွာ မောက်မာကြီးစိုးနေခဲ့ပြီး ဤကဲ့သို့ လှောင်ပြောင်ခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။
သူ့မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားခဲ့သည်။
သူပြောနေတာ မဆုံးခင် မုန့်ဟွေနင်က စီရင်ချက် ချမှတ်သည့် တူဖြင့် စားပွဲပေါ်ကို ခပ်ပြင်းပြင်း ရိုက်နှက်လိုက်သည်။
“အရမ်း သတ္တိကောင်းနေတယ်ပေါ့လေ၊ ချွေ့ဟွမ်။ ငါ့ခွင့်ပြုချက် မရှိဘဲ မင်းကို တရားရုံးမှာ ဘယ်သူက စကားပြောခွင့်ပေးထားတာလဲ။”
ချွေ့ဝမ်သည် မော့ကျိုးယွီ ပြောခဲ့သည့် စကားကြောင့် ဒေါသထွက်နေဆဲ ဖြစ်သည်။ ခရိုင်တရားသူကြီးမင်း၏ သဘောထားကို မြင်တော့ လက်ရှိ အခြေအနေသည် သူ့အတွက် လုံးဝ သူ့ဘက်မှာ မရှိနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။
သူ့၏ ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာရသွားပြီးနောက် သေးငယ်သော လှုပ်ရှားမှုလေးကပင် သူ့ကို မခံမရပ်နိုင်အောင် နာကျင်စေခဲ့သည်။ သူသည် ခရိုင်တရားရုံး ပြင်ပမှ တွားသွား ဝင်လာသောအခါတွင် ချွေ့ဝမ်သည် နာကျင်မှုကြောင့် ချွေးများ ရွှဲစိုနေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် နာကျင်မှူကို ခံနိုင်ရည်ရှိဆဲဖြစ်ကာ မုန့်ဟွေနင် ရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။
“ခရိုင်တရားသူကြီးမင်း၊ ဒီလက်အောက်ငယ်သားက ယွင်ချန်မြို့က ပြည်သူတွေအပေါ် နှစ်ပေါင်းများစွာ လုံ့လဝီရိယ စိုက်ထုတ်ပြီး အလုပ်အကျွေး ပြုခဲ့ပါတယ်။ ကျွန်တော့်မှာ ကုသိုလ် မရှိဘူးဆိုရင်တောင် အနည်းဆုံးတော့ အလုပ်ကြိုးစားခဲ့တယ်။ ဒီအတွက်ကြောင့် ကျွန်တော့်ကို သနားဂရုဏာထားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
သူ စကားပြောနေစဉ်တွင်ပင် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့သည် လူတိုင်း ရှေ့တွင် မျက်ရည်များ ဝဲလာခဲ့သည်။
အမှန်တရားကို မသိလျှင် သူဟာ ကြီးစွာသော မတရားမှုကို ခံစားခဲ့ရသလို သင် ထင်မိပါလိမ့်မည်။
မုန့်ဟွေနင်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးပြီး သူ့အတွက် စာနာစိတ် မပြသနိုင်ပေ။
သူသည် တရားစီရင်ချက်ချသည့်သူကို ထပ်မံ ရိုက်လိုက်ပြန်သည်။
“ချွေ့ဟွမ်၊ မင်းက ယွင်ချန်မြို့မှာ မင်းရဲ့ ရာထူးအပေါ် အခွင့်ကောင်းယူပြီး ပြည်သူလူထုကို အနိုင်ကျင့်တယ်၊ မကောင်းမှု များစွာကို ကျူးလွန်ခဲ့တယ်။ မင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို မင်းသိလား။”
ချွေ့ဟွမ်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ခေါင်းမော့ပြီး အသနားခံသည်။ “အရှင် ကျွန်တော်က အပြစ်ကင်းပါတယ်။ ကျွန်တော် တစ်ခါမှ ဒီလို မလုပ်ဖူးပါဘူး။ အရှင် ဒါကို ရှင်းရှင်းလင်းလင်း ပိုင်းခြားကြည့်ရှုပေးပါ။”
ချွေ့ဟွမ်ကဲ့သို့သော လူများသည် နာကျင်မှုကို မခံစားရပါက ဆက်လက်ခေါင်းမာနေမည် ဖြစ်ကြောင်း မုန့်ဟွေ့နင် သိသည်။
သူက တရားရုံးခန်းမ၏ တစ်ဖက် တစ်ချက်ရှိ အရာရှိများထံသို့ လှမ်းကြည့်ကာ အမိန့်ပေးလိုက်သည်။
“ဒီကို လာကြစမ်း၊ ချွေ့ဟွမ်ကို ဆွဲထုတ်ပြီး ကြိမ်ဒဏ် အချက် ၂၀ ပြင်းပြင်းထန်ထန် ပေးလိုက်။”
“အရှင်၊ ဒီလက်အောက်ငယ်သားက အပြစ်ကင်းပါတယ်၊ အရှင်...” ကြိမ်ဒဏ် အချက် ၂၀ အရိုက်ခံရမည်ဟု ကြားလိုက်ရသောအခါ ချွေ့ဟွမ်သည် စကားကိုတောင် ဖြောင့်အောင် မပြောနိုင်တော့ပေ။
အရာရှိများသည် ချွေ့ဟွမ်အား ရှင်းပြရန် အချိန်ပင် မပေးတော့ဘဲ စတင်ဆွဲထုတ်လိုက်သည်။
လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့က ဆက်လက်တောင်းပန်ခဲ့သည်။ “အရှင် ဒီလက်အောက်ငယ်သားက ဒဏ်ရာရနေတာမို့ ကြိမ်ဒဏ်ကို မခံနိုင်ပါဘူး....” အရင်တုန်းကတော့ အကျဉ်းသားတစ်ယောက်က အသနားခံရင် ခရိုင်တရားသူကြီးမင်းက ဘယ်လိုထင်မြင်ချက်ရှိမလဲဆိုပြီး အရာရှိတွေက ခေတ္တ ရပ်တန့်ကာ နားဆင်ပေးမည်ပင်။
သို့သော်လည်း ယနေ့တွင်မူ ခရိုင်တရားသူကြီးမင်းအသစ်သည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို အပြစ်ပေးရန် ဆုံးဖြတ်ထားပြီဖြစ်ရာ သက်သာခွင့် လုံးဝ မရှိနိုင်တော့ပြီ။ ထို့ကြောင့် အရာရှိများသည် စောင့်ဆိုင်းရန် ရည်ရွယ်ချက် မရှိသဖြင့် ထိုလူအား တရားရုံးအပြင်သို့ တိုက်ရိုက်ဆွဲထုတ်ခဲ့သည်။ ကြည့်ရှုသူများ၏ ရှေ့မှောက်တွင် ချွေ့ဟွမ်အား ကြိမ်ဒဏ် အချက် ၂၀ ပေးခဲ့သည်။
ပျဉ်ပြားများသည် သူ့ အရေပြားနှင့် အသားပေါ်သို့ အပြင်းအထန် ကျရောက်လာချိန်တွင် သူသည် နာကျင်စွာဖြင့် အော်ဟစ်နေသည့် အသံများသည် အဆုံးမရှိစွာပင်။
တရားရုံးအတွင်းတွင် မုန့်ဟွေ့နင်သည် ဘာအမူအယာမှ မပြဘဲ ဆက်ရှိနေခဲ့သည်။ ။ ချွေ့ဟွမ်ကို တရားစွဲဆိုထားသော လူတော်တော်များများကို ရှေ့တော်သို့ သွင်းရန် သူ အမိန့်ပေးလိုက်သည်။
တရားစွဲဆိုသူများမှာ တရားရုံးထဲသို့ ဝင်လာပြီး တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ထိုင်ကြသည်။
ယခုအခါ သွေးများ ရွှဲနစ်အောင် ရိုက်ခံထားရသော ချွေ့ဟွမ်ကို အရာရှိများက ဆွဲလာကြပြီး တရားရုံးခန်းမအလယ်သို့ ပြင်းထန်စွာ ပစ်ချလိုက်ကြသည်။
မုန့်ဟွေနင်က တရားစီရင်ချက်ချသည့် တူကို ထပ်ခါတလဲလဲ ရိုက်နှက်လိုက်သည်။
“ချွေ့ဟွမ် မင်းကိုယ်တိုင် ပြောချင်လား ဒါမှမဟုတ် ဒီလူတွေကို တစ်ယောက်ပြီး တစ်ယောက် ပြောခွင့်ပေးသင့်လား”
ထိုအခါမှသာ ချွေ့ဟွမ်သည် သာမန်ပြည်သူ အမြောက်အမြားက တရားရုံးထဲသို့ ရောက်ရှိနေသည်ကို သတိပြုမိခဲ့သည်။
သူ အနီးကပ် ကြည့်လိုက်တော့ ဒီလူတွေကို နည်းနည်းလောက်တော့ မှတ်မိနေပုံရသည်။
သူတို့ သမီးတွေကို အလုခံရတဲ့ သူတွေ။ သူတို့ ပိုင်တဲ့ ဆိုင်တွေကို အသိမ်းခံရတဲ့ သူတွေ စသည်ဖြင့် အမျိုးမျိုး ရှိနေခဲ့သည်။
ချွေ့ဟွမ် အံ့အားသင့်သွားခဲ့သည်။
ဒီလူတွေက သူ့အပေါ် ဒေါသမထွက်ရဲကြဘူး။ အခု ခရိုင်တရားသူကြီးမင်း အသစ်ရောက်လာတော့ သူ့ကို တရားစွဲဆိုဖို့ စိတ်အားထက်သန်စွာနဲ့ အပြေးရောက်လာကြသည်။
ဒါကို တွေ့ပြီး ပြည်သူတွေကို ကြည့်လိုက်တဲ့အခါ ချွေ့ဟွမ်ရဲ့ အကြည့်တွေက အလွန်ဆိုးဝါးလာသည်။
သူက သူတို့ကို ခြိမ်းခြောက်နေသလိုပါပဲ။ တစ်ခုခု မှားပြောဝံ့ရင် မင်းတို့တွေ သတိထားမိတယ်။ နောင်အခါမှာ ဖြေရှင်းဖို့ မင်းတို့ဆီကို လူလွှတ်လိုက်မယ်လို့ ဆိုနေသလိုပါပဲ။
ပြည်သူများသည် မူလက ချွေ့ဟွမ်ကို အလွန် ကြောက်ကြသည်။ ဒီနေ့ ခရိုင်တရားသူကြီးမင်းက သူတို့ဘက် ရှိနေတာကို သိနေပေမယ့် သူ့အကြည့်တွေကို မြင်လိုက်တော့ သူတို့ မသိစိတ်က တုန်လှုပ်နေဆဲပါပဲ။
ချွေ့ဟွမ်သည် မုန့်ဟွေ့နင်က ကျောပေးပြီး ပြည်သူများကို စိုက်ကြည့်နေသောကြောင့် မုန့်ဟွေ့နင်က သတိမထားမိလိုက်ပေ။
သို့သော်လည်း ချွေ့ဟွမ်၏ သေးငယ်သော လှုပ်ရှားမှုသည် မော့ကျိုးယွီ၏ မျက်လုံးအောက်မှ လွတ်မြောက်သွားခြင်း မရှိပေ။ “ချွေ့ဟွမ် ခင်ဗျား အဲ့ဒီလူတွေကို စိုက်ကြည့်နေတာက ဘာကို ဆိုလိုချင်တာလဲ။”
ဒါကို ကြားတော့ မုန့်ဟွေ့နင်က တရားစီရင်ချက်ချသည့်တူကို ထပ်မံ ထုနှက်လိုက်ပြန်သည်။
“ချွေ့ဟွမ် မင်း လူတွေကို ဘယ်လိုခြိမ်းခြောက်ရဲတာလဲ။”
သူ့အသံက ချွေ့ဟွမ်ကို ထိတ်လန့်တုန်လှုပ် သွားစေသည်။
သူ့ခန္ဓာကိုယ်ကို ရွှေ့ဖို့ ရုန်းကန်နေရပြီး မုန့်ဟွေ့နင်ကို တောင်းပန်တိုးလျှိုးလိုက်ချင်သော်လည်း ကံမကောင်းစွာပင် သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ကြိမ်ဒဏ် အချက် ၂၀ ပေးခံခဲ့ရသဖြင့် အကြောသေ ဝေဒနာရှင် တစ်ဦးနှင့် မခြားနားတော့ပေ။
သို့သော်လည်း ချွေ့ဟွမ်သည် မုန့်ဟွေ့နင်ထံသို့ အသနားခံရန် ဆက်လက်ကြိုးပမ်းနေခဲ့သည်။
“အရှင် ဒီလက်အောက်ငယ်သားက အစွပ်စွဲခံရတာပါ။ ကျွန်တော် စကားတစ်ခွန်းမှ မပြောရသေးပါဘူး။ အဲ့ဒီလူတွေကို ကျွန်တော်က ခြိမ်းခြောက်တာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။”
“ဟက်...၊ မင်းက အရမ်းအပြောကောင်းတာပဲ။ ငါ မင်းကို ထပ်မေးမယ် မင်းကိုယ်တိုင် ဝန်ခံချင်လား ဒါမှမဟုတ် မင်းကြောင့် ဒုက္ခတွေ့ခဲ့ရတဲ့ ဒီလူတွေကို ကိုယ်တိုင်ပြောခွင့်ပေးမလား”
ချွေ့ဟွမ်သည် မည်မျှပင် အရည်အချင်း မရှိပါစေ၊ သူသည် လက်ထောက်ခရိုင်တရားသူကြီးမင်းတစ်ဦးဖြစ်ပြီး အမှုစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ကောင်းစွာ သိရှိထားခဲ့သည်။
သူ ဝန်ခံပါက စွဲချက်တင်ခြင်း ခံရမည်ဖြစ်ပြီး သူ၏ ထွက်ဆိုချက်ကို ပြောင်းလဲရန် ခက်ခဲမည်ဖြစ်သည်။
ထို့ကြောင့် သူက အံတင်းတင်းကြိတ်ကာ ဝန်ခံဖို့ကို ငြင်းဆိုခဲ့သည်။
“အရှင်၊ ဒီလက်အောက်ငယ်သားက ပြည်သူတွေကို စိတ်နှလုံးအကြွင်းမဲ့ ခစားခဲ့တာဖြစ်ပြီး ဘာအပြစ်မှ လုပ်ထားခြင်း မရှိပါဘူး”
မုန့်ဟွေ့နင်က လှောင်ရယ်ရယ်လိုက်သည်။ “ဒီအချိန်တောင် ရောက်နေပြီ မင်းက ခေါင်းမာနေတုန်းပဲလား။ မင်းရဲ့ စကားလား ဒါမှမဟုတ် ငါ့ရဲ့ အခွင့်အာဏာလား ဘယ်ဟာ ပိုအလေးသာလဲဆိုတာ ငါမင်းကို ပြမယ်”
မုန့်ဟွေ့နင်က ဒူးထောက်နေသော လူများကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ “မင်းတို့ကို နာကျင်စေခဲ့တဲ့ ချွေ့ဟွမ်က ဒီမှာ ရှိနေတယ်။ မင်းတို့ရဲ့ မကျေနပ်ချက်တွေကို ပြောပြမယ်ဆိုရင် ငါက မင်းတို့အတွက် ဆုံးဖြတ်ချက်၊ စီရင်ချက်ချပေးမယ်”
ပြည်သူများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချွေ့ဟွမ်၏ မကောင်းမှုများကို ပြောပြရန် တစ်ယောက်ပြီး တစ်ယောက် ရှေ့ကို တိုးသွားကြသည်။ ပထမတော့ ချွေ့ဟွမ်က အကြောင်းပြချက်တွေ ပေးထားပေမယ့် မုန့်ဟွေ့နင်က သူ့ပါးစပ်ကို ပိတ်ဆို့ရန် အရာရှိတွေကို အမိန့်ပေးခဲ့သည်။
ကြည့်ရှုသူများသည် လူတိုင်း၏ ပုံပြင်များကို နားထောင်ပြီးနောက် ချွေ့ဟွမ်က ရက်စက်လွန်းသည့်အတွက် ကျိန်ဆဲရန် မထိန်းထားနိုင်တော့ပေ။ တရားရုံးအစည်းအဝေးအပြီးတွင် ရက်စက်ကြမ်းကြုတ်လွန်းသော သူခိုးကို ပစ်ဖို့ ဟင်းသီးဟင်ရွက်ပုပ်များနှင့် ကြက်ဥပုပ်များကို စုဆောင်းရန် အိမ်သို့ ပြန်ပြီးနောက် ချွေ့ဟွမ်ထွက်လာသည်ကို အသင့်စောင့်စားနေကြသည်။
မုန့်ဟွေ့နင်က သာမန်လူများ၏ မကျေနပ်ချက်များကို ကြားနာခြင်း ရပ်တန့်ရန် အမိန့်ပေးသည့် အခါမှ စုတ်တံကို ကိုင်ထားသည့် မုန့်အန်းက အရမ်းအားနည်းသွားသလို ခံစားလိုက်ရသည်။
လူသိရှင်ကြားမထုတ်ပြန်ရသေးသည့် နစ်နာမှုများ အများကြီး ရှိသေးသည့်အတွက် ဒီနေ့အတွက်တော့ ဒီအရာတွေကပင် ချွေ့ဟွမ်ကို အကြိမ်ကြိမ် သေစေဖို့ လုံလောက်ပေသည်။
မုန့်ဟွေ့နင်သည် ချွေ့ဟွမ်ကို ယွင်ချန်မြို့၏ လက်ထောက်ခရိုင်တရားသူကြီး ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာလိုက်သည်။ အမှုကို တိကျသော စီရင်ချက် မချမီ အမှုကို အပြည့်အဝ စစ်ဆေးပြီးသည့် အချိန်အထိ စောင့်ဆိုင်းရပါလိမ့်မည်။
စင်စစ် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ အသက်ဆက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းကို တက်ရောက်လာသူတိုင်း မပြောလည်း သိကြပေလိမ့်မည်။ သူပြုခဲ့သော အမှုများသည် သေသည်အထိ နှိပ်စက်ခြင်းကို ခံထိုက်ပေ၏။
***