အသက်ကိုကယ်ပေးလို့ ကျေးဇူးပါ
Vol. 16 Ch. 189
ခရိုင်တရားသူကြီးမင်းသည် မော့မိသားစုမှ ဇနီးမောင်နှံနှင့် စကားပြောကာ ရယ်မောနေသည်ကို တွေ့ရသောအခါ ကျောက်မိသားစုနှင့် ကျိုးမိသားစုများသည် တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။
ယနေ့တွင် မော့မိသားစုမှ လူအများအပြားသည် ဆောင်းရာသီကို ဖြတ်သန်းရန်အတွက် သူတို့ထံမှ ခြံဝန်းကို ခေတ္တငှားရမ်းချင်ကြသည်။ ချွေ့မိသားစု၏ ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့မှာ ခြံဝန်းရှိသော်လည်း သဘောမတူဝံ့ကြပေ။
ဤအရာသည် ဝင်ငွေအများကြီးကို ဆုံးရှုံးစေရုံသာမက ထိုလူများကို စော်ကားခဲ့ပုံရလေသည်။
မော့မိသားစုက သာမန်ပြည်သူလူထုကို အနှောင့်အယှက်မပေးဘဲ ခရိုင်တရားသူကြီးကို တိုင်ကြားမှာ မဟုတ်ဖို့ကိုပဲ မျှော်လင့်မိပေသည်။ သူတို့ကို ခွဲခြားဆက်ဆံဖို့က ငါတို့ရဲ့ရည်ရွယ်ချက် မဟုတ်ဘူး...။
ဟဲကျစ်ယန်သည် နံရံပေါ်သို့ တက်နေသည်။ ဤရွာသားများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူတို့ဘာတွေ တွေးနေမှန်းကို မသိပေ။
ယခုအချိန်တွင် သူမသည် သူမ၏မိသားစုကို အမြန်ဆုံးတွေ့လိုပြီး သူမ၏ ပဉ္စမမြောက်အစ်ကိုအား အဆိပ်ပြေဆေး ပေးဖို့ကိုသာ မျှော်လင့်ထားသည်။
အရာရှိများနှင့်အတူ လူအားလုံးသည် တောင်ခြေရင်းဘက်သို့ ဦးတည်သွားခဲ့ကြသည်။
သူတို့ တောင်ခြေနှင့် နီးကပ်လာသည်နှင့်အမျှ အဖြူအမည်း ဘောလုံးတစ်လုံးသည် သူတို့ဆီသို့ အပြေးလာနေခဲ့သည်။
ထမင်းလုံးလေးသည် ဟဲကျစ်ယန်ဆီသို့ တည့်တည့်ပြေးလာပြီး သူ့နောက်မှာ မော့ဟန်ယွဲ့က လိုက်ပါလာခဲ့သည်။
"ထမင်းလုံးလေး မပြေးနဲ့။ နဝမယောင်းမက မကြာခင်ပြန်လာလိမ့်မယ်။"
ထမင်းလုံးလေးသည် လမ်းပေါ်တွင် အကြိမ်အနည်းငယ်ခန့် လိမ့်ကျခဲ့ပြီး ဟဲကျစ်ယန်၏ လက်နှစ်ဖက်ထဲသို့ တည့်တည့်ထိုးဆင်းသွားခဲ့သည်။
ထိုအချိန်တွင် မော့ဟန်ယွဲ့သည်လည်း သူလေးကို ဖမ်းမိသွားခဲ့သည်။
ဒီလမ်းက ကွေ့ကောက်တယ်။ မော့ဟန်ယွဲ့သည် ထမင်းလုံးလေးကို အလျင်အမြန် လိုက်ဖမ်းနေသောကြောင့် သူမ၏ ခြေလှမ်းအရှိန်ကို ဂရုမစိုက်မိပေ။ ရုတ်တရက် သူမသည် ကျောက်တုံးကြီးတစ်ခုနှင့် တိုက်ပြီး လဲကျတော့မလို ဖြစ်သွားခဲ့သည်။
သူမ၏ တစ်ကိုယ်လုံး အရှေ့သို့ ချက်ချင်း ငိုက်စိုက် လဲကျတော့မလို ဖြစ်သွားသည်။
ဤအခိုက်အတန့်တွင် မော့ကျိုးယွီ၏ အာရုံစိုက်မှုသည် ဟဲကျစ်ယန်၏ လက်နှစ်ဖက်ရှိ ထမင်းလုံးလေးအပေါ်တွင်သာ ရှိနေခဲ့သည်။ မော့ဟန်ယွဲ့ လဲကျသွားတာကို မြင်တော့ သူမကို ကယ်ဆယ်ဖို့ အပြေးအလွှား သွားချင်သော်ငြား အရမ်းနောက်ကျသွားပေပြီ။
ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် မုန့်ဟွေနင်သည် မြင်းကျောပေါ်မှ ခုန်ဆင်းပြီး လဲကျလုနီးပါးဖြစ်နေသော မော့ဟန်ယွဲ့အား လှမ်းဖမ်းပေးလိုက်သည်။
"မိန်းကလေး သတိထား"
မော့ဟန်ယွဲ့သည် ငယ်စဉ်ကတည်းက ချမ်းသာသောမိသားစု၏ ကျင့်ဝတ်နှင့် စည်းကမ်းများကို သင်ယူခဲ့ရသည်။ သူမသည် ထူးဆန်းသောလူနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုရှိသည်ဟု ခံစားမိသောအခါ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
မော့ဟန်ယွဲ့သည် မတ်တတ်ရပ်ပြီးနောက် သူမကို ကယ်တင်ခဲ့သူကို ကြည့်လိုက်မိသည်။
မုန့်ဟွေနင်သည် အသက်နှစ်ဆယ်ခန့်ရှိပြီး နူးညံ့သိမ်မွေ့သည်။ သူသည် အသက်ကြီးသော်လည်း ခရိုင်တရားသူကြီးမင်းယူနီဖောင်းဖြင့် ချောမောခံ့ညားနေပါသည်။
ထိုအချိန်တွင် မော့ကျိုးယွီသည်လည်း အမြန်ပြေးလာပြီး စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဟန်ယွဲ့ ဒဏ်ရာရသွားသေးလား။"
မော့ဟန်ယွဲ့က ခေါင်းခါလိုက်သည်။
"နဝမအစ်ကို၊ ညီမအဆင်ပြေတယ်။ ကံကောင်းလို့ ဒီလူကြီးမင်းက ညီမကို အချိန်မီ ကယ်ပေးလိုက်နိုင်တယ်။"
မော့ကျိုးယွီသည် သူ့ညီမကို မုန့်ဟွေနင်က ကယ်တင်ပေးလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ မော့ကျိုးယွီသည် သူ့ညီမကို ကယ်တင်ပေးခဲ့သည့် မုန့်ဟွေနင်ကို ယခုမှပင် သတိပြုမိသွားသည်။ သူ့ညီမအတွက် စိတ်ပူနေလွန်းတာကြောင့် သူ့ကို ချက်ချင်း ကျေးဇူးမတင်မိဘူး။
မော့ဟန်ယွဲ့ အဆင်ပြေနေတာကို မြင်တော့ မုန့်ဟွေနင်အား လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။
"ကျေးဇူးပါ အစ်ကိုမုန့်၊ အစ်ကိုမုန့်က ကျွန်တော့်ညီမလေးကို ကယ်တင်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။"
ဤလူကြီးမင်းသည် နဝမအစ်ကို၏ အသိအကျွမ်းဖြစ်ပြီး အချင်းချင်း ညီအစ်ကိုဟုပင် ခေါ်ဆိုနေသည်ကို မော့ဟန်ယွဲ့က မြင်လိုက်ရသောအခါတွင် သူမ၏ စိတ်နှလုံးတွင်းရှိ ကြောက်ရွံ့မှုထက်ဝက်ကျော်မျှ ပျောက်ကွယ်သွားခဲ့ပြီး ယခင်ကထက် ပိုသက်သောင့်သက်သာ ရှိလာခဲ့သည်။
သူမသည် မုန့်ဟွေနင်အား ယဉ်ကျေးစွာ ဦးညွတ်ပြီး ကျေးဇူးတင်လိုက်သည်။ "ကျွန်မကို ကယ်ပေးလို့ ကျေးဇူးပါ လူကြီးမင်း။"
မုန့်ဟွေနင်သည် မော့ဟန်ယွဲ့ပြုတ်ကျသည်ကို မြင်သောအခါ သူသည် ရှီလင်ကျေးရွာမှ ရွာသူရွာသားတစ်ဦးဟုမျှသာ ထင်ကာ သူ့အလိုလို ကယ်တင်ပေးခဲ့ခြင်းမျှသာ ဖြစ်သည်။
မထင်မှတ်ဘဲ သူကယ်တင်ပေးခဲ့တဲ့လူဟာ တကယ်တော့ ညီလေးမုန့်ရဲ့ ညီမဖြစ်နေသည်။ ထိုအခါမှပင် သူက သူ့ရှေ့မှကောင်မလေးကို ဂရုတစိုက် ကြည့်လိုက်မိသည်။
ကလေးမလေးသည် ကြည်လင်ပြီး အသက်ဝင်နေသော မျက်လုံးကြီးကြီးတစ်စုံ မိုးမခပုံစံ မျက်ခုံးကွေးလေးရှိပြီး သူမ၏အပြုံးသည် အလွန်ချစ်စရာကောင်းသည်။
သူမသည် ရိုးသားပြီး သဘာဝကျသော အပြုအမူဖြင့် ပြောဆိုခဲ့ပြီး ယခင်က သူတွေ့ဖူးသော ချမ်းသာသောမိသားစုမှ အမျိုးသမီးများနှင့် လုံးဝကွဲပြားသည်။
မော့မိသားစုရှေ့တွင် မုန့်ဟွေနင်သည် သူ့ကိုယ်သူ အရာရှိတစ်ဦးအဖြစ် ဘယ်တုန်းကမှ မမှတ်ယူခဲ့ဘ၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိဖို့ကိုသာ လိုလားခဲ့သည်။
သူက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် မော့ဟန်ယွဲ့အား လက်သီးဆုပ်ကို လက်ဝါးကပ်ပြီး အရိုအသေပေးလိုက်သည်။
"ဒါက ကိစ္စလေးပါပဲ၊ ယဉ်ကျေးဖို့ မလိုပါဘူး။ မိန်းကလေးမော့"
မော့ဟန်ယွဲ့သည် သူမ၏အဖေနှင့် အစ်ကိုများမှလွဲ၍ အခြားသော အမျိုးသားတစ်ဦးနှင့် ယခုလို ရင်းနှီးစွာ ဆက်ဆံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဂုဏ်သိက္ခာရှိသော ခရိုင်တရားသူကြီးမင်းက ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် သူမထံ ပြန်လည်နှုတ်ခွန်းဆက်သသည်ကို မြင်လိုက်ရသော် အနည်းငယ် ရှက်ရွံ့သွားပြီး ဟဲကျစ်ယန်ကို ရှာဖို့ ထွက်ပြေးသွားခဲ့လေသည်။
သူမသည် ယနေ့တစ်နေ့လုံး ထမင်းလုံးလေးနှင့် အဖော်ပြုပေးခဲ့ပြီး ယခုပင် ထမင်းလုံးလေး ပြေးထွက်သွားသည်ကို သူမ မြင်လိုက်ရသဖြင့် အလွန်ကြောက်လန့်သွားခဲ့သည်။
ထမင်းလုံးလေးသည် နဝမယောင်းမ၏ ရင်ခွင်ထဲတွင် သက်သောင့်သက်သာ လှဲလျောင်းနေသည်ကို မြင်လိုက်ရပြီးနောက် မော့ဟန်ယွဲ့သည် ချက်ချင်းဆိုသလို သက်ပြင်းချလိုက်မိသည်။
မော့ကျိုးယွီသည်လည်း အိမ်ပြန်ဖို့ကို စိတ်အားထက်သန်နေပြီး တောင်ခြေရင်းသို့ ဆက်လျှောက်ရန် မုန့်ဟွေနင်အား လက်ဟန်ပြလိုက်သည်။
ညနေစောင်းနေပြီ။ ရွာထဲမှာ ခြံမငှားနိုင်သေးလို့ အပြင်မှာ လူတိုင်းက ရိုးရိုးမီးဖိုတွေ ဖိုနေကြပြီး အမျိုးသမီးတွေက ညစာပြင်ဖို့ အလုပ်ရှုပ်နေကြသည်။
မုန့်ဟွေနင်သည် တောင်ခြေရင်းသို့ လမ်းလျှောက်လာရင်း ဤနေရာတွင်ရှိနေသော ပျက်စီးနေသည့်အိမ်များကို ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ ကိုယ်ရေးကိုယ်တာအကျိုးအတွက် အာဏာအလွဲသုံးစားလုပ်မှုကို ပို၍ပင် မကျေမနပ် ဖြစ်လာခဲ့သည်။
"ညီလေးမော့ ဒီလိုအိမ်မျိုးမှာ ဘယ်လိုလုပ်ပြီး နေနိုင်တာလဲ။ ညီလေး အစ်ကိုနဲ့အတူ ခရိုင်အစိုးရရုံးမှာ တစ်ညလောက် လိုက်နေပေါ့ ဘာဖြစ်လို့ မလိုက်လာခဲ့တာလဲ။ မနက်ဖြန်ကျမှ အစ်ကို မင်းအတွက် နေရာသစ်ရှာပေးမယ်။"
ရှီလင်ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မော့ကျိုးယွီအာစ ကတိပေးထားပြီး ဖြစ်သည်။ ချွေ့မိသားစုမှ နှောင့်ယှက်ခဲ့သော်လည်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဖြေရှင်းပြီးသည်နှင့် ၎င်းကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းပေးနိုင်မည်ဟု သူယုံကြည်ခဲ့သည်။
ရှီလင်ကျေးရွာမှ ခွဲဝေပေးသောအိမ်သည် ဤကဲ့သို့ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ကောက်ရိုးတွေက ကောင်းနေပေမဲ့ အများစုကတော့ ပြိုကျနေခဲ့သည်။
မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ဒီမှာ အခြေချဖို့ စိတ်ကူးထားပြီဖြစ်တာကြောင့် နေရာမပြောင်းချင်ကြပေ။
"ဒီနေရာက မဆိုးဘူးလို့ ကျွန်တော်ထင်တယ်။ နောက်နွေဦးပေါက်မှ မြေယာတွေဝယ်ပြီး ပြုပြင်လိုက်မယ်။ ပြီးတော့ အဲ့အချိန် အကုန်လုံး လာလည်တဲ့အခါကျရင် ဒီမြင်ကွင်းမျိုးကို မတွေ့ရလောက်တော့ပါဘူး။"
မုန့်ဟွေနင်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ ညီလေးမော့က ဒီမှာနေဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို သူမြင်နေရမှတော့ သူ့ကို ဆက်ပြီး မစည်းရုံးတော့ဘူး။
မော့ကျိုးယွီက မုန့်ဟွေနင်က သူ့မိသားစုနဲ့ တရားဝင်မိတ်ဆက်ပေးပြီး သူတို့တစ်ယောက်နဲ့တစ်ယောက် သိလာပုံကို အတိုချုံးရှင်းပြပေးခဲ့သည်။
မုန့်ဟွေနင်က ခရိုင်တရားသူကြီးမင်းအပြင် ယွင်ချန်မြို့သို့ လာရောက်ရန် အထူးစီစဉ်ထားကြောင်းကို မော့မိသားစုမှ ကြားသိရသောအခါတွင် သူတို့သည် မုန့်ဟွေနင်အပေါ် အထင်အမြင် ပိုကောင်းလာခဲ့ကြသည်။
မုန့်ဟွေနင်သည် မော့ချူဟန်နှင့် မော့ကျုံးယွမ်တို့ အသက်ရှင်နေသေးကြောင်းကို သိခဲ့ရပြီး မော့မိသားစုအတွက် အမှန်တကယ် ပျော်ရွှင်နေမိသည်။
မော့မိသားစုတစ်ခုလုံး ပြည်နှင်ဒဏ်ခံရခြင်းမှာ တရားမျှတမှု မရှိပေ။ ယခု သူတို့သည် အသက်ရှင်သော အမျိုးသားနှစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ခြင်းကြောင့် ဒါဟာ ကောင်းကင်ဘုံမှ ကောင်းချီးမင်္ဂလာတစ်ခုသာ ဖြစ်သည်။
မုန့်ဟွေနင်သည် မော့အမျိုးသားများ၏ သူရဲကောင်းဆန်သော လုပ်ရပ်များကို အမြဲလေးစားခဲ့ပြီး သူသည် မော့ချူဟန်နှင့် မော့ကျုံးယွမ်တို့အား လေးစားစွာ ဆက်ဆံခဲ့သည်။ မော့ကျိုးယွီကဲ့သို့ပင် သူသည် သူတို့ကို ပဉ္စမအစ်ကိုနှင့် အဋ္ဌမအစ်ကိုဟု ခေါ်ဆိုခဲ့သည်။
တစ်ချိန်တည်းမှာပင် မော့ကျိုးယွီကို ခေါ်ဝေါ်သော အမည်သညာကို နဝမညီလေးအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့သည်။
သူက ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာကြည့်ရှုခဲ့သည်။ ယိုယွင်းပျက်စီးနေသော အိမ်များကြောင့်သာ မဟုတ်ပါက ဤနေရာသည် အခြေချနေထိုင်ရန် ကောင်းမွန်သောနေရာတစ်ခု ဖြစ်ပေလိမ့်မည်။
ဤနေရာ၏ အခြေအနေကို ပိုမိုနားလည်စေရန်အတွက် မုန့်ဟွေနင်မှ တာဝန်ရှိသူတစ်ဦးကို လှမ်းခေါ်လိုက်သည်။
"ဒီခြံကို ဘယ်သူပိုင်လဲ။"
အစီအရင်ခံရန် ရှေ့သို့ တိုးလာသူမှာ ဤနေရာနှင့် ပတ်သက်၍ အတော်ပင်ရင်းနှီးသူ မာကျွင်းရှန့် ဖြစ်နေသည်။
"အရှင် ဒီဝန်းတွေအားလုံးက ရှီလင်ကျေးရွာက ရွာသူရွာသားတွေရဲ့ အိမ်ဟောင်းတွေပဲ။ ဒါက သူတို့ဘိုးဘေးတွေ နေထိုင်တဲ့နေရာလို့ ကျွန်တော်ကြားသိခဲ့ဖူးတယ်။
လူရိုင်းတွေက ရွာသူရွာသားတွေကို အခါအားလျော်စွာ နှောင့်ယှက်တတ်တာကြောင့် ဤနေရာမှာရှိတဲ့ မိသားစုများစွာမှ လူကြီးတွေက ဘေးကင်းလုံခြုံစေရန်အတွက် သူတို့ရဲ့နေအိမ်တွေကို ရွာလယ်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုနဲ့ ဒီနေရာက အိမ်တွေက လွတ်လာခဲ့တယ်။
ဒီနေရာက နှစ်ပေါင်းများစွာ လျစ်လျူရှုခံရခြင်းကြောင့် ဒီနေ့လို ယိုယွင်းပျက်စီးမှုကို ကြုံတွေ့ခဲ့ရတယ်။"
မာကျွင်းရှန့်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် မုန့်ဟွေနင်သည် ခေါင်းကိုက်လာပြန်သည်။
"အစ်ကိုတို့၊ ဒီနေရာက တကယ်ကောင်းတယ်၊ ဒါပေမဲ့ လူရိုင်းတွေဝင်လာရင် ဒါက အရမ်းဒုက္ခရောက်လိမ့်မယ်။"
မုန့်ဟွေနင်သည် သူတို့အား နေရာပြောင်းရန် ဆွဲဆောင်ဖို့ စီစဉ်နေသေးတာ မော့ကျိုးယွီက သိသောကြောင့် ကြားဖြတ်ပြောခဲ့သည်။
"အစ်ကိုမုန့် စိတ်မပူနဲ့။ လူရိုင်းတွေက ကျွန်တော်တို့ကို လာနှောင့်ယှက်ရင်တောင်မှ ဒါက သိပ်ပြီး ပြဿနာရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေနဲ့ဆိုရင် ဒါက စိတ်ပူစရာမရှိဘူး။"
***