← Chapters

ခရိုင်တရားသူကြီးမင်း ရောက်လာပြီ၊ အပြင်လူ အားလုံး ထွက်သွားသင့်တယ်။

Vol. 16 Ch. 188

ခရိုင်တရားသူကြီးမင်း ရောက်လာပြီ၊ အပြင်လူ အားလုံး ထွက်သွားသင့်တယ်။

Vol. 16 Ch. 188

ဒီသတင်းက ပြည်သူတွေအတွက် အရမ်းဝမ်းသာစရာ သတင်းပါပဲ။

ခရိုင်အစိုးရရုံး အပြင်ဘက်တွင် စောင့်ကြည့်နေသူများသည် “တရားမျှတမှုရှိသော ခရိုင်တရားသူကြီးမင်း”ကို ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ၊ မုန့်ဟွေ့နင်သည် မုန့်စံအိမ်တော်ကို ချိတ်ပိတ်ရန်လူများကို စေလွှတ်ခဲ့သည်။ ချွေ့ဝမ်နှင့် သူ့ဇနီး သခင်မလျို့တို့သည် စစ်ဆေးမေးမြန်းမှုနှင့် စီရင်ချက်ချခြင်းကို စောင့်စားရန် ခရိုင်အကျဉ်းထောင်တွင် ယာယီအကျဉ်းချခံခဲ့ရသည်။

လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့၏ ယနေ့ရုံးချိန်းသည် ယာယီပြီးဆုံးသွားပါသည်။မုန့်ဟွေ့နင်သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့နှင့်အတူ စာကြည့်ခန်းဆီသို့ တစ်ဖန် ပြန်ရောက်လာခဲ့ပါသည်။

“ညီလေးမော့ ၊ခယ်မလေး၊ မင်းတို့အတွက် နေစရာနေရာအသစ်ကို အစ်ကိုပြန်စီစဥ်ပေးရမလား။”

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် မုန့်ဟွေ့နင်က သူတို့၏ နေထိုင်မှု ပတ်ဝန်းကျင်ကို ပိုမိုသက်သောင့်သက်သာဖြစ်စေလိုကြောင်း သိခဲ့ကြသည်။

သို့သော် သူတို့နှစ်ဦးစလုံးသည် ချက်ချင်း ငြင်းဆန်တုံ့ပြန်ခြင်း မရှိပေ။

ချွေ့မိသားစု၏ တမင်နှောင့်ယှက်မှုကြောင့်သာ မဟုတ်ပါက ရှီလင်ကျေးရွာသည် နေရာကောင်းတစ်ခုဟု ဟဲကျစ်ယန်က ထင်မြင်ခဲ့သည်။

သူတို့ရွာထဲကိုဝင်လိုက်သည်နှင့် ရွာရဲ့မြောက်ဘက်စွန်း၌ အလွန်ကျယ်ပြောတဲ့ မြစ်တစ်စင်းရှိနေတာကို သတိပြုမိပြီး ဒီနေရာက ရေပေးဝေးမှု ပြသာနာ မရှိဘူးလို့ အဓိပ္ပါယ်ရသည်။

ဤမျှ ကျယ်ဝန်းသော ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေများ ရှိနေသော်လည်း ရှီလင်ကျေးရွာ၏ လူဦးရေသည် မများပြားသောကြောင့် လယ်ယာမြေများစွာကို ပြုန်းတီးစေသည်မှာ သိသာထင်ရှားပါသည်။

အသုံးမပြုသော လယ်ယာမြေ အများအပြား ရှိသဖြင့် မြေများမဝယ်နိုင်တော့မည်ကို စိုးရိမ်စရာမလိုဘဲ အနာဂတ်တွင် ကောင်းစွာ အသုံးချနိုင်မည်ဖြစ်သည်။

ရှီလင်ကျေးရွာသည် တောင်တန်းများကို ကျောထောက်နောက်ခံပြုထားပြီး မိသားစုတွင် ကိုယ်ခံပညာ ကျွမ်းကျင်သော အရွယ်ရောက်ပြီးသူ အများအပြား ရှိသောကြောင့် နောင်တွင် တောလည်ထွက်ရန် များစွာ အဆင်ပြေမည် ဖြစ်သည်။

ထို့အပြင် သူမသည် ထူးခြားသော အသီးအနှံ ဥယျာဥ်တစ်ခုကို ဖန်တီးရန် သူမ၏ နေရာလပ်နယ်မြေအတွင်းမှ မျိုးစေ့များကို အသုံးချချင်ခဲ့သည်။

ဤအချက်အားလုံးကို ထည့်သွင်းစဥ်းစားပြီး ရှီလင်ကျေးရွာသည် သူတို့နေထိုင်ရန်အတွက် အလွန်သင့်လျော်သော နေရာတစ်ခု ဖြစ်သည်။

ယခုအခါတွင် မုန့်ဟွေ့နင်သည် ခရိုင်တရားသူကြီးမင်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဟိုင်ချန်မြို့သို့ ရောက်ရှိလာပြီး ပထမဆုံးနေတွင်ပင် ခရိုင်တရားသူကြီးချွေ့နှင့် စာရင်းရှင်းခဲ့သည်။ ချွေ့မိသားစုဝင်များသည် သူတို့၏ ကျောထောက်နောက်ခံ ကျဆင်းသွားကြောင်း သိရှိလာသောအခါတွင် သူတို့သည် သူတို့ကိုယ်တိုင် နိမ့်ချစွာ ပြုမူနေထိုင်ပြီး ထိန်းထိန်းသိမ်းသိမ်း နေထိုင်သင့်ပေသည်။ မော့ကျိုးယွီသည် တောင်များ မြစ်များနှင့် နီးပြီး ဝေးလံခေါင်သီသောနေရာတွင် တည်ရှိသော ရှီလင်ကျေးရွာကို နှစ်သက်သည်။ လာမယ့်နွေဦးရာသီမှာ အိမ်တစ်လုံး ကောင်းကောင်းဆောက်နိုင်သ၍တော့ သူမိသားစုက အဲ့ဒီနေရာမှာ အေးချမ်းစွာ နေထိုင်ရတာက ပိုကောင်းပါလိမ့်မည်။

မော့ကျိုးယွီသည် မုန့်ဟွေ့နင်ကို အကြောင်းမပြန်ခင် သူတို့နှစ်ယောက် အချင်းချင်း၏ အတွေးအမြင်ကို ဖလှယ်ဆွေးနွေးခဲ့သည်။

“အစ်ကိုမုန့်၊ ကျွန်တော့ဇနီးနဲ့ကျွန်တော်တို့ နှစ်ယောက်စလုံးက ရှီလင်ကျေးရွာက ကောင်းတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် နေအိမ်ကို နေရာပြန်ချပေးဖို့ မလိုပါဘူး။”

သူ့သဘောထားက ရိုးသားပြီး သူ့အပေါ် ယဥ်ကျေးမှုပြသသည့်အနေဖြင့် ငြင်းဆန်ဖို့ ရည်ရွယ်ချက် မရှိတာကို မြင်တော့ မုန့်ဟွေ့နင်က ထရပ်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် အစ်ကို ညီလေးမော့၊ ခယ်မလေးတို့နဲ့ အတူလိုက်ပြီး ပတ်ဝန်းကျင်းက ဘယ်လိုနေလဲ ဆိုတာကို လိုက်ကြည့်လိုက်မယ်။”

တကယ်တော့ မော့ကျိူးယွီနှင့် ဟဲကျစ်ယန်တို့ နှစ်ယောက်စလုံးက ရှီလင်ကျေးရွာရဲ့ ပတ်ဝန်းကျင်ကို ကြည့်ဖို့ သက်သက်သာ မဟုတ်မှန်းကို သိနားလည်သည်။

သူသည် သူ့ဆွေမျိုးများ၏ အခွင့်အာဏာကို ထူထောင်ရာတွင် ကူညီရန် စီစဥ်လိုပြီး ခရိုင်တရားသူကြီးမင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းကို ရွာသားများအား အသိပေးရန် စီစဥ်နေမှန်းကို ရှင်းလင်းသိသာပေသည်။ ဒါ့ကြောင့် ဘယ်သူမဆို သူတို့ကို ပြသာနာရှာချင်ရင် (သို့မဟုတ်) အနာဂတ်တွင် အနိုင်ကျင့်ချင်လျှင် မလုပ်ဆောင်မှီ နှစ်ကြိမ်နှစ်ခါ ပြန်စဥ်းစားရမည်ဖြစ်သည်။

ဒါကို သူတို့နှစ်ယောက်စလုံးက မကန့်ကွက်ပါဘူး။

ရွာသားတွေ ဒုက္ခပေးမှာကို မကြောက်ပေမယ့် အေးချမ်းသာယာပြီး သက်သောင့်သက်သာရှိတဲ့ ဘဝတစ်ခုကို ဘယ်သူကမလိုချင်ဘဲ နေပါ့မည်နည်း။

မော့ကျိုးယွီက မတ်တတ်ထရပ်ပြီး အရိုအသေပေးလိုက်သည်။ “ဒါဆို ကျွန်တော်တို့ အစ်ကိုမုန့်ကိုပဲ အနှောင့်အယှက်ပေးရပါဦးမယ်။”

မုန့်ဟွေ့နင်က သူတို့ကို ဖိတ်ခေါ်ဟန် လက်ဟန်ပြပြီး မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ နောက်သို့ လိုက်ပါသွားခဲ့သည်။

သူ၏ အရှိန်အဝါကို မြှင့်တင်ရန်အတွက် မုန့်ဟွေ့နင်သည် အရပ်မြင့်မြင့် မြင်းတစ်ကောင်ကိုစီးကာ အရာရှိ တစ်ဒါဇင်ကို သူနှင့်အတူ ခေါ်ဆောင်လာခဲ့သည်။

ခရိုင်အစိုးရဂိတ်ပေါက်မှ ထွက်လာသည်နှင့် ဟင်နရီက အပြေးရောက်လာခဲ့သည်။ “မိန်းကလေးဟဲကျစ်ယန်၊ မနက်ဖြန်တွေ့ဖို့ အချိန်နဲ့ နေရာကို ကျွန်တော်တို့ သဘောမတူညီထားရသေးဘူး။”

ဟဲကျစ်ယန်သည် ထိုစကားကိုကြားသောအခါ သူမ နဖူးကို သူမ ပြန်ရိုက်လိုက်မိသည်။

ဒီကိစ္စက တကယ်ပဲ သူမအပြစ်ပါ။ သူမသည် ခုနလေးတုန်းက မုန့်ဟွေ့နင်နောက်သို့ အမှီလိုက်ရန် အလျင်လိုနေသဖြင့် ဤကိစ္စကို မေ့လျော့သွားခဲ့သည်။

သူမကပြုံးပြီး အဂ်လိပ်လို ပြန်ပြောလိုက်သည်။ “မစ်စတာဟင်နရီ မနက်ဖြန်မနက် ( ၁၀ )နာရီဝန်းကျင်လောက်မှာ ခရိုင်အစိုးရရုံးရှေ့မှာ ကျွန်မတို့ တွေ့ကြမယ်။”

ဟင်နရီ၏ ရင်ဘတ်တွင် အိတ်ဆောင်နာရီကြိုးကို မြင်လိုက်ရသောကြောင့် ဟဲကျစ်ယန်သည် နိုင်ငံခြားသားကို မျက်နှာမူပြီး အချိန်ကို ပြောခဲ့လိုက်သည်။ ထို့ကြောင့် ဟင်နရီ၏ အချိန်သည် နာရီတစ်လုံးပေါ် အခြေခံသည်ဟု သူမကောက်ချက်ချနိုင်သည်။

ဟင်နရီက ထပ်ခါတလဲလဲ ခေါင်းငြိမ့်ပြပြီး ပြန်ဖြေခဲ့သည်။ “ကောင်းပြီ၊ ဒါဆိုပြေလည်သွားပြီနော်။ မနက်ဖြန်မနက် ( ၁၀ )နာရီမှာ ကျွန်တော်တို့တွေ့ကြမယ်။”

ဟင်နရီ ထွက်သွားတာကိုမြင်တော့ မုန့်ဟွေ့နင်က ရှီလင်ကျေးရွာကို ထွက်ခွာဖို့ အမိန့်ပေးလိုက်သည်။

လမ်းခရီးတွင် မုန့်ဟွေ့နင်သည် မြင်းလှည်းစီးပြီး မော့ကျိုးယွီနှင့် စကားစတင်ပြောဆိုကာ ရှီလင်ကျေးရွာ၏ အခြေအနေကို အသေအချာ မေးမြန်းခဲ့သည်။ ထို့ကြောင့် ချွေ့မိသားစုဝင်များသည် ရှီလင်ကျေးရွာတွင် ကြီးစိုးနေကြောင်းကို သိလာခဲ့သည်။

မုန့်ဟွေ့နင်က ဒီကိစ္စကိုကိုင်တွယ်ဖို့ အစီအစဥ်ရှိပြီးသားဖြစ်သည်။ ဒီနေ့ အချိန်အလုံအလောက်ရရင် ချွေ့မိသားစုကို ရွာလူကြီးရာထူးမှ ထုတ်ပယ်ပြီး ရွာထဲမှ အရည်အချင်းရှိတဲ့ ရွာလူကြီးကို ရွေးချယ်ပေးခဲ့မည်ဖြစ်သည်။

ထိုအချိန်က ညနေစောင်းနေပြီ။ ဆောင်းရာသီတွင် နေဝင်ချိန်က စောသည်။ မော့ကျိုးယွီသည် သူ၏ ပဥ္စမမြောက်အစ်ကို ရောဂါပြန်ထလာမည်ကို စိုးရိမ်သဖြင့် သူသည် နွားလှည်းကို အရှိန်ဖြင့် အမြန်မောင်းနှင်ခဲ့သည်။

ဤအရှိန်ကို မုန့်ဟွေ့နင်သည် သူ့မြင်းဖြင့် အမှီလိုက်ရန် အခက်အခဲ မရှိပေ။

ထို့အရာရှိများအတွက်ကတော့ သနားစရာကောင်းသည့် အချိန်များရှိခဲ့သည်။ နောက်မှပြတ်မကျန်ခဲ့စေရန်အတွက် တောက်လျောက် ပြေးလိုက်လုနီးပါးဖြစ်ကြရသည်။ ရှီလင်ကျေးရွာအနီးတွင် မော့ကျိုးယွီမှ နွားလှည်းကို အရှိန်လျှော့လိုက်သည်အထိ တစ်လမ်းလုံး ပြေးလိုက်ခဲ့ရသည်။

အရာရှိအားလုံး မောပန်းနွမ်းနယ်နေပြီး အသက်ရူကြပ်နေသော်လည်း မုန့်ဟွေ့နင်ရှေ့မှာ ငြီးငြူသည့်စကားကို မပြောဆိုဝံ့ကြပေ။

ဒါတင်မကသေးပဲ မုန့်ဟွေ့နင်က လမ်းရှင်းဖို့ အရာရှိနှစ်ယောက်ကို မောင်းထုကြွေးကြော်စေခဲ့သည်။

“ခရိုင်တရားသူကြီးမင်း ရောက်လာပြီ။ မသက်ဆိုင်သူတွေအားလုံး လမ်းကနေအမြန်ဖယ်ကြ။”

မုန့်ဟွေ့နင်သည် ရှီလင်ကျေးရွာသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသည်ဟု ဆိုရပေမည်။

ရွာသားတွေက ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှမမြင်ဖူးဘူး။ ဆူညံသံကြားတာနဲ့ အားလုံးက ကိုယ့်ခြံကို အမြန်ပြန်ပြေးကြသည်။ အရင်တုန်းက ရှီလင်ကျေးရွာကို လာရောက်လည်ပတ်သည့် အဆင့်မြင့်ဆုံး

အရာရှိက လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ဖြစ်ပြီး ချွေ့မိသားစုက သူ့ကို ကြိုဆိုဖို့ အမြဲတမ်း ထွက်လာခဲ့ကြသည်။

ထို့ကြောင့် ဤရွာသားများ၏ စိတ်ထဲတွင် ခရိုင်တရားသူကြီးမင်းရောက်လာသောအခါတွင် ချွေ့မိသားစုဝင်များက သူ့ကိုနှုတ်ဆက်ရန် ထွက်လာကြဆဲ ဖြစ်သင့်သည်။

အမှန်စစ်စစ် လက်ထောက်ခရိုင်တရားသူကြီးမင်းချွေ့ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း မသိသေးသော ချွေ့မိသားစုဝင်များသည် အပြင်ဘက်မှ ဆူညံသံကိုကြားရပြီး တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာခဲ့ကြသည်။

ရွာသူကြီးချွေ့သည် မုန့်ဟွေ့နင်ကိုမြင်သောအခါ ချက်ချင်း ဒူးထောက်ထိုင်ချလိုက်သည်။

“ဒီနိမ့်ကျတဲ့ရွာသူကြီးက အရှင့်ကို အရိုအသေပေးပါတယ်။”

သို့သော် မုန့်ဟွေ့နင်က သူတို့ကို မတ်တပ်ပြန်ရပ်စေလိုသည့် အရိပ်အယောင်ပင် မပြခဲ့ပေ။

ချွေ့မိသားစုဝင်များသည် မြေပြင်ပေါ်တွင် အချိန်အတော်ကြာ ဒူးထောက်နေခဲ့ကြသော်လည်း ခရိုင်တရားသူကြီးမင်းမှ သူတို့ကို မတ်တပ်ထရပ်ဖို့ ပြောဆိုသည့်အသံကို မကြားရသေးပေ။ ချွေ့မိသားစုဝင်များသည် တစ်ယောက်ပြီး တစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာကို အချင်းချင်း မျက်နှာရိပ်မျက်နှာကဲအကြည့်ဖြင့် မေးလိုက်ကြသည်။

မော့မိသားစုမှ မိသားစုဝင်နှစ်ဦးသည် ခရိုင်တရားသူကြီးမင်း၏ အနားတွင် ရပ်နေသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် ချွေ့မိသားစုဝင်များသည် ချက်ချင်းဆိုသလိုပင် ဆိုးဝါးသော ခံစားချက်ကို ခံစားခဲ့ရသည်။

အထူးသဖြင့်ရွာသူကြီးချွေ့သည် ခရိုင်တရားသူကြီးမင်းအား ဂါဝရပြုပြီးနောက်တွင် သူကိုယ်တိုင်နှင့် အရိုက်ခံခဲ့ရသော မျိုးနွယ်စုဝင်အတွက် ဆုံးဖြတ်ချက်ချပေးဖို့ မူလက အတွေးရှိခဲ့သည်။ ဒါပေမဲ့ သူ ဘာမြင်ခဲ့ရပါသနည်း။

ရိုက်နှက်မှု ကျူးလွန်ခဲ့သည့် တရားခံနှစ်ဦးသည် ခရိုင်တရားသူကြီးမင်းနှင့် ဘေးချင်းကပ်ရပ်နေသည်ကိုမြင်တွေ့ခဲ့ရသည်။

ခရိုင်တရားသူကြီးမင်းနှင့် ဘေးချင်းကပ်ရပ်နိုင်တာကပင် ပြသာနာတစ်ခုကိုဖြေရှင်းဖို့ လိုလောက်နေပေသည်။

ဆိုလိုတာက ခရိုင်တရားသူကြီးမင်းက ဒီလူနှစ်ယောက်ကို သိပြီး သူတို့ အချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတာကိုပြသနေသည်။

ဒါကိုတွေးရင်း ရွာသူကြီးချွေ့ဟာ သူ့ခေါင်းထဲကနေ ချွေးအေးများ စိမ့်ထွက်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ် မသိစိတ်မှ တုန်ယင်သွားခဲ့သည်။

မုန့်ဟွေ့နင်က သူတို့ကို ထရပ်ခိုင်းဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ မော့မိသားစုဝင်တွေ ဘယ်လိုနေရတယ်ဆိုတာကို အခု မြင်ဖို့ သူက အလျင်လိုနေခဲ့သည်။ သူက မော့ကျိုးယွီကို လမ်းပြခိုင်းပြီး ချွေ့မိသားစုကို တိုက်ရိုက်လျစ်လျူရူကာ ရွာအနောက်ဘက်သို့ တိုက်ရိုက်ဆက်သွားခဲ့သည်။ ခရိုင်တရားသူကြီးမင်း ထွက်သွားတာကိုမြင်တော့ ချွေ့မိသားစုဝင်များက ထရပ်ရမလား ဆက်ထိုင်ရမလား မသိဖြစ်သွားခဲ့ရသည်။

နောက်ဆုံးတွင် ရွာသူကြီးချွေ့သည် ရဲရင့်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ သူတို့က မတ်တပ်ထရပ်ပြီး ခရိုင်တရားသူကြီးမင်းနောက်သို့ လိုက်ကြည့်ခဲ့သည်။

ပြည်နှင်ဒဏ်ခံရသူများသည် ၄င်းတို့၏ ကျူးလွန်မှုများနှင့် ပတ်သက်၍ တရားသူကြီးမင်းအား လျှို့ဝှက်စွာ ပြောဆိုခဲ့ပါက ဒါမှသာ သူတို့ ပြန်လည်ခြေပရန် အခွင့်အရေးကို ရှာဖွေနိုင်လိမ့်မည်။

တောင်ခြေသို့သွားသောလမ်းသည် ကျောက်မိသားစုနှင့် ကျိုးမိသားစုတို့၏ နေရာများကို ဖြတ်သန်းရသည်။

ထိုသူများသည် အပြင်သို့မထွက်ဝံ့ကြသော်လည်း ဤကဲ့သို့ အဆင့်မြင့်အရာရှိကြီးတစ်ဦးသည် ရွာသို့ ရောက်လာသောကြောင့် နံရံပေါ်မှာ ဝပ်ပြီး စောင့်ကြည့်နေသည်မှာ သဘာဝအတိုင်းပင်ဖြစ်လေသည်။

***

All Chapters