← Chapters

အခုချက်ချင်း ဖြေဆေးကို အသုံးပြုလိုက်ပါ။

Vol. 16 Ch. 190

အခုချက်ချင်း ဖြေဆေးကို အသုံးပြုလိုက်ပါ။

Vol. 16 Ch. 190

ထို့အပြင် လျန့်ဟောက်တို့၏ ရေတိုက်ပွဲဝင် စွမ်းအားကိုလဲ လျော့မတွက်သင့်ပေ။

မော့ကျိုးယွီက စိတ်ပိုင်းဖြတ်ထားသည်ကို မြင်လိုက်ရသဖြင့် မုန့်ဟွေ့နင်သည် သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်ပြီး ဤကိစ္စနှင့် ပတ်သက်၍ နောက်ထပ်စကားလုံးများကို ဖြုန်းတီးရန် မရည်ရွယ်ခဲ့ပေ။

နေဝင်နေပြီကိုမြင်သော် ဟဲကျစ်ယန်သည် မော့ကျိုးယွီကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်သည်။

မော့ကျိုးယွီသည် ပဉ္စမမြောက်အစ်ကို၏ အဆိပ်ဖြေခြင်းအတွက် စိတ်အားထက်သန်နေသောကြောင့် မော့ချူဟန်ကို သူ့ဘေးနားသို့ ဆွဲခေါ်ပြီး ပြောလိုက်သည်။ “အဋ္ဌမအစ်ကို၊ အစ်ကိုမုန့်နဲ့ ခဏလောက် စကားစမြည် ပြောပေးလိုက်ပါဦး။ ပဉ္စမအစ်ကိုကို ကျွန်တော်ပြောစရာရှိလို့။”

ဒါက မုန့်ဟွေ့နင်အတွက် နည်းနည်းတော့ မယဥ်ကျေးရာရောက်ပေမဲ့ အဆိပ်ဖြေဖို့က အရေးကြီးပေသည်။

နဝမမြောက်ညီလေးတို့ လင်မယားသည် ပဉ္စမမြောက်အစ်ကိုကို အဆိပ်ထုတ်ရန် ကူညီပေးချင်နေကြောင်းကိုသိ၍ အဋ္ဌမမြောက်အစ်ကိုသည်လည်း ထိုကိစ္စအတွက် စိတ်ပူနေခဲ့ပေသည်။

“ကောင်းပြီ အစ်ကိုမုန့်နှင့်အတူ ငါဒီမှာ နေခဲ့လိုက်မယ်”

မော့ကျိုးယွီသည် မုန့်ဟွေ့နင်ကို ခေါင်းငြိမ့်ပြပြီး သူ၏ပဉ္စမမြောက်အစ်ကိုကို ခေါ်ကာထွက်သွားခဲ့သည်။

ဟဲကျစ်ယန်သည် တဲထဲသို့ဝင်ကာ ထမင်းလုံးလေးကို နေရာလပ်နယ်မြေထဲသို့ လွှတ်ပေးလိုက်ပြီး မော့ကျိုးယွီနှင့် ပဉ္စမမြောက်အစ်ကိုတို့နောက်သို့ လိုက်ကာ အရှေ့ဘက်အိမ်သို့ လိုက်သွားခဲ့သည်။

ပဉ္စမမြောက်အစ်ကိုသည် အဆိပ်၏ အကျိုးသက်ရောက်မှု လက္ခဏာများကို ပြသနေပြီဖြစ်ပြီး ၎င်းအားနှိမ်နှင်းရန် အတွင်းအားကို အသုံးပြုထားသည်။

လူပေါင်းများစွာ အိမ်ထဲသို့ ဝင်ပြီးနောက် ပဉ္စမမြောက်အစ်ကိုသည် အဆိပ်မသက်ရောက်မီ သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားရင်း သံကြိုးကို အလိုလိုလှမ်းဆွဲလိုက်သည်။

မော့ကျိုးယွီက သူ့ကိုဟန့်တားပြီး ပြောလိုက်သည်။ “ပဉ္စမအစ်ကို၊ယန်ယန်က မြို့ထဲမှာကတည်းက အဆိပ်ဖြေဆေးကို ကြိုတင်ပြင်ဆင်ပြီးသား၊ မင်းကိုယ်မင်း ညှင်းပန်းနှိပ်စက်နေဖို့ မလိုတော့ဘူး။”

ပဉ္စမမြောက်အစ်ကိုက သူ့ခယ်မလေးက အဆိပ်ဖြေဆေးကို ပြင်ဆင်ပေးမည်ဟု ယမန်နေ့က ပြောခဲ့သော်လည်း သူ့ခယ်မသည် သမားတော်များစွာပင်မတွေ့နိုင်သော၊ မဖော်ထုတ်နိုင်သော အဆိပ်ဖြေဆေးကို မြန်မြန်ဆန်ဆန် မည်ကဲ့သို့ ပြင်ဆင်ခဲ့သနည်း။

ဟဲကျစ်ယန်သည် အဆိပ်ဖြေဆေးကို ပြင်ဆင်ရန်အတွက် နောက်ပိုင်းမျိုးဆက်များမှ အဆင့်မြင့်ဆေးဖက်ဆိုင်ရာ ကိရိယာများကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ပဉ္စမမြောက်အစ်ကိုက မယုံကြည်နိုင်လောက်အောင် ခံစားခဲ့ရသည်မှာ အံ့သြစရာ မဟုတ်ပေ။

ပဉ္စမမြောက်အစ်ကို၏ အကြည့်ထဲရှိ မယုံကြည်နိုင်မှုကို နှစ်ယောက်စလုံး သတိပြုမိလိုက်သော်လည်း ဤအချိန်သည် အသေအချာ ရှင်းပြရမည့် အချိန် မဟုတ်ပေ။

ဟဲကျစ်ယန်သည် အနက်ရောင်ဆေးပြားတစ်ထုပ်ကို သူ့အကျီလက်အား အကာအကွယ်အဖြစ် အသုံးပြုကာ နေရာလပ်နယ်မြေထဲမှ ထုတ်ယူလိုက်သည်။

မော့ကျိုးယွီက ဆေးပြားကိုယူပြီး မော့ကျုံးယွမ်အား ပေးလိုက်သည်။

“ပဉ္စမအစ်ကို၊ အခုချက်ချင်း ဖြေဆေးကိုသောက်လိုက်ပါ။”

မော့ကျုံးယွမ်သည် ဆေးလုံးကို မဆိုင်းမတွယူပြီး သူ့ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။

ဆေးပြားများသည် ပါးစပ်အတွင်း အရည်ပျော်သွားပြီး မြိုချရန် ရေပင်မလိုအပ်ခဲ့ပါ။

ဟဲကျစ်ယန်သည် သူမ၏ ပဉ္စမမြောက်အစ်ကို၏ တုံ့ပြန်မှုကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး အရေးပေါ်အခြေအနေရှိပါက အချိန်မှီကုသမှုကို ခံယူနိုင်လိမ့်မည်ဖြစ်သည်။

မကြာခင်မှာပင် ပဉ္စမမြောက်အစ်ကိုရဲ့ ခန္ဓာကိုယ်က တုံ့ပြန်လာခဲ့သည်။

မူလက သူ့အား ရူးသွပ်သွားစေသည့် စိတ်မငြိမ်မသက်ဖြစ်စေသော ခံစားချက်သည် တဖြေးဖြေး ပျောက်ကွယ်သွားပြီး ၎င်းအား ဖိနှိပ်ရန် အတွင်းအားကိုပင် အသုံးပြုရန် မလိုအပ်တော့ပါ။

ထို့နောက် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ပူနွေးလာမှုကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးသို့ တဖြေးဖြေးပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ ခြေလက်တွေနဲ့ လက်ဖျားတွေအထိ ရောက်သွားသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ့လက်နှင့်ခြေများ ရောင်ရမ်းလာသည်ဟု ခံစားလိုက်ရသည်။

အစပိုင်းမှာတော့ မော့ကျုံးယွမ်က ဒါကို သည်းခံဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့ခြေထောက်တွေက အရမ်းရောင်နေပြီး မတ်တပ်ရပ်လို့ပင် မရတော့ဘဲ သူ့လက်တွေကပင် ပေါင်မုန့်လုံးကြီးတွေလို ရောင်ရမ်းလာခဲ့သည်။

ဒါတင်မကသေးဘဲ သူ့လက်တွေ နီညိုရောင်အသွင်သို့ ပြောင်းသွားကာ လူအများကို ထိတ်လန့်သွားစေခဲ့သည်။

ပဉ္စမမြောက်အစ်ကိုက မခံမရပ်နိုင်ဖြစ်ပြီး သူ့နောက်က ကုတင်ပေါ်သို့ တိုက်ရိုက်လဲကျသွားခဲ့သည်။

ဒါတောင်မှ သူက အသံမထွက်ပဲ သည်းခံဖို့ ကြိုးစားခဲ့သည်။

ဒါကိုမြင်တော့ မော့ကျိုးယွီက အနည်းငယ် စိုးရိမ်လာခဲ့သည်။

“ယန်ယန်၊ ဒါက ပဉ္စမအစ်ကိုအတွက် ပုံမှန်ပဲလား။”

ဟဲကျစ်ယန်က ခေါင်းငြိမ့်ပြသည်။ “ဟုတ်တယ်၊ အဆိပ်က သူ့လက်တွေ ခြေထောက်တွေစီ တဖြည်းဖြည်း ပျံနှံ့သွားတယ်။ အချိန်တန်ရင် သူ့သွေးကြောတွေက ဖောင်းကြွလာပြီး အဆိပ်ရှိတဲ့သွေးတွေကို စွန့်ထုတ်ဖို့ပဲလိုအပ်တော့တယ်။”

သူမစကားပြောနေစဥ်တွင်ပင် ဟဲကျစ်ယန်သည် ပဉ္စမမြောက်အစ်ကို၏ ဘယ်ဘက်လက်တွင် သွေးကြောများ ဖောင်းပွလာသည်ကို တွေ့လိုက်ရသည်။

သူမသည် နေရာလပ်နယ်မြေထဲမှ ငွေအပ်များကို အလျင်အမြန် ထုတ်ကာ အထူဆုံးကို ကောက်ယူပြီး ပဉ္စမမြောက်အစ်ကို၏ ဘယ်ဘက်လက်တွင် ဖောင်းကြွနေသော သွေးကြောကို မှန်မှန်ကန်ကန်နှင့် တိကျစွာ ဖောက်ထုတ်လိုက်သည်။

အနက်ရောင်သွေးများသည် သေးငယ်သော စမ်းရေတွင်းတစ်ခုကဲ့သို့ ချက်ချင်း ထွက်ကျလာခဲ့သည်။

ဟဲကျစ်ယန်သည် အောက်မှာ ဘာမမခံထားသောကြောင့် သွေးများနေရာအနှံ့ ဖိတ်စင်သွားခဲ့သည်။

ဟဲကျစ်ယန်သည် သွေးများစင်သွားတာကို သုတ်ဖို့စိတ်မဝင်စားတော့ဘဲ ငွေအပ်က ပဉ္စမမြောက်အစ်ကိုရဲ့ ညာဘက်လက်မှာရှိတဲ့ သွေးကြောတွေကို ဖောက်ထုတ်လိုက်ပြန်သည်။

အလားတူပင် အပ်ပေါက်မှ သွေးနက်များ ထွက်ကျလာခဲ့သည်။

မော့ကျိုးယွီသည် ယခုအချိန်တွင် ဟဲကျစ်ယန်လုပ်နေသည့် နည်းလမ်းများကို နားလည်သွားပြီဖြစ်သည်။ ပဉ္စမမြောက်အစ်ကို၏ ညာလက်မှ သွေးများကို အောင်မြင်စွာ ညှစ်ထုတ်လိုက်သောအခါတွင် ပဉ္စမမြောက်အစ်ကို၏ ဖိနပ်နှင့် ခြေအိတ်များကိုလဲ သူကချွတ်ထားပေးပြီး ဖြစ်သည်။

နောက်ဆုံးတွင် သူတို့သည် ရှေးခေတ်လူများဖြစ်ကြပြီး ကျားမကွဲပြားမှုဆိုင်ရာ အယူအဆများသည် ၎င်းတို့၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။

မော့ကျုံးယွမ်သည် ရုပ်ပိုင်းဆိုင်ရာ အလွန်အဆင်မပြေသော်လည်း သူကအသိရှိနေစဲဖြစ်သည်။ ပဉ္စမမြောက်အစ်ကိုသည် သူ့ခယ်မက သူ့ခြေထောက်ကိုမြင်သွားမှာ စိုးရိမ်သဖြင့် ၎င်းကိုအလိုလို ငြင်းဆန်ခဲ့သည်။

မော့ကျိုးယွီကလည်း ဒါကိုသဘောပေါက်ပေမဲ့ ပဉ္စမမြောက်အစ်ကိုရဲ့ အဆိပ်ဖြေနေခြင်းကို အလေးမထားဘဲ မလုပ်ဝံ့ဘူး။

အကယ်၍ သူက အလျင်စလို လုပ်မိပြီး မှားယွင်းတဲ့နေရာကို ဖောက်လိုက်မိရင် အကျိုးဆက်က ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မည်။

ထို့ကြောင့် သူသည် မော့ကျုံးယွမ်ကို နားချဖို့ အစပြုခဲ့သည်။

“ပဉ္စမမြောက်အစ်ကို၊ ယန်ယန်က အစ်ကို့ရဲ့ ခန္ဓာကိုယ်ကို မထိဘူး”

မော့ကျုံးယွမ်၏ လက်များသည် ယခုအချိန်တွင် ပို၍သက်သောင့်သက်သာ ရှိနေပြီဖြစ်သည်။ သူ့ခြေထောက်မှ သွေးထွက်ရန် လိုအပ်ကြောင်းကို သူ သိသောကြောင့် မော့ကျိုးယွီ၏ စကားကို သူက သဘောတူလိုက်သကဲ့သို့ နှစ်ယောက်သားကို လှည့်မကြည့်ဘဲ ခေါင်းကိုသာ တဖက်သို့ လှည့်ထားလိုက်သည်။

ဟဲကျစ်ယန်သည် အလွန် လျင်မြန်စွာ ရွေ့လျားသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် မော့ကျုံးယွမ်၏ ခြေဖဝါးပေါ်ရှိ သွေးကြောများကို ထိုးဖောက်ပစ်လိုက်သည်။

အနက်ရောင်သွေးများ ဆက်လက်စီးဆင်းနေသဖြင့် ဟဲကျစ်ယန်က မော့ကျုံးယွမ် သွေးအလွန်အကျွံ ဆုံးရှူံးသွားမည်ကို အနည်းငယ် စိုးရိမ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် မောကျုံးယွမ်၏ ခြေလက်အင်္ဂါများမှ သွေးများသည် တဖြေးဖြေး နီရဲလာခဲ့သည်။

မော့ကျိုးယွီက ဒါကိုမြင်တော့ အရမ်းပျော်သွားခဲ့သည်။

“ယန်ယန်၊ ပဉ္စမအစ်ကိုရဲ့သွေးက အနီရောင်ပြောင်းသွားပြီ၊ ဒါက သူ့အဆိပ်ကို ဖြေပြီးပြီးလို့ ဆိုလိုတာလား။”

ဟဲကျစ်ယန်က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကျွန်မတို့ အောင်မြင်သွားပြီ။”

သူမသည် ထိုသို့ပြောပြီးသည်နှင့် နေရာလပ်နယ်မြေထဲမှ ပိုးသတ်ဆေးဂွမ်းလုံးများကို တိတ်တဆိတ် ထုတ်ယူပြီး ပဥ္စမမြောက်အစ်ကို၏ ခြေဖဝါးပေါ်ရှိ အပ်ပေါက်များကို ဖိခိုင်းဖို့ မော့ကျိုးယွီအား ဂွမ်းလုံး နှစ်လုံး ပေးလိုက်သည်။

သူမကတော့ ပဉ္စမမြောက်အစ်ကို၏ လက်ပေါ်ရှိအပ်ပေါက်များကို ဖိလိုက်သည်။

တစ်မိနစ်ခန့် ကြာပြီးနောက် နှစ်ယောက်စလုံးက ဂွမ်းလုံးများကို တစ်ပြိုင်နက်ထဲ ဖယ်ထုတ်လိုက်သည်။

မော့ကျိုးယွီသည် မော့ကျုံးယွမ်ကို ဖြေးညှင်းစွာ ထထိုင်ရန် ကူညီပေးခဲ့သည်။

“ပဉ္စမအစ်ကို၊ အခု ဘယ်လိုခံစားရလဲ။”

မော့ကျုံးယွမ်က ခေါင်းယမ်းလိုက်သည်။ “နည်းနည်း ခေါင်းမူးတာကလွဲရင် ကျန်တာအားလုံး အဆင်ပြေတယ်။”

ခေါင်းမူးတာလား။

ခေါင်းမူတာက ဘာမှ မဖြစ်ဘူး။ ခေါင်းမမူးတာကမှ ထူးဆန်းနေပေလိမ့်မည်…။

ဟဲကျစ်ယန်သည် ပဉ္စမမြောက်အစ်ကို၏ သွေးဆုံးရှုံးမှု ပမာဏကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းမိထားပြီးဖြစ်ကာ အနည်းဆုံး ( ၆၀၀ ) မီလီလီတာ ကျော်ပေလိမ့်မည်။

ထိုကဲ့သို့ သွေးများစွာ ဆုံးရှုံးသွားသဖြင့် မကျန်းမာသောလူတစ်ဦးဆိုလျှင် ငရဲဘုရင်ထံသို့ အရောက်သွားရပေလိမ့်မည်ဖြစ်သည်။

ပဉ္စမမြောက်အစ်ကိုသည် သန်မာကြံ့ခိုင်ပုံရသော်လည်း ဟဲကျစ်ယန်သည် သတိလက်လွတ် မနေဝံ့သေးပေ။

ပဉ္စမမြောက်အစ်ကို၏ သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးကြည့်ရာ သူသည် သွေးအလွန်ထွက်သောကြောင့် အားနည်းနေခြင်းပင်ရှိကာ အခြားသက်ရောက်မှုများ မရှိကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

“ပဉ္စမအစ်ကိုရဲ့ အဆိပ်ကို ရှင်းထုတ်ပြီးပြီ။ ခုနက သွေးတွေ အရမ်းထွက်သွားတော့ အားနည်းနေသလို ခံစားနေရတာ။ ရက်အနည်းငယ်လောက် အနားယူပြီးရင် ပြန်ကောင်းသွားလိမ့်မယ်။”

ပဉ္စမမြောက်အစ်ကို နေကောင်းသွားမှန်းကိုသိရသဖြင့် မော့ကျိုးယွီကလည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

“ပဉ္စမအစ်ကို၊ အစ်ကိုအဆင်ပြေသွားတယ်ဆိုတော့ ဝမ်းသာပါတယ်။ ဒီရက်ပိုင်း ယန်ယန်ရဲ့ ပြောစကားကို နားထောင်လိုက်ပါ။ အစ်ကို ဘာမှ မလုပ်နဲ့ဦး၊ အိပ်ပြီးအနားယူလိုက်ပါ။”

ဟဲကျစ်ယန်က ပြောလာခဲ့သည်။ “မနက်ဖြန် ပဉ္စမအစ်ကိုအတွက် အာဟာရဖြစ်စေမဲ့ အစားအစာတွေကိုဝယ်ဖို့ မြို့ကို တက်လိုက်မယ်။ ပဉ္စမအစ်ကို မကြာခင် နေပြန်ကောင်းလာမယ်လို့ ညီမယုံတယ်။”

သူတို့နှစ်ယောက်ပြောတာကို နားထောင်ပြီးနောက် ပဉ္စမမြောက်အစ်ကိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ကျေးဇူးပါ နဝမမြောက်ညီလေးနဲ့ နဝမခယ်မလေး၊ မင်းတို့ပဉ္စမအစ်ကိုကြီး နေပြန်ကောင်းလာတဲ့အခါကျရင် တောင်ပေါ်ကို အမဲလိုက်သွားပေးမယ်။ ငါတို့တစ်မိသားစုလုံးကို ကျွေးမွေးဖို့က ပြဿနာ မဟုတ်ဘူး။”

မုန့်ဟွေ့နင်က အပြင်မှာရှိနေတုန်းပဲမို့ မော့ကျိုးယွီသည် သူ့ကို ထိုနေရာမှာ အကြာကြီး မစောင့်ဆိုင်းစေလိုပေ။

လျန့်ဟောက်တို့က အိမ်နဲ့ သိပ်မဝေးဘူးဆိုတာ သိလိုက်ရတော့ ပဉ္စမမြောက်အစ်ကိုကို ခဏလောက် စောင့်ရှောက်ဖို့ ဒီမှာနေခဲ့ခိုင်းပြီး ပဉ္စမမြောက်မရီး မလာခင် သူတို့ကို စောင့်နေခိုင်းလိုက်သည်။

အရာအားလုံးကို စီစဥ်ပြီးနောက် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ခေါ်ပြီး ပြန်သွားခဲ့သည်။

ဒီအချိန်မှာ အပြင်မှာမှောင်နေပြီ။ ဟဲကျစ်ယန်၏ အသိစိတ်သည် နေရာလွပ်နယ်မြေထဲသို့ ဝင်သွားသည်နှင့် ထမင်းလုံးလေးက သူ့ဖြည့်စွက်စာကိုစားပြီး မြက်ခင်းပြင်ပေါ်တွင် ကစားနေသည်ကို တွေ့လိုက်ရသည်။

အခြားသူတွေရဲ့ သံသယစိတ်ကို မနှိုးဆွစေဖို့အတွက် ထမင်းလုံးလေးကို နေရာလပ်နယ်မြေထဲမှ ခဏတဖြုတ် ထုတ်ထားဖို့ကိုပဲ တတ်နိုင်ခဲ့သည်။

ထမင်းလုံးလေးသည် သူ့ရှေ့မှမြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရတော့ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူက အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး “ဟမ်” ဟူသော အသံ အနည်းငယ် ထွက်သွားခဲ့သည်။

***

All Chapters