ဆယ်ရာခိုင်နူန်း
Vol. 36 Ch. 532
အမှိုက်တောင်ကြီးအောက်တွင် ပုန်းကွယ်နေသော ထိုကျေးရွာကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ လွှမ်းခြုံလျက်ရှိနေသည်။ ၎င်းမှာ ကမ္ဘာကြီး၏ မေ့လျော့ခံထားရသော နေရာတစ်ခုဖြစ်ပြီး သရဲတစ္ဆေများနှင့် ဝိညာဉ်များ စုဝေးရာနေရာ ဖြစ်နေသည်။ နေရာအနှံ့တွင် တွေ့နေရသော အဖြူရောင် မီးအိမ်များ၊ ပိုက်ဆံစက္ကူကန်တော့ပွဲများနှင့် အိုးခွက်အလွတ်များက ဤကျေးရွာသည် လူရှင်များကို ကြိုဆိုခြင်းမရှိကြောင်း သက်သေပြနေသည် ။
ကြွက်နှင့်တူသော အရာတချို့သည် အမိုးများပေါ်မှ ဖြတ်ပြေးကာ အပေါ်တွင် တွဲလောင်းကျနေသော အမည်းရောင် ပိုက်လိုင်းများထဲသို့ တွားဝင်သွားကြသည်။ မကြာမီ သားသတ်သမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ရွာသားတစ်ဦး အိမ်ထဲမှ ထွက်လာသည်။ သူ၏ခန္ဓာကိုယ်တွင် သွေးများနှင့် ဆီချေးများ ပေကျံနေသည်။ သူ၏ဦးခေါင်းမှာ သဘာဝမကျစွာ တုန်ရီနေပြီး ကျောရိုးမှာလည်း ပုံပျက်ပန်းပျက် ကွေးနေသည်။ သူသည် ဈေးပေါသော ခြေတုတစ်ခုကို တပ်ဆင်ထားသည်။ ထိုသားသတ်သမား အနားသို့ ချဉ်းကပ်လာသည့်အခါ အဖိုးကြီးချောင်နှင့် ကျန်လူများက မျက်လုံးချင်းမဆုံမိစေရန် ခေါင်းငုံ့လိုက်ကြသည်။ ကောင်းမင်တစ်ယောက်သာ ထိုသားသတ်သမားကို တစ်ခုခု အကဲခတ်လိုသည့်အလား ပွင့်ပွင့်လင်းလင်းပင် စိုက်ကြည့်နေခြင်းဖြစ်သည် ။
"အားချုံက မင်းတို့ကို လာခဲ့ဖို့ ပြောလိုက်တယ်"
သားသတ်သမား၏ အသံမှာ အလွန်ပင် နားမခံသာလှပေ။ သူ၏ လည်ချောင်းထဲတွင် သင်တုန်းဓားများ တစ်နေသကဲ့သို့ပင်။ သူသည် ဓားကို မြဲမြဲမကိုင်နိုင်သော်လည်း သူ့ထံမှ အလွန်အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ကောင်းမင်မှာ အိပ်မက်ဆိုးထဲမှ သရဲတစ်ကောင်နှင့် စကားပြောနေရသကဲ့သို့ ခံစားလိုက်ရသည် ။
သားသတ်သမားသည် လိမ်ဖယ်လိမ်ဖယ်လျှောက်သွားရင်း လူစုကို ကျေးရွာအတွင်းသို့ လှည့်ပတ်ခေါ်သွားသည်။ အိမ်များအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော အသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ သားရဲများကို ပိတ်လှောင်ထားသည့် သံလှောင်အိမ်များနှင့် တူသည်။ သူတို့ အိမ်တစ်လုံးရှေ့မှ ဖြတ်သွားတိုင်း အတွင်းရှိ အရာများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည် ။
သူတို့သည် ဘိုးဘွားခန်းမ၏ အခြားတစ်ဖက်သို့ ရောက်လာကြသည်။ သားသတ်သမားက တံခါးကို သုံးချက်ခေါက်ကာ တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ဟောင်းနွမ်းနေသော တံခါးမှာ သူ့အလိုလို ပွင့်သွားသည်။အတွင်းမှ ဆေးဝါးနံ့များ လွင့်ပျံ့လာသည်။ သားသတ်သမားသည် တံခါးအပြင်ဘက်တွင် စောင့်နေရင်း ကျန်လူများကို အထဲဝင်ရန် အချက်ပြလိုက်သည် ။
ဖူမိသားစုကျေးရွာအတွင်းရှိ အခြေအနေများမှာ ကောင်းမင်၏ ကမ္ဘာကြီးအပေါ် နားလည်ထားမှုများကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။ ဒဏ်ရာအသေးစားလေးများဖြင့် ပြည့်နှက်နေသော လူတစ်ယောက်မှာ အလယ်တွင် ထိုင်နေလေသည်။ သူသည် အားနည်းပြီး နုနယ်ပုံရသော်လည်း သူ၏မျက်လုံးများမှာမူ စူးရှလှသည် ။
"အစ်ကိုချုံ"
အဖိုးကြီးချောင်နှင့် မုတ်ဆိတ်နှင့်လူတို့က ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
"လက်ကမ်းစာစောင် ပါလာတဲ့ လူငယ် ရောက်ပါပြီ"
"အင်း"
အစ်ကိုချုံသည် သူ၏ဒဏ်ရာကို ကုတ်လိုက်သည့်အခါ သူ၏မျက်လုံးများသည် သာယာကြည်နူးမှုကြောင့် အရောင်တောက်သွားသည်။ သူသည် သွေးထွက်သံယိုဖြစ်ရသော ခံစားချက်ကို နှစ်သက်နေပုံရသည်။ သူသည် နာကျင်မှုကို တောင့်တနေခြင်းဖြစ်သည်။ ထိုတောင့်တမှုမှာ သူ၏ဝိညာဉ်ထဲအထိ စွဲမြဲနေပုံရသည်။ သူသည် အာရုံမစိုက်သော မျက်လုံးများဖြင့် ကောင်းမင်ကို ကြည့်ကာ မေးလိုက်သည်။
"မင်းကို ဒီစာစောင် ဘယ်သူပေးလိုက်တာလဲ"
အစ်ကိုချုံ၏စွမ်းအားမှာ ဖိအားပေးနိုင်စွမ်းရှိကြောင်း ကောင်းမင် ဝန်ခံရပေမည်။ သို့သော်လည်း ထူးဆန်းသည်မှာ သူသည် အကြောက်တရား တစိုးတစိမျှ ရှိမနေခြင်းပင်ဖြစ်သည်။ သူသည် အစ်ကိုချုံထက် ပို၍ ရူးသွပ်သော လူများစွာနှင့် တွေ့ဖူးခဲ့ပြီးသားဖြစ်သည်။
"မပြောဘူးလား"
အစ်ကိုချုံ၏ ဒဏ်ရာများနှင့် နှုတ်ခမ်းများမှာ တစ်ပြိုင်နက်တည်း ကွဲအက်သွားသည်။ သူသည် လူသားစစ်စစ် ဟုတ်မဟုတ် ပြောရန်ပင် ခက်ခဲလှသည်။
"အဖိုးကြီးချောင်... သူ့ကို အိပ်မက်လွှတ်ကိရိယာ တပ်ပေးလိုက်"
ထောင့်တစ်နေရာရှိ အမှိုက်ပုံထဲမှ သံမဏိဦးထုပ်တစ်လုံးကို ထုတ်ယူလာသည်။ သူက အစ်ကိုချုံကို ကြည့်လိုက်သည်။
"ဒါကို ကျုပ်တို့ တကယ်လုပ်ရမှာလား၊ ဒါက ဘေးထွက်ဆိုးကျိုး တော်တော်ပြင်းတယ်နော်"
"သူမှ စကားမပြောချင်တာ၊ ငါတို့ ဘာတတ်နိုင်မှာလဲ"
ကျန်းကျန့်သည် အစ်ကိုချုံကို ကြောက်သဖြင့် အလျင်အမြန်ပင် သွားကူလိုက်သည်။ သူသည် ကောင်းမင်ကိုလည်း အမူအရာဖြင့် ပူးပေါင်းဆောင်ရွက်ရန် တောင်းပန်လိုက်သည် ။
ထိုအိပ်မက်လွှတ်သည့်ကိရိယာမှာ မသေဆေးကုမ္ပဏီမှ ကိရိယာနှင့် ဆင်တူသော်လည်း အရည်အသွေးမှာမူ ကွာခြားလှသည်။ ဤကိရိယာမှာ နှိပ်စက်သည့် ကိရိယာတစ်ခုနှင့် ပိုတူနေသည် ။
ဦးထုပ်ကို ဆောင်းလိုက်သောအခါ ကောင်းမင် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုဦးထုပ်သည် ဝတ်ဆင်သူ၏ အသက်အန္တရာယ်ကို လုံးဝဂရုမစိုက်ပေ။ ကောင်းမင်၏ အသိစိတ်မှာ ချက်ချင်းပင် ဝေဝါးသွားတော့သည်။ သူ ဆေးရုံတွင် နိုးထလာကတည်းက ရှိခဲ့သော မှတ်ဉာဏ်များမှာ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရသည်။ ထိုကိရိယာသည် မှတ်ဉာဏ်များကို ပြန်လည် စုစည်းရန် ကြိုးစားနေသည် ။
ဆာလောင်တစ္ဆေပွဲတော်နေ့က ကားအတော်တဆမှု၊ အလောင်းများ ပြည့်နှက်နေသော လိုဏ်ခေါင်း၊ အရိပ်များနှင့် အဆိုးမြင်စိတ်ခံစားချက်များကို ဝါးမြိုသည့် အသားစေ့များ...
ကောင်းမင်၏ အရေပြားအောက်ရှိ သွေးအမာရွတ်များမှာ တောက်ပလာသည်။ သူ၏နှလုံးမှာ တစ်စုံတစ်ခုက ရင်ဘတ်ထဲမှ တိုးထွက်လာတော့မည့်အလား ပြင်းထန်စွာ ခုန်ပေါက်လာသည် ။
အမျိုးမျိုးသော စိတ်ခံစားချက်များနှင့် စရိုက်များသည် သူ၏စိတ်ထဲတွင် စုပြုံလာတော့သည်။ ၎င်းတို့သည် လူတစ်ယောက်တည်းဆီမှ မဖြစ်နိုင်ပေ။များစွာသော လူများက သူတို့သေခါနီးတွင် သူတို့၏ဝိညာဉ်များကို ကောင်းမင်၏အတွင်းသို့ သွန်းလောင်းခဲ့သလိုပင်။ ၎င်းတို့သည် ကောင်းမင်၏ ဝိညာဉ်ကို လုံးဝဖျက်ဆီးပစ်ခြင်း မဟုတ်ဘဲ အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲနေကြသည်။ ၎င်းမှာ မီးတောက်ကြီးအတွင်း သူ၏ဝိညာဉ်ကို အရောင်တင်နေသကဲ့သို့ပင် ဖြစ်သည် ။
ထိုကိရိယာသည် ကောင်းမင်၏ အိပ်မက်ဆိုးမှတ်ဉာဏ်များကို ပိုမိုဖော်ထုတ်လိုသော်လည်း အရှိန် နှေးသွားသည်။ ၁၀ ရာခိုင်နှုန်း မပြည့်ခင် ၉ ရာခိုင်နှုန်းခန့်တွင် ကိရိယာပေါ်ရှိ မီးများမှာ စတင်၍ တဖျတ်ဖျတ် ဖြစ်လာသည်။ မှတ်ဉာဏ်အပိုင်းအစများ ပေါင်းစပ်သွားပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် မတော်တဆ နောက်သို့ လှည့်ကြည့်လိုက်ရာ အဆုံးမရှိသော သွေးနီရောင်မြို့တော် ၁၃ မြို့ကို မြင်လိုက်ရသည်။ ထိုအထဲမှ တစ်မြို့မှာ သူ၏နာမည် ရေးထိုးထားသော ဧရာမအုတ်ဂူကြီးတစ်ခု ဖြစ်နေသည် ။
အိပ်မက်လွှတ်သည့် ကိရိယာမှာ ရပ်တန့်သွားသည်။ ကောင်းမင်၏ နဖူးပေါ်မှ သွေးများ စီးကျလာ၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကိရိယာပေါ်တွင် နောက်ဆုံးပြနေသော ဂဏန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်သည် ။
"ငါ့ရဲ့ မှတ်ဉာဏ်က ၁၀ ရာခိုင်နှုန်းပဲ ပြန်ရသေးတာလား"
ကောင်းမင်သည် မျက်နှာပေါ်မှ သွေးများကို မသုတ်ပေ။ သူသည် အခြားလူများကို စိုက်ကြည့်လိုက်သည်။
"အခု ခင်ဗျားတို့ ကျေနပ်ပြီလား"
"နောက်တစ်ခု သွားယူခဲ့ဦး"
အစ်ကိုချုံသည် ရေအိုင်ထဲတွင် လှဲနေရင်း ပြောလိုက်သည်။ သူ၏ဒဏ်ရာများမှာ ထူးဆန်းသော အရည်များအောက်တွင် တွန့်တွန့်လူးနေကြသည် ။
"ကျုပ်တို့ ကိရိယာက ဘာမှ မမှားဘူးလို့ ကျုပ်ထင်တယ်၊ ဒီလူရဲ့ ဦးနှောက်ကမှ ပြဿနာဗျ"
အဖိုးကြီးချောင်က ပျက်စီးသွားသော ကိရိယာကို ကောက်ယူလိုက်သည်။ သူသည် ကိရိယာကို ပြန်တပ်ရန် ကြိုးစားသော်လည်း သူလုပ်လိုက်သည်နှင့် အနီးနားရှိ ဝါယာကြိုးများနှင့် စားပွဲပေါ်မှ အရာများက စတင်တုန်ခါလာသည်။ သူ ချက်ချင်း ရပ်တန့်လိုက်သည်။
"အစ်ကိုချုံ... ကျုပ်ထင်တာတော့ သူ့ကို လက်ကမ်းစာစောင် ပေးလိုက်တာ ဟွမ်ရင်ထင်တယ်..."
"ပါးစပ်ပိတ်စမ်း"
အစ်ကိုချုံက အော်ဟစ်လိုက်သည်။ သူသည် အဖိုးကြီးချောင်ကို ဟွမ်ရင်အကြောင်းကို မည်သည့်အရာမှ ထပ်မပြောစေတော့ပေ။ သူသည် မိစ္ဆာမျက်လုံးများဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
"ဘေးခန်းက သရဲအိုကြီးတွေက မင်းဆီက ဘာအနံ့မှ မရဘူးတဲ့၊ မင်းက မသေဆေးကုမ္ပဏီက မဟုတ်ဘူးလား၊ ဒါမှမဟုတ် သူတို့တောင် မင်းဘာဖြစ်နေလဲဆိုတာကို မသိတာလား"
"မသေဆေးကုမ္ပဏီက လူတွေဆီမှာ အနံ့ရှိလို့လား"
"ရှိတာပေါ့၊ အဆင့် ၅ စမ်းသပ်မှုတွေမှာ ပါဝင်တဲ့သူတိုင်းကို အာဟာရရည်တွေထဲမှာ နှစ်ထားကြတာ၊ သူတို့ရဲ့ အသိစိတ်တွေက အိပ်မက်ဆိုးတွေထဲကို ကျဆင်းသွားပြီး ပြန်နိုးလာခဲတယ်"
အစ်ကိုချုံသည် အဝတ်များကို ဝတ်ဆင်ကာ ဝှက်ထားသော လိုက်ကာကို ဖွင့်လိုက်သည်။ မော်နီတာအများအပြားက ကောင်းမင်၏ အချက်အလက်များနှင့် ဖိုင်များကို မှတ်တမ်းတင်ထားသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ၎င်းတို့သည် လက်တွေ့ကမ္ဘာရှိ ကောင်းမင်နှင့် ပတ်သက်သမျှအရာအားလုံးကို အကုန်ရှာဖွေပြီးသား ဖြစ်နေသည်။
"အဲ့ဒီ မသေနိုင်တဲ့ သတ္တဝါတွေက မင်းကို ဖိတ်ခေါ်ဖို့ ငါ့ကို အတင်းတိုက်တွန်းနေကြပြီ"
အစ်ကိုချုံသည် မမြင်ရသော ပိုးမွှားများကို မောင်းထုတ်နေသကဲ့သို့ သူ၏လက်ကို စိတ်လှုပ်ရှားစွာ ဝေ့ယမ်းလိုက်သည်။ သူ့ပုံစံမှာ ဂနာမငြိမ် ဖြစ်နေသည် ။
"လာခဲ့ပါ... ရှင်းလုရဲ့ အခြားတစ်ဖက်ခြမ်းကို မင်းကို လိုက်ပြမယ်၊ ပြောင်လက်တောက်ပနေတဲ့ အပေါ်ယံအောက်မှာ ဘယ်လောက်တောင် ညစ်ပတ်စက်ဆုပ်ဖို့ကောင်းလဲဆိုတာ မင်း မြင်ရလိမ့်မယ်"