ရန်လိုသူ
Vol. 172 Ch. 2461
ကျူးဟိုသည် ဗြမ္မာ့သန့်စင်မဟာကောင်းကင်အတွင်းရှိ ကျားနန်မြို့၏ထိပ်သီးအင်အားစုများထဲမှ တစ်စုဖြစ်သည့် ကျူးမိသားစုမှ တပည့်တစ်ဦးဖြစ်သည်။ ကျူးဟိုသည် ကလေးဘဝအရွယ်ကတည်းက ပြိုင်ဘက်ကင်းပါရမီကိုပြသခဲ့သဖြင့် ဗုဒ္ဓလမ်းစဉ်၏မြင့်မြတ်သောနေရာကို ပို့၍ ကျင့်ကြံစေခဲ့သည်။ သူသည် ဗုဒ္ဓဂိုဏ်း၏ရွေးချယ်ခြင်းကို ခံရသော ကျားနန်မြို့မှ တစ်ဦးတည်းသော ကျင့်ကြံသူဖြစ်သည်။
သူ့ကို ကျားနန်မြို့တွင် မြင်ရခဲသော်လည်း ကျားနန်မြို့မှကျင့်ကြံသူများသည် သူ့ကိုကောင်းစွာသိကြသည်။
ယခုတွင် သူပြန်ရောက်လာပုံပေါ်လေသည်။ ပြန်ရောက်လာခြင်းမှာ အကြွင်းမဲ့ဗုဒ္ဓပွဲတော်ကြောင့် ဖြစ်ရပေမည်။
အကြွင်းမဲ့ဗုဒ္ဓပွဲတော်သည် ဗုဒ္ဓလောကအတွင်းရှိ ကြီးကျယ်ခမ်းနားသောပွဲတော်တစ်ခုဖြစ်သည်။ ဤပွဲတော်အချိန်တွင် ကျူးဟိုတစ်ယောက် အိမ်ပြန်လာလျှင်လည်း အံ့အားသင့်ဖွယ်မရှိပေ။
ကျူးဟိုသည် ဗုဒ္ဓ၏အကြားအမြင်ကို ကျင့်ကြံခဲ့ပြီးဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုစွမ်းရည်သည် ဗုဒ္ဓလောကတွင် အစွမ်းထက်ဆုံးစွမ်းရည်တစ်ခုလည်းဖြစ်သည်။ ထိုစွမ်းရည်ကိုကျင့်ကြံသူသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်းရှိ၏။ အခြားသူများကျင့်ကြံသည့်လမ်းစဉ်များကိုလည်း မြင်နိုင်ပေသည်။
ထိုအခိုက်တွင် ကျူးဟို၏ နတ်မျက်လုံးများသည် ဗုဒ္ဓအလင်းဝန်းရံခြင်းခံထားရဆဲဖြစ်သည့် ကျင့်ကြံသူလေးဦးကို ကြည့်နေလေသည်။ ဖန်းစွင်နှင့် ကျန်သုံးဦးသည် တစ်ပြိုင်တည်းထရပ်လိုက်ကြပြီး ကျူးဟိုကို အတော်လေးမကျေနပ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ကျူးဟိုသည် ဂရုစိုက်ပုံမပေါ်ပေ။ သူသည် သူ့နေရာတွင် တိတ်တဆိတ်ထိုင်နေဆဲဖြစ်သည်။ သူသည် မည်သည့်အရာကိုမှ ဂရုမထားမိသကဲ့သို့ပင်။
“သဘာဝလျှို့ဝှက်လမ်းစဉ်တွေ”
ကျူးဟိုသည် ဖန်းစွင်တို့လေးဦးကိုကြည့်၍ သူ့ဘာသာရေရွတ်လိုက်သည်။ သူဆက်ပြောလိုက်သည်။
“ကျင့်ကြံခြင်းအတွက်ဆိုရင် ကျားနန်မြို့က ဗြမ္မာ့သန့်စင်မဟာလောကထဲက ထိပ်တန်းမြို့တစ်မြို့မဟုတ်ဘူး။ သဘာဝဖုံးကွယ်လမ်းစဉ်တွေနဲ့ ကျင့်ကြံသူလေးယောက် ရုတ်တရက်ပေါ်လာတာက ငါ့ကိုစိတ်ဝင်စားစေတာ အံ့ဩစရာမရှိပါဘူး။ မင်းတို့က ဘယ်ကလန်ကလဲဆိုတာ အတိအကျပြောစမ်း... ပြီးတော့ မင်းတို့က ဘယ်ကလာကြတာလဲ”
ဖန်းစွင်နှင့်ကျန်သုံးဦးသည် ပို၍မှင်တက်သွားကြသည်။ ကျူးဟိုသည် ဖန်းစွင်တို့လေးဦးမှာ လမ်းစဉ်နှင့်အတူ မွေးဖွားလာသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပို၍စူးရှလာပြီး ခက်ထန်လာသည်။
သူတို့သည် ရွာတွင် မွေးဖွားလာသူများဖြစ်ပြီး အမှန်ပင် လျှို့ဝှက်လမ်းစဉ်ဖြင့် မွေးဖွားလာသူများဖြစ်သည်။ နောက်တွင် သူတို့သည် ကျင့်ကြံခြင်းတွင် ဆရာသခင်၏အုပ်ထိန်းစောင့်ရှောက်မှုကို ရရှိခဲ့သည်။ သူတို့သည် တမူထူးခြားသည်မှာ အမှန်ဖြစ်ပြီး သာမန်ကျင့်ကြံသူများထက် များစွာသာလွန်ပေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေအနေသည် ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်ပေသည်။ ထို့ကြောင့် ကျူးဟိုသည် သူတို့သည် မည်မျှထူးခြားကြောင်းကို သိမြင်ခဲ့ခြင်းပင်။ ဗုဒ္ဓ၏အကြားအမြင်အာရုံနှင့်ဆိုလျှင် သူသည် ထိုလေးဦး၏သဘာဝလျှို့ဝှက်လမ်းစဉ်များကို မြင်နိုင်ပေသည်။
“ကျွန်တော်တို့ အခုသွားရတော့မယ်”
ဖန်းစွင်သည် အေးစက်စွာပြောလိုက်သည်။ သူ၏အသံတိမ်ဝင်သွားသောအခါ သူသည် အခြားသုံးဦးကိုကြည့်၍ နောက်လှည့်ကာ ထွက်သွားလေသည်။
ဖန်းစွင်သည် စိတ်ပြင်းပြ၍ စိတ်လိုက်မာန်ပါလုပ်တတ်သူဖြစ်သည်။ သူငယ်ရွယ်စဉ်က ရွာထဲတွင် ပြဿနာဖြစ်ပြီဆိုလျှင် သူပါပေသည်။ ယခုတွင် သူအရွယ်ရောက်လာပြီဖြစ်သော်လည်း သူ၏အကျင့်စရိုက်သည် များစွာမပြောင်းလဲသေးပေ။ သို့သော် ယခုတွင် မိုက်မဲသောကိစ္စများကို လုပ်ရန်အချိန်မဟုတ်ပေ။ ထို့ပြင် သူမလုပ်ချင်ဆုံးအရာမှာ တစ်စုံတစ်ယောက်ကို ရန်စ၍ သူ့ဆရာအတွက် ပြဿနာပိုရှာမိမည်ကိုဖြစ်သည်။
အခြားသူများသည် ထိုအကြောင်းကိုနားလည်ပြီး ဖန်းစွင်နောက်သို့လိုက်ကာ ထွက်ခွာသွားရန်ပြင်လိုက်သည်။ သို့သော် သူတို့အပေါ်သို့ မဟာလမ်းစဉ်၏အရှိန်အဝါ တိုက်ရိုက်ကျဆင်းလာသည်။ ရန်ဟောင်အဆင့်ကျင့်ကြံသူများသည် သူတို့ကိုအဖက်ဖက်မှ တားတီးလိုက်ကြပြီး စားသောက်ဆိုင်ကို ပိတ်ဆို့ထားလိုက်သည်။
ကျူးဟိုသည် သူ့နေရာတွင် တိတ်တဆိတ်ထိုင်နေပေသေးသည်။ သူသည် သူ၏အရက်ခွက်ကို ဆက်သောက်နေလေသည်။ သူ၏ဟန်ပန်သည် ပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။ ဖန်းစွင်သည် နောက်လှည့်ကာ သူ့ကိုကြည့်၍ ပြောလိုက်သည်။
“ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် မသိပါဘူး... အဲ့တော့ ဒီလိုမျိုးလုပ်ဖို့ မလိုပါဘူး”
“ဒါပေမဲ့ ငါက မင်းတို့လေးယောက်ကို စိတ်ဝင်စားနေတယ်”
ကျူးဟို ပြန်တုံ့ပြန်လိုက်သည်။
သူထရပ်လိုက်ပြီး ဖုန်းစွင်တို့လေးဦးဆီ လျှောက်သွားလိုက်သည်။
“မင်းတို့လေးယောက်က အကြွင်းမဲ့ဗုဒ္ဓပွဲတော်အကြောင်းကို ဘာမှမသိပေမယ့် မင်းတို့က သဘာဝလျှို့ဝှက်လမ်းစဉ်တွေနဲ့ မွေးဖွားလာတာပဲ။ တစ်ယောက်ချင်းစီက ပညာရပ်တစ်ခုတည်းကလာတာမဖြစ်နိုင်တဲ့ အမှီအခိုကင်းဓာတ်တွေရဲ့ ကွဲပြားတဲ့စွမ်းရည်တွေရှိတာပဲ။ ငါ မင်းတို့လေးယောက်အကြောင်းကို တော်တော်လေးစိတ်ဝင်စားနေတယ်ဆိုတာ ငါမင်းတို့ကို အာမခံနိုင်ပါတယ်”
စားသောက်ဆိုင်အပြင်ဘက်တွင် မျက်မမြင်တစ်ဦးသည် အဝေးမှနေ၍ စားသောက်ဆိုင်ဘက်သို့ လျှောက်လာလေသည်။ ထိုသူကား မျက်မမြင်ထျယ်ပင်။ သို့သော် ထိုအခိုက်တွင် သူ့ရှေ့တွင် နောက်ထပ် အသက်လတ်ပိုင်းအမျိုးသားတစ်ဦး ပေါ်လာလေသည်။ ထိုအသက်လတ်ပိုင်းအမျိုးသားသည် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် မဟာလမ်းစဉ်လှိုင်းများ အဆက်မပြတ်စီးဆင်းနေသည်။
သူသည် မျက်မမြင်ထျယ်ကို လွန်စွာသတိကြီးကြီးဖြင့် ကြည့်နေလေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် သူ့ပြိုင်ဘက်နှင့်အဆင့်တူပေသည်။ သူတို့နှစ်ဦးစလုံးသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများဖြစ်သည်။ သူသည် မျက်မမြင်ထျယ်ရှေ့သို့ရောက်လာသည်။
သူသည် ဖန်းစွင်တို့လူငယ်လေးများကို ပြဿနာများမဖြစ်စေရန် ကာကွယ်ပေးနေသော မျက်မမြင်ထျယ်ကဲ့သို့ ကျူးဟိုကို လျှို့ဝှက်စောင့်ရှောက်နေသော ကျင့်ကြံသူဖြစ်ကြောင်း ထင်ရှားပေသည်။
မျက်မမြင်ထျယ်သည် လမ်းပိတ်ခံလိုက်ရပြီဖြစ်ကြောင်း ဖန်းစွင်နှင့်ကျန်သုံးဦး သိလေသည်။ ထိုဝတ်စုံဖြူနှင့်လူ၏ဇစ်မြစ်သည် အပေါ်ယံမြင်ရသည်ထက် များစွာထပ်ရှိသေးကြောင်း သိသာပေသည်။
“ခင်ဗျားက ဘာလုပ်ချင်လို့လဲ”
ဖန်းစွင်သည် ခေါင်းလှည့်၍ ဝတ်စုံဖြူနှင့်လူကိုမေးလိုက်သည်။
“ငါက ဘာမှမလုပ်ချင်ပါဘူး။ ငါ မင်းတို့ဘယ်သူလဲ၊ ဘယ်ကလာလဲဆိုတာပဲ သိချင်နေတာပါ”
ဝတ်စုံဖြူနှင့်လူသည် ထရပ်လိုက်ပြီး ထိုလေးဦးကို သူ၏နတ်မျက်လုံးများဖြင့် တားဆီးလိုက်သည်။ စားသောက်ဆိုင်အတွင်းရှိလေထုထဲတွင် မမြင်နိုင်သော မုန်တိုင်းတစ်ခုထွက်ပေါ်လာလေသည်။ ရုတ်ခြည်းအတွင်းမှာပင် စားသောက်ဆိုင်အတွင်းရှိ အရာအားလုံးသည် ကျိုးပဲ့ပျက်စီးသွားလေသည်။ စားသောက်ဆိုင်အတွင်းရှိ ကျင့်ကြံသူများသည် လျင်မြန်စွာပင် ရှောင်ရှားလိုက်ကြရသည်။
မကြာမီတွင် စားသောက်တိုက်အတွင်း၌ ဝတ်စုံဖြူနှင့်လူ၊ သူ့နောက်လိုက်များနှင့် ဖန်းစွင်တို့လူစုသာ ကျန်ခဲ့လေတော့သည်။
ဖန်းစွင်နှင့်ကျန်သုံးဦး၏မျက်နှာများပေါ်တွင် မကျေနပ်သောအရိပ်အယောင်များ ရှိနေ၏။ သူတို့အကြောင်းကို စိတ်ဝင်စား၍ဟုတ်လေသလော။ ထိုအကြောင်းပြချက်သည် လုံးဝအဓိပ္ပာယ်မရှိပေ။
အကြွင်းမဲ့ဗုဒ္ဓပွဲတော် ကျင်းပတော့မည့်အချိန်ဖြစ်သဖြင့် ဗုဒ္ဓလောကတစ်ခုလုံးသည် အလုံးစုံငြိမ်းချမ်းရေးအပိုင်းအခြားသို့ ရောက်ရှိနေပြီဖြစ်သည်။ နက်ရှိုင်းသောရန်ငြိုးများရှိသည့်သူများပင် အချိန်တစ်ခုအထိ လှုပ်ရှားနိုင်ဦးမည်မဟုတ်ပေ။ ထို့ကြောင့် အကြွင်းမဲ့ဗုဒ္ဓပွဲတော်မကျင်းပခင်တွင် လူအများအပြားသည် ရန်ငြိုး၊ရန်စများကို ရှင်းရန် အလျင်စလိုဆောင်ရွက်ကြရာ ဗုဒ္ဓလောကသည် ပရမ်းပတာအခြေအနေသို့လည်း ရောက်ခဲ့သည်များရှိလေသည်။ အကြွင်းမဲ့ဗုဒ္ဓပွဲတော် စတင်ကျင်းပပြီဆိုလျှင် အရာအားလုံးသည် အချိန်တစ်ခုအထိ ပြန်လည်တည်ငြိမ်သွားမည်ဖြစ်သည်။
ကျူးဟိုမှာမူ ထိုလေးဦးသည် ကျားနန်မြို့မှ ကျင့်ကြံသူများမဟုတ်ကြောင်း သေချာနေပေသည်။ သဘာဝလျှို့ဝှက်လမ်းစဉ်များနှင့် မွေးဖွားလာသည့် ထက်မြက်သောကျင့်ကြံသူလေးဦးကို မြင်ရခဲလေသည်။ ထို့ကြောင့် သူသည် သူတို့အကြောင်းကို ပို၍သိချင်နေသည်မှာ သဘာဝကျပေသည်။
ဗုဒ္ဓ၏အကြားအမြင်ကို ထုတ်လွှတ်လိုက်သောအခါ သူ၏မျက်လုံးများသည် ပို၍တည်ငြိမ်လာလေတော့သည်။ သူသည် အရာအားလုံးကို ဖောက်ထွင်းမြင်နေရပုံပေါ်နေပြီး ထိုလေးဦးကို ထပ်မံကြည့်လိုက်သည်။ သူ၏မျက်လုံးများနှင့် ထိုလေးဦး၏မျက်လုံးများ အကြည့်စုံသွားသောအခါ ဖန်းစွင်တို့သည် သူတို့၏မျက်လုံးများထဲ၌ စူးရှသောနာကျင်မှုကို ခံစားလိုက်ကြရသည်။ နတ်မျက်လုံးများသည် သူတို့၏ကျင့်ကြံခြင်းကိုထောက်လှမ်းနိုင်ရေးအတွက် သူတို့၏အသိစိတ်အတွင်းသို့ဝင်နိုင်ရန် သူတို့မျက်လုံးအတွင်းသို့ဖောက်ဝင်သွားသကဲ့သို့ပင်။
ဝုန်း...
သူတို့လေးဦးသည် မဟာလမ်းစဉ်စွမ်းအားများကို တစ်ပြိုင်တည်းထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် အရှိန်ဖြင့် လေထဲသို့မြောက်တက်သွားသည်။ ကျူးဟိုသည် သူတို့၏သဘောမပါဘဲ သူတို့ကိုထောက်လှမ်းနေသည်ကို သူတို့ငြိမ်ခံမနေနိုင်ပေ။
“ငါ ကောင်းကင်နည်းလမ်းတွေကို တွေ့လိုက်တယ်။ မင်းတို့ဆီမှာ မဟာအင်ပါယာရဲ့အမွေအနှစ်တွေ ပုန်းအောင်းနေတာပဲ”
ကျူးဟို၏မျက်လုံးသည် ကြောက်မက်ဖွယ်ကောင်းနေပေသည်။ ယခုပင် သူသည် သူ၏စိတ်ထဲတွင် ပုံရိပ်အချို့ကို မြင်ခဲ့ရသည်။ သူထင်ထားသကဲ့သို့ပင် ထိုလေးဦး၏ဇစ်မြစ်သည် မရိုးရှင်းပေ။
ထိုအခိုက်တွင် ကျူးဟို၏မျက်လုံးများသည် ပို၍တည်ငြိမ်လာသည်။ သူ၏ခန္ဓာကိုယ်သည် လေပေါ်သို့ ဖြည်းဖြည်းချင်းမြောက်တက်သွားပြီး သူ၏ဝတ်စုံဖြူသည် လေတွင်တဖြပ်ဖြပ်ခတ်နေ၏။ သူသည် ထိုလေးဦးကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေသည်။ ထိုမျက်လုံးများမှနေ၍ ထပ်မံ နတ်အလင်းဖြာလာပြီး ဖန်စွင်တို့လူစုကို ကြည့်နေသည်။
ဝုန်း...
ထိုအချိန်တွင် အဝေးတစ်နေရာတွင် တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ တိုက်ခိုက်လိုက်သူမှာ မျက်မမြင်ထျယ်ပင်။ သူသည် မမြင်နိုင်သော်လည်း သူ့ဘေးပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည်များကို ရှင်းရှင်းလင်းလင်း သိနိုင်စွမ်းရှိပေသည်။ ကျူးဟို၏ကျင့်ကြံခြင်းအဆင့်ကို လျှော့တွက်၍မရပေ။ သူသည် ရန်ဟောင်အလယ်အလတ်အဆင့်တွင် ရှိသူဖြစ်သည်။ ဖန်းစွင်တို့လူစုသည် သူ့ကိုထိထိရောက်ရောက် ပြန်တိုက်နိုင်မည်မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ကျူးဟိုကျင့်ကြံသော စွမ်းရည်သည် အန္တရာယ်များ၍ ဆန်းကြယ်ခြင်းပင်။ သူသည် ဗုဒ္ဓ၏အကြားအမြင်ကိုပိုင်ဆိုင်သဖြင့် အရာအားလုံးကိုသိမြင်နိုင်ပြီး ဖန်းစွင်တို့၏အသိစိတ်အတွင်းသို့လည်း ဖောက်ဝင်နိုင်ပေသည်။ သူ့ကိုသာ သူ့သဘောရှိလုပ်ခွင့်ပေးလိုက်လျှင် လူငယ်လေးဦးအတွက် အလွန်အန္တရာယ်များမည်ဖြစ်ပြီး သူတို့၏အနာဂတ်ကျင့်ကြံခြင်းအပေါ် မကောင်းသောသက်ရောက်မှုများ ရှိသွားနိုင်သည်။
သို့သော် မျက်မမြင်ထျယ်ကို တားဆီးထားသော ကျင့်ကြံသူ၏အစွမ်းသည်လည်း ကြောက်မက်ဖွယ်ပြင်းထန်လေသည်။ သူသည် ကျူးဟိုတို့ကလန်မှ ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဗုဒ္ဓနည်းလမ်းအများပြားကို ကျွမ်းကျင်သူဖြစ်ကာ အံ့အားသင့်ဖွယ် ခုခံနိုင်စွမ်းရှိလေသည်။ သူသည် မျက်မမြင်ထျယ်၏တိုက်ခိုက်မှုကို ထိပ်တိုက်ခုခံနိုင်ခဲ့ရာ မျက်မမြင်ထျယ်သည် ဖန်းစွင်တို့ကို ကူညီရန် သူ့ကိုကျော်ဖြတ်မသွားနိုင်ဖြစ်နေသည်။
ကျူးဟိုသည် ထိုနေရာသို့ ကြည့်ပင်မကြည့်ပေ။ သူသည် လေထဲတွင် ရပ်နေပြီး ဖန်းစွင်တို့လေးဦးကိုသာ ကြည့်နေလေသည်။ လေထုထဲတွင် ဧရာမမျက်လုံးကြီးတစ်စုံ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ကိုရုတ်ခြည်းကာဆီးလိုက်သည်။ ထို့နောက် ကောင်းကင်ကို မျက်ဝန်းလောကတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ လောကကြီးသည် နတ်မျက်လုံးတစ်စုံကဲ့သို့ ဖြစ်သွားသည်ဟုပင် ထင်ရလေသည်။
လေထုထဲတွင် ပေါ်လာသည့် ထိုဧရာမမျက်လုံးကြီးများသည် ဖန်းစွင်တို့လေးဦးကို ကြည့်နေလေသည်။ ရုတ်တရက် သူတို့လေးဦး၏ မဟာလမ်းစဉ်အရှိန်အဝါများ အလုံးစုံပေါ်သွားလေတော့သည်။ မဟာလမ်းစဉ်၏ မှုန်ဝါးဝါးလှိုင်းများသည် အရိပ်များအဖြစ်သို့ပြောင်းလဲသွားပြီး ပေါ်လာသည်။
ဖန်းစွင်၏ပတ်ပတ်လည်တွင် လောကအသေးတစ်ခု ပေါ်လာ၏။ လင်ကဘေး၏ပတ်ပတ်လည်တွင် အာကာတံခါးများပေါ်လာ၏။ ထျယ်ထို၏နောက်တွင် နတ်တူတစ်ခုကိုကိုင်ထားသော နတ်အရိပ်တစ်ခု ရပ်နေသည်။ သောယွီ၏နောက်တွင် ကြောက်မက်ဖွယ် ပြန်လည်ဝင်စားခြင်းမျက်လုံးတစ်စုံ ပေါ်လာလေသည်။