← Chapters

အခန်း (၂၆၇-၂၆၈)

Vol. 24 Ch. 267-268

အခန်း (၂၆၇-၂၆၈)

Vol. 24 Ch. 267-268

အခန်း (၂၆၇)။

"ဒီတော်ဝင်ကြေညာ စာတမ်းတွေမှာ ခဲမှုန့်အနံ့တွေ ပါနေတယ်။ ဒါက ထူးဆန်းတယ်။ ဒီကြေညာစာတမ်းတွေကို ခဲပြားတွေပေါ်မှာ ပုံနှိပ်ထားတာများလား။" ဟုန်ယွိသည် စားပွဲပေါ်မှ တရားရုံး၊ ဝန်ကြီးများရုံးနှင့် ဝန်ကြီးဌာနခြောက်ခုမှ ကြေညာစာတမ်းပုံများကို ကောက်ယူလိုက်သည်။ အားလုံးကို အရောင်တစ်မျိုးတည်းဖြင့် ထွင်းထုထားသည်ကို တွေ့ရသည်။ သေသေချာချာ နမ်းရူကြည့်ရာ ခဲမှုန့်အနံ့ကိုပါ ရနေသည်။

တာအိုပညာ ကျင့်ကြံသူတိုင်း ခဲနှင့်ပြဒါးကို မီးရှို့လေ့ရှိသောကြောင့် ခဲမှုန့်နံ့ကို သဘာဝအတိုင်း အလွန်သိလွယ်ကြသည်။

စာအုပ်တစ်အုပ် ထွင်းထုဖို့အတွက် အရင်ဆုံး သစ်သားပြားတစ်ချပ်ကို လိုအပ်ပါသည်။ ထို့နောက် စာလုံးများကို တစ်လုံးချင်း ထွင်းရပြီး မှင်ဖြင့် စက္ကူပေါ် ပုံနှိပ်ရသည်။ ဤနည်းလမ်းကို အများအားဖြင့် အရေးကြီးစာအုပ်များနှင့် ပညာရှင်များ၏ ကျမ်းဂန်များကို ပုံနှိပ်ရာတွင် အသုံးပြုကြသည်။ သို့သော် တော်ဝင်ကြေညာစာတမ်းများသည် နေ့တိုင်း ပြောင်းလဲနေပြီး နေ့တိုင်း ဆောင်းပါးအသစ်များ ရှိနေသည်။ ဤကဲ့သို့ ထွင်းထုနေရခြင်းသည် အလွန် အလေအလွင့်များပြီး အချိန်လည်း မရှိပေ။ ထို့ကြောင့် နန်းတော်၏ မူဝါဒအမျိုးမျိုးကို သိရှိလိုသော၊ နန်းတော်၏ လှုပ်ရှားမှုများကို ခန့်မှန်းလိုသော နန်းတွင်းအရာရှိများ၊ မှူးမတ်များနှင့် ကုန်သည်များသည် ကြေညာစာတမ်းများကို အထူးကူးယူသည့် နေရာသို့ သွားကြရသည်။

ဟုန်ယွိသည် ဤကြေညာစာတမ်းများကို မြင်သောအခါ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။

"ငါလည်း အစက ထူးဆန်းတယ်လို့ တွေးမိတာပေါ့။ ဒါပေမဲ့ မကြာသေးခင်ကမှ ငွေအများကြီးသုံးပြီး သိလိုက်ရတာက ချန်ပီယံမြို့စားဟာ သူ့ရဲ့ လက်အောက်ခံ ဖန်ရှင်းတာအိုဂိုဏ်းက တာအိုပညာရှင်တွေကို ခဲနဲ့ စာလုံးတစ်လုံးချင်းစီ လုပ်ခိုင်းပြီး၊ ပုံနှိပ်ပြားတွေ စီစဉ်ခိုင်းတယ်။ ပြီးတော့ အဲဒါပုံနှိပ်ပြားတွေကို တော်ဝင်မိသားစုဆီ ဆက်သခိုင်းတယ်တဲ့။ ဒီလိုဆို နေ့စဉ် တော်ဝင်ကြေညာစာတမ်းတွေ ပုံနှိပ်ဖို့ ပိုအဆင်ပြေတယ်။ လက်ရေး နဲ့ ကူးယူဖို့အတွက် လူအင်အား အများကြီးလည်း မလိုတော့ဘူး။ တော်ဝင်မိသားစုက ဒီအတွက် တော်ဝင်ကြေညာစာတမ်းဌာနတစ်ခုကို အထူး တည်ထောင်လိုက်တယ်။ နေ့တိုင်း ကြေညာစာတမ်းပေါင်း ထောင်နဲ့ချီ ပုံနှိပ်ပြီး နေရာအနှံ့ ဖြန့်ဝေတယ်။ မြို့တော်ရဲ့ မိုင်တစ်ရာ ပတ်လည်မှာလည်း ရောင်းချတယ်။ အဲဒီကနေပဲ တစ်နှစ်ကို နန်းတော်ဘဏ္ဍာတိုက်ထဲ ငွေဒင်္ဂါးသား တသိန်းကျော် ဝင်မယ်လို့ ကျွန်မ တွက်ထားတယ်။ ဒါဟာ ခရိုင်ငယ်လေးတစ်ခုရဲ့ အခွန်ဝင်ငွေနဲ့ ညီမျှတယ်။"

မုရုန်ယန်သည် သူမလက်ထဲရှိ သွေးပုံစံ သံမဏိအပ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆော့ကစားနေသည်။ ဘဏ္ဍာရေး စီမံခန့်ခွဲမှုနှင့် ထောက်လှမ်းရေး သတင်း အချက်အလက် စုဆောင်းမှုတို့တွင် မုရုန်ယန်သည် အမြဲတမ်း ကျွမ်းကျင်သူ ဖြစ်ခဲ့သည်။

"ခဲတုံးစာလုံး တစ်လုံးချင်စီတာလား။ ပုံနှိပ်ပြားတွေ စီစဉ်လိုက်တာလား။ ဒီချန်ပီယံမြို့စားမှာ တကယ်ကို ထူးဆန်းတဲ့ အကြံဉာဏ်တွေ ရှိတာပဲ။ အဲဒီ မိုနိုဂိုတာရီတောင် သူ့ကြောင့် စိတ်လှုပ်ရှားခဲ့ရတာ အံ့ဩစရာ မရှိတော့ဘူး။" ဟုန်ယွိသည် စိတ်ထဲကနေ တွေးလိုက်ပါသည်။ သူသည် ၎င်း၏ အဓိပ္ပာယ်ကို နားလည်သွားပြီ ဖြစ်သည်။ "ဒါပေမဲ့ ခဲကိုသုံးပြီး စာလုံးပြုလုပ်တာ၊ ပုံနှိပ်ပြားတွေ စီစဉ်တာကို ခဲဘလောက်တုံး အလုံအလောက် မရှိတဲ့အတွက် သာမန်လူတွေ လုပ်ဆောင်ဖို့တော့ ခက်ခဲလိမ့်မယ်။ တခြားအရာတစ်ခုခုကို အစားထိုးတာ ပိုကောင်းမယ်။ ဒါပေမယ့် အဲဒီအရာ ပေါ်လာတာနဲ့ အနာဂတ်မှာ ကမ္ဘာပေါ်မှာ စာအုပ်တွေ အများအပြား ရှိလာနိုင်တယ်။ ဒါဟာ တိုင်းတာလို့ မရအောင် ကောင်းတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ဒီအရာက ပညာရှင်အရာရှိအုပ်စုရဲ့ တိုက်ခိုက်တာ ခံရဖွယ်ရှိတယ်။ စာလုံးတစ်လုံးချင်း ခွဲထုတ်ပြီး စာစီခြင်း နည်းပညာသစ်ကို အသုံးပြုကာ၊ ကာမရမ္မက်ဆန်တဲ့ စာပေတွေ ပုံနှိပ်တာ၊ ပြီးတော့ ပညာရှင်တွေရဲ့ စာအုပ်တွေကို ပုံနှိပ်တာဟာ တားမြစ်ထားတဲ့ကိစ္စဖြစ်ပြီး၊ နိုင်ငံရေးအရ တိုက်ခိုက်ခံရဖို့ လွယ်ကူတယ်ဆိုတာ သိထားရမယ်။ တရားရုံးကြီးကြပ်ရေးအဖွဲ့အစည်းက နန်းတွင်းအမတ်ချုပ် တစ်ယောက်ယောက်ကများ ချန်ပီယံမြို့စားကို စွပ်စွဲပြစ်တင်ခဲ့သေးလား။"

ဟုန်ယွိသည် ဤကိစ္စ၏ ဖြစ်စဉ်နှင့် အကျိုးဆက်ကို တွေးတောနေပြီး ပြောင်းလဲမှုများကို နားလည်ရန် ကြိုးစားနေသည်။ ခဏအတွင်းမှာပင်, သူသည် ဤကိစ္စ၏ အနှစ်သာရကို ဆုပ်ကိုင်ထားသကဲ့သို့ ရှင်းလင်းပြတ်သားသော ခံစားချက်ကို ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားက လှုပ်ရှားသွားပြီး ဤကိစ္စကြောင့် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများစွာကို သူ မြင်နိုင်သလို ဖြစ်နေသည်။

"သစ်ရွက်တစ်ရွက် ကြွေကျတာကို စောင့်ကြည့်ခြင်းအားဖြင့် ဆောင်းဦးကို သိနိုင်တယ်။ နေနဲ့လကို စောင့်ကြည့်ခြင်းအားဖြင့် ယင်နဲ့ယန်ကို သိနိုင်တယ်။ ရှေးသူတော်စင်တွေဟာ အရာဝတ္ထုတစ်ခုကို ကြည့်လိုက်တာနဲ့ နောင်အနှစ်ငါးရာကြာပြီးနောက် ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေကို သိနိုင်ခဲ့ကြတယ်။ အနာဂတ်က အမြဲတမ်း ပြောင်းလဲနေပေမဲ့ မဟာသူတော်စင် ပညာရှင်တွေဟာ သေသေချာချာ စဉ်းစားပြီးနောက်၊ အတွင်းပိုင်းက အဓိကအရာတချို့ကို ဆုပ်ကိုင်နိုင်ခဲ့ကြတယ်။ ငါ့မှာ အဲဒီလို စွမ်းရည်မျိုး မရှိဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အနာဂတ်မှာ ဖြစ်လာမယ့် အခြေအနေကိုတော့ အကြမ်းဖျင်း သိနိုင်တယ်။"

ဟုန်ယွိသည် ရုတ်တရက် ရှင်းလင်းပြတ်သားသော ခံစားချက်၊ ဤကိစ္စ၏ အနှစ်သာရကို ဆုပ်ကိုင်နိုင်ခြင်းနှင့် ဤကိစ္စကြောင့် ဖြစ်ပေါ်လာမည့် အနီးစပ်ဆုံး အခြေအနေကို မှန်းဆနိုင်ခြင်းတို့အတွက် အလွန် ကျေနပ်နေသည်။

၎င်းမှာ စာဖတ်ခြင်းဖြင့် မိမိ၏ စွမ်းအင်ကို မွေးမြူခြင်း၊ မိမိ၏ စိတ်နှလုံးကို လေ့ကျင့်ခြင်းက အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိခြင်းကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်။

"ဒီချန်ပီယံမြို့စားမှာ ဒီလောက် အံ့သြဖွယ် အကြံဉာဏ်တွေ ရှိတာလား။ သူဟာ အလွန်မြင့်မားတဲ့ နယ်ပယ်တစ်ခုအထိ ကျင့်ကြံခဲ့ပြီး၊ အနာဂတ်ကို ထိုးထွင်းမြင်ရတဲ့ ရုတ်တရက် စိတ်ကူးစိတ်သန်းဉာဏ်တွေ ရခဲ့တာများလား။ မဖြစ်နိုင်ဘူး။ သူ့အဆင့်က အဲဒီလောက်အထိ မမြင့်မားဘူး မဟုတ်လား။ ဒါက အနှစ်ငါးရာမှာ တစ်ကြိမ်ပေါ်လာတဲ့ ပညာရှိတွေရဲ့ အဆင့်မျိုးပဲ။ သူဟာ လူသားအင်မော်တယ်နယ်ပယ်ထဲ ချိုးဖြတ် ဝင်ရောက် သွားပြီလား။" ဟုန်ယွိသည် စဉ်းစားခဲ့သော်လည်း အဖြေမထွက်ပေ။ ချန်ပီယံမြို့စားသည် စာအုပ်ပုံနှိပ်သည့် နေရာနှင့် ထိတွေ့ပြီး ရုတ်တရက် စိတ်ကူးရကာ သီးခြား စာစီခြင်းအမျိုးအစားတစ်ခုကို စဉ်းစားနိုင်ခဲ့သည်ဟု သူ မယုံကြည်ပေ။ တစ်ချိန်တည်းမှာပင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုများကိုလည်း စဉ်းစားမိခဲ့သည်။ ဤကဲ့သို့ ရုတ်တရက် စိတ်ကူးဉာဏ်ရခြင်း၊ အနာဂတ်ကို ထိုးထွင်းမြင်ခြင်းနှင့် အချို့သော ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခြင်းမျိုးသည် လူသားအင်မော်တယ်များပင် ရနိုင်မည် မဟုတ်ပေ။

ဟုန်ယွိသည် သူ နားမလည်နိုင်သေးသဖြင့် ဤသေးငယ်သော ကိစ္စများကို မတွေးတော့ဘဲ နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စားပွဲပေါ်ရှိ တော်ဝင်ကြေညာစာတမ်းကို လှန်လှောကြည့်မိသည်။

စားပွဲပေါ်တွင် ဆောင်းဦးမှစ၍ ယခုအချိန်အထိ ကြေညာစာတမ်းပုံကြီး ရှိနေသည်။ ရှေ့ဆုံးမှ ကြေညာစာတမ်းများသည် လက်ရေးများ ဖြစ်သည်။ ထင်ရှားသည်မှာ ဤစာစီခြင်းအမျိုးအစားသည် ဆောင်းဦးတွင် စတင်ခဲ့ပြီး တော်ဝင်မိသားစု၏ ပြည်တွင်းရေးများ စတင်ချိန် ဖြစ်သည်။

"ကောင်းပြီ။ စက်တင်ဘာ ၂၅ ရက်။ လီရှန်ကွန်သည် ဧကရာဇ်အမိန့်တော်ကို ခံယူပြီး ဝန်ကြီးများရုံးသို့ ဝင်ရောက်ခဲ့သည်။ အောက်တိုဘာ ၂၀ ရက်။ ချန်ပီယံမြို့စားသည် နယ်စပ်တွင် ကြီးမားစွာ အောင်ပွဲခံခဲ့ပြီး လူသုံးထောင် သတ်ဖြတ်ကာ သံမဏိဗုဒ္ဓ မြင်းစီးသူရဲ ၁၈ ဦးကို ဖမ်းဆီးခဲ့သည်။ ဧကရာဇ်သည် အလွန်ကျေနပ်တော်မူပြီး စစ်သည်တော်များကို ဆုချရန် မင်းသားဟီကို စေလွှတ်ခဲ့ရာ နိုင်ငံတော်ဘဏ္ဍာတိုက်မှ ငွေဒင်္ဂါး ခုနစ်သိန်း သုံးစွဲခဲ့ရသည်။ နိုဝင်ဘာ ၅ ရက်။ ချန်ပီယံမြို့စားသည် ပင်လယ်ပြင်တွင် ယွမ်မန်ရေတပ်ကို အနိုင်ယူခဲ့ပြီး၊ လူတစ်သောင်းကျော် သတ်ဖြတ်ကာ ရန်သူ နှစ်သောင်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ အမျိုးသားစစ်သင်္ဘောကြီး စိတ်ကူးနတ်ဘုရားကို သိမ်းဆီးနိုင်ခဲ့သည်။ ဧကရာဇ်သည် ကျေနပ်တော်မူပြီး တိုင်းပြည်တစ်ခုလုံး တုန်လှုပ်ခဲ့သည်။ ဧကရာဇ်သည် ချန်ပီယံမြို့စားအား ယန် ဟူသော မျိုးရိုးနာမည်ကိုပင် ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ဖူဘိုင်ရေတပ်ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင်သည် ပင်လယ်ပြင်တွင် ချုံခိုတိုက်ခိုက်ခံရပြီး၊ ယွမ်မန်နိုင်ငံ၏ စစ်ဗိုလ်ချုပ်ကြီး ဘီရှီဟွာ၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည်။ သူသည် နိုင်ငံတော်အတွက် သူရဲကောင်းဆန်စွာ သေဆုံးခဲ့ရပြီး ဧကရာဇ်က ဝမ်းနည်းတော်မူကာ သူ့မိသားစုကို နှစ်သိမ့်ရန် ရွှေနှင့်ကျောက်စိမ်းများ ပေးသနားတော်မူခဲ့သည်။ ဒီဇင်ဘာ ၁ ရက်။ ဧကရာဇ်သည် နှင်းများ သိပ်သည်းစွာ ကျရောက်သည်ကို ခံစားရပြီး ခရိုင်နှင့် ပြည်နယ်များအားလုံးကို သဘာဝဘေးအန္တရာယ်ကြောင့် ဆင်းရဲဒုက္ခရောက်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန် ငွေနှင့် စားနပ်ရိက္ခာများ ခွဲဝေချထားပေးရန် အမိန့်ပေးခဲ့သည်။"

ဟုန်ယွိသည် တော်ဝင်ကြေညာစာတမ်းကို စာလုံးတစ်လုံးချင်း ဖတ်ရှုခဲ့ပြီး၊ သူ ကျောက်စိမ်းမြို့တော်မှ ထွက်ခွာပြီးနောက် အင်ပါယာတရားရုံး၌ ဖြစ်ပျက်ခဲ့သော ကိစ္စအသေးအမွှားများနှင့် အကြီးကျယ်သော ကိစ္စအားလုံး အပါဝင်၊ ရာထူးနေရာ ပြောင်းလဲများကို ရှာဖွေဖတ်ရူခဲ့သည်။ သူသည် အင်ပါယာတရားရုံး၏ လက်ရှိ အခြေအနေကို အကြမ်းဖျင်း သိရှိခဲ့သည်။

"ဒီဘီရှီဟွာက တကယ်ကို ကမ္မကုသိုလ်ကြီးတစ်ခုကို ခိုးယူသွားတာပဲ။ ဖူဘိုင်ရေတပ်ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင်ကို သတ်တာ ငါပါဟ။ ဒါပေမဲ့ ဒီကိစ္စက တကယ်ပဲ အကျိုးရှိခဲ့ပြီး အခုတော့ ပြီးဆုံးသွားပြီ။ ဒါပေမဲ့ ချန်ပီယံမြို့စားက ငါ သူ့ကို သက်သေတစ်ခုမှ ရမသွားအောင် မလုပ်နိုင်မှာ စိုးရတယ်။"

ဟုန်ယွိသည် ဖူဘိုင်ရေတပ်ဗိုလ်ချုပ်ကြီး ရှောင်ထျန်းယောင် နိုင်ငံတော်အတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သတင်းကို မြင်သောအခါ ချန်ယင်းရှာ ကို ဖြန့်ခိုင်းခဲ့သော လျှို့ဝှက်အချက်အလက်များက အကျိုးသက်ရောက်မှု ရှိကြောင်း သူ သိခဲ့သည်။

ယခုအခါ ဧကရာဇ်စေတမန်ကို လုပ်ကြံမှုကိစ္စသည် ပြီးဆုံးသလောက် ရှိနေပြီ ဖြစ်သော်လည်း သူသည် မရိုးသားသော ရည်ရွယ်ချက်ရှိသူ အချို့ကို ဆက်လက် သတိထားရဦးမည် ဖြစ်သည်။

ချွင်…၊ ချွင်…၊ ချွင်…၊

ဟုန်ယွိသည် တော်ဝင်ကြေညာစာတမ်းကို နားလည်အောင် ကြိုးစားနေစဉ်မှာ အပြင်ဘက်မှ ဓားသံ၊ ဆေဘာသံများ ထွက်ပေါ်လာသည်။ လူနှစ်ဦးသည် လေကဲ့သို့ ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနေပြီး တိုက်ခိုက်နေကြသည်။ ဆေဘာအရိပ်များသာ မြင်ရပြီး၊ ပြင်းထန်သော သွေးစွမ်းအင်နှင့် ယန်စွမ်းအင်ကိုလည်း မြင်တွေ့နိုင်သည်။ အခန်းထဲတွင် ရှိနေသော ဟုန်ယွိပင် မဟာဆရာသခင်နှစ်ဦး တိုက်ခိုက်နေခြင်းမှ ထွက်ပေါ်လာသော သွေးနံ့ကို ရရှိနေသည်။

"အင်း၊ နောက်ဆုံးတော့, သူက သိုင်းသူတော်စင်တစ်ဦး မဟုတ်သေးဘူးပဲ။ သူက သွေးသန့်စင်ခြင်းကိစ္စ မပြီးဆုံးသေးဘူး။ ဒါကြောင့် သူတို့ နှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတာ။ ယန်စွမ်းအင်ကြားထဲမှာ ချွေးနံ့ပါ ရှိနေတုန်းပဲ။ သိုင်းသူတော်စင်ကတော့ မွှေးရနံ့ပဲ ရှိတယ်။"

အိမ်အပြင်ဘက်တွင် တိုက်ခိုက်နေသူများမှာ ချီဇီယန်နှင့် သူ၏ဉီးလေး၊ ဆရာနှင့် တပည့်တို့ ဖြစ်သည်။

သိုင်းသူတော်စင်တစ်ဦး မဟုတ်ပါက, သွေးပြောင်းလဲခြင်းကိစ္စ မပြီးဆုံးသေးသော ကျွမ်းကျင်သူများသည် မဟာဆရာသခင်တစ်ဦး ဖြစ်နေလျှင်ပင်၊ ပြင်းထန်သော တိုက်ပွဲအတွင်း ၎င်းတို့၏ ယန်စွမ်းအင် မြင့်တက်လာသောအခါ ပြင်းထန်သော ချွေးနံ့များ ထွက်ပေါ်လာမည် ဖြစ်သည်။

သို့သော် သိုင်းသူတော်စင်တွင် ထိုအနံ့မျိုး လုံးဝ မရှိပေ။ သူ အလွန်အမင်း လေ့ကျင့်မူ လုပ်လျှင်ပင် မွှေးရနံ့သာ ရှိမည် ဖြစ်သည်။

၎င်းသည် သွေးသန့်စင်ခြင်း၏ အကျိုးရလဒ် ဖြစ်သည်။ သွေးထဲရှိ အညစ်အကြေးများအားလုံးကို သန့်စင်ပြီး အသစ်ဖြင့် အစားထိုးသည်။ ၎င်းသည် သာလွန်ထူးကဲမူ၏ လက္ခဏာလည်း ဖြစ်သည်။

ဟုန်ယွိသည် စစ်တန်းလျားတွင် အချိန်ကြာမြင့်စွာ နေခဲ့ဖူးသောကြောင့် ချွေးနံ့ကို ကျွမ်းဝင်နေပြီ ဖြစ်သည်။

ချီဇီယန်သည် ကြီးမားသော အရိုးဖြူဆေဘာကို ကိုင်ဆောင်ထားသည်။ ဤအရိုးဖြူဆေဘာကို အနှစ် ၁၀၀ သက်တမ်းရှိ ငွေငါးမန်း၏ သွားအရိုးများဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် ယွမ်နိုင်ငံ၏ နတ်ဘုရားလက်နက် ဖြစ်သည်။

သူ၏ ဦးလေးဂန်သည် ချိတ်ကဲ့သို့ ကွေးညွှတ်နေသော လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ လက်နက်၏ မျက်နှာပြင်တွင် မှော်သင်္ကေတစာလုံးများနှင့် လှေကားထစ်များကဲ့ပုံစံများ ရှိနေသည်။ ၎င်းကို ယွမ်မန်နိုင်ငံ၏ ကောင်းကင်လှေကား သံမဏိဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့သော် ဤလက်နက်သည် ယွမ်မန်နိုင်ငံ၏ ဆေဘာပုံစံမျိုး မဟုတ်ပေ။ ဟုန်ယွိသည် သိုင်းကျမ်းများတွင် မှတ်တမ်းတင်ထားသော လက်နက်များကို ပြန်လည် အမှတ်ရလိုက်သည်။ ထိုသို့သော လက်နက်မျိုး ရှိပုံ မပေါ်ပေ။

မဟာဆရာသခင် နှစ်ဦးသည် လေကဲ့သို့ လှုပ်ရှားနေကြသည်။ သူတို့၏ လက်နက်များ လေထဲတွင် အပြင်းအထန် တိုက်မိသောအခါ တုန်ခါမှုများနှင့် မီးပွားများစွာ ဖြစ်ပေါ်လာသည်။ လေထုသည် စုတ်ပြဲခံရသော အဝတ်စုတ်ကဲ့သို့ တဖျစ်ဖျစ် မြည်ဟီးနေပါသည်။

"အင်း၊ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကို တစ်သားတည်း ပေါင်းစည်းထားတဲ့ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်တစ်ဦးရဲ့ ချီနဲ့သွေးစွမ်းအင်ဟာ အရာဝတ္ထုကိုထိန်းချုပ်ခြင်းနယ်ပယ် တာအိုပညာရှင်တစ်ဦးရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ချိုးဖျက်ဖို့ လုံလောက်အောင် ခိုင်မာတယ်။ တကယ်လို, သူသာ သူ့လက်သီးသိုင်းဆန္ဒကို ပေါင်းစပ်ထားတဲ့ ထိပ်တန်း မဟာဆရာသခင်တစ်ဦး ဖြစ်လာခဲ့ရင် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ် မဟာ ပြီးပြည့်စုံခြင်းအဆင့် ရှိသူတောင် သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်လောက်ဘူး။"

ဟုန်ယွိသည် ချီဇီယန်နှင့် သူ့ဆရာတို့ ယှဉ်ပြိုင်တိုက်ခိုက်နေသည်ကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်ပါသည်။

တစ်နှစ်တာ လေ့ကျင့်ပြီးနောက် ဟုန်ယွိ၏ အမြင်သည် ယခင်ကနှင့် မတူတော့ပေ။ သိုင်းပညာနှင့် တာအိုပညာများအပေါ် သူ၏ နားလည်မှုသည် လည်း အစွန်းဆုံးအထိ နက်ရှိုင်းလာခဲ့သည်။

"ရွှပ်..။"

ထိုအချိန်တွင် သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ဆေဘာများကို သိမ်းဆည်းလိုက်ပြီး မတ်မတ်ရပ်လိုက်သည်။ သူတို့၏ ပါးစပ်များမှ ရှည်လျားသော လေစီးကြောင်းကို မှုတ်ထုတ်လိုက်ရာ အေးခဲနေသော လေထဲတွင် အဖြူရောင် မြူခိုးများ ဖြစ်ပေါ်လာသည်။

"ဦးလေးဂန်၊ ခင်ဗျားရဲ့ ချိတ်ကို ဘာလို့ ခေါ်တာလဲ။"

ဟုန်ယွိသည် ထရပ်ပြီး ဆရာတပည့်တို့ လက်ရည်စမ်း တိုက်ခိုက်နေသည်ကို ကြည့်ပြီးနောက် လျှောက်သွားလိုက်ပါသည်။

"ဪ ဟုတ်သားပဲ၊ ဆရာ။ ကျွန်တော်လည်း ဒီလက်နက်ကို အရင်က မမြင်ဖူးပါဘူး။ ရထားတာ သိပ်မကြာသေးဘူးလား" ချီဇီယန်က မေးသည်။ "အင်း၊ ဒါကို သခင်မလေးက သူမပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးတုန်းက ငါ့ကို ပေးခဲ့တာပါ။ ဒီလက်နက်ကို ယွမ်မန်နိုင်ငံနဲ့ အနောက်ပိုင်းဒေသကြား နယ်စပ်က 'ဝူ' လို့ခေါ်တဲ့ မျိုးနွယ်စုတစ်ခုက ပြုလုပ်တာလို့ ငါ ကြားတယ်။ လက်နက်နာမည်ကိုတော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒီလက်နက်က ထက်မြက်ပြီး မာကြောတယ်။ တော်တော်ထူးဆန်းတဲ့ လက်နက်ပဲ။" ဦးလေးဂန်က လျင်မြန်စွာ ပြောသည်။

“အော်…၊ 'ဝူ' လို့ခေါ်တဲ့ မျိုးနွယ်စုက တကယ် ရှိတာလား။ ဒီလက်နက်က ချန်ပီယံမြို့စား ကဗျာထဲက ဓားကွေး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလက်နက်ကို ဓားလို့တောင် မခေါ်နိုင်ပါဘူး။ ချန်ပီယံမြို့စားရဲ့ကဗျာထဲမှာ သူက ဒီလက်နက်ကို ဓားလို့ ခေါ်တယ်။ ဒါက တကယ်ပဲ အရမ်းကို...။"

ဟုန်ယွိသည် ဓားကွေး၏ ထက်ရှသော အစွန်းကို ပွတ်သပ်လိုက်သည်။ ဓားသွား၏ အစွန်းမှ အေးစက်သော အငွေ့အသက်သည် သူ့အရေပြားပေါ်ရှိ ချွေးပေါက်များကို စိုးရွှံ့စွာ ကျုံ့သွားစေပြီး အသားလုံးများအဖြစ်သို့ ပြောင်းလဲသွားစေသည်။ "ဒါက တကယ်ကို ထက်မြိတဲ့ လက်နက်ပဲ။ ငါးမန်းဖြတ်ဓားထက်တောင် ပိုထက်မြက်တယ်။ ဒါပေမဲ့ ဖြိုခွဲခြင်းဆေဘာနဲ့ ပျက်သုန်းခြင်းရှစ်မျိုးလှံပုဆိန်နဲ့ ယှဉ်ရင်တော့ နည်းနည်း နိမ့်ကျနေတုန်းပဲ။"

ဟုန်ယွိသည် ဓားကွေးကို ဦးလေးဂန်အား ပြန်ပေးလိုက်သည်။

ထို့နောက် သူသည် ပြန်ထိုင်လိုက်ပြီး မုရုန်ယန်နှင့် ကုန်ပစ္စည်းများအကြောင်း ဆွေးနွေးခဲ့သည်။

မုရုန်ယန်သည် ကုန်ပစ္စည်းများ၏ လမ်းကြောင်းများစွာကို ထိန်းချုပ်ထားသည်။ ဥပမာအားဖြင့်၊ သူမသည် တော်ဝင်ချန်နိုင်ငံမှ ဆား၊ လက်ဖက်ရည်၊ ကြွေထည်များနှင့် ပိုးထည်များကို ယွမ်မန်နိုင်ငံသို့ ရောင်းချသည်။ သူမသည် မြင်းများ၊ သားရေထည်များ၊ ဓားများနှင့် ကျွန်များကိုလည်း တော်ဝင်ချန်နိုင်ငံ၏ ဗဟိုလွင်ပြင်သို့ အများအပြား ယူဆောင်လာခဲ့သည်။ သူမတွင် ကုန်သွယ်လှေအုပ်များပင် ရှိသည်။

ယခု သူမသည် မုရုန်မိသားစုမှ ထွက်ခွာလာပြီးနောက် သူမ၏လက်ထဲတွင် အရင်းအမြစ်များ မည်မျှရှိနေသည်ကို မည်သူသိနိုင်မည်နည်း။ ဤအရင်းအမြစ်များသည် မင်းသားယု ထီးနန်းတက်ရာတွင် အကူအညီပေးသည့်အခါ အသုံးဝင်မည်မှာ သေချာသည်။ မြို့တော်၏ လက်ရှိ ရုန်းကန်မှု အခြေအနေသည် ကျင့်ကြံသူများကြားက တိုက်ပွဲ မဟုတ်သလို သိုင်းပညာရှင်များကြားက အသေအကြေ တိုက်ပွဲမျိုးလည်း မဟုတ်သည်ကို သတိပြုသင့်သည်။ ကိစ္စအများစုတွင် သိုင်းပညာကို အသုံးပြု၍ မရပေ။ ၎င်းသည် မည်သူမျှ ချိုးဖျက်၍မရသည့် စည်းမျဉ်းတစ်မျိုး ဖြစ်သည်။

သေချာသည်မှာ, အကယ်၍ ဟုန်ယွိသည် မိုနိုဂိုတာရီထက် ပိုမို အစွမ်းထက်သူ ဖြစ်ခဲ့ပါက သူသည် ဤစည်းမျဉ်းကို အနည်းငယ် ချိုးဖျက်နိုင်ပေမည်။ အကယ်၍, သူသည် ဧကရာဇ်ကို မကြိုက်ပါက လုပ်ကြံခြင်းမျိုး ပြုလုပ်နိုင်ပေမည်။ ဟုန်ယွိသည် ဘက်ပေါင်းစုံမှ လုပ်ဆောင်နေသည်။ မုရုန်ယန်နှင့် စကားပြောနေစဉ်တွင် သူ၏ စိတ်ဝိညာဉ်၏ အခြားအစိတ်အပိုင်းတစ်ခုသည် စကြဝဠာအိတ်ရှိ ဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်သွားခဲ့သည်။

ဝိညာဉ်ကမ္ဘာတွင် ချန်ယင်းရှာသည် မှော်ပလက်ဖောင်းပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူမ၏ စိတ်ဝိညာဉ်ကို တိတ်တဆိတ် လေ့ကျင့်နေသည်။ တစ်ချိန်တည်းမှာပင် သူမ၏ဘေးတွင် ယာကရှာနတ်ဆိုးဘုရင်၊ ရှက်ချာဆာနတ်ဆိုးဘုရင်၊ အသုရာနတ်ဆိုးဘုရင်၊ ကင်းကောင်၊ မင်စီလာဘုရင်တို့ အပါအဝင် ပုံရိပ်ယောင်များစွာ ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ဝိုးတဝါးပေါ်နေသော အတိတ်ဗုဒ္ဓသည် ၎င်းတို့ကို အလယ်တွင် ဖိနှိပ်ထားသည်။

ဗုဒ္ဓ၏ မျက်နှာချင်းဆိုင်တွင် မိုးကြိုးလျှပ်စီးများ ဝန်းရံနေသော တာအိုသခင်တစ်ဦး ရှိသည်။ သူ၏ မျက်လုံးများသည် သက်ရှိ သတ္တဝါအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ ဤတာအိုသခင်သည် ရှန်းရှောင်မိုးကြိုးပညာ၏ အရင်းအမြစ်ဖြစ်သော ရှန်းရှောင်တာအိုသခင် ဖြစ်သည်။

ရှန်းရှောင်တာအိုဆရာ၏ ဘေးတွင် ငှက်မျက်နှာနှင့် နောက်ကျောတွင် အတောင်ပံများ ပါသော နတ်ဘုရားတစ်ပါး ရှိသည်။ ၎င်းမှာ မိုးကြိုး နတ်ဘုရား၏ ဧရာမဝိညာဉ်ကြီး ဖြစ်သည်။

ဟုန်ယွိကို ပို၍ပင် အံ့အားသင့်စေသည်မှာ ဤအရာများအပြင် ချန်ယင်းရှာသည် သူမဦးခေါင်းတွင် ခရုပတ်ပုံဦးချို နှစ်ချောင်းနှင့် လက်ထဲတွင် ဧရာမ တူကြီးကို ကိုင်ဆောင်ထားသော ရှေးဟောင်း စစ်နတ်ဘုရား၏ ပုံရိပ်ကိုပါ စိတ်ကူးဖြင့် ပုံဖော်ထားခြင်း ဖြစ်သည်။

ဤရှေးဟောင်း စစ်နတ်ဘုရား၏ ပုံရိပ်သည် စုန်းတစ္ဆေဂိုဏ်း၏ အမြင့်ဆုံး ကျမ်းဖြစ်သော စစ်နတ်ဘုရား နတ်ဆိုးကျမ်း ဖြစ်သည်။

ထင်ရှားသည်မှာ ချန်ယင်းရှာသည် စကြဝဠာအိတ်ထဲတွင် ရက်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည်။ သူမသည် ကျမ်းဂန်သုံးခုဖြစ်သော အတိတ်ကျမ်း၊ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ နတ်လေမိုးကြိုးငါးခုပညာရပ်နှင့် စစ်နတ်ဘုရားမှော်ပညာကျမ်း၏ သဘောတရားကို ပေါင်းစပ်ပြီး အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

"သူမက အတော့်ကို စိတ်မရှည်ဘူး။ ကျင့်ကြံမှုဆိုတာ အချိန်ပေးရတဲ့ ကိစ္စပဲ။ အချိန်တန်မှ ဖြစ်လာတာ။ မျက်စိစုံမှိတ်ပြီး တိုးတက်အောက်လုပ်တာ မကောင်းဘူး။ ဒါပေမဲ့ ယင်းရှာမှာ အနှစ် ၃၀၀ ကျော် ကျင့်ကြံမှု အတွေ့အကြုံတွေ ရှိတယ်။ သူမက ကျမ်းစာသုံးခုကို ဆန့်ကျင်ဘက် မဖြစ်စေဘဲ ပေါင်းစပ်နိုင်ဖို့ အခွင့်အရေး တကယ်ပဲ ရှိမယ် ထင်တယ်။"

ဤမြင်ကွင်းကို ကြည့်ရင်း ဟုန်ယွိသည် ကျမ်းစာသုံးခုကို ပေါင်းစပ်ရန် အလွန်ခက်ခဲကြောင်း သိလိုက်သည်။ ၎င်းတို့ကို ကောင်းစွာ ပေါင်းစပ်နိုင်ပါက ကောင်းသော်လည်း မပေါင်းစပ်နိုင်ပါက၊ နတ်ဘုရား စိတ်ဝိညာဉ် အတွေးများ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ချီသွေဖည်မှု ဖြစ်ပေါ်လာနိုင်သည်။ အကောင်းဆုံး အခြေအနေတွင် လူတစ်ဦးသည် သာမန်သေမျိုးတစ်ဦး ဖြစ်သွားမည်ဖြစ်ပြီး၊ အဆိုးဆုံးအခြေအနေတွင် လူတစ်ယောက်၏ စိတ်ဝိညာဉ်သည် ပျက်စီးသွားမည် ဖြစ်သည်။

တာအိုပညာအားလုံးသည် ခိုင်မာသော စိတ်ဝိညာဉ် အတွေးများဖြင့် ဖွဲ့စည်းထားကြောင်း သိထားရမည်။ စိတ်ဝိညာဉ် အတွေးများ ပျက်ဆီးသွားသည်နှင့် တာအိုပညာသည် အသုံးမဝင်တော့ပေ။ ၎င်းသည် သိုင်းပညာနှင့် လုံးဝ ကွာခြားသည်။

"သာမန် စိတ်လှုပ်ရှားမူတစ်ခုလေးက သေမျိုးလောကထဲ ကျရောက်သွားနိုင်တယ်။"

တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်ဖို့ မလွယ်ကူဘူး။

"မကောင်းတော့ဘူး။"

ဟုန်ယွိ အတွေးနက်နေစဉ်, ယာကရှာနတ်ဆိုးဘုရင် အပါအဝင် နတ်ဆိုးနတ်ဘုရား ငါးပါးသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး အလွန် အသက်ဝင်လာကြသည်။ တစ်ချိန်တည်းမှာပင်, စစ်နတ်ဘုရားပုံရိပ်သည်လည်း အသက်ဝင်လာသကဲ့သို့ ချန်ယင်းရှာကို စိုက်ကြည့်နေသည်။

"ဒါဟာ ချီသွေဖည်မှုရဲ့ လက္ခဏာပဲ။"

မစဉ်းစားတော့ဘဲ ဟုန်ယွိသည် သူ့လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ကြည်လင်သော အလင်းတန်းများသည် ကောင်းကင်မှ ကျဆင်းလာပြီး နတ်ဆိုးနတ်ဘုရားများကို ဝန်းရံလိုက်သည်။

တစ်ချိန်တည်းမှာပင် ပလ္လင်ပေါ်တွင် ထိုင်နေသော ချန်ယင်းရှာသည် မျက်လုံးဖွင့်ပြီး အသိပြန်ဝင်လာသည်။ အတွေးတစ်ခုဖြင့် လေနှင့်မိုးများ ပြောင်းလဲသွားသည်။ သူမ၏ နဖူးမှ မိုးကြိုးများစွာ ပစ်ထွက်လာပြီး နတ်ဆိုးနတ်ဘုရားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ရှူး….။

ချန်ယင်းရှာသည် ရှည်လျားစွာ သက်ပြင်းချလိုက်သည်။ "ခုနက တကယ် အန္တရာယ်များတယ်။ မင်း မကူညီခဲ့ရင်, ငါ ချီသွေဖည်မှု ဖြစ်တော့မယ့်။"

"ကျမ်းစာသုံးခုကို ပေါင်းစပ်ဖို့က အရမ်း အန္တရာယ်များတယ်။ မကြိုးစားတာ အကောင်းဆုံးပဲ။" ဟုန်ယွိ၏ အသံက တုန်ယင်နေသည်။ "မင်းရဲ့ အတိတ်ကျမ်းကို ကျင့်ကြံမူက အတိတ်ရဲ့ နှလုံးသားကို နားလည်ပြီး ထာဝရ မပြောင်းလဲခြင်း သဘာဝအနှစ်သာရအဆင့်ကို မရောက်သေးဘူး။ ကျမ်းစာသုံးခုကို ပေါင်းစပ်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ။ ငါ့စိတ်ဝိညာဉ်က မပျက်စီးနိုင်သလောက်ပဲ။ အခွင့်အရေးရှိရင် ငါ အရင်ဆုံး ကြိုးစား ကျင့်ကြံကြည့်မယ်။"

အခန်း (၂၆၈)။

"ငါ စမ်းကြည့်ရုံလောက်ပါ။ ဒါပေမဲ့ ဒီလောက်တောင် အန္တရာယ်များလိမ့်မယ်လို့ မထင်ထားမိဘူး။" ချန်ယင်းရှာက သက်ပြင်းချလိုက်သည်။

သူမ၏ အသံတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပါနေသည်။

နားလည်နိုင်ပါသည်။ အတိတ်ကျမ်း၊ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ နတ်လေမိုးကြိုးငါးခုပညာနှင့် စစ်နတ်ဘုရားမှော်ပညာကျမ်းတို့ကို ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ကို ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ပါက သူမ၏ ခွန်အားကို များစွာ မြှင့်တင်ပေးမည်မှာ သေချာသည်။

သို့သော် ယခုမူ သူမသည် ကျရှုံးခဲ့ပြီ။ ကံကောင်းထောက်မစွာဖြင့် ဟုန်ယွိသည် အချိန်မီ ရောက်လာခဲ့သည်။ ထို့ကြောင့် သူမသည် ကျင့်ကြံမှု သွေဖည်ခြင်းမှ ကင်းဝေးခဲ့ရသည်။

"ကံကောင်းထောက်မပြီး ဒါက စကြဝဠာအိတ်ထဲမှာ ဖြစ်နေလို့။ ငါက အသေးစားစကြဝဠာရဲ့ စွမ်းအားကို အသုံးပြုပြီး ငါ့ရဲ့အတွင်းစိတ်နတ်ဆိုးတွေကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ မဟုတ်ရင်တော့ အကျိုးဆက်တွေက စိတ်ကူးလို့တောင် ရနိုင်မှာ မဟုတ်ဘူး။"

ဟုန်ယွိလည်း ကြောက်ရွံ့သွားသည်။

တာအိုပညာက ပိုမိုအားကောင်းလေ၊ အတွင်းနတ်ဆိုးများက ပိုမိုအားကောင်းလေ ဖြစ်သည်။ ချန်ယင်းရှာ၏ လက်ရှိ တာအိုပညာကျင့်စဉ်အရ သူမ၏ ပုံရိပ်ဖော်ခြင်းမှ ထွက်ပေါ်လာသော နတ်ဆိုးများသည် အလွန်အားကောင်းသည်။ ချန်ယင်းရှာ၏ ကျင့်စဉ်အဆင့်သည် ဟုန်ယွိ၏ အောက်တွင် မရှိပေ။ သူတို့နှစ်ဦးစလုံးသည် နတ်ဆိုးနတ်ဘုရား၏ သွေးကို စားသုံးခဲ့ကြပြီး မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းများ ဖြစ်ကြသည်။ အကယ်၍, သူတို့သာ အမှန်တကယ် ချီဖောက်လွဲဖောက်ပြန်ဖြစ်မူ ဖြစ်ပွားခဲ့ပါက ဟုန်ယွိပင် ဖိနှိပ်နိုင်မည် မဟုတ်ပေ။

သို့သော် စကြဝဠာအိတ်ထဲတွင်မူ သူသည် အသေးစား စကြဝဠာ၏ စွမ်းအားကို အသုံးပြုနိုင်ပြီး၊ မတူညီသောရလာဒ်ကို ဖြစ်ပေါ်စေနိုင်သည်။

အသေးစား စကြဝဠာ၏ စွမ်းအားသည် ခိုင်မာသော စိတ်ဆန္ဒဖြစ်ပြီး၊ တိုင်းရှန်တာအိုဂိုဏ်း၏ "စကြဝဠာ" ဆန္ဒနှင့် နီးစပ်သည်။ ၎င်းသည် အလွန်အားကောင်းသည်။ ၎င်းသည် အရာအားလုံးကို လွှမ်းခြုံနိုင်ပြီး အရာအားလုံးကို ဖုံးအုပ်ထားနိုင်ကာ၊ ၎င်း၏ စွမ်းအားသည်လည်း တိုင်းတာ၍ မရလုနီးပါး အားကောင်းသည်။

"ငါ ခုနက မှားသွားခဲ့တယ်။ ကျင့်ကြံခြင်း ခရီးက တကယ်ကို အန္တရာယ်များပြီး ခန့်မှန်းရခက်တယ်။ ကိုယ့်ရဲ့ အမှားလေးက ပြန်ပြင်လို့မရတဲ့ အဆုံးသတ်ကို ဖြစ်ပေါ်စေမလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ လမ်းကြောင်းက ရှည်လျားပြီး ကြမ်းတမ်းတယ်။"

ချန်ယင်းရှာသည် သူမ ကြုံတွေ့ခဲ့ရသော အန္တရာယ်ကို ပြန်လည်အမှတ်ရပြီး အရသာခံနေသကဲ့သို့ သူမ၏ လျှာကို သပ်လိုက်ပါသည်။ (သူမသည် ထိုအတွေ့အကြုံမှ သင်ခန်းစာ ရရှိခဲ့ပြီး၊ ထိုအန္တရာယ်မှ ရှင်သန်နိုင်ခဲ့ခြင်းကြောင့် ကျေနပ်မှုကို ဖော်ပြခြင်း ဖြစ်ပါသည်။)

"ဒါပေမဲ့, ငါ ခုနက အဆင်ခြင်မဲ့လုပ်ခဲ့တာက အကျိုးမရှိတာတော့ မဟုတ်ဘူး။ ငါ အဲဒီကနေ အများကြီး သင်ယူခဲ့ရပြီ။ မကြာခင်မှာပဲ၊ ငါ အဲဒီသုံးကျမ်းကို တကယ်ပဲ တစ်ခုတည်း ပေါင်စည်းနိုင်မယ်လို့ ယုံကြည်တယ်။ အဲဒီအခါကျရင်, ငါတို့ တာအိုလက်တွဲအဖော်နှစ်ဦးဟာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်နဲ့ ကောင်းကင်မြွေဘုရင်မတို့ကို တကယ်ပဲ ဖိနှိပ်နိုင်လိမ့်မယ်။"

ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်နှင့် ကောင်းကင်မြွေဘုရင်မတို့သည် ကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး တာအိုလက်တွဲအဖော်များ ဖြစ်ကြသည်။ သူတို့နှစ်ဦး ပူးပေါင်းပြီး ကမ္ဘာအနှံ့ လှည့်လည်ကာ မိုနိုဂိုတာရီကို လိုက်လံရှာဖွေခဲ့ကြသည်။ ချန်ယင်းရှာသည် သူတို့တာအိုလက်တွဲဖော် နှစ်ဦးအား အချိန်အကြာကြီးကတည်းက အားကျခဲ့သည်။

"မဆိုးဘူး။ မိုနိုဂိုတာရီက ချန်ပီယံမြို့စားကို ထောက်ခံတဲ့အတွက် ငါတို့ မကြာခင်မှာ ထိပ်တိုက်ရင်ဆိုင်ရလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့ ကြီးမြတ်ပြီး၊ သန့်စင်သော ကိုယ်ခံပညာနယ်မြေ ခြောက်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်က ဘယ်လိုလူမျိုးလဲဆိုတာ ငါ တကယ် မြင်ချင်မိတယ်။"

ဟုန်ယွိသည် ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင် အကြောင်းကို အမှန်ပင် စူးစမ်းလိုစိတ် ပြင်းပြနေခဲ့သည်။ အရေးကြီးဆုံးအချက်မှာ ဉဒေါင်းဘုရင်သည် အလွန်တန်ခိုးကြီးပြီး၊ ကမ္ဘာကြီးကို ငုံ့ကြည့်နိုင်သော်လည်း ကောင်းကင်မြွေဘုရင်မ ရှင်းမိုကို တာအိုလက်တွဲအဖော် ဖြစ်လာရန် အတွက် ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်နှင့် နှလုံးသားတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ဆန်းကြယ်ကောင်းကင်ဘုံ ခန်းမသခင်သည် ဘယ်လို လူမျိုးနည်း။ သို့သော် ဤအရာများသည် ဟုန်ယွိ ယခုအချိန်တွင် စိုးရိမ်ပူပန်နေသင့်သည့် ကိစ္စများ မဟုတ်ပေ။

“အော်…၊ ဟုတ်သားပဲ! မင်း စစ်နတ်ဘုရားမှော်ပညာကျမ်းကို တကယ်ပဲ စိတ်ကူးနဲ့ ပုံဖော်နိုင်ပြီလား။ စုန်းတစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယုဝူဒေါင်ရဲ့ စာတွေကို မင်း သူ့ဆီကနေ အတင်းအကျပ် ထုတ်ယူခဲ့တာလား" ဟုန်ယွိက မေးသည်။

စစ်နတ်ဘုရားမှော်ပညာကျမ်းပါ စာသားများသည် ဟုန်ယွိပင် မသိသော ရှေးဟောင်းဘာသာစကားများ ဖြစ်နေခဲ့သည်။ ၎င်းပေါ်ရှိ စာလုံးများကို ကျင့်ကြံရန်အတွက် သူသည် စုန်းတစ္ဆေဂိုဏ်း၏ မဟာအကြီးအကဲသုံးဦးနှင့် ဂိုဏ်းချုပ်တို့ကို စစ်ဆေးမေးမြန်းရမည် ဖြစ်သည်။

"ဟုတ်တယ်၊ ငါ စစ်ဆေးမေးမြန်းခဲ့ပြီးပြီ။ ဟွန်း။ ဒါပေမဲ့ သူတို့က ငါ စစ်ဆေးမေးမြန်းနေတုန်းမှာ ကျမ်းစာကို ရွတ်ဖတ်ရဲကြသေးတယ်။ ပြီးတော့ ငါ့စိတ်ကို ရှုပ်ထွေးအောင် လုပ်ဖို့ ကောင်းကင်စုန်းအတတ် အိပ်မွေ့ချနည်းကို တိတ်တဆိတ် အသုံးပြုခဲ့ကြသေးတယ်။ သူတို့က တကယ်ကို သူရဲဘောကြောင်လွန်းတယ်။ ငါလည်း စိတ်ဆိုးပြီး၊ သူတို့ရဲ့ အသား၊ သွေးနဲ့ ဝိညာဉ်တွေကို အကန့်သတ်မဲ့မြားထဲ စုပ်ယူပစ်လိုက်တယ်"

ချန်ယင်းရှာသည် ပေဆယ်ဂဏန်း အနည်းငယ်အကွာမှ ခြောက်ကပ်နေသော ရုပ်အလောင်းလေးခုကို လက်ညှိုးထိုးပြသည်။ ရုပ်အလောင်းများ၏ ထိပ်တွင် အကန့်သတ်မဲ့မြား လေးချောင်း စိုက်နေသည်။

"အင်း..။ စုန်းတစ္ဆေဂိုဏ်းက ကောက်ကျစ်ပြီး၊ လှည့်စားတတ်တယ်။ သူတို့က လူကောင်းတွေ မဟုတ်ဘူး။ သူတို့ဟာ တောရိုင်းဒေသမှာ ဒေသခံတွေ အများအပြားကို သတ်ဖြတ်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း သူတို့ကို ကယ်တင်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဒီလို အဆုံးသတ်လိုက်တာက အကောင်းဆုံးရလဒ်ပဲ။"

ဟုန်ယွိ အနည်းငယ် ခေါင်းညိတ်သည်။ "စစ်နတ်ဘုရားမှော်ပညာကျမ်းကို ဘာသာပြန်ပြီးပြီ ဆိုတော့ ကောင်းတာပေါ့။" တစ်ချိန်တည်းမှာပင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ တံခါးအရွယ်အစားရှိသော အရိုးပြားကြီးတစ်ခုသည် အဝေးရှိ စာအုပ်စင်များထံမှ ပျံသန်းလာပြီး သူ၏ရှေ့တွင် ကျရောက်လာသည်။

ဤဧရာမ အရိုးပြားကြီးသည် စုန်းတစ္ဆေဂိုဏ်း၏ စစ်နတ်ဘုရားမှော်ပညာကျမ်း ဖြစ်သည်။ ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရား၏ သွေးကို စားသုံးပြီး နောက် လူနှင့်လည်းမတူ နတ်ဆိုးနှင့်လည်းမတူသော စစ်နတ်ဘုရားရုပ်တုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။

ချန်ယင်းရှာသည် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ အခြားလက်ရေးမူ စာအုပ်တစ်အုပ်သည် အဝေးရှိ စာအုပ်စင်မှ သူမဆီသို့ ပျံသန်းလာသည်။ စာလုံးများသည် အရိုးပြားကြီးပေါ်ရှိ စာလုံးများနှင့် တူညီနေသည်။ ၎င်းသည် စစ်နတ်ဘုရားမှော်ပညာကျမ်း ဖြစ်သည်။

"ဘယ်လောက် နက်နဲတဲ့ စာလုံးတွေလဲ။ ဒီလို ကျမ်းစာမျိုးက ရှေးဟောင်းစာပေတွေနဲ့ ဆင်တူတယ်။" ဟုန်ယွိသည် ဘာသာပြန်ကျမ်း၏ ဝါကျ နှစ်ကြောင်းကို ဖတ်လိုက်သည်။ စာရေးဟန်သည် အလွန် ရိုးရှင်းကြောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။ စာလုံးများသည် ရိုးရှင်းသော် လည်း စကားလုံးတစ်လုံးတည်းတွင် အဓိပ္ပာယ်များစွာ ရှိနိုင်သည်။

အဓိပ္ပာယ်တစ်ခုကို ဖော်ပြရန် စကားလုံးတစ်လုံး သို့မဟုတ် နှစ်လုံးကို အသုံးပြုထားသည့် ဤတိုတောင်းသော ဝါကျသည် ရှေးခေတ် စာရေးဟန် ဖြစ်သည်။

"ဒီစစ်နတ်ဘုရားမှော်ပညာကျမ်းက တော်တော်လေး နက်နဲတယ်။ ငါ သေချာ လေ့လာရမယ်။" ဟုန်ယွိတွင် တစ်ချက်ကြည့်ရုံဖြင့် စိတ်ထဲစွဲထင်စွာ မှတ်မိနိုင်သော မှတ်ဉာဏ်ကို ကြာမြင့်စွာကတည်းက ပိုင်ဆိုင်ထားသည်။ သူသည် ကျမ်းစာ၏ အကြောင်းအရာများကို တစ်ချက်ကြည့်ရုံဖြင့် အလွတ်ကျက်မှတ်နိုင်ခဲ့သည်။

သို့သော် ကျမ်းစာ၏ အဓိပ္ပာယ်သည် အလွန် နက်နဲလှသည်။ ဟုန်ယွိသည် နားလည်ရန် ခက်ခဲနေသည်။ ချန်ယင်းရှာ ကျင့်ကြံနေစဉ် ချီသွေဖယ်မူ ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်မှာ အံ့သြစရာ မရှိပေ။

"ကောင်းပြီ! မင်းရဲ့ အရေးသားက အရမ်းကောင်းတယ်။ မင်းက ရှေးဟောင်းစာပေတွေနဲ့ ပတ်သက်ပြီး သုတေသနတချို့ လုပ်ထားတယ် ထင်တယ်။” ဟုန်ယွိက ချီးကျူးစကား ဆိုသည်။

“ငါက နတ်ဆိုးနတ်ဘုရားရဲ့ သွေးဆန္ဒအပေါ် အခြေခံပြီး စစ်နတ်ဘုရားကို ဖွဲ့စည်းခဲ့တာ။ ငါ အမှားတချို့ လုပ်မိခဲ့တယ်။" ချန်ယင်းရှာက ခေါင်းညိတ်သည်။

ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းပြီး စစ်နတ်ဘုရားမှော်ပညာကျမ်းနှင့် ဘာသာပြန်ကျမ်းကို အဝေးတွင် ထားလိုက်သည်။ သူက "ယင်းရှာ၊ ငါတို့ ကျောက်စိမ်းမြို့တော်ကို ရောက်နေပြီ။ အခု ငါ့စံအိမ်ဖြစ်တဲ့ အစိမ်းရောင် မိုးမခစံအိမ်မှာ ရှိနေတယ်။ မင်း အပြင် ထွက်ကြည့်ချင်လား။ မင်း ဒီ အသေးစား စကြဝဠာမှာ အချိန်အကြာကြီး ကျင့်ကြံနေခဲ့တာ။ အပြင်ထွက်ပြီး လေကောင်းလေးသန့်လေး ရှူဖို့ အချိန်တန်ပြီ။"

"ကောင်းပြီ။"

ချန်ယင်းရှာက ခေါင်းညိတ်ပြသည်။

ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးတစ်ချပ် ချက်ချင်း ပွင့်လာသည်။ သူတို့နှစ်ဦးသည် အပြင်သို့ ထွက်လာခဲ့သည်။

"မုရုန်ယန်၊ မင်းရဲ့ အဆက်သွယ်တွေကို အသုံးပြုပြီး၊ ကောင်ကင်အထွဋ်ထိပ်နယ်မြေရဲ့ ကုန်သွယ်ရေးလုပ်ငန်း တစ်ခုလုံးနဲ့ သူတို့ရဲ့ ဝင်ငွေ ရင်းမြစ်တွေကို စုံစမ်းပါ။ မကြာသေးခင်က မင်း ကျောက်စိမ်းမြို့တော်မှာ မိတ်ဆွေတွေ အများကြီး ရထားတယ် မဟုတ်လား။ သူတို့ကိုလည်း ကူညီခိုင်းပါ။ ငွေကြေးကုန်မှာ မကြောက်နဲ့။ ငါ့မှာ ငွေကြေးတွေ အများကြီး ရှိတယ်။ ကျွန်တော် ဝူဝမ်မြို့စားအိမ်တော်ကို ဖြတ်တောက်ချင်တယ်။ ဒါ့အပြင် ကောင်ကင်အထွဋ်ထိပ်နယ်မြေရဲ့ ဝင်ငွေရင်းမြစ်တစ်ခုလုံးကိုလည်း ဖြတ်တောက်ပစ်ချင်တယ်။ သူတို့ရဲ့ ဝင်ငွေရင်းမြစ်ကို မဖြတ်တောက်နိုင်ရင်တောင်မှ, ငါ သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ်။"

စကြဝဠာအိတ်ထဲတွင် ဟုန်ယွိနှင့် ချန်ယင်းရှာတို့ စကားပြောနေကြသည်။ တစ်ချိန်တည်းမှာပင် အစိမ်းရောင် မိုးမခစံအိမ်၏ တောင်ဘက်အခန်းတွင် ဟုန်ယွိသည် မုရုန်ယန်နှင့် စကားပြောနေသည်။

"ဘာ... ဘာပြောတာလဲ။ ကောင်ကင်အထွဋ်ထိပ်နယ်မြေရဲ့ ကုန်သွယ်လုပ်ငန်းလား။ ပြီးတော့ ဝူဝမ်မြို့စားအိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကိုလား" မုရုန်ယန်သည် ဟုန်ယွိ၏ စကားကို ကြားသောအခါ တုန်လှုပ်သွားပါသည်။

"ကောင်ကင်အထွဋ်ထိပ်နယ်မြေရဲ့ သြဇာအာဏာဟာ တောင်ပိုင်းပြည်နယ်ရဲ့ ပြည်နယ်ခုနစ်ခုမှာ ကြီးမားတယ်။ သူတို့မှာ အနည်းဆုံး ကုန်သွယ် လုပ်ငန်း တစ်ထောင်ကနေ နှစ်ထောင်ကြားလောက် ရှိတယ်။ သူတို့မှာ ပြည်နယ်များစွာမှာလည်း လျှို့ဝှက်ပိုင်ဆိုင်မှုတွေ အများကြီး ရှိသေးတယ်။ ဒါတွေကို တစ်ခုချင်းစီ စုံစမ်းဖို့အတွက် လူအင်အားနဲ့ အရင်းအမြစ်တွေ အများကြီး လိုလိမ့်မယ်။ အဓိကတော့ ငွေကြေးပေါ့။ ဒါ့အပြင်, ကောင်ကင် အထွဋ်ထိပ်နယ်မြေရဲ့ အဓိကအရင်းမြစ်က တောင်ပိုင်းပြည်နယ်ရဲ့ အဓိကမျိုးနွယ်စုကြီး ခုနစ်ခုပဲ။ ဒီမျိုးနွယ်စု ခုနစ်ခုဟာ အရင်မင်းဆက်ကတည်းက တည်ရှိခဲ့ကြတာ။ သူတို့က နှစ်ပေါင်း သုံးလေးရာ သက်တမ်းရှိပြီး၊ ထင်ရှားတဲ့ မျိုးနွယ်စုတွေ ဖြစ်တယ်။ တောင်ပိုင်းပြည်နယ် တစ်ခုလုံးမှာ တောင်ပိုင်း ပြည်နယ်ရဲ့ ဘုရင်ခံတောင် သူတို့ကို မထိရဲဘူး။"

"စုံစမ်းပါ။" ဟုန်ယွိ၏ နှုတ်ခမ်းဖျားက အေးစက်စွာ ပြောလိုက်ပါသည်။ "မနက်ဖြန်, ငါ မင်းသားယု အိမ်တော်ကို သွားပြီး မင်းသားယုနဲ့ ဆွေးနွေးမယ်။ တစ်ချိန်တည်းမှာပဲ မင်းမှာ ငွေဒင်္ဂါး ခုနစ်သိန်းလောက်ပဲ ရှိတယ်။ ဒါက စားဝတ်နေရေးအတွက် လုံလောက်ပေမဲ့ ကုန်သွယ်ရေးလုပ်ငန်းတစ်ခုကို ပြန်လည် တည်ဆောက်ဖို့အတွက် လုံးဝ မလုံလောက်ဘူး။ ငါ မင်းကို ငွေဒင်္ဂါး ဆယ်သန်း ပေးမယ်။ ဟုတ်တယ်၊ ငွေဒင်္ဂါး ဆယ်သန်း၊ မင်း ကောင်ကင်အထွဋ်ထိပ်နယ်မြေရဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို စုံစမ်းဖို့ နည်းလမ်းရှာပါ။ ပြီးရင် သူတို့နဲ့ တစ်ခုချင်းစီ ယှဉ်ပြိုင်ပြီး ဖျက်ဆီးပစ်ရမယ်။"

" ငွေဒင်္ဂါး ဆယ်သန်းလား။ ငါ နားကြားမှားတာလား။ ငွေဒင်္ဂါး ဆယ်သန်းနော်။ ဒါ... ဒါက တော်ဝင်ချန်နိုင်ငံ အင်ပါယာတရားရုံး, အခွန်ဝင်ငွေ တစ်ရပ်လုံးရဲ့ ခြောက်ပုံတစ်ပုံလောက် ရှိနေပြီ။" ထိုအချိန်တွင် ဟုန်ယွိ၏ စကားကို ကြားသောအခါ မုရုန်ယန်သည် ယခင်ကထက် ပိုမို ဆွံအသွားခဲ့ သည်။ သူမ၏ မူလက ကြွားဝါနေသော မျက်နှာသည် ထိုင်းမှိုင်းသော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။

"မင်း ငါ့ကို ကူညီပေးနေသရွေ့တော့ ငွေဒင်္ဂါး ဆယ်သန်းက ဘာများလို့လဲ။ ငါ ငွေဒင်္ဂါး သန်းတစ်ရာတောင် ထုတ်ပေးနိုင်တယ်။" ဟုန်ယွိသည် ထိုစကားပြောနေစဉ် သူ့ကိုယ်သူ သူဌေးကြီးတစ်ဦးကဲ့သို့ ခံစားနေရသည်။

သူသည် ငွေဒင်္ဂါး သန်းတစ်ရာကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများစွာ ပါရှိသော စကြဝဠာအိတ်ကို ရရှိထားသည်။ ယခုအခါ သူသည် သဘာဝအတိုင်း ချမ်းသာ ကြွယ်ဝပြီး ခန့်ညားထည်ဝါစွာ နေထိုင်နိုင်သည်။ သူ၏ ပိုင်ဆိုင်မှုများသည် ရာစုနှစ်များစွာ သက်တမ်းရှိသော မည်သည့် မင်းမျိုးမင်းနွယ်၊ မှူးမတ်မျိုးနွယ်စုများထက်မဆို ကျော်လွန်နေပြီ။

မည်သည့် မင်းမျိုးမင်းနွယ်၊ မှူးမတ်မျိုးနွယ် သို့မဟုတ် မြေပိုင်ရှင်များမဆို ငွေဒင်္ဂါး သန်းတစ်ရာကျော်ကို လက်ဝယ်ထားရှိရန် မဖြစ်နိုင်ပေ။

ကောင်ကင်အထွဋ်ထိပ်နယ်မြေ၊ တောင်ပိုင်းပြည်နယ်၏ မင်းမျိုးမင်းနွယ်ဝင် မိသားစုများကဲ့သို့သော မိသားစုကြီးခုနစ်ခုသည် နှစ်ပေါင်းရာချီအတွင်း စုဆောင်းပြီးနောက် ငွေဒင်္ဂါး သန်းတစ်ရာကျော် ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ကို မြေ၊ ခြံ၊ ဆိုင်ခန်း စသည်အဖြစ်သို့ ပြောင်းလဲထားရမည်။ ဟုန်ယွိကဲ့သို့ ပေါ့ပေါ့ပါးပါး ငွေဒင်္ဂါး သန်းတစ်ရာ ထုတ်ပေးနိုင်သူ မရှိနိုင်ပေ။

တော်ဝင်ချန်နိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာတိုက်ပင် ထိုမျှများပြားသော ငွေကြေးကို တတ်နိုင်မည် မဟုတ်ပေ။ တော်ဝင်ချန်နိုင်ငံ၏ နိုင်ငံတော် ဘဏ္ဍာတိုက်သည် နှစ်စဉ် အခွန်ငွေ သန်းခြောက်ဆယ်မှ သန်းခုနစ်ဆယ်အထိ ရရှိသော်လည်း အင်ပါယာတရားရုံး၏ ကုန်ကျစရိတ်များသည်လည်း အလွန်ကြီးမားသည်။ တော်ဝင်မိသားစု၏ ကုန်ကျစရိတ်များ၊ နန်းတွင်းအရာရှိများ၏ လစာများ၊ စစ်သည် သန်းပေါင်းများစွာ၏ ကုန်ကျစရိတ်များ စသည် တို့ကြောင့် ပိုလျှံမှု များများစားစား မရှိနိုင်ပေ။

"ဒီအချိန်မှာ တော်ဝင်ချန်မင်းဆက်, တော်ဝင်မိသားစုရဲ့ နန်းတော်ဘဏ္ဍာတိုက်ကပဲ ဒီလောက်များပြားတဲ့ ငွေဒင်္ဂါးတွေကို ထုတ်ပေးနိုင်မယ် ထင်တယ်။" ဟုန်ယွိသည် ပြောပြီးနောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

နန်းတွင်း၏ နိုင်ငံတော်ဘဏ္ဍာတိုက်နှင့် တော်ဝင်မိသားစု၏ နန်းတော်ဘဏ္ဍာတိုက်တို့ကို သီးခြားစီ ခွဲထားသည်။ ဟုန်ယွိသည် တော်ဝင်ချန်မင်းဆက်၏ တော်ဝင်မိသားစုက ဒိုင်ဇန်ဘုရားကျောင်းမှ လုယက်ရရှိခဲ့သော စည်းစိမ်ဥစ္စာကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ ဖြည့်သွင်းပေးလိမ့်မည်ဟု မထင်ခဲ့ပေ။

သူတို့သည် တော်ဝင်မိသားစု၏ နန်းတော်ဘဏ္ဍာတိုက်ကို သေချာပေါက် ဖြည့်သွင်းလိမ့်မည်။

ယခုအခါ ဟုန်ယွိတွင် ထိုမျှများပြားသော ငွေကြေးရှိနေပြီဖြစ်ရာ သူသည် ၎င်းကို စကြဝဠာအိတ်ထဲတွင် ထားရှိတော့မည် မဟုတ်ပေ။ ယင်းအစား သူသည် လက်စားချေရန်အတွက် ပြင်ဆင်မှုများ စတင်တော့မည် ဖြစ်သည်။ ၎င်းမှာ သူ၏လက်ထဲရှိ ငွေသားကို အသုံးပြု၍ ကောင်ကင်အထွဋ်ထိပ်နယ်မြေ၏ တောင်ပိုင်းပြည်နယ်ရှိ ကုန်သွယ်ရေးလုပ်ငန်းများစွာကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ကောင်ကင်အထွဋ်ထိပ်နယ်မြေသည် အင်အားကြီးမားသော်လည်း ၎င်းတို့သည် တစ်ခုတည်းသော အဖွဲ့အစည်း မဟုတ်ပေ။ ၎င်းတို့တွင် လက်အောက်ခံများ အများပြားရှိပြီး၊ လက်အောက်ခံတစ်ဦးချင်းစီသည် နေ့စဉ် ငွေကြေးနှင့် စားနပ်ရိက္ခာ အများအပြားကို သုံးစွဲရသည်။ ကုန်သွယ်ရေးလုပ်ငန်း အများအပြား ပြိုလဲသွားသည်နှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာမည်။

ထို့အပြင် ဝူဝမ်မြို့စားစံအိမ်၏ ငွေကြေးကို ကောင်ကင်အထွဋ်ထိပ်နယ်မြေက ထောက်ပံ့ပေးရန် လိုအပ်သည်။ ကောင်ကင်အထွဋ်ထိပ်နယ်မြေတွင် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက, ဝူဝမ်မြို့စားစံအိမ်တွင်လည်း ပြဿနာများ ရှိလာမည်။

"ဟွန်း…၊ မဒမ်ကျောက်၊ ခင်ဗျားက မနက်တိုင်း မနက်စာအတွက် ဟင်းပန်းကန် သုံးဆယ့်ခြောက်မျိုး စားတယ်။ ဟင်းတစ်ပန်းကန်ကို ငွေဒင်္ဂါး ငါးဆယ်ခြောက်ဆယ် ကုန်ကျတယ်။ မနက်စာ တစ်နပ်တည်းက ငွေဒင်္ဂါး တစ်ထောင်ကျော် ကုန်ကျမယ်လို့ ကြားဖူးတယ်။ ခင်ဗျားရဲ့ ဝင်ငွေ အရင်းမြစ်ကို ကျုပ် ဖြည်းဖြည်းချင်း ဖြတ်တောက်ပြီး ခင်ဗျားကို ခံစားစေမယ်။" ဟုန်ယွိသည် စိတ်ထဲကနေ တွေးလိုက်သည်။

All Chapters