← Chapters

သတ်ဖြတ်သူ

Vol. 172 Ch. 2463

သတ်ဖြတ်သူ

Vol. 172 Ch. 2463

“ရန်ဟောင်အလယ်အလတ်အဆင့်လား”

ရီဖူရှင်းသည် ကျူးဟိုကိုကြည့်၍ ပြောလိုက်သည်။

“ဒါကို မင်းက မင်းကိုယ်မင်း တော်တော်လေးသန်မာတယ်လို့ ထင်နေတယ်ပေါ့လေ... ဟုတ်တယ်မလား”

ရန်ဟောင်အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦးသည် သူ့ထက်ကျင့်ကြံခြင်းအဆင့်နိမ့်သည် လူငယ်လေးဦးကို အနိုင်ကျင့်ခဲ့ခြင်းပင်။

ကျူးဟိုသည် ရီဖူရှင်းကိုကြည့်လိုက်ပြီး အတန်ငယ်ဦးညွှတ်၍ ပြောလိုက်သည်။

“ကျွန်တော်က ကျားနန်မြို့မှာရှိတဲ့ ကျူးမိသားစုက ကျူးဟိုပါ။ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူပါ”

ဗုဒ္ဓလမ်းစဉ် လွှမ်းမိုးသည့် အနောက်လောကတွင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူဟု ကိုယ့်ကိုယ်ကို ပြောသူများသည် ဖြောင့်မတ်သောဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံသူများဖြစ်ကြပေသည်။

ကျူးဟိုသည် သူ့ကိုသူ ဖြောင့်မတ်သူတစ်ဦးဟုတွေးကြောင်း ထင်ရှားပေသည်။ သူသည် ရီဖူရှင်းကို သူ၏အဆင့်အတန်းကိုပြောကာ စိတ်လိုက်မာန်ပါမလုပ်ရန်၊ သို့မဟုတ် ပေါ့ပေါ့တန်တန်မလုပ်ရန် သတိပေးလိုက်ခြင်းပင်။ သူသည် ရီဖူရှင်း၊ ချန်ယိနှင့် အခြားသူများထံမှ ထွက်ပေါ်နေသော အန္တရာယ်အငွေ့အသက်ကို အာရုံခံနိုင်လေသည်။

သို့သော် ရီဖူရှင်းသည် သူပြောသောစကားကို မကြားလိုက်သကဲ့သို့ပင်။ သူသည် လက်မြှောက်၍ အဝေးသို့လှမ်း၍ ဆုပ်ကိုင်ဟန်ပြုလိုက်သည်။ ကျူးဟိုအရှေ့မှနေ၍ မဟာလမ်းစဉ်အရှိန်အဝါထွက်ပေါ်လာပြီး ရီဖူရှင်းထံသို့ အလျင်အမြန်ထွက်သွားလေသည်။ သို့သော် ချန်ယိသည် ရှေ့သို့တစ်လှမ်းထွက်လိုက်၏။ ရုတ်တရက် အလင်းတန်းများ အပြင်သို့ပျံထွက်သွားပြီး မဟာလမ်းစဉ်စွမ်းအားကို ရုတ်ခြည်းပင် ဖျက်ဆီးလိုက်လေသည်။

ဝုန်း...

ရီဖူရှင်း၏ဧရာမလက်ဝါးပုံရိပ်ကြီးသည် ရိုက်ချလိုက်ပြီး ကျူးဟို၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ မမြှောက်လိုက်သည်။ ထိုအပြုအမူသည် အစောပိုင်းက ကျူးဟိုတစ်ယောက် လင်ကလေးကိုလုပ်ခဲ့သည့်အတိုင်းပင်။

ကျူးဟို၏ခန္ဓာကိုယ်မှ မဟာလမ်းစဉ်စွမ်းအားများထွက်ပေါ်လာသည်။ သူသည် ဧရာမလက်ဖဝါးပုံရိပ်ကြီးအတွင်းမှ လွတ်ရန် ရုန်းကန်နေလေသည်။ သို့သော် သူ၏စွမ်းအားသည် ရီဖူရှင်း၏စွမ်းအားနှင့် မယှဉ်နိုင်ပေ။ သူတို့ကြားရှိ စွမ်းအားကွာခြားမှုသည် လင်ကလေးနှင့်ကျူးဟိုအကြားရှိ စွမ်းအားကွာခြားမှုထက် များစွာပို၍ကြီးမားလေသည်။ ထို့ကြောင့် ကျူးဟိုသည် ထိုလက်ဖဝါးအတွင်းမှ လွတ်လမ်းမရှိချေ။

အဝေးတွင် မျက်မမြင်ထျယ်ကို တားဆီးနေသော ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူသည် ထိုတိုက်ပွဲအတွင်းသို့လာ၍ ကျူးဟိုကိုကူညီနိုင်ရန် အကောင်းဆုံးကြိုးစားနေလေသည်။ သို့သော် ထိုအခိုက်တွင် မျက်မမြင်ထျယ်သည် ကာကွယ်သူ၏နတ်တူကြီးကိုကိုင်၍ သူ့ကိုလိုက်လံထုရိုက်နေသည်။ ရုတ်ခြည်းပင် မြေကြီးသည်အက်ကွဲသွားပြီး ကောင်းကင်သည် မြည်ဟည်းသွားသည်။ မျက်မမြင်ထျယ်သည် ထိုလူကိုဖိအားပေးထားပြီး ကျူးဟိုကိုသွား၍မကူညီနိုင်ရန် တားဆီးထားလေသည်။ ကြမ္မာစက်ဝန်းတစ်ပတ်လည်ခဲ့ပေပြီ။ ထိုသို့ ပြန်၍တားဆီးခြင်းသည် သင့်တော်သောတုံ့ပြန်မှုဖြစ်ပေသည်။

“ကျွန်တော်က ဗုဒ္ဓလမ်းစဉ်ကျင့်ကြံတဲ့ တပည့်တစ်ဦးပဲ”

ကျူးဟိုသည် ရုန်းကန်နေရင်းဖြင့် ရီဖူရှင်းကို ထပ်မံ အယူခံလိုက်သည်။ ပတ်ဝန်းကျင်မှ လူများရှေ့သို့ထွက်လာ၏။ သူတို့အားလုံးသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့ထဲမှ တစ်ဦးက ပြောလိုက်၏။

“ကျွန်တော်တို့က ကျားနန်မြို့၊ ကျူးမိသားစုက လူတွေပါ။ ဒီကဆရာရဲ့ နာမည်ကို မေးလို့ရမလားခင်ဗျာ”

သို့သော် ရီဖူရှင်းသည် ထိုအသံများကို မကြားလိုက်သကဲသို့ လုပ်နေပေသည်။ သူသည် ကျူးဟိုကိုသာ ဆက်၍အာရုံစိုက်ထားလိုက်ပြီး မေးလိုက်သည်။

“ဖန်းစွင်... သူက မင်းတို့ကို အစောတုန်းက ဘယ်လိုတွေလုပ်လဲ”

“ဆရာ... ကျွန်တော်တို့က အကြွင်းမဲ့ဗုဒ္ဓပွဲတော်အကြောင်းကို မေးနေတာပါ။ သူက ဗုဒ္ဓအကြားအမြင်ကိုသုံးပြီး ကျွန်တော်တို့အကြောင်းကို ထောက်လှမ်းခဲ့တာ။ ပြီးတော့ သူက ကျွန်တော်တို့က ထူးဆန်းတယ်လို့ပြောပြီး ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်ခဲ့တာပါ... သူက ကျွန်‌တော်တို့ရဲ့ ကျင့်ကြံခြင်းလျှို့ဝှက်ချက်ကို သိချင်နေတာ”

ဖန်းစွင်ပြန်ဖြေလိုက်သည်။

ရီဖူရှင်းသည် ချက်ချင်းပင် အကြောင်းအရာအားလုံးကို နားလည်သွားပြီဖြစ်သည်။ သူသည် ကျူးဟိုကိုကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်တစ်ချက် လက်သွားလေသည်။ ဗုဒ္ဓ၏အကြားအမြင် ဟုတ်လေသလော။ သူတို့၏ကျင့်ကြံခြင်းလျှို့ဝှက်ချက်ကို သိလိုသည် ဟုတ်လေသလော။

ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းလျှို့ဝှက်ချက်ဆိုသည်မှာ သူတို့သဘောအလျောက် ထုတ်ပြမည့်အရာမဟုတ်ပေ။ အကယ်၍ အခြားတစ်ဦးဦးကသာ သူတို့လေးဦး၏ ကျင့်ကြံခြင်းလျှို့ဝှက်ချက်ကို ထောက်လှမ်း၊ သိရှိ၊ ပိုင်ဆိုင်လိုနေပါက ထိုသို့လုပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့လေးဦးကို အလုံးစုံထိန်းချုပ်နိုင်ရန်သာဖြစ်လေသည်။ ထိုသို့ဆိုလျှင် သူတို့လေးဦးသည် သေဆုံးသွားနိုင်ပေသည်။ ထို့ကြောင့် ကျူးဟိုသည် ထိုလူငယ်လေးဦးကို သနားညှာတာမှုပြရန် ရည်ရွယ်ချက်မရှိခဲ့ဟု ပြောနိုင်လေသည်။

ထိုတစ်ချက်ဖြင့်ပင် သူသေထိုက်ပေသည်။

“ဗုဒ္ဓရဲ့အကြားအမြင်က ဗုဒ္ဓလမ်းစဉ်မှာ မသင်ကြားပေးတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုပဲ။ သူတို့က ထူးခြားတယ်ဆိုတာ ကျွန်တော်မြင်နိုင်လို့ သူတို့ရဲ့ကျင့်ကြံခြင်းကို စိတ်ဝင်စားသွားရုံပါပဲ... တခြားရည်ရွယ်ချက်မရှိပါဘူး။ အဲလိုအသေးအဖွဲကိစ္စလေးကို ဘာလို့ပုံကြီးချဲနေမှာလဲ”

ကျူးဟိုသည် ရုန်းကန်နေဆဲဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်သည် တစ်လက်မမျှပင် မရွေ့‌သေးချေ။

“အသေးအဖွဲကိစ္စလေး ဟုတ်လား...”

ရီဖူရှင်းသည် ကျူးဟိုကို ဂရုမထားဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

“အဲလိုဆိုရင် မင်းကိုသတ်ပစ်တာကလည်း အသေးအဖွဲကိစ္စလေးလို့ပဲ ငါထင်တယ်...”

ကျူးဟိုသည် ရီဖူရှင်းပြန်ပြောလိုက်သောစကားကို ကြားလိုက်သောအခါ တုန်လှုပ်သွားသည်။ ထို့နောက် သူ့ကိုဆုပ်ကိုင်ထားသော လက်ဖဝါး၏ဆုပ်အားသည် ပို၍တိုးပွားလာကြောင်း သူခံစားလိုက်ရသည်။ သူ့မျက်နှာသည် ရုတ်ခြည်းပင် ဖြူဖျော့သွား၏။ ထိုလူသည် သူ့ကိုသတ်ဝံ့သလော။

“ဆရာ... သူက ဖြောင့်မတ်တဲ့ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံတဲ့သူပါ”

ကျူးမိသားစုမှ ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။

“ဗုဒ္ဓလမ်းစဉ်က လောကထဲမှာ ကောင်းမှုတွေလုပ်တဲ့လမ်းစဉ်လို့ ကျော်ကြားတာပဲ။ သူက ဖြောင့်မတ်တဲ့ဗုဒ္ဓလမ်းစဉ်ကိုကျင့်ကြံတဲ့ တပည့်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ သူ ဒီနေ့ဒီမှာလုပ်ခဲ့တာတွေကိုသာ ဗုဒ္ဓသိသွားရင် ဗုဒ္ဓကိုယ်တိုင်တောင် သူ့လိုအမှိုက်ကောင်ကို ရှင်းပစ်ချင်စိတ်ပေါက်သွားမယ်လို့ ငါပြောရဲတယ်”

ရီဖူရှင်းသည် အရေးမထားဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူသည် ထိုဆန့်တန်းထားသော လက်ဖဝါး၏ဆုပ်အားကို တိုးမြှင့်လိုက်သည်။ ယခုတွင် ကျူးဟိုကို သေခြင်းတရားက လွှမ်းခြုံထားပြီဖြစ်သည်။ သူသည် လွန်စွာတုန်လှုပ်လာကာ မျက်နှာရှုံ့မဲ့လာလေတော့သည်။ ထိုအခိုက်တွင် ထိုအဖြူရောင်ဝတ်စုံနှင့်ကျူးဟို၏ခံ့ညားသော မျက်နှာသည် ရှုံ့တွနေလေသည်။ သူအော်ပြောလိုက်သည်။

“အတင့်ရဲလိုက်တာ...”

ဗြုန်း...

ကျူးဟို၏အသံပျောက်ကွယ်သွားသောအခါ နောက်ထပ်အသံတစ်ခုကို ကြားလိုက်ရသည်။ ဧရာမလက်ဖဝါးကြီးသည် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရာ လက်ဖဝါးအပြင်သို့ သွေးစိမ်းရှင်ရှင်စီးကျလာလေသည်။ လမ်စဉ်၏ကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအားသည် ကျူးဟို၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သူ၏စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။

သေပေပြီ...

ရီဖူရှင်း မလုပ်ဝံ့ဟု ထင်ပါသေးသလော။

“အခု မင်းလိုလူမျိုး တစ်ယောက်လျော့သွားပြီပေါ့”

ရီဖူရှင်းသည် ဗုဒ္ဓလမ်းစဉ်လွှမ်းမိုးသော အနောက်လောကသို့ ရောက်ကတည်းက အန္တရာယ်များနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရီဖူရှင်းသည် ဒေါသထွက်နေသည်ဟု ဆိုနိုင်ပေသည်။ သူသည် ကြာရှည်စွာသတိမေ့နေရာမှ နိုးထလာချိန်တွင် ပထမဆုံးမြင်တွေ့ခဲ့ရသောအရာမှာ ကျူးဟိုသည် သူ၏တပည့်များကို အနိုင်ကျင့်နေခြင်းဖြစ်လေသည်။ ရီဖူရှင်း လက်ရှိစိတ်နေစိတ်ထားကို ခန့်မှန်းရန် မခက်ခဲပေ။

ကျူးဟိုအပြင် သူသည် မဟာလမ်းစဉ်ကပ်ဘေးကို ရှင်သန်နိုင်ခဲ့သော ကျင့်ကြံသူအနည်းငယ်ကိုပင် သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ အရှင်အဆင့် ကျင့်ကြံသူများပင် သူ့လက်ချက်ဖြင့် သေဆုံးပျောက်ကွယ်ခဲ့ရသည်။ သို့ဖြစ်ရာ ကျူးဟိုကဲ့သို့ အမှိုက်ကောင်ကို မည်သို့အလွှတ်ပေးမည်နည်း။

ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူ တပည့်ဖြစ်နေငြား အဘယ်ကြောင့်အရေးစိုက်ရမည်နည်း။

သူတော်စင်ကျန်းချန်ကဲ့သို့သော သူမျိုးသည်ပင် ပျောက်ဆုံးနေပြီး အခြေအနေမသိရဖြစ်နေရာ ရီဖူရှင်းသည် ကျူးဟို၏ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတပည့်ဟူသော ဂုဏ်ပုဒ်ကို အရေးစိုက်နေမည်ဟု ထင်ပါသလော။

သတ်ဖြတ်ကာ လက်စတုံးပစ်ခြင်းသည်သာ တစ်ခုတည်းသောအဖြေဖြစ်ပေသည်။

အောက်ရှိမြေပြင်တွင် ကျားနန်မြို့မှကျင့်ကြံသူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးများအေးစက်သွားသည်။ သူသည် ကျူးဟိုကို လက်ဖြင့်ဖျစ်၍ သတ်ပစ်ခဲ့ခြင်းပေလော။

ကျားနန်မြို့မှ ဆန်းကြယ်သည့်ပါရမီရှင် ကျူးဟိုကို ရီဖူရှင်းက ပိုးကောင်လေးတစ်ကောင်ကို သတ်သကဲ့သို့ လက်ဖြင့်ဖျစ်၍ သတ်ခဲ့လေသည်။

ကျူးဟိုကိုယ်တိုင်သည်ပင် သူထိုသို့သေရလိမ့်မည်ဟု တစ်ခါမှ အိပ်မက်ပင်မက်ခဲ့ဖူးမည်မဟုတ်ချေ။

သူသာ ထိုသို့ဖြစ်လာမည်ကို ကြိုသိခဲ့ပါက ဖန်းစွင်တို့အုပ်စုကို မည်သည့်အခါမှ ရန်စမည်မဟုတ်ပေ။ သူစတင်ခဲ့သည့် ပဋိပက္ခသည် သူ့ကို သူ၏သေခြင်းဆီသို့ ခေါ်ဆောင်သွားလေသည်။

ထိုအဖြစ်အပျက်သည် မတွေးနိုင်လောက်ပင် ရက်စက်သော အပြောင်းအလဲဖြစ်၏။

ကျူးမိသားစုမှ ကျင့်ကြံသူများသည်လည်း မှင်တက်ကာ ကြက်သေ,သေနေပြီး ရီဖူရှင်းက ကျူးဟိုကို လက်ဖြင့်ဖျစ်၍သတ်ပစ်ခဲ့သည်ကို ရပ်ကြည့်နေခဲ့မိလေသည်။ ရီဖူရှင်းသည် ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားပြီး နောက်ထပ်စကားတစ်ခွန်းပင်မဆိုတော့ဘဲ ကျူးဟိုကို ထိုသို့ညှစ်သတ်ပစ်လိမ့်မည်ဟု မည်သူမှမမျှော်လင့်ခဲ့ပေ။ သူတို့သည် ကျူးဟို၏အဆုံးသတ်ကို မြင်လိုက်ရသောအခါ တုံ့ပြန်ရန်ပင် အချိန်မရှိခဲ့ချေ။

ဝုန်း..ဝုန်း...

ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ ကျူးမိသားစုမှ ကျင့်ကြံသူများသည် ကျူးဟိုသတ်ဖြတ်ခံလိုက်ရသည်ကို မြင်လိုက်သောအခါ ဒေါသူပုန်ထသွားကြသည်။ ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများနှင့် ရန်ဟောင်ထိပ်ပိုင်းအဆင့်ကျင့်ကြံသူများသည် သူတို့၏မဟာလမ်းစဉ်စွမ်းအားများကို တစ်ပြိုင်တည်းထုတ်လွှတ်လိုက်ကြသည်။ ထိုစွမ်းအားများသည် ကောင်းကင်ကိုလွှမ်းခြုံသွားပြီး နေမင်းကိုပိတ်ဆို့လိုက်၏။ ကောင်းကင်ထက်မှနေ၍ ကြောက်မက်ဖွယ်ဖိအားတစ်ခု ကျဆင်းလာ၏။

“မင်းက ငါ့သားကို သတ်လိုက်တာပဲ။ အခု မင်းပြန်သေရမယ်”

ကောင်းကင်ထက်ရှိ ရန်ဟောင်အဆင့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူဖြစ်သည်။

ရီဖူရှင်းသည် လူအုပ်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်မှုနှင့် ထီမထင်မှုတို့ရှိနေလေသည်။ သူ့မျက်နှာပေါ်တွင်လည်း မည်သည့်ခံစားချက်မှမရှိပေ။

“သားက စည်းမရှိကမ်းမရှိဖြစ်နေတယ်ဆိုတာ အမြဲလိုလို အဖေရဲ့အပြစ်ပဲ”

ရီဖူရှင်းသည် ထိုလူက သူ့ထံသို့လာနေသည်ကို မြင်လိုက်သောအခါ အေးစက်စက်ပြောလိုက်လေသည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ လက်မြှောက်လိုက်၏။ ရုတ်ချည်းပင် နတ်ဓားတစ်ချောင်းသည် လေထုကိုဖြတ်ကာ အကွာအဝေးကိုအမှုမထားဘဲ ပျံသန်းသွားသည်။

ဓားစွမ်းအားအလင်းသည် မဟာလမ်းစဉ်ကို ဖောက်ထွင်းသွားပြီး လေထုကို ဆုတ်ဖြဲသွားသည်။ ကောင်းကင်ထက်မှဆင်းလာသော ကျူးဟိုအဖေ၏ခန္ဓာကိုယ်သည် အပြင်းအထန်တုန်ခါသွားလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုက အပေါက်ဖြစ်အောင်ဖောက်သွားရာ သူသည် လေထဲတွင်ပင် ရပ်တန့်သွားသည်။ သူသည် အောက်သို့ငုံ့ကြည့်လိုက်ရာ သူ့ရင်ဘက်တွင် ဓားအလင်းတစ်ခုကို ပေါ်လာသည်ကိုတွေ့လိုက်ရသည်။ ရုတ်ခြည်းပင် သူ့မျက်နှာပေါ်၌ အလွန်အမင်းကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လာလေတော့သည်။

“မဟုတ်ဘူး...”

သူသည် ကျယ်လောင်စွာအော်လိုက်၏။ ထို့နောက် သူခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး သန်းပေါင်းများစွာသော အမှုန်အမွှာများအဖြစ် ပြောင်းလဲသွားလေသည်။ သူသည် အစအနပင်မကျန်ခဲ့ဘဲ သေဆုံးသွားပေပြီ။

အစောက ကျူးဟိုသည် လင်ကလေးနှင့်အခြားသူများကို အနိုင်ကျင့်နေခဲ့စဉ်က မည်သူမှ ဝင်မတားခဲ့ကြပေ။ ကျူးမိသားစု၏အမြင်တွင် ထိုအခြင်းအရာသည် ဝင်တားရန်မလိုသည့် အခြင်းအရာဟု ထင်ခဲ့ပုံရလေသည်။

သူတို့သည် သူတို့ခံရမှဝင်ပါတတ်သူများဖြစ်လေရာ သေသင့်ပေသည်။

ချန်ယိသည် ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ ရုတ်ခြည်းပင် သူ့ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများထွက်‌ပေါ်လာပြီး အကန့်အသတ်မဲ့အာကာပြင်ကို အကြွင်းမဲ့အလင်းများဖြင့် လွှမ်းခြုံကာ လူအားလုံးကို မျက်စိကျိန်းသွားစေလေသည်။ အချိန်တစ်ခုမျှ ထိုလောကသည် အလင်းလောကတစ်ခုအဖြစ် ပြောင်းသွားသကဲ့သို့ပင်။

အလင်းသည် ထိုကျင့်ကြံသူများအပါအဝင် အရာအားလုံးကို လွှမ်းခြုံသွားသည်။ သူတို့ကိုတိုက်ခိုက်နေခဲ့သော ကျူးမိသားစုမှ ကျင့်ကြံသူများသည် အလင်းများ၏ ဖောက်ထွင်းသွားမှုကို ခံလိုက်ရလေသည်။ လေထဲတွင် ကြီးမားသောအကြောက်တရားများနှင့် ပြည့်နှက်နေသော သူတို့၏ရှုံ့တွနေသည့်မျက်နှာများကို မြင်လိုက်ရပြီးနောက် သူတို့၏ခန္ဓာကိုယ်များသည် အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားလေတော့သည်။

All Chapters