အနောက်ဘက်ကောင်းကင်သို့
Vol. 172 Ch. 2464
“သေပြီ။”
အလင်းပျောက်ကွယ်သွားသောအခါ ရီဖူရှင်းနှင့် သူ့လူများအား တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူအားလုံးက သုတ်သင်ခံလိုက်ရပြီး အလင်းရောင်များသာ လွှမ်းခြုံကျန်ရစ်ခဲ့ပေသည်။ သူတို့အားလုံးက အလင်းရောင်ဖြင့် သန့်စင်ခံလိုက်ရသလိုပင် ဖြစ်၏။
ရီဖူရှင်းနှင့် သူ့လူများက အလွန် ကြောက်မက်ဖွယ် အစွမ်းထက်သည့် ရန်ဟောင်များဖြစ်သောကြောင့် သူတို့ကို ခြိမ်းခြောက်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့သည် မစဥ်းစားဘဲ တိုက်ခိုက်၍ မရနိုင်သော ပြိုင်ဘက်ကင်းအနေအထားမျိုး ဖြစ်ပေသည်။
ကျူးမိသားစုက ထိုကပ်ဘေးကြောင့် အကုန်လုံး သုတ်သင်ခံလိုက်ရပေသည်။
ဤမြို့အတွင်း ကျူးမိသားစုသည် ထိပ်သီးအဆင့် မိသားစုများအားလုံးတွင် အထွတ်အထိပ်၌ ရပ်တည်နေခဲ့သည်။ ကျူးဟိုက ဗုဒ္ဓ၏ အထူးစွမ်းရည်များကို လေ့လာဆည်းပူးသည့် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ၎င်းသည် ကျူးမိသားစုကို ကျားနန်အတွင်း ထိပ်တန်းမိသားစုများကြား ထိပ်တန်းဖြစ်စေခဲ့သည်။
သူ၏ နောက်ခံနှင့် ကျူးဟိုသည် အလောတကြီးနှင့် မဆင်မခြင် လုပ်ဆောင်တတ်ခြင်းကို ကျင့်သားရနေသည်မှာ နားလည်ရန် မခက်ခဲလှပေ။ သူက ရန်ဟောင်အဆင့်မှ ထူးချွန်လှသည့် လူငယ်လေးယောက်ကို မြင်သောအခါ သူက သိချင်စိတ်နှင့် စူးစမ်းမိမည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ပြင် သူတို့က ဖုံးကွယ်ထားသည့် သဘာဝလမ်းစဥ်တို့နှင့် ကျင့်ကြံသူများဖြစ်ကြောင်း သတိပြုမိသောအခါ အောက်ခြေအထိ တူးဖော်ကြည့်ချင်သည့် ဆန္ဒက ပို၍ သန်မာအားကောင်းလာပေသည်။ သူ၏ မိုက်မဲသော စူးစမ်းသိလိုစိတ်ကြောင့် ဖြစ်ပေါ်လာမည့် ကပ်ဘေးကို မည်သည့်အခါမှ ကြိုမမြင်နိုင်ခဲ့ပေ။
ကျူးဟို မသေခင် နောက်ဆုံး မည်သည်ကို တွေးနေသည်အား မည်သူမှ မသိနိုင်ခဲ့ပေ။ သူက အသံပျောက်ကွယ်မသွားခင်မှာပင် လျင်မြန်စွာ သေဆုံးသွားခဲ့ပြီး အသုတ်သင်ခံလိုက်ရပေသည်။
“ရိုင်းစိုင်းတဲ့ သတ္တဝါတွေ။” အဝေးမှ အသံတစ်ခု ထွက်ပေါ်လာပြီး ၎င်းက ကြီးမားသည့် ခေါင်းလောင်းကြီးမှ ထွက်ပေါ်လာသလိုပင် ပဲ့တင်ထပ်လာ၏။ ယင်းသည် ကောင်းကင်မှ ကျဆင်းလာသည့် ကောင်းကင်နတ်ဘုရားတစ်ပါး၏ အသံကဲ့သို့ ဖြစ်လေသည်။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် နတ်အလင်းတန်းတို့ ဖြန့်ကျက်လာပြီး လေဟာနယ်ထက်တွင် ကျင့်ကြံသူတစ်စု ပေါ်ပေါက်လာပေသည်။
လူတိုင်းက ခေါင်းကိုမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ပြီး ထိုထူးခြားသည့် ပုံရိပ်များကို မြင်သည့် သူတို့၏ နှလုံးသားများက တုန်ယင်သွားခဲ့ပေသည်။ ထိုသူတို့က မဟာဗြဟ္မာ့ကောင်းကင်၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သော မဟာဗြဟ္မာ့ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများဖြစ်ကြသည်။ ကျူးဟိုက မဟာဗြဟ္မာ့ကောင်းကင်နန်းတော်၌ ဗုဒ္ဓစွမ်းရည်ကို ကျင့်ကြံရန် ရွေးချယ်ခံထားရသူ ဖြစ်သည်။ ထို့ကြောင့် သူပြန်ရောက်လာစဥ် မဟာဗြဟ္မာ့ကောင်းကင်မှ ကျင့်ကြံသူများစွာလည်း လိုက်ပါလာသည်။ သူတို့က ဤနေရာ၌ ကျူးဟို အသတ်ခံရပြီး သေဆုံးခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်မှတ်မထားမိခဲ့ပေ။
ရီဖူရှင်းက ခေါင်းကိုမော့ကာ လေဟာနယ်ထဲမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏ အမူအရာက အေးစက်လာခဲ့ပေသည်။ သူက နတ်အာရုံဖြင့် ထိုကျင့်ကြံသူများ၏ ကျင့်ကြံဆင့်ကို သိရှိပြီး ဖြစ်လေသည်။ ဤနေရာ၌ မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် မည်သူမှ မရှိသောကြောင့် သူတို့ကို ခြိမ်းခြောက်မှုဟု မယူဆနိုင်ပေ။
နောက်ဆုံးမှာတော့ ဤနေရာက မဟာဗြဟ္မာ့ကောင်းကင်အတွင်းမှ မြို့လေးတစ်မြို့သာ ဖြစ်လေသည်။ အနောက်ဘက်လောကက အစွမ်းထက်သော်လည်း ကောင်းကင်ဒေသနှင့်ယှဥ်လျှင် သူတို့၏ စွမ်းအားက အများကြီးအားကောင်းလှခြင်းမရှိပေ။ မဟာဗြဟ္မာ့ကောင်းကင်မြို့အတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်မှာ အထွတ်အထိပ် ရန်ဟောင်သာ ဖြစ်နိုင်ပေသည်။ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးမှ ရှင်သန်နိုင်ခဲ့သော တစ်စုံတစ်ယောက်ကို မဟာဗြဟ္မာ့ကောင်းကင်၏ အဓိကမြို့တော်၌သာ ရှာတွေ့နိုင်ပေသည်။
“မင်းက ဘယ်သူလဲ။ ပြီးတော့ မင်း ဘာလို့ ဒီနေရာက လူတွေကို သတ်ပစ်ရတာလဲ။” မဟာဗြဟ္မာ့ကောင်းကင်မှ ကျင့်ကြံသူများက အောက်ဘက်မြေပြင်သို့ ကြည့်လိုက်ကာ သူတို့၏ မျက်လုံးများက အေးစက်နေခဲ့သည်။
“ခင်ဗျား အရင်တုန်းက ဝင်မစွက်ဖက်ခဲ့တာကြောင့် အခုလည်း အလုပ်ရှုပ်ခံပြီး ဝင်စွက်ဖက်ဖို့မလိုဘူး။” ရီဖူရှင်းက ပြောလိုက်သည်။ သူက အနည်းငယ်မျှပင် စိတ်အနှောက်အယှက် မဖြစ်စေခဲ့ပေ။
“ကျန်းနန်မြို့က မဟာဗြဟ္မာ့ကောင်းကင် အုပ်ချုပ်ရတဲ့ နယ်မြေတစ်ခု ဖြစ်တယ်။ မဟာဗြဟ္မာ့ကောင်းကင်ထဲမှာ ကျုပ်တို့ ဝင်မစွက်ဖက်နိုင်တဲ့ ဘာကိစ္စရှိမှာလဲ။” ခေါင်းဆောင်လာသည့် ကျင့်ကြံသူများက အေးစက်စွာ တုန့်ပြန်လိုက်သည်။
“အဲဒီတော့..” ရီဖူရှင်းက အထင်အမြင်သေးမှု တစ်စွန်းတစ်စ စွက်နေသည့် အသံနှင့် ထုတ်ဖော်ပြောလိုက်သည်။ “အဲဒီလိုဆို ဝင်စွက်ဖက်ဖို့ ကြိုးစားကြည့်ချင်တာလား။”
ရီဖူရှင်းကို ကြည့်လာသည့် မဟာဗြဟ္မာ့ကောင်းကင်မှ ခေါင်းဆောင်ကျင့်ကြံသူ၏ မျက်လုံးများက ထက်ရှလာသည်။ သူသည် ရီဖူရှင်းက အတော်လေး မောက်မာသည်ဟု တွေးလိုက်သည်။
တစ်စုံတစ်ယောက်က မဟာဗြဟ္မာ့ကောင်းကင်အတွင်း ထိုမျှထိ အဆင်အခြင်ကင်းမဲ့စွာ ပြုမူရဲပေသည်။
“အဖြူရောင်အဝတ်အစားနဲ့ အဖြူရောင်ဆံပင်။ ကျင့်ကြံခြင်းက အဆင့်ရှစ်ရန်ဟောင်။” မဟာဗြဟ္မာ့ကောင်းကင်မှ ကျင့်ကြံသူတစ်ယောက်၏ တီးတိုးပြောလိုက်သံက အခြားလူများ အားလုံး နားထဲသို့ ဝင်ရောက်သွားကာ အံ့အားသင့်သွားစေခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်က အနောက်ဘက်လောကတစ်ခုလုံးကို ပျံ့နှံ့ခဲ့သည့် ဆန္ဒခြောက်ပါးကောင်းကင်အတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်ကို ထိပ်တန်းအင်အားစုများအားလုံးက ကြားဖူးခဲ့သည်။
ထိုအချိန်က အရှင်သခင်အဆင့် ကျင့်ကြံသူများက သုတ်သင်ခံလိုက်ရပေသည်။ သူတော်စင်ကျန်းချန်က ယနေ့ထိတိုင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ကျန်းချန်နန်းတော်က ၎င်းကြောင့် ပြိုကျပျက်စီးလုနီးပါး ဖြစ်ခဲ့ရပေသည်။ ထိုအကြောင်းရင်းကြောင့် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်အတွင ပျက်စီးခြင်းလမ်းစဥ်လောကတစ်ခု ဖြစ်လာစေသည်။
ထို့ပြင် ထိုမုန်တိုင်းကို ဖြစ်ပေါ်စေခဲ့သည့် အဓိကပုဂ္ဂိုလ်မှာ အဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ချောမောလှပသော လူငယ်တစ်ယောက်ဖြစ်ပြီး အဆင့်ရှစ်ရန်ဟောင်တစ်ပါးဟု ဆိုကြသည်။
ဖြစ်နိုင်သည်က သူတို့ရှေ့မှ လူငယ်မှာ...
သူတို့ မျက်လုံးများအတွင်း ရုတ်တရက် အပြောင်းအလဲတို့ ဖြစ်ပေါ်လာပြီး သူတို့က ရီဖူရှင်းအား သတိအနေအထားနှင့် လေးနက်စွာ အကဲခတ်လိုက်ကြသည်။ တဖြေးဖြေးနှင့် သူတို့ထံ၌ ယခင်က ရှိနေသည့် မောက်မာမှုများက ပျောက်ဆုံးသွားခဲ့ပေသည်။
၎င်းက အမှန်တကယ် သူ ဖြစ်သည်လား။
သူက ထိုပဋိပက္ခများကြား၌ မသေဆုံးခဲ့သည်လား။
ထိုပဋိပက္ခများကြားမှ အဓိကဇာတ်ဆောင် အစစ်အမှန်ဖြစ်လျှင် သူ့ကြောင့် သူတော်စင်ကျန်းချန်က ပျောက်ဆုံးနေဆဲဖြစ်သလို အရှင်သခင်အဆင့် ကျင့်ကြံသူများကိုလည်း သူက သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကျူးဟိုကဲ့သို့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က သူ့အတွက် မည်သို့ အဓိပ္ပါယ်ရှိလိမ့်မည်နည်း။ မဟာဗြဟ္မာ့ကောင်းကင်မှ ကျင့်ကြံသူအနည်းငယ် ပိုသတ်ဖြတ်လိုက်ရခြင်းကို သူက ဂရုစိုက်လိမ့်ပါမည်လား။
သူ မလုပ်ရဲသည့်ကိစ္စဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
ရီဖူရှင်းသည် ထိုလူများ တီးတိုးပြောဆိုနေသည်ကို ကြားလိုက်ရပြီး ထိုလူတို့၏ မျက်လုံးများထဲတွင် သူ့ကို မှတ်မိသိရှိသွားသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ ဤနေရာက သူ့အတွက် အချိန်ဖြုန်း၍ ကောင်းသော နေရာတစ်ခု မဖြစ်နိုင်တော့ပေ။
“ကျုပ်တို့ နောက်ကို လိုက်လာတဲ့ဘယ်သူမဆို ခြွင်းချက်မရှိ သတ်ဖြတ်ခံရမယ်။” ရီဖူရှင်းက သူတို့ကို သတိပေးလိုက်ပြီးနောက် ရွှေတောင်ပံငှက်ကြီးကို စီးနင်းကာ ထွက်ခွာသွားလေသည်။
ရွှေတောင်ပံငှက်ကြီးက ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်လုနီးပါး ၎င်း၏ တောင်ပံများကို ဖြန့်ကျက်ကာ ရီဖူရှင်းနှင့် အခြားလူများကို တင်ဆောင်ကာ ထွက်ခွာသွားခဲ့ပေသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့က တိမ်တိုက်များအတွင်း ပျောက်ကွယ်သွားကာ သူတို့၏ အရှိန်အဝါတို့ကလည်း တဖြေးဖြေး ပျက်ပြယ်သွားလေသည်။ သူတို့နောက်က မည်သူမှ လိုက်မလာခဲ့ပေ။ မဟာဗြဟ္မာ့ကောင်းကင်မှ လူများက ရီဖူရှင်း၏ သရုပ်မှန်ကို သိရှိပြီးနောက် မည်သူကမှ မဆင်မခြင် မလှုပ်ရှားရဲကြပေ။
အဆုံးမှာတော့ ရီဖူရှင်းက ဆန္ဒခြောက်ပါးကောင်းကင်အတွင်း မယုံကြည်နိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။
“ဘာတွေဖြစ်နေတာလဲ။” သူ့အနီးမှ ထိုလူများက ဖြစ်ပျက်ခဲ့သည့် အခြေအနေကို သိပ်နားမလည်ကြသေးပေ။ သို့သော် မဟာဗြဟ္မာ့ကောင်းကင်မှ လူများက သူတို့ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့၏။ ရီဖူရှင်း၏ နောက်ဆုံးသတိပေးချက်ကြောင့် မည်သူကမှ သူတို့နောက် မလိုက်ရဲကြပေ။
“အဲဒါသူပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်က ကောင်းကင်ဒေသကနေ ရောက်လာခဲ့ပြီး ဆန္ဒခြောက်ပါးကောင်းကင်အတွင်း ပြင်းထန်တဲ့ မုန်တိုင်းတစ်ခု ဖြစ်ပေါ်စေခဲ့တယ်။ ဆန္ဒခြောက်ပါးအရှင်သခင်ကလည်း သူ့ကြောင့် သေဆုံးခဲ့ရတယ်။ သူတော်စင်ကျန်းချန်က ဒီနေ့ထိ ပျောက်ဆုံးနေဆဲပဲ။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ဤသည်မှာ လူအများကို ဆူဆူညံညံ ဖြစ်လာစေခဲ့သည်။ ၎င်းက အမှန်တကယ် သူဖြစ်သည်လား။
ထိုသည်က အမှန်ဖြစ်လျှင် ကျူးဟိုက ကံမကောင်းသူဖြစ်ပြီး သူ၏ ရန်စမှုက အဓိကပျက်စီးမှုကို ဖြစ်စေသည့် မလိုလားအပ်သော အဖြစ်အပျက်တို့ကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
ထိုလူငယ်လေးယောက်က အလွန် ထူးခြားအစွမ်းထက်သည်ဟု ခံစားရသည်မှာ အံ့သြစရာမရှိတော့ပေ။ သူတို့အားလုံးက ရီဖူရှင်း၏ တပည့်များ ဖြစ်ကြ၏။ ရီဖူရှင်းက အမှန်တကယ် ထိုမျှအထိ ပါရမီရှိပါသည်လား။
သို့သော် သူက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ဆုံးရှုံးခဲ့သည်ဟု ပြောကြသောကြောင့် သူက တိုက်ပွဲတွင် နတ်ဘုရားရုပ်ကြွင်း၏ အကူအညီကို ရယူနိုင်တော့မည် မဟုတ်ပေ။ ထိုသည်မှာ သူ့တိုက်ပွဲစွမ်းရည်ကို သိသိသာသာ အားနည်းသွားစေသည်ဟု သတ်မှတ်နိုင်ပေသည်။ သို့ဆိုလျှင်ပင် မဟာဗြဟ္မာ့ကောင်းကင်၏ လူများက ထိတ်လန့်နေဆဲဖြစ်ကာ မည်သူကမှ သူ့ကို စိန်မခေါ်ရဲကြပေ။
ရီဖူရှင်းက အခြားလူများ မည်သို့ တွေးသည်ကို ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့သည်။ လေဟာနယ်ထဲတွင် ရွှေတောင်ပံငှက်ကြီးက တိမ်တိုက်နှင့် မြူများကြား အလွန် လျင်မြန်သော အရှိန်နှင့် ပျံသန်းနေခဲ့သည်။ သူတော်စင်ကျန်းချန်၏ သတင်းကို ကြားရခြင်းမရှိသေးသော်လည်း မည်သူကမှ သူတို့နှင့် ဆက်လက်ရင်ဆိုင်ခဲ့ခြင်း မရှိပေ။ သို့သော် သူ၏ သရုပ်မှန်ပေါ်ထွက်သွားခြင်းက သူ့အတွက် အန္တရာယ်ရှိနိုင်နေဆဲ ဖြစ်သည်။ ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာသွားခြင်းက ဉာဏ်ရှိသော အပြုအမူပင် ဖြစ်လေသည်။
သူ ယခင်နေထိုင်ခဲ့သည့် ရှေးဟောင်းတောင်ထိပ်ကို ကျိန်းသေ ပြန်သွားရန် မဖြစ်နိုင်ပေ။
“ဆရာ ကျွန်တော် အရင်တုန်းက မြို့ထဲမှာ ပြောနေတာ ကြားဖူးတယ်။ ဗုဒ္ဓပွဲတော် ကျင်းပဖို့ နီးကပ်လာပြီး ဒီပွဲတော်က ရက်ပေါင်းတစ်ရာလောက် ကြာလိမ့်မယ်။” ဖန်းစွင်က ရီဖူရှင်းကို ပြောလိုက်၏။
“ပြီးတော့ ဆရာ့မှာ လုပ်ဖို့ လိုအပ်တဲ့ တစ်ခုခုရှိသေးတယ်မဟုတ်ဘူးလား။ ဗုဒ္ဓပွဲတော်က အကောင်းဆုံးအခွင့်အရေး ဖြစ်လိမ့်မယ်..။” သူ့ဘေးမှ ရှောင်လင်းက ခေါင်းညိတ်လိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ “ငါ သိပြီးပြီ။”
ဒဏ်ရာများမှ နိုးထလာပြီးနောက် သူသည် ရွှေတောင်ပံငှက်ကြီး မော့ယွင်ကျီ၏ မှတ်ဉာဏ်ထဲမှနေ၍ အနောက်ဘက် ဗုဒ္ဓကျင့်ကြံသူလောကမှ ဗုဒ္ဓပွဲတော် ကျင်းပရန် နီးကပ်လာပြီဖြစ်ကြောင်း သိရှိခဲ့သည်။ ထိုသည်က သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ ဗုဒ္ဓပွဲတော်အတွင်း အနောက်ဘက်လောကမှာ သူ လုပ်ချင်သည်ကို လုပ်ရန် ခွင့်ပြုနိုင်သည့် အကြွင်းမဲ့ ငြိမ်းချမ်းရေးအချိန်အခါ ဖြစ်ပေလိမ့်မည်။
“အနောက်ဘက်ကောင်းကင်ကို သွားမယ်။” ရီဖူရှင်းက ရွှေတောင်ပံငှက်ကြီး၏ ကျောပေါ်တွင် ရပ်နေခဲ့ပြီး သူ့ အဖြူရောင်ဆံပင်က လေထဲတွင် လွင့်ဝဲနေခဲ့၏။ သူက အောက်ဘက်ရှိ ငှက်ကြီးကို အမိန့်ပေးလိုက်သည်။
ရွှေတောင်ပံငှက်ကြီးက ရီဖူရှင်းအား ပြန်ဖြေသကဲ့သို့ ကျယ်လောင်စွာ အော်မြည်လိုက်သည်။ ထို့နောက် အနောက်ဘက်ကောင်းကင်သို့ ရွေ့လျားနေသည့် ၎င်း၏ အရှိန်က ပို၍ လျင်မြန်လာခဲ့သည်။
အနောက်ဘက်ကောင်းကင်က ဗုဒ္ဓကျင့်ကြံသူလောကအတွင်း အမြင့်ဆုံးနေရာ၌ တည်ရှိပြီး ဗုဒ္ဓကျင့်ကြံသူများ၏ မြင့်မြတ်နယ်မြေ ဖြစ်သည်။
ရီဖူရှင်းက ဟွားဂျီယူ ဘေး၌ ရှိနေသည့် ဟွာချင်းချင်းကို ကြည့်လိုက်သည်။ အနောက်ဘက်ကောင်းကင်သို့ ခရီးစဥ်တွင် သူတို့ကို မည်သည့်အရာက စောင့်ဆိုင်းနေကြောင်း မည်သူမှ မသိပေ။ ဟွာချင်းချင်းအတွက် မည်သည့် ကံကြမ္မာက စောင့်ဆိုင်းနေမည်နည်း။
သူတို့က အနောက်ဘက်လောကသို့ ရည်ရွယ်ချက်နှစ်ခုအတွက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ တစ်ခုမှာ စမ်းသပ်မှုအတွက်ဖြစ်ပြီး နောက်တစ်ခုက ဟွာချင်းချင်းကို အနောက်ဘက်ကောင်းကင်သို့ ပို့ဆောင်ရန် ဖြစ်သည်။ ယခု နောက်ဆုံး၌ သူတို့က ပန်းတိုင်ဆီသို့ ဦးတည်လိုက်ကြပြီ ဖြစ်သည်။