အဖြူရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီး
Vol. 172 Ch. 2465
ဗုဒ္ဓလောက၏ ဗုဒ္ဓပွဲတော်ကျင်းပရန် လျင်မြန်စွာ နီးကပ်လာပြီး အားလုံးသော ကျင့်ကြံသူများက အနောက်ဘက်ကောင်းကင်သို့ ရောက်လာကြပေသည်။
သို့သော် အနောက်ဘက်ကောင်းကင်သို့ ခရီးသည် ရှည်လျားကာ ခက်ခဲကြမ်းတမ်းလှသည်။ အနောက်ဘက်ကောင်းကင်သို့မရောက်ခင် အနောက်ဘက်ကောင်းကင်နှင့် အနီးဆုံးနေရာကိုပင် ဗုဒ္ဓအလင်းများဖြင့် ဖုံးလွှမ်းထားသည့် ရွှေရောင်တိမ်ပင်လယ်ကို ဖြတ်သန်းရန် လိုအပ်ပေသည်။ ထို့ကြောင့် ရန်ဟောင်အဆင့်မှ မဟုတ်သည့် မည်သည့်ရန်ဟောင်မဆို အဆင့်မြင့်ကျင့်ကြံသူ၏ ဦးဆောင်ခြင်းမှမဟုတ်လျှင် ထိုနေရာသို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် အနောက်ဘက်ကောင်းကင်သို့ သွားသည့်လမ်း ရွှေရောင်တိမ်ပင်လယ်အတွင်း ရွှေတောင်ပံခွန်ပန်ငှက်ကြီးတစ်ကောင်က မြူများကို ဖြတ်ကာ ပျံသန်းနေသော်လည်း အလွန် လျင်မြန်လှခြင်း မရှိပေ။ ရွှေရောင်ခွန်ပန်ငှက်ကြီး၏ အရှိန်က တမင်သက်သက် နှေးကွေးနေခြင်း မဟုတ်သော်လည်း ၎င်း၏ ကျင့်ကြံဆင့်၌ပင် ဗုဒ္ဓ၏ အလင်းရောင်အောက်တွင် ထိုရွှေရောင်တိမ်ပင်လယ်က အလွန် ထူထပ်သိပ်သည်းသည့် စွမ်းအားတို့ကြောင့် ရွှေရောင်ငှက်ကြီးအတွက်ပင် ရှေ့ဆက်ခရီးသွားရန်က ခက်ခဲပင်ပန်းသော အလုပ်တစ်ခု ဖြစ်နေခဲ့ပေသည်။
ရွှေတောင်ပံငှက်ကြီးပေါ်၌ ရှိနေသည့် ရီဖူရှင်းနှင့် အခြားလူများက ထိုတိမ်ပင်လယ်ကို လေးစားသဘောကျနေခဲ့ကြသည်။ ရွှေရောင်တိမ်ပင်လယ်၏ အထက်တွင် တည်ငြိမ်အေးချမ်းကာ သက်သောင့်သက်သာရှိသော ခံစားချက်ကို ပေးစွမ်းသည့် ငြိမ်းချမ်းသော ရောင်ဝါတို့ ထွက်ပေါ်နေခဲ့ပေသည်။ သို့သော် သူတို့ရှေ့ရှိ ဤကဲ့သို့ ခမ်းနားထည်ဝါသည့် လှပမှုအောက်တွင် သူတို့ကို အဆုံးမဲ့ ဗုဒ္ဓအလင်းတို့က လွှမ်းခြုံထားပြီး ဤတိမ်ပင်လယ်အား ဖြတ်သန်းခရီးဆက်ရန်မှာ လွယ်ကူသော တာဝန်တစ်ခု မဟုတ်ခဲ့ပေ။
ဤရွှေတောင်ပံငှက်ကြီးက နတ်ဆိုးအင်ပါယာ အထွတ်အထိပ်အဆင့်၌ ရှိနေခဲ့သော်လည်း ဤတိမ်ပင်လယ်အား ဖြတ်သန်းရန်မှာ ထိုရွှေတောင်ပံငှက်ကြီးအတွက် အချိန်တချို့ လိုအပ်ပေသည်။ ပို၍အရေးကြီးသည်မှာ တိမ်တိုက်များနှင့် မြူတို့ကို ချိုးဖျက်ရန် ကျင့်ကြံဆင့်၏ အထောက်အပံ့ကို လိုအပ်သည်။ အဆင့်မြင့်ရန်ဟောင် အဆင့်အောက်မှ မည်သူဖြစ်စေ ၎င်းကို အောင်မြင်ရန် အခွင့်အရေး သိပ်မရှိပေ။
အဝေးတွင် သူတို့ကဲ့သို့ပင် အခြားကျင့်ကြံသူများသည်လည်း တိမ်ပင်လယ်ကို ဖြတ်သန်းခရီးဆက်ကာ အနောက်ဘက်ကောင်းကင်သို့ ဦးတည်နေသည့် အခြားကျင့်ကြံသူများကိုလည်း မြင်တွေ့ခဲ့ကြရသည်။
အနောက်ဘက်ကောင်းကင်က စစ်မှန်သည့် သန့်စင်မြင့်မြတ်သော ဗုဒ္ဓနယ်မြေ ဖြစ်လေသည်။ ဗုဒ္ဓပွဲတော် နီးကပ်လာသောအခါ အနောက်ဘက်ကောင်းကင်က ပျော်ရွှင်ဖွယ် အငွေ့အသက်များစွာနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ ၎င်းက အနောက်ဘက်လောကအတွင်း ဗုဒ္ဓကျင့်ကြံသူများစွာကို သူတို့ ကျင့်ကြံနေသည့် နေရာတောင်ပေါ်မှ ဆင်းသက်လာကာ အနောက်ဘက်ကောင်းကင်သို့ အလျင်အမြန် ဖြစ်လာစေသည်။
နောက်ဆုံးတွင် ဗုဒ္ဓပွဲတော် မစတင်ခင်ရက်များ၌ ရီဖူရှင်းနှင့် အခြားလူများက တိမ်တိုက်နှင့် မြူမှုန်များကို ထိုးဖောက်ကာ ရွှေရောင်တိမ်ပင်လယ်ကို ဖြတ်သန်းသွားလာပြီးမှ အနောက်ဘက်လောကသို့ ရောက်ရှိလာပေသည်။
ရွှေရောင်တိမ်တိုက်များ၏ လေးလံမှုမရှိတော့သည့်အခါ ရွှေတောင်ပံငှက်ကြီးက ရွှေရောင်လျှပ်စီးတန်းကဲ့သို့ လျင်မြန်လှပေသည်။ ၎င်းက သူ၏ စိတ်ဆန္ဒအတိုင်း အရှိန်မြှင့်ခဲ့လိုက်သည်။ ကြည့်ရသည်မှာ ရွှေတောင်ပံငှက်ကြီးသည် ယခင်က သူ၏ အရှိန် အပြည့်အဝကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိသည့်အတွက် ဖိအားကို ခံစားခဲ့ရခြင်းကြောင့် ယခု အရှိန်ကုန်တင်ချင်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
“ခမ်းနားကြီးကျယ်လိုက်တာ။” ဖန်းစွင်က အောက်သို့ ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ဒါက အနောက်ဘက်ကောင်းကင်လား။”
အောက်ဘက်ရှိနေရာက ပထမဆုံးအကြည့်နှင့် ရှေးဟောင်းဗုဒ္ဓဗိသုကာလက်ရာများနှင့် ပြည့်နှက်နေခဲ့သည်။ လောကတစ်ခွင်လုံးက ဗုဒ္ဓအလင်းများနှင့် လွှမ်းခြုံခံထားရပေသည်။ ထိုနေရာသည် ဆူညံရှုပ်ထွေးကာ ပျားပန်းခတ်နေသည့် လှုပ်ရှားမှုများအလယ်၌ပင် ငြိမ်သက်အေးချမ်းနေသည်။ ထိုသည်မှာ ကြည့်ရှုနေသည့် သူတို့အားလုံးကို စိတ်အေးချမ်းငြိမ်သက်စေသည့် ခံစားမှုအား ပေးစွမ်းပေသည်။
“ဒါက အနောက်ဘက်ကောင်းကင်ပဲ။” ရွှေတောင်ပံငှက်ကြီးက လူသားအသံနှင့် ပြောလိုက်ပြီး ၎င်း၏ ရွှေရောင်မျက်လုံးများက အောက်သို့ ငုံ့ကြည့်နေခဲ့သည်။ ၎င်းက အနောက်ဘက်ကောင်းကင်သို့ ပထမဆုံးလာရောက်သည့် သူ ဖြစ်ပေသည်။ သူက နတ်ဆိုးတိမ်လွှာကလန်မှ မဟာအကြီးအကဲ၏ စီးတော်ဖြစ်ခဲ့ဖူးပြီး ဆန္ဒခြောက်ပါးကောင်းကင်၌ ကျင့်ကြံခဲ့ဖူးသော်လည်း ဗုဒ္ဓဘာသာ၏ သန့်စင်မြင့်မြတ်သော နယ်မြေကို မည်သည့်အခါကမှ မရောက်ဖူးခဲ့ပေ။ နတ်ဆိုးတိမ်လွှာကလန်၏ မဟာအကြီးအကဲက ဤနေရာသို့ သူကိုယ်တိုင် တစ်ကြိမ်လာရောက်ခဲ့ဖူးသော်လည်း ရွှေရောင်ငှက်ကြီး ပါလာခဲ့ဖူးခြင်း မရှိပေ။
“အောက်ဘက်မှာတင်မကဘူး။ကောင်းကင်မှာလည်း အတူတူပဲ။” ရှောင်လင်းက အဝေးရှိ လေဟာနယ်အတွင်းသို့ ကြည့်လိုက်သည်။ ငြိမ်သက်အေးချမ်းသည့် ဗုဒ္ဓအလင်းရောင်အောက်တွင် ပုံရိပ်များစွာက လေထဲကို ဖြတ်သန်းကာ ခရီးဆက်နေကြသည်။ နတ်ဆင်များ၊ တိထင်းကဲ့သို့ ဗုဒ္ဓလောက၏ မြင့်မြတ်သော သားရဲများစွာက စီးယာဥ်များအနေနှင့် သွားလာနေကြသည်။ အခြားသော ဗုဒ္ဓကျင့်ကြံသူများစွာကိုလည်း မြင်တွေ့နိုင်ပေသည်။ သူတို့ကို ဗုဒ္ဓအလင်းရောင်တို့ဖြင့် ဝန်းရံထားပြီး သူတို့၏ ခေါင်းအနီးတွင် ဗုဒ္ဓရောင်ဝါတို့ ရှိနေကာ အလွန် မျက်စိဖမ်းစားဖွယ် ဖြစ်နေခဲ့ပေသည်။
ဤနေရာသို့ ရောက်လာသောအခါ သူတို့က ဗုဒ္ဓကျင့်ကြံသူတို့၏ လောကအတွင်း ခြေချလာရသကဲ့သို့ ခံစားမိပြီး အစွမ်းထက် ဗုဒ္ဓကျင့်ကြံသူများက နေရာအနှံ့ ရှိနေပေသည်။
သို့သော် ၎င်းက ထင်မှတ်ထားသလိုပင် ဖြစ်၏။ ဗုဒ္ဓပွဲတော်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူများက ဗုဒ္ဓ၏ စွမ်းအားကို ယုံကြည်ကြသူများဖြစ်ကြပြီး တက်ရောက်သူများစွာ ရှိပေသည်။ ထို့ပြင် အနောက်ဘက်လောကအတွင်းမှ ထိပ်သီးအင်အားစု အများစုက ဗုဒ္ဓကျင့်ကြံခြင်းအင်အားစုများ ဖြစ်ကြပေသည်။
အနောက်ဘက်လောကမှ ကျင့်ကြံသူများအားလုံးက အနောက်ဘက်ကောင်းကင်တွင် စုစည်းနေပြီး သူတို့ရှေ့ရှိ အခမ်းအနားကြီးအတွက် လာရောက်ကြခြင်း ဖြစ်ပေသည်။
ငြိမ်းချမ်းနေသည့် အနောက်ဘက်ကောင်းကင်အတွင်း ကမ္ဘာမြေနှင့်သက်ဆိုင်ခြင်းမရှိသော လောကအပြင်ဘက် တစ်နေရာကဲ့သို့ ထင်မှတ်ရပေသည်။ ဤနေရာ၌ တိုက်ပွဲနှင့် ပဋိပက္ခတို့ဟူ၍ မရှိပေ။ သူတို့အားလုံးက ဗုဒ္ဓစွမ်းရည်ကို အထူးပြုပြီးမှ ကျင့်ကြံသော ကျင့်ကြံသူများ ဖြစ်ကြသည်။
“အနောက်ဘက်ကောင်းကင်ရဲ့ သန့်စင်မြင့်မြတ်နယ်မြေမှာ အရာအားလုံး ဖွင့်ပေးနေတယ်လို့ ကောလာဟလရှိတယ်။ နေထိုင်ရမယ့် နေရာဖြစ်ဖြစ် ရှေးဟောင်းဘုရားကျောင်းထဲက ကျင့်ကြံဖို့နေရာပဲဖြစ်ဖြစ် အားလုံးက အစောင့်အကြပ် မရှိဘူးတဲ့။ ရှေးဟောင်းဘုရားကျောင်းထဲက ဗုဒ္ဓကျမ်းဂန်တွေကိုတောင် ကန့်သတ်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ဆန္ဒရှိသလို ဖတ်ရှုခွင့်ရှိတယ်။ အနောက်ဘက်ကောင်းကင်ကို လာရောက်တဲ့ ဘယ်သူမဆို ဆန္ဒရှိရင် ဖတ်ရှုနိုင်တယ်။” ရွှေတောင်ပံငှက်ကြီးက ဆက်ပြောလိုက်သည်။ သူက သဘာဝအတိုင်း လောဘကြီးကာ အမူအကျင့်ကောင်းတို့ မရှိဘဲ စွမ်းအားတို့ကို လိုချင်တပ်မက်စိတ်ရှိသော်လည်း သူက ဤဗုဒ္ဓကျင့်ကြံသူတို့၏ သန့်စင်မြင့်မြတ်နယ်မြေကို အမြဲတစေ လေးစားခဲ့ပေသည်။
ဤနယ်မြေသို့ မည်သူ လာသည်ဖြစ်စေ သူတို့က သူနှင့်အတူတူပင် ဖြစ်လေသည်။
လူတိုင်းက သူ၏ စကားလုံးများကို ကြားသောအခါ ပို၍ စူးစမ်းချင်စိတ်ဖြစ်ပေါ်လာသည်။ ချန်ယိက မေးလိုက်၏။ “တစ်ယောက်ယောက်က အဝေးယူသွားတာမျိုး ဖျက်ဆီးပစ်တာမျိုးဆို ဘယ်လိုလုပ်မလဲ။”
“ဗုဒ္ဓသန့်စင်မြင့်မြတ်နယ်မြေအတွင်းမှာ အရာအားလုံးက ဗုဒ္ဓရဲ့ မျက်လုံးတွေအောက်မှာပဲ ရှိနေတာ။ ဒီသန့်စင်မြင့်မြတ်နယ်မြေထဲမှာ ဘာပဲလုပ်လုပ် ဗုဒ္ဓရဲ့ စောင့်ကြည့်မှုအောက်က ပြေးမလွတ်နိုင်ဘူး။ အဲဒီလိုလုပ်ရင် အပြစ်ပေးမှုကို လက်ခံရလိမ့်မယ်။” ရွှေတောင်ပံငှက်ကြီးက ဆက်ပြောလိုက်ပြီး သူ့အသံတွင် အချို့သော သန့်စင်မှုတို့ ပါဝင်နေခဲ့၏။ သူ့ကဲ့သို့ အထိန်းအကွပ်မဲ့သော တစ်စုံတစ်ယောက်သည်ပင် အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေအတွင်း ရောက်သောအခါ ထိတ်လန့်အံ့သြမှုကလွဲ၍ မည်သည်ကိုမှ ခံစားမိနိုင်ခြင်း မရှိတော့ပေ။
“ဆင်းသွားပြီး လမ်းလျှောက်ကြတာပေါ့။” ရီဖူရှင်းက ပြောလိုက်သည်။ ရုတ်တရက် ရွှေတောင်ပံငှက်ကြီးက အောက်သို့ဆင်းလာပြီး မြေပြင်၌ ရပ်နားလိုက်သည်။ ထို့နောက် သူက လူသားသဏ္ဌာန်သို့ ပြန်လည်ပြောင်းလဲလိုက်ပြီး သူတို့အဖွဲ့က မြေပြင်ပေါ် ဆင်းလာခဲ့သည်။
သူတို့အနီးရှိ ကျင့်ကြံသူများက သူတို့ကို တစ်ချက်ကြည့်လိုက်ကြ၏။ ကျင့်ကြံခြင်း၌ အရည်အချင်းရှိသူများ ဤနေရာအနှံ့၌ ပြည့်နှက်နေသည်မှာ အံ့သြစရာမရှိတော့ပေ။
အနောက်ဘက်လောကတစ်ခွင်၌ ထိပ်သီးကျင့်ကြံသူများအားလုံးက အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေတွင် စုစည်းနေကြပေသည်။
ရီဖူရှင်းနှင့် အခြားလူများက ဤနယ်မြေအတွင်း လမ်းလျှောက်လာကြပြီး သွားလိုက်လာလိုက်နှင့် ကျင့်ကြံသူများစွာကို စောင့်ကြည့်နေခဲ့ကြသည်။ ထိပ်သီးကျင့်ကြံသူများက နေရာအနှံ့တွင် ရှိနေကြပြီး လူအများက အမှန်တကယ် အံ့သြဖွယ်ရာပင် ဖြစ်ပေသည်။
ရီဖူရှင်းက အဆောက်အအုံတစ်ခုရှေ့၌ ရပ်တန့်လိုက်သည်။ ၎င်းက လက်ဖက်ရည်အိမ်တစ်အိမ်ဖြစ်ပြီး စန္ဒကူးရနံ့များနှင့် ပြည့်နှက်နေကာ 'တရားထိုင်ခြင်း' ဟူသည့် စကားလုံးကို ရေးထွင်းထားသည်။
“အထဲဝင်သွားပြီး ထိုင်ကြရအောင်။” ရီဖူရှင်းက ထိုလက်ဖက်ရည်စံအိမ်သို့ ချဥ်းကပ်လာကာ ပြောလိုက်သည်။ သူတို့က အထဲတွင် ထိုင်စရာနေရာတစ်ခု ရှာတွေ့ခဲ့ကြပြီး ချက်ချင်းပင် ဘုန်းတော်ကြီးတချို့ သူတို့ထံရောက်လာကာ သူတို့အတွက် လက်ဖက်ရည် တည်ခင်းပေးခဲ့သည်။
ထိုဘုန်းကြီးက သူတို့အတွက် လက်ဖက်ရည် လောင်းထည့်ပေးလိုက်ပြီးနောက် သူက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက မည်သည့်စကားမှ မပြောဘဲ ပြန်လှည့်ထွက်သွားခဲ့ပေသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်သည်။ သူက မော့ယွင်ကျီကို ကြည့်ကာ မေးလိုက်၏။ “ကြည့်ရတာ မင်း ပြောသလိုပဲ။ ဗုဒ္ဓသန့်စင်မြင့်မြတ်နေရာတိုင်းက လွတ်လွတ်လပ်လပ် ဖွင့်လှစ်ထားတယ်။ ဒါပေမယ့် ဒီဘုန်းကြီးက ဘယ်သူလဲ။”
ဘုန်းကြီးတစ်ပါးက မည်သည့်အတွက်ကြောင့် လက်ဖက်ရည်စံအိမ်၌ လက်ဖက်ရည်တည်ခင်းပေးရန် ဆန္ဒရှိရသနည်း။ ထို့ပြင် ဤဘုန်းကြီး၏ ကျင့်ကြံခြင်းအဆင့်က အံံ့သြဖွယ်ပင် ဖြစ်သည်။
“ဒါက ကျင့်ကြံခြင်းတစ်မျိုး ဖြစ်မယ်။” မော့ယွင်ကျီက ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ဗုဒ္ဓကျင့်ကြံသူများက အခြားလူများနှင့် မတူညီသော ကျင့်ကြံခြင်း နည်းစနစ်များကို မတူညီသော နည်းလမ်းများနှင့် ကျင့်ကြံနေသည်ဟု ဆုံးဖြတ်နိုင်ပြီး နေရာအနှံ့တွင် ကျင့်ကြံခြင်းနည်းလမ်းအမျိုးမျိုးနှင့် ကျင့်ကြံနိုင်သည်။ ကျင့်ကြံခြင်းလောက၌ ဘဝပေါင်းများစွာကို စူးစမ်းလေ့လာနေသည့် လောကနေရာအနှံ့ နေ့ရောညပါ လျှောက်သွားနေသော ရဟန်းများလည်း ရှိသည်။ လောကအတွင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်နေသည့် ဘုန်းကြီးများ ရှိကြပြီး ၎င်းကိုလည်း ကျင့်ကြံခြင်းဟု ဆုံးဖြတ်နိုင်ပေသည်။ အချို့က မိုးသံများကို နားထောင်ပြီး တောတောင်များအတွင်း သဘာဝကို စူးစမ်းလေ့လာသည့် ကျင့်ကြံခြင်းနည်းလမ်းများလည်း ရှိသည်။
ရီဖူရှင်းက လက်ဖက်ရည်စံအိမ်အတွင်း တစ်ချက်ကြည့်လိုက်သည်။ နေရာတိုင်းမှ ကျင့်ကြံသူများနှင့် သူတို့၏ ကျင့်ကြံခြင်း အားလုံးက မြင့်မားကြသော်လည်း အများစုမှာ ဗုဒ္ဓကျင့်ကြံသူများ မဟုတ်ကြပေ။ သူတို့ကို ကြည့်ရသည်မှာ ဗုဒ္ဓပွဲတော်အကြောင်း ပြောနေကြပုံရလေသည်။
ရီဖူရှင်းက လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။ လတ်ဆတ်သည့် ခံစားချက်က သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး စိတ်တည်ငြိမ်အေးချမ်းစေသည့် ခံစားချက်ကို ပေးစွမ်းပေသည်။
ထိုလက်ဖက်ရည်က သာမန်လက်ဖက်ရည် ဖြစ်ပုံမရပေ။
လက်ဖက်ရည်စံအိမ်အပြင်ဘက် လမ်းပေါ်တွင် အဖြူရောင်ဝတ်ဆင်ထားသည့် ဘုန်းကြီးတစ်ပါးက လမ်းတလျှောက် လျှောက်လာနေခဲ့သည်။ သူက ခြေဗလာဖြင့် လျှောက်နေခဲ့ပြီး လမ်းလျှောက်သည့်အခါ အသံမထွက်သော်လည်း သူ့ခြေဖဝါးတွင် မည်သည့် အညစ်အကြေး ဖုန်မှုန့်တစ်စမှ ရှိမနေပေ။ သူ၏ ခြေဖဝါးတွင်သာမက သူ့ အဖြူရောင်ဝတ်စုံတွင်လည်း အညစ်အကြေးဖုန်မှုန့် အနည်းငယ်မျှ ရှိမနေပါချေ။
ထိုသူက ရဟန်းတစ်ပါးဖြစ်သည်။ သူ့တွင် ဆံပင်များ မရှိဘဲ လမ်းလျှောက်သည့်အခါ သူ၏ ညာဘက်လက်ကို ထောင့်မှန်ကျကျ ထားကာ မြှောက်ထားခဲ့သည်။ သူက လမ်းလျှောက်သည့်အခါ၌ပင် မျက်လုံးများကို မှိတ်ထားခဲ့၏။ သို့သော် သူ၏ မျက်နှာက အတော်လေး ချောမောလှသည်ကို မြင်နိုင်ပေသည်။
အနည်းငယ်မျှသော လူတို့သာ ထိုရဟန်းကို ကြည့်လိုက်ကြသည်။ ထိုရဟန်းက အလွန် ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းပြီး သူ့ကို မြင်ရသည်မှာ စိတ်တည်ငြိမ်အေးချမ်းစေသည်။
ထိုရဟန်းက လက်ဖက်ရည်စံအိမ်အတွင်း ခြေချလိုက်သည်အထိ အသံတစ်စက်မှ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ သူက ရီဖူရှင်း၏ ရှေ့၌ ရှိနေခြင်းမဟုတ်သည့်တိုင် ရီဖူရှင်းနှင့် သူ့လူများက ထိုရဟန်း၏ တည်ရှိမှုကို သတိပြုမိသေးပေသည်။
“ဆရာတော် ကိစ္စတစ်ခုခုများ ရှိလို့လား။” ရီဖူရှင်းက အပြုံးနှင့် မေးလိုက်သည်။
“ဒကာလေးရီ။” ဆရာတော်က မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုမျက်လုံးများက ကြယ်များကဲ့သို့ တောက်ပကာ ကြည်လင်ရှင်းသန့်နေသော်လည်း တစ်ချိန်တည်းတွင် အဆုံးမရှိသည့် တွင်းနက်တစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။
“ဆရာတော် ကျုပ်တို့ အချင်းချင်း သိကြလား။” ရီဖူရှင်းက အနည်းငယ် ထိတ်လန့်အံ့သြသွားခဲ့သည်။ သူက ထိုရဟန်း၏ ကျင့်ကြံဆင့်ကို မမြင်နိုင်သလို သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း မည်သည့် အရှိန်အဝါမှ ရှိမနေချေ။
သို့သော် သိသာစွာပင် ထိုပုဂ္ဂိုလ်က သာမန် ရဟန်းတစ်ပါး ဟုတ်မနေပေ။
“ဒကာလေးရီက ကောင်းကင်ဒေသကနေ လာခဲ့ပြီး ဆန္ဒခြောက်ပါးကောင်းကင်မှာ မုန်တိုင်းထန်စေခဲ့တယ်။ ကျုပ်လို သာမန်ဘုန်းကြီးတစ်ပါးတောင် ဒီအကြောင်းကို မကြားဖူးဘဲ ဘယ်လိုနေပါ့မလဲ။” ထိုဘုန်းကြီးက ပြုံးကာ ပြန်ဖြေလိုက်ပြီး ၎င်းက ရီဖူရှင်းအား သတိအနေအထား ဖြစ်စေခဲ့သည်။
ဤနေရာသို့ ရောက်ရောက်ချင်းမှာပင် သူ မသိသည့် တစ်စုံတစ်ယောက်က သူနှင့် လာရောက်တွေ့ဆုံခဲ့သည်။ ထိုသည်က တိုက်ဆိုင်မှုသက်သက်ပေလား။