← Chapters

အခန်း (၁၇၇)

Vol. 17 Ch. 177

အခန်း (၁၇၇)

Vol. 17 Ch. 177

အပိုင်း(၁၇၇)

ကွေ့ယွမ်ဘုရားကျောင်းခံတပ်ကို ရှင်းလင်းခြင်း

ကျန်းယန် သူ့ဘေးတွင်ရပ်ကြည့်နေကြသော ဝိညာဉ်အခြေတည်အဆင့် တစ်အုပ်ကိုကြည့်ကာ ဆွံ့အသွားခဲ့၏။

မင်းတို့ကောင်တွေ ဘာမှမလုပ်တော့ဘူးလားဟ!

ဒီ၀င်္ကပါကြီးကို ငါတစ်ယောက်တည်းဖြိုခွဲပစ်ဖို့ မျှော်လင့်နေကြတာတော့ မဟုတ်ဘူးမလား!

သူမလုပ်နိုင်ခြင်းမဟုတ်သော်လည်း သူလည်းအားချန်ထားဖို့တော့ လိုသေးသည်။

“မင်းတို့ဘာလို့ မတိုက်ကြသေးတာလဲ ဘာစောင့်နေတာလဲဟ” ကျန်းယန် ဒေါသတကြီး အော်ပြောလိုက်၏။

ထိုအခါမှ ဝိညာဉ်အခြေတည်အဆင့်များ သတိပြန်၀င်သွားခဲ့ကြသည်။ ထို့နောက်တွင်တော့ ကွေ့ယွမ်ဘုရားကျောင်း၏ ၀င်္ကပါထဲသို့ ဒါဇင်နှင့်ချီသော မှော်သိုင်းကွက်မျိုးစုံ ကျရောက်လာခဲ့၏။

ဤတစ်ကြိမ်တွင် ၀င်္ကပါလည်း တောင့်မခံနိုင်တော့ပေ။

ဝုန်းး ဝုန်းးး ဝုန်းးး!

နားကွဲလုမတတ် ပေါက်ကွဲသံကြီးများနှင့်အတူ ၀င်္ကပါက ပြိုကွဲသွားခဲ့လေသည်။ ကောင်းကင်နှင့်မြေပြင်နိယာမများက နေရာအနှံ့သို့ ပေါက်ကွဲလွင့်စင်သွားခဲ့၏။

၀င်္ကပါပြိုကွဲသွားသောအခါ ၀င်္ကပါကိုထိန်းချုပ်နေသည့် ကွေ့ယွမ်ဘုရားကျောင်းကတပည့်များ ဒဏ်ရာရကုန်ခဲ့ကြသည်။

ရှေ့ဆုံးက ဦးဆောင်နေသော မှော်ရတနာများကိုင်ဆောင်ထားသည့် ဝိညာဉ်အခြေတည်အထွတ်အထိပ်အဆင့်များ ကျန်းယန်တို့ကို ဒေါသတကြီး ကြည့်ရှုနေခဲ့ကြ၏။ ထို့နောက် အလွန်ဒေါသထွက်နေသာ အသံကြီးဖြင့် အော်ပြောလိုက်လေသည်။

“ဆုတ်ကြ!”

သူတို့၀င်္ကပါလည်း ပျက်ဆီးသွားပြီဖြစ်သောကြောင့် ဤနေရာတွင် ဆက်နေလျှင်လည်း သေဖို့သာ ရှိတော့၏။

ခံတပ်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။ သူတို့အသက်ရှင်နေသေးလျှင် နောင်တစ်ချိန်တွင် အခြားတပည့်များနှင့်ပေါင်း၍ ဤခံတပ်ကို ပြန်သိမ်းနိုင်သည် မဟုတ်ပါလော။

ထို့နောက် ကွေ့ယွမ်ဘုရားကျောင်းမှဘုန်းကြီးများ ထွက်ပြေးကုန်ကြလေသည်။

ကွေ့ယွမ်ဘုရားကျောင်းကတပည့်များ ထွက်ပြေးသွားသည်ကို တွေ့သောအခါ မျက်နှာဖုံး၀တ် စကားနှင့်ဖော်ပြ၍ မရအောင် စိတ်လှုပ်ရှားကုန်ကြ၏။ သူတို့အားလုံး ငန်းများလိုပင် ခံတပ်ထဲပြေး၀င်သွားပြီး တွေ့သမျှ ကောင်းကင်နှင့်မြေပြင်ရတနာများအားလုံးကို သိမ်းယူလေတော့သည်။

ထွက်ပြေးသွားသော တပည့်များနောက်လိုက်ရန်တော့ သူတို့တွင် စိတ်ကူးမရှိပေ။ သူတို့လိုချင်သည်က ဤခံတပ်ထဲက ရတနာများသာမဟုတ်ပါလော။

သူတို့ထဲက အချို့ဆိုလျှင် အရင်းအမြစ်များကိုလုနေရင်း အချင်းချင်းပင် ရန်ဖြစ်နေခဲ့ကြသေး၏။

ကျန်းယန် ထိုလူညံ့တစ်အုပ်ကိုမျက်မှောင်ကြုံ့၍ ကြည့်နေရင်း အကူအညီမဲ့သလို ခံစားနေခဲ့ရသည်။

“မင်းတို့လေးယောက်….အခုကစပြီး ငါ့အနားကမခွာကြနဲ့တော့” ကျန်းယန် သူ့ဘေးက လူလေးယောက်ကို ပြောလိုက်၏။

သူအမိန့်မနာခံတော့သော လူအုပ်ကြီးဘက်လှည့်ကြည့်လိုက်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“အခုမင်းတို့လုပ်ဖို့လိုတာက အဲ့ဒီလူအုပ်ကြီး ငါတို့ကိုပြန်တိုက်ခိုက်လာတဲ့အချိန်မှာ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ပဲ!”

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲရှိ အကြီးမားဆုံးအကျိုးအမြတ်များမှာ သူတို့လက်ထဲတွင် ရောက်ရှိနေခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် အခုသူတို့လုပ်ဖို့လိုသည်က ထိုအရာများကို ကာကွယ်ဖို့သာ ဖြစ်သည်။

ဤလူအုပ်ကြီး၏ လုပ်ရပ်များအရ သူတို့ကိုပြန်တိုက်ခိုက်ဖို့ဆိုတာကလည်း အချိန်တစ်ခုအကြာတွင် ဖြစ်လာနိုင်သောအရာသာ ဖြစ်၏။

သို့သော် တိုက်ပွဲကွင်းပြင်ထဲရှိ အကျိုးအမြတ်များအားလုံးကို လက်ဝါးကြီးအုပ်ထားသော ဂိုဏ်းကြီးများကိုရှင်းလင်းရန် ကျန်းယန် သူလူညံ့တစ်အုပ်ကို လိုအပ်နေသေးသည်။ ထို့ကြောင့် အခုတော့ သူတို့နှင့်သွားငြင်းခုန်နေ၍ မဖြစ်သေးပေ။

“ငါတို့လည်း အချို့ကောင်းကင်နဲ့မြေပြင်ရတနာတွေကို သိမ်းဖို့လိုသေးတယ်နော် ငါတို့ဒီတစ်ခေါက်ရတနာအများကြီး မရသေးဘူး” ချင်းရှု မျက်မှောင်ကြုံ့ကာပြောလိုက်၏။

သူတို့ဒီတစ်ခေါက်ခန်းမထဲက ရရှိခဲ့သော ရတနာများဆိုတာကလည်း စိတ်ဝိညာဉ်ဆေးပင်များသက်သက်သာ ဖြစ်ပြီး ကျန်တဲ့ဘယ်ရတနာမှ မရခဲ့သေးပေ။

“ဘာတွေဆက်ဖြစ်မလဲဆိုတာပဲ ဆက်ကြည့်ကြတာပေါ့” ကျန်းယန် အသာအယာခေါင်းညိတ်ကာ ပြောလိုက်၏။

နေ့၀က်ခန့်ကြာသောအခါ ကွေ့ယွမ်ဘုရားကျောင်းခံတပ်ကြီးတစ်ခုလုံးက လုံး၀ ပြောင်ရှင်းသွားခဲ့လေသည်။

ထိုနေရာတွင် မြက်တစ်ပင် ပင်မကျန်ခဲ့ပေ။

အရင်က ဤနေရာရှိ ကျောက်တိုင်များပေါ်တွင် များစွာသော စိတ်ဝိညာဉ်ဆေးပင်များ သတ္တုရိုင်းများရှ်ိကြသော်လည်းအခုတော့ ဘာမှကို မကျန်ခဲ့တော့ပေ။

၄၅ယောက်သော ဝိညာဉ်အခြေတည်အဆင့်များလက်ထဲတွင် များစွာသော စိတ်ဝိညာဉ်ဆေးပင်များ သတ္တုရိုင်းများ ရှိနေကြပြီး သူတို့မျက်နှာများကိုမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသောကြောင့် မျက်နှာအမူအရာကိုမမြင်ရသော်လည်း မျက်လုံးများကို ကြည့်ရုံနှင့်ပင် ထိုသူများ ဘယ်လောက်စိတ်လှုပ်ရှားနေမှန်း မြင်နိုင်ပေသည်။

“တာအိုမိတ်ဆွေကျန်း ငါတို့နောက်တစ်ကြိမ် ဘယ်ခံတပ်ကို တိုက်ခိုက်မှာလဲ”

“ငါနောက်ခံတပ်တစ်ခုကိုဆက်တိုက်ခိုက်ဖို့ မစောင့်နိုင်တော့ဘူး”

“ဟားဟားဟား”

မျက်နှာဖုံး၀တ်အဖွဲ့ အားရပါးရ ရယ်မောလိုက်ကြ၏။

ကျန်းယန် စိတ်ထဲတွင်ကြိတ်၍ လှောင်ရယ်နေသော်လည်း အပေါ်ယံတွင်တော့ ပြုံးပြကာ ပြောလိုက်သည်။

“နောက်တစ်နေရာက ကွေ့ယွမ်ဘုရားကျောင်းနဲ့ အနီးဆုံးနေရာဖြစ်တဲ့ ၀မ်လင်းဂိုဏ်းရဲ့ မြူနှင်းတောအုပ်ပဲ ဒီတစ်ခေါက် ငါတို့၀မ်လင်းဂိုဏ်းရဲ့ခံတပ်ကို တိုက်ခိုက်ကြမယ်”

“သွားစို့ မြူနှင်းတောအုပ်ဆီ သွားကြစို့!”

“မြူနှင်းတောအုပ်ထဲမှာ ရတနာတွေအများကြီးရှိနေမှာ သေချာတယ်”

ကျန်းယန် အသာအယာပြုံးလိုက်ပြီးနောက် ထိုကျင့်ကြံသူများကို မြူနှင်းတောအုပ်ဆီ ဦးဆောင်၍ ခေါ်သွားလိုက်၏။

လမ်းတစ်လျှောက်ရှိ တွေ့သမျှခံတပ်တိုင်းဆီက လူတိုင်းကိုလည်း သူတို့ခေါ်လာခဲ့ကြသည်။

သူတို့အဖွဲ့တွင် လူပေါင်း ၄၀ကျော်ရှိနေလေရာ ဘယ်သူက သူတို့နှင့်မပူးပေါင်းချင်ဘဲ နေပါတော့မည်နည်း။

ထို့အပြင် သူတို့သည် ကွေ့ယွမ်ဘုရားကျောင်းကို သိမ်းထားသူများ ဖြစ်လေရာ တွေ့သမျှလူတိုင်းက သူတို့၏နောက်ခံတပ်သိမ်းပွဲတွင် ပါ၀င်ချင်နေခဲ့ကြ၏။

သူတို့မြူနှင်းတောအုပ်ဆီ ရောက်သောအခါ သူတို့အဖွဲ့၏စုစုပေါင်းလူဦးရေက အယောက် ၈၀ အထိ ရှိလာခဲ့သည်။

လူအရေအတွက်သက်သက်ပဲဆိုလျှင် သူတို့အင်အားသည် ဂိုဏ်းကြီးများအောက် ဘယ်လိုမှ မနိမ့်တော့ပေ။

သူတို့အဖွဲ့တွင်လိုနေသည်က မှော်ရတနာသာ ဖြစ်၏။

သူတို့တွင် ကွေ့ယွမ်ဘုရားကျောင်းခံတပ်ကို သိမ်းခဲ့စဉ်က ရရှိခဲ့သော ရတနာများရှိသော်လည်း ကျန်းယန် ချင်းရှုအား သူတို့အတွက် မှော်ရတနာမသွန်းလုပ်ခိုင်းခဲ့ပေ။

သူထိုကိစ္စကို တမင်တကာ မေ့ချင်ယောင်ဆောင်နေခဲ့သည်။

စိတ်လှုပ်ရှားမှုလှိုင်းများကြား မျောပါနေသော မျက်နှာဖုံး၀တ် ကျင့်ကြံသူများကလည်း သူတို့ရရှိထားသော ရတနာများကို ချက်ချင်းမသန့်စင်ပစ်ချင်ကြပေ။

“ဒါက ၀မ်လင်းဂိုဏ်းရဲ့ မြူနှင်းတောအုပ်ပဲ” ကျန်းယန် သူ့ရှေ့က ဆယ်မိုင်ပတ်လည်လောက်ကျယ်၀န်းသော တောအုပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။

“အထဲမှာ ကောင်းကင်နဲ့မြေပြင်ရတနာတွေအများကြီးရှိတယ် အားလုံးပဲ အတူတူ ဒီတောအုပ်ကို သိမ်းလိုက်ကြရအောင်”

တကယ်တော့ သူအမိန့်ပေးစရာပင် မလိုခဲ့ပေ။ တစ်ယောက်စ၀င်သွားသည်နှင့် နောက်မှလူအုပ်ကြီးက မြူနှင်းတောအုပ်ထဲသို့ ပြေး၀င်သွားခဲ့ကြသည်။

ဤသိုဖြင့် လူလှိုင်းကြီးက မြူနှင်းတောအုပ်ထဲ အရှိန်အဟုန်ဖြင့် စတင်တိုး၀င်ကြလေတော့၏။

သူ့ဘေးနားတွင် အခုထိ မလှုပ်ရှားသေးသောလူအချို့ရှိနေတာကို သတိထားမိပြီး ကျန်းယန် မေးလိုက်သည်။

“ဘာလို့မင်းတို့က မလှုပ်ရှားကြသေးတာလဲ”

သူ့ဘေးက မျက်နှာဖုံးတပ်လူများ မျက်နှာဖုံးများကို ချွတ်လိုက်ကြ၏။ ထိုအခါ ထိုလူများသည် ပါချင်းယန်နှင့်နှင်းနယ်မြေကလူများဖြစ်နေသည်ကို တွေ့လိုက်ရပြီး ပါချင်းယန် ခါးသက်သက်ပြုံးလိုက်ကာ ပြောလိုက်သည်။

“တာအိုမိတ်ဆွေကျန်း ဒီအခြေအနေက တစ်ခုခုတော့မှားနေပြီနော်”

ရှင်းလင်းစွာပင် ဤအဖွဲ့သည် အထိန်းအကွပ်မဲ့နေခဲ့ချေပြီ။

ကျန်းယန် အဓိပ္ပာယ်ပါပါဖြင့် မေးလိုက်၏။

“ဘာမှားနေပုံပေါ်လို့လဲ ငါတို့ဘာရတနာမှမရသေးလို့လား”

“သူတို့က အမိန့်တွေကို မနာခံကြတော့ဘူး မကြာခင် တစ်ခုခုတော့ ဖြစ်သွားတော့မယ်” ပါချင်းယန် ခေါင်းယမ်းကာ ပြောလိုက်သည်။

ကျန်းယန် အားရပါးရရယ်မောလိုက်၏။

“ငါတို့မှာ လူတွေဒီလောက်အများကြီးရှိနေတာ ဘာစိတ်ပူစရာလိုလို့လဲ”

ပါချင်းယန် သည်အခြားသူများလိုမလှုပ်ရှားခဲ့သော်လည်း ကျန်းယန် သူ့ကိုအပြည့်အ၀တော့ မယုံရဲသေးပေ။

ပါချင်းယန် လေးနက်သောအမူအရာဖြင့် ပြောလိုက်ပြန်သည်။

“တာအိုမိတ်ဆွေကျန်း အခုထိသူတို့က မင်းကိုလေးစားပုံပေါ်နေသေးတာက ဂိုဏ်းကြီးတွေကိုတိုက်ခိုက်တဲ့နေရာမှာ အဇူရာတိမ်ဂိုဏ်းကို ရှေ့တန်းကတင်ထားဖို့ လိုနေသေးလို့ပဲ မင်းက မင်းသရုပ်မှန်ကိုဖုံးကွယ်မထားတော့ သူတို့အတွက် ဂိုဏ်းကြီးတွေကိုတိုက်ခိုက်တဲ့နေရာမှာ ရှေ့ဆံုးကခံ‌ေပးမယ့် အကောင်းဆုံးဒိုင်းကာတစ်ခုဖြစ်နေတယ် ဒါပေမယ့် သူတို့ဂိုဏ်းကြီးတွေအားလုံးကိုဖျက်ဆီးပြီးတဲ့အခါကျရင်တော့ မင်းကိုလိုမှာမဟုတ်တော့ဘူး အဲ့ဒီအခါ သူတို့မြှားဦးက မင်းဆီပြန်လှည့်လာလိမ့်မယ် တာအိုမိတ်ဆွေကျန်း အဲ့ဒီအခြေအနေအတွက် ကြိုပြီးပြင်ဆင်ထားတာ ကောင်းလိမ့်မယ်”

“အို့” ကျန်းယန် ပဟေဠိဖြစ်သွားချင်ယောင်ဆောင်လိုက်ကာ

“ငါတို့မှာ ဘာရတနာမှမှမရှိတာ ငါတို့ဆီကဘာလုစရာလိုမှာလဲ”

“ကံကြမ္မာ” ပါချင်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“ငါတို့လိုလူတွေအတွက် ကံကြမ္မာကအရမ်းအရေးကြီးတယ် အထူးသဖြင့် အခုလို ကောင်းကင်နဲ့မြေပြင်ရတနာတွေရထားပြီး လောဘတက်နေတဲ့အချိန်မျိုးမှာပေါ့ အချိန်ကျလာတဲ့အခါ သူတို့ကဘာကိုမှဂရုစိုက်နေမှာမဟုတ်ဘူး”

ကျန်းယန် ပြုံးကာမေးလိုက်၏။

“မင်းကငါ့ကိုဘာလို့ဒါတွေပြောပြနေတာလဲ ငါတို့က အဲ့လောက်လည်းမရင်းနှီးဘူးမဟုတ်လား”

ပါချင်းယန်လည်း ပြုံးကာခေါင်းညိတ်လိုက်ပြီး

“ငါတို့က အရမ်းဝေးတဲ့ကုန်းမြေတိုက်ကြီးတွေကလာပြီး အခါအခွင့်သင့်လို့ဆုံခဲ့ရတယ်ဆိုပေမယ့် ဒီတစ်ခေါက် ငါတို့ရလာတဲ့ရတနာတွေက မင်းဦးဆောင်မှုကြောင့် ရလာတဲ့ရတနာတွေပဲလေ မင်းကျေးဇူးငါတို့အပေါ်မှာရှိနေတယ် ပြီးတော့ အဇူရာတိမ်ဂိုဏ်းက ရှေ့ဆုံးက ရဲရဲဝံ့ဝံ့ဦးဆောင်ပေးနေလို့ ငါတို့ကအခုလိုတိုက်ခိုက်ရဲနေကြတာ

ငါတို့အကျိုးအမြတ်တွေလည်း လုံလုံလောက်လောက်ရပြီးနေပြီဆိုတော့ ဒီမျက်နှာ‌သာပေးမှုကို လျစ်လျူရှုမပစ်နိုင်ဘူး

အဲ့တာကြောင့် ငါမင်းကိုနည်းနည်းသတိပေးနေတာပါ”

ကျန်းယန် ခေါင်းညိတ်လိုက်ကာ တခဏတွေးချင်ယောင်ဆောင်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။

“တကယ်လို့ သူတို့သာ ငါတို့ကိုတကယ်ကြီးပြန်တိုက်ခိုက်လာရင် မင်းက ဘယ်ဘက်မှာနေမှာလဲ”

All Chapters