← Chapters

အခန်း (၁၇၈)

Vol. 17 Ch. 178

အခန်း (၁၇၈)

Vol. 17 Ch. 178

အပိုင်း(၁၇၈)

ဘယ်သူ့က တကယ့်မုဆိုးလဲ

ကျန်းယန် ပါချင်းယန်ကို စိုက်ကြည့်နေခဲ့သည်။

ကျန်ယန် ပါချင်းယန်ကို ဘယ်လိုဆက်ဆံမလဲဆိုသည်မှာ သူ့အဖြေပေါ်တွင်သာ မူ‌တည်နေခဲ့၏။

ပါချင်းယန် မျက်မှောင်ကြုံ့လိုက်ကာ တခဏတွေးတောပြီး ဖြေလိုက်သည်။

“ငါတို့က ကြားနေအဖြစ်ပဲနေနိုင်မယ် ဘယ်သူ့ဘက်ကိုမှ မပါနိုင်ဘူး အဲ့တာကငါတို့သစ္စာမရှ်ိလို့ မဟုတ်ဘူး ငါတို့လူနည်းနည်းလေးနဲ့ မင်းကိုကူညီမယ်ဆိုရင် ငါတို့အဆုံးသတ်ကလည်း ပိုကောင်းလာစရာမရှိလို့ပဲ

မင်းကသန်မာကောင်းသန်မာနိုင်ပါတယ် ဒါပေမယ့် ဒီမှာရှိတဲ့လူအင်အားက များလွန်းတယ်

အကောင်းဆုံးအဖြေကတော့ မင်းအခုအခြေအနေမှာ သူတို့ကို ပြန်ထိန်းချုပ်နိုင်အောင် ကြိုးစားတာပဲ မဟုတ်ရင် အခြေအနေတွေက ပိုဆိုးသွားလိမ့်မယ်”

ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်ကာ ပါချင်းယန်ကို ပြောလိုက်၏။

“မင်းဆိုလိုတာကို ငါနားလည်ပါတယ် သတိပေးတဲ့အတွက်လည်း ကျေးဇူးပါ အခုကစပြီး ငါတို့ပိုသတိထားတော့မယ်”

ပါချင်းယန် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ကျန်းယန်ကိုလေးလေးနက်နက်တစ်ချက်ကြည့်လိုက်ကာ မျက်နှာဖုံးကိုပြန်တပ်ပြီး သူလည်း မြူနှင်းတောအုပ်ထဲ လိုက်၀င်သွားခဲ့၏။

“စီနီယာအစ်ကိုကြီး ညီမလေးတို့ တကယ်ပဲသတိထားဖို့လိုနေပြီ” စစ်ထူမင်ယွဲ့ လေးလေးနက်နက်ပြောလိုက်သည်။

ကျန်းယန်ပြုံးကာပြန်ပြောလိုက်၏။

“ငါမင်းတို့ကို သတိနဲ့နေဖို့ မပြောခဲ့ဘူးလား အခုကစပြီး ငါတို့ကဒီအဖွဲ့ထဲမှာ လမ်းပြတွေအနေနဲ့ပဲ နေကြတော့မယ် ရှာတွေ့တဲ့ဘယ်ရတနာကိုမှမယူတော့ဘူး ငါတို့လုပ်ရမှာက သူတို့ကိုခံတပ်ကြီးတွေဆီ ဦးဆောင်ခေါ်သွားမယ် ပြီးရင် ငါတို့မျက်နှာကိုပြပြီး ငါတို့ရောက်နေကြောင်း ပြောမယ် ဒါပဲ

ကျန်တဲ့ ခံတပ်ကိုချိုးဖြတ်ဖို့ တိုက်ခိုက်ဖို့ကိစ္စတွေက သူတို့လက်ထဲသာ ထည့်ထားလိုက်”

“ဒါဆို နောက်ဆုံးကျရင် ညီမလေးတို့က ဘာအကျိုးအမြတ်မှမရတဲ့အပြင် အပြင်ရောက်ရင်လည်း သူတို့အစား အပြစ်တင်ခံပေးရမှာပေါ့” စစ်ထူမင်ယွဲ့ ခါးသက်သက်ပြုံးကာ ပြောလိုက်၏။

ကျန်းယန် ခေါင်းခါပြလိုက်ကာ

“ဂိုဏ်းကြီးတွေက အစကတည်းက ငါတို့နဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ထားပြီးသား ငါတို့အကွက်စရွှေ့ရွှေ့ မရွှေ့ရွှေ့သူတို့ဘက်ကနောက်ဆုံးကျရင် ငါတို့ကိုတိုက်ခိုက်မှာပဲ အဲ့ဒီလိုဆိုမှဝောာ့ ငါတို့ဘက်ကလည်း ဘာအားနာနေစရာလိုတော့မှာလဲ

ပြီးတော့ ဒီအကွက်က ငါတို့အဇူရာတိမ်ဂိုဏ်းက ဂိုဏ်းတွေအများကြီးနဲ့ပူးပေါင်းထားတယ်ဆိုတဲ့ အချက်ကိုလည်း ဂိုဏ်းကြီးတွေဆီ သတိပေးလိုက်ရာ ရောက်တယ်

သူတို့ငါတို့ဂိုဏ်းကို ရှင်းပစ်ဖို့ နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဒီအချက်ကိုလည်း ထည့်စဉ်းစားရတော့မယ် သူတို့ဘက်က ထည့်စဉ်းစားစရာတွေများ‌လာရင် ငါတို့ဂိုဏ်း ကြီးထွားလာဖို့ အချိန်ပိုရလာလိမ့်မယ်”

သူခဏရပ်လိုက်ကာ ဆန်းကြယ်စွာပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“အခြားကိစ္စတွေအတွက်ကတော့….အဲ့ဒီ လူညံ့တစ်အုပ် ငါတို့ကို ပြန်တိုက်ခိုက်မလာရင်တော့ အခုသူတို့ရနေတဲ့ အကျိုးအမြတ်တွေက သူတို့နဲ့ထိုက်လို့ရတာလို့ မှတ်ပေးလိုက်မယ် ဒါပေမယ့် ငါတို့အပေါ်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိလာရင်တော့ ချမ်းသာလာမှာက ငါတို့ဖြစ်သွားမယ် မဟုတ်လား တစ်ယောက်ယောက်က ငါတို့အတွက် ရတနာတွေကူစုပေးထားပြီး ငါတို့ကတစ်ချက်တည်းနဲ့ ပြန်သိမ်းလို့ရမှာမျိုးက ဘယ်လောက်ကောင်းလိုက်လဲ”

ကျိယန် ကျန်းယန်ကိုတအံ့တဩကြည့်ကာ မေးလိုက်၏။

“ရှင့်မှာ ဒီလောက်လူအများကြီးနဲ့ရင်ဆိုင်ဖို့ တကယ်ကြီးယုံကြည်မှုရှိနေတာလား”

ထိုအရာက ဒါဇင်နှင့်ချီသော ဝိညာဉ်အခြေတည်အဆင့်များ ဖြစ်ကြသည်။

ကျန်းယန် ချင်းရှုနှင့်အကြည့်ချင်းဖလှယ်လိုက်ပြီး နှစ်ယောက်လုံး ပြုံးလိုက်ကြ၏။

ချင်းရှုမျှော်စင်သည် အရင်ကတည်းက နတ်ဝိညာဉ်

အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သော ရတနာတစ်ခု ဖြစ်ပြီး အခုလိုအဆင့်မြှင့်ပြီးသောအခါ သူ့အစွမ်းက ပိုပြီး ကြီးမားလာခဲ့သည်။

ကျန်းယန်ကိုယ်တိုင်ကလည်း ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး ချင်းရှုမျှော်စင်ကလည်း ပိုအစွမ်းထက်လာပြီဖြစ်လေရာ သူဘာကိုကြောက်ဖို့ လိုပါတော့မည်နည်း။

ထို့အပြင် သူ့တွင် ကြိုတင်ပြင်ဆင်ထားသော အဆောင်များလည်း ရှိနေသေး၏။

ထိုအရာများအားလုံးက အလွန်အစွမ်းထက်သော လူသတ်လက်နက်များသာ မဟုတ်ပါလော။

ထို့နောက် သူတို့ငါးယောက်လည်း မြူနှင်းတောအုပ်ထဲ လိုက်၀င်လာခဲ့ကြသည်။

ဝိညာဉ်အခြေတည်အဆင့် ၇၀ ကျော်၏ ကျူးကျော်မှုအောက်တွင် ၀မ်လင်းဂိုဏ်း၏ မြူနှင်းတောအုပ်အစွန်အဖျားပိုင်းမှ ၀င်္ကပါက ပျက်ဆီးသွားခဲ့ပြီး ဖြစ်သည်။

သို့သော် ထိုအခိုက်တွင် ဝိညာဉ်အခြေတည်အဆင့်များသည် တောအုပ်ထဲရှ်ိ နောက်၀င်္ကပါတစ်ခုထဲသို့ ကျရောက်နေခဲ့ကြ၏။

ကျန်းယန်တို့ တောအုပ်ထဲရောက်သွားသောအခါ ထိုဝိညာဉ်အခြေတည်အဆင့်များသည် အချင်းချင်းမှော်သိုင်းများသုံးကာ တိုက်ခိုက်နေကြပြီး အလွန်ဖရိုဖရဲဖြစ်‌ေန‌ေသာ မြင်ကွင်းကို မြင်လိုက်ကြရသည်။

“ဒါကလည်း ပုံရိပ်ယောင်၀င်္ကပါတစ်ခုပဲ” ကျန်းယန် ခပ်ဖြည်းဖြည်းပြောလိုက်၏။

“လီဖန်ကျိုး တည်ဆောက်ခဲ့သော၀င်္ကပါတွင် အမှန်တကယ်ပင် အစွမ်းအဆအချို့ ရှိပေသည်။ အထူးသဖြင့် ၀မ်လင်းဂိုဏ်း၏ ဗဟိုနယ်မြေနှင့်နီးကပ်လာ‌ေသာအခါ ပုံရိပ်ယောင်၀င်္ကပါ၏ အစွမ်းက ပိုမိုကြီးမားလာခဲ့၏။

“ဒီလိုဆိုရင် ၀မ်လင်းဂိုဏ်းကလူတွေ ဒီမြူနှင်းတောအုပ်ထဲက ဘယ်လိုအ၀င်အထွက်လုပ်ကြလဲ” စစ်ထူမင်ယွဲ့ စိတ်၀င်တစား မေးလိုက်သည်။

ထိုမျှစွမ်းအားကြီးသော ပုံရိပ်ယောင်၀င်္ကပါမျိုးက လူတိုင်းအပေါ်တွင် အကျိုးသက်ရောက်မှု ရှိသင့်၏။

ဤအရာက ကျန်းယန်လည်း စဉ်းစားမရသော အရာဖြစ်သည်။

ထိုမျှစွမ်းအားကြီးသော ၀င်္ကပါကြီးက မြူနှင်းတောအုပ်တစ်ခုလုံးကို ဖုံးအုပ်ထားချိန်တွင် ၀မ်လင်းဂိုဏ်းကလူများ တောအုပ်ထဲသို့ အ၀င်အထွက်မည်သို့ လုပ်ကြပါသနည်း။ ဂိုဏ်းတပည့်တိုင်းသည် ၀င်္ကပါ၏အနေအထားကို နှလုံးသားထဲ၌ မှတ်သားထားကြခြင်းပေလော။

သူကျိယန်ဘက်လှည့်ကာ ထိုအကြောင်းမေးလိုက်

၏။

“နင်….”

သို့သော် သူစကားစကိုရပ်ကာ ပါးစပ်ပြန်ပိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကျိယန်သည် ဤမှတ်ဉာဏ်များအားလုံးကို ဖျောက်ပစ်လိုက်ပြီဖြစ်မှန်း သတိရသွား၍ ဖြစ်၏။

ကျန်းယန် သူကိုယ်တိုင်ပင် ၀င်္ကပါကိုအတန်ကြာအောင် လေ့လာခဲ့ပြီးနောက်တွင်တော့ ချင်းရှုမျှော်စင်ကိုသုံးကာ တောအုပ်ထဲရှိ လူကြီးနှစ်ဖက်စာလောက် လုံးပတ်ရှိသော သစ်ပင်ကြီးအချို့ကို ပစ်ချလိုက်လေသည်။

ချင်းရှုမျှော်စင်၏ မိုးကြိုးများအောက်တွင် ထိုသစ်ပင်ကြီးများ တစ်စဆီဖြစ်သွားကြပြီး ၀င်္ကပါကလည်း ပြိုကွဲသွားခဲ့၏။ ထိုအခါမှ တိုက်ခိုက်နေသူများလည်း သူတို့သည် အချင်းချင်း ပြန်တိုက်ခိုက်မိနေပြီဖြစ်မှန်း သိရှိသွားခဲ့ကြသည်။

သို့သော် သူတို့က တစ်ဖက်တည်းက ဖြစ်နေပါလျှင်လည်း ဘာဂရုစိုက်စရာလိုပါတော့မည်နည်း။

အချိန်ခဏလေးအတွင်း ဆုံးရှုံးမှုက အလွန်ကြီးမားသွားခဲ့သည် မဟုတ်ပါလော။

ဆုံးရှုံးမှုကြီးမားခဲ့သော လူများက သူတို့နှင့်တိုက်ခိုက်နေသောသူများကို ဆက်လက်တိုက်ခိုက်ချင်နေဟန်ဖြင့် ဒေါသတကြီး ကြည့်ရှုနေခဲ့ကြ၏။

ကျန်းယန် လျင်မြန်စွာ ထိုလူများကို သတိပေးလိုက်သည်။

“မြူနှင်းတောအုပ်ရဲ့ ခံတပ်ကို မချိုးဖြတ်ရသေးဘူး အထဲမှာ ကောင်းကင်နဲ့မြေပြင်ရတနာတွေ အများကြီးရှိတယ် အချိန်မဖြုန်းကြနဲ့ အမြန် အထဲ၀င်ကြ!”

သူ့သတိပေးချက်ကိုကြားသောအခါ ဒေါသထွက်နေသောသူများ သူတို့ဒေါသကို ဖိနှိပ်လိုက်ကြပြီး လူသေအလောင်းများပေါ်မှ အသုံးဝင်သော လက်နက်များ ရတနာများကိုယူကာ ခံတပ်ထဲ ပြေး၀င်သွားခဲ့ကြ၏။

ကျန်းယန် မြေပြင်ပေါ်ရှိ အလောင်းများကိုကြည့်ရာ ရေတွက်လိုက်သည်။ မြေပြင်ပေါ်တွင် အလောင်း ၁၁လောင်းရှိနေပြီး ၀င်္ကပါလေးတစ်ခုကြောင့် လူပေါင်း ၇၀ကျော်ရှိသော ဝိညာဉ်အခြေတည်အဖွဲ့၏ လူ၁၁ယောက်ကို ဆုံးရှုံးလိုက်ရ၏။

ထို့နောက် အလောင်းများပေါ်မှ မျက်နှာဖုံးများကိုဖြုတ်သိမ်းလိုက်ပြီး မြူနှင်းတောအုပ်၏ ဗဟိုဆီသို့ လိုက်၀င်လာခဲ့သည်။

ထိုအခိုက်တွင် တောအုပ်၏ဗဟို၌ ၀မ်လင်းဂိုဏ်း၏ တပည့် ၂၀ ၃၀ခန့်က ကာကွယ်ရေး၀င်္ကပါကိုသုံးကာ ကျူးကျော်လာသော ဝိညာဉ်အခြေတည်အဆင့်များကို ခုခံနေခဲ့ကြ၏။

၀မ်လင်းဂိုဏ်းတပည့်များ ဒေါသလည်း ထွက်နေခဲ့ကြသည်။ ဘယ်သကောင့်သားများက သူတို့၀မ်လင်းဂိုဏ်းခံတပ်ကို ကျူးကျော်ရဲနေပါသနည်း။

ကျန်းယန်တို့အဖွဲ့ကို မြင်သောအခါ ၀မ်လင်းဂိုဏ်းတပည့်တစ်ယောက် ဒေါသတကြီး အော်ပြောလိုက်၏။

“မင်းတို့ အဇူရာတိမ်ဂိုဏ်းက သေလမ်းရှာနေတာလား ငါတို့က မင်းတို့ကိုဘာမှမလုပ်တာကိုတောင် မင်းတို့ကကျေးဇူးတင်ရမှာ ဒါကို မင်းတို့က ငါတို့ခံတပ်ကို ကျူးကျော်ရဲတယ်ပေါ့ ပြီးတော့ နင် ကျိယန် သစ္စာဖောက် နင့်ဆရာနဲ့ဂိုဏ်းသားတွေက ငါတို့၀မ်လင်းဂိုဏ်းနယ်မြေထဲမှာ ရှိနေတာတောင် နင်က ဒီကောင်တွေနဲ့ ရောနေရဲသေးတယ် ငါတို့ပြန်ရောက်ရင် နင်တို့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက လူတိုင်းကို ရှင်းပစ်မယ်”

ကျိယန် အေးစက်စက်ပြန်ပြောလိုက်သည်။

“နင်ဘာပြောနေလဲ ငါမသိဘူး”

“ကောင်းတယ် အရမ်းကောင်းတယ်” ၀မ်လင်းဂိုဏ်းမှ ဝိညာဉ်အခြေတည်အဆင့်ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်တော့မလို ခံစားနေခဲ့ရ၏။

“ငါပြန်ရောက်တဲ့အခါ ဒီကိစ္စကို ဂိုဏ်းဆီသတင်းပို့ပြီး နင့်ဆရာနဲ့ အရင်ဖြေရှင်းရမယ်”

“နင်ဘာပြောနေလဲဆိုတာ ငါတကယ်မသိတာ” ကျိယန် အေးစက်စက်ထပ်ပြောလိုက်ပြန်သည်။

သူမသည် ထိုမှတ်ဉာဏ်များကို မေ့ပစ်ထားပြီးဖြစ်သောကြောင့် သူမစိတ်ထဲတွင် သူ့ဆရာဖိုးဖိုးကောင်းကင်ဒဏ္ဍာရီနှင့်ပတ်သက်သော မှတ်ဉာဏ်များသာ ကျန်ရစ်ခဲ့၏။

ကျန်းယန် ၀မ်လင်းဂိုဏ်းသားများအားလုံးကိုကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

“အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ဒါက ငါမင်းတို့ဂိုဏ်းကို ပထမဆုံးအကြိမ်တိုက်ခိုက်တာမှ မဟုတ်ဘဲ နောက်ဆုံးတစ်ခေါက်တုန်းက ကျိုးဟောင်ဆိုတဲ့ကောင် ငါရိုက်တာ ခံလိုက်ရသေးတယ် ဒါတောင်မင်းတို့က အမှတ်မရှိသေးဘဲ ငါတို့အပေါ်ထပ်ပြီးအကောက်ကြံရဲသေးတယ် ဒီလိုဆိုမှတော့ ငါကလည်း မင်းတို့ခံတပ်တစ်ခုလုံးကို ရှင်းပစ်ရတော့မှာပေါ့

ပြီးတော့ မင်းတို့ပြန်ရောက်ရင် ငါ့ရဲ့ သစ္စာဖောက်စီနီယာအစ်ကိုကြီးကို အနှေးနဲ့အမြန် ငါကသူ့ဆီကို အကြွေးပြန်တောင်းဖို့ လာခဲ့ဦးမယ်လို့ စကားပါးပေးဉီး”

“မင်းက ဆရာဦးလေးကျန်း နဲ့ရင်ဆိုင်မှာလား” ၀မ်လင်းဂိုဏ်းမှကျင့်ကြံသူများ လှောင်ပြောင်လိုက်ကြသည်။

“ပြီးတော့ မင်းတို့ငတုံးတွေ အဇူရာတိမ်ဂိုဏ်းနောက်ကလိုက်ရုံနဲ့ ငါတို့ခံတပ်ကို ချိုးဖြတ်လို့ရမယ် ထင်နေတာလား ဒီခံတပ်က ၀င်္ကပါက အကြီးအကဲလီ ကိုယ်တိုင်တည်ဆောက်ထားခဲ့တာ ပြီးတော့ ငါတို့တိုက်ပွဲကွင်းပြင်ထဲရောက်တိုင်း အကြီးအကဲလီရဲ့ လမ်းညွှန်ချက်နဲ့ ၀င်္ကပါကိုပိုပြီး အားဖြည့်ထားသေးတယ် အခုဆို ၀င်္ကပါက ချိုးဖြတ်လို့မရနိုင်တဲ့ အခြေအနေကိုရောက်နေပြီ မင်းတို့က ချိုးဖြတ်နိုင်မယ် ထင်နေတာလား”

မျက်နှာဖုံး၀တ်လူများ ကျန်းယန်ကို လှည့်ကြည့်လိုက်ကြ၏။

“တာအိုမိတ်ဆွေကျန်း ဒီ၀င်္ကပါကိုဖျက်ဆီးပေးနိုင်မလား” တစ်ယောက်ယောက် မေးလိုက်သည်။

သူတို့ကိုယ်တိုင်ကတော့ ဘယ်လိုကြိုးစားစား ဤ၀င်္ကပါကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ကျန်းယန် ၀င်္ကပါကို တခဏအကဲခတ်ပြီးနောက် အေးအေးဆေးဆေးပြောလိုက်၏။

“ဒါက ရိုးရှင်းတဲ့ အဇူရာတောအုပ်၀င်္ကပါလေးပဲ မဟုတ်လား ဘာတွေခက်နေလို့လဲ သူ့စွမ်းအားက မြူနှင်းတောအုပ်ထဲမှာ ပိုကြီးနေတယ်ဆိုပေမယ့် ဘာမှထူးခြားတာမရှ်ိပါဘူး

အားလုံးပဲ ငါပြောတာနားထောင်ကြ တာအိုမိတ်ဆွေ ၁၀ယောက်က ဘယ်ဘက်ရှေ့ဆုံးက သစ်ပင်မြောက် စိတ်ဝိညာဉ်သစ်ပင်ကို တိုက်ခိုက်ကြ ပြီးတော့ အသက်တစ်ရှိုက်စာလောက်ကြာရင် နောက်ဆယ်ယောက်က ညာဘက်ရှေ့ဆုံး ၇ ပင်မြောက် သစ်ပင်ကိုတိုက်ခိုက် အားလုံးပြီးရင်တော့ အသက် ရှူကြိမ် ၂ကြိမ်လောက် စောင့်ပြီး အားလုံး အားအပြည့်နဲ့ ဒီနေရာက မြေပြင်ကို တိုက်ခိုက်ကြ”

All Chapters