← Chapters

ဒေါသထွက်နေသော ဂိုဏ်းကြီးများ

Vol. 17 Ch. 184

ဒေါသထွက်နေသော ဂိုဏ်းကြီးများ

Vol. 17 Ch. 184

ကျန်းယန်၏ ဖိအားပေးမှုအောက်တွင် ဝိညာဉ်အခြေတည်အဆင့် ၈၀ ကျော် အမုန်းတရားများပြည့်နေသော မျက်လုံးများဖြင့် တိတ်တဆိတ် ရှေ့တက်လာကာ ရတနာတစ်၀က်ကို ခွဲပေးလိုက်ရသည်။

ထိုလူများ သူတို့နှလုံးသားထဲတွင် သွေးယိုနေသလို ခံစားနေခဲ့ကြရ၏။

နောက်ဆုံးတွင် သူတို့ချမ်းသာပြီဟု ထင်ခဲ့ကြသော်လည်း အခုတော့ သူတို့ချမ်းသာမှုတစ်၀က်ကို အတင်းခွဲပေးလိုက်ရသည်။

ထိုအခိုက်တွင် လူတိုင်းနှလုံးသားထဲ၌ အဇူရာတိမ်ဂိုဏ်းအပေါ် နက်ရှိုင်းသော အမုန်းတရားဖြစ်ပေါ်လာခဲ့၏။

သူတို့ရှေ့က ရတနာအပုံလိုက်ကြီးကိုကြည့်ပြီး ချင်းရှုမျက်လုံးများ တောက်ပလာခဲ့သည်။

ထိုရတနာများက သူ့အတွက် အလွန်အသုံး၀င်သော အရာများ မဟုတ်ပါလား။

အခုတော့ အနာဂတ်တွင် သူလက်နက်သန့်စင်ရာ၌ အရင်းအမြစ်ပြတ်လပ်သွားမှာ စိတ်ပူစရာမလိုတော့ပေ။

သူအလျင်အမြန်ပင် ရှေ့တက်သွားခဲ့ပြီး ပစ္စည်းအချို့ကိုရွေးယူကာ အထူးမှော်လက်နက်အချို့ သန့်စင်လေတော့၏။

ကျန်းယန် သူ့ရှေ့က အမုန်းတရားများပြည့်နေသော ဝိညာဉ်အခြေတည်အဆင့် ၈၀ ကျော်ကိုကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“အခု ငါမင်းတို့ကို နောက်ဆုံးအခွင့်အရေးပေးမယ်”

“ငါတို့မသိမ်းပိုက်ရသေးတဲ့ ခံတပ်ကြီးလေးခုရှိနေသေးတယ် တစ်ခုချင်းစီမှာ အဆုံးမဲ့တဲ့ ရတနာတွေရှိတယ်

ဘာပြဿနာမှမဖြစ်စေဖို့ ငါမင်းတို့ကို အဲ့ဒီခံတပ်ကြီးတွေထဲက တစ်ခုကိုရွေးခွင့်ပေးမယ်

မှတ်ထားကြ မင်းတို့မှာရွေးစရာတစ်ခုပဲရှိတယ် မင်းတို့ရွေးထားတဲ့ခံတပ်မှာမဟုတ်ဘဲ မင်းတို့ကိုအခြားခံတပ်မှာမြင်ခဲ့ရင် ငါမင်းတို့ကို တုံ့ဆိုင်းမှုမရှိ သတ်ပစ်မယ်”

ဒေါသများဖြင့် ပြည့်နှက်နေသော ဝိညာဉ်အခြေတည်အဆင့် ၈၀ ကျော် ချက်ချင်းတွေးလိုက်ကြသည်။

ဟုတ်ပေသည်။ သူတို့တွင် တိုက်ခိုက်စရာ ခံတပ်လေးခု ကျန်နေသေး၏။

လူရှစ်ဆယ်ကျော်နှင့်ဆိုလျှင် ခံတပ်တစ်ခု‌ေလာက်ကို တိုက်ခိုက်ဖို့က ပြဿနာရှိမည် မဟုတ်ပေ။

သူတို့သရုပ်မပေါ်ဖို့အတွက်ကတော့….ထိုခံတပ်ရှိလူတိုင်းကို သတ်ပစ်လိုက်လျှင် သူတို့သရုပ်ကို ဘယ်သူမှသိတော့မည် မဟုတ်ပေ။

ပြီးသွားလျှင် အပြစ်အားလုံးကို အဇူရာတိမ်ဂိုဏ်းအပေါ် လွှဲချလိုက်ရုံသာ။

နောက်ဆုံးတွင် အဇူရာတိမ်ဂိုဏ်းသည် သူတို့ကိုခံတပ်များစွာကိုသိမ်းပိုက်ရာ၌ ဦးဆောင်ခဲ့သည် မဟုတ်ပါလော။

ထိုအကြောင်းတွေးမိသောအခါ ဝိညာဉ်အခြေတည်အဆင့် ၈၀ ကျော် စုဝေးလိုက်ကြပြီး အမြန်‌ေဆွး‌ေနွးလိုက်သည်။

“အားလုံးပဲ ငါတို့ရတနာ တစ်၀က်ကို ဆုံးရှုံးလိုက်ရပြီ ငါတို့အဲ့ဒီရတနာတွေကိုအစားပြန်မရှာနိုင်ရင် ငါတို့ဆုံးရှုံးမှုက အတော်လေးကြီးနေလိမ့်မယ် အခု ငါတို့ဘယ်ခံတပ်ကို ရွေးသင့်လဲ”

“ဒါပေါ့ အနီးဆုံး မဟာနှင်းတောင်ဂိုဏ်းခံတပ်ကိုပဲ ရွေးသင့်တာပေါ့” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် ၀င်ပြောလိုက်၏။

“ငါတို့အဲ့ဒီခံတပ်ကို အမြန်သိမ်းပြီး ကိုယ်ယောင်ဖျောက်နေဖို့ လိုတယ် ပြီးရင် ငါတို့အခြားဂိုဏ်းကြီးတွေကို လျှို့ဝှက်သတင်းပေးပြီး ဒီအဖွဲ့ကို ဝိုင်းခိုင်းထားလိုက်လို့ရတယ် အားလုံးပြီးမှ ငါတို့က အခြားခံတပ်ကြီးတွေကို ထပ်တိုက်ဖို့ ကြံကြတာပေါ့”

“ဟုတ်တယ် မဟာနှင်းတောင်ဂိုဏ်းကိုရွေးလိုက်ကြတာပေါ့”

အကြမ်းဖျင်း‌ဆွေးနွေးပြီးသည့်နောက် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ရှေ့တက်လာခဲ့ကာ

“ငါတို့ မဟာနှင်းတောင်ဂိုဏ်းကိုရွေးတယ် ကျေးဇူးပြုပြီးစကားတည်ပေးပါ အဲ့ဒီခံတပ်ကို ငါတို့နဲ့ ပြိုင်မလုပါနဲ့”

“စိတ်မပူပါနဲ့ ငါကမင်းထင်တာထက် စကားတည်တဲ့လူပါ” ကျန်းယန် လက်ကာပြလိုက်ကာ

“မင်းတို့ဆုံးဖြတ်ပြီးပြီဆိုမှတော့ မဟာနှင်းတောင်ဂိုဏ်းကို သွားကြပေတော့”

ထို့နောက် ဝိညာဉ်အခြေတည်အဆင့်များ တစ်ချက်မှလှည့်မကြည့်ဘဲ မဟာနှင်းတောင်ဂိုဏ်းဆီ ထွက်ခွာသွားခဲ့ကြ၏။

ထိုလူများ ထွက်ခွာသွားခဲ့ပြီးနောက် ပါချင်းယန် ရှေ့တက်လာခဲ့ပြီး ကျန်းယန်ကို ခြောက်ကပ်ကပ်ပြုံးပြလိုက်ကာ

“တာအိုမိတ်ဆွေကျန်း ငါတို့မင်းကိုအထင်သေးခဲ့မိတယ် မင်းမှာဒီလောက်စွမ်းအားကြီးတဲ့လက်နက်ရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး ငါတို့မင်းအပေါ် ကျေးဇူးကြွေးတစ်ခုလည်း တင်နေတယ် အဲ့တာကြောင့် ငါတို့ရထားတဲ့ ရတနာတွေထဲက အချို့တစ်၀က်ကို လက်လွှတ်ဖို့ ဆန္ဒရှိပါတယ်”

ကျန်းယန်နှင့်သူအဖော်များ၏စွမ်းအားနှင့် ကျန်းယန်၏ပြတ်သားလှသော နည်းလမ်းများကိုမြင်လိုက်ရသောအခါ သူတို့ဖြုံသွားခဲ့ကြသည်။

ထို့ကြောင့်လည်း ကျန်းယန် ပြောမလာခင် သူတို့ဘက်ကအရင်ဆုံး ပေးဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်၏။

ကျန်းယန် အမူအရာချက်ချင်းလေးနက်သွားခဲ့သည်။

“အားလုံးပဲ အခြားကိစ္စတွေကိုဘေးဖယ်ထားလိုက်ဦး ငါတို့အခု ပင်လယ်ကောင်းကင်မျှော်စင် ခံတပ်ကိုအမြန်ဆုံးသွားရမယ် ပြီးရင်လည်း အခြားခံတပ်ကြီးတွေရှိရာကို အမြန်ဆုံးဆက်သွားရမယ် အခုငါတို့အတွက်အရေးကြီးဆုံးအရာက အလျင်ပဲ မဟုတ်ရင် ဂိုဏ်းကြီးတွေငါတို့ကိုလိုက်မီသွားကြလိမ့်မယ်”

ပါချင်းယန်တို့ ကြောက်လန့်သွားပြီး ထုတ်ပြောလိုက်ကြ၏။

“ဒါဆို ငါတို့ဘာလို့ခံတပ်တွေကိုသွားတိုက်ခိုက်နေဦးမှာလဲ အဲ့ဒီအစား ငါတို့ပုန်းမနေသင့်ဘူးလား”

ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့ တစ်ယောက်ယောက်က အဲ့ဒီဂိုဏ်း‌ကြီးတွေကို အချိန်ဆွဲထားပေးလိမ့်မယ် ငါတို့မှာ ခံတပ်တွေဆီသွားဖို့ အချိန်လုံလုံလောက်လောက်ရှိတယ် ချင်းရှု မင်းပြီးပြီလား အဲ့တာက အားလုံးကိုထည့်ထားနိုင်မှာ သေချာလား”

ချင်းရှု သိုလှောင်ပစ္စည်းတစ်ခုကိုကိုင်ထားပြီး ထိုထဲသို့ ကောင်းကင်နှင့်မြေပြင်ရတနာများတစ်ခုပြီးတစ်ခုထည့်နေရင်း ပြောလိုက်၏။

“အချိန်မလောက်တော့ဘူး ငါတစ်ခုပဲ သန့်စင်နိုင်လိုက်ကာ ဒီတစ်ခုတည်းနဲ့ မလုံလောက်သေးဘူး လူတိုင်းပဲ အချို့ရတနာတွေကိုကူသယ်ပေးကြပါ ငါတို့ခံတပ်ကိုရောက်တဲ့အခါမှ ငါ့ကိုပြန်ပေးကြ အဆင်ပြေလား”

သူမျက်နှာဖုံးတပ်ပါချင်းယန်တို့ဘက်လှည့်ကာ အကူအညီတောင်းလိုက်လေသည်။

ပါချင်းယန်တို့ ကြောင်တောင်တောင်ဖြစ်ကုန်ကြ၏။ ထိုလူများသည် သူတို့ ရတနာများကိုယူပြေးမှာ သို့မဟုတ် ဝေစုထက်ပိုယူထားကြမှာ မကြောက်ကြပေဘူးလော။

“အားလုံးပဲ ကိုယ့်ဝေစုကိုယ်ယူကြ” ကျန်းယန် ပြတ်ပြတ်သားသားပြောလိုက်သည်။

“ဒါတွေက မင်းတို့ဝေစုတွေပဲ နောက်ခံတပ်တစ်ခုရောက်ရင် ငါတို့ရတနာတွေပိုသိမ်းရဦးမှာ အချိန်မဆွဲကြနဲ့ အချိန်မရှိတော့ဘူး”

ထိုအခါမှ လူတိုင်း စိတ်အေးသွားခဲ့ကြ၏။

ထို့နောက် သူတို့ဝေစုများကိုအိတ်များထဲအလျင်အမြန်ထည့်ကာ ပင်လယ်ကောင်းကင်‌ေမျှာ်စင်ရှိရာ အရပ်သို့ လျင်မြန်စွာ ချီတက်သွားခဲ့ကြလေသည်။

ထိုစဉ် ဂိုဏ်းကြီးများ ရှို့ယိဘုရားကျောင်း၏ရေကန်ဆီ ရောက်ရှိသွားခဲ့ကြသည်။

ရေကန်က ခံတပ်၏အခြေအနေကို မြင်လိုက်ရသောအခါတွင်တော့ လင်းရှု ကျိရှုနှင့်ကုန်းရှုတို့ သွေးအန်တော့မတတ် ဒေါသထွက်သွားခဲ့ကြ၏။

လင်းရှု အခြားသူများကိုကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။

“မင်းတို့အားလုံးမြင်ပြီလား ငါတို့ရှို့ယိဘုရားကျောင်းက အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းထားတာလား”

ဟွေ့ချင်း အေးစက်စက်ထေ့ငေါ့လိုက်၏။

“ချင်းရှုက အဇူရာတိမ်ဂိုဏ်းနဲ့အတူရှိနေတာ ထင်ရှားနေတာပဲလေ တကယ်လို့ နားလည်မှုလွဲတာတစ်ခုခုရှိနေခဲ့တယ်ဆိုရင်တောင် အဲ့ဒီပြဿနာက မင်းတို့ရှို့ယိဘုရားကျောင်းစလို့ ဖြစ်ရတဲ့ ပြဿနာပဲ”

“ငါတို့ရှို့ယိဘုရားကျောင်းကိစ္စကို ငါတို့ကိုယ်တိုင်ပဲကိုင်တွယ်မယ် ကွေ့ယွမ်ဘုရားကျောင်းက ၀င်ပါစရာမလိုဘူး”

လင်းရှု ဟွေ့ချင်းကို ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

ယခုအခါ သူတို့သည် အဇူရာတိမ်ဂိုဏ်းနှင့်ပူးပေါင်းမထားမှန်း ထင်ရှားသွားပြီဖြစ်သောကြောင့် အခြားဂိုဏ်းများကို ကြောက်နေစရာမလိုတော့သလို ကွေ့ယွမ်ဘုရားကျောင်းကိုလည်း မျက်နှာသာ ပေးစရာမလိုတော့ပေ။

“ဒီတစ်ခေါက် ငါတို့တကယ်ပဲ ရှို့ယိဘုရားကျောင်းကို အထင်လွဲခဲ့မိကြတယ်” ကုန်းရှို့ပင်း အမြန်ပြောလိုက်၏။

“ဒါပေမယ့် အထင်လွဲမှုကိုဖြေရှင်းနိုင်သွားပြီဆိုတော့ အဆင်ပြေပါတယ်”

အခြားသူများက လင်းရှုတို့ကိုနှစ်သိမ့်နေကြသော်လည်း ကုန်းပိုင်ဟေး၏အမူအရာက‌ေတာ့ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး ရေရွတ်လိုက်မိသည်။

“ငါတို့ကောင်း‌ကင်တိမ်နန်းတော်က ရှို့ယိဘုရားကျောင်းဘေးမှာရှိနေတာ အခုရှို့ယိဘုရားကျောင်းတိုက်ခိုက်ခံရပြီဆိုတော့ ငါတို့ခံတပ်ကရော…အမြန် ငါတို့ခံတပ်ကို သွားစစ်ဆေးကြရမယ်”

ကောင်းကင်တိမ်နန်းတော်မှလူများ အလျင်အမြန်ပင် သူတို့ခံတပ်ဆီ ပျံသန်းထွက်ခွာသွားခဲ့ကြ၏။

အခြားသူများလည်း အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့နောက် လိုက်သွားခဲ့လေသည်။

တခဏအကြာတွင် လူတိုင်း ခံတပ်ဆီရောက်ရှိသွားခဲ့ကြ၏။

အခွံပဲကျန်တော့သော ကောင်းကင်တိမ်နန်းတော်ခံတပ်ကိုတွေ့သောအခါ ကောင်းကင်တိမ်ဂိုဏ်းသားများ ဒေါသထွက်ကုန်ကြသည်။

သူတို့ခံတပ်လည်း လုယက်ခံလိုက်ရပြီ မဟုတ်ပါလော။

ထိုအခိုက်တွင် ကွေ့ယွမ်ဘုရားကျောင်းနှင့်ရှို့ယိဘုရားကျောင်းကလူများကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး စိတ်သက်သာသွားသလို ခံစားလိုက်ကြရ၏။

ထို့နောက် ကုန်းရှို့ပင်း အမူအရာပြောင်းလဲသွားခဲ့ပြန်၏။

“သေစမ်း ရှို့ယိဘုရားကျောင်းရော ကောင်းကင်တိမ်နန်းတော်ရော ဒုက္ခရောက်နေပြီဆိုတော့…လန်ကျားအထွတ်အမြတ်မြေက ဒီနေရာနဲ့ လီ ၁၀၀ကျော်ပဲဝေးတာ လန်ကျားအထွတ်မြေကရော အဆင်ပြေနေပါ့မလား”

“အမြန် လူတိုင်းအမြန်လန်ကျားအထွတ်အမြတ်မြေခံတပ်ဆီအမြန်ပြန်ကျ အခြေအနေအရပ်ရပ်အတွက်လည်း အသင့်ပြင်ထားကြ!”

ကုန်းရှို့ပင်း အလျင်အမြန်ပင် သူ့လူများကိုဦးဆောင်ကာ လန်ကျားအထွတ်အမြတ်မြေခံတပ်ဆီ အပြေးနှင်လေတော့သည်။

အခြားဂိုဏ်းများမှ လူများလည်း သူတို့နောက်လိုက်လာခဲ့ကြပြီး ရှို့ယိဘုရားကျောင်းနှင့် ကောင်းကင်တိမ်နန်းတော်မှလူများပင် သူတို့နောက်မှ လိုက်လာခဲ့ကြ၏။

နောက်ဆုံးတွင် သူတို့ခံတပ်များက အခွံပဲကျန်တော့လေရာ သူတို့က ဤနေရာတွင် ဘာဆက်လုပ်ရပါမည်နည်း။

အချိန်တိုအတွင်း လူတိုင်း လန်ကျားကောင်းချီးမြေဆီရောက်ရှိသွားခဲ့ကြသည်။

မြင်ကွင်းကိုမြင်လိုက်ရသောအခါ လန်ကျားအထွတ်အမြတ်မြေက လူများ၏ သွေးများဒေါသကြောင့် ဆူပွက်ကုန်ကြ၏။ ကုန်းရှို့ပင်း ဒေါသကြောင့် သွေးတစ်လုပ်ပင်အန်လိုက်ရပြီး ဟိန်းဟောက်လိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်း! ငါမင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး!”

အခြားသူများတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြပြီး လန်ကျားအထွတ်အမြတ်မြေမှလူများကို စာနာမိသလို ကြည့်လိုက်ကြ၏။

အထူးသဖြင့် ခံတပ်များရှင်းခံလိုက်ရသော ဂိုဏ်းများဖြစ်ကြသည်။ ၀မ်လင်းဂိုဏ်းကတော့ သူတို့လူများနှင့်မတွေ့သေးသောကြောင့် သူတို့ခံတပ်အရှင်းခံလိုက်ရမှန်း မသိသေးပေ။

အခြားခံတပ်များ အရှင်းခံရချိန်တွင် လူအနည်းငယ်သေဆုံးခဲ့သော်လည်း သေဆုံးခဲ့သည်က အနည်းငယ်သာဖြစ်ပြီး အများစုက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြသည်။

သို့သော် လန်ကျားအထွတ်အမြတ်မြေကတော့ ကျန်ခဲ့သည့်တပည့်များအားလုံး အရှင်းခံလိုက်ရခြင်း ဖြစ်၏။

ထို့အပြင် ထိုတပည့်များအားလုံးက ပါရမီရှင်အဆင့်များ ဖြစ်နေသေးသည်။

တစ်နည်းအားဖြင့်ဆိုသော် ဤတစ်ခေါက်တွင် လန်ကျားအထွတ်အမြတ်မြေ၏ ဆုံးရှုံးမှုက အကြီးမားဆုံးဟု ဆို၍ရ၏။

ကုန်းရှို့ပင်း၏မျက်လုံးများ သွေးနီရောင်တောက်နေပြီး သတ်ဖြတ်ခြင်းဆန္ဒများက သူ့ကိုယ်မှ လှိုင်းလုံးများလိုတိုးထွက်နေပြီး သူလူတိုင်းကိုမျက်နှာချင်းဆိုင်ထားလိုက်သည်။ ထို့နောက် အော်ပြောလိုက်၏။

“ဒီကတာအိုမိတ်ဆွေတွေအားလုံးကို အဇူရာတိမ်ဂိုဏ်းသားတွေကို ရှာပေးဖို့ အကူအညီတောင်းချင်ပါတယ် တွေတာနဲ့ ငါသူတို့ကို အရှင်လတ်လတ် ဝါးစားပစ်မယ်!”

All Chapters