← Chapters

အဇူရာတိမ်ဂိုဏ်းက ကောင်တွေဘယ်မှာလဲ

Vol. 17 Ch. 186

အဇူရာတိမ်ဂိုဏ်းက ကောင်တွေဘယ်မှာလဲ

Vol. 17 Ch. 186

လန်ချင်းဖုန်း ဒါဇင်နှင့်ချီသောသူ့လူများကို ဦးဆောင်ပြီး သူတို့လူများကို ၇၀ ၈၀ လောက်ရှိသော မျက်နှာဖုံးတပ်လူများက သတ်ဖြတ်နေတာကို မြင်ရဖို့ အပြေးအလွှားသွားနေခဲ့ရ၏။

ထိုအချိန်တွင် မဟာနှင်းတောင်ဂိုဏ်းမှ တပည့်များ အကျအဆုံးများနေပြီး လူအနည်းငယ်သာ ကျန်ရစ်ခဲ့တော့သည်။

“ရိုင်းလိုက်လေ မင်းတို့က ငါတို့မဟာနှင်းတောင်ဂိုဏ်းက ဂိုဏ်းသားတွေကို သတ်ရဲသလား!” လန်ချင်းဖုန်း ဒေါသတကြီးအော်ဟစ်လိုက်ပြီး မျက်နှာဖုံးဝတ်ကျင့်ကြံသူများဆီ ပြေး၀င်သွားခဲ့၏။

“မင်းတို့အဇူရာတိမ်ဂိုဏ်းကရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ဖို့ မတန်ဘူးကွ ဒီလောက်ရက်စက်တဲ့ သတ်ဖြတ်မှုမျိုးကို ကျူးလွန်ရဲတာ မင်းတို့ဂိုဏ်းက အမြစ်ပြတ်သုတ်သင်ခံရဖို့ ထိုက်တန်တယ်!”

မဟာနှင်းတောင်ဂိုဏ်းမှလူများ မျက်နှာဖုံး၀တ်လူများကို အဆက်မပြတ်ကျိန်ဆဲ၍ တိုက်ခိုက်နေခဲ့ကြသည်။

သူတို့ရတနာတစ်၀က်ကို ကျန်းယန်ယူသွားပြီးနောက် ဤမျက်နှာဖုံး၀တ်လူ၈၀ကျော်က ပိုပြီးပင် ရူးသွပ်သွားခဲ့ကြ၏။

ထို့ကြောင့် ရေခဲကန်သို့ ရောက်ရောက်ချင်းပင် အရေအတွက်ကိုအားကိုး၍ ခံတပ်ကိုအတင်း၀င်တိုက်နေခဲ့ကြခြင်း ဖြစ်သည်။

သူတို့သည် မြင်မြင်သမျှသတ်ကာ တွေ့တွေ့သမျှယူခဲ့ပြီး သူတို့ဆုံးရှုံးမှုကို ကာမိအောင် လုပ်နေခဲ့ကြ၏။

ထိုကဲ့သို့ လုယက်သတ်ဖြတ်နေချိန်တွင် မဟာနှင်းတောင်တန်းမှတပည့်များ ပြန်လာကြလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပေ။

ဒါပေါ့ တခဏတော့ သူတို့ကြောက်လန့်သွားခဲ့ကြသည်။

သူတို့ကြောက်လန့်သည်က ခံတပ်ထဲက မဟာနှင်းတောင်ဂိုဏ်းသားများကို မဟုတ်ပေ။

အပြင်ဘက်က စစ်ကူရောက်လာကြသော မဟာနှင်းတောင်ဂိုဏ်းသားများကိုသာ ဖြစ်၏။

သို့သော် စစ်ကူရောက်လာသည်က အားလုံးပေါင်းမှ ဂိုဏ်းသား ၃၀ ကျော်သာ ရှိနေခြင်းကို မြင်လိုက်ရသောအခါတွင်တော့….

သတ်!

“အားလုံးကိုသတ်ကြ သူတို့ကိုယ်ပေါ်မှာလည်း ရတနာတွေရှိနေမှာ သေချာတယ်”

“အမြန်အဆုံးသတ်ကြ ငါတို့အခြားခံတပ်တွေကို သွားလုရဦးမယ်”

မျက်နှာဖုံး၀တ်ကျင့်ကြံသူများ အလျင်အမြန်ပင် လန်ချင်းဖုန်းတို့လူစုဆီ ပြေး၀င်သွားခဲ့ကြ‌လေသည်။

ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အဓိကပါရမီရှင်များဖြစ်သော လန်ချင်းဖုန်းတို့အဖွဲ့က သာမန်ပါရမီရှင်များထက် သန်မာမှန်း သံသယရှိစရာပင် မလိုပေ။

သို့သော် ရူးသွပ်နေသောလူအုပ်ကြီး၏ဝိုင်း၀န်းတိုက်ခိုက်ခြင်းကို ခံနေရသောအခါတွင်တော့ သူတို့အတွက် ခက်ခဲလာခဲ့၏။

အထူးသဖြင့် ထိုလူများလက်ထဲတွင် လန်ကျားအထွတ်အမြတ်မြေနှင့် သူတို့ရေခဲကန်မှ လုယက်လာသော မှော်ရတနာများ ရှိနေသောအခါတွင် ဖြစ်သည်။

ခွန်အားအရာတွင် သူတို့သည် ဂိုဏ်းကြီးများ၏တပည့်များလောက် မသန်မာသော်လည်း ထိုမှော်ရတနာများနှင့်ပေါင်းစပ်လိုက်သောအခါ သူတို့ကြားကွာဟမှုက မကြီးမားတော့ပေ။

ထို့ကြောင့်လည်း ထိုကျင့်ကြံသူတိုက်ခိုက်မှုအောက်တွင် လန်ချင်းဖုန်းတို့ ခက်ခဲလာကြခြင်း ဖြစ်၏။

“စီနီယာအစ်ကိုလန် သူတို့ကရူးနေတာ” မဟာနှင်းတောင်ဂိုဏ်းမှတပည့်တစ်ယောက် အော်ဟစ်၍ သတိပေးလိုက်လေသည်။

“ကျွန်တော်တို့ ထပ်ထိန်းမထားနိုင်တော့ဘူး”

“စီနီယာအစ်ကိုလန် ဘာလို့အခြားဂိုဏ်းကလူတွေ ရောက်မလာသေးတာလဲ”

လန်ချင်းဖုန်းဒေါသအလွန်ထွက်နေပြီး သွေးပင်အန်မိတော့မလို ဖြစ်နေခဲ့၏။

“အဲ့ဒီသစ္စာဖောက်တွေ သူတို့ကတမင်သက်သက် မကူညီကြတာ”

ထိုအခိုက်တွင် သူထိုဂိုဏ်းများ၏ သဘောထားကို လုံး၀နားလည်သွားခဲ့သည်။

ယခုအခါ သူတုိ့ထိုအရူးများကိုခုခံရန် ကိုယ့်ကိုကိုယ်သာ အားကိုးရပေတော့မည်။

မခုခံနိုင်လျှင်တော့ သူတို့အားလုံး ထိုအရူးများလက်ထဲတွင် သေဆုံးသွားရပေလိမ့်မည်။

နောက်ဆုံးတွင်တော့ လန်ချင်းဖုန်း ပြန်လည်သာ ဆုတ်ခွာလာခဲ့ရပြီး ရေခဲကန်အပြင်ဘက်မှ ခပ်ဖြည်းဖြည်းသာ ချဉ်းကပ်လာနေသော အဖွဲ့နှင့် ပြန်ဆုံခဲ့၏။

ထိုအခါ ဟွေ့ချင်း ကြောင်သူတော်ဆန်ဆန်မေးလိုက်လေသည်။

“ဒကာလေးလန် ခံတပ်ကို ပြန်ရလိုက်ပြီလား ကိုယ်တော်တို့က အဇူရာတိမ်ဂိုဏ်းမှာ အခြားအကြံအစည်တွေရှိနေမှာစိတ်ပူနေတာလေ အဲ့တာကြောင့် သူတို့‌ခြုံခိုတိုက်မှာစိုးလို့ သတိကြီးကြီးနဲ့ ချဉ်းကပ်လာခဲ့ရတာ”

လန်ချင်းဖုန်း ကြိတ်၍ ကျိန်ဆဲလိုက်လေသည်။

သူလှောင်ပြောင်လိုက်ကာ

“ကျွန်တော်တကယ်ပဲအားလုံးရဲ့ ကြင်နာတတ်တဲ့နှလုံးသားတွေကို ခံစားမိလိုက်ရပါတယ် မဟာနှင်းတောင်ဂိုဏ်းက ဒီကြင်နာမှုတွေကို အနာဂတ်မှာ ပြန်ပေးဆပ်ပါ့မယ် အခုတော့ မဟာနှင်းတောင်ဂိုဏ်းခံတပ် ဖျက်ဆီးခံလိုက်ရပါပြီ အားလုံးပဲ ကျေနပ်လောက်ပြီမဟုတ်လား ကုန်းရှို့ပင်း မင်းရော ကလဲ့စားမချေချင်တော့ဘူးလား”

ကုန်းရှို့ပင်း ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်၏။

“ငါတို့နဲ့ အဇူရာတိမ်ဂိုဏ်းကြားက ရန်ငြှိုးက ဖြေရှင်းလို့မရတော့မယ့် အရာပဲ”

“အိုက်ယား ဒကာလေးလန် အထင်လွဲနေပါပြီ ကိုယ်တော်တို့က ကူညီဖို့နည်းနည်းလေး နောက်ကျသွားခဲ့တာပါ စိတ်မပူပါနဲ့ အခုအားလုံးဒီရောက်နေပြီ ဆိုမှတော့ အဇူရာတိမ်ဂိုဏ်းက လွတ်တော့မှာ မဟုတ်ပါဘူး”

ထိုအခိုက်တွင် ရာဇ၀တ်မှုကျူးလွန်‌ရန် ၀န်မလေးသော မျက်နှာဖုံး၀တ်လူ ၇၀ ၈၀ ကို လူတိုင်းမြင်လိုက်ကြရသည်။

ချက်ချင်းဆိုသလိုပင် သူတို့နှလုံးသားထဲ အမုန်းတရားများဖြင့် ပြည့်နှက်သွားခဲ့ကြ၏။

ခံတပ်ဖျက်ဆီးမခံရသေးသော ဂိုဏ်းများကလည်း ဤလူအုပ်ကို ရှင်ပစ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

သူတို့လည်း သူတို့မပျက်ဆီးသေးသော ခံတပ်ကို ကာကွယ်ရပေဦးမည်။

သတ်ကြ!

ဂိုဏ်းကြီးကိုးဂိုဏ်း ပူးပေါင်းကာ သတ်ဖြတ်လေတော့သည်။

ကြီးမားလွန်းသော စိတ်ဝိညာဉ်စွမ်းအားများနှင့် စွမ်းအားကြီးမှော်လက်နက်များအောက်တွင် လူ ၇၀ ၈၀ ကတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေခဲ့ရ၏။

“အဇူရာတိမ်ဂိုဏ်းကလူတွေ ဘယ်မှာလဲ သူတို့ကိုအရှင်ဖမ်း ငါသူတို့ကို အရှင်လတ်လတ် ဆွဲဖြဲပစ်ချင်တယ်”

“ဂရုစိုက်ကြ အဇူရာတိမ်ဂိုဏ်းကလူတွေကို အရှင်ဖမ်းကြ!”

သူတို့ဖမ်းမိသော မျက်နှာဖုံး၀တ်များကိုတစ်ယောက်ချင်း မျက်နှာဖုံးချွတ်ကြည့်သော်လည်း တစ်ယောက်မှ အဇူရာတိမ်ဂိုဏ်းက ဟုတ်မနေခဲ့ပေ။

သူတို့ကလည်း အဇူရာတိမ်ဂိုဏ်းက မဟုတ်သည်နှင့် ချက်ချင်း သတ်ပစ်ခဲ့ကြသည်။

ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ရင်း…

ဂိုဏ်းကြီးကိုးဂိုဏ်းက လူများသည် စုစုပေါင်း လူ၃၀၀ကျော် ရှိနေခြင်းဖြစ်သောကြောင့် မျက်နှာဖုံး၀တ် ၇၀ ၈၀ လောက်ကို ချွေးပင်မထွက်ဘဲ သတ်ပစ်နိုင်ခဲ့၏။

သို့သော် သူတို့အံ့အားသင့်သွားခဲ့သည်မှာ ထိုလူအုပ်ထဲတွင် အဇူရာတိမ်ဂိုဏ်းကလူတစ်ယောက်မှ ရှိမနေခြင်းပင်။

“တစ်ယောက်ယောက် မင်းတို့ဘက်ခြမ်းမှာ အဇူရာတိမ်ဂိုဏ်းကလူတစ်ယောက်ယောက်ကို တွေ့မိသေးလား”

“မတွေ့ဘူး”

“ဒီမှာလည်း မတွေ့ဘူး”

“အဇူရာတိမ်ဂိုဏ်းကလူတွေက မှတ်မိလွယ်ပါတယ် လူနှစ်ယောက်နဲ့ ကျားတစ်ကောင်ပဲ တစ်ယောက်ယောက် ကျားကိုမြင်မိသေးလား ချင်းရှုရော သူတို့နဲ့ရှိနေတာမလား တစ်ယောက်ယောက် ချင်းရှုကိုရော မြင်မိသေးလား”

“တစ်ယောက်မှ မတွေ့ဘူး”

ဂိုဏ်းကြီးကိုးဂိုဏ်းလုံး ကြောင်အကုန်ကြ၏။

သူတို့အဇူရာတိမ်ဂိုဏ်းကကောင်များကို အလွန်မုန်းနေပြီး ကလဲ့စားချေဖို့ ပြင်ထားကြသော်လည်း နောက်ဆုံးတွင် တစ်ယောက်မှ မတွေ့ခဲ့ရပေ။

ကုန်းရှို့ပင်း လက်ကျန်မျက်နှာဖုံး၀တ်များ၏ မျက်နှာဖုံးများကို ချွတ်ပစ်လိုက်သော်လည်း တစ်ယောက်မှ ကျန်းယန်တို့ ဟုတ်မနေ‌ခဲ့ပေ။

သူဒေါသကြောင့် လူအနည်းငယ်၏မျက်နှာများကို ဖြတ်ရိုက်ပစ်လိုက်ပြီး လူတစ်ယောက်ကို ဂုတ်မှကိုင်ပြီး မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းကကောင်တွေဘယ်မှာလဲ မင်းတို့နဲ့အတူရှိနေတာမဟုတ်လား ငါ့ကိုပြောစမ်း ပြောရင် မင်းကိုအသက်ချမ်းသာပေးမယ်”

ဖမ်းခံထားရသော ဝိညာဉ်အခြေတည်အဆင့် လျင်မြန်စွာ ပြန်ပြောလိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်းကလူတွေက ကျွန်တော်တို့နဲ့အတူရှိနေတာမဟုတ်ပါဘူး သူတို့ထွက်သွားတာ အတော်ကြာပါပြီ”

“သူတို့ဘယ်သွားတာလဲ” လန်ချင်းဖုန်း မေးလိုက်၏။

“သူတို့က အခြားခံတပ်တွေဆီသွားတာ သေချာပါတယ် ကျွန်တော်တို့လည်း အသေးစိတ်တော့မသိဘူး”

ထို့နောက် လန်ချင်းဖုန်းဒေါသတကြီးဖြင့် သူ့ဓားကိုထုတ်ကာ ထိုကျင့်ကြံသူကို ခါးမှနှစ်ပိုင်းဖြတ်ပစ်လိုက်၏။

နှစ်ပိုင်းပြတ်သွားသော ကျင့်ကြံသူ ကုန်းရှို့ပင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ငါပြောပြရင် ငါ့အသက်ကို ချမ်းသာပေးမယ်လို့ မင်းပြောခဲ့တယ်လေ”

ကုန်းရှို့ပင်း အေးစက်စက် လှောင်ပြောင်လိုက်၏။

“ငါမင်းကို လွှတ်ပေးဖို့ ကတိပေးခဲ့ပေမယ့် စီနီယာလန်က သဘောမတူခဲ့ဘူးလေ ငါဘာတတ်နိုင်မှာလဲ သေလိုက်တော့ အသုံးမကျတဲ့အရူးတွေ ငါတို့ကိုတိုက်ခိုက်ရဲတဲလူမှန်သမျှ သေသင့်တယ်”

ကုန်းရှို့ပင်း သူ့ဓားကိုထုတ်ကာ ကျန်နေသေးသော ခန္ဓာကိုယ်နှစ်ပိုင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ခုတ်ထစ်ပစ်လိုက်ပြီး သူ့ဒေါသကို ဖြေဖျောက်လိုက်လေသည်။

မျက်နှာဖုံး၀တ် ၇၀ ၈၀ သေဆုံးသွားခဲ့ပြီးနောက် သူတို့ကျန်ရစ်ခဲ့သော ရတနာများက တောင်ကြီးများလို အပုံလိုက် ကျန်နေရစ်ခဲ့၏။

ကျိရှု အေးစက်စက်ပြောလိုက်သည်။

“ဒီရတနာတွေက ခံတပ်‌ဖျက်ဆီးခံလိုက်ရတဲ့ ဂိုဏ်းတွေရဲ့ရတနာတွေပဲ အဲ့တာတွေကို ခံတပ်ဖျက်ဆီးခံလိုက်ရတဲ့ ဂိုဏ်းတွေက ခွဲယူသင့်တယ်”

“အမှန်ပဲ” ဟွေ့ချင်းလည်း ၀င်ထောက်ခံလိုက်၏။

မင်ပိုင်ဟေးလည်း ၀င်ပြောလိုက်သည်။

“ဒီရတနာတွေက ခံတပ်ဖျက်ဆီးမခံရတဲ့ဂိုဏ်းတွေနဲ့ ဘာမှမဆိုင်ဘူး”

ခံတပ်ဖျက်ဆီးမခံထားရသော ဂိုဏ်းများ အမြန်ပြောလိုက်ကြ၏။

“ငါတို့ကလည်း မင်းတို့နဲ့ပြိုင်မလုပါဘူး ဒါတွေကို အမြန်သာ ခွဲယူလိုက်ကြ ပြီးရင် သွားကြမယ် အဇူရာတိမ်ဂိုဏ်းက ကောင်တွေ ငါတို့ခံတပ်တွေဆီ ရောက်နေပြီလို့ ငါသံသယရှိနေတယ်”

လန်ချင်းဖုန်း အေးစက်စက်ပြုံးကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“အဲ့တာတွေကို စိတ်မပူခင် ဒါတွေကိုပဲ အရင်ခွဲယူလိုက်ကြတာပေါ့”

သူ့စိတ်ထဲတွင်တော့ ခုနကတော့ ငါတို့ပျက်ဆီးတာကိုပျော်နေတဲ့ကောင်တွေ အခုမင်းတို့အလှည့်ပဲဟု တွေးနေခဲ့၏။

ဟမ့် အခုငါတို့က လုံး၀ စိတ်ညစ်မနေတော့ဘူး!

စာစဉ်ပြီး၏

All Chapters