Chapters

လွတ်မြောက်သွားခြင်း (အပိုင်းတစ်)

Vol. 65 Ch. 984-1

လွတ်မြောက်သွားခြင်း (အပိုင်းတစ်)

Vol. 65 Ch. 984-1

ဖေး အရာအားလုံးကို ပုံအော၍ စွန့်စားလိုက်ခြင်းဖြစ်သည်။

ခေးအော့ပလ္လင် သည် အလွန်လျင်မြန်ပြီး ပင်လယ်မျိုးနွယ်စု နတ်ဆိုးကလူးအီဗာတ် နှင့် ချက်ချင်း နီးကပ်လာသည်။ ဖေး သည် ပလ္လင်ပေါ်တွင်ရပ်နေပြီး မသေမျိုးဘုရင်၏ကျောက်ခြေခြင်းတူ ကိုဆင့်ခေါ်ရန် လက်ကိုဝှေ့ယမ်းပြီး အနီရောင်အမဲရောင်စာလုံးများစွာပါသည့်ကလူးအီဗာတ်၏ ခေါင်းပေါ်သို့ တူဖြင့် ထုချလိုက်သည်။

ဘက်ကင်ဟမ်မှာမူ အံတကြိတ်ကြိတ်နှင့် တုန်ယင်နေသည်။

ကြောက်ရွံ့ခြင်းလား စိတ်လှုပ်ရှားခြင်းလား မသေချာသော်လည်း သူ တုံ့ဆိုင်းခြင်းမရှိ။ သူဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး အချိန်မှီ ကလူးအီဗာတ်၏ လက်မောင်းမှ ဒဏ်ရာထံ အနီရောင် စွမ်းအင် မီးတောက်များကို ပစ်လွှတ်လိုက်သည်။

ဖေးနှင့် ဘက်ကင်ဟမ်တို့၏ပူးပေါင်းမှုက ပြီးပြည့်စုံပေသည်။ သို့သော်လည်း ပြိုင်ဘက်က နတ်ဘုရားအဆင့်ဖြစ်သည်။

" မင်းတို့ လူယုတ်မာတွေ "

ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘုရားသည် ပုရွက်ဆိတ်သာသာနှစ်ကောင်က သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝံ့မည်ဟု မထင်ခဲ့ပေ။ သူသည် ဒေါသတကြီးနှင့် ဖေး၏ စစ်တူကို သာသာယာယာလှမ်းကိုင်၍ ညာလက်ဖြင့်ဆွဲဆုတ်လိုက်၏။ ဘက်ကင်ဟမ်၏ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သူလှည့်တောင် မကြည့်ခဲ့‌ေချ။ ဘက်ကင်ဟမ်သည် သူ့အတွက် အသိအမှတ်ပြုရန်ပင် အားနည်းလွန်းလှသည်။ သူ ပြင်းထန်စွာ ဒဏ်ရာ ရနေပြီ ဖြစ်သော်လည်း ဘက်ကင်ဟမ် ၏ တိုက်ခိုက်မှု ကြောင့် သူဒဏ်ရာ မရရှိခဲ့ပေ။

ဖေး ရှိသမျှ အားအကုန်အစင် ထုတ်လွှတ်လိုက်ပြီး သူ၏တူကို အစွမ်းကုန် လွှဲရန် ကြိုးစားသော်လည်း နတ်ဆိုးနတ်ဘုရား၏ ညာဘက်လက်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ခံထားရကာ တောင်တစ်လုံးအောက် ပိတ်မိနေသလို လှုပ်မရတော့ပေ။

ထို့နောက် ဧရာမစွမ်းအားကြီးတစ်ခြု သံတူခေါင်းကိုဖြတ်သန်းဆင်းသက်လာပြီး ဖေး၏ကိုယ်ခန္ဓာဆီသို့ ကျဆင်းသွားကာ ဖေးလက်အရိုးများကို ချက်ချင်းကွဲကြေသွားစေသည်။

ပင်လယ်မျိုးနွယ်နတ်ဘုရား၏ ဒေါသကအရှိန်အဟုန်ပြင်းလှပြီး ထို ဆိုးသွမ်းသောနတ်ဘုရားအစွမ်းက ဖေး ရပ်တန့်နိုင်သောအရာမဟုတ်ပေ။

သို့သော် ဖေးလုံးဝမကြောက်ပါ။

သူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာတိုင်ပေါ့ပေါ့ပါးပါး တုန်လှုပ်သွားသောကြောင့် ပြုံးလိုက်သည်။

ကျောက်စာတိုင်က အနည်းငယ် တုံ့ဆိုင်းသွားဟန်တူသော်လည်း ဤအခြေအနေကို တွန်းလှန်ရန် လုံလောက်ပါသည်။ နွေးထွေးပြီး သက်တောင့်သက်သာရှိသော စီးကြောင်းသည် ဖေး၏ ခန္ဓာကိုယ်အတွင်းမှ စီးဆင်းသွားပြီး လုံးလုံးကွဲနေသော ဖေးလက်များကို ချက်ချင်းသက်သာပျောက်ကင်းစေသည်။ ထို့နောက် ထိုပူနွေးသောစီးကြောင်းသည် မသေမျိုးဘုရင်၏ကြိတ်ခြေခြင်း စစ်သုံးတူထံတိုးဝင်သွား၏။

ကလူးအီဗာတ်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ပေါ်လာသည်။

တတင်္ဂ ကာလလေးအတွင်းမှာပင် ထိုစွမ်းအားက နတ်ဆိုးနတ်ဘုရားချပ်ဝတ်နှင့်အတူ ကလူးအီဗာတ်၏ လက်တစ်ခြမ်းကိုပါ ကောက်ရိုးမီးအရှို့ခံရသကဲ့သို့ တမဟုတ်ခြင်း လောင်ကျွမ်းပြာကျသွားစေ၏။

ထိုဖြစ်စဉ်က အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့ပြီး ကလူးအီဗာတ်မှာ နတ်ဘုရားတစ်ပါးဖြစ်သော်လည်း အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။

“ဝေါင်း…” နတ်ဆိုးက လက်တစ်ဖက်ကို ဆုံးရှုံးသွားချိန်တွင် ကြောက်လန့်တကြား ဟိန်းဟောက်ကာ ငွေရောင်အလင်းတန်းက ကျန်ရှိသော လက်မောင်းနှင့် ပခုံး ဦးခေါင်းထံ တက်လာသည်ကို တားဆီးရန်ကြိုးစားလိုက်သည်။ သွေးတစ်လုပ်အန်လိုက်ပြီးနောက် သူက တွေဝေမနေတော့ဘဲ ကျန်နေသေးသည့် ပခုံးကိုပါ ခုတ်ဖြတ်ပစ်လိုက်သည်။

ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်သော်လည်း အကျိုးအကြောင်းဆီလျော်လှသည်။

ထိုအချိန်၌ ကလူးအီဗာတ်သာ ငွေရောင်အလင်းတန်းများကို သူ့ကိုယ်ပေါ်သို့ ပျံ့နှံ့သွား‌ေစလျှင် သူ၏ညာဘက်လက်မောင်းကဲ့သို့ပင် တစ်ကိုယ်လုံး ပြာများလောင်ကျွမ်းသွားကာ ဤကမ္ဘာကြီးမှ လုံးဝပျောက်ကွယ်သွားပေလိမ့်မည်။ သံသယ ဖြစ်စရာမလိုပေ။

“ဒီစွမ်းအားက ဘာလဲ၊ အဲဒါက ငါ့ကို လွယ်လွယ်နဲ့ ဒဏ်ရာရအောင် ဘယ်လိုလုပ်တာလဲ”

သူ့ညာဘက်လက်မောင်းကို ဖြတ်လိုက်သည်နှင့် ချက်ချင်းပင် အန္တရာယ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသဖြင့် ကလူးအီဗာတ်မှာ ထိတ်လန့်သွားသည်။ သူသည် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဤအခိုက်အတန့်သည် အန္တရာယ်အရှိဆုံးဖြစ်သည်။ သေမင်းက သူ့လည်ချောင်းကို ဆုပ်ကိုင်လိုက်သလိုမျိုး ခံစားရပြီး သူ့နှလုံးသားက တစ်စက်စက်တုန်ယင်သွား၏။