Chapters

လွတ်မြောက်သွားခြင်း (အပိုင်းနှစ်)

Vol. 65 Ch. 984-2

လွတ်မြောက်သွားခြင်း (အပိုင်းနှစ်)

Vol. 65 Ch. 984-2

"ဒီလူက အရမ်းကြောက်ဖို့ကောင်းတယ် " ထိုအတွေး ကလူးအီဗာတ် ခေါင်းထဲမှာ ပေါ်လာပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။

"ဒီကြောက်စရာကောင်းတဲ့ လူသားဆီကနေ တတ်နိုင်သမျှ ဝေးဝေးကို ရှောင်ရမယ်" ဤသည်မှာ ယခု ကလူးအီဗာတ် ၏ ခေါင်းထဲတွင် တစ်ခုတည်းသော အတွေးဖြစ်သည်။

သူက နှစ်ထောင်ချီကြာအောင် အမှောင်ထုထဲ၌ ချိပ်ပိတ်ခံထားရခြင်းမှ လွတ်မြောက်ခါစသာဖြစ်သေးရာ မသေချင်သေးပေ။ သူ့အမြင်တွင်တော့ ဤ လူငယ်လေးက တိုက်ကြီး၏ သိုင်းသူတော်စင် မာရာဒိုနာထက်ပင်ပို၍ ကြောက်စရာကောင်းပေသည်။

" မဟုတ်ဘူး ဒီလူကို ထပ်တွေ့ရင် ငါချက်ချင်း ထွက်ပြေးမယ် " သူ့ဘာ့သူ ထိုသို့‌တွေးလိုက်သည်။

ခရမ်းရောင်အလင်းတန်းများနှင့်အတူ ကလူးအီဗာတ်သည် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဖေးသည် ခေးအော့ ပလ္လင်ကို ထိန်းချုပ်ပြီး ကလူးအီဗာတ် ကို လိုက်ချင်သော်လည်း ကလူးအီဗာတ်၏ ခြေရာ လက်ရာ ပျောက်ဆုံးသွားကာ ထိုနတ်ဆိုး ဘယ်ရောက်သွားသည်ကို မသိရ‌တော့ပေ။ ပလ္လင်သည် မယုံနိုင်လောက်အောင် လျင်မြန်သော်လည်း ဖေးသည် ကလူးအီဗာတ် ကို ခြေရာခံနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အရှုံးပေးရုံမှတပါး ဘာမှမတတ်နိုင်ပေ။

ဖြစ်ပျက်သမျှက ဘက်ကင်ဟမ်အတွက် အံ့ချီးဖွယ်ရာပင်။

ဖြစ်ရပ်က စက္ကန့်ပိုင်းမျှသာကြာသကဲ့သို့ ဖေး၏ ကိုယ်ထဲတွင် လှုပ်ရှားရန် ပျင်းရိနေသော စွမ်းအားတစ်ခု ရှိသည်ကိုလည်း သူမသိရာ သူ့အတွက်အရာရာက ဆန်းကြယ်နေသည်။

ဘက်ကင်ဟမ်၏ ရှုထောင့်မှကြည့်လျှင် ဒေါသထွက်နေသော နတ်ဆိုးက ချမ်းဘော့ဒ် ဘုရင်၏တူကို ဆုပ်ကိုင်လိုက်သည် ထို့နောက် ထိုနတ်ဆိုးက သူ၏ညာလက်တစ်ဝက်ကို ဖျက်ဆီးပစ်ကာ ဤနေရာမှ အထိတ်တလန့်နှင့် ခွေးပြေး ဝက်ပြေးပြေးသွားခဲ့သည်။

လီယွန်အင်ပါယာ၏ မှူးမတ်က သူတို့သေသွားပြီဟု သေချာပေါက်ထင်ခဲ့သည်။ သို့သော်လည်း နတ်ဘုရားလက်နက်ကိုကိုင်ဆောင်ထားသော ဝတ်စုံဖြူဝတ် ဒီအလက်ဇန္ဒရိုကိုပင် အနိုင်ယူခဲ့သော နတ်ဆိုးက ချမ်းဘော့ဒ်ဘုရင်ကို ရှုံးနိမ့်ကာထွက်ပြေးသွားပေသည်။

"ချမ်းဘော့ဒ်ဘုရင်က သူ့ရဲ့စစ်မှန်တဲ့ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာ ဖြစ်နိုင်သလား။ဟုတ်ပြီ အဲဒါပဲ ဖြစ်ရမယ် "

ဘက်ကင်ဟမ် ချမ်းဘော့ဒ်ဘုရင်နှင့် အတူကြုံဆုံခဲ့သည်များကို ပြန်တွေးကြည့်လိုက်၏။ ၎င်းက စိတ်ပျက်စရာ အခြေအနေကြုံရတိုင်း ရှုံးနိမ့်ခါနီးတိုင်း မထင်မှတ်စွာ အနိုင်ယူတတ်သည်။ ၎င်းက အခြားသော အရှင်သခင်များတွင်တွေ့ရသော်လည်း တစ်ကြိမ်တစ်ခါလောက်မျှသာဖြစ်၏။ ချမ်းဘော့ဒ်ဘုရင်ကတော့ အကြိမ်ကြိမ်ပင်ဖြစ်ရာ အစကတည်းက သူ့ခွန်အားကို ဖုံးကွယ်ထားခြင်းဖြစ်ပေလိမ့်မည်။

ထိုကိစ္စကိုတွေးပြီး ဘက်ကင်ဟမ် အနည်းငယ် ကြောက်ရွံ့ထိတ်လန့်သွားသည်။

"အဲဒီဘီလူးက အခု လီယွန်အင်ပါယာရဲ့ရန်သူ ဖြစ်နေပြီလား။ ဒါက အင်ပါယာအတွက် ဘေးဥပဒ်တစ်ခုပဲ ငါတို့က ချမ်းဘော့ဒ် ဘုရင်ကို တကယ်ရန်သူလုပ်ခဲ့ရက် သူက လီယွန်ကို လက်တစ်ချောင်းတည်းနဲ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ် " ဘက်ကင်ဟမ် က သူ့ဘာသာသူ တွေးပြီး လီယွန်အင်ပါယာကို အသက်ရှင်လျက် ပြန်နိုင်ပါက လီယွန်တော်ဝင်မိသားစုကို စစ်ပွဲရပ်ဖို့ ဇင်းနစ်အင်ပါယာကို တောင်းပန်ပြီး ချမ်းဘော့ဒ် ဘုရင်နဲ့ မဟာမိတ်ဖွဲ့ဖို့ လီယွန်တော်ဝင်မိသားစုကို စည်းရုံးမယ်လို့ ဆုံးဖြတ်လိုက်သည်။

ထိုကဲ့သို့သာ စွမ်းဆောင်နိုင်ပါက အလက်ဇန္ဒားမှာ နတ်ဘုရားစစ်ပွဲကြီး ပြန်စလျှင်ပင် လီယွန်ကိုပင်ကာကွယ်နိုင်စွမ်းရှိပေလိမ့်မည်။

ဒီအန္တရာယ်များတဲ့ အလောင်းအစားက ဘက်ကင်ဟမ်ကို အတွေးများစေသည်ကို ဖေးမသိပေ။

နဖူးမှ အေးစက်သော ချွေးများကို သုတ်ပြီးနောက် ဖေးသည် ခေးအော့ရာဇပလ္လင်သို့ ပြန်ထိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ်တဲ့ ကျောက်စာတိုင်က အန္တရာယ်ကို မတုံ့ပြန်ဘူးဆိုရင် အခြေအနေကို နားမလည်နိုင်ခင်မှာ ငါချက်ချင်းသေလိမ့်မယ်” ဖေးထိုသို့တွေးမိပြီး ဖိနှိပ်ထားသောအကြောက်တရားအားလုံး သူ့ခေါင်းထဲကို ချက်ချင်း ပြန်ရောက်လာ‌တော့သည်။

ပင်လယ်ကြမ်းပြင်သို့ ခရီးတဝက် အောင်မြင်ခဲ့သည်။

သူ၏တာဝန်မှာ ပင်လယ်မျိုးနွယ်၏ မကောင်းဆိုးဝါး နတ်ဘုရား ထွက်မလာစေရန်ဖြစ်သည်။ ကလူအီဗာတ်လွတ်မြောက်ခဲ့သော်လည်း ဖေးက သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

End