← Chapters

ဆိပ်ကမ်းမြို့ (အပိုင်းတစ်)

Vol. 65 Ch. 985-1

ဆိပ်ကမ်းမြို့ (အပိုင်းတစ်)

Vol. 65 Ch. 985-1

ဖေးမှာ သေဆုံးလုနီးပါး အစွမ်းကုန်ကြိုးစားခဲ့သော်လည်း နတ်ဆိုး၏ လွတ်မြောက်မှုကိုမတားဆီးနိုင်ခဲ့ပေ။ သို့သော်လည်း နတ်ဆိုးက အတော်လေးဒဏ်ရာပြင်းထန်စွာ ရသွားခဲ့သည်။

ကောင်းသွားသည်က ပင်လယ်မျိုးနွယ်၏ နတ်ဆိုးသည် အကြိမ်များစွာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ခွန်အားမှာ အလွန် လျော့နည်းသွားရခြင်း ဖြစ်သည်။ ရေတိုတွင် ၎င်းက အန္တရယ်ရှိသော ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။ ကလူးအီဗာတ် သူ့အစွမ်းပြန်မရမခြင်း သင်းရနံ့ပင်လယ်၏ ပတ်ဝန်းကျင်မှ ဒေသအားလုံး လုံခြုံနေဆဲဖြစ်သည်။ ကလူအီဗားတ်၏ လွတ်မြောက်မှုအား တားမြစ်ခြင်း ကျရှုံးသည်ကလွဲ၍ ဤပင်လယ်အောက်ခြေခရီးစဉ်က ဖေး အတွက် များစွာ အကျိုးရှိခဲ့သည်။

တောက်ပခြင်း နေ အထွတ်အထိပ် အဆင့်အထက်တွင် မြင့်မားသော အဆင့်များ ရှိကြောင်းကို ပထမဦးဆုံးအကြိမ် သူ သိရှိခဲ့သည်။ ၎င်းက ဖေးအတွက် ကြီးမားသည့် ထိတ်လန့်မှုတစ်ခု ဖြစ်လာစေခဲ့သည်။

ဖေး မကြာမီ ရင်ဆိုင်ရမည့် ကိစ္စများလည်း ပေါ်ပေါက်လာခဲ့သည်။

ဒိုင်ယာဘလို ကမ္ဘာတွင် ငရဲမုဒ်ကို ကျော်ဖြတ်ပြီးနောက် သူ၏ 'ရွှေလက်ချောင်း' စွမ်းအားသည် ကုန်ဆုံးသွားပုံ ရသည်။

နောက်ပိုင်းမှာ သူ့ခွန်အားကို ဘယ်လို မြှင့်တင်ရမည်နည်း။ သူ၏ ကျင့်ကြံမှုလမ်းစဉ် နိဂုံးချုပ်သွားခဲ့လျှင် ကမ္ဘာ၏ အထွတ်အထိပ်မှာ သူ ဘယ်တော့မှ ရပ်တည်နိုင်မှာ မဟုတ်ပေ။

ဟုတ်ပါသည်။ အထင်ကြီးစရာ ကောင်းသည့် သိုင်းသူတော်စင် မာရာဒိုနာကို မြင်ရတာကလည်း ဖေး ရရှိခဲ့သည့် ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ မာရာဒိုနာ၏ ဝေဝါးဝါးအရိပ်ကို တတင်္ဂ တစ်ချက်ကြည့်လိုက်ရုံမျှသာဖြစ်သော်လည်း ၎င်းက ဖေးအတွက် လူသားများတွင် နတ်ဘုရားများလို တန်ခိုးကြီးသူ တစ်ဦးရှိသည်ကို နားလည်ရန် လုံလောက်ပါသည်။

လေတဖြူးဖြူးတိုက်ခက်နေပြီး နေလုံးကြီးက မိုးကုတ်စက်ဝိုင်းအတွင်း ဝင်သွားပြီဖြစ်သည်။

ဖေးသည် မျက်စိမှိတ်ပြီး ခေးအော့ပလ္လင်ပေါ်တွင်ထိုင်နေစဉ် ဤစွန့်စားမှု၏ အမြတ်အစွန်းများနှင့် ဆုံးရှုံးမှုများအပြင် ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘုရား

အဇာရို့သ် တိုက်ကြီးကို ယူဆောင်လာမည့် အကျိုးသက်ရောက်မှုကိုလည်း ပြန်တွေးနေခဲ့သည်။

သုံးနာရီကြာသည့်တိုင် ဖေးသည် ဘာမှ မလှုပ်မယှက် ကျောက်ရုပ်တုတစ်ခုလို နေခဲ့သည်။လေးနာရီကြာပြီးနောက် ဖေးသည် မျက်လုံး ပြန်ပွင့်လာသည်။

စိတ်ရှုပ်ထွေးမှုနှင့် မသေချာ မရေရာမှုများကို သူ၏ တောက်ပသော မျက်လုံးများတွင် မမြင်နိုင်တော့ပေ။ သူက ယုံကြည်မှုအပြည့်နှင့် ဆုံးဖြတ်ချက် ချလိုက်သည်။

ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး ခြေ လက်အညောင်းဆန့်လိုက်သည်။ ထို့နောက် လေးလေးနက်နက် အသက်ရှူထုတ်ကာ သူ့အနားရှိ ဘက်ကင်ဟမ်အား ပြုံးပြုံးရွှင်ရွှင်ဖြင့် “ကောင်းပြီ၊ သွားကြရအောင်” ဟု ပြောသည်။

"ဟမ်.. ဘယ်သွားမလို့လဲ"

"လီယွန်အင်ပါယာ၊ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ သွေးစွန်းနေတဲ့အရိုးစုကို စိုက်ထားတဲ့ အနက်ရောင်ဝတ်ရုံထဲက လျှို့ဝှက်ဆန်းကြယ်တဲ့သခင်ကို ရှာတွေ့အောင် ကူညီမယ်လို့ မင်း ငါ့ကို ပြောထားတယ်

မလား..."

ခေးအော့ပလ္လင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။

...

ဖေးနှင့် ဘက်ကင်ဟမ် ပျောက်သွားပြီး သိပ်မကြာခင်မှာပင်

လှိုင်းလုံးကြီးများ ထူထပ်စွာ စီးဆင်းနေသော သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ် တိတ်ဆိတ်စွာ ပေါ်လာသည်။ ဒီလူက အရပ်အမောင်း မြင့်မားပြီး ဝတ်ရုံရှည်ကြီး ဝတ်ထားသည်။ သူတို့ နှစ်ဦး ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို စိုက်ကြည့်နေစဉ် အနီရောင် မီးတောက်နှစ်ခုသည် သူ၏ မျက်လုံးအိမ်များတွင် ပေါ်လာသည်။

"အဲ့ဒါ သူပဲ တကယ်ပဲ သူပဲ ဒီအားနည်းတဲ့လူသားက နတ်ဘုရားဘုရင်ရဲ့ အမွေအနှစ်ကို ရခဲ့တာကိုး.. တခြားသူတွေရဲ့ ခွန်အားတွေကို ချေးယူတာတောင် ငါ သူ့ကို မသတ်နိုင်သေးဘူး ဒေါသထွက်စရာပဲ လုံလောက်တဲ့ စွမ်းအား မရှိရင် ငါ့ရဲ့ခွန်အားကို မြန်မြန်ပြန်မရနိုင်တော့ဘူး

အခု ငါက သူ့အတွက် ပြိုင်ဘက်မဟုတ်နိုင်ပေမယ့် တစ်နေ့တော့ ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ် ဟားဟား နတ်ဘုရားဘုရင်ရဲ့ အမွေအနှစ်က ငါ့အတွက်ပဲ ငါ့ဆီကနေ ဘယ်သူမှ လုယူလို့မရဘူး တစ်ကမ္ဘာလုံး ပျက်စီးသွားရင်တောင် ငါ ဂရုမစိုက်ဘူး ”

အနက်ရောင် ဝတ်ရုံထဲမှ ဝိဉာဉ် စွမ်းအားလှိုင်းများ ထွက်လာပြီး လေပြင်းမုန်တိုင်းလို လွင့်စင်သွားကာ ပို၍ပင် ဧရာမလှိုင်းလုံးကြီးများ ပေါ်ထွက်လာသည်။

"ဟုတ်ပြီ သူတို့ လီယွန်အင်ပါယာကို ဦးတည်နေတယ် ဟီးဟီး ငါ လီယွန်အင်ပါယာကို နောက်တစ်ခေါက် သွားရမယ့်ပုံပဲ..."

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဤ ပုံရိပ်သည် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လီယွန် အင်ပါယာ၏ နယ်မြေဆီသို့ ဦးတည်သွားခဲ့သည်။

အနက်ရောင်ဝတ်ရုံဝတ် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ် ပျောက်ကွယ်သွားပြီးနောက် မကြာမီတွင် နောက်ထပ်လှိုင်းကြီးတစ်ခုသည် ပင်လယ်အောက်ခြေမှ သမုဒ္ဒရာမျက်နှာပြင်ဆီသို့ ဝုန်းခနဲ ပုတ်ခတ်လာသည်။

၎င်းက အစောက ခဏတာ ပျောက်ကွယ်သွားသော ပင်လယ်မျိုးနွယ် မင်းသမီး ဖြစ်၏။

သူမ၏ ကိုယ်ကို ရွှေစွမ်းအင်မီးတောက်များ ဖုံးလွှမ်းထားသော ပင်လယ်မျိုးနွယ် မင်းသမီးသည် လှိုင်းလုံးကြီးပေါ်တွင် ရပ်ကာ လီယွန် အင်ပါယာ၏ ဦးတည်ရာဆီသို့ မျှော်ကြည့်လိုက်သည်။ ရွှေမျက်နှာဖုံးအောက်တွင် လူသတ်လိုစိတ်နှင့် အမုန်းတရားများက သူမ၏ ခရမ်းရောင် မျက်လုံးများမှ ထွက်လာသည်။

"ဒီလို ယုတ်မာတဲ့ ပူးပေါင်းကြံစည်သူ

သင်းရနံ့ပင်လယ်က ငါတို့ ပင်လယ်မျိုးနွယ် အသုံးချခံလိုက်ရပြီ အများကြီး ဆုံးရှုံးခဲ့ပြီ နှစ်ထောင်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ မြို့တော်ကြီး ပျက်စီးပြီး သန်းနဲ့ချီတဲ့ ငါ့နိုင်ငံသားတွေ အသတ်ခံခဲ့ရတယ် ငါတို့မျိုးနွယ်ရဲ့ နတ်ဘုရားတောင်မှ ဒဏ်ရာအပြင်းအထန် ရပြီး ပျောက်ကွယ်သွားခဲ့ပြီ တိုက်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကထက် ပိုအန္တရာယ်များလာတယ် ကမ္ဘာကြီးက ဒီလောက် ပြောင်းလဲသွားပြီလား ပင်လယ်မျိုးနွယ်က ကမ္ဘာ့ရဲ့ ထိပ်ဆုံးမှာ မရပ်တည်နိုင်တော့ဘူးလား တခြား ပင်လယ်ဒေသက မျိုးနွယ်စုတွေကို နိုးထစေပြီး သူတို့ကို စည်းရုံးရမယ် ငါတို့ရဲ့ ဂုဏ်ကျက်သရေကိုပြန်အဖတ်ဆယ်ဖို့ ပင်လယ်မျိုးနွယ်စုတစ်ခုလုံးရဲ့ အင်အားကို အသုံးပြုရမယ်"

All Chapters