← Chapters

တွေ့ရတာ ဝမ်းသာပါတယ် အရှင်.. (အပိုင်းတစ်)

Vol. 65 Ch. 986-1

တွေ့ရတာ ဝမ်းသာပါတယ် အရှင်.. (အပိုင်းတစ်)

Vol. 65 Ch. 986-1

တစ်နှစ်ကျော်လောက် ပိုပိုတိုးတက်လာပြီးနောက် ချမ်းဘော့ဒ်နိုင်ငံ‌၏

ထောက်လှမ်းရေးကွန်ရက်ဖြစ်သည့် ပို့စာရုံးသည် ဇင်းနစ် အင်ပါယာ၏ အပြင်ဘက်သို့ ရောက်ရှိခဲ့သည်။ ဇင်းနစ်မြို့မှ ကီလိုမီတာ ငါးသိန်း အကွာအဝေးရှိ နိုင်ငံများအားလုံးတွင် ထောက်လှမ်းရေး ဝန်ထမ်းများ ရှိကြပြီး ဇင်းနစ်၏ နံပါတ် ၁ ရန်သူ ဖြစ်သည့်

လီယွန် အင်ပါယာသည် ပို့စာရုံးအတွက် အဓိက ပစ်မှတ် ဖြစ်သည်။

အဘိုးကြီး ဇိုးလက်၏ စီမံခန့်ခွဲမှုအောက်တွင် ပို့စာရုံး၏ ဒေသဆိုင်ရာ ဌာနခွဲများသည် အပြင်တွင်သင့်လျော်သော စီးပွားရေးလုပ်ငန်းများ အယောင်ပြကာ

လီယွန်၏ မြို့ကြီးများနှင့် စစ်ဘက်မြို့များတွင် အနှံ့အပြား နေရာယူထားသည်။

ဖေးသည် ဤဆိုင်ထဲသို့ စိတ်ဝင်တစား ဝင်လိုက်သည်။

ခန်းမကြီးသည် ကျယ်ဝန်းလှပြီး နံရံများတွင် ထက်ရှသော လက်နက်မျိုးစုံ ချိတ်ဆွဲ ပြသထားသည်။ ဆိုင်ထဲတွင် အေးစက်သော ငွေရောင်အလင်းတန်းများ လင်းလက်နေသဖြင့် ခမ်းနားထည်ဝါလှသည်။

ဤဆိုင်၏ လုပ်ငန်းက စီးပွားရေးကောင်းပုံ‌ ပေါ်သည် ။ ကြေးစားစစ်သားများ၊ စစ်တပ် စစ်သားများနှင့် စစ်သည်တော်များ ကြိတ်ကြိတ်တိုးကာ ဝင်ထွက် သွားလာနေကြပြီး အချို့သော ကုန်သည်များနှင့် သူကောင်းမျိုးများကလည်း ကြိုက်နှစ်သက်ရာ လက်နက်များ အား ရွေးချယ် ဝယ်ယူ နေကြသည်။

ဖေးသည် ဓားနံရံဆီသို့ လျှောက်သွားကာ ပါးလွှာသော ဓားအတိုလေး တစ်လက်ကို အေးအေးဆေးဆေး ကောက်ယူလိုက်သည်။

ဓားက အတော်လေး ပေါ့ပါးသည်။ ၎င်း၏ ကိုယ်ခန္ဓာသည် ငွေရောင်အလင်းတန်း

တစ်ခုလိုပင်။ ဓားသည် ထက်မြက်နေပြီး ဓားကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်သောအခါ အေးစက်သော အရှိန်အဝါ တစ်ခု ခံစားမိသည်။

သိသာစွာပင် ဒိုင်ယာဘလိုကမ္ဘာမှ ရှားပါးသော လက်နက် သွန်းလောင်းနည်းကို အသုံးပြု၍ ဤဓားကို ပန်းပဲဆရာ ချာစီမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုဓားဟာ တိုက်ခိုက်ရေး လက်နက် မဟုတ်သော်လည်း အဖိုးတန် လက်နက်တစ်ခု ဖြစ်နေဆဲပါ။

ဓားချိတ်နံရံတွင် အခြားသော ဓားများလည်း ချိတ်ဆွဲ ပြသထား၍ ၎င်းတို့သည်လည်း ထိုအဆင့်တွင် ရှိနေပါသည်။

ဤဆိုင် အလွန် စီးပွားရေးကောင်းသည်က

မဆန်းပါချေ။

"မဂ်လာပါ ဧည့်သည်တော်ကြီး..ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဓားတစ်ချောင်းကို ရှာနေတာလား ဒီဓားကို ဘယ်လိုထင်လဲ၊ သဘောကျပါသလား မဟုတ်ရင် ဘယ်လိုဓားမျိုး လိုချင်လဲ ကျွန်မတို့ကို မေးကြည့်ပါနော် ကျွန်မတို့ဆိုင်မှာ လက်နက်မျိုးစုံ ရှိပါတယ် ရှင့်ရဲ့အကြိုက်တွေ့မှုနဲ့ ထပ်တူကျမယ်ဆိုတာ ကျွန်မ အာမခံပါတယ်ရှင့် "

ထိုသို့ ချိုလွင်သော ဆည်းလည်းသံနှင့်အတူ ဖေး အနားသို့ ရောက်ရှိလာသည်က လှပသည့် မိန်းမပျို တစ်ယောက်ပင်ဖြစ်သည်။

သူမ၏ ကိုယ်မှ မွှေးပျံ့သော ရနံ့ထွက်ပေါ်နေသည်။

သူမသည် ချောင်ဆမ် ဝတ်စုံကဲ့သို့ ၀တ်စားဆင်ယင်ထားသည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သည်။ သူမ၏ အနီရောင်ဆံပင်တိုတိုက သူမကို လန်းဆန်း တက်ကြွစေပြီး နူးညံ့သောမျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ကို ပိုင်ဆိုင်သည်။ သူမ၏ ရင်အစုံက မဖွံ့ထွားသော်လည်း သူမ၏ဝတ်စုံနှင့် တွဲဖက်လိုက်ရာ မိန်းမပျို၏ ရုပ်ရည်က ကျက်သရေရှိသည်။

အခုအချိန်မှာတော့ သူမက ဖေးကို နူးညံ့လှပစွာ ပြုံးပြီး ကြည့်နေသည်။

ဖေးလည်း သူမကို ပြန်ပြုံးပြလိုက်သည်။

ဤဝတ်စုံအမျိုးအစားက သူအားလပ်ချိန်များတွင် ဒီဇိုင်းထုတ်ခဲ့ခြင်းပါ။

ဆိုင်၏ အတွင်းပိုင်းအပြင်အဆင် ဒီဇိုင်းအပြင် ဗလတောင့်တောင့် ပန်းပဲဆရာများထက် အမျိုးသမီးငယ်များကို ဆိုင်ဝန်ထမ်းများအဖြစ် ငှားရမ်းခြင်း..

အားလုံးက သူ ပျင်းရိသောအခါတွင် ရလာသည့် စိတ်ကူးများ ဖြစ်သည်။

အဘိုးကြီး ဇိုးလက်က ပါရမီရှင်တစ်ဦးဖြစ်သည်။ ဖေး၏ ထူးဆန်းသော စိတ်ကူးများကို သူက ပြီးပြည့်စုံစွာ အကောင်အထည် ဖော်ခဲ့သည်။ ၎င်းကြောင့် စီးပွားရေးလုပ်ငန်းများတွင် ကြီးမားသော ရလဒ် ရရှိခဲ့ပါသည်။

ပို့စာရုံးသည် နယ်ပယ်များစွာတွင် ပါ၀င်‌ ခြေဆန့့်ထားသော်လည်း လက်နက်၊ မှော်ကျောက်တုံးများ၊ ဘဏ်လုပ်ငန်းနှင့် အစားအစာ လုပ်ငန်းများက အဓိက လုပ်ငန်းများဖြစ်သည်။

ဤပို့စာရုံးက ဒေသခံ ဌာနခွဲများ၏ အစစ်အမှန် လက္ခဏာကို ဖုံးကွယ်ထားပြီး အဆိုပါ ဆိုင်များသည် ချမ်းဘော့ဒ် နိုင်ငံတော်အတွက် ချမ်းသာကြွယ်ဝမှုများစွာကို ဖန်တီးပေးခဲ့သည်။

နောက် ကြီးကျယ်သော ကိစ္စတစ်ရပ်မှာ ဟိုရာဒရစ် ကုဗတုံး အကူအညီဖြင့်

အဆင့်နိမ့် မှော်ကျောက်တုံးများမှ ဖေးပေါင်းစပ်ထားသော အဆင့်မြင့် မှော်ကျောက်တုံးများကို ဤလမ်းကြောင်းများမှတစ်ဆင့် ရောင်းချနိုင်ခဲ့လေသည်။

ဓားအတို‌လေးကို နံရံပေါ် နေရာတကျ ပြန်တင်ပြီးနောက် ဖေးက အနီးအနားကို အကဲခတ်ရင်း ဟာသနှောသော အသံဖြင့်

"အိုး.. မင်းဆိုင်မှာ ဈေးအကြီးဆုံး လက်နက်ကို ငါ ဝယ်ချင်တာကွ.. ဘယ်လောက်ကျသင့်လဲ"

ဖေးသည် မကြာသေးမီက ပွပေါက်တိုးလာသူကဲ့သို့ သရုပ်ဆောင်လိုက်သည်။

ဆံပင်နီနီမိန်းကလေး၏ မျက်နှာပေါ်ရှိ အပြုံးသည် တစ်စက္ကန့်မျှ အေးခဲသွားပြီး ဖေးကို အသေးစိတ် အကဲခတ်သည်။

.......ဒီကောင်လေးက ရုပ်ရည်တော့ ချောတယ် အထူးသဖြင့် သူ့ရဲ့ ကြယ်လို တဖျတ်ဖျတ်လက်နေတဲ့ မှော်ဆန်တဲ့ မျက်လုံးတွေပေါ့.. သူက ချမ်းသာတဲ့ပုံတော့ မပေါ်ဘူး ဒါပေမယ့် သူ့လေသံက..ဘယ်လိုဖြစ်နေလဲ.......

အရောင်းဝန်ထမ်းမလေးက တိတ်တဆိတ် တွေးလိုက်သည်။

ထို့နောက် သူမက မျက်မှောင် ဖွဖွကြုတ်ကာ လှပသော မျက်နှာထက်ဝယ် စိတ်ရှည်သော အပြုံးတစ်ပွင့် ဖန်တီးရင်း ဖေးအား ရှင်းပြလာသည်။

"ဧည့်သည်တော်ကြီး..လက်နက်ကို ရွေးချယ်တဲ့အခါမှာ ရှင့်ရဲ့ ခွန်အားနဲ့ အလေ့အကျင့်နဲ့ ကိုက်ညီတဲ့ လက်နက် အမျိုးအစားကို ကိုင်ဆောင်တာက အကောင်းဆုံးပါပဲ လက်နက်တစ်ခုစီမှာ သူ့ကိုယ်ပိုင်ထူးကဲမှုလေးတွေ ရှိပြီး အကေွာင်းဆုံး လက်နက်က ရှင့်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ လက်နက်ပါပဲ ပုံမှန်အားဖြင့် ဈေးအကြီးဆုံး လက်နက်က ဧည့်သည်တော်ကြီးအတွက် အကောင်းဆုံး လက်နက်တော့ မဟုတ်ပါဘူး "

သူမသည် ဂရုတစိုက်ရှိလှသည်။ဝယ်သူအား မထီမဲ့မြင်ပြုခြင်း သို့မဟုတ် စိတ်မရှည်ခြင်းတို့ ရှိမနေပေ။

"အဲ.."

ဖေး အနည်းငယ် အံ့သြသွားသည်။

ပို့စာရုံး ငှားရမ်းထားသော အရောင်းဝန်ထမ်းများသည် မြင့်မားသော လခနှုန်းထား ခံစားခွင့် ရှိကြောင်း သူ သိသည်။

ဖေးက မော်ဒန်ခေတ်မှ စီးပွားရေးအကြံဉာဏ်များကို သူနှင့်အတူ ယူဆောင်လာသည် ဖြစ်ရာ ဤအရောင်းသမားများသည် ကော်မရှင်တစ်ခုဖြင့် အခြေခံလုပ်ခကို ခံစားခွင့် ရှိသည်။

ဈေးအကြီးဆုံးလက်နက်အား မေးလာသည့်အခါ ဒီမိန်းကလေးက ပီတိဖြစ်လိမ့်မည်။ သူ့ကို ဒီမှာ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ဆီ ခေါ်သွားလိမ့်မည်။ ထို့နောက် သူသည် ထိုဩဇာအရှိဆုံး ပုဂ္ဂိုလ်အား သူ၏ အမည်ဂုဏ်ထူးကို ထုတ်ဖော်ပြောပြပြီး သူ လိုအပ်သော သတင်း အချက်အလက်ကို စစ်မေးနိုင်မည်ဟု ဖေးက တွက်ဆထားခဲ့သည်...။

All Chapters