တွေ့ရတာ ဝမ်းသာပါတယ် အရှင်.. (အပိုင်းနှစ်)
Vol. 65 Ch. 986-2
သို့သော်လည်း ဤမိန်းကလေး၏ တိုက်ရိုက်တုံ့ပြန်မှုသည် ဖေးအား အနည်းငယ် မှင်သက်သွားစေခဲ့သည်။
ဖေးက လက်နှစ်ဖက်သုံးဓားရှည်ကြီးကို ပေါ့ပါးစွာ ဆွဲယူလိုက်ပြီး ဓားကိုယ်ထည်ကို သူ့လက်ချောင်းဖြင့် ခေါက်လိုက်ကာ မေးလိုက်သည်။
" မင်း နာမည် ဘယ်လိုခေါ်လဲ "
သူမသည် အနည်းငယ် ရှက်သွားသည်။
ခပ်ချောချော လူငယ်တစ်ယောက်က ပုဂ္ဂိုလ်ရေး မေးခွန်းကို ထုတ်မေးလာပြီးနောက် မိန်းမပျိုသည် ရှက်သွားသည်မှာ
ပုံမှန်အရာတစ်ခုပါပဲ။
ဖေးက သူမကို ဂရုမစိုက်ဘဲ လက်ထဲက ဓားကိုသာ အာရုံစိုက်နေတာကို မြင်လိုက်ရတော့ သူမ၏ ရှက်ကိုးရှက်ကန်း အမူအရာကို အမြန်ဖုံးကွယ်ပြီး “ ကျွန်မ နာမည်က
ဂရေ့စ်အယ်လင်ပါ” ဟု ပြန်ဖြေလိုက်သည်။
ထို့နောက်မှာတော့ အယ်လင်၏ မျက်နှာက ပူလောင်လာပြန်ပြီး သူမကိုယ်သူမ သတိပေးနေသည်။
"ဘာတွေ ဖြစ်နေတာလဲ
ငါ ဒါလို တစ်ခါမှ မဖြစ်ဖူးပါဘူး ဘာလို့ ခေါင်းတွေ ဝေဝါးနေတာလဲ ဒီလူရဲ့ တောက်ပပြီး အလိုက်သိသလို မျက်လုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါ့နှလုံးသားက အလိုလို ခုန်ပေါက်နေတယ် "
"ဂရေ့စ်အယ်လင်...နာမည်ကောင်းပဲညကောင်းပြီ အယ်လင် ငါ ဆိုင်ကြီးကြပ်သူကို တွေ့ချင်တယ်.."
"အဲ..ဟုတ်ကဲ့..... ရပါတယ်ရှင့်"
ဂရေ့စ်အယ်လင်က သူမကိုယ်သူမတည်ငြိမ်အောင် ပြုပြင်ရင်း အပြုံးနှင့် ပြန်ဖြေသည်။
သို့သော် သူမ၏ အဖြေကြောင့် သူမကိုယ်သူမ ပြန်လန့်သွားသည်။
" ဟဲ့ ..နင် ဘာပြောလိုက်တာလဲ ရူးသွားပြီလား မန်နေဂျာက ဘယ်လောက် အလုပ်ရှုပ်လိုက်သလဲ နင် အသိပဲလေ သူက သာမန်ဖောက်သည်တွေနဲ့ မတွေ့ဘူး "
အယ်လင် သူမကိုယ်သူမ တွေးနေမိသည်။
သူမက မရနိုင်ဘူးဟု ငြင်းဆိုမည်အပြု မည်သည့်အကြောင်းကြောင့် မသိ၊ သူမ ပြောချင်တာနှင့် ဆန့်ကျင်ဘက် ထွက်လာခဲ့သည်။
ဖေးက ပြုံးပြီး ပြောသည်။
"ကျေးဇူးအများကြီး တင်ပါတယ် ကျေးဇူးပြုပြီး လမ်းပြပေးနော်.."
“ဟုတ်…ဟုတ်ကဲ့”
အယ်လင်က ခပ်ကြောင်ကြောင်လေး ပြန်တုံ့ပြန်သည်။
"သေပြီ ငါတော့ အဆုံးသတ်ပြီ!"
သူမသည် သူမကိုယ်သူမ သတိပေးသည့်အနေဖြင့် တိတ်တဆိတ် လိမ်ဆွဲလိုက်သည်။ ညှို့ငင်ခံနေရသလိုပင် အယ်လင်သည် ဤခပ်ချောချော ကောင်လေးကို
မငြင်းဆန်နိုင်ပေ။ မဟုတ်ဘူးဟု ပြောမည် ကြံတိုင်း သူမ နှုတ်ဖျားမှ ဆန့်ကျင်ဘက်တွေ ထွက်လာသည်။
စည်ကားနေသော လူအုပ်ကြီးကို ကျော်ဖြတ်ပြီး အပေါ်ထပ်လှေကားအား တက်ပြီးနောက် စတုတ္ထထပ်သို့ ရောက်ရှိလာသည်။
သူမတို့သည် အနီရောင်တံခါးကြီးတစ်ခုပါရှိသည့် စတုတ္ထထပ်၏ အလယ်ဗဟိုရှိ အခန်းတစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။
သူတို့ အပေါ်သို့ တက်နေချိန်မှာ အယ်လင်သည် သူမကိုယ်သူမ အလုပ်ထုတ်မခံပါရစေနဲ့ဟု ဆုတောင်းလာခဲ့သည်။
လုပ်ဖော်ကိုင်ဖက် အားလုံးကလည်း သူမကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။
ဒေါက်! ဒေါက်! ဒေါက်! (တံခါးခေါက်သံ)
"ကျေးဇူးပြုပြီး ဝင်ပါ!"
အတွင်းမှ တည်ကြည်ခန့်ညားသော အသံတစ်ခု ထွက်ပေါ်လာသည်။
အယ်လင်တစ်ယောက် အော်ငိုမိတော့မည်။ သူမသည် တံခါးကို အသာလေး တွန်းဖွင့်ပြီး ခပ်ကုပ်ကုပ်အမူအရာဖြင့် ဖေး ကို အထဲသို့ ခေါ်လာရပါသည်။
ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်ဖြစ်သော ပြတင်းပေါက်..
ထိုပြတင်းပေါက် အရှေ့တွင် တည်ရှိသော စားပွဲနောက်တွင် ဆံပင်အဖြူရောင်နှင့်လူတစ်ယောက် ထိုင်နေသည်။ အယ်လင်က ခေါင်းကို ညွှတ်ကာအရိုအသေပေးလိုက်ပြီး မဝံ့မရဲ ပြောသည်။
"မန်နေဂျာ ကိန်း ဒီဧည့်သည်... ဆရာ့ကို တွေ့ချင်တယ်လို့ ပြောပါတယ် " ဟု ပြောလိုက်သည်။
မန်နေဂျာ ကိန်းသည် ငွေဖြူရောင် ဆံပင်ရှိပြီး ပိန်ပါးသော ခန္ဓာကိုယ် ရှိသည်။ သို့သော် သူက အသက်ကြီးပုံ မပေါ်ပါ။
ထိုသူက လီယွန်အင်ပါယာတွင် လူကြိုက်များခဲ့သော အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့နှာခေါင်းပေါ်တွင် ရွှေအနားကွပ် သလင်းမျက်မှန်တစ်လက် တပ်ထားသည်။ သူက တည်ကြည်ခန့်ညား၍ ထက်မြက်သည့် ပုံပေါက်ကာ အထက်တန်းလွှာတစ်ဦးလိုပင်။
သို့သော် သလင်းမျက်မှန်နောက်ကွယ်မှ တောက်ပသော မျက်လုံးများက အရာရာကို စနစ်တကျ တွက်ချက်တတ်ပုံရသည်။
အယ်လင်၏ စကားကို ကြားတော့ မန်နေဂျာ ကိန်းက ဖေးအား အံ့သြစွာ စူးစမ်းလာသည်။ ထို့နောက် သူက ခေါင်းငုံ့ကာ ရှက်ရွံ့နေသော အယ်လင်ကို ပြန်ကြည့်ကာ သူ့မျက်နှာတွင် ဒေါသလှိုင်းထလာသည်။ သို့သော် သူ့ခံစားချက်ကို
မဖော်ပြခဲ့ပေ။
မန်နေဂျာ ကိန်းသည်သူ့လက်ကို ဝှေ့ယမ်းကာ အယ်လင်အား ထွက်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် ဖော်ရွေသော အပြုံးနှင့် ဖေးကို မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
ထို့နောက် နားမလည်နိုင်သောအမူအရာဖြင့်
သူ့ရှေ့မှ လူငယ်အား မေးသည်။
“ဧည့်သည်လေး ကျုပ်နဲ့ တွေ့ချင်တာ ဘာကိစ္စရှိလို့လဲ…”
ပို့စာရုံးမှ အဘိုးကြီး ဇိုးလက်နှင့် လူငယ် လေး မိုဒရစ်အပြင် ထိပ်တန်းအရာရှိအနည်းငယ်ကသာ အဖွဲ့အစည်းသည် ချမ်းဘော့ဒ် နိုင်ငံမှ ပိုင်ကြောင်း သိကြသည်။ အများစုမှာတော့ အရှင်သခင် ဖြစ်သော ဖေးကို မသိကြပါ။
ကိန်းက ထယ်လန်မြို့၏ စီးပွားရေးအတွက် တာဝန်ယူခဲ့သော်လည်း ဖေး မည်သူ ဖြစ်သလဲ သူ မသိပါ။
ဖေးက ပြုံးပြီး စကားမပြောဘဲ ကိန်း၏ တစ်ဖက်က လှပသည့် နာရာသစ်သား ထိုင်ခုံပေါ်မှာ နေရာယူလိုက်သည်။
သို့သော် သူ၏ ဝိညာဉ်စွမ်းအင်များ ဖြန့်ကျက်ကာ အခန်းကို စစ်ဆေးကြည့်နေပြီဖြစ်သည်။
အခန်းထဲတွင် လအဆင့် မှော်အခင်းအကျင်း ခြောက်ခုထက်မနည်း စီရင်ထားပြီး လျှို့ဝှက်ခန်းထဲတွင်
သေးငယ်သော တယ်လီပို့အခင်းအကျင်းနှစ်ခု၊ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းနှစ်ခုနှင့် လျှို့ဝှက်ခန်းထဲတွင် ကြယ်ငါးပွင့်သူရဲကောင်း ခြောက်ဦး တာဝန်ယူ စောင့်ကြပ်နေကြသည်။
ဤအခန်းသည် အလွန်လုံခြုံသည်။
လီယွန်၏တရားဝင်စစ်တပ်က ဤအဆောက်အအုံကို ဝိုင်းရံထားလျှင်ပင်၊ ဤတပ်ဆင်မှုသည် တယ်လီပို့စနစ် သို့မဟုတ် လျှို့ဝှက်ဥမင်လိုဏ်ခေါင်းကို အသုံးပြု၍ ဤနေရာမှမထွက်ခွာမီ စာရွက်စာတမ်းအားလုံးကို ဖျက်ဆီးရန် ကိန်းအတွက် အချိန်အလုံအလောက် ရသည်။
ပို့စာရုံး၏ အရည်အသွေးသည် ဖေး၏ ခန့်မှန်းချက်ထက် ကျော်လွန်နေပါသည်။
"ဧည့်သည်လေး၊ မင်း ငါ့ကို ဘာလို့ ရှာနေတာလဲ၊ ကျေးဇူးပြုပြီး ပြောပါ။"
ကိန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ရှေ့က ဒီလူငယ်ဟာ အစွမ်းထက်ပြီး အန္တရာယ်များသည်ဟု သူ့ပင်ကိုယ်သိစိတ်က ပြောပြသည်။ ထို့ကြောင့် ညာလက်ကို သူ့နောက်သို့ ရွှေ့ကာ အချက်ပြလိုက်သည်။ နောက်တစ်စက္ကန့်မှာ မရိုးသားတာ တစ်ခုခု လုပ်ဆောင်လာလျှင် မှော်အခင်းအကျင်းတွေ အသက်ဝင်လာပြီး လျှို့ဝှက်ခန်းထဲမှာ ပုန်းအောင်းနေသည့် စစ်သည်တော်တွေက လှုပ်ရှားကြလိမ့်မည်။
ဖေးကလည်း ဒါကို သတိထားမိပြီးသားဖြစ်၏။ သူသည် ခပ်ပြုံးပြုံး ရှိနေပြီး လက်ဖဝါးကို ဖြန့်ပြကာ အဖိုးတန်
အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ဖော်လိုက်သည်။
၎င်းကို သန့်စင်သော အနက်ရောင် ကျောက်တုံး အနှစ်သာရဖြင့်ပြုလုပ်ထားပြီး ခွေးနက်ကြီး ပုံစံ ခြယ်မှုန်းထားသည်။
၎င်းကို ပန်းပဲဆရာ ချား မှ ဖန်တီးထားကာ ၎င်းတံဆိပ်ပြားသည် အသက်ဓာတ် ရှိသလိုပင် မြင်ရသူများအား ခံစားရစေသည်။
"ခင်..ခင်ဗျားက..."
ကိန်း အံ့သြသွားသည်။
တံဆိပ်ပြားကို သေသေချာချာ စစ်ဆေးပြီး စစ်မှန်ကြောင်း အတည်ပြုပြီးနောက် ကိန်းသည် ရုတ်တရက်ကြီး ဒူးထောက်ချလိုက်တော့သည်။
"ကျွန်တော့်နာမည်က ဆော်လမွန်ကိန်း ပါ..အရှင်.. တွေ့ရတာ ဝမ်းသာပါတယ် အရှင်!"
End