လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု (အပိုင်း ၁)
Vol. 65 Ch. 987-1
ပို့စာရုံးအတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော ထိပ်တန်း တံဆိပ်ပြားလေးခုရှိသည်။
အနီရောင်နဂါး တံဆိပ်ပြားသည် အဘိုးအို ကို ကိုယ်စားပြုသည်။ အပြာရောင်နဂါးသင်္ကေတသည် လူငယ်ကို ကိုယ်စားပြုသည်။ အစိမ်းရောင်နဂါး တံဆိပ်ပြားသည် အဖွဲ့အစည်း၏ ထိပ်သီး ခေါင်းဆောင် ဖြစ်သော သွေးဝါ ဝတ်ရုံကို ကိုယ်စားပြုသည်။
ပို့စာရုံး၏ အဓိက အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကိန်းသည် ဤတံဆိပ်ပြား သုံးခုလုံးကို တွေ့မြင်ရလောက်အောင် ကံကောင်းခဲ့သည်။
အဖွဲ့အစည်းကို တည်ထောင်သူနှင့် လျှို့ဝှက်ဆန်းကြယ်သော အုပ်ချုပ်သူ တစ်ဦးတည်းသာ ခွေးနက်တံဆိပ်ပြားအား ပိုင်ဆိုင်သည်။ ခွေးနက်တံဆိပ်ပြားသည် ယခင်က တစ်ကြိမ်တစ်ခါမျှ မပေါ်ထွက်ခဲ့ဖူးပါ။
ကိန်းသည် ဤဒဏ္ဍာရီလာ အုပ်ချုပ်သူကို သူ့ တစ်သက်တာ တွေ့ခွင့်ရမည် မဟုတ်ဟု တွေးထားသော်လည်း ထိုအရှင်သည် ယနေ့ သူ့ရှေ့တွင် မမျှော်လင့်ဘဲ ပေါ်လာခဲ့သည်။
ကိန်းသည် ဖေး၏ အစစ်အမှန် နောက်ခံကို မသိပါ။ ဤချောမောသောမျက်နှာပိုင်ရှင် လူငယ်သည် သူ့စိတ်ကူး၌ ပုံဖော်ထားသော အဖွဲ့အစည်းကို တည်ထောင်သည့် အုပ်ချုပ်သူ ပုဂ္ဂိုလ်ကြီး၏ ပုံပန်းသွင်ပြင်နှင့် မကိုက်ညီပါ။ သို့သော် ဤတံဆိပ်ပြားသည် အစစ်အမှန် ဖြစ်ကြောင်း သူ သိသည်။
ဤတံဆိပ်ပြားကို ကိုင်ဆောင်ထားသူသည်
ပို့စာရုံး အဖွဲ့ဝင်တိုင်းကို အမိန့်ပေးနိုင်စွမ်း ရှိကာ အဖွဲ့အစည်း၏ အရင်းအမြစ်အားလုံးကို လက်ညှိုးညွှန်နိုင်သည်။
“ကျေးဇူးပြုပြီး ထပါ။”
ဖေးသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မမြင်နိုင်သော စွမ်းအင်တစ်ခုက ကိန်းအား မြေပြင်မှ ထရန် ကူညီပေးခဲ့သည်။
ဖေး၏ လှုပ်ရှားမှုသည် ကိန်းကို မှင်သက်စေခဲ့သည်။
ကိန်းက အားမနည်းသော ကြယ်ငါးပွင့် မှော်ဆရာတစ်ယောက်ပါ။ သို့သော်၊ သူသည် ဤမမြင်နိုင်သောစွမ်းအား၏ရှေ့တွင် အလွန် အားနည်းစွာ ခံစားရပြီး ဤစွမ်းအားက သူ့ကို တိုက်ခိုက်ပါက လုံးဝပြန်မတိုက်နိုင်ပါ။ ထို့ကြောင့်၊ သူသည် ဖေး၏ အရိုက်အရာသည် ပို့စာရုံး၏ အုပ်ထိန်းသူဖြစ်ကြောင်း အသေအချာ သိခဲ့သည်။
“အရှင်... ဒီနေ့ ဘာလို့ ဒီကို လာရောက်ခဲ့ပါသလဲ”
“ကျွန်တော်က ခရီးသွားလာရင်း အဇာရို့သ်တိုက်ကြီးမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့လားဆိုတာ စစ်ဆေးရုံပါ “
“အရှင် လွန်ခဲ့တဲ နှစ်လခန့်က တိုက်ကြီးငါးခုဟာ ပရမ်းပတာဖြစ်ခဲ့ပါတယ် ဒီခေတ်က အင်ပါယာအားလုံး အချင်းချင်း တိုက်ခိုက်တဲ့ ခေတ်ပါပဲ နေရာတိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး အရမ်းအင်အားကြီးတဲ့ အင်ပါယာတွေပါ ပါဝင်ပတ်သက်နေတယ် ဒါကြောင့် သတင်းကြီးတွေကတော့ အစုံပါပဲ အခုအချိန်မှာ ပျံနှံ့နေတဲ့ ကောလဟာလ တချို့ကတော့ ရင်သပ်ရှုမောစရာ သတင်းတွေပေါ့ “
“အိုး ကျွန်တော့်ကို ပြောပြပါဦး “
“ဟုတ်ကဲ့ပါ အရှင် ပထမတစ်ချက်ကတော့ ပင်လယ်ကပြန်လာတဲ့ ကုန်သည်သင်္ဘောနဲ့ တံငါသည်တွေဆီကပါ ဒဏ္ဍာရီခေတ်မှာ တန်ခိုးကြီးတဲ့မျိုးနွယ်စုတွေထဲက တစ်ခုဖြစ်တဲ့ ပင်လယ်မျိုးနွယ်ဟာ အနှစ်တစ်ထောင်ကျော် အစအန ပျောက်ပြီးနောက် ပြန်လည် ထွက်ပေါ်လာပါပြီ ဒီလူတွေပြောတာတော့ ပင်လယ်မျိုးနွယ်စုက သင်းရနံ့ပင်လယ်မှာ ထွက်လာတာ သူတို့မြင်လိုက်ရတယ်လို့ အခိုင်အမာ ပြောနေကြတယ် ခရီးသွား ကဗျာဆရာတွေကလည်း ဟောဟိန်းတွေ ထုတ်ကြတယ်..တိုက်ကြီးမှာ တကယ့် အပျက်အစီးဖရိုဖရဲ ဖြစ်မယ့် လက္ခဏာတဲ့ဗျာ..ပင်လယ်မျိုးနွယ်စုအပြင် လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပျောက်ကွယ်သွားတဲ့ အခြားမျိုးနွယ်တွေအားလုံး ပြန်လာမှာဖြစ်ပြီး လက်ရှိကမ္ဘာကြီးရဲ့ အုပ်စိုးရှင်ဖြစ်တဲ့ ကျွန်တော်တို့လူသားတွေနဲ့ ခေါင်းဆောင်နေရာအတွက် စစ်ခင်းတော့မယ်လို့ သူတို့ဟောခဲ့ကြတယ် ”
“ အိုး “
ဖေးသည် ညည်းညူကာ ခေါင်းညိတ်လိုက်သည်။
ဤသတင်းက အနှေးနှင့် အမြန်ဆိုသလို ပေါက်ကြားလာတော့မည်ဆိုတာ သူ ခန့်မှန်းမိသည်။ အရမ်းတော့ မအံ့သြမ်ိပါ။
ကိန်းက ဆက်လက် အစီရင်ခံလာသည်။
“လွန်ခဲ့တဲ့ ခြောက်ရက်၊ ခုနစ်ရက်လောက်က သင်းရနံ့ပင်လယ်မှာ နှစ်ရာနဲ့ချီ မတွေ့ဖူးသေးတဲ့ အင်အားကြီး ဆူနာမီ လှိုင်းလုံးကြီးတွေ ကမ်းရိုးတန်း အားလုံးကို ရိုက်ခတ်ခဲ့ပါတယ်။ သင်းရနံ့ ပင်လယ်ဝန်းကျင်က အင်ပါယာတွေရဲ့ မြို့ရွာအားလုံးဟာ ပျက်စီး ဆုံးရှုံးသွားတာပေါ့၊ တစ်ခုတည်းသော မပ်ြမစိီးတဲ့ ချွင်းချက်ကတော့ ဇင်းနစ်
အင်ပါယာရဲ့ ဘိုင်ဇန်တိုင်း နိုင်ငံပါပဲ...
လီယွန်အင်ပါယာရဲ့ တပ်တွေက ဘိုင်ဇန်တိုင်းကို တိုက်ခိုက်နေကြတော့ ဘိုင်ဇန်တိုင်းနိုင်ငံသားတွေဟာ မြောက်ဘက်ကို ပြောင်းရွှေ့ကြပြီး သဘာဝ ဘေးအန္တရာယ်ကို ရှောင်ရှားပြီးသားဖြစ်သွားတာပေါ့ဗျာ... ပင်လယ်မျိုးနွယ်က ဆူနာမီကို ဖန်ဆင်းတာ၊ကျွန်တော်တို့ကို သက်သက် စိန်ခေါ်နေတာ..အခု အင်ပါယာတချို့တောင် အချင်းချင်း မဟာမိတ်ပြုပြီး ပင်လယ်မျိုးနွယ်ကို စစ်ကြေညာဖို့ ပြင်ဆင်နေကြတယ်..”
“အင်း၊ သိပါပြီ ၊ဆက်ပါဦး။”
“ဟုတ်ကဲ့ ပိုတုန်လှုပ်စရာကောင်းတဲ့သတင်းကတော့ သိုင်းသူတော်စင်မာရာဒိုနာရဲ့ နံပါတ် နှစ်တပည့် ဒီအလက်ဇန်ဒါရိုဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်က လီယွန် မြို့တော်မှာ ရုတ်တရက် ကြီးပေါ်လာခဲ့တယ် သူ ဒဏ်ရာအပြင်းအထန် ရလာတာ တကယ့်ကို မယုံနိုင်စရာပဲ ဒီအလက်ဇန်ဒါရိုက ဇင်းနစ်အင်ပါယာရဲ့ အရည်အချင်းရှိတဲ့ ပါရမီစစ်သည်တော်လည်းဖြစ် ဇင်းနစ်ရဲ့ တော်ဝင်သိုင်းသူတော်စင်လည်း ဖြစ်တဲ့ ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားက လူသားမျိုးနွယ်အပေါ် သစ္စာဖောက်ခဲ့တယ်လို့ ပြောခဲ့တယ်...အဲ့ဒီချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားနဲ့ သူ မကြာသေးမီက ဖမ်းမိထားတဲ့ လိီယွန်ဘုရင် ဘက်ကင်ဟမ်တို့ အပေါင်းအပါနှစ်ယောက်က ပင်လယ်မျိုးနွယ်နဲ့ ပူးပေါင်း ကြံစည်ပြီး သိုင်းသူတော်စင် မာရာဒိုနာရဲ့ နံပါတ် တစ် တပည့် ဆာဗီအိုလာကို သတ်ဖြတ်ခဲ့ပြီး ပင်လယ်အောက်ခြေမှာ ပိတ်လှောင်ထားတဲ့ ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုး နတ်ဘုရားကို လွှတ်ပေးခဲ့တယ်တဲ့ ဒါကြောင့် ဒီအလက်ဇန်ဒါရိုက အပြင်းအထန် ဒဏ်ရာရခဲ့ပြီးသင်းရနံ့ ပင်လယ် အနိီးတဝိုက်က လူသားတွေဟာ အကြီးအကျယ် ခြိမ်းခြောက်ခံနေရတာပေါ့ “