← Chapters

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု (အပိုင်း ၂)

Vol. 65 Ch. 987-2

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှု (အပိုင်း ၂)

Vol. 65 Ch. 987-2

“ဖူး!”

ဖေးသည် သူ သောက်လိုက်သော ရေကိုပင် ထွေးထုတ်မိသွားသည်။ သူက မျက်လုံး ပြူးသွားပြီး

“ဘာ ချမ်းဘော့ဒ်ဘုရင်က လူသားတွေကို သစ္စာဖောက်ခဲ့တယ်၊ ဘက်ကင်ဟမ်နဲ့ အတူ ပင်လယ်မျိုးနွယ်စုနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ နတ်ဆိုးတစ်ပါးကို လွှတ်ပေးခဲ့တယ် ဟုတ်လား ”

ထိုအခါ ကိန်းက အနည်းငယ် အံ့သြသွားပြီး

သူ့ဘာ့သာ မှတ်ချက်ချလိုက်သည်။

“ ဘာကြီးလဲ..ပင်လယ်မျိုးနွယ်ရဲ့ သတင်းကို ကြားရတဲ့အခါ အုပ်ချုပ်သူ သိပ်တောင် မအံ့သြဘူး..သိုင်းသူတော်စင် မာရာဒိုနာရဲ့ နံပါတ် နှစ်တပည့် ဒီအလက်ဇန်ဒါရိုရဲ့ သတင်းကို ပြောတဲ့အခါလည်း သူ့အမူအရာက လုံးဝပြောင်းလဲမသွားဘူး။ ဒါပေမယ့် ချမ်းဘော့ဒ်ဘုရင်အလက်ဇန္ဒား က လူသားမျိုးနွယ်ကို သစ္စာဖောက်တယ်လို့ ငါပြောပြတဲ့အခါ သူ ဘာကြောင့် အရမ်း

အံ့သြသွားရပါလိမ့် “

ကိန်းက ရင်တွင်း ဇဝေဇဝါ ဖြစ်နေသော်လည်း သူ့သိချင်စိတ်ကို ထိန်းကာ ခေါင်းညိတ်ပြသည်။

“မှန်ပါတယ် ဒီအလက်ဇန်ဒါရို ကိုယ်တိုင် ပြောခဲ့တာပါ ပြီးတော့ သင်းရနံ့ ပင်လယ် ဝန်းကျင်ရှိ အင်ပါယာတွေအားလုံးက သူ့ကို ယုံကြည်ကြတယ် ပြောရရင် လူကြီးမင်း ဒီအလက်ဇန်ဒါရိုက သိုင်းသူတော်စင် မာရာဒိုနာကို ကိုယ်စားပြုတယ် လေ ဒါကြောင့် လူတွေက သူ့ကို မလိမ်ညာနိုင်ဘူးလို့ ယုံကြည်ကြတယ်၊ လီယွန် အင်ပါယာက ဒီအခွင့်အရေးကို အသုံးချတယ်၊ သူက ဒီအလက်ဇန်ဒါရိုနဲ့အတူ အနီးအနားအင်ပါယာတွေနဲ့ မဟာမိတ်ပြုပြီး ဇင်းနစ်အင်ပါယာကို အတူတကွ ဖိအားပေးကြတယ်.. သူတို့က ချမ်းဘော့ဒ်ဘုရင်ရဲ့ ကျင့်ကြံခြင်းခွန်အားကို ဖျက်ဆီးပြီး သူ့ကို လက်လွှဲပေးဖို့

ဇင်းနစ် တော်ဝင်မိသားစုကို တောင်းဆိုနေတယ် မနာခံရင် မဟာမိတ်တွေက

ဒီအလက်ဇန်ဒါရို ခေါင်းဆောင်မှုအောက်မှာ အင်အားကြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး ချမ်းဘော့ဒ်ဘုရင်အပါအဝင် ဇင်းနစ်တော်ဝင် မိသားစု တစ်ခုလုံးကို သုတ်သင်ပစ်မှာ”

“ ဒီအလက်ဇန်ဒါရို “

ဖေး ဒေါသတကြီး အံကြိတ်ပြီး ဒီနာမည်ကို ပြင်းပြင်းထန်ထန် ရေရွတ်လိုက်သည်။

“ ဒီ သောက်ကျင့်ယုတ်တဲ့ ခွေးမသား

ဒီအတိုင်းအတာအထိ အရှက်ကင်းမဲ့ရလား အရာအားလုံးကို လိမ်ညာဇာတ်လမ်းဆင်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ငါ့ကို အပြစ်ဖို့တယ်ပေါ့ “

ဖေးသည် အရမ်း ဒေါသထွက်သွားတော့ သူ့လက်ထဲက သလင်းကျောက်ခွက်က အသံပင် မထွက်ဘဲ အမှုန့်ကြေသွားသည်။ ထိုအမှုန့်တွေ စားပွဲပေါ် မတက်လာခင်မှာ အငွေ့ပျံပြီး လေထဲကို ပျောက်သွားရသည်။

ယခု တစ်ကြိမ်ကတော့ ကိန်း အံ့အားသင့်ရမည့် အလှည့်ပါ။

ဤခွက်ကို ထိပ်တန်းသတ္တုသလင်းကျောက်ဖြင့် ထွင်းထုထားပြီး ရွှေဒင်္ဂါး တစ်ရာ ကျော် အဖိုး ထိုက်တန်သည်။

ဟုတ်ပါသည်။ သတိထားရမည့် အချက်ကတော့ သတ္တုသလင်းကျောက်ဟာ အဖိုးတန်သတ္တုတွေထက် မနိမ့်ကျဘဲ အလွန်မာကျောပါသည်။ ကြယ်ငါးပွင့်အဆင့်ထက် ကျော်လွန်သူတိုင်းအတွက် ဖန်ခွက်ကို ခွဲရန် မခဲယဉ်းပေ။

သို့သော် ၎င်းကို သဲမှုန်များထက် သေးငယ်သော အမှုန့်အဖြစ်သို့ ပြောင်းလဲရန်ကမူ စွမ်းအားများစွာ လိုအပ်ပါသည်။

လူသားတစ်ဦး မည်မျှ အစွမ်းထက်သလဲ

ကိန်းအနေနှင့် မသေချာသော်လည်း လအဆင့်တစ်ပိုင်းအဆင့်က ဒါကို မလုပ်နိုင်ဘူးဆိုတာတော့ ကျိန်းသေသည်။

“အဖွဲ့အစည်းရဲ့ စစ်မှန်တဲ့ အုပ်ချုပ်သူက အရမ်းငယ်ပေမယ့် သူက အသက်နဲ့

မလိုက်ဖက်အောင် စွမ်းအားကြီးနေပြီ”

အသက် ငယ်ငယ်လေးဖြစ်နေ၍ ဖေးကို အနည်းငယ် အထင်သေးနေသော ကိန်း သည် စိတ်ထဲ၌ အမှတ်များ ပေးမိသွားကာ သဘောထား ရုတ်ချည်း ပြောင်းလဲသည်။

ဖေးသည် ခဏတာမျှပင် တည်ငြိမ်မှု ပျောက်ဆုံးသွားသည်။ သူသည် လျင်မြန်စွာ တုံ့ပြန်ပြီး မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်မှ မျက်နှာကြက်အထိ အပြည့်ဖြစ်သော ပြတင်းပေါက်ဆီသို့ လှမ်းကြည့်ကာ သူ့အတွေးများကို စုစည်းရန် ကြိုးစားသည်။

သိုင်းသူတော်စင် မာရာဒိုနာ ၏နံပါတ် နှစ် တပည့်ဖြစ်သောကြောင့် ဒီအလက်ဇန်ဒါရို သည် အဆင့်အတန်းမြင့်မားပြီး ခွန်အားမှာလည်း အံ့အားသင့်စရာဖြစ်သည်။ သို့ရာတွင် သူသည် ရက်စက်ပြီး အောက်တန်းကျသော သူရဲဘောကြောင်သူတစ်ယောက်မျှသာ။

ထိုအကောင်သည် ဖေး၏သတိပေးချက်ကို လျစ်လျူရှုပြီး ပင်လယ်မျိုးနွယ်၏ နတ်ဆိုးကို လွှတ်ပေးခဲ့ပြီး သူ့ကိုယ်သူ ကြွားလုံးထုတ်ဖို့ကြိုးစားပေမယ့် ဘေးဥပဒ်ဖြစ်ပွားလာခြင်းအတွက် ဖေးကို အပြစ်တင်ခဲ့သည်။ ဤချောက်တွန်းမှုသည် ဆိုးရွားသည်။ ယခုအခါ ဖေး နှင့် ဘက်ကင်ဟမ် တို့သည် အလွန်အပြစ်ကြီးသော ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ်ခံထားရပြီး အခြားသူများ၏ မျက်လုံးများတွင် သူတို့က နတ်ဆိုးတွေလို စက်ဆုပ်ဖွယ် ကောင်းသည်။

ပို့စာရုံး ဌာနခွဲကို လာဖို့ ဆုံးဖြတ်ခဲ့တာ မှန်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အခုဘာတွေဖြစ်နေလဲ သူသိခွင့်ရလေပြီ။

သူနှင့် ဘက်ကင်ဟမ်တို့သည် ကိုယ်ပိုင် နောက်ခံများကို မတော်တဆ ထုတ်ဖော်ခဲ့မည်ဆိုလျှင် စစ်သည်တော်များစွာက သူတို့အား လိုက်လံအမဲဖျက်ကြပြီး အတော်လေး ဒုက္ခပင်လယ် ဝေလိမ့်မည်။

သို့သော် ယင်းသည် အကြီးမားဆုံး ပြသနာတော့ မဟုတ်ပေ။

ဤ ချောက်တွန်းခံရသော အဖြစ်အပျက်၏ ရက်စက်ကြမ်းကြုတ်မှုသည် ဖေး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပြီး သူ၏ အားနည်းချက်အဖြစ် ဇင်းနစ်

အင်ပါယာနှင့် ချမ်းဘော့ဒ် နိုင်ငံတို့ကို ဖိအား ပြင်းထန်စေသည်။

ယခုအချိန်တွင်၊ ဖေးသည် ဇင်းနစ်အင်ပါယာနှင့် ချမ်းဘော့ဒ်နိုင်ငံ ရင်ဆိုင်နေရသော ကြီးမားသော ဖိအားကို ရင်မောစွာ စိတ်ကူးကြည့်မိတော့သည်။

End

All Chapters