← Chapters

အခန်း (၉၈၈)

Vol. 65 Ch. 988

အခန်း (၉၈၈)

Vol. 65 Ch. 988

အခန်း ၉၈၈ - ကောလဟာလက သစ်ပင်ရဲ့ မျိုးစေ့လို.. (အပိုင်းတစ်)

ဒီအလက်ဇန်ဒါရိုက သိုင်းသူတော်စင်ရဲ့တပည့်ဖြစ်ဖို့ လုံးဝ မထိုက်တန်ချေ။

သူက အဆင့်အတန်း မြင့်သော်လည်း သူ့ပြစ်မှုကို ရှောင်လွှဲပြီး သူ့ကိုယ်သူ ဆေးကြောရန် အရှက်မရှိ လိမ်ညာ ကောလာဟလတွေ ဖြန့်ခဲ့တယ်သည်။

သိုင်းသူတော်စင်မာရာဒိုနာ၏ နံပါတ် နှစ် တပည့် ဖြစ်နေသဖြင့် လူတိုင်းက သူပြောသည်ကို ယုံကြသည်။

“ ငါနဲ့ ဘက်ကင်ဟမ် ထွက်လာပြီး အမှန်အတိုင်းပြောရင်တောင် တိုက်ကြီးထဲက လူဘယ်နှစ်ယောက်က ယုံပေးမှာလဲ “

“ ငါ မှတ်မိပြီ..ဒီအောက်တန်းကျတဲ့ ကောင်က မသေမျိုးဘုရင်ရဲ့ ကျောက်တုံး ဖိကြိတ်သူစစ်ပွဲတူနဲ့ ဖရိုဖရဲပလ္လင်ကိုလည်း မျက်စိကျနေခဲ့တာ “

ဒီအလက်ဇန်ဒါရို၏ မျက်နှာပေါ်ရှိ လောဘကြီးသော အမူအရာအား ပြန်ကြည့်ကာ ဆာလောင်နေသော ကြွက်စုတ်က ဒိန်ခဲ တုံးကြီးကို အာသာငမ်းငမ်း တပ်မက်နေသလို ဖေး ခံစားရသည်။

ဒီအလက်ဇန်ဒါရို၏ နည်းဗျူဟာတွေက ရက်စက်သည်။

ဖေး ပြတင်းပေါက်ကြီးရှေ့တွင် ရပ်ကာ သေချာ အကြံထုတ်သည်။

အခန်း၏ လေထုက ငြိမ်သက်နေသည်။ ကိန်းသည် အခန်းထဲမှာ ကျုံ့ကျုံ့ကလေးရပ်နေပြီး အသံမထွက်ရဲတော့ပါ။

ဖေးသည် စဉ်းစားခန်း ဝင်နေစဉ်တွင် အစွမ်းထက်သော အုပ်ချုပ်သူ တစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် အစွမ်းထက်သော အရှိန်အဝါကို မသိစိတ်မှ ထုတ်လွှတ်ထားသည်။

ကိန်းသည် အနည်းငယ် တုန်လှုပ်သွားသည်။

ကိန်းသည် အလွန် သွေးကြီးသော ယောက်ျားတစ်ယောက် ဖြစ်သည်။

တစ်နေ့မှာ သူ့ထက် အသက်သုံးဆယ်ကျော်လောက်ငယ်နိုင်သည့် လူငယ်‌လေး တစ်ယောက်ရှေ့မှာ ဒီလောက်ထိ တုန်လှုပ်သွားလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ အိပ်မက်

မမက်ဖူးပါချေ။

ဆယ်မိနစ်ကျော်ကြာပြီးနောက် ဖေးသည် ပြန် လှည့်လာသည်။

“ပို့စာရုံးရဲ့ တခြားဌာနခွဲအားလုံးကို အကြောင်းကြားပြီး ဒီအလက်ဇန်ဒါရို လိမ်ညာနေကြောင်း သတင်းဖြန့်ပါ ပင်လယ်မျိုးနွယ်စုရဲ့ မကောင်းဆိုးဝါးနတ်ဘုရားကို လွှတ်ပေးခဲ့တဲ့သူက အဲ့ကောင် ဒီအလက်ဇန်ဒါရိုပဲ ချမ်းဘော့ဒ် ဘုရင်နဲ့ ဘက်ကင်ဟမ်တို့ဟာ အဲဒီနတ်ဆိုး ထွက်မလာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းနှစ်ယောက်ပါ။”

“ဒါက..”

သူ့ရှေ့က ဒီလူငယ်လေး ဒီလိုအမိန့်ထုတ်တာကို ကိန်း အံ့သြသွားသည်။

ရိုးရိုးသားသားပြောရလျှင် သူသည် ဤအမိန့်အတွက် အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။

ယခုအချိန်တွင် သင်းရနံ့ပင်လယ် ဝန်းကျင်တွင် နေထိုင်ကြသော လူများသည် ဒေါသ လှိုင်းထန် နေကြပြီး ‘ရာဇ၀တ်ကောင်’ နှစ်ဦးဖြစ်သည့် ချမ်းဘော့ဒ်နှင့် ဘက်ကင်ဟမ်တို့ကို အမိအရ ဖမ်းဆီးလိုသည်။

လူထုကို ဆန့်ကျင်ဖို့ ရွေးချယ်လျှင် လောင်နေတဲ့ မီးပေါ်ကို ဆီ ထပ်လောင်းသည်နှင့်

မတူ ပေဘူးလား။

သူတို့ ပို့စာရုံးသည် ဒေါသထွက်နေသော လူအုပ်ကြီးအတွက် ပစ်မှတ် ဖြစ်လာပြီး ချက်ချင်းပင် ကြီးကြီးမားမား ထိခိုက်နစ်နာရမည် ဖြစ်သည်။

ထိုသို့ ကိန်း၏ မျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးနေသော အကြည့်ကို မြင်သောအခါ ဖေး ပြုံးလိုက်သည်။

“ကိန်း ခင်ဗျား ..ဘာတွေ စိတ်ပူနေတယ်ဆိုတာ ကျွန်တော် သိပါတယ် ဒီအချက်အလက်တွေကို ဖြန့်ဝေတဲ့အခါခင်ဗျားရဲ့ကိုယ်ပိုင် ရာထူးကို ထုတ်ဖော်ပြောဆိုဖို့ မလိုအပ်ဘူးလေ ကောလဟာလဆိုတာက တောရိုင်းအပင်တွေလိုပါပဲ အစေ့တွေကို စိုက်ပြီးတာနဲ့ မြန်မြန်ဆန်ဆန် ကြီးထွားလာပါလိမ့်မယ် ဒါကို အဘိုးကြီးကို စီမံခွင့်ပေးလိုက် “

ထိုအခါ ကိန်း ချက်ချင်းပင် ရှက်ရွံ့သွားပြီး

သူ့ကိုယ်သူ စိတ်ထဲမှ ကြိမ်းမောင်းလိုက်သည်။

“ ဒီနေ့ ငါ ဘာတွေ ဖြစ်နေတာလဲ ငါ အခြေခံသဘောတရားလေးကိုတောင် မေ့သွားတာလား အဖွဲ့အစည်းရဲ့ အုပ်ချုပ်သူ ရှေ့မှောက်မှာ ဒီလိုလုပ်ရပ်မျိုး လုပ်လိုက်မိပါလား “

ကိန်းသည် ဖေးအမိန့်ကို ခပ်မြန်မြန် ခေါင်းညိတ်ပြီး လက်ခံလိုက်သညိ။

ခဏလောက်စဉ်းစားပြီးနောက်

ဖေးက ထပ်ညွှန်ကြားလာ၏။

“ အချက်အလက်တွေ ဖြန့်တဲ့အခါ ချမ်းဘော့ဒ် ဘုရင်နဲ့ လီယွန် ဘုရင်ဘက်ကင်ဟမ်တို့ရဲ့ ပင်လယ်အောက်ခြေမှာ ရှေးဟောင်း အခင်းအကျင်း လက်ချက်ကြောင့် ပင်လယ်နတ်ဆိုးနတ်ဘုရား ဒဏ်ရာအပြင်းအထန်ရနေပြီဆိုတာလည်း ထည့်သွင်းလိုက်.. ခဏလောက်တော့ ဒီနတ်ဆိုးက လူသားတွေကို ဒုက္ခမပေးနိုင်ဘူး “

ကိန်းက ခဏလောက် အေးခဲသွားသည်။

“ဒါ...ဒါ အမှန်ပဲလား အရှင်”

“ဟားဟား တစ်ရာ ရာခိုင်နှုန်း စစ်မှန်တယ်..ဒီအလက်ဇန်ဒါရိုက ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုး လွတ်မြောက်လာပြီး သင်းရနံ့ပင်လယ်ဝန်းကျင်က လူသားတွေကို

အမြန်သတ်ပစ်မယ်လို့ မပြောခဲ့ဘူးလား ဟီးဟီး ဒါဆို နတ်ဆိုးနတ်ဘုရား

ကလူအီဗားဆ် ကိုယ်ထင်ပြလာမလား ကြည့်လိုက်ရအောင် အဲဒီအချိန်မှာ ဥာဏ်ကောင်းတဲ့သူတွေက ဘယ်သူ လိမ်ညာလဲဆိုတာ သိလိမ့်မယ် “

ယခုအချိန်တွင် ဘုရင်သည် ကနဦးစိတ်လှုပ်ရှားနေရာမှ ပြန်ငြိမ်ကျသွားခဲ့သည်။

ပို့စာရုံးက ဒီသတင်းကို ဖြန့်နေသည်ဆိုလျှင်တောင် ဖေးနှင့် ဘက်ကင်ဟမ်တို့၏ နာမည်ဂုဏ်သတင်းတွေကို ချက်ချင်းရှင်းနိုင်မှာ မဟုတ်ပါ။ သို့သော်၊ ၎င်းသည် လူတို့၏စိတ်တွင် မျိုးစေ့များကို စိုက်ပျိုးမည်ဖြစ်ပြီး ထိုမျိုးစေ့များသည် တစ်နေ့တွင် အလွန်အသုံးဝင်လာမည် ဖြစ်သည်။

ဖေး သည် အလွန် စေ့စပ်စွာ သုံးသပ်တတ်ပြီး ဒိီအလက်ဇန်ဒါရို၏ ဇာတ်လမ်းတွင် အခြေခံ အားနည်းချက်တစ်ခုကို သတိပြုမိခဲ့သည်။

ဒိီအလက်ဇန်ဒါရိုသည် အလျင်စလို ထွက်ပြေး လွတ်မြောက်ပြီးနောက်၊ နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မမြင်လိုက်ရဘူး မဟုတ်ပါလား။

ထို့ကြောင့်၊ တိုက်ကြီးရှိ တန်ခိုးအကြီးဆုံးလူသားဖြစ်သော သူ့ဆရာသည် ကိုယ်ပွားလွှတ်ကာ ကလူအီဗားတ်ကို ဒဏ်ရာရစေပြီး ထို နတ်ဘုရားတိုက်ပွဲဝင်လက်နက်ကို ပြန်ယူသည်ကို ဒိီအလက်ဇန်ဒါရိုသည် မသိခဲ့ပေ။ ထို့အပြင် ကလူအီဗားတ်သည် သူ၏ လက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရပြီး

သေလုမျောပါး ဒဏ်ရာရသွားကာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ပြီး အစုလိုက်အပြုံလိုက် သတ်ပွဲကြီး ကျင်းပဖို့ မစွမ်းနိုင်ကြောင်းလည်း ၎င်းက မသိခဲ့ပေ။

အခန်း ၉၈၈- ကောလဟာလက သစ်ပင်ရဲ့ မျိုးစေ့လို..(အပိုင်းနှစ်)

ထို့ကြောင့် ဒီအလက်ဇန်ဒါရိုက

ကလူအီဗားတ်သည် တစ်ခဏအတွင်း ပေါ်လာလိမ့်မည်ဟု လူတိုင်းအား ဖြီးဖြန်းခဲ့သည်။

ဒါက အားနည်းချက်ပါ။

လူတိုင်းကို သူ့ဇာတ်လမ်းထဲက ထုတ်ပစ်ဖို့ မလုံလောက်သော်လည်း လူတွေက သူ့ဇာတ်လမ်းကို သံသယဝင်စေလိမ့်မည်။

ပုရွက်ဆိတ်ပေါက်လေးများ ရှိနေသဖြင့် ဧရာမဆည်ကြီး ပြိုကျမည်ပင်။ ထို့ကြောင့် လူတစ်ဦးက ရပ်တည်၍ သံသယကို ဖြေရှင်းလိုက်ပြီးသောအခါ ပြီးပြည့်စုံသော လိမ်ညာမှုပင်လျှင် မကြာမီ ဘွားခနဲ ပေါ်လာပေလိမ့်မည်။

ထိုအချိန်တွင် အမှန်တရားသည်

လူတိုင်း၏ မျက်စိရှေ့တွင် ပြန်လည်ပေါ်လာမည် ဖြစ်သည်။

အရာအားလုံးကို တွေးကြည့်ပြီးနောက် ဖေး တည်ငြိမ်သွားသည်။

ဒီအဖြစ်အပျက်က ပြသနာတွေ အများကြီးဖြစ်ခဲ့ပေမယ့်လည်း အကျိုးအမြတ်မရှိခဲ့တာ‌တော့ မဟုတ်ပါ။

ဤအဖြစ်အပျက်ကို သူ့အားသာချက်အတွက် အသုံးချကာ ပတ်ဝန်းကျင်အင်အားစုအားလုံး မည်သို့တုံ့ပြန်ကြမလဲ စစ်ဆေးနိုင်သည်။

ဖေး နှင့် ချမ်းဘော့ဒ်နိုင်ငံ တစ်ဝိုက်တွင် လေပွေငယ်လေး မွှေ့ယမ်းနေသည်။

လူအများက ပွဲလှန့်တုန်း ဖျာခင်းချင်ကြသောကြောင့် ဖေး သည် ဤအခွင့်အရေးကို အသုံးချပြီး မည်ကဲ့သို့ ယုံကြည်ရသနည်း

အခက်အခဲကာလ၌ ပွဲလှန့်တုန်း ဖျာခင်းချင်သည့်သူများမှာ မည်သူများ ဖြစ်နေသလဲ စစ်ထုတ်ရန် ဤအခွင့်အရေးကို အသုံးပြုနိုင်သည်။

ကိုယ်လက် အညောင်းဆန့်ထုတ်ပြီးနောက် ဖေးသည် သက်ပြင်းတစ်ချက်ချကာ ထိုင်ခုံသို့ပြန်ထိုင်လျက် ကိန်းအား ဆက်လက်သတင်းပို့ရန် အချက်ပြခဲ့သည်။

လွန်ခဲ့သည့် ဆယ်ရက်အတွင်း၊ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။

ကိန်း အသိပေးခဲ့သည့် အဖြစ်အပျက်နှစ်ခုအပြင် ဇင်းနစ်အင်ပါယာ၏ တောင်ပိုင်းဒေသစစ်ပွဲသည်လည်း အာရုံစူးစိုက်မှုများစွာရရှိခဲ့သည်ပင်။

ကနဦး နိုင်ပွဲများ အပြီးတွင်၊ စစ်ပွဲက ရှေ့မတိုး နောက်မဆုတ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အစပိုင်းတွင် ဒုတိယမင်းသား ဒိုမင်ဂေါ့ဇ် သည် လီယွန်အင်ပါယာကို ဆက်တိုက်အောင်ပွဲများရယူခဲ့ပြီး သစ်ရွက်နီ ပြည်နယ်၏ နယ်မြေအများအပြားကို ပြန်လည်ရယူခဲ့သည်။ သို့သော်လည်း စတုတ္ထမင်းသား

ခရိုက်စတယ်သည် ကနဦး အနိုင်ရပြီးနောက် ဆင်ခြင်တုံတရားမဲ့လာပြီး သူ၏အမိန့်များသည် ဆိုးရွားလှသည်။

များမကြာမီတွင် ခရိုက်စတယ် ဦးဆောင်သည့်တပ်များသည် ရန်သူများဝိုင်းရံလာကာ စစ်သားအားလုံးနီးပါး သေဆုံးခဲ့ရသည်။

ဘိဂ်ျ မိသားစု၏ အရှင်သခင်များနှင့် သေမင်းတမန်များက သူ့ကို ကြိုးစားပမ်းစား မကယ်တင်ခဲ့လျှင် ဤမာနကြီးပြီး အသုံးမကျသော မင်းသားလေးဟာ သုံ့ပန်းဘဝ ရောက်ရလိမ့်မည်။

စတုတ္ထမင်းသား၏ရှုံးနိမ့်မှုကြောင့် ဒုတိယမင်းသားသည်သာ တောင်ပိုင်းဒေသရှိ ဇင်းနစ်၏တစ်ခုတည်းသော အင်အားဖြစ်လာသည်။ ရန်သူတွေ ဝိုင်းရံထားသည့် အခြေအနေကို ရှောင်ရှားဖို့၊ သူ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို အရှိန်လျှော့ပြီး ခုခံကာကွယ်ရမည် ဖြစ်သည်။ ထို့ကြောင့် ဇင်းနစ်အတွက် ကောင်းမွန်သောအခြေအနေသည် စတုတ္ထ မင်းသား၏ လက်တစ်ကမ်းတည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။

သို့သော် ဇင်းနစ်တောင်ပိုင်းဒေသရှိ ဒေသခံတပ်ဖွဲ့များသည် ကောင်းမွန်စွာလုပ်ဆောင်နေပါသည်။

ဘိုင်ဇန်တိုင်း အင်ပါယာ ဦးဆောင်သော တော်လှန်ရေးအင်အားစုသည် ပြောက်ကျားစစ်ပွဲကို အသုံးပြုခဲ့ပြီး လီယွန်အင်ပါယာနှင့် မဟာမိတ်ရှိ အခြားအင်ပါယာများအတွက် ခေါင်းခဲစရာများစွာ ဖြစ်စေခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် ဇင်းနစ်သည် စစ်အင်အားသုံး၍ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် ပထမဆုံးကြိုးပမ်းမှုအား မအောင်မြင်ခဲ့ပါ။

ဤရှုံးနိမ့်မှုသည် ဇင်းနစ်အင်ပါယာအတွင်း၌ ကြီးမားသောအာဏာအရှုပ်အထွေးဖြစ်စေခဲ့သည်။

မာနကြီးသော်လည်း အရည်အချင်းမရှိသော စတုတ္ထမြောက်မင်းသား

ခရိုက်စတယ်သည် နိုင်ငံရေးနယ်ပယ်သို့ နှုတ်ဆက်ခဲ့ရပြီး ထီးနန်းအတွက် တိုက်ပွဲဝင်နိုင်စွမ်း ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် စတုတ္ထမင်းသား ခရစ္စတယ်ကို ထောက်ပံ့သော ဘိဂ်ျ မိသားစုသည် တစ်ချိန်က ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည့် ဧရာမအင်အားအစည်းအရုံးကြောင့် အလွန်အားနည်းသွားခဲ့သည်။ ယခုအခါ ဇင်းနစ်တွင် ဒုတိယအဆင့် မြင့်မြတ်သော မိသားစုဖြစ်ခဲ့သည်။

အထူးဆန်းဆုံးမှာ ဇင်းနစ်အင်ပါယာသည် စစ်မှုထမ်းရန် အမိန့်ဖြင့် စစ်တပ်ကို တိုးချဲ့ထားပြီး ၎င်းပိုင် တောင်ပိုင်းဒေသကို ပြန်လည်သိမ်းယူရန် အခွင့်အာဏာရှိသော်လည်း တော်ဝင်မိသားစုနှင့် စစ်ဌာနချုပ်တို့က အမိန့်ပေးခြင်းမရှိပေ။ တစ်ခုခုကို စောင့်နေကြပုံရသည်။

သိုင်း သူတော်စင်မာရာဒိုနာ၏ နံပါတ်နှစ်2တပည့် ဒိီအလက်ဇန်ဒါရိုသည် ဇင်းနစ်အား တော်ဝင်သိုင်းသူတော်စင်အလက်ဇန္ဒားကိုလွှဲပြောင်းပေးရန် ဇင်းနစ်အား တောင်းဆိုပြီးနောက်တွင်ပင် တော်ဝင်မိသားစုနှင့် စစ်ဌာနချုပ်တို့သည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေပါသည်။အလွန်ကို ထူးဆန်းလှသည်။

“ ဒါက ဇင်းနစ်အင်ပါယာမှာ ရှိတဲ့ အချက်အလက်တွေပါ ”

ကိန်းက ဖေးအား အချက်အလက်များကို ဆက်တိုက် အစီရင်ခံလိုက်သည်။

ထို့နောက် ကိန်းသည် မောသွားပုံဖြင့် အောက်ဆီဂျင်ကို ပြန်လည်ဖြည့်တင်းရန် ပြင်းပြင်းထန်ထန် အသက်ရှုလိုက်သည်။

ဖေးသည် ဇင်းနစ်နှင့် ချမ်းဘော့ဒ် ဘုရင်ကိစ္စကို အလွန်အမင်း အာရုံစိုက်နေပုံကို ထောက်၍ ကိန်းသည် တစ်စုံတစ်ခုကို ရိပ်မိပြီး ဖြစ်သော်လည်း မမေးရဲပေ။

သတင်းအားလုံးအား နားထောင်ရပြီးနောက် ဖေးက ခေါင်းညိတ်လိုက်သည်။

သတင်း အချို့က ကောင်းသည်၊ အချို့က မကောင်းပါ။ သို့သော် သူ့မျှော်လင့်ချက်ထက် ဘာမှ မပိုခဲ့ပါ။

“အို ဟုတ်သားပဲ၊ ကျွန်တော့်ကို ဒီကိုခေါ် လာပေးတဲ့ အယ်လင်ဂရေ့စ် လို့ခေါ်တဲ့ မိန်းကလေးက မဆိုးဘူး၊ ကျွန်တော့်ကို ဒီကိုခေါ်လာပေးလို့ သူ့ကို ခင်ဗျား အပြစ်

မတင်ဖို့ မျှော်လင့်ပါတယ်...”

End

All Chapters