← Chapters

အခန်း (၉၈၉)

Vol. 65 Ch. 989

အခန်း (၉၈၉)

Vol. 65 Ch. 989

အခန်း ၉၈၉- နှောင့်ယှက်သူ (အပိုင်း ၁)

“အိုး အယ်လင် က ဆိုင်ရဲ့ အရမ်းတော်တဲ့ ဝန်ထမ်းပါ..သူ့ကို ရာထူးတိုးပေးဖို့ ကျွန်တော် စိတ်ကူးနေတာ၊ ဒါပေမယ့် ဖောက်သည် တစ်ယောက်ကို မန်နေဂျာရဲ့ ရုံးခန်းဆီ ခေါ်ဆောင်တာဟာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် ဆန့်ကျင်ပြီး အဘိုးကြီး ချမှတ်တဲ့

စည်းမျဥ်း ဥပဒေသအရ သူ့ကို အပြစ်တော့ ပေးရမယ် “

ဒီဆိုင်ရဲ့ အကြီးအကဲ မန်နေဂျာအနေနှင့် ကိန်းသည် လျှို့ဝှက်ဆန်းကြယ်သည့် အုပ်ချုပ်သူနှင့် ရင်ဆိုင်ရသော်လည်း နိယာမကို လိုက်နာခဲ့သည်။

ဖေးက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ဒီမန်နေဂျာအပေါ် သူ အထင်ကြီးမှုက ပိုလို့တောင် မြင့်မားလာပါသည်။

မိမိ၏ ရည်ရွယ်ချက်တွေကို ထုတ်ပြပြီးကတည်းက ကိန်းလို ထက်မြက်သည့် လူက ဒါကို နားလည်ပြီး ကောင်းကောင်း အကောင်အထည်ဖော်မည်ပင်။

ပြစ်ဒဏ်မပါဘဲ အခြေခံမူများကို ချိုးဖျက်၍ မရသော်လည်း ဂရေ့စ်အယ်လင်ကိုလည်း ဆုချီးမြှင့်မည် ဖြစ်သည်။ သူမ အမှားအတွက် သေးငယ်သည့် ပြစ်ဒဏ်ပေးပြီးနောက် ရာထူးတိုးခံရတော့မှာ ဖြစ်ပါသည်။

ပထမထပ်ရှိ ခန်းမကြီးထဲတွင်

ညဥ့်နက်နေပြီ၊ ထယ်လန်မြို့၏ ညဈေးသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ မှော်မီးရောင်များကြောင့် နေ့ဘက်ဖြစ်နေပြီး လမ်းပေါ်၌ လူပိုများလာသည်။

လူများ ပြွတ်သိပ်ကြပ်နေ၍

၎င်းတို့ တံတောင်ဆစ်နှင့် ပခုံးများဟာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ပွတ်တိုက်နေသည်ဟု ပြောပါက လွန်မည်မဟုတ်ပေ။

ယခုဆိုလျှင် ဤလက်နက်အရောင်းဆိုင်သည် အလုပ်အများဆုံး အချိန်အခါသို့ ရောက်နေပြီဖြစ်သည်။

ဂရေ့စ်အယ်လင် သည် ဖောက်သည်များအား စိတ်ထက်သန်စွာဖြင့် လက်နက်မျိုးစုံကို မိတ်ဆက်ပေးနေစဉ်တွင် သူမသည် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ချောမောသော လူငယ်လေး အကြောင်းအား ပြန်တွေးနေပါသည်။ ခဏတာ တွေ့ဆုံခဲ့ကြသော်လည်း၊ ထိုလူငယ်၏ ပုံစံသည် ထိုမိန်းကလေး၏ နှလုံးသားထဲတွင် နေရာယူထားပြီးဖြစ်သည်။

လှေကားထစ်ကို ထပ်ခါထပ်ခါ လှည့်ကြည့်လိုက်ရင်း

“မိနစ် လေးဆယ် ကျော်သွားပြီ မန်နေဂျာနဲ့ စကားပြောနေတဲ့ ဒီလူ ဘာဖြစ်နေတာများလဲ သူ တော်တော်ကြာနေပြီ “

ထိုလူငယ်လေးသည် မှော်အစွမ်းများ ရှိလေသလား။ သူ၏ ကြယ်ပွင့်လို မျက်လုံးများနှင့် တောက်ပသော အပြုံးတို့က အတွေ့အကြုံမရှိသော မိန်းကလေးတိုင်းကို ကြွေကျစေလောက်အောင်ပင်။

အယ်လင် သည် အချိန်တိုလေးအတွင်းမှာပင် ‘ထောင်ချောက်’ ထဲသို့ နစ်မြုပ်သွားခဲ့ပြီဖြစ်သည်။

လမ်းပေါ်တွင် နေထိုင်ပြီး အစာကိုပင် ပုံမှန်မစားနိုင်သော သူတောင်းစားကလေးတစ်ဦးထံမှ သူမသည် ထယ်လန်မြို့ရှိ လူကြိုက်အများဆုံး လက်နက်အရောင်းဆိုင်တွင် အကောင်းဆုံး အရောင်းအမျိုးသမီး ဖြစ်လာခဲ့သည်။

ဤပြောင်းလဲမှုသည် အခြားသူများ၏အမြင်တွင် ဘာမှမဖြစ်ခဲ့ကောင်းဖြစ်နိုင်သော်လည်း ၎င်းသည် အယ်လင် အတွက် ဘဝနှင့် ချီသော အပြောင်းအလဲ တစ်ခုပါ ။

ငယ်ငယ်တုန်းက စုတ်ပြတ်လှသော ဆင်းရဲသားကောင်မလေးဘဝက သူမအား အလွန်ထက်မြက်သည့် ဗီဇကို ပေးစွမ်းခဲ့ပြီး ဒီဗီဇက သူမကို သူစိမ်းတွေကို တစ်ချက်ကြည့်ရုံဖြင့် တိကျစွာ အကဲဖြတ်ပြီး သိနိုင်စေခဲ့ပါသည်။ ဝယ်သူ၏ လိုအပ်ချက်များကို အကျွမ်းဝင်ပြီး မှန်ကန်သော လက်နက်များဆီသို့ အောင်မြင်စွာ လမ်းညွှန်နိုင်သည်က ဤဗီဇကြောင့်ပင် ဖြစ်သည်။

သို့သော် ယနေ့တွင်၊ သူမ၏ ထက်မြက်သော ဗီဇသည် ထိုလူငယ်၏ နူးညံ့သိမ်မွေ့သော နတ်ဘုရားလို အရှိန်အဝါအား ခံစားစေခဲ့သည်။

ထိုလူ၏ တည်ရှိမှုအတွက် သူမသည် ပြိုလဲသွားခဲ့သည်။

ဆိုင်၏ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးအနေဖြင့် ထိုလူငယ်လေးအား မန်နေဂျာထံ ခေါ်ဆောင်လာခြင်းသည် စည်းကမ်းဖောက်ဖျက်သည်ကို သိရှိသည်။ သူမသည် ဒဏ်ရိုက်ခံရမည်ဖြစ်သည်။ သို့သော်လည်း သူမသည် ထိုသို့ပြုလုပ်ခြင်းကို လုံးဝနောင်တမရပါ။ အကယ်၍ သူမ အချိန်မီ နောက်တစ်ကြိမ် ဆုံးဖြတ်ခွင့် ရခဲ့ပါကလည်း အဆိုပါ ချောမောသော လူငယ်လေး ကို စတုတ္ထထပ်သို့ ခေါ်ဆောင်ရန် ရွေးချယ်ဆဲ ဖြစ်သည်။

အရာအားလုံးကို ကံကြမ္မာက ဆုံးဖြတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဂရေ့စ်အယ်လင် တစ်ယောက် စိတ်မငြိမ်မသက်ဖြစ်နေစဉ်တွင် ကျယ်လောင်သော ရုန်းရင်းဆန်ခတ် အော်သံများ ဂိတ်ပေါက်မှ ထွက်လာသည်။ ထို့နောက် အယ်လင်၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တစ်ဦးသည် ကြောင်အမ်းထိတ်လန့်သွားသည်။

ဆိုင်ရှိ လက်နက်များကို ကြည့်ရှုနေကြသော လူများ အားလုံး လမ်းနှစ်ဖက် ခွဲကာ ရှောင်ပေးလိုက်ရသည်။

အနီရဲရဲ ချပ်ဝတ်နှင့် စစ်သည်တော်

တစ်ဒါဇင်ကျော် ဆိုင်ထဲ ဝင်လာပြီး အရောင်းဝန်ထမ်း အမျိုးသမီး တစ်ဦးကို ဆွဲကာ မြေပြင်ပေါ်သို့ တွန်းလှဲလိုက်သည်။ နောက်တော့ သူတို့က ဒေါသတကြီး ကျိန်ဆဲပြီး ဝိုင်းရိုက်ကြသည်။

ထိုစစ်သည်တော်များ၏နောက်တွင် ပိန်ပိန်ပါးပါး ထိပ်ပြောင်အဘိုးအိုတစ်ဦး၊ အရပ်နှစ်မီတာကျော်ရှိ ကြွက်သားတောင့်တင်းသော အမျိုးသားတစ်ဦးနှင့် ယူနီဖောင်းဝတ်ထားသော စစ်ဘက်အရာရှိအချို့ ရပ်နေသည်။

“ ထပ်လာပြန်ပြီလား ထပ်ပြီး ဒုက္ခပေးဖို့ ဒီမှာ ရောက်နေတာ ဒီလူတွေ အရမ်းလွန်နေပြီ “

ဂရေ့စ်အယ်လင် သည် ပိန်ပိန်ပါးပါး

အဘိုးအိုကို ကြည့်နေသည်။

သူသည် အခြားသော အကြီးစားလက်နက်ဆိုင်ပိုင်ရှင် ဂလေဇာ ဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်က

ဂလေဇာ၏လုပ်ငန်း ဆေးကြောခြင်းဓားဆိုင်သည် ထယ်လန်မြို့တွင် အကြီးဆုံးလက်နက်ရောင်းချသူဖြစ်ခဲ့ပြီး ရလဒ်အနေဖြင့် ဂလေဇာက မြို့တွင်းသြဇာအရှိဆုံးပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်သည်။ သို့သော် ဤလူသည် ရက်စက်ပြီး လောဘကြီးသောကြောင့် သူ့ဆိုင်တွင် ဖျံကျမှုများစွာရှိကာ ဖောက်သည်များကို လှည့်စားကာ အနိုင်ကျင့်သည်။

အခန်း ၉၈၉- နှောင့်ယှက်သူ (အပိုင်းနှစ်)

သိပ်မကြာခင်မှာပင် ပို့စာရုံးက ပံ့ပိုးထားသည့် မီးဖိုဆင့်ခေါ်ခြင်းဆိုင်က ထယ်လန်မြို့ကို ရောက်လာသည်။ သာလွန်ကောင်းမွန်သောဝန်ဆောင်မှု ထိပ်တန်းအရည်အသွေးနှင့် သင့်တင့်မျှတသောစျေးနှုန်းများသည် ဤဆိုင်အသစ်ကို မြန်မြန်ဆန်ဆန် လူကြိုက်များလာစေခဲ့သည်။

အချိန်တိုလေးအတွင်းမှာပင်၊ ၎င်းသည် ဆေးကြောခြင်းဓားဆိုင်ကို ကျော်တက်ပြီး ထယ်လန်မြို့၌ ထိပ်တန်း လက်နက်ဆိုင် ဖြစ်လာခဲ့သည်။

မှန်သည်။ မြေခွေးအိုကြီး ဂလေဇာက ဒါကို မနာလိုဖြစ်ခဲ့သည်။ သူသည် ထယ်လန်မြို့ တွင် နှစ်အတော်ကြာ လည်ပတ်နေခဲ့ပြီး ဤအင်အားသစ်၏ ဖိနှိပ်ခံရခြင်းကို ဆန္ဒမရှိပေ။ ထို့ကြောင့် မီးဖိုဆင့်ခေါ်ခြင်းဆိုင်၏ လုပ်ငန်းကို ထိခိုက်စေရန် နည်းလမ်းများစွာကို အသုံးပြုခဲ့ပြီး ဆိုင်အသစ်သည် ဝင်ငွေများစွာ ဆုံးရှုံးခဲ့သည်။

တကယ်တော့ ဖြစ်စဉ်မှာ ဝန်ထမ်းအနည်းငယ်တောင် ဒဏ်ရာရခဲ့ပါသေးသည်။

သို့သော်ဆေးကြောခြင်းဓားဆိုင်၏ လူများသည် ဤနေရာသို့ မိုက်ရိုင်းစွာ လာခဲ့ကြသေးသည်။ သူတို့ ရည်ရွယ်ချက်က ကောင်းကြောင်း သိသာထင်ရှားပါသည်။

“နီနာ၊ မန်နေဂျာ ကိန်းကို သွားခေါ်”

အယ်လင် သည် အထိတ်တလန့်ဖြစ်နေသော သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား အမြန် တိုက်တွန်းသည်။ ထို့နောက် သူမသည် အံကြိတ်ကာ ကြောက်ရွံ့မှုကို မျိုသိပ်ရင်း ဆိုင်ကို အပြင်းအထန် ဖြိုခွင်းနေသော စစ်သည်တော်များထံ လျှောက်သွားခဲ့သည်။

မန်နေဂျာ ကိန်း မရောက်မီတွင် သူမသည် ကြမ်းတမ်းသော စစ်သည်များအား အချိန်ဆွဲထားရမည်။

မိနစ် လေးဆယ် လောက်ကြာတော့ ဖေး လိုအပ်သည့် အချက်အလက်တွေ အကုန်ရနေပါပြီ။

ဖေးက ကိန်း၏ ဧည့်ခံမှုကို ငြင်းဆိုပြီးနောက် ထကာ ထွက်ခွာခါနီးတွင် တံခါးအပြင်ဘက်တွင် အရေးတကြီး ခြေသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အလျင်စလို တံခါး ခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့၏။

ကိန်း က တံခါးအပြင်ဘက်ကလူကို ဝင်လာဖို့ မပြောခင်မှာ ယူနီဖောင်းနှင့် မိန်းကလေးတစ်ယောက် ငိုယိုပြီး ပြေးဝင်လာခဲ့သည်။ သူမ၏မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ ဝိုင်းစက်နေပြီး သူမ၏မျက်နှာပေါ်တွင် ချစ်စရာ တင်းတိပ်အချို့ကို မြင်တွေ့နိုင်သည်။

“မန် ...မန်နေဂျာကိန်း. အမြန် ဆင်းလာပါ..! အဲ… အဲ့ဒီမြေခွေးအိုကြီး ဂလေဇာက ဒီကို ထပ်ပြီး ဒုက္ခပေးလာပါတယ်၊ ကျွန်မတို့ထဲက လူတချို့ ဒဏ်ရာရသွားပါတယ် ” တင်းတိပ်များနှင့် ကောင်မလေးက ထိတ်လန့်တကြား ပြောလိုက်သည်။

ကိန်းသည် အလိုမကျ မျက်မှောင်ကြုတ်သွားသည်။

“ ဘုရားရေ..ဘာဖြစ်နေတာလဲ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတာ “

သို့သော် အရှင် ဤနေရာတွင်ရှိစဉ်တွင် ကိန်းအနေနှင့် တစ်စုံတစ်ရာ ဆုံးဖြတ်ချက်မချဝံ့ပေ။ သူက ဖေးကို အဆင်မပြေသောအမူအရာဖြင့် ကြည့်လိုက်သည်။

“အဟက်..ကျွန်တော်တို့မှာ ရန်သူတွေ အများကြီးရှိတာလား၊ သွားကြည့်ကြတာပေါ့ ။ ဘယ်သူက ဒီကို လာ ဒုက္ခပေးရဲတာလဲ “ ဖေး အသာ ပြုံးပြီး အောက်ထပ်ကို ဆင်းသွားသည် ။

ကိန်း သက်ပြင်းချရင်း နဖူးပေါ်က အေးစက်သည့်ချွေးတွေကို သုတ်လိုက်ပြီး အနောက်မှ ခပ်သုတ်သုတ် လိုက်ပါလာသည်။

သူသည် ဤအုပ်ချုပ်သူ လူငယ်ကလေးနှင့် အတူရှိစဉ်ကြီးမားသော ဖိအားကို တစ်ချိန်လုံး ခံစားနေရသည်။

ဒဏ္ဍာရီလာ ခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် အဘိုးကြီးနှင့် လူငယ်အား ရင်ဆိုင်ရသည့်အခါပင် ဒီလို မခံစားရဖူးပါ။

“ဟမ့် ဒီနေ့ အရှင်က ဆိုင်မှာ ရှိနေတဲ့အတွက် ဉာဏ်များပြီး ရက်စက်တတ်တဲ့ မြေခွေး ဂလေဇာ ပြဿနာကို ဖြေရှင်းပြီး မီးဖိုဆင့်ခေါ်ခြင်းဆိုင်ရဲ့ ခေါင်းကိုက်ခြင်းကို တစ်ချက်တည်း ဖယ်ရှားပစ်နိုင်ပါပြီ “

တင်းတိပ်များရှိသော မျက်နှာဝိုင်းဝိုင်း ကောင်မလေးသည် သူတို့နောက်သို့ တိတ်တဆိတ် လိုက်သွားသည်။

မြို့တွင်း ဩဇာကြီး မန်နေဂျာ ကိန်းမှာ အဘယ်ကြောင့် ဤလူငယ်လေးအား ဤမျှ ရိုသေလေးစားပြီး ကြောက်နေသလဲ ။

သူမသည် အံ့သြနေမိသည်။

ခဏကြာတော့ သူတို့သုံးယောက် ပထမထပ်ကို ရောက်ရှိလာသည်။

ကိန်းသည် လှေကားမှဆင်းလာစဉ် ဇာတ်လမ်းတစ်ခုလုံးကို ဖေးအား ပြောပြရန် အတိုချုပ်ဆုံးစကားလုံးများကို အသုံးပြုခဲ့သည်။

ယခုဆိုလျှင် ပထမထပ်ရှိ ခမ်းနားကြီးကျယ်သော ခန်းမကြီးတွင် လူများဖြင့် ပြည့်ကျပ်နေပြီး အများစုမှာ ပွဲအား ကြည့်ချင်သော စပ်စုသူများ ဖြစ်ကြပါသည်။ အများစုမှာ အကြောက်တရားကင်းမဲ့သော သူရဲကောင်းများဖြစ်သောကြောင့် သွေးထွက်သံယို တိုက်ပွဲမြင်ကွင်းများကို

မျက်ခုံး မတွန့်ခဲ့ကြပါ။

ထို့အပြင်၊ဆေးကြောခြင်းဓားဆိုင်နှင့် မီးဖိုဆင့်ခေါ်ခြင်းဆိုင်တို့ကြား လျှို့ဝှက်ထားသော တိုက်ပွဲများအကြောင်း သူတို့အားလုံး ကြားသိရသောကြောင့် ပြပွဲကို ကြည့်ရှုရန် ဤနေရာတွင် စုရုံးခဲ့ကြသည်။

တကယ်တော့ ဆိုင်အပြင်ဘက် လမ်းတွေမှာတောင် လူတွေ ပြည့်နှက်၍ နေသည်။

ဖြန်း!

“အား...!”

ပါးရိုက်ခံရပြီးနောက် ကောင်မလေးတစ်ယောက် နာကျင်စွာအော်ဟစ်လိုက်သည်။

“ညစ်ပတ်တဲ့အလုပ်သမားမိန်းမ မင်းငါ့ရှေ့မှာရပ်ပြီး အာခံပြောရဲတယ်ပေါ့ ကိန်းကို ထွက်လာခိုင်းစမ်း “

“လာစမ်း ဆိုင်ထဲက ဟာတွေကို ဖျကိဆီးကြ လူတိုင်းပဲ မီးဖိုဆင့်ခေါ်ခြင်းဆိုင် ရောင်းနေတဲ့ အမှိုက်တွေကို ကြည့်ကြ

စမ်းး..”

End

All Chapters