← Chapters

အခန်း (၉၉၀)

Vol. 65 Ch. 990

အခန်း (၉၉၀)

Vol. 65 Ch. 990

အခန်း ၉၉၀- တစ်ချက်ကြည့်ခြင်း (အပိုင်းတစ်)

ဖေး၏ မျက်ခမ်းများတစ်စက်စက် တုန်သွားသည်။

၎င်းက ဖေး၏ အကျင့်တစ်ခုဖြစ်သည်။ သူရူးသွပ်လုနီးပါးဖြစ်သွားတိုင်း မျက်ခွံများလှုပ်လာတတ်သည်။ ဟုတ်ပါသည်။ ယခု ဖေး အလွန်ဒေါသထွက်နေသည်။

ထိုပါးရိုက်ခံရသော မိန်းကလေးက ဖေးကို အပေါ်ထပ်သို့ လိုက်ပို့ပေးသော ကြင်နာတတ်သည့် မိန်းကလေးဖြစ်၏။ ထိုမိန်းကလေး၏ လုပ်ရည်ကိုင်ရည်ကို ဖေး သဘောကျခဲ့ပြီး ယခု ဘာမျှ မချီမြှောက်ရသေးခင် သူမ ပါးရိုက်ခံလိုက်ရသည်။

လူအုပ်ထဲမှ ဖြတ်လျှောက်ပြီးနောက် ဖေးနှင့် ကိန်းတို့ အခင်းဖြစ်ရာနေရာ၏ အဓိက နေရာသို့ လျှောက်လာကြ၏။

“မြန်မြန် ရွှေ့ တကယ့်လူရောက်လာပြီ မင်း သူ့ကို တွေ့လား ဆံပင်ဖြူ အဘိုးကြီးလား သူက မီးဖိုသန့်စင်ခြင်းဆိုင်ရဲ့ မန်နေဂျာ ဆော်လမွန်ကိန်းပဲ သူက ကြယ်ငါးပွင့် မှော်ဆရာ တစ်ယောက် လို့ ကောလဟာလတွေ ထွက်နေ တယ် သူက ရန်စသင့် တဲ့လူတော့ မဟုတ်ဘူး “

“ဟေး ကိန်း ကတောင် ဘာမှလုပ်လို့မရတော့ဘူး။ ဒီတစ်ခါတော့ ဒီမြေခွေးအို ဂလေဇာက ပြင်ဆင်လာခဲ့တယ်။စ သူဝင်လာပြီး သူ့လူတွေကို ဆိုင်ကို ဖျက်ဆီးဖို့ အမိန့်ပေးထားတယ် တခြားအရာတွေ ဖြစ်နေတယ်ဆိုတာ သိသာတယ် မီးဖို့သန့်စင်ခြင်းဆိုင်တော့ ဒီတစ်ခေါက် အများကြီး ဆုံးရှုံး‌ေတာ့မှာပဲ တယ်လွန်မြို့မှာ စတိုးဆိုင်ကို ပိတ်လိုက်ရလို့ ဖြစ်နိုင်တယ် “

“ဟုတ်တယ် ဂလေဇာ နောက်ကွယ်က ကဲ့ရဲ့လှောင်ပြောင်နေတဲ့ စစ်အရာရှိတွေကို မင်းမြင်လား သူတို့တွေက ကတ်စတယ်လန် ရဲ့ နောက်လိုက်တွေပဲ သူတို့က ဂလေဇာကို နောက်ခံထားနေတာ ကတ်စတယ်လန်က ဓားသန့်စင်ခြင်းဆိုင်ဘက်ရှိနေပုံရတယ် “

“မင်းဘာသိလဲ ဒီမြေခွေးက ဈေးဝယ်သူအားလုံးကို လှည့်စားပြီး အမှောင်ကိစ္စတွေ လုပ်နေတာ ကတ်စတယ်လန် ရဲ့ ခွင့်ပြုချက်မရဘဲ သူဒီလိုလုပ်ဖို့ သတ္တိရှိနေတယ်လို့ မင်းထင်လား နောက်ဆုံးတော့ သူက ကတ်စတယ်လန် ဟန်နရီ ရဲ့ခွေးတစ်ကောင်ပဲ၊ မီးဖိုသန့်စင်ခြင်းက ဓားသန့်စင်ခြင်း ရဲ့ လုပ်ငန်းကို သိမ်းပိုက်ပြီးကတည်းက ကတ်စတယ်လန်က ဒီအတိုင်းပဲ ဆက်သွားနေပုံရတယ် “

“ဟမ် ဒီလူငယ်လေးက ဘယ်သူလဲ သူ့မျက်နှာကို ဘာလို့ မမြင်ရတာလဲ တစ်စုံတစ်ခုက ငါ့ အမြင်အာရုံကို ပိတ်ဆို့နေတယ် ဒါပေမယ့် ကိန်း က သူ့ကို ဆက်ဆံပုံပေါ် မူတည်ပြီး အဆင့်အတန်းမြင့်ပုံရတယ် သူက ဘယ်ကလာတာလဲ သူ မီးဖိုသန့်စင်ခြင်းဆိုင်ကို အားဖြည့်ပေးနိုင်မလား?”

“သူ့အသက်က အရမ်းငယ်သေးတာပဲ၊း သူဘာတတ်နိုင်မလဲ နတ်ဘုရားတစ်ပါးရှိရင်တောင်မီးဖို သန့်စင်ခြင်းဆိုင်ရဲ့ အခြေအနေကို ကယ်တင်နိုင်မှာမဟုတ်ဘူး “

“သနားစရာပဲမီးဖိုသန့်စင်ခြင်းဆိုင် ရဲ့ အရောင်းအမျိုးသမီးတွေဟာ နုပျိုပြီး လှပပါတယ် မီးဖိုသန့်စင်ခြင်း ပိတ်သွားတဲ့နောက်မှာတော့ မြေခွေးအို ဂလေဇာက သူတို့ကို လွှတ်မပေးဘဲ တစ်ယောက်ပြီးတစ်ယောက် ဖျက်ဆီးပစ်လိမ့်မယ် “

လူအုပ်ကြီးက ညည်းညူကြသည်။

၎င်းတို့အနက် တယ်လွန်မြို့ တွင် နှစ်အတော်ကြာနေထိုင်ခဲ့ကြသူအနည်းစုရှိပြီး အခြေအနေတစ်ခုလုံးကို နားလည်သဘောပေါက်ကြသည်။ မြေခွေးဟောင်း ဂလေဇာသည် မီးဖို့သန့်စင်ခြင်းဆိုင်ကို ကြာရှည်သည်းခံခဲ့ပြီး ယခုမှ လှုပ်ရှားသည်ဖြစ်ရာ ကောင်းစွာပြင်ဆင်ထားသည်ဟု အဓိပ္ပာယ်ရသည်။ ယနေ့ အံ့ဖွယ်အမှုတစ်ခု မဖြစ်ခဲ့ပါက မီးဖို့ သန့်စင်ခြင်းဆိုင်သည် ကြီးစွာသောဒုက္ခဖြစ်လိမ့်မည်။

ထိပ်တိုက်ရင်ဆိုင်မှုအလယ်တွင်

အရောင်းဝန်ထမ်း လေးယောက် မြေပြင်ပေါ်သို့ လဲကျကာ အော်ဟစ်လှောင်ပြောင်နေသော အနီရောင်ဝတ် စစ်သည်တော်များက ၎င်းတို့ကို ဝိုင်းရံထားသည်။

ဂရေ့စ်အယ်လန် ၏ အဖြူရောင်ပါးပြင်ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အနီရောင် လက်ရာများ ပေါ်နေပြီး သူမ၏ မျက်နှာသည် ရောင်ရမ်းနေပါသည်။ သူမမျက်နှာပေါ်မှ သွေးများစွာစီးကျလာသော်လည်း သူမသည် ခေါင်းမာကာ လက်နှစ်ဖက်ကိုဖွင့်ကာ မောက်မာစွာရယ်မောနေသော အသက်ကြီးပြီး ထိပ်ပြောင်နေသော ဂလေဇာကို စိုက်ကြည့်နေပြီ သူမနောက်ကွယ်မှ အခြားမိန်းကလေးများကို ကာကွယ်ပေးထားသည်။

ဖေးအောက်ထပ်ကို ရောက်သည်နှင့် သူ့မျက်နှာတစ်ဝိုက်က နေရာလွတ်များကို မှုန်ဝါးစေရန် သဘာဝနိယာမများကို အသုံးချလိုက်သည်။ ဤနည်းဖြင့် နေအဆင့် နယ်ပယ်အောက်တွင် မည်သူမျှ သူ့မျက်နှာကို မြင်နိုင်မည်မဟုတ်ပေ။ ဒါကိုလုပ်ခြင်းအားဖြင့်‌ ဖေးသည် ပို့စာရုံး ကို ဒုက္ခဖြစ်စေမည်မဟုတ်ပေ။ တကယ်တော့ ဖေးကို လူသားမျိုးနွယ်အပေါ် ရာဇ၀တ်ကျူးလွန်သူဟု လူအများစုက ယုံကြည်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သူနှင့် ပို့စာရုံး အကြား ဆက်စပ်မှုကို ရှာဖွေတွေ့ရှိပါက ပို့စာရုံး ၏ ကောင်းမွန်သော လုပ်ငန်းအားလုံးကို ဖြိုခွဲ လုယက်သွားမည်ဖြစ်သည်။

မန်နေဂျာ ကိန်း ကို အခြေအနေကို ကိုင်တွယ်ရန် အချက်ပြပြီးနောက်‌ ဖေးသည် အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များ ဝန်းရံထားသော မိန်းကလေးများဆီသို့ လျှောက်သွားခဲ့သည်။

“ ဘယ်သူလဲ မင်းက ရပ်စမ်း မြေနိုး မင်းသေချင်နေတာလား “

ဖေး ဖြတ်သွားသည်ကို စစ်သူရဲသုံးယောက်က မြင်သည်အခါ အလိုလို တိုက်ခိုက်ခြင်းဖြင့် သူ့ကို တားချင်ကြသည်။ သို့သော် သူတို့ထိုးလိုက်သည်နှင့် တပြိုင်နက် မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ အဖြူရောင် ၀တ်ထားသည့် ဤလူငယ်လေးဟာ သူ့ပတ်ဝန်းကျင်၌ အကာအကွယ် အလွှာတစ်ခု ရှိနေပုံပေါ်သည်။

အခန်း ၉၉၀ တစ်ချက်ကြည့်ခြင်း (အပိုင်းနှစ်)

ဂရေ့စ်အယ်လန်၏ နောက်၌ ငိုကြွေးနေသော မိန်းကလေး လေးယောက်မှာ မြေပြင်ပေါ်မှာ တုန်လှုပ်ခြောက်ခြားနေကြပါတယ်။ ဒေါသထွက်နေကြသော်လည်း သူတို့အားလုံးသည် သာမန်မိသားစုမှ မိန်းကလေးများဖြစ်ကြပြီး ထိုကဲ့သို့ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ မကြုံဖူးကြပေ။ ထို့ကြောင့် သူတို့သည် မည်သည့်အရာကိုမျှ မလုပ်ဝံ့ကြပေ။ ရဲရင့်သော ဂရေ့စ်အယ်လန်သည်လည် တုန်လှုပ်နေသည့်တိုင် သူမ၏ သေးသွယ်သွယ် လက်နှစ်ဖက်ဖြင့် သူမ၏ သူငယ်ချင်းများကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။

ယခုအချိန်တွင် မိန်းကလေးများသည် မုန်တိုင်းဒဏ်ခံရသော နုနယ်သောငှက်များကဲ့သို့ဖြစ်ပြီး အခြားသူတို့အတွက် စိတ်မကောင်းဖြစ်စေသည်။

“ နာနေသေးလား “ ဖေး သက်ပြင်းချကာ ထိုင်ချလိုက်ပြီး ထိုမိန်းကလေးများကို မကူညီမှီ အယ်လန် ၏ မျက်နှာပေါ်တွင် ထင်ရှားသော အနီရောင် လက်ဝါးရာများကို သူမြင်လိုက်သောအခါတွင် သူမအတွက် ဝမ်းနည်းစိတ်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။ သူမကို တိုက်ခိုက်ခဲ့သူမှာ သနားညှာတာမှုကင်းမဲ့ပြီး ချောမောလှပသော သူမ၏မျက်နှာသည် အရိုက်ခံရပြီးနောက် ပုံပျက်လုနီးပါးဖြစ်နေသည်။

အယ်လန်ကက ဖေး ကို ကြောင်အအကြီးနဲ့ ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် မိန်းကလေးမှ ဖေး၏မျက်နှာရှိ အနည်းငယ်မှုန်ဝါးသွားစေသည့် သဘာဝနိယာမများပြီးလွှင့်ပြယ်ပြီးနောက် နောက်ဆုံးတွင် သူမ၏အာရုံခံစားမှုများ ပြန်လည်ရောက်ရှိလာသည်။ ဖေး၏ ခန့်ညားမျက်နှာနှင့် သောက်ရှူးကြယ်ရောင်မျက်လုံးများကို သူမြင်လိုက်ရသည်။ ဖေး၏ အမူအရာက နွေးထွေးပြီး လေသံကပျော့ပြောင်းနေသည်။

“ အာ အဲဒါ မင်းပဲ...” အယ်လန် နောက်ဆုံးတော့ ဖေးကို မှတ်မိသွားသည်။

သို့သော်လည်း စကားပြောလိုက်သဖြင့် သူမ၏ မျက်နှာ အစိတ်အပိုင်းများ လှုပ်ရှားသွားက နာကျင်မှုတိုးလာ၍ အယ်လန် စကားမပြောနိုင်ဖြစ်သွား၏။

ဖေးက သူမကို အချက်ပြပြီး စကားမပြောဖို့ ပြောလိုက်သည်။ ထို့နောက် သူ့လက်များကို ဤမိန်းကလေး၏ ပါးပြင်ပေါ်တွင် တင်လိုက်ပြီး သူ့လက်မှ ရွှေရောင်စွမ်းအင်များ ထွက်ပါ်လာပြီး ကုသပေးလိုက်သည်။

အယ်လန် ချက်ခြင်းပင် မောဟိုက်သွားပြီး‌ေဖးကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

အေးမြလန်းဆန်းသော စွမ်းအင်ကို သူမ သိသိသာသာ ခံစားလိုက်ရပြီး နာကျင်မှုကြောင့် ထုံကျင်နေသော သူမ၏ပါးပြင်များ ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားသည်။

“မင်းကို ဘယ်သူရိုက်တာလဲ” ဖေးက သူ့လက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး‌မေးလိုက်သည်။

“ အယ်... နင်... နင်... ကောင်းပြီ နင်သွားရမှာ ဒီမှာ ဖြစ်ပျက်နေတာ နင်နဲ့ မသက်ဆိုင်ဘူး “ သူမ ရုတ်တရက် တစ်ခုခုကို တွေးလိုက်သလိုပဲ အယ်လန်က ဖေးထွက်သွားစေရန် အမြန်ကြိုးစားသည်။ သူမသည် ထက်မြက်ပြီး ၎င်းက မီးဖိုသန့်စင်ဆိုင် အတွက် ကြီးမားသော ပြဿနာဖြစ်ကြောင်း သိပါသည်။ ထိုမြေခွေးအို ဂလေဇာသည် ဆိုင်ကို နေ့ခင်းဘက်တွင် ဖြိုဖျက်ရန် ဆုံးဖြတ်ပြီးနောက် သူပြင်ဆင်ခဲ့ကြောင်းသိသာသည်။ ထို့ကြောင့် ဝင်ပါလာသည့်ဖေးလည်း ဒုက္ခရောက်နိုင်သည်။

ဖေးသည် ထိုမိန်းကလေး၏စိတ်ထဲ၌ဘဘာဖြစ်နေသည်ကို သိလိုက်၏။ သူ့စိတ်ထဲ၌ သက်ပြင်းတစ်ချက်ချပြီးနောက် ပြုံးပြီး နူးညံ့သောအသံဖြင့် “ကောင်းပြီ မကြောက်နဲ့ မင်းကို ဘယ်သူရိုက်တယ်ဆိုတာပဲ ပြောရမယ်”

“ အဲဒါ ငါပဲကွ ဘာလဲ ကလေး မင်း သူရဲကောင်းဖြစ်ချင်လို့ အလှတရားတွေကို ကယ်တင်ချင်သလား၊ မင်းဘယ်လိုသေရမယ်ဆိုတာတောင် မသိဘဲဖြစ်သွားမယ်” ဘေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

အနီရောင်ဝတ်ထားသော စစ်သည်တော်များသည် မြေပြင်ပေါ်မှ လူးလိမ့်ထလာကာ နောက်ဆုံးတွင် အနီရောင် ပိုးထည်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးအနားကို အလျင်အမြန် စုရုံးလာကြသည်။

ဤလူငယ်သည် ချောမောသော်လည်း သူ၏ အရုပ်ဆိုးသောနှာခေါင်းသည် အခြားမျက်နှာအသွင်အပြင်နှင့် မကိုက်ညီဘဲ သူ့ပုံစံကို ဖျက်ဆီးပစ်လိုက်သည်။ ထို့အပြင် သူ၏သေးငယ်သောမျက်လုံးများက သူသည် ရက်စက်ပြီး ကောက်ကျစ်သူဟု အခြားသူများခံစားရစေသည်။

သို့သော်လည်း သူသည် ငပျော့တစ်ယောက်ဟုတ်ပေ။ သူ့ခန္ဓာကိုယ်အတွင်း စွမ်းအင်များ တဟုန်ထိုး စီးဆင်းသွားပြီး အနည်းဆုံး ကြယ်ငါးပွင့် စစ်သည်တော် ဖြစ်ပုံရသည်။

၎င်းက ဖေးကို အော်ဟစ်လိုက်သော လူငယ်ဖြစ်သည်။

“ ဒါ သူလား “ ဖေး က အယ်လန်ကိုမေးသည်။

ထိုလှပသော မိန်းကလေးက တစ်စုံတစ်ခုကို နားလည်သွားသည့်အလား ဖေးကို ခေါင်းငြိမ့်ပြ၏။

ထိုလူငယ်က ဖေးကို လှောင်ပြောင်နေစဉ်၌ပင် ပြိုင်ဘက်က လှည့်ပြီး သူ့ကို စိုက်ကြည့်နေသည် ကို ရုတ်တရက် မြင်လိုက်ရသည်။ အဖြူရောင် ၀တ်ထား သော လူငယ်လေးသည် မတိုက်ခိုက် သော်လည်း ကြီးမားသော စွမ်းအင် ပမာဏတစ်ခုက သူ့ထံ ပြေးလာပြီး သူ ပြောမည့် စကားလုံး အားလုံးကို သူ့ ဗိုက်ထဲသို့ ပြန်တွန်းပို့ လိုက်သည်။ မာနကြီးကြီးလူငယ်က သူ၏ ကြယ်ငါးပွင့် မြေကြီးဒြပ်စစ်သူရဲစွမ်းအင်ကို အသုံးမပြုမီတွင် သူ၏ခြေထောက်များသည် ဂျယ်လီသဖွယ်ပျော့ခွေ သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

ထို့နောက် တစ်စုံတစ်ခု ကျိုးသွားသလိုမျိုး သူ့ဒူးခေါင်းမှ မြည်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။

လူအုပ်ကြီးထံမှ အံ့ဿ

ဩသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

“မင်း... မင်းက ဘယ်သူလဲ” ရုပ်ဆိုးဆိုးနှာခေါင်းရှိသော လူငယ်သည် သူ့လက်နှစ်ဖက်ဖြင့် မြေပြင်မှ ထရန် ကြိုးစားနေသော်လည်း ဖေးကိုမော့ကြည့်ရုံသာ သူလုပ်နိုင်သည်။

“သူ ဘယ်လောက်တောင် အစွမ်းထက်သလဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒူးထောက်ပြီး ကြယ်ငါးပွင့် စစ်သည်တော်တစ်ယောက်အနေနဲ့တောင် ပြန်မတိုက်နိုင်တော့ဘူး” ဟု သူ့ဘာသာသူ တွေးလိုက်မိသည်။

“အစွမ်းထက်လွန်းတယ်”

“ဒါဆရာကြီးပဲ”

“ စောက်ရမ်းကြမ်းတဲ့ဆရာကြီးပဲဟ “

ဤအခိုက်အတန့်တွင် လူငယ်၏ခေါင်းထဲမှ မောက်မာမှုအားလုံး ပျောက်ကွယ်သွားပြီး သူခံစားနိုင်သည့် တစ်ခုတည်းသော ခံစားချက်မှာ ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။ သူသည် တိုက်ကြီးတွင် မြင်ရခဲသော တုနှိုင်းမရသည့် သခင်များထဲမှ တစ်ဦးနှင့်ကြုံသွားပြီဖြစ်ကြောင်း သူသိသည်။

EndEnd

All Chapters