← Chapters

အခန်း (၉၉၁)

Vol. 65 Ch. 991

အခန်း (၉၉၁)

Vol. 65 Ch. 991

အခန်း ၉၉၁- အမှန်တကယ် မာနကြီးသူ (အပိုင်းတစ်)

ခန်းမရဲ့ တစ်ဖက်ခြမ်း၌

ကိန်းသည် မီးဖိုသန့်စင်ဆိုင် ၏ အစောင့်များနှင့်အတူ လျှောက်လာခဲ့ပြီး အနီရောင်ဖြင့် စစ်သည်များအား ဆိုင်ကို ထပ်မံမဖြိုခွင်းရန် တားဆီးခဲ့သည်။ ထို့နောက် အခြေအနေသည် ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်သွားသည်။

ကိန်းက သူ့၏ သိုလှောင်လက်စွပ်ထဲက မှော်တုတ်တံကို ထုတ်လိုက်ပြီး မြေခွေးအိုကြီး ဂလေဇာကို စိုက်ကြည့်ရင်း “မစ္စတာ ဂလေဇာ၊ ဒါက ဘာအဓိပ္ပာယ်လဲ” ဟု အေးစက်စွာ မေးသည်။

“မင်းရဲ့ဆိုင်ကို ဖြိုချလိုက်တာလေ မင်း မ‌မြင်နိုင်ဘူးလား အခြေခံတွေကို နားလည်ဖို့ အသက်ကြီးနေပြီထင်တယ် “ အသက်ကြီးကြီး ထိပ်ပြောင်ပြောင် ဂလေဇာက ပခုံးတွန့်ကာ လှောင်ပြောင်သည်။

“မင်း ချိုးလိုက်တဲ့ လက်နက်တွေက ရွှေဒင်္ဂါးပေါင်း ၁၃၆၅၀တန်တယ် မင်း ဝိုင်းပြီးပြီ ဆိုတော့ လျော်ကြေးပေးဖို့ အချိန်တန်ပြီ” ဟု ဆော်လမွန်ကိန်းက ကျိုးသွားသော လက်နက်များနှင့် အပေါက်များစွာရှိသော နံရံများကို ကြည့်ရင်း တည်ငြိမ်စွာ ပြောခဲ့သည်။

“မင်းက အရူးလား ဆိုင်ကို ဖျက်ဆီးပြီး လျော်ကြေးပေးဖို့ တစ်ယောက်ယောက်ကို တွေ့ဖူးလား “ ဂလေဇာက သူ့ပြောင်ခေါင်းကို ပွတ်သပ်ပြီး ဂုဏ်ယူစွာရယ်မောရင်း “ဒါ့အပြင် ခုငါတို့ ဆိုင်ရဲ့ အစိတ်အပိုင်းလေးကိုပဲ ရိုက်ခွဲရသေးတယ် ဒီနေ့ မင်းဆိုင်ကို လုံးလုံးလျားလျား ဖျက်ဆီးပြီး မင်းကို မိုက်ရိုင်းတဲ့ နိုင်ငံခြားသားတွေကို ဖမ်းတော့မယ် “

မြေခွေးအိုကြီးက မာနကြီးပြီး သူ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်ဖို့တောင် မကြိုးစားခဲချေ။

“မင်းကို ဘယ်သူက အခွင့်အာဏာ ပေးမှာလဲ” ကိန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ပြောဆို နေချိန်တစ်လျှောက်လုံး သူက တည်ငြိမ်လှသည်။

သို့သော်လည်း မီးဖို့သန့်စင်ဆိုမှ ငှားထားသော ပန်းပဲဆရာများ အစောင့်များ ဝန်ထမ်းများမှာ ကိန်း၏ နောက်တွင်ရပ်နေပြီး ဂလေဇာကို စူးရဲရဲကြည့်နေကြ၏။ ဂလေဇာက လှည့်ကွက်များစွာသုံးခဲ့ပြီး သူတို့၏ လုပ်ဖော်ကိုင်ဖက်များကို ဒဏ်ရာပြင်းထန်စွာရစေခဲ့သည်။

“ ရှိတယ် ဟားဟားဟား “ ဂလေဇာသည် ကမ္ဘာ့ ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ရယ်မောနေတော့သည်။ ခဏတာ ရယ်မောပြီးနောက် သူ့အမူအရာက ရုတ်တရက် ပြင်းထန်လာသည်။ သူက ခဏလောက်တွေး ဟန်ဆောင်ပြီး “ ငါက ကျိုးကြောင်းဆီလျော်ပြီး တရားမျှတတယ် တစ်စုံတစ်ယောက်က ဒီဆိုင်အကြောင်း ကတ်စတယ်လန်ကို အစီရင်ခံခဲ့ပြီး ဆိုင်က က ပစ္စည်းအတုတွေရောင်းတယ် မတရား ဝယ်ခိုင်းတယ် လိမ်လည်လှည့်ဖျားတာလုပ်တယ် ဓားပြတွေနဲ့ ပူးပေါင်းပြီး ပင်လယ်မျိုးနွယ်စုနဲ့ပေါင်း ပြည်သူ‌တွေကိုသတ် တယ်လို့ အဲဒီလူက တိုင်ကြားခဲ့တယ် ဒါကြောင့် မီးဖိုသန့်စင်ခြင်းဆိုင်က လူတိုင်းကို စစ်မေးဖို့လိုတယ် “

“ မဖြစ်နိုင်ဘူး ” ကိန်း တစ်သိမ့်သိမ့် ရယ်မောရင်း ခေါင်းယမ်းကာ “အတုအပရောင်းတာနဲ့ ဝယ်ယူသူ‌ေတွကို အတင်းအကြပ်ဝယ်ခိုင်းတာက မင်းတို့ ဓားသန့်စင်ဆိုင်လုပ်တာ ဓားပြတွေနဲ့ပေါင်းတာ ပင်လယ်မျိုးနွယ်ကလူတွေနဲ့ပေါင်းတာ တစ်ခုမှ အဓိပ္ပာယ်မရှိဘူး မင်းသက်သေပြလေ “

“ မင်း အထောက်အထား လိုချင်လို့ ငါ့မှာ အများကြီးရှိတယ် “ ထိုသို့ပြောပြီး ဂလေဇာက ခပ်လှောင်လှောင်ရယ်လိုက်သည်။ “ဟီးဟီး၊ ထောင်ထဲမှာ မင်း စစ်ဆေးမေးမြန်းခံရတဲ့အခါမှ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ချပြမယ် ဟားဟားအချိန်မဖြုန်းပါနဲ့ မန်နေဂျာ ကိန်း မင်းက အစွမ်းထက်တဲ့ ကြယ်ငါးပွင့်မှော်ပညာရှင် ဆိုတာကို ငါသိပါတယ် ဒါပေမယ့် အညံ့ခံဖို့ ငါအကြံပေးတယ် ကတ်စတယ်လန် ဟင်မရီ က ဒီဖမ်းဆီးမိန့်ကို ပေးခဲ့တယ် ခုခံဝံ့တဲ့သူတိုင်းကို သေဒဏ်ပေးလိမ့်မယ်ဘ”

ထိုသို့ပြောပြီးနောက် ဂလေဇာသည် ပြန်လှည့်ကာ ယူနီဖောင်းဝတ်ထားသော စစ်အရာရှိများ တက်လာခဲ့သည်။

ထိုအရာရှိများက အင်အားနည်းပါးသူများ မဟုတ်ကြပေ။ ထို့ပြင် သူတို့က တယ်လွန် ကတ်စတယ်လန်ကို ကိုယ်စားပြုကြသူများလည်းဖြစ်သည်။

အရပ်ခြောက်ပေကျော်မြင့်သော စစ်တပ်အရာရှိများက ကတ်စတယ်လန်၏ နောက်မှ ကပ်၍ လိုက်ပါလာ၏။ သူတို့က ပြင်းထန်သော အရှိန်အဝါများ ထုတ်ဖော်ထားကြသည်။

“ ဘမ်း ဘမ်း ဘမ်း “ ထိုအရာရှိက လမ်းလျှောက်နေစဉ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်ကို လွှတ်ခဲ့ပြီး ဆိုင်ထဲရှိသူများကိုလည်း အသူရာချောက်နက်ကြီးထဲနားကပ်လာသော သားကောင်များသဖွယ်ခံစားစေသည်။ အနီရောင်စစ်သည်တော်၏ စွမ်းအင်မီးတောက်များသည် သူ့ပတ်ဝန်းကျင်တွင် တောက်လောင်နေသဖြင့် ခန်းမတွင်းရှိ အပူချိန်များ သိသိသာသာ မြင့်တက်လာသည်။ အနီရောင်ကြယ်ခြောက်လုံးက ဝေ့ဝဲနေသော ဤလူ၏နဖူးတွင် ယောင်ဝါးဝါးမြင်ရပြီး သူသည် မီးဒြပ်စင်ခြောက်ကြယ်စစ်သည်တော်ဖြစ်ကြောင်း ဖော်ပြနေသည်။

လူအင်အားနှင့် ဆရာသခင်အင်အားတို့က ဂလေဇာ၏ အားသာချက်ဖြစ်သည်။

ဂလေဇာ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လာ၏။ ပိန်ပြီး ထိပ်ပြောင်‌နေသော အဘိုးအိုသည် သူ့ပြိုင်ဘက်များကို စိတ်ပျက်လက်ပျက်ဖြစ်စေသည့် ခံစားချက်ကို နှစ်သက်သည်။

မီးဖိုသန့်စင်ခြင်းဆိုင် လွန်ခဲ့သောတစ်နှစ်ခန့်က ပုံပေါ်လာပြီးကတည်းက ဂလေဇာသည် အမြတ်များစွာဆုံးရှုံးခဲ့သည်။ အကယ်၍ ဤဆိုင်အသစ်တွင် နောက်ခံကောင်းခြင်း ရှိ မရှိ စောင့်ကြည့်ချင်သော ကတ်စတယ်လန် ဟင်နရီ ကြောင့်သာ မဟုတ်ပါက ဂလောဇာ သည် ဤနိုင်ငံခြားသားအားလုံးကို ချက်ချင်းသတ်ပစ်ရန် ကြိုးစားခဲ့ပေလိမ့်မည်။ ဒါကို နှစ်ဝက်ကျော်ကြာအောင် ခံနိုင်ရည်ရှိရှိ စောင့်ခဲ့ ပြီးနောက် နောက်ဆုံးတွင် ကတ်စတယ်လန် ဟင်နရီကို ဤ စစ်ဆင်ရေးစရန် စည်းရုံးနိုင်ခဲ့သည်။

ကလေဇာ အနေနှင့် သူ့ရှေ့မှ ပြိုင်ဘက်ကို ရှင်းပြစ်ရန်မစောင့်နိုင်တော့ပေ။ ထို့အပြင် အရောင်းဝန်ထမ်းမလေးများကို အရသာခံရန်လည်း သူမစောင့်နိုင်တော့ပေ။

ဒီကိစ္စတွင်တော့ ဂလေဇာ ကိန်းကို လေးစားမိသည်။ ထိုလူက ဆင်းရဲသားရပ်ကွက်မှ မိန်းမလှလေးများကို လှပသော အရောင်းဝန်ထမ်းများအဖြစ်ပြောင်းနိုင်ခဲ့သည်။

အခန်း ၉၉၁- အမှန်တကယ် မာနကြီးသူ (အပိုင်း ၂)

ဂလေဇာ၏ စိတ်ကူးထဲတွင်တော့ မီးဖိုသန့်စင်ခြင်း လက်နက်ဆိုင်၏ ပျက်စီးရခြင်းက သေချာနေပြီဖြစ်သည်။

သို့သော်လည်း အခြေအနေများက သူထင်ထားသကဲ့သို့ဖြစ်မလာပေ။ “ အုန်း “ ဟူသော မြည်သံနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။

ဂလောဇာ လှည့်ကြည့်လိုက်တော့ ကြယ်ငါးပွင့် စစ်သည်တော်တစ်ယောက်က အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ရှေ့တွင် ဒူးထောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်ကို သူ တစ်ခါမှ မတွေ့ဘူးချေ။

ထိုစစ်သည်တော်၏ ရှေ့တွင်တော့ ကျောက်ပြားကြမ်းပြင်က ပင့်ကူအိမ်ကဲ့သို့ကွဲနေပြီး စစ်သည်တော်၏ ခေါင်းမှ သွေးများဖြာကျနေသည်။

အရူးတစ်ယောက်ပင် ဘာတွေဖြစ်နေသည်ဆိုသည်ကို သိပေလိမ့်မည်။

ကိန်းအောက်ထပ်ဆင်းလာစဉ်က ဂလေဇာမှာ ကိန်းနှင့်အတူပါလာသော အဖြူရောင်ဝတ်လူငယ်ကိုတွေ့ခဲ့ရသည်။ သို့သော် သူက ဤလူငယ်အား အရေးမပါသော ကျွန်တစ်ဦးဟု ထင်ကာ လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် လူငယ်က အစွမ်းထက်ဆရာသခင် တစ်ဦးဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။

ရုတ်တရက် သူ့စိတ်ထဲ၌ ခံစားချက်များဆိုးရွားလာသည်။

ဂရေ့စ်အယ်လန်ကတော့ ထိုနေရာ၌ မှင်သက်နေ၏။ ဖေး ကို အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု သူထင်မထားပေ။

သူမတွင် သူရဲကောင်း စွမ်းအင် သို့မဟုတ် မှော်စွမ်းအင်များ မရှိသည့်အပြင် သူရဲကောင်းများနှင့် မှော်ဆရာများသာ သိရှိနိုင်သော ဖိအားကို အာရုံခံရန် သဘာဝလွန် စွမ်းရည်များ မရှိသော်လည်း သူမ၏ ထက်ရှသော ပင်ကိုယ်သိစိတ်က ထိုလူချောက အစွမ်းထက်သော ခွန်အားရှိကြောင်း သိလိုက်သည်။

လူအုပ်ထဲက လူများမှာ ပိုမိုတုန်လှုပ်သွားသည်။

ထူးဆန်းသော နှာခေါင်းရှိသော လူငယ်သည် တယ်လွန်မြို့ တွင် သြဇာအရှိဆုံး သခင်တစ်ဦးဖြစ်ပြီး ၎င်း၏အမည်ပြောင်မှာ မြို့ဖျက်မီးလက်ချောင်း ဖြစ်သည်။ သူ၏မီးဒြပ်စစ်သူရဲစွမ်းအင်က ထိပ်လန့်ဖွယ်ကောင်းပြီး လူများက သူ့လက်ချောင်းဖြင့် တစ်မြို့လုံးကို လောင်ကျွမ်းစေနိုင်ကြောင်း ပြောဆိုကြသည်။ ၎င်းက ချဲ့ကားပြောဆိုမှုသာဖြစ်သော်လည်း သူ၏ မီးဓာတ်အစွမ်းနှင့် ဩဇာအာဏာကိုသံသယဖြစ်စရာမလိုပေ။ သူ၏ မီး-ဒြပ်စင် တိုက်ခိုက်ရေး နည်းစနစ်များသည် ပြင်းထန်ပြီး တိုက်ပွဲ တစ်ခါမှ မရှုံး‌ေသးသကဲ့သို့ ပညာရှင်များစွာကိုလည်း အနိုင်ယူဘူးသည်။

ထိုကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်မှာ ဆံပင်အနက်ရောင် ဝတ်စုံဖြူဝတ်လူငယ်လေးကြောင့် မြေတွင်ပြားပြားဝတ်နေ၏။ အစွမ်းထက်ပုဂ္ဂိုလ် မြို့ဖျက်မီးလက်ချောင်းမှာ လူငယ်လေး၏ အကြည့်တစ်ချက်ကြောင့် မရုန်းကန်နိုင်ဖြစ်သွားသည်။

“ဒါအစွမ်းထက်ပုဂ္ဂိုလ်ပဲဟ”

“ ဒါ ဆရာသခင်ပဲဟ “

ဝန်းရံကြည့်ရှုနေသူအားလုံး ဆွံ့အသွားကြသည်။

ဂလေဇာက ဤမီးဖိုသန့်စင်လက်နက်ဆိုင်ကို ချေမှုန်းပြီး တယ်လွန်မြို့၏ တစ်ခုထဲသော အင်အားကြီး လက်နက်ဆိုင်အဖြစ်ရပ်တည်တော့မည်ဟု အားလုံးထင်ထားခဲ့သော်လည်း။ယခုတော့ အစွမ်းထက်လူငယ်လေးတစ်ယောက်က မန်နေဂျာ ကိန်းအနားတွင်ပေါ်လာသည်။

“ဟာဟားဟား ငါ မင်းကို အထင်လွဲမိသွားတာပဲ မိတ်ဆွေ မင်းက ဘယ်သူလဲ ဓားသန့်စင်ခြင်းဆိုင် နဲ့ မီးဖိုသန့်စင်ခြင်းဆိုင် ကြားက ပဋိပက္ခမှာ ဘာကြောင့် ပါဝင်ချင်တာလဲ “ မြေခွေးအိုကြီး ဂလေဇာက နှုတ်ခမ်းများ လှုပ်ယမ်းကာ ဖေးအား တောက်ပသော အပြုံးဖြင့် ပြောလိုက်သည်။

သို့သော် ဖေးက သူ့ကို မကြည့်ပေ။

“ ဘမ်း ဘမ်း ဘမ်း ဘမ်း “

ဖေး ရှေ့သို့ လျှောက်သွားနေစဉ်မှာပင် မမြင်နိုင်သော စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်မှ ပြေးထွက်လာပြီး ခန်းမအတွင်းရှိ လူတိုင်း ဆိုင်ထဲမှလေထု ဖိသိပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဘာတွေဖြစ်နေသည်ကို သူတို့နားမလည်ခင်မှာပင် ဆူညံသံတွေ ဆက်တိုက်ကြားလိုက်ရသည်။

ဧရာမတောင်တန်းကြီးများ ပိကျလာသကဲ့သို့ ဆိုင်အတွင်းရှိ ဝတ်စုံနီဝတ်စစ်သည်များအားလုံးခံစားလိုက်ရသည်။ သူတို့မြေပေါ် လဲကျမသွားစေရန် ကြိုးစားနေကြသော်လည်း မအောင်မြင်ကျပေ။ အသံပင်မထွက်နိုင်ဘဲ လဲပြိုကျသွား၏။

“ ကတ်စတယ်လန်ဆီက အမိန့်စာလား ကောင်းပြီ ဒါဆို သူ ဒီကိုလာပြီးတော့ အမိန့်ကို သူကိုယ်တိုင်ကြေညာပါစေ မီးဖိုသန့်စင်ခြင်းဆိုင် က အင်ပါယာရဲ့ ဘယ်ဥပဒေကို ချိုးဖောက်ခဲ့တာလဲ ငါသိချင်တယ် သူတို့အားလုံးကို ဘာကြောင့် ဖမ်းဆီးစစ်ဆေးမေးမြန်းရမှာလဲ “ ဖေး က လေးနက်သောအမူအရာဖြင့် မေးလိုက်သည်။

ထို့နောက် ဖေးလည်း အခန်းထဲ လှည့်ပတ်ကြည့်ပြီး အလယ်၌ ဒေါသထွက်ထိပ်လန့်နေသော ဂလေဇာကိုတစ်ချက်ကြည့်ပြီးနောက် အရာရှိတစ်ဦးထံ လှမ်းပြောလိုက်သည်။ “ သွား မင်းသွား မင်းတို့ရဲ့ အမြင့်ဆုံး ကတ်စတယ်လန်ကို သွားခေါ်လာခဲ့ “

ဖေး ပြောသည့်အတိုင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုစစ်အရာရှိမှ တံခါးမှ လွင့်ထွက်သွားပြီး လမ်းပေါ်သို့ ပြုတ်ကျသွားသည်။

လွတ်လပ်သွားပြီးနောက် ထိုစစ်တပ်အရာရှိသည် ဘာမှ မပြောဝံ့ဘဲ လူအုပ်ထဲသို့ စိုးရိမ်တကြီး ပြေးဝင် ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ဖေးက ကိန်းနှင့် မီးဖိုသန့်စင်ခြင်းဆိုင်မှ လူများကို မျက်မှောင်ကြုတ်ကြည့်ပြီးပြောလိုက်သည်။ “ မင်းတို့ ဘာလုပ်နေတာလဲ သွားတံခါးပိတ်လိုက် ထွက်သွားရဲတဲ့သူရှိရင် စမ်းကြည်ပါစေ အသေသာရှင်းပစ် ပြီးရင် ပျက်စီးတာရဲ့ တန်ဖိုးတွက်ပြီး ဆယ်ဆလျော်ခိုင်းလိုက် “

စောင့်ကြည့်နေသော လူများကတော့ ရှော့ဖြစ်သွားကြသည်။

“ဒါက တကယ့်ကို မာနကြီးတာပဲ ဝတ်စုံဖြူ ဆံပင်အနက်နဲ့ လူငယ်နဲ့ယှဉ်ရင်တော့ ဂလေဇာရဲ့ ဝင့်ကြွားမှုက ဘာမှကိုမဟုတ်တော့ဘူး “

End

All Chapters