← Chapters

အခန်း (၉၉၂)

Vol. 65 Ch. 992

အခန်း (၉၉၂)

Vol. 65 Ch. 992

အခန်း ၉၉၂- ကတ်စတယ်လန် ဟင်နရီ (အပိုင်းတစ်)

စာရုံးမှ အုပ်စိုးသူက ဤ အခြေအနေကို ဝင်ရောက်ဖြေရှင်းလိုသည်က ကိန်းအတွက် အကောင်းဆုံးဖြစ်သည်။ တယ်လွန်မြို့ တွင်မည်သူမျှ အုပ်စိုးရှင်နှင့် မယှဉ်နိုင်သည်ကို သူသိသည်။ ထို့ကြောင့် သူလုံးဝ စိတ်မပူပါ။ သူက လှည့်ကြည့်ကာ အနည်းငယ် အမိန့်ပေးလိုက်သည်။ မီးဖိုသန့်စင်ဆိုင် ရှိ အစောင့်များနှင့် အလုပ်သမားများသည် စိတ်လှုပ်ရှားလာကြပြီး လူအုပ်ကို ခွဲကာ ပြတင်းတံခါးများကို စောင့်ကြပ်၍ မည်သူ့ကိုမျှ ထွက်ခွာခွင့်မပြုကြ‌ပေ။

နောက်ဆုံး သူတို့၏ စိတ်ပျက်မှုများကို ဖြေဖျောက်ရန် အချိန်တန်ပြီဖြစ်သည်။

မန်နေဂျာ ကိန်းမှာ ဓားသန့်စင်ခြင်းဆိုင်နှင့် ရင်ဆိုင်ရာတွင် တွက်ချက်မှုအနည်းငယ်မှားယွင်ခဲ့သည်။ သူက လွှမ်းမိုးရန် မကြိုးစားခဲ့ဘဲ ခြေတစ်လှမ်းဆုတ်ရန်ကြိုးစားခဲ့သည်။ ၎င်းက မမှားယွင်သော်လည်း စိတ်ပျက်စရာအခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။

ငယ်သားများက အနက်ရောင်ဆံပင်နှင့် ဝတ်စုံဖြူဝတ်လူငယ်လေးကိုမသိကြသော်လည်း ထိုလူငယ်လေးက အားလုံးကိုစိတ်ကျေနပ်စေခဲ့သည်။

ယခုအချိန်တွင် ထိုဝတ်စုံဖြူဝတ်လူငယ်လေးက မီးဖိုသန့်စင်ခြင်းဆိုင်၌ မန်နေဂျာကိန်းထက်ပင်ပို၍ အဆင့်မြင့်ကြောင်း လူတိုင်းပြောနိုင်သည်။ ထိုလူငယ်လေးက မီးဖိုသန့်စင်ခြင်းဆိုင်၏ နောက်ကွယ်မှ ပိုင်ရှင်ပင်ဖြစ်နိုင်သည်။

အခြေအနေများ သိသိသာသာ ပြောင်းလဲသွားသည့်အတွက် အသက်ကြီးပြီး ထိပ်ပြောင်သော ဂလေဇာမှာ အဆင်မပြေဖြစ်နေသည်။

“ဒါ... ဟီးဟီး မိတ်‌ဆွေ ငါတို့က ကတ်စတယ်လန်ကို အနှောက်အယှက် ပေးရင် စစ်အင်အားတောင် ပါလာနိုင်တယ် ငါတို့ နှစ်ယောက်လုံးအတွက် မကောင်းဘူး ဒီနေ့ ကမူးရှူးထိုးလုပ်ခဲ့တဲ့ ငါတို့ ဓားသန့်စင်ခြင်းဆိုင်ရဲ့ အပြစ် ပဲ ဆုံးရှုံးသွားသမျှကို ငါတို့ လျော်ကြေးပေးမယ် ငါတို့ ဒီမှာ အဆုံးသတ်ကြစို့ “

ဂလေဇာမှာ ဒေါသထွက်နေသော်လည်း သူ့ခံစားချက်များကို ထိန်းသိမ်းကာ ဖေးကို အညံ့ခံရန်ရွေးခြယ်ခဲ့သည်။

ဤမြေခွေးအိုအတွက် ဂုဏ်သိက္ခာသည် တန်ဖိုးမရှိပေ။ သူသည် တောတွင်းဥပဒေသ ကြီးစိုးသော ဤကမ္ဘာတွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး၊ မည်သည့်အချိန်တွင် မာနထောင်လွှားရမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပျော့ပျောင်းသင့်သည်ကို သိရှိခဲ့သည်။ ရုတ်တရက်ပေါ်လာသည့် ဤလူငယ်က သူ့ဘေးနားကလူတိုင်းထက် ပိုအစွမ်းထက်တာကို ချက်ချင်းသိလိုက်သည့်အတွက် သူ ဟန်ဆောင်လိုက်တာ ပိုကောင်းပေသည်။ ထို့နောက် ပြန်သွားကာ ပြန်လည်ဗျူဟာချရမည်ဖြစ်၏။

သူ့စိတ်ထဲတွင်မူ အနှေးနဲ့အမြန်ဆိုသလို ပြန်လာပြီး အတိုးနဲ့ အရင်းပေါင်း ပြန်တောင်းမည်ဖြစ်သည်။

သို့သော် ဖေးက သူ့ကို မကြည့်ပေ။

ပရိတ်သတ်များက ဤအခြေအနေကို ရိပ်မိကြ၏။ လူငယ်လေးက ဂလေဇာကိုကြောက်၍ မကြည့်ဝံ့ခြင်းမဟုတ်ပေ။ အဆင့်မတူဟု သဘောထားခြင်းသာဖြစ်သည်။ မင်းအဆင့်နဲ့ ငါနဲ့ စကားပြောဖို့ တန်လားဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။

ဒါကိုမြင်တော့ လူတိုင်းနီးပါး ရယ်မောခြင်းကို မချုပ် တည်းနိုင်တော့ပေ။ ဂလေဇာသည် မြို့တွင် အနိုင်ကျင့်သူများထဲမှ တစ်ဦးဖြစ်ပြီး လူအများစုက သူ့ကို မကြိုက်ကြပေ။ ယခုတော့ သူဝဋ်လည်ပြီဖြစ်သည်။ တစ်ချိန်က သူ၏ အနိုင်ကျင့်ခြင်းကို ခံရသည် လူအားလုံး စိတ်လှုပ်ရှားနေကြပြီဖြစ်သည်။

ဂလေဇာ ဘာမှမလုပ်နိုင်ခဲ့သဖြင့် ဒေါသကို မျိုချခဲ့ရသည်။ သူ၏ မျက်နှာ၌ အမျိုးမျိုးသော အရိပ်အ‌ယောင်များထွက်ပေါ်လာ၏။ သူက ဖေးကိုအပိုင်းပိုင်းခုတ်၍ အသားကိုအစိမ်းလိုက်စားပစ်ချင်သည်။ သို့သော် သူသည် အတွင်းစိတ်ရှိ ခံစားချက် အားလုံးကို ဖိနှိပ်ထားပြီး ပြုံးကာ ဖေးကို နူးညံ့သိမ်မွေ့မှု ပြသရန် ကြိုးစားသည်။

ပညာရှိသောသူသည် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူပြီး ထောင်ချောက်ထဲသို့ ကျရောက်လိမ့်မည်မဟုတ်ပေ။

“ ကျား... ဟမ်း...” ဤအခိုက်အတန့်တွင် လူထွားကြီးမှာ စိတ်ကိုမထိန်းနိုင်တော့ချေ။

သူ၏ ကြယ်ခြောက်ပွင့် စစ်သည်တော်၏ စွမ်းအင်သည် အပြည့်အဝ လွတ်မြောက်သွားပြီး စွမ်းအင်မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသကဲ့သို့ ဖုံးလွှမ်းသွားသည်။ သူသည် ကြမ်းပြင်ပေါ်မှ လက်နက်ကို ချက်ခြင်းဆွဲယူလိုက်၏။ သန့်စင်သောသံဖြင့် ပြုလုပ်ထားသည့် လက်နက်သည် နီညိုရောင်အရည်အဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ဤအရည်များသည် မီးခိုးစိမ်းများနှင့်အတူ ကြမ်းပြင်ပေါ်သို့ ကျဆင်းလာသောအခါ ကြမ်း၏ ကျောက်လွှာတွင် အနက်ရောင်အပေါက်များ ပေါ်လာသည်။

ထိုမြင်ကွင်းက လူတော်တော်များများကို ထိတ်လန့်စေခဲ့ပြီး လူအုပ်ကြီးလည်း လန့်သွားသည်။ သာမာန်လူများနှင့် အဆင့်နိမ့်စစ်သည်‌တော် များအတွက် ဤမြင်ကွင်းသည် ဖေးထံ မှ ထွက်ပေါ်လာသော မမြင်နိုင်သော ဖိအားများထက် ပိုကြောက်စရာကောင်းသည်။

ထိုသို့ ဖြစ်ပျက်ပြီးနောက် လူသန်ကြီးက ဒေါသတကြီးပြောသည်။ “မစ္စတာဂလေဇာက ဒါကိုဖြေရှင်းဖို့ ဆန္ဒရှိနေတာ မင်းကံကောင်းတယ်လို့ ခံစားရမယ် မင်းဘာတွေ မာနကြီးနေတာလဲ မင်းထက်မာနပိုကြီးတဲ့သူတွေကို ငါတွေ့ဖူးတယ် အကုန်လုံး နောက်ဆုံးတော့ အဖမ်းခံရတာပဲ သူတို့ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့် သူတို့ရဲ့ ခြေလက်တွေ ပြတ်ကုန်တယ် အရမ်းကြီး မသေချင်ဘူးဆိုရင် ငါတို့ကိစ္စကို အဆုံးသတ်လိုက် “

အခန်း ၉၉၂- ကတ်စတယ်လန်ဟင်နရီ (အပိုင်းနှစ်)

ထိုစစ်သည်ကိုကြည့်ပြီး “ သနားစရာပဲ “ ဟု ဖေးခေါင်းတခါခါပြောလိုက်သည်။

လူသန် စစ်သည်ကြီးလည်း ထိတ်လန့်သွားပြီး “ဘာပြောတာလဲ ” ဟု မေးလိုက်၏။

“မင်းမှာ အစွမ်းထက်တဲ့ စစ်သည်တော်တစ်ယောက်ရဲ့ အစွမ်းအစရှိနေတာ သနားစရာပဲ မင်းဟာ ကြယ်ခြောက်ပွင့်သူရဲကောင်းဖြစ်ပြီး မင်းက အလယ်အလတ်အဆင့်စစ်သည်တော်အဆင့်ရဲ့ အထွတ်အထိပ်ကိုရောက်နေတာ မင်းက သူရဲကောင်းတစ်ယောက်မဖြစ်ရင်တောင် လူထုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ် အဲဒီနည်းနဲ့လည်း အသက်မွေးဝမ်းကျောင်းပြုနိုင်ပါတယ် ဒါပေမယ့် မင်းဟာ လူဆိုးတွေအတွက် အလုပ်လုပ်ပြီး တခြားသူတွေကို ဒုက္ခရောက်အောင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာက တအားမှားတယ် မင်းဘဝက နိမ့်ကျတဲ့ကျွန်လိုပါပဲ”

“မင်း... သေမင်းကို ရှာနေတာလား “ လူသန်ကြီး အမျက်ထွက်သွားပြီး ဖေး၏ လည်မျိုကို ဆုပ်ကိုင်ဖမ်းရန် လက်လှမ်းလိုက်၏။

အယ်လန်တို့ မိန်းမပျိုလေး တစ်သိုက်မှာ မူလကစိတ်အေးလက်အေးဖြစ်သွားကြသော်လည်း ယခုတော့ ရင်မောနေကြပြီဖြစ်သည်။

ဖေး ကတော့ ပြုံးပြီးသာ လေကို မှုတ်ထုတ်လိုက်သည်။

ကြယ်ခြောက်ပွင့် စစ်သည်၏ မီးတောက်များမှာ မှေးမှိန်ဖျော့တော့လာသည်။ ၎င်းက သံကိုပင် အရည်ဖျော်နိုင်သော်လည်း ယခုတော့ လေမှုတ်ခံရသော ဖယောင်းတိုင်တစ်တိုင်သဖွယ် ငြိမ်းအေးသွား၏။

လူသန်ကြီး၏ ခန္တာကိုယ်မှာ ခနမျှ တောင့်တင်းပြီးနောက် လေးငါးမီးတာလောက် လွင့်ထွက်သွားသည်။ မြေပေါ်သို့ ပြန်အကျတွင်တော့ သူက အောိဟစ်ငိုယိုတော့သည်။ “ဟင့်အင်း မဟုတ်ဘူး အားးး ငါ့ရဲ့စစ်သည်‌တော်စွမ်းအင် ငါဘာလို့မခံစားနိုင်ရတာလဲ မင်း... မင်းက ရက်စက်လွန်းတယ်!မင်းဟာ ငါ့ရဲ့စစ်သည်တော် စွမ်းအင်ကြယ်ပွင့်တွေကို ဖျက်ဆီးပစ်လိုက်တယ် မင်း ငါ့အနာဂတ်ကို ဖျက်ဆီးလိုက်တာပဲ “

ထိုလူသန်စစ်သည်တော်မှာ အော်ဟစ်ရင်း ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ့ခန္တာကိုယ်မှာ ကြွက်သားများ ပျောက်ကွယ်သွားသလို ပျော့ခွေ၍ လဲကျနေသည်။

လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ ရှေ့တွင် ဖြစ်ပျက်နေသည်များက သူတို့တွေးတောနိုင်သည်ထက် ပိုနေသည်။

“ လေတစ်ချက်မှုတ်လိုက်တာနဲ့ မြို့ရဲ့ ထိပ်တန်းသခင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကြယ်ခြောက်ပွင့်စစ်သည်‌တော်ကို ဖျက်ဆီးပစ်ဖို့ လုံလောက်တယ် ဒီလူငယ်က နတ်ဘုရားလားဟ “ အားလုံး ထိုသို့တွေးမိသွားကြ၏။

လေမှုတ်ထုတ်ပြီးနောက် ဖေးက “ မင်း ကြယ်ခြောက်ပွင့် စစ်သည်တော် စွမ်းအင်ကို ကောင်းကောင်းအသုံးမချတဲ့အတွက် ငါပြန်ယူမယ်” ဟုပြောလိုက်သည်။

ဂလေဇာ ယခုမှ ကြောက်လာသည်။

လက်စားချေလိုသော သူ၏ နောက်ဆုံးဆန္ဒအနည်းငယ်သည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ယနေ့ ဤ မီးဖိုသန့်စင်ဆိုင် တွင် သူရှိမနေချင်တော့ပါ။ ဖြစ်ပျက်နေသည့်အရာအားလုံးသည် အိပ်မက်ဆိုးတစ်ခုမျှသာဖြစ်သည်ဟု သူယုံကြည်ချင်နေကာ မျက်လုံးကိုပြန်ဖွင့်လိုက်သောအခါ အားလုံးပျောက်ကွယ်သွားပေလိမ့်မည်။

ကံမကောင်းစွာပဲ ထိုအိပ်မက်ဆိုးက ဆက်ရှိနေခဲ့သည်။ဆံပင်အနက်ရောင် ဝတ်စုံဖြူနှင့် လူငယ်လေးသည် အစွမ်းထက်လှပြီး ကြမ်းတမ်းကာ ငဲ့ညှာမှု ကင်းမဲ့သူဖြစ်သည်။

ယခုတော့ သူ သံပြားကို ကန်မိပြီဖြစ်ကြောင်း ဂလေဇာသိလိုက်သည်။ ကတ်စတယ်လန် ဟင်နရီ ရောက်လာလျှင်ပင် အသုံးမဝင်ချေ။

“လေတစ်ချက်တည်းနဲ့ ကြယ်ခြောက်ပွင့်သူရဲကောင်းကို ဖျက်ဆီးလိုက်တာလား သူ ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ “ ဂလေဇာသည် မည်သည့်တိုက်ခိုက်ရေးနည်းပညာကိုမျှ မသိသော်လည်း တယ်လွန်မြို့ တွင် မည်သူမျှ ဤလူငယ်ကို ယှဉ်ပြိုင်နိုင်စွမ်းမရှိသည်မှာ သေချာသည်။

ယခုအချိန်တွင် ဂလေဇာ သည် ကတ်ဆယ်လန် ကို ဤနေရာသို့ မရောက်စေချင်ပါ။

“အဲဒီ လောဘကြီးတဲ့ လူသန်လေးက ရက်စက်ပြီး သူ့ဂုဏ်သိက္ခာကို တကယ်အရေးကြီးတဲ့အရာလို့ ရှုမြင်တယ် သူက ငါ့လို ပျော့ပျောင်းပြီးအလိုက်သင့်နဲ့ မလုပ်နိုင်ဘူး ဒီအစွမ်းထက်တဲ့ သခင်ကို စော်ကားရင် တယ်လွန်မြို့တစ်ခုလုံး သွေးချောင်းစီးသွားလိမ့်မယ် ငါ့အသက်လည်း ခြိမ်းခြောက်ခံရလိမ့်မယ် “ ဂလေဇာက သူ့ကိုယ်သူ တွေးကြည့်သည်။

ထို အခိုက်တွင် သတ္ထုချပ်ဝတ်များ အချင်းချင်းထိခိုက်ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။

ထိုအသံကြားလိုက်ရသည်နှင့် လူအုပ်ကြီးလည်း အလျှင်အမြန် ဘေးနှစ်ဘက်သို့ ကပ်လိုက်ကြ၏။

အနီရောင်တောက်တောက် ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သည်တော်တစ်ဖွဲ့က သွေးနီလှိုင်းများ လှိမ့်ဝင်လာသလို ရောက်ရှိလာပြီး မီးဖို သန့်စင်ဆိုင်ကို ဝန်းရံလိုက်ကြသည်။ ထို့နောက် နောက်စစ်သည်တစ်အုပ်က လက်နက်ကြီးများဖြင့် ချိန်ရွယ်လာကြ၏။ ဆိုင်မှာ ခနလေးအတွင်းမှာပင် သတ်ကွင်းထဲ ကျရောက်သွားတော့သည်။

ဖေးကို စကားတစ်ခွန်းမျှ မပြောဘဲ ထွက်ခွာပြေးသွားသည့် စစ်သည်တော်မှာ ယခုတော့ မှော်ချပ်ဝတ်ကို ဝတ်ဆင်၍ မြင်းဖြူကြီးစီးကာ ပြန်ရောက်လာပြီဖြစ်သည်။

သူက စိတ်အားထက်သန်စွာ ရှေ့သို့တက်လာပြီး လမ်းတစ်လျှောက်အော်ဟစ်လာသည်။

“ ကတ်စတယ်လန် လာပါပြီ၊ ကတ်စတယ်လန် ဒီမှာ “

ဤကိစ္စ နောက်ကွယ်၌ ရှိနေသော ကတ်စတယ်လန်က ရောက်လာပြီဖြစ်သည်။

End

All Chapters