အခန်း (၉၉၃)
Vol. 65 Ch. 993
အခန်း ၉၉၃- စွမ်းအားကို ထုတ်လွှတ်ခြင်း (အပိုင်းတစ်)
ကတ်စတယ်လန် ခေါ်ဆောင်လာသူများမှာ သူ၏ အစောင့်တပ်သားများမဟုတ်ဘဲ လီယွန်၏စစ်တပ်သားများဖြစ်ကြသည်။ ထို့ကြောင့် အခြေအနေက မည်မျှထိ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာကြောင်းသိနိုင်သည်။ ကြောက်တတ်သူတစ်ချို့ ဤနေရာမှ စတင်စွန့်ခွာကြပြီဖြစ်သည်။
ကတ်စတယ်လန် သည် ရက်စက်ကြမ်းကြုတ်ပြီး စိတ်တိုတတ်ကြောင်း လူတိုင်းသိသည်။ စိတ်ကောင်းဝင်နေချိန်တွင်တောင် လမ်းပေါ်ရှိ အမြင်မကြည်ဖြစ်မိသူကို နှိပ်စက်နိုင်သည်။
မကြာသေးမီက ဆူနာမီသည် တယ်လွန်မြို့ကို ပျက်စီးစေခဲ့သည်။ ပင်လယ်ကမ်းစပ်ရှိ ကတ်စတယ်လန် ဟင်နရီ၏အိမ်ကြီးသည် ဆူနာမီလှိုင်းလုံးကြီးကြောင့် ပျက်စီးသွားကာ သူ့တွင်ရှိသော လှပသောချစ်သူသည် ရေနစ်သေဆုံးသွားကြောင်း ကြားသိရသည်။ ရလဒ်အနေဖြင့် ကတ်စတယ်လန် ဟင်နရီ စိတ်မကောင်းဖြစ်ပြီး ပြီးခဲ့သောရက်အနည်းငယ်အတွင်း ၎င်း၏အိမ်တွင် အိမ်အကူလေးငါးဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း ကောလာဟလသတင်းများထွက်ပေါ်လျက်ရှိသည်။ တစုံတရာ စိတ်အနှောင့်အယှက်ဖြစ်လျှင် လူအုပ်စုတစ်ခုလုံး သေခြင်းသို့ ရောက်နိုင်သည်။
လူတစ်ချို့သာ ဤနေရာတွင် ကျန်ရစ်ခဲ့သည်။
လမ်းတစ်ဖက်တစ်ချက်ရှိ ပြတင်းပေါက်တံခါးများမှာ တင်းတင်းကြပ်ကြပ်ပိတ်သွားပြီဖြစ်သည်။ ပုန်းနေချိန်မှာပင် လူများက နောက်ဘာဆက်ဖြစ်မည်ဆိုသည်ကို သိရန် တံခါးနှင့် ပြတင်းပေါက်တွေများက ချောင်းကြည့် နေကြသည်။
ချပ်ဝတ် ၀တ်စုံဝတ်ထားသော ကြေးစားများနှင့် ချမ်းသာသော ကုန်သည် အနည်းငယ်မျှသာ အဝေးတွင် ရပ်ကာ ဘာဖြစ်မည်ကို အလွန်သိချင်နေကြသောကြောင့် ကြည့်နေလေသည်။ နောက်ဆုံးတွင် မီးဖိုသန့်စင်ဆိုင် တွင် အစွမ်းထက်သော သခင်တစ်ဦးရှိပြီး အလွယ်တကူရှုံးမည်မဟုတ်ပေ။
မကြာမီတွင် မီးဖိုသန့်စင်ဆိုင် သည် လက်ရွေးစင် စစ်သည် ၁,၀၀၀ နီးပါး၏ဝန်းရံမှုကို ခံလိုက်ရသည်။
ဧရာမဒိုင်းကြီးများက မီးဖိုသန့်စင်ဆိုင်တစ်ခုလုံးကို ဝန်းရံထားပြီး မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ဧရာမဒူးလေးကြီးများကိုလည်း တပ်ဆင်ထားပြီး လေးညှို့ကိုမြားတပ်၍ တင်ထားပြီဖြစ်သည်။ ချွန်ထက်သော မြားထိပ်ဖူးများက မီးဖိုသန့်စင်ဆိုင်ဘက် ဦးတည်နေ၏။
နောက်ထပ် အနီရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များက လက်နက်များ ကိုင်ဆောင်ကာ ဧရိယာအတွင်းရှိ အဆောက်အဦများပေါ်တွင် ရပ်ကာ ဖြစ်နိုင်ခြေရှိသော ပြေးလမ်းအားလုံးကို ဖြတ်တောက်ပိတ်ဆို့လိုက်ကြသည်။
ထပ်မှူး၏ အမိန့်အောက်တွင် စစ်သည်များက နှစ်မီတာခန့်ရှိ လှံရှည်များကို ထောင်၍ ချီတက်လာကြ၏။ ၎င်းတို့က မီးဖိုသန့်စင်ဆိုင်နား ဖြေးညှင်းစွာချီတက်လာပြီး ဆိုင်အတွင်းရှိ လူများမှာ သွေးဆာနေသော တောရိုင်းသားရဲကြီးနီးကပ်လာသည်နှယ် ခံစားလိုက်ကြရသည်။
ချီတက်လာသည်က နှေးကွေးလှသော်လည်း ထွက်ပေါ်လာသော အရှိန်အဝါက ပြင်းထန်လှရာ သာမန်သူများအဖို့ ထိပ်လန့်ပြီး အသက်ရှူရခက်သွားပေလိမ့်မည်။
အချိန် ခနလေးအတွင်းမှာပင် မီးဖိုသန့်စင်ဆိုင်မှာ အဘက်ဘက်မှ ပိတ်ဆို့ခြင်းခံလိုက်ရသည်။ မုန်တိုင်းကြားမှ လှေငယ်လေးသဖွယ် အချိန်မရွေးဖျက်ဆီးခံရတော့မည်ပုံပေါ်နေသည်။
မီးဖိုသန့်စင်ဆိုင်အတွင်းရှိ အလုပ်သမားများမှာ မယိုင်မလဲ ရပ်နေကြ၏။ အလုပ်သမားများအပြင် စပ်စုချင်၍ အချိန်မှီထွက်မသွားရသေးသော ဖောက်သယ်အချို့လည်း ကျန်ရှိနေသေးသည်။
“ ဟင့်အင်း သွားခွင့်ပြုပါဦး ငါ က မီးဖိုသန့်စင်ခြင်းဆိုင်က မဟုတ်ဘူး လက်နက်တွေဝယ်ဖို့ ဒီမှာနေတာ နားလည်မှုမလွဲပါနဲ့ ငါသူတို့နဲ့ဘာမှမပတ်သက်ဘူး...”
လူလတ်ပိုင်းအရွယ် ကုန်သည်တစ်ဦး ထိတ်လန့်သွားသည်။ သူသည် တံခါးဆီသို့ အမြန်ပြေးကာ ငိုရင်း ရှင်းပြရန် ကြိုးစား၏။ သို့သော် သူ ထွက်ခွာခါနီးတွင် လေးညှို့တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ဂရုဏာမဲ့စွာဖြင့် အပြစ်ကင်းသော ကုန်သံထံ မြားများပြေးဝင်လာတော့သည်။
ဖေး မျက်မှောင်ကြုတ်ပြီး တစ်ခုခုကို တွေးလိုက်သည်။
ထူထဲသောမြှား ၁၆ ချောင်းမှာ ကုန်သည်၏ ခန္ဓာကိုယ်ကို မထိုးဖောက်မှီ လေထုထဲတွင် ရုတ်တရက်ရပ်တန့်သွားသည်။
“ ထပ် ထပ် ထပ် ထပ် “
မြှားများ မြေပြင်ပေါ်သို့ ပြုတ်ကျပြီး တထောက်ထောက် ဆူညံသံများ ထွက်လာတော့သည်။
ထိုဆူညံသံများက ပေပေါ်ထုချလိုက်သော တူသံနှယ် လူများ၏ စိတ်ကို တင်းကြပ်သွားစေတော့သည်။
အခန်း ၉၉၃- စွမ်းအားများ ထုတ်လွှတ်ခြင်း (အပိုင်းနှစ်)
သေမင်းထံမှ ယခုလေးမှ လွတ်မြောက်လာ သောဖတ်တီးမှာ မြေပေါ်သို့ပျော့ခွေကျသွား၏။ သူ့ဘောင်းဘီတစ်ခုလုံးလည်း စိုရွှဲနေပြီဖြစ်သည်။ သူက တုန်လှုပ်စွာဖြင့် ဆိုင်ထဲ ပြန်ပြေးဝင်သွားသည်။ သူက ကြောက်ရွံ့နေသော်လည်း ဖေး က သူ့ကို ကယ်တင်မှုအတွက် ကျေးဇူးတင်ရန် မမေ့ပေ။
“ မီးဖို သန့်စင်ဆိုင်က သစ္စာဖောက်တွေထွက်လာကြစမ်း လက်နက်ချပြီး အဖမ်းခံကြစမ်း မင်းတို့ကို ဆယ်စက္ကန့်အချိန်ပေးမယ် ဒီအချိန်အတွင်း လက်နက်မချရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ သေဒဏ်ပေးမယ် “
အစောပိုင်းက ဖေးရှေ့မှ သုတ်ခြေတင်ပြေးသွားသော တပ်မှူးမှာ ယခုတော့ မောက်မာနေပြီဖြစ်သည်။ သူက အဖြူရောင် မြင်းကိုစီးထားပြီး အရာအားလုံးကို ထိန်းချုပ်နိုင်သော လူတစ်ဦးသဖွယ် ဝင့်ကြွားနေသည်။
“ ဘုန်း ဘုန်း ဘုန်း “
လက်ရွေးစင် စစ်သည်တစ်ထောင်ကလည်း အရာရှိ၏ ခေါ်သံနှင့် ထပ်တူ ၎င်းတို့၏ ဒိုင်ကာများကို လှံဖြင့်ခေါ်လိုက်ကြသည်။ စစ်သည်တော်များ၏ အရှိန်အဝါနှင့် ထိုခေါက်သံများက လေထုထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများကို လှိုင်းထသွားစေ၏။
စစ်မြေပြင်သို့ တစ်ခေါက်မျှ မရောက်ဘူးသူများမှာ ထိုအရှိန်အဝါများကြောင့် တုန်လှုပ်သွားကြသည်။ မီးဖို သန့်စင်ဆိုင်ရှိ အစောင့်များ၏ မျက်နှာများသည်လည်း ဖြူဖျော့သွားကြသည်။
အယ်လန်၌ ဆိုင်ထဲရှိ မိန်းမပျိုလေးများအားလုံး ကြောက်လန့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြ၏။
“ ဟမ်း “ ဖေးက ခပ်သာသာလေး နှာခေါင်းရှုတ်လိုက်သော်လည်း အသံက ကျယ်လောင်သော ခေါင်းလောင်းသံထက်ပင် ပြင်းသေးသည်။ ထိုအသံက စစ်သည်အားလုံး၏ အသုံကို ဖုံးလွှမ်းဖိနှိပ်သွားတော့သည်။
မီးဖိုသန့်စင်ဆိုင်၏ ပတ်လည်ရှိ စစ်သည်များသည် နားနားကပ်၍ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားရပြီး စစ်သည်များ၏မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားကြသည်။
မီးဖိုသန့်စင်ဆိုင်၏ အနားမှ အဆောက်အဦးများအထက်ရှိ စစ်သည်များသည်လည်း ဖေး၏ အထူးဂရုစိုက်မှုခံလိုက်ရပြီး တုန်ယင်ကာ ပြုတ်ကျလာကြသည်။
ဖေး၏ နှာချေသံကပင် ထိုသို့ဖြစ်စေရာ စစ်သည်များစိတ်ဓာတ်ကျသွား၏။
“ ပစ် “
မြင်းဖြူကြီး စီးထားသော တပ်မှူးမှာ စစ်သည်များ၏ အမူအရာကိုမြင်သည်နှင့် ချက်ချင်းပင် ကြမ်းကြုတ်စွာ အမိန့်ပေးလိုက်သည်။
“ ဖန်း ဖန်း ဖန်း ဖန်း “
ကြောက်မက်ဖွယ်ကောင်းသော လေးညှို့တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လေးပစ်သမားများနှင့် ဒူးလေးပစ်သမားများက မြှားများကို ချက်ချင်းပစ်လွှတ်လိုက်ကြသည်။
မြားမိုးများက မီးဖိုသန့်စင်ဆိုင်ရှိရာသို့ တသဲသဲပစ်ဝင်လာ၏။ အဆောက်အဦကြီး၏ အလယ်ဗဟိုတွင် ထိုင် နေသောဖေးမှာ ချက်ချင်းပင်မျက်မှောင်ကြုတ်မိသွားသည်။ “ ရှုံးနိမ့်မှုကို ဘယ်အချိန်မှာ ဝန်ခံရမလဲ မသိပါဘူး “
နောက်အခိုက်အတန့်တွင် ရွှေရောင်စွမ်းအင်မီးတောက်များမှာ အရှိန်ပြင်းပြင်းနှင့် အဆောက်အအုံတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မြှားတံများမှာ အရှိန်နှေးသွားပြီး ရပ်တန့်သွားသည်။ ထို့နောက်တွင်တော့ ၎င်းတို့က ဦးတည်ရာကို စစ်သည်တော်များ၏ ဘက်ကို ပြန်လှည့်သွားကြသည်။
ဖေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြှားများသည် လျှပ်စီးလက်သလို လွင့်ထွက်သွား၏။
“ အား “ အမိန့်ပေးသော စစ်အရာရှိမှာ မြှားများစွာဖြင့် ထိုးဖောက်ခံရပြီး မြင်းဖြူပေါ်မှ မပြုတ်ကျမီ ဖြူးကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
စစ်သားများကြားတွင် အလန့်တကြားအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သူတို့အားလုံး အံသြသွားပြီး ကျောရိုးကနေ ဦးခေါင်းခွံထဲထိ စိမ့်ဝင်လာသော အအေးဒဏ်ကို ခံစားလိုက်ရ၏။
“ဒါက ကြမ်းလွန်းတယ် အဆောက်အဦထဲက သခင်က ငါတို့ကို လွယ်လွယ်လေး သတ်ပစ်နိုင်တယ်ဆိုတာ ရှင်းနေတာပဲ သူ သက်ညှာပေးခဲ့တာ မဟုတ်ရင် အဲဒီမြှားတွေက တပ်မှူးသာမကဘူး ငါတို့ကိုပါ သတ်နိုင်တယ် အနည်းဆုံးတော့ ငါတို့ ရှေ့က ဖြူကောင်တွေ ဖြစ်သွားလိမ့်မယ် “ စစ်သည်များလည်း ထိုသို့တွေးမိသွားကြ၏။
“ အုန်း အုန်း အုန်း “
ရွှေစွမ်းအင်မီးတောက်များ ကြီးထွားလာပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဆောက်အဦတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ထို့နောက် ထိုစွမ်းအင်များက ကောင်းကင်ထက်သို့ ပစ်လွှင့်သွားကြ၏။ ကောင်းကင်ကြီးသည် ရွှေရောင်ဆိုးခံလိုက်ရကာ ညသည် နေ့ဘက်သို့ ပြောင်းလဲသွားတော့သည်။
ရွှေရောင်အလင်းတန်းများသည် ကောင်းကင်တွင် ဆက်လက်ပြောင်းလဲနေပြီး မကြာခင်မှာပင် အံ့သြဖွယ်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုရွှေရောင်များက မိုးကုတ်စက်ဝိုင်းမှ နေတစ်စင်းအဖြစ်ထွက်ပေါ်လာ၏။ ထိုနေပုံရိပ်နှင့်အတူ လူပုံသဏ္ဍန် ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။
နေအဆင့် အရှင်သခင်မှသာ ထိုသို့ ပုံနမိတ်ကို ဖြစ်ပေါ်စေနိုင်၏။
End