Chapters

သွေးစွန်းသော ကရုဏာ

Vol. 6 Ch. 82

သွေးစွန်းသော ကရုဏာ

Vol. 6 Ch. 82

ရွာလယ်ကွင်းပြင်တွင် ဖုန်မှုန့်များနှင့်အတူ သေခြင်းတရား၏ အအေးဓာတ်က လွှမ်းမိုးသွားသည်။ နတ်ဘုရားစစ်သည်များသည် သူတို့ကို ရစ်ပတ်ထားသည့် အနက်ရောင် ကွင်းဆက်များကို ရုန်းကန်နေကြသော်လည်း၊ မိုဖန်၏ 'ကောင်းကင်ဘုံချုပ်နှောင်ခြင်း' မှာ ရုန်းလေ မြဲလေ ဖြစ်နေသည်။

မိုဖန်သည် မြေပြင်ပေါ်သို့ အသာအယာ ဆင်းသက်လိုက်သည်။ သူ၏ ခြေလှမ်းတိုင်းမှာ မြေကြီးကို တုန်ခါစေသကဲ့သို့ ရွာသားများ၏ ရင်ခုန်သံကိုလည်း ရပ်တန့်စေသည်။ ဒဏ်ရာများဖြင့် လဲလျောင်းနေသော ရွာသားများမှာ မိုဖန်၏ ဆံပင်ဖြူများနှင့် အနက်ရောင် အရှိန်အဝါကို ကြည့်ကာ နတ်ဘုရားများထက်ပင် ပို၍ ကြောက်လန့်နေကြသည်။

"ကယ်... ကယ်ပါဦး..." အဘိုးအိုတစ်ဦးက တုန်ရီနေသော အသံဖြင့် မိုဖန်ကို ကြည့်ကာ တောင်းပန်ရှာသည်။

မိုဖန်က ထိုအဘိုးအိုကို စိုက်ကြည့်လိုက်သည်။ သူ မြင်နေရသည်မှာ ဤအဘိုးအို မဟုတ်ဘဲ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ့ကို "နွားကျောင်းသားလေး" ဟု ခေါ်ပြီး ချစ်ခင်ခဲ့ကြသော သူ၏ ရွာသူရွာသားများကို ဖြစ်သည်။ ထိုသူတွေ အသတ်ခံရစဉ်ကလည်း ယခုကဲ့သို့ပင် အကူအညီမဲ့စွာ အော်ဟစ်ခဲ့ကြသည် မဟုတ်လား။

"ကယ်ရမှာလား?" မိုဖန်က တိုးညှင်းစွာ မေးလိုက်သည်။ သူ၏ အသံမှာ ဝမ်းနည်းမှုနှင့် လှောင်ပြောင်မှုတို့ ရောယှက်နေသည်။ "ငါ့ရွာသားတွေ သေတုန်းက ဘယ်နတ်ဘုရားကမှ ဆင်းမလာခဲ့ဘူး။ အခု မင်းတို့ကို နှိပ်စက်နေတာကလည်း မင်းတို့ ကိုးကွယ်နေတဲ့ နတ်ဘုရားတွေပဲလေ"

နတ်ဘုရားစစ်သည်တစ်ဦးက အံကြိတ်ကာ အော်လိုက်သည်။ "နတ်ဆိုး... မင်း ဘာသိမှာလဲ! ငါတို့က ဒီရွာမှာ ပုန်းနေတဲ့ နတ်ဆိုးအနွယ်အဝင်တွေကို ရှင်းလင်းနေတာ... ဒါဟာ မြင့်မြတ်တဲ့ အမှုပဲ!"

မိုဖန်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ဖြည်းညှင်းစွာ လျှောက်သွားပြီး ထိုစစ်သည်၏ လည်ပင်းကို လက်တစ်ဖက်တည်းဖြင့် ဆွဲမြှောက်လိုက်သည်။"မြင့်မြတ်တဲ့ အမှု ဟုတ်လား?" မိုဖန်၏ အသံက တိုးသော်လည်း ရက်စက်လှသည်။ "မင်းတို့ရဲ့ မြင့်မြတ်မှုကြောင့် ငါ့ဘဝ ပျက်စီးခဲ့ရတာ။ မင်းတို့ရဲ့ မြင့်မြတ်မှုကြောင့် ငါ့ရဲ့ 'ယွဲ့အာ' နဲ့ ခွဲခွာခဲ့ရတာ"

"ဟိုတစ်ပတ်က... လှလှလေး ဝတ်ထားတဲ့ မမတစ်ယောက် ရောက်လာပြီး ဒီနေရာမှာ ခဏနားသွားတယ်" ကလေးလေးက တောအုပ်ဖက်ကို လက်ညှိုးထိုးပြသည်။ "မမက ပြောတယ်... နွားကျောင်းသားလေး ဆိုတဲ့ လူတစ်ယောက် ဒီလမ်းက လာလိမ့်မယ်တဲ့။ တွေ့ရင် ဒီပန်းလေး ပေးလိုက်ပါတဲ့ကလေးငယ်၏ လက်ထဲတွင် နွမ်းလျနေသော တောပန်းလေး တစ်ပွင့် ရှိနေသည်။ မိုဖန်သည် ထိုပန်းလေးကို ယူလိုက်စဉ် သူ၏ ရင်ထဲ၌ ဆယ်နှစ်စာ နာကျင်မှုများက တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာတော့သည်။

"ယွဲ့အာ... မင်း ဒီကို ရောက်ခဲ့တာလား? မင်း... ငါ့ကို စောင့်နေတာလား?"

မိုဖန်သည် ပန်းလေးကို ရင်ဘတ်မှာ ကပ်ထားရင်း ဟိန်းဟောက်ကာ ငိုကြွေးလိုက်သည်။ သူ၏ အော်ဟစ်သံက တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသသည်