← Chapters

အခန်း (၁၆၈၄)

Vol. 121 Ch. 1684

အခန်း (၁၆၈၄)

Vol. 121 Ch. 1684

နတ်ဘုရားနိဂုံး၏ ကပ်ဘေးကို လူတစ်ယောက်တည်းက ဆန့်ကျင်မည်လော။

အကယ်၍ ထိုစကားကို တခြားတစ်ယောက်ကသာ ပြောမည်ဆိုလျှင် ဤနေရာမှ နတ်ဘုရားအဆင့် ကျင့်ကြံသူများက သူ့ကို အရူးဟု ဝိုင်းပြောကြလိမ့်မည်။

သို့သော် ထိုစကားကို ပြောခဲ့သူက ဟန်မူယဲ့ ဖြစ်သည်။

ဓားနတ်ဘုရားလမ်းစဉ်တွင် သူ့အရှေ့မှ ဓားအလင်းတစ်ခုစီက နတ်ဘုရားတစ်ပါးကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ထို့ပြင် သူက နတ်ဘုရားနိဂုံးစွမ်းအားကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်သည်။

ထိုသို့စွမ်းအားကြောင့် သူပြောလိုက်သော စကားတိုင်းက လေးနက်မှုဖြင့် ပြည့်နှက်နေသည်။

ဖန်ဆင်းရှင်တစ်ပါးဖြစ်လာခြင်း… ။

ယင်းက ဤနေရာမှာ ရှိနေကြသော နတ်သခင်အားလုံး၏ အိမ်မက်မဟုတ်ဘူးလား… ။

သို့သော်လည်း သူတို့က ယင်းကို အိမ်မက်အဖြစ်သာ သဘောထားဝံ့ကြ၏။

နတ်သခင်တစ်သောင်းထဲမှာပင် ဖန်ဆင်းရှင်ဖြစ်လာမည့် နတ်ဘုရားတစ်ပါးထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ဖန်ဆင်းရှင်ဟူသော အဆင့်သည် ကြားရုံသာကြားနိုင်ပြီး မရှာဖွေနိုင်သောအရာ ဖြစ်သည်။

“ တာအိုရောင်းရင်းဟန်… အဲ့ဒါ… ကျုပ်တို့က ခင်ဗျားကို ဘယ်လိုကူညီပေးရမှာလဲ ”

ယွင်ကျိနတ်သခင်က ဟန်မူယဲ့ကို စူးစမ်းကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

အမှန်မှာ သူတို့ထဲမှ တချို့က ဟန်မူယဲ့နှင့် ဆက်ဆံရေးတချို့ ရှိကြသည်။ ယင်းက ဘုံတူညီသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

သူတို့က လောကဖန်ဆင်းရှင်၏ စွမ်းအားကို ကိုယ်တိုင်မြင်ခဲ့ဖူးသူများ ဖြစ်ကြသည်။ သို့ဖြစ်၍ နတ်ဘုရားနိဂုံး၏ ကပ်ဘေးကို ရင်ဆိုင်ကျော်လွှားရန် သူတို့အားလုံး အတူတကွ ပူးပေါင်းသင့်ကြောင်း နားလည်ထားကြသည်။

အမှန်မှာ ဟန်မူယဲ့ကို ကူညီခြင်းက သူတို့ကိုယ်သူတို့ ကယ်တင်ခြင်း ဖြစ်သည်။

ယွင်ကျိနတ်သခင်၏ စကားကို ကြားသောအခါ တခြားလူများသည်လည်း ခေါင်းမော့လိုက်ကြသည်။

“ ဟုတ်ပါတယ် တာအိုရောင်းရင်းဟန်… ကျုပ်က နတ်ဘုရားတစ်ပါးဆိုပေမဲ့ ဖန်ဆင်းရှင်တစ်ပါးဖြစ်လာမယ့် ကိစ္စကိုတော့ ထုတ်မပြောရဲပါဘူး… ဒါပေမဲ့ ခင်ဗျားက ကျုပ်တို့ရဲ့ အကူအညီကို လိုအပ်မယ် ပြီးတော့ အဲ့ဒါက ကျုပ်တို့ ကူညီပေးနိုင်တဲ့အရာဆိုရင် ကျုပ်တို့က တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး ”

ထိုစကားက ဘေးပတ်ဝန်းကျင်မှ နတ်သခင်များကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်။

သူတို့အကြောက်ဆုံးအရာက သေခြင်းရှင်ခြင်းကိစ္စများ ဆောင်ရွက်ရန် အတင်းဖိအားပေးခံရမည်ကို ဖြစ်သည်။

ဤလောကတွင် တချို့နေရာများက ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ နတ်သခင်များသည်ပင် ထိုနေရာများကို ဘေးကင်းလုံခြုံစွာ ဝင်ထွက်သွားလာနိုင်သည်ဟု သေချာမပြောဝံ့ကြချေ။

ထို့ပြင် နတ်သခင်များ ရန်မစနိုင်သော အင်အားစုကြီးများလည်း ရှိသေးသည်။

“ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ဒီနှစ်တွေမှာ အရင်းအမြစ်အများကြီး စုဆောင်းထားမယ်လို့ ကျုပ်ယုံတယ်… ကျုပ်ရဲ့ ကိုယ်ပိုင်စကြာဝဠာကို ဖွဲ့စည်းဖို့ ဘုံရဲ့ မူလစွမ်းအားငါးဆယ်ရာခိုင်နှုန်းကို ကျုပ်ကို ချေးငှားပါ ”

“ ကျုပ်ရဲ့ ကျင့်ကြံခြင်းစွမ်းအား အခြေခိုင်မာသွားရင် အသင်္ချေအသူရာချောက်နက်ဆီ ကျုပ်သွားပြီး ဘုံဝါးမျိုသားရဲတွေကို သုတ်သင်ပစ်မယ် ”

“ အဲ့ဒါက ကျုပ်ကိုယ်ကျုပ် ပုံသွင်းထုဆစ်တဲ့ နည်းလမ်းဖြစ်ပြီး အရင်းအမြစ်တွေ စုဆောင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်… တကယ်လို့ ခင်ဗျားတို့က စိတ်ဝင်စားတယ်ဆိုရင် ကျုပ်နောက်ကို လိုက်ခဲ့နိုင်ပါတယ် ”

ဟန်မူယဲ့က စကားဆုံးသည်နှင့် ဘေးဘီကို ကြည့်လိုက်သည်။ သူက မျက်နှာအမူအရာက အေးဆေးတည်ငြိမ်သည်။

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ရဲ့ အရင်းအမြစ်ငါးဆယ်ရာခိုင်နှုန်းကို ချေးငှားချင်တာလား… ။

ထိုစကားက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်သခင်များကို မျက်နှာပျက်ယွင်းသွားစေသည်။

သို့သော်လည်း သူတို့က မကျေနပ်ကြောင်း မဖော်ပြဝံ့ကြချေ။

အဘယ့်ကြောင့်ဆိုသော် ယခု သူတို့က ရန်သူ၏ ဖိနှိပ်ခံနေရသည်။ အကယ်၍ သူတို့က တိုက်ရိုက် ငြင်းလိုက်မည်ဆိုလျှင် ဤနေရာမှာ အသေအကြေတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။

ဟန်မူယဲ့က ဘယ်လောက်အကြင်နာမဲ့လိုက်လဲ… ။

သူက အသေအကြေမတိုက်ခိုက်ချင်ဘဲ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အင်အားကို ဆုတ်ယုတ်သွားစေရန် အရင်းအမြစ်ငါးဆယ်ရာခိုင်နှုန်းကို တိုက်ရိုက် တောင်းဆိုဝံ့သည်။

ယင်းက ဉာဏ်များသော လှည့်ကွက်ဖြစ်ပြီး ရဲတင်းလွန်းသည်။

သို့သော် ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ အရင်းအမြစ်ငါးဆယ်ရာခိုင်နှုန်းကို တောင်းဆိုခြင်းက ဉာဏ်များသော လှည့်ကွက်တစ်ခုဆိုလျှင် အသင်္ချေအသူရာချောက်နက်ဆီသို့ သွားနိုင်မည့် အခွင့်အရေးက မငြင်းဆန်နိုင်သော မက်လောက်စရာဆွဲဆောင်မှု ဖြစ်သည်။

ဘုံဝါးမျိုသားရဲကို သတ်ဖြတ်ပြီး ၎င်း၏ စွမ်းအားကို စုပ်ယူနိုင်မည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အကြီးအကျယ် တိုးမြှင့်သွားလိမ့်မည်။ ယင်းက သူတို့အား နတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ တတ်လှမ်းနိုင်စေမည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုအခွင့်အရေးက သူတို့ကို ဖန်ဆင်ရှင်းအဆင့်သို့ပင် ဝင်ရောက်နိုင်စေလိမ့်မည်။

ဘုံဝါးမျိုသားရဲများသည် နတ်သားရဲများထဲတွင် အသန်မာဆုံးဖြစ်သည်ဟု သတ်မှတ်ခံရသည်။ ၎င်းတို့က လောကအဆုံးသတ်၏ ရှေးပြေးနိမိတ်များ ဖြစ်ကြသည်။

၎င်းက ကောင်းကင်မူလစွမ်းအားကို မည်မျှဝါးမျိုထားကြောင်း မည်သူမှ မသိနိုင်ပေ။ သို့သော်လည်း ၎င်းတို့ကို သတ်ဖြတ်ဝါးမျိုပြီးလျှင် ရရှိနိုင်မည့် စွမ်းအင်အနှစ်သာရက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် သေချာပေါက် ကျော်လွန်နေလိမ့်မည်။

“ တာအိုရောင်းရင်းဟန်… အသင်္ချေအသူရာချောက်နက်ထဲမှာ ဘုံဝါးမျိုသားရဲတစ်ကောင် တကယ်ရှိနေတာလား ”

“ တာအိုရောင်းရင်းဟန်… ဘုံဝါးမျိုသားရဲတွေက အရမ်းသန်မာကြတယ်… ပြောကြတာတော့ ထိပ်တန်း နတ်သခင်တွေ စုပေါင်းတိုက်ရင်တောင် ဘုံဝါးမျိုးသားရဲရဲ့ အကာအကွယ်ကို မချိုးဖြတ်နိုင်ဘူးတဲ့… ခင်ဗျားမှာ ယုံကြည်ချက်ဘယ်လောက်ရှိလဲ ”

“ တာအိုရောင်းရင်းဟန်… အသင်္ချေအသူရာချောက်နက်ဆီ ကျုပ်တို့ ဘယ်တော့ သွားကြမလဲ ”

…..

သူတို့၏ ဘေးပတ်ပတ်လည်မှ စကားသံများကို ကြားသောအခါ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာက သုန်မှုန်သွားသည်။

သူတို့က ထိုနတ်သခင်များကို သွေးခွဲရန် ကြံစည်ထားကြသည်။ သို့သော်လည်း ယခု ထိုနတ်သခင်များက အသင်္ချေအသူရာချောက်နက်ဆီသို့ သွားရောက်ရန် စိတ်အားထက်သန်နေကြသည်။

ထိုသို့ဆိုမှတော့ သူတို့က မည်သို့တတ်နိုင်ဦးမည်နည်း။

အမှန်မှာ သူတို့ထဲမှ တချို့သည်ပင် သွေးဆောင်ခံလိုက်ရသည်။

“ တာအိုရောင်းရင်းဟန်… ကျုပ်တစ်ခု မေးချင်တယ်… တကယ်လို့ ကျုပ်တို့က အရင်းအမြစ်ငါးဆယ်ရာခိုင်နှုန်းကို ခင်ဗျားဆီ လွှဲပြောင်းပေးမယ်ဆိုရင် ခင်ဗျား ကျုပ်တို့ကို ကူညီပြီး နတ်ဘုရားနိဂုံးကပ်ဘေးကို ဖြေရှင်းပေးနိုင်မလား ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နတ်သခင်က လေးနက်စွာ ပြောသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ပေါ်မှ သန်းပေါင်းများစွာသော ဓားများက တစ်လက်တည်းအဖြစ် ပေါင်းစည်းသွားသည်။

“ ခင်ဗျားရဲ့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်ကို ယိုယွင်းတိုက်စားနေတဲ့ နတ်ဘုရားနိဂုံးစွမ်းအားကို ပြောနေတာလား ”

“ တကယ်လို့ ခင်ဗျားသာ ဆန္ဒရှိမယ်ဆိုရင် ကျုပ်အခုပဲ ခင်ဗျားကို ကူညီပေးလိုက်မယ် ”

“ ဒါပေမဲ့ နတ်ဘုရားနိဂုံးကို ဖြတ်တောက်တာက ခင်ဗျားရဲ့ မျိုးနွယ်စုရဲ့ မူလစွမ်းအားကို ထက်ဝက် ဖြတ်တောက်လိုက်တာပဲဆိုတာ သိထားရမယ် ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်သခင်အားလုံးက မျက်လုံးပြူးသွားကြပြီး ထိတ်လန့်သွားကြသည်။

သူတို့၏ မျိုးနွယ်စုက နတ်ဘုရားနိဂုံးစွမ်းအားဖြင့် သက်ရောက်ခံရလျှင် မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း မည်သူမှ မစဉ်းစားဝံ့ကြချေ။

အပြင်လူများ သိထားကြသည်မှာ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ စွမ်းအားက ကျင့်ကြံသူများကို အဆင့်ချိုးဖြတ်ရာတွင် အထောက်အကူပေးနိုင်သည်။ ထို့ပြင် ဟင်းလင်းပြင်ဝိညာဉ်များ သေဆုံးသွားသည့်အခါ ဟင်းလင်းပြင်ချိုးဖြတ်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။

သို့သော်လည်း သူတို့က မည်သို့ကြောင့် ကောင်းကင်ဘုံဆန့်ကျင်နိုင်သော ထိုသို့စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း အပြင်လူများက မသိကြချေ။

အဖြေက ရိုးရှင်းသည်။ သူတို့၏ မူလစွမ်းအားက ပိုပြီးအဆင့်မြင့်သော နတ်ဘုရားနိဂုံးစွမ်းအားဖြင့် စွန်းထင်ခံထားရသောကြောင့် ဖြစ်သည်။

ဟန်မူယဲ့၏ စကားသံ ဆုံးသွားသည်နှင့် ယွင်ကျိနတ်သခင်နှင့် တခြားနတ်သခင်များက မျက်နှာတည်ကြည်သွားကြသည်။ သူတို့က အနောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကြသည်။

အစောနက တုတ်ဆွဲဓားဆွဲဖြစ်နေသော အခြေအနေက ယခု တိတ်ဆိတ်ငြိမ်သက်သွားသည်။

“ တာအိုရောင်းရင်းဟန်… ခင်ဗျား တကယ်ပဲ နတ်ဘုရားနိဂုံးစွမ်းအားကို ဖြတ်တောက်နိုင်တာလား ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နတ်သခင်က ပြောသည်။

ယင်းက အဓိကသော့ချက် ဖြစ်သည်။

ဟန်မူယဲ့က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ ဓားရှည်က ရုတ်တရက် တုန်ယင်သွားပြီး ဓားအလင်းက သဏ္ဍာန်မဲ့သွားသည်။

ယင်းက သဏ္ဍာန်မဲ့နေသော်လည်း ဒြပ်ထည်ရှိနေသေးသည်။

ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ သူ့အရှေ့မှ လေဟာနယ်က တိုက်ရိုက် ဖွင့်လှစ်သွားသည်။

ဤနေရာက ကျောက်စိမ်းမိုးမခဘုံဖြစ်ပြီး ဝိညာဉ်စွမ်းအားဖြင့် စွန်းထင်နေသော လောကတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ဟင်းလင်းပြင်ဝိညာဉ်စွမ်းအား ကိန်းအောင်းနေသော ဤလောကကို တကယ်ကြီး ဖွင့်လှစ်လိုက်သည်လော။

လူတိုင်းက အရှေ့မှ ဟင်းလင်းပြင်ကို စိုက်ကြည့်လိုက်ကြသည်။ ဓားအမှတ်အသားက ထိုနေရာမှာ ချက်ချင်း ပြန်မပိတ်သွားပေ။ အသက်တစ်ရာရှူချိန်ကြာပြီးမှသာ ဓားအမှတ်အသားက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားသည်။

“ တကယ်ဖြတ်တောက်နိုင်တာပဲ ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်မှ နတ်သခင်များက တုန်ယင်သွားကြသည်။ ခေါင်းဆောင်နတ်သခင်က နောက်ထပ် တုံ့ဆိုင်းမနေဘဲ လက်မြှောက်လိုက်လေရာ သွေးနီရောင်နတ်ဘုရားအလင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

“ တာအိုရောင်းရင်း ကျေးဇူးပြုပြီးတော့ ”

သူက နတ်ဘုရားအလင်းကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။

ဟန်မူယဲ့က ဓားကို မြှောက်လိုက်ပြီး အောက်သို့ ပိုင်းချလိုက်သည်။

“ ဗုန်း ”

သွေးနီရောင်နတ်ဘုရားအလင်းက ပေါက်ကွဲသွားပြီး အဖြူအနက်ဓားအလင်း၏ ဝါးမျိုခံလိုက်ရသည်။

ဟန်မူယဲ့က နေရာမှာ ရပ်နေသည်။ ဓားအလင်းက သွေးနီရောင်အလင်းအားလုံးကို ပစ်မှတ်ထားနေကြောင်း သူကြည့်လိုက်သည်။

ယင်းက ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။ သူက ဓားတစ်ချက်ဖြင့် သွေးမျိုးဆက်စွမ်းအားကို တိုက်ရိုက် ဆွဲထုတ်လိုက်ပြီး ဖျက်ဆီးလိုက်သည်။

သွေးမျိုးဆက်ကို ဖြတ်တောက်ပြီးနောက် ဟန်မူယဲ့က ယင်းထဲမှာ နစ်မြုပ်နေသော နတ်ဘုရားနိဂုံးစွမ်းအားကို အာရုံခံမိသွားသည်။ ယင်းက သူမြင်ဖူးသော လောကဖန်ဆင်းရှင်၏ နတ်ဘုရားနိဂုံးစွမ်းအားနှင့် ခြားနားသည်။

အဖြူအနက်ယှက်ထွေနေသော ဓားအလင်းက ထိုစွမ်းအားကို ရစ်ပတ်သွားပြီး ဝါးမျိုလိုက်သည်။ တဖြည်းဖြည်း ယင်းက သူ၏ ကျင့်ကြံခြင်းအရင်းအမြစ်ဖြစ်လာသည်။

“ ဟား ဟား… အချုပ်အနှောင်ကနေ လွတ်မြောက်တဲ့ ခံစားချက်က ဒီလိုကို ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နတ်သခင်က သွေးမျိုးဆက်ဖြတ်တောက်ခံလိုက်ရသောကြောင့် သူ၏ ကျင့်ကြံခြင်းက အားနည်းသွားသည်။ သို့သော်လည်း အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

သူ၏ စွမ်းအားက ယုတ်လျော့သွားသော်လည်း သူ၏ အရှိန်အဝါက မြန်ဆန်စွာ တိုးမြှင့်သွားသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူ၏ သွေးမျိုးဆက်က သန့်စင်သွားသောကြောင့် ဖြစ်သည်။

“ တာအိုရောင်းရင်းဟန်… ကျုပ်ရဲ့ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်က ခင်ဗျားကို ကူညီဖို့ အရင်းအမြစ်တစ်ဝက်ကို လိုလိုလားလား ပေးချင်ပါတယ် ”

“ အသင်္ချေအသူရာချောက်နက်ထဲမှာ ဘုံဝါးမျိုသားရဲတွေကို အမဲလိုက်တဲ့အခါမှာလည်း ကျုပ်တို့က ခင်ဗျားကို အစွမ်းကုန် ထောက်ပံ့ကူညီပေးပါမယ် ”

“ ခင်ဗျားက ကျုပ်တို့ကို တစ်ခုပဲ ကူညီပေးပါ… ကျုပ်တို့ရဲ့ သွေးမျိုးဆက်ကို ဖြတ်တောက်ပေးပြီး နတ်ဘုရားနိဂုံးကနေ လွတ်မြောက်နိုင်အောင် ကူညီပေးပါ ”

ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်၏ ခေါင်းဆောင်နတ်သခင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

ဟန်မူယဲ့က အော်ရယ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ… ဒါဆိုရင် အပေးအယူဖြစ်ပြီ ”

အပေးအယူဖြစ်ပြီ… ။

ထိုစကားက ကျောက်စိမ်းမိုးမခဘုံတစ်ခုလုံးကို တုန်ယင်သွားစေသည်။

ကျောက်စိမ်းမိုးမခဘုံ၏ နေရာအနှံ့၌ တိုက်ပွဲဖြစ်နေကြသော စစ်တပ်များက ဖြည်းဖြည်းချင်း ရပ်စဲသွားကြသည်။ နှစ်ဖက်အင်အားစုက သူတို့ဘာသာ အနောက်ဆုတ်သွားကြသည်။

ရန်သူက မဟာမိတ်ဖြစ်လာသည့်အခါ နောက်ထပ် တိုက်ခိုက်ရန် မလိုတော့ပေ။

“ အသင်္ချေအသူရာချောက်နက်ဆီ သွားဖို့ ကျုပ်တို့တွေ အရင်ပြင်ဆင်ထားရမယ် ”

“ အဲ့ဒီမတိုင်ခင် ကျုပ်တို့တွေ ဟင်းလင်းပြင်ဝိညာဉ်မျိုးနွယ်နဲ့ လေဟာပြင်မြို့တော်ရဲ့ အင်အားကို အသုံးပြုပြီး ကျင့်ကြံနိုင်တယ် ”

“ အနှစ်ငါးရာ… အနှစ်ငါးရာကြာပြီးရင် ကျုပ်တို့တွေ အသင်္ချေအသူရာချောက်နက်ဆီ အတူတူ စွန့်စားသွားကြမယ် ”

ဟန်မူယဲ့က ဘေးဘီသို့ ကြည့်လိုက်လေရာ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီမတိုင်ခင် ကောင်းကင်နင်းခြေမျိုးနွယ်ရဲ့ အရင်းအမြစ်တွေက ကျုပ်တို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်ဖို့ လုံလောက်မှာပါ ”

ကောင်းကင်နင်းခြေမျိုးနွယ်… ။

လူတိုင်းက ပြုံးလိုက်ကြသည်။

…..

အနှစ်ခြောက်ဆယ် ကုန်ဆုံးသွားပြီးနောက်… ။

မဟာပန်သွန်ဘုံထဲဝယ်… ။

ကောင်းကင်ဘုံစစ်ပွဲအတွက် တည်ဆောက်ထားသော တပ်စခန်းထဲတွင် နတ်ဘုရားအလင်းတန်းတစ်ခု မြှောက်တတ်လာသည်။

တပ်စခန်းထဲတွင် အလင်းဝင်္ကပါက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့နောက် သံချပ်ကာဝတ်ဆင်ထားသော ဟန်မူယဲ့က တဲအိမ်တစ်ခု၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ စစ်ဦးစီးချုပ် ”

“ စစ်ဦးစီးချုပ်ဟန်… ဒဏ်ရာကုသပြီးသွားပြီလား ”

“ စစ်ဦးစီးချုပ်ဟန်ကို နှုတ်ဆက်ပါတယ်… ကောင်းကင်ဘုံစစ်ပွဲက မကြာခင် အဆုံးသတ်ပါတော့မယ်… စစ်ဦးစီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်ပွဲကလည်း မကြာခင် အဆုံးသတ်ပါတော့မယ် ”

စစ်သည်တော်တချို့က ဟန်မူယဲ့ကို မြင်သောအခါ စိတ်လှုပ်ရှားသွားကြပြီး အော်ပြောလိုက်ကြသည်။

“ အရှင်သခင်… ကျုပ်တို့ရဲ့ အင်အားစုတွေက မဟာမူလဘုံရဲ့ အပိုင်းနှစ်ပိုင်းကို သိမ်းပိုက်ပြီးပါပြီ… ဒီစစ်ပွဲက အနိုင်ရဖို့ သေချာသလောက်ရှိနေပါပြီ ”

“ တန်ကိုင်နဲ့ သူ့လက်အောက်က ဗိုလ်ချုပ်တွေက အနှစ်သုံးဆယ်ကြာအောင် ဘာသတင်းမှ ပြန်မပို့ခဲ့ပါဘူး… ကြည့်ရတာ အသက်ရှင်ကျန်သူ သိပ်မရှိတဲ့ပုံပဲ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ အရှေ့မှ ရွှေရောင်အလင်းထောင့်တိုင်ကို ကြည့်လိုက်သည်။

သူမရှိသည့် ဤအတောအတွင်းမှာ သူ၏ တိုက်ပွဲအကျိုးပြုအမှတ်က မည်မျှအထိ တိုးမြှင့်သွားကြောင်း သူစူးစမ်းသိချင်သည်။

သူလက်မြှောက်လိုက်သည့်အခါ ရွှေရောင်နတ်ဘုရားအလင်းက သူ၏ လက်ဖဝါးပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

တောက်ပသော ရွှေရောင်ကိန်းဂဏန်းများက အလင်းထောင့်တိုင်ထဲမှာ ထွက်ပေါ်လာသည်။

All Chapters