← Chapters

အခန်း (၁၆၁)

Vol. 17 Ch. 161

အခန်း (၁၆၁)

Vol. 17 Ch. 161

(အားပေးကြလို့ Free ချပေးလိုက်တယ်ဗျာ။)

ကွမ်ရှီးပြည်နယ်ရှိ ပင်လယ်ကူးကုန်သည်များ အားလုံးအတွက် ရေကြောင်းကုန်သွယ်ရေးဗျူရို အကြီးအကဲ မိန်းမစိုး စွန်းလီသည် ဘိုးဘေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

နှစ်စဉ်နှစ်တိုင်း ပွဲတော်ရက်များတွင် လူများသည် ရေကြောင်းကုန်သွယ်ရေးဗျူရိုသို့ ငွေတုံးများ လာရောက် ပို့ဆောင်ကြရပြီး တန်းစီ၍ စောင့်ဆိုင်းကြရသည်။

အဓိကအချက်မှာ ငွေပေးပြီးသည့်တိုင် ရရှိလိုက်သည်မှာ တံခါးဝတွင် ဦးညွှတ်ခွင့်ရရှိခြင်းသာ ဖြစ်ပြီး လက်ဖက်ရည်တစ်ခွက်ပင် တိုက်ခံရမည် မဟုတ်ပေ။

'ငါ ဒီမိန်းမစိုး စွန်းလီကို တွေ့တိုင်း သူက ငါ့ကို အထင်သေးတယ်။ သူ့ရဲ့ မောက်မာမှုက ပြောပြလို့တောင် မကုန်နိုင်ဘူး။ ငါ ငွေပေးပြီးတာတောင် သူက ငါ့ကို စိတ်တိုင်းကျ ရိုက်နှက်ဆဲဆိုသေးတယ်။ ပြီးတော့ ငါက ဒူးထောက်ပြီး ပြုံးပြုံးလေး ခံယူနေရတယ်။'

နှစ်ပေါင်းများစွာ ဆက်ဆံလာပြီးနောက် ဤပင်လယ်ကူးကုန်သည်များသည် စွန်းလီရှေ့ရောက်သည်နှင့် အလိုအလျောက် ဒူးကွေးပြီး ဒူးထောက်ချင်စိတ် ပေါက်လာကြသည်။ သို့သော် မိန်းမစိုးစွန်း၏ မျက်နှာသည် ဘယ်သောအခါမျှ ပြုံးရယ်ခြင်း မရှိဘဲ အမြဲတမ်း တည်တင်းခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်နေတတ်သည်။

သို့သော် သူသည် ယနေ့တွင် တုပိုင်အပေါ် ဤမျှအထိ စိတ်အားထက်သန်နေပြီး ဖားယားကာ ပြုံးရယ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူသည် တခြားမျက်နှာတစ်ခုနှင့် တခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

'ဒီတုပိုင်က ဘယ်သူမို့လို့လဲ။ သူက တုဖိန်အာရဲ့ မောင်လေး မဟုတ်ဘူးလား။ သူက မိန်းမစိုးအကယ်ဒမီက ဘာမှမရှိတဲ့ ကောင်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား။'

ရေကြောင်းကုန်သွယ်ရေးဗျူရိုမှ မိန်းမစိုးစွန်း ပြန်တော့မည်ကို မြင်သောအခါ ဝူကျန့်တောက်က အလျင်အမြန် မေးလိုက်သည်။

"တူလေးတုပိုင်။ မင်း မိန်းမစိုးစွန်းကို သိလို့လား။"

ထိုစကားကို ကြားသောအခါ စွန်းလီသည် ချက်ချင်း လှည့်ကြည့်လိုက်ပြီး ငေါက်ငမ်းလိုက်သည်။

"ညီလေးတုပိုင်က ငါ့ကို သိတာလားလို့ မင်းက မေးနေတာလား။ ငါကသာ သူ့ကို သိတာ။"

ဝူကျန့်တောက်သည် စွန်းလီကို အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်မျိုး မသိလိုက်မိတာကို ခွင့်လွှတ်ပေးပါ။ ဒီ တူလေးတုပိုင်က ဘယ်သူများပါလိမ့်။"

ရေကြောင်းကုန်သွယ်ရေးဗျူရိုမှ မိန်းမစိုး စွန်းလီသည် နောက်ဆုံးတွင် အခွင့်ကောင်းကို အရယူလိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

"ဒီသခင်လေးတုပိုင်က အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အနာဂတ်တပ်မှူးချုပ်။ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ အနာဂတ်သခင်လေး လီဝမ်ဟွေ့ရဲ့ မွေးစားသားပဲ။ မင်း သူ့ကို တွေ့ခွင့်ရတာ ထီပေါက်တာနဲ့ အတူတူပဲ။"

ဝူကျန့်တောက်သည် တုပိုင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။

သူ လီဝမ်ဟွေ့ကို သိသည်။ လီဝမ်ဟွေ့သည် ကွမ်ရှီးပြည်နယ်၏ ထိပ်တန်း အရေးပါသော ပုဂ္ဂိုလ်ကြီး ၃ ဦးထဲမှ တစ်ဦးဖြစ်ပြီး နောက်ထပ် မိန်းမစိုးဂိုဏ်း ခေါင်းဆောင်နေရာအတွက် ရေပန်းစားသော ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သည်။

သူ့စိတ်ထဲတွင် ဆင်းရဲသားတစ်ယောက်ဟု မှတ်ယူထားသော တုဖိန်အာ၏ မောင်လေး တုပိုင်သည် လီဝမ်ဟွေ့၏ မွေးစားသား ဖြစ်နေလေသည်။

ဝူကျန့်တောက်သည် ဦးစွာ အံ့သြသွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။

သွေးကွမ်ရင်က သူ့ကို ကြိမ်ဒဏ်မပေးဘဲ သက်ညှာပေးကာ ငွေတုံး ၅ သောင်းသာ ဒဏ်ရိုက်ရခြင်း၏ အကြောင်းရင်းမှာ တုပိုင်၏ ဂုဏ်သတင်းကြောင့်ပင် ဖြစ်သည်။

ချက်ချင်းပင် ဝူကျန့်တောက် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော်မျိုး မျက်ကန်းဖြစ်ပြီး သခင်လေးရဲ့ ကြီးမြတ်မှုကို မမြင်ခဲ့မိပါဘူး။ ကျွန်တော့်ရဲ့ ဝူမိသားစု ဒီအခက်အခဲကို ကျော်လွှားနိုင်အောင် ကူညီပေးခဲ့တဲ့အတွက် တူလေးကို ကျေးဇူးတင်ပါတယ်။"

ထိုအချိန်တွင် ဘေးနား၌ ရပ်နေသော ရေကြောင်းကုန်သွယ်ရေးမင်းကြီး စွန်းလီက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ညီလေးတုပိုင်။ မင်း ဒီ ဝူကျန့်တောက်ကို သိနေတာလား။"

တုပိုင် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"တော်တော်လေး တိုက်ဆိုင်ပါတယ်။ ဒီအဘိုးဝူက ကျွန်တော့်အစ်မရဲ့ ယောက္ခထီးပါ။"

တစ်ခဏချင်းစီမှာပင် ရေကြောင်းကုန်သွယ်ရေးဗျူရိုမှ မိန်းမစိုး စွန်းလီ၏ အမြဲတမ်း ရေခဲရိုက်ထားသကဲ့သို့ အေးစက်သော မျက်နှာထားသည် နွေဦးရာသီကဲ့သို့ နွေးထွေးသွားလေသည်။ ထို့နောက် သူသည် ဝူကျန့်တောက်၏ လက်များကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အဘိုးဝူရာ။ ခင်ဗျားအိမ်မှာ တကယ့်ဘုရားတစ်ဆူ ရှိနေရက်နဲ့ အပြင်လျှောက်ပြီး ဘုရားဖူးနေသေးတယ်။ သခင်လေးတုပိုင်လို အဆက်အသွယ်မျိုး ရှိပါလျက်နဲ့ ကွမ်ရှီးကမ်းရိုးတန်းတစ်လျှောက်မှာ ဘယ်သူက ခင်ဗျားကို တားရဲမှာလဲ။ ခင်ဗျား ကဏန်းလို လျှောက်သွားရင်တောင် ပြဿနာ မရှိဘူး။"

ဝူကျန့်တောက် အလွန် ဝမ်းသာသွားသော်လည်း ဦးညွှတ်လျက် ပြောလိုက်သည်။

"မိန်းမစိုးစွန်း။ ကျွန်တော်မျိုးကို စောင့်ရှောက်ပေးပါဦး။"

"ငါတို့က မိသားစုတွေပဲ။ ပြဿနာ မရှိဘူး။ ပြဿနာ မရှိဘူး။" စွန်းလီက ပြောလိုက်သည်။ "ခင်ဗျား နောက်နောင် အားတဲ့အချိန်ကျရင် ကျုပ်အိမ်ကို အလည်လာဦးလေ။ လက်ဖက်ရည်သောက်ရင်း ဝိုင်သောက်ကြတာပေါ့။ ဒါမှမဟုတ်ရင် ညီလေးတုပိုင်က ကျုပ်ကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ မနေတတ်မထိုင်တတ်ဘူးလို့ ထင်သွားဦးမယ်။ သူ့ဆွေမျိုးတွေက ကျုပ်ဆွေမျိုးတွေပဲ။ လျန်ကျိုးကို ရောက်လာတာတောင် ကျုပ်လို ဒေသခံအာဏာပိုင်က ကောင်းကောင်း မဧည့်ခံဘူးဆိုရင် ကျုပ် မျက်နှာပျက်ရလိမ့်မယ်။"

တုပိုင် စိတ်ထဲတွင် ကျိတ်ရယ်လိုက်မိသည်။ ဤမိန်းမစိုး စွန်းလီသည် တကယ်ပင် ပါးနပ်လှသည်။ သူသည် အစောကတည်းက တုပိုင်အပေါ်ထားသော ဝူကျန့်တောက်၏ သဘောထားကို မြင်တွေ့ခဲ့ပြီး ဖြစ်ရာ တုပိုင်၏ ဟန်ထုတ်မှုကို ပံ့ပိုးပေးရန် အချိန်ကိုက် ဝင်ရောက်လာခြင်း ဖြစ်သည်။ သူသည် သေချာပေါက် ပါရမီရှင်တစ်ဦးပင်။

ထို့နောက် စွန်းလီက ပြောလိုက်သည်။

"ညီလေးတုပိုင်။ မင်းမှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိသေးတော့ အစ်ကို မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ အဘိုးဝူ။ လာပါ။ ကျုပ် ခင်ဗျားကို ကုန်တင်သင်္ဘော ပြန်ယူဖို့ လိုက်ပို့ပေးမယ်။ ဒါမှမဟုတ်ရင် ရေကြောင်းကုန်သွယ်ရေးဗျူရိုက ကောင်စုတ်လေးတွေက ခင်ဗျားသင်္ဘောပေါ်က ပစ္စည်းတွေကို အလွဲသုံးစား လုပ်ကြလိမ့်မယ်။ ကျုပ်ရှိနေသမျှ သူတို့ တစ်ခုမှ ယူလို့ မရစေရဘူး။"

ပြောပြီးသည်နှင့် စွန်းလီသည် ဝူကျန့်တောက်ကို ခေါ်ဆောင်ကာ လျန်ကျိုးဆိပ်ကမ်းသို့ ထွက်ခွာသွားလေသည်။

သူသည် ပါးနပ်သူတစ်ဦး ဖြစ်သည်။ သူသည် ဝူကျန့်တောက်ကို ကူညီရန် စတင်လှုပ်ရှားလိုက်ခြင်းဖြင့် တုပိုင်က သူ့အပေါ် ကျေးဇူးအနည်းငယ် တင်ရှိသွားစေရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

ဝူယန်မင်၏ မျက်နှာထားသည် အနည်းငယ် ရှုပ်ထွေးနေသော်လည်း သူ ကျန်ရစ်ခဲ့ပြီး တုပိုင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီလေးတုပိုင်။"

"ကိစ္စ မရှိပါဘူး။" တုပိုင်က ပြောလိုက်သည်။ "ကိစ္စပြီးရင် အိမ်မြန်မြန်ပြန်တော့။ ဒါမှ မင်းအမေနဲ့ ညီမလေး စိတ်မပူမှာ။"

ခေတ္တမျှ တွေဝေနေပြီးနောက် ယောက်ဖဖြစ်သူ ဝူယန်မင်က နောက်ဆုံးတွင် ဖွင့်ပြောလိုက်သည်။

"မင်း နောက်နောင် ငါ့အကူအညီ လိုအပ်ရင် ပြောဖို့ ဝန်မလေးပါနဲ့။"

"ကောင်းပြီ။" တုပိုင် ပြန်ပြောလိုက်သည်။

"ငါတို့ အကြွေးကျေးဇူးတွေ အကုန်ဆပ်ပြီးပြီလား။" သွေးကွမ်ရင်က ပြောလိုက်သည်။ "ဗိုလ်ချုပ် ချူဟုန်မြန်ကို သွားတွေ့ကြရအောင်။"

မြင်းနှစ်ကောင်ကို ကြည့်ရင်း တုပိုင် မမေးဘဲ မနေနိုင်တော့ပေ။ "ငါတို့ မြင်းရထားနဲ့ သွားလို့ မရဘူးလား။"

သွေးကွမ်ရင် မျက်နှာရဲသွားပြီး ပြောလိုက်သည်။

"ဘာကို ဆိုလိုတာလဲ။ ရှင် ဘာလုပ်ချင်လို့လဲ။"

'သောက်ကျိုးနည်း။ ဒီမိန်းမတော့ သွားပြီ။'

တုပိုင်က မြင်းရထားအကြောင်း ပြောလိုက်သည်နှင့် သူက အထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တည်း ရှိနေမည့်ပုံကို ချက်ချင်း မြင်ယောင်သွားပုံ ရသည်။

တုပိုင် အလျင်အမြန် ရှင်းပြလိုက်သည်။

"ငါ မြင်းမစီးတတ်ဘူး။ ပြီးတော့ ငါ မြန်မြန် မပြေးနိုင်ဘူး။"

သွေးကွမ်ရင် အံ့သြတကြီး မေးလိုက်သည်။ "ရှင် မြင်းမစီးတတ်ဘူး ဟုတ်လား။"

တုပိုင်က ပြောလိုက်သည်။ "ဟုတ်တယ်။"

သွေးကွမ်ရင်က ပြောလိုက်သည်။

"ဒါဆို ရှင်က ဘယ်လို မျိုးကောင်းမြင်းကို လိုချင်နေတာလဲ။ ဘွဲ့ယူစာမေးပွဲ မြင်းစီးစွမ်းရည်စစ်ဆေးမှုမှာ ပြိုင်ဘက်တွေကို ဘယ်လိုလုပ် အပြတ်အသတ် အနိုင်ယူမှာလဲ။ ရှင့်ကို မျိုးကောင်းမြင်း ပေးဖို့ မပြောနဲ့ နဂါးမြင်း ပေးရင်တောင် အရာထင်မှာ မဟုတ်ဘူး။"

တုပိုင်က လေးနက်စွာ ပြောလိုက်သည်။

"ငါက ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် မြင်းစီးပညာကို အရမ်း မြန်မြန် သင်ယူနိုင်တယ်။ ထိပ်တန်း မြင်းစီးစွမ်းရည်ဆိုတာ အတွေ့အကြုံမှာ မဟုတ်ဘူး။ စိတ်စွမ်းအားမှာ ရှိတာ။"

သွေးကွမ်ရင်က ပြောလိုက်သည်။

"တုပိုင်။ ကျွန်မ အတည်ပြောနေတာ။ အဲဒီမြင်းကောင်းက ရှင့်အနာဂတ်အတွက် အရေးကြီးတယ်ဆိုရင် ကျွန်မတို့ လီချန်ချန်ကို ပြစ်မှားပြီး ပြန်ယူပေးလို့ ရတယ်။ ဒါပေမဲ့ အဲဒါက မြင်းကောင်းတစ်ကောင် ဖြစ်နေလို့။ တန်ဖိုးက ငွေတုံး တစ်သောင်းကျော်လောက်ပဲ ရှိလို့ဆိုရင်တော့ ကျွန်မ မသွားချင်ဘူး။"

တုပိုင်က ပြောလိုက်သည်။

"ငါ အတည်ပြောနေတာ။ ငါ့ရဲ့ မြှားပစ်စွမ်းရည် ဘယ်လောက်ကောင်းလဲဆိုတာ မင်း သိလား။"

သွေးကွမ်ရင်က ပြောလိုက်သည်။

"ရှင်က မြှားပစ်အပါအဝင် မိန်းမစိုးအကယ်ဒမီမှာ နှစ်ပေါင်းများစွာ နောက်ဆုံးအဆင့် ရခဲ့တယ်ဆိုတာ ကျွန်မ သိပါတယ်။"

အပိုင်း ၁၆၁ ပြီး။

All Chapters