← Chapters

မင်းရဲ့ အသက်က ငါ့အတွက်ပဲ...

Vol. 2 Ch. 12

မင်းရဲ့ အသက်က ငါ့အတွက်ပဲ...

Vol. 2 Ch. 12

" သူတို့ကို ရင်ဆိုင်တိုက်ခိုက်ကြစမ်း။ " ပေါင်ယွမ်က အော်ဟစ်အမိန့်ပေးလိုက်သည်။

ထောက်ပို့တပ်ဖွဲ့ကို ဝန်းရံထားသော ဟန်စစ်သားများက နောက်မှ လိုက်လာသော ချင်စစ်တပ်ကို ရင်တိုင်ရန် သူတို့၏ အင်အားကို အလျင်အမြန် ခွဲထုတ်လိုက်ကြသည်။ စစ်တပ်နှစ်ခုက နောက်တသ်ကြီ် ထပ်မံတိုက်ခိုက်ကြပြန်သည်။

ရန်သူများက နောက်သို့ တိုက်ခိုက်ရန် လှည့်သွားသဖြင့် ကျောက်ဖုန်းက သူတို့အပေါ် ကျရောက်နေသော ဖိအားများ လျော့နည်းသွားသည်ကို သိရှိလိုက်သည်။

" ညီအကိုတို့ ငါတို့ စစ်ကူတွေရောက်လာပြီ။ ငါတို့အသက်ရှင်ပြီ။ သတ်ကြ။ " ကျောက်ဖုန်းက အားရပါးရ ရယ်မောလိုက်ပြီး ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလိုက်သည်။

သေရန် အဆင်သင့်ဖြစ်နေကြသော ပတ်ဝန်းကျင်ရှိ ထေက်ပို့စစ်သားများက ကျောက်ဖုန်းနောက်သို့ သဘာဝအတိုင်း လိုက်ပါလာကြပြီး ပြင်းထန်သော ဇွဲလုံလဖြင့် ပြန်လည်တိုက်ခိုက်ကြသည်။

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိသည်။ "

" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး စိတ်ဝိညာဉ် ၅မှတ်ကို ရရှိသည်။ "

" ဂုဏ်ပြုပါတယ်။ စွမ်းရည်အားလုံး ၅၀၀ ကျော်သွားပြီး အဆင့်တစ်ရတနာသေတ္တာတစ်ခု ရရှိပါသည်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ကျောက်ဖုန်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အသွင်ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက နောက်တစ်ကြိမ် ပိုမိုသန်မာလာပြီး ဆက်တိုက်တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်နေသော ပင်ပန်းနွမ်းနယ်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက တစ်ဖက်တွင် ဒိုင်း၊ တစ်ဖက်တွင် ဓားကို ကိုင်ပြီး ရန်သူတပ်ထဲသို့ တိုးဝင်ကာ ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။ ဟန်စစ်သားများက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး သူ၏ ခွန်အားအောက်တွင် အလွယ်တကူ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

အခြားစွမ်းရည်များ ထည့်မတွက်လျှင်တောင် သူ၏ ခွန်အားတစ်ခုတည်းက ၈၀၀မှတ် ကျော်သို့ မြင့်တက်သွားခဲ့သည်။ ရန်သူများကို သတ်ဖြတ်ခြင်းမှ ရရှိလာသော စွမ်းအားက မည်မျှကြောက်စရာကောင်းသည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။

ထိုတိုက်ပွဲတစ်ခုတည်းတွင် ကျောက်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဟန်စစ်သားအရေအတွက်မှာ အလွန်များပြားလှသည်။ ၎င်းက သူ၏ စွမ်းရည်အားလုံးကို ၃၀၀ ကျော်မှ ၅၀၀ ကျော်အထိ တိုးတက်သွားစေခဲ့သည်။

စစ်ကူများနှင့် ပူးပေါင်းလိုက်သောအခါ သူတို့က ရှေ့နောက်ညှပ်ပြီး ဟန်စစ်သားများကို ပြန်လည်ဝန်းရံမိသွားကြသည်။ အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့သည်။

" စစ်သေနာပတိ ချင်စစ်တပ်က အရမ်းရက်စက်ပြီး ကျွန်တော်တို့စစ်သားတွေလည်း ပင်ပန်းနေပြီ။ အခု သူတို့စစ်ကူတွေလည်း ရောက်လာပြီ။ "

" ကျွန်တော်တို့ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ "

" ကျွန်တော် စစ်သေနာပတိကို ကာကွယ်ပေးပြီး ဒီကနေ ဖောက်ထွက်သွားမယ်။ ဒါမှ စစ်သေနာပတိ မြို့တော်ကို ပြန်ပြီး အစီအစဉ်အသစ်တစ်ခု ရေးဆွဲနိုင်လိမ့်မယ်။ " ဟန်တပ်မှူးက အော်ဟစ်လိုက်သည်။

ပေါင်ယွမ် စကားမပြောမီ အခြားဟန်တပ်မှူးတစ်ယောက်ကလည်း ပြောလိုက်သည်။ " ကိုယ်ရံတော်တပ်ဖွဲ့ ငါ့အမိန့်ကို နာခံ။ စစ်သေနာပတိကို ဒီကနေ ဘေးကင်းအောင် ခေါ်သွားကြ။ "

ဟန်စစ်သားရာချီက ပေါင်ယွမ်ကို ကာကွယ်ပေးပြီး အရှေ့ဘက်သို့ ချက်ချင်း ထိုးဖောက်သွားကြသည်။

" ပေါင်ယွမ်ကို အလွတ်မပေးနဲ့။ မြင်းတပ်တွေကို သူတို့ကို ဘေးကပတ်ပြီး ဝိုင်းထားကြစမ်း။ "

ပေါင်ယွမ် ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ဝမ်ယန်က သူမ၏ လှံကို ဝှေ့ရမ်းကာ ချက်ချင်း အမိန့်ပေးလိုက်သည်။ သူမက အရင်ဆုံး ရှေ့သို့ တိုးဝင်သွားကြပြီး သူမ၏ ကိုယ်ရံတော်တပ်ဖွဲ့ကလည်း ပေါက်ယွမ်နောက်သို့ ချက်ချင်း လိုက်လံဖမ်းဆီးကြသည်။

သို့သော် ထိုအချိန်တွင် အခြားတစ်ယောက်ကလည်း ထွက်ပြေးနေသော ပေါင်ယွမ်ကို ပစ်မှတ်ထားနေခဲ့သည်။

" အဲ့ဒီလူက ရာထူးမြင့်တဲ့သူပဲ ဖြစ်ရမယ်။ ငါသူ့ကို သတ်နိုင်ရင် ပိုများတဲ့ အမှတ်တွေရနိုင်သလို ရတနာသေတ္တာကိုလည်း ရနိုင်တယ်။ " ကျောက်ဖုန်းက မြင်းစီးပြီး ထွက်ပြေးနေသော ပေါင်ယွမ်ကို စူးစိုက်ကြည့်နေသည်။ သူက ရန်သူများကို သတ်ဖြတ်ရင်း ပေါင်ယွမ်ရှိရာသို့ တဖြည်းဖြည်း နီးကပ်သွားသည်။

" ကောင်းကင်က ငါတို့ ဟန်နိုင်ငံကို ဖျက်ဆီးချင်နေတာပဲ။ ငါ့ရဲ့ အစီအစဉ်က ချင်ရဲ့ ထောက်ပို့တပ်ဖွဲ့ကြောင့် ပျက်စီးသွားရမယ်။ ငါမင်းကြီးကို ဘယ်လိုမျက်နှာနဲ့ ပြန်တွေ့ရမှာလဲ။ "

" ဒီနေ့ ဒီနေရာမှာ အသေခံတိုက်ရမှာ ငါ့တာဝန်ပဲ။ " ပေါင်ယွမ်က စိတ်ပျက်နေသော သူ၏ စစ်သားများကို လှည့်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ခါးသီးမှု၊ မကျေနပ်မှု၊ မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နှက်နေသည်။

ပေါင်ယွမ်က သူဆီ တိုးဝင်လာသော ဝမ်ယန်ကို ကြည့်ပြီး သူမကို သူနှင့်အတူ သေတွင်းထဲသို့ ဆွဲခေါ်သွားမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။

" ဟန်နိုင်ငံရဲ့ စစ်သည်တို့ ငါ့အမိန့်ကို နာခံကြ။ နိုင်ငံပျက်စီးသွားရင် စစ်သားတွေလည်း အသက်ရှင်ဖို့ မလိုတော့ဘူး။ သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမယ်။ " ပေါင်ယွမ်က အော်ဟစ်လိုက်ပြီး သူ၏ မြင်းကို လှည့်ကာ ဝမ်ယန်ရှိရာသို့ ဦးတည်သွားသည်။

" စစ်သူကြီးနဲ့ အသေခံတိုက်ခိုက်မယ်။ " ဟန်စစ်သားများကလည်း တိုက်ပွဲအတွင်းသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။

" ငါသာ ပေါင်ယွမ်ကို ဖမ်းမိရင် ယန်မြို့ရဲ့ အကျပ်အတည်းကလည်း ပြီးဆုံးသွားလိမ့်မယ်။ ဒါက အဖေဆီ တင်ပြဖို့အတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာမှာပဲ။ " ဝမ်ယန်က တွေးလိုက်သည်။

မြင်းစီးတပ်နှစ်ခုက ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်မိကြသည်။

" ပေါင်ယွမ် လက်နက်ချလိုက်စမ်း။ ဒါဆို မင်းအသက်ကို ငါချမ်းသာပေးမယ်။ " ဝမ်ယန်က သူမ၏ လှံရှည်ကို ဝှေ့ရမ်းပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

" ချင်စစ်တပ်မှာ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ်ပါလာတာလဲ။ " ပေါင်ယွမ်က လှောင်ပြုံးပြုံးလိုက်သည်။

" ငါက ချင်စစ်သေနာပတိ ဝမ်ကျန့်ရဲ့ သမီးဝမ်ယန်ပဲ။ "

" မင်းသာ လက်နက်မချရင် ငါမင်းအသက်ကို ယူရလိမ့်မယ်။ " ဝမ်ယန်က အေးစက်စွာ ပြောပြီး ပေါင်ယွမ်ကို သူမ၏ လှံဖြင့် ထိုးစိုက်လိုက်သည်။

ပေါင်ယွမ်က နှာခေါင်းရှုံ့ပြီး အားရပါးရ ရယ်မောလိုက်သည်။ " ကောင်းတယ် ဝမ်ကျန့်ရဲ့ သမီးပေါ့လေ။ ငါသာ မင်းကို သတ်လိုက်ရင် ဝမ်ကျန့် ဘယ်လိုနေမလဲ ငါသိချင်မိသေးတယ်။ "

" အားလုံး ဒီစစ်သူကြီးကို သတ်ကြစမ်း။ " ပေါင်ယွမ်က အမိန့်ပေးလိုက်သည်။

သူ၏ ကိုယ်ရံတော် မြင်းစစ်သည်များက ဝမ်ယန်ဆီသို့ ချက်ချင်း တိုးဝင်သွားကြသည်။ နှစ်ဖက်လုံးက မြင်းစီးစစ်သည်များက ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ စစ်သားများက ဓားချက်လှံချက်များကြောင့် မြင်းပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ပြုတ်ကျသွားကြသည်။

သို့သော် ပေါင်ယွမ်က အခွင့်အရေးကို စောင့်ကြည့်နေသည်။ ဝမ်ယန်က သူ၏ လှည့်ကွက်အတွင်းသို့ တိုးဝင်လာသည်ကို မြင်သောအခါ သူက ဓားကို ကိုင်ပြီး မြင်းကို ရှေ့သို့ ဒုန်းစိုင်းနှင်လိုက်သည်။ သူမအနားသို့ နီးကပ်သွားသည်နှင့် သူက အခွင့်အရေးယူပြီး သူ၏ ဓားဖြင့် ထိုးစိုက်လိုက်သည်။

" မကောင်းတော့ဘူး။ " ဝမ်ယန်က မျက်နှာပျက်သွားသည်။ သူမက သူမ၏ လှံဖြင့် ဟန်စစ်သားများ၏ လှံများကို ရိုက်ဖယ်လိုက်ပြီး နောက်သို့ လှန်ချလိုက်သည်။ သူမက မြင်းပေါ်မှ တိုက်ရိုက်ပြုတ်ကျသွားခဲ့သည်။

" သူမကို သတ်ကြစမ်း။ " ပေါင်ယွမ်က ဝမ်ယန် မြင်းပေါ်မှ ပြုတ်ကျသွားသည်ကို မြင်သည်နှင့် သူက အေးစက်စွာ အမိန့်ပေးလိုက်သည်။

" စစ်သူကြီးကို ကာကွယ်ကြ။ " ဝမ်ယန်၏ ကိုယ်ရံတော်များက စိုးရိမ်တကြီး အော်ဟစ်ပြီး ပေါင်ယွမ်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်သွားကြသည်။

သို့သော် ပေါင်ယွမ်၏ အနီးရှိ စစ်သားများကလည်း ဝမ်ကျန့်၏ ကိုယ်ရံတော်များထက် မနိမ့်ကျသော အရည်အချင်းများ ရှိကြသည်။ ဟန်စစ်သားအချို့က လှံရှည်များကို ကိုင်ပြီး မြေပြင်ပေါ်ရှိ ဝမ်ယန်ကို သနားညှာတာမှုကင်းမဲ့စွာ ထိုးနှက်လိုက်သည်။

" ငါ တကယ်မဆင်မခြင်လုပ်မိသွားတာပဲ။ အောင်မြင်ချင်ဇောကြီးသွားတယ်။ " ဝမ်ယန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်လာသည်။ သူမက ရှောင်တိမ်းရန် အခွင့်အရေးမရှိတော့ဘဲ နီးကပ်လာသော လှံများကို ကြည့်နေရုံသာရှိတော့သည်။

ထိုအချိန်တွင် ဖရိုဖရဲဖြစ်နေသော တိုက်ပွဲကြား၌ လူရိပ်တစ်ခု ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတစ်ချက် လင်းလက်သွားသည်။

ရွှပ်...

ဝမ်ယန်ကို ပစ်မှတ်ထားသော လှံများက ချက်ချင်း ပြတ်တောက်သွားကြသည်။

" ဘယ်သူလဲ။ " မျှော်လင့်ချက်မဲ့နေသော ဝမ်ယန်က ရုတ်တရက် အံ့အားသင့်သွားသည်။

သူမက သူမ၏ ရှေ့မှ လူကို ကြည့်ပြီး သူ၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးက သွေးများနီရဲနေပြီး ချင်ထောက်ပို့စစ်သား ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

ဟန်စစ်သားများအားလုံးကလည်း ဘာဖြစ်သွားသည်ကို နားမလည်နိုင်ဘဲ တုန်လှုပ်သွားကြသည်။ သို့သော် သူတို့ မတုန့်ပြန်နိုင်မီ ကျောက်ဖုန်းက အထက်သို့ ခုန်တက်ကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ရွှပ်....

ကျောက်ဖုန်း၏ ရှေ့ရှိ ဟန်မြင်းစစ်သည်အချို့က ဓားချက်တစ်ချက်တည်းဖြင့် ခေါင်းပြတ်သွားကြပြီး ခန္ဓာကိုယ်များက မြေပြင်သို့ လိမ့်ကျသွားတော့သည်။

ပေါင်းယွမ်က ထိုလူကို ကြည့်ပြီး ချက်ချင်း မှတ်မိသွားသည်။ " ဒါ ချင်ထောက်ပို့တပ်ဖွဲ့ကို စုစည်းပြီး ငါ့ရဲ့ စစ်တပ်ကို တားဆီးခဲ့တဲ့သူပဲ။ "

ဝမ်ယန်ကို ဝန်းရံထားသော ဟန်စစ်သားများကို ရှင်းလင်းပြီးနောက် ကျောက်ဖုန်း၏ အကြည့်က ပေါင်းယွမ်ဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။ သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါကြောင့် ပေါင်ယွမ်က ကျောစိမ့်သွားသည်။

" သူ့ကို သတ်ကြစမ်း..." ပေါင်ယွမ်က ကျောက်ဖုန်းကို ဓားဖြင့် ညွှန်ပြပြီး အမိန့်ပေးလိုက်သည်။

ပတ်ဝန်းကျင်ရှိ ဟန်စစ်သားများက စုစည်းလာပြီး ကျောက်ဖုန်းကို လှံများဖြင့် ထိုးနှက်လိုက်ကြသည်။

" မင်းရဲ့ အသက်က ငါ့အတွက်ပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

All Chapters