စစ်သည်များကို ကုသပေးခြင်း...
Vol. 2 Ch. 18
" ညီလေးကျောက် ပြောတဲ့အတိုင်းဆိုရင်..." ဆရာချန်က ပညာသင်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။ " ခုနှစ်ရက်ဖျားက ဒဏ်ရာကြောင့် ဖြစ်တာမဟုတ်ဘဲ ညစ်ပတ်တဲ့အရာတွေ ဒါမှမဟုတ် လက်နက်မှာပါတဲ့ သံချေးတွေ အသားနဲ့ သွေးထဲကို ဝင်သွားလို့ ဖြစ်တာပေါ့။ "
" ဓားအသစ်မှာတောင် ဒီအဖျားကို ဖြစ်စေတဲ့ အဆိပ်တွေ ဒါမှမဟုတ် မင်း ပြောတဲ့ ဘက်တီးရီးယားပိုးတွေ ရှိနေနိုင်တာပေါ့။ ဓားကို မီးကင်တာက အဲ့ဒီအဆိပ်တွေကို လောင်ကျွမ်းပြီး အရက်နဲ့ ဆေးတာကလည်း အဲ့ဒါတွေကို သတ်ပစ်နိုင်တာပေါ့။ "
" မှန်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ရှင်းပြလိုက်သည်။ " စနစ်တကျ ပိုးသတ်ပြီး အပ်ချုပ်တဲ့ပညာကို သုံးလိုက်ရင် စစ်သားတစ်ယောက်ရဲ့ အသက်ရှင်နှုန်းက အနည်းဆုံး ၃၀၊ ၄၀ ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်။ "
" ညီလေးကျောက်ရဲ့ ဆေးပညာသီအိုရီတွေကို နားထောင်ပြီး ငါအများကြီး သင်ယူလိုက်ရပါတယ်။ " ဆရာချန်က လေးစားစွာ ပြောလိုက်သည်။
" ဆရာချန်က ချီးကျူးလွန်းနေပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။ " ကျုပ်ပြောပြခဲ့တာ သီအိုရီတွေပဲရှိတာပါ။ ဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့က ဆရာချန်နဲ့ အခြားဆေးဆရာတွေအပေါ်ပဲ မူတည်ပါတယ်။ "
" အခုတစ်ခါ ဆရာချန်ကိုယ်တိုင် ချုပ်ကြည့်မလား။ ကျုပ် ဒဏ်ရာကို ခွဲပေးမယ်။ ဆရာချန်က ပြန်ချုပ်ပေါ့။ "
" ကောင်းပြီလေ။ " ဆရာချန်က ရယ်လိုက်သည်။ " ဒါဆို ငါ ဒီနေ့ ညီလေးကျောက်နဲ့ ပူးပေါင်းပြီး ငါတို့လူတွေကို ကယ်တင်လိုက်ကြတာပေါ့။ "
ကျောက်ဖုန်းက မြားများကို ထုတ်ပေးရန် တာဝန်ယူပြီး ဆရာချန်က ဒဏ်ရာချုပ်ခြင်းနှင့် ဆေးထည့်ခြင်းကို လုပ်ဆောင်နေသည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းမှုကြောင့် ကုသရေးလုပ်ငန်းစဉ်က သိသိသာသာ လျင်မြန်လာသည်။
" စစ်သူကြီးက ကျောက်ဖုန်းကို ရှာနေတာလား။ ကျွန်တော် သွားပြီး ခေါ်လိုက်ပါမယ်။ " တာဝန်ခံတပ်မှူးက ပြောလိုက်သည်။
" သူတို့ ဆေးကုနေတာ ငါတို့ မနှောက်ယှက်သင့်ဘူး။ ငါ အပြင်မှာပဲ စောင့်နေလိုက်မယ်။ " ဝမ်ယန်က လက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ဖုန်းကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်။
" နားလည်ပါပြီ။ " တပ်မှူးက ပြန်ပြောလိုက်သည်။
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ညနေစောင်းသို့ ရောက်လာသည်။ ကုသရေးစခန်း၏ ဆေးကုသမှုများမှာ ရပ်တန့်ခြင်းမရှိပေ။
" ဆရာ..." ဆေးဆရာတစ်ယောက်က ဆရာချန်ထံသို့ လျှောက်လာပြီး ပြောလိုက်သည်။
" ဒဏ်ရာအရမ်းပြင်းထန်တဲ့ စစ်သားနှစ်ရာကျော်ကို ကုသပေးပြီးပါပြီ။ လူတစ်ဒါဇင်လောက် သေဆုံးသွားကြပေမယ့် ကျန်တဲ့သူတွေ အသက်ကိုတော့ က်တင်နိုင်ခဲ့ပါတယ်။ "
ထိုစကားကို ကြားသောအခါ ဆရာချန်က ပြုံးလိုက်သည်။ " ညီလေးကျောက် ငါ ဆေးကုသတာ ငါးနှစ်ခြောက်နှစ်ရှိပြီ။ ဒီလောက် လူအများကြီး အသက်ရှင်တာ မရှိသလောက်ပဲ။ "
" အရင်တုန်းကဆိုရင် ဒဏ်ရာရတဲ့ လူနှစ်ရာမှာ လူနှစ်ဆယ် အသက်ရှင်ရင်တောင် အတော်အံ့ဩစရာကောင်းနေပြီ။ အခုတော့ အဲ့ဒီအရေအတွက်က ပြောင်းပြန်ဖြစ်သွားပြီ။ ဒါတွေအားလုံးက မင်းရဲ့ ဆေးပညာကြောင့်ပဲ။ "
" မင်းက ချင်နိုင်ငံအတွက် ကြီးမားတဲ့ အကျိုးဆောင်ခဲ့တာပဲ။ မင်းရဲ့ ဒဏ်ရာချုပ်တဲ့ ပညာကြောာင့် စစ်သားတွေအများကြီး သူတို့အသက်ဆက်နိုင်ကြတာ။ ဒါက တိုက်ပွဲမှာ လူတစ်ရာသတ်တာထက်တောင် ပိုသာသေးတယ်။ "
" ငါကိုယ်တိုင် စစ်သေနာပတိချုပ် ဝမ်ကျန့်ဆီမှာ မင်းအတွက် ဂုဏ်ပြုဆုပေးဖို့ ထောက်ခံပေးမယ်။ "
" ဒါဆို ဆရာချန်ကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်ပြီး ငြင်းဆန်ခြင်းမပြုပေ။
သူက အလွန်နှိမ့်ချတတ်သည့်လူမျိုးမဟုတ်ပေ။ ဒဏ်ရာချုပ်သည့်ပညာကို စတင်မိတ်ဆက်ပေးခဲ့ခြင်းက ဤခေတ်အပေါ် မည်မျှသက်ရောက်မှုရှိမည်ကို သိထားခဲ့သည်။
" ဒဏ်ရာပြင်းတဲ့လူတွေကိုတော့ ကုပြီးသွားပြီ။ " ဆရာချန်က ပြောလိုက်သည်။
" ဒဏ်ရာအနည်းအကျဉ်းရထားတဲ့သူတွေကိုတော့ ဖြည်းဖြည်းချင်း ကုလို့ရတယ်။ ညီလေးကျောက် မင်းလည်း ဒဏ်ရာရထားတာပဲ။ မင်းရဲ့ ကြံ့ခိုင်မှုက ဘယ်လောက်ကောင်းကောင်း အနားယူဖို့တော့ လိုအပ်တယ်။ "
" ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ဒဏ်ရာရထားသော စစ်သားများကို ကုသပေးခြင်းက ရန်သူနှင့် တိုက်ထိုက်နေရသကဲ့သို့ အန္တရာယ်မများသော်လည်း အာရုံစိုက်ခဲ့ရသဖြင့် သူက ပင်ပန်းနေပြီဖြစ်သည်။
" ညီလေးကျောက်..." ဆရာချန်က သူ၏ ခါးမှ ဘူးသီးခြောက်ကို ဖြုတ်ပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။ " ဒီဝိုင်ဘူးကို ငါ့ရဲ့လက်ဆောင်အဖြစ် သဘောထားလိုက်ပါ။ "
" ဟားဟား... ဆရာချန်က တကယ်သဘောကောင်းတာပဲ။ " ကျောက်ဖုန်းက ရယ်မောပြီး ဘူးသီးခြောက်ကို လက်ခံလိုက်သည်။ " ဒါဆို ကျုပ်မငြင်းတော့ပါဘူး။ "
ထို့နောက် သူက ထွက်ခွာလာပြီး သူ၏ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။
" ဒီကောင်လေးက အသက်ကယ်ပေမယ့် ဆေးဆရာတစ်ယောက်ရဲ့ ဂရုဏာနဲ့ ထူးခြားတဲ့ ခံနိုင်ရည်ရှိတာပဲ။ " ကျောက်ဖုန်းထွက်သွားသည်ကို ကြည့်ပြီး ဆရာချန်က တွေးလိုက်သည်။
" သူ့ဝတ်စုံကို ကြည့်ရတာ ထောက်ပို့တပ်ကပဲ။ ဒီလိုဆေးပညာမျိုးက အဲ့ဒီမှာဆိုရင် နှမြောစရာပဲ။ ဆေးကုသရေးတပ်ဖွဲ့က သူနဲ့ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။ ပြီးတော့ ငါ့ဆရာသာ သူ့ရဲ့ ဒဏ်ရာချုပ်တဲ့ပညာကို သိသွားရင် သူ့ကို သေချာပေါက် အလေးထားမှာပဲ။ သူ့ရဲ့ တပည့်အဖြစ်တောင် ခေါ်ချင် ခေါ်နေဦးမယ်။ "
သူ၏ ကုတင်သို့ ပြန်ရောက်သောအခါ ကျောက်ဖုန်းက ဘူးသီးခြောက်ကို ဖွင့်ပြီး ဝိုင်ကို မော့သောက်လိုက်သည်။
" ဆေးဆရာတစ်ယောက်ဆီက ဝိုင်ဆိုတော့ စစ်တပ်က သာမန်ဝိုင်တွေထက် ပိုအရသာရှိတာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ဒါပေမယ့် အနာဂတ်က ဝိုင်ကောင်းတွေကို မမီသေးဘူး။ သာ စစ်တပ်က ထွက်ပြီး အိမ်ပြန်ရောက်ရင် ဒီခေတ်က ဘယ်ဝိုင်မှ မယှဉ်နိုင်တဲ့ ဝိုင်တစ်မျိုးကို ချက်ဦးမယ်။ "
ကျောက်ဖုန်းက စနစ်ကို ဖွင့်ပြီး စစ်ဆေးလိုက်သည်။ " ငါ့မှာ စွမ်းဆောင်မှုရမှတ်တွေ ဘယ်လောက်ရှိသွားပြီလဲ။ "
ကျောက်ဖုန်းက တစ်ရက်နီးပါး ဒဏ်ရာရနေသော စစ်သားများကို ကုသပေးခဲ့သည်။ အချို့က ပြင်းထန်သော ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ကြသော်လည်း အချို့က အသက်ရှင်နိူင်ခဲဘသည်ာယ
" စွမ်းဆောင်မှုရမှတ် ၅၃ မှတ် မဆိုးဘူးပဲ။ ဒီအမှတ်တွေကို စွမ်းဆောင်မှုရမှတ်တွေနဲ့လဲရင် ၂၆၅မှတ် ရမှာပဲ။ "
သို့သော် စွမ်းဆောင်မှုရမှတ်များကို စွမ်းရည်အမှတ်များနှင့် လဲလှယ်ခြင်းက နှမြောစရာကောင်းလှသည်။ အကြောင်းမှာ စွမ်းရည်အမှတ်များက စစ်မြေပြင်တွင ကောက်ယးခြင်း သို့မဟုတ် ရန်သူများကို သတ်ဖြတ်ခြင်းမှ ရရှိနိုင်ပြီး စွမ်းဆောင်မှုရမှတ်များက အသက်ကယ်မှသာ ရရှိနိုင်ခြင်းဖြစ်သည်။
ထို့အပြင် စွမ်းဆောင်မှုရမှတ် ဆယ်မှတ်ကို ကျွမ်းကျင်မှုအမှတ် တစ်မှတ်နှင့် လဲလှယ်နိုင်သည်။ ၎င်းက စွမ်းရည်များကို ကောက်ယူရုံနှင့် မရနိုင်သော အရာဖြစ်သည်။
" ဒါတွေကို လောလောဆယ် သိမ်းထားလိုက်ဦးမယ်။ နောက်ပိုင်း တတ်မြောက်ဖို့ ခက်ခဲတဲ့ သိုင်းပညာတွေကို ရလာမှ ဒီအမှတ်တွေကို သုံးတော့မယ်။ " ကျောက်ဖုန်းက ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုအချိန်တွင် ကုသရေးစခန်း၏ တပ်မှူးက ကျောက်ဖုန်းဆီသို့ ရောက်လာသည်။
" ညီလေးကျောက်..." တပ်မှူးက အနည်းငယ် အရိုအသေပေးလိုက်သည်။
ကျောက်ဖုန်း၏ နာမည်က ယခုအခါ ကုသရေးစခန်းတစ်ခုလုံး သိရှိနေကြပြီး ဆေးကုသပြီးနောက် သူ၏ ကျော်ကြားမှုက ပို၍ပင် တိုးလာခဲ့သည်။ သူက ယခုအချိန်တွင် တပ်စုမှူးတစ်ယောက်သာ ဖြစ်သော်လည်း တိုက်ပွဲအောင်မြင်မှုများနှင့် သူ၏ စွမ်းဆောင်မှုများကို သတင်ပို့ပြီးချိန်တွင် ကျေက်ဖုန်းက ရာထူး ကြီးကြီးမားမား တိုးမြှင့်ခြင်း ခံရပေလိမ့်မည်။
" တပ်မှူး " ကျောက်ဖုန်းက အရိုအသေပြန်ပေးလိုက်သည်။
" ဒဏ်ရာတွေ ဘယ်လိုလဲ။ " တပ်မှူးက ပြုံး၍ မေးလိုက်သည်။
" ဒဏ်ရာအသေးအဖွဲတွေပါ။ ခဏလောက်အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
" ဟန်စစ်တပ်က တိုက်ခိုက်တုန်းက ထောက်ပို့တပ်ဖွဲ့က အတော်လေး ရုန်းကန်ခဲ့ရတယ်။ ဒါပေမယ့် ညီလေးကျောက်က တစ်ယောက်တည်းနဲ့ ရန်သူသုံးရာနီးပါးကို သတ်ခဲ့တဲ့အပြင် ရန်သူတပ်ကို ထိုးဖောက်ပြီး ပေါင်ယွမ်ကိုပါ သတ်နိုင်ခဲ့တယ်။ ဒီလိုစွမ်းရည်မျိုးက စစ်တပ်တစ်ခုလုံးကို တကယ် အံ့အားသင့်စေခဲ့တယ်။ " တပ်မှူးက ချီးကျူးလိုက်သည်။
" ဒါက ကောင်းကင်ဘုံက စောင့်ရှောက်လို့နေမှာပါ။ " ကျောက်ဖုန်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။ " ဒါနဲ့ တပ်မှူး ဘာကိစ္စရှိလို့လဲ။ "
" ပင်မတပ်ဖွဲ့က စစ်သူကြီးဝမ်ယန်က ညီလေးကျောက်ကို အပြင်မှာ တစ်နေကုန်စောင့်နေတယ်။ " တပ်မှူးက ပြုံး၍ ပြောလိုက်သည်။
" ဝမ်ယန်..." ကျောက်ဖုန်းက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ "သူက ဘယ်သူလဲ။ ကျုပ်ဆီက ဘာလိုချင်လို့လဲ။ "
" အဲ့ဒါတော့ ငါလည်း မသိဘူး။ မင်း အပြင်ထွက်ပြီး တွေ့ကြည့်လိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် သူက အဆင့်အတန်းမြင့်တော့ သူ့ကို မဆန့်ကျင်တာ အကောင်းဆုံးပဲ။ " တပ်မှူးက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
" နေဦး..." တပ်မှူးက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
" ဘာလို့လဲ။ " ကျောက်ဖုန်းက ပြန်လှည့်ကြည့်လိုက်သည်။
" ညီလေးကျောက် မင်း အင်္ကျီလဲထားပေမယ့် မျက်နှာနဲ့ ဆံပင်က သွေးတွေ မဆေးရသေးဘူးနော်။ အနောက်မှာ အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ " တပ်မှူးက အကြံပေးလိုက်သည်။
" အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ကျေးဇူးတင်စကားဆိုလိုက်သည်။