← Chapters

အခန်း (၁၂၈၂-၁၂၈၄)

Vol. 86 Ch. 1282-1284

အခန်း (၁၂၈၂-၁၂၈၄)

Vol. 86 Ch. 1282-1284

အခန်း (၁၂၈၂)

လာကူညီပေးတာ

ချူးယွမ်ကျိ သူမ၏ ပင်မခန္ဓာကိုယ် ဖြစ်သော်လည်း သူမ၏ လုပ်ရပ်များကို ချူးယုချင် သဘောမတူနိုင်ပေ။ လုချန်းကို ကလဲ့စားချေရန် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သုံး၍ ကံတရားကို ဖြတ်တောက်ခဲ့သူမှာ ချူးယွမ်ကျိ ကိုယ်တိုင် ဖြစ်သည်။ ယခုမှ လုချန်းအနား ပြန်ကပ်ရန် ကြိုးစားနေခြင်းအား လုချန်း ခွင့်လွှတ်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

သူမနှင့် ချူးယွမ်ကျိကြား ကံတရားဆက်နွယ်မှု ရှိနေသေးကြောင်း လုချန်း သိသွားပါက သူမကိုပါ မုန်းတီးသွားမှာကို ချူးယုချင် စိုးရိမ်မိသည်။ သို့သော် ချူးယွမ်ကျိကား အေးစက်စွာ တုံ့ပြန်လိုက်သည်။

“သူ့ဘေးနား ငါပြန်လာနိုင် မလာနိုင် ဆိုတာ နင့်သဘောထားနဲ့ မဆိုင်ဘူး။ ငါတို့ကြားမှာ လက်ထပ်ခြင်းကြိုးနီ ရှိနေသရွေ့ တစ်နေ့နေ့တော့ ငါက သူ့အမျိုးသမီး ဖြစ်လာမှာပဲ။”

ချူးယွမ်ကျိ၏ မျက်နှာပြောင်တိုက်မှုကို ချူးယုချင် အံ့သြမိသော်လည်း ဒါက ချူးယွမ်ကျိ၏ မူလစရိုက်ပင် ဖြစ်သည်။ အတိတ်ဘဝ ရှန်ယွဲ့နိုင်ငံတော်တွင် လုချန်းရှိစဉ်က ချူးယွမ်ကျိသည် သူ့နောက်သို့ အရိပ်ပမာ လိုက်ပါခဲ့ဖူးသည်။ ရှန်ဝူဧကရာဇ်က သူမ၏ ဖရိုဖရဲဝိညာဉ်ခန္ဓာကို တွေ့ရှိပြီး ဧကရီအဖြစ် အကျဉ်းချခြင်းသာ မပြုခဲ့လျှင် ယခုထိတိုင် လုချန်းကို တွယ်ကပ်နေဦးမည်ဖြစ်၏။

စဉ်းစားကြည့်လျှင် ချူးယုချင် ကိုယ်တိုင်သည်လည်း ချူးယွမ်ကျိ စေလွှတ်လိုက်သော ကိုယ်ပွားဖြစ်ရာ သူမ လုချန်းကို တွယ်ကပ်နေခြင်းသည် ချူးယွမ်ကျိ တွယ်ကပ်နေခြင်းနှင့် အတူတူပင် ဖြစ်နေသည်။ ယခင်က မျှော်လင့်ချက်မဲ့ကာ အချစ်မှ အမုန်းသို့ ကူးပြောင်းခဲ့သော်လည်း လက်ထပ်ခြင်းကြိုးကို မြင်လိုက်ရချိန်တွင် ချူးယွမ်ကျိ၏ မျှော်လင့်ချက်မီးလျှံများ ပြန်လည်တောက်လောင်လာခဲ့ပြီး ထိုအခွင့်အရေးကို လက်လွှတ်လိုတော့မည် မဟုတ်ပေ။

“ဒီကိစ္စ လုချန်းကို မေးရလိမ့်မယ်”

ဟု ချူးယုချင်က ပြန်တုံ့ပြန်လိုက်သော်လည်း

“သူ့ကို ပြောစရာမလိုဘူး”

ဟု ချူးယွမ်ကျိက ပြန်ပက်လိုက်သည်။

“နင် သူ့ဘေးနားကို တကယ် ပြန်လာချင်တာ ဟုတ်မဟုတ် ငါ မသေချာဘူး။ နင်က ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လုချန်းကို ထိခိုက်အောင် လုပ်ရင် ဘယ်လိုလုပ်မလဲ။”

ချူးယွမ်ကျိက

“နင့်ကို ဖြစ်တည်လာစေတဲ့ ကံတရားကြိုးတွေကို ငါ ဖြတ်တောက်ပြီးပြီ။ ငါ့နတ်အာရုံက နင့်ခန္ဓာကိုယ်ထဲ ဝင်နိုင်ရင်တောင်မှ နင့်ရဲ့ ခွဲထွက်ဝိညာဉ်ကို လုံးဝ ဝါးမျိုမလိုက်မချင်း နင့်ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရနိုင်ဘူး။ ငါသာ နင့်နဲ့ တကယ် ပေါင်းစည်းချင်ရင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို သုံးပြီး ငါတို့နှစ်ယောက်ကို ကမ္ဘာတစ်ခုတည်းမှာ ရှိအောင် ဆွဲခေါ်လိုက်ရုံပဲ။ နင့်နဲ့ အခုလို ဆွေးနွေးနေမှာ မဟုတ်ဘူး။”

ချူးယုချင် စဉ်းစားရ ကျပ်သွားသည်။ နတ်အာရုံ ချိတ်ဆက်ရုံဖြင့် ကိုယ်ပွားကို မထိန်းချုပ်နိုင်မှန်း သိလျက်နှင့် သူမ ဘာကြောင့် လုပ်ချင်ရသနည်း။

“နင် တကယ်တမ်း ဘာလုပ်ချင်တာလဲ”

ထိုအခါမှ ချူးယွမ်ကျိက သူမသိထားသော လျှို့ဝှက်ချက်ကို ဖွင့်ချပြလိုက်သည်။

“နတ်အာရုံ ချိတ်ဆက်ပြီးသွားရင် ရှန်ဝူဧကရာဇ်ရဲ့ အစီအစဉ်ကို ငါ ဖွင့်ချပြနိုင်ပြီ။ လုချန်းကို ရှန်ဝူဧကရာဇ်ရဲ့ ဝင်စားမယ့် ကိုယ်ခန္ဓာ ဖြစ်လာတာ နင် မမြင်ချင်ဘူး မဟုတ်လား။”

ချူးယုချင်၏ အတွေးစများ ရပ်တန့်သွားသည်။

ရှန်ဝူဧကရာဇ် ဝင်စားမည့် ကိုယ်ခန္ဓာ ...

ဤစကား၏ အနက်အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်နှင့် လုချန်းတို့ ကြုံတွေ့နေရသော စမ်းသပ်မှုများတွင် ကြီးမားသော ပြဿနာရှိနေကြောင်း သူမ သိလိုက်ရသည်။

“ကောင်းပြီ ငါ သဘောတူတယ်။”

ချူးယုချင် သဘောတူလိုက်သည်နှင့် သူတို့နှစ်ဦး၏ နတ်အာရုံများသည် ရင်သွေးကမ္ဘာအတွင်း ချိတ်ဆက်မိသွားသည်။ အပိုထပ် လုပ်ဆောင်စရာမလိုပဲ ချူးယုချင်၏ မှတ်ဉာဏ်စီးကြောင်းသည် ချူးယွမ်ကျိ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

ထိုမှတ်ဉာဏ်များနှင့်အတူ ဝမ်းနည်းမှုလှိုင်းလုံးကြီးတစ်ခု ချူးယွမ်ကျိ၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့၏။ သူမ ပြုလုပ်ခဲ့သော အမှားများအတွက် လုချန်းသည် အငြိုးအတေး မထားသည့်အပြင် ချူးယုချင်ကိုပင် အလွန်အမင်း ချစ်ခင်မြတ်နိုးကြောင်း တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ အချစ်မှ အမုန်းသို့ ပြောင်းလဲကာ ကလဲ့စားချေခဲ့မိခဲ့သည့်တွက် ချူးယွမ်ကျိ၏ နှလုံးသားတွင် နောင်တတရားတို့ ပြည့်လျှံလာပြီး သူမ တစ်သက်လုံး ပြန်လည်ပေးဆပ်၍ မရနိုင်တော့မည့် အမှားဟုလည်း ခံစားလိုက်ရသည်။

ထိုစဉ် လုချန်း၏ အသံ အိပ်ဆောင်အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ဟင်... ဒါ ဘာကြီးလဲ”

အနှောင့်အယှက်ကြောင့် အမျိုးသမီးနှစ်ဦး၏ နတ်အာရုံများ ရင်သွေးကမ္ဘာမှ ဆုတ်ခွာသွားကြပြီး ချူးယွမ်ကျိလည်း ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး၏ အကာအကွယ်အတားအဆီးကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ ချူးယုချင်လည်း သူမခန္ဓာကိုယ်ကို ချူးယွမ်ကျိ မထိန်းချုပ်ထားကြောင်း သိလိုက်ရ၍ စိတ်သက်သာရာ ရသွားပြီး စိတ်ကိုငြိမ်သက်‌စေလိုက်ကာ နှုတ်ဆက်လိုက်သည်။

“ချန်းလေး... လိုချင်တာ ရှိလို့လား”

အတားအဆီး ပျောက်ကွယ်သွားသည်နှင့် လုချန်း တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ ပုံမှန်ဆိုလျှင် သူသည် အလင်းအရိပ်ဖြင့် တိုက်ရိုက်ဝင်ရောက်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင် နားမလည်နိုင်သော စွမ်းအားတစ်ခုက တားဆီးထားသဖြင့် တံခါးမှတစ်ဆင့် ဝင်လာရခြင်း ဖြစ်သည်။

အခန်းလယ်တွင် ရပ်နေသော ချူးယုချင်ကို လုချန်း ကြည့်လိုက်သည်။ သူမသည် အစိမ်းရောင်သမ်းသော အပြာရောင်ဝတ်စုံရှည်ဖြင့် မြင့်မြတ်သော အငွေ့အသက်တို့ ထုတ်လွှတ်နေကာ ဆွဲဆောင်မှု ရှိနေသည်။

“ ဒေါ်လေးချူး။ စောစောက ကျွန်တော့်ကိုတောင် တားဆီးနိုင်တဲ့အရာက ဘာလဲ။”

လုချန်း၏ စူးစမ်းသော မေးခွန်းကို ချူးယုချင် တည်ငြိမ်စွာပင် ဖြေရှင်းချက်ပေးလိုက်၏။

“အဲ့ဒါက ပင်မခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်ထဲက တွေ့ခဲ့တဲ့ အထူးအတားအဆီးတစ်ခုပါ။ စိတ်ကူးပေါက်လို့ စမ်းကြည့်လိုက်တာ... ဒါနဲ့ မင်း ဘာခိုင်းစရာ ရှိလို့လဲ။”

လုချန်း သူမကို သံသယဖြင့် ကြည့်လိုက်၏။ ချူးယုချင်၏ အမူအရာက ပုံမှန်မဟုတ်ပေ။ တစ်စုံတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ စိတ်လှုပ်ရှားနေပုံရ၏။ သူက အခန်းကို ဝေ့ကြည့်ပြီး ပြုံးစစဖြင့်

“ ဒေါ်လေးချူးရဲ့ အိပ်ဆောင်ထဲမှာ လူတစ်ယောက်ယောက်ကို ဝှက်ထားတာတော့ မဟုတ်ပါဘူးနော်။ ကျွန်တော့်ကို မြင်တော့ တော်တော် စိတ်လှုပ်ရှားနေပုံပဲ။”

“ဘယ်သူ့ကို ဝှက်ထားရမှာလဲ။ မင်းက သူတော်စင်တစ်ပါး‌လေ။ ပြီးတော့ ထျန်းချန်ကမ္ဘာတစ်ခုလုံးကလည်း မင်းလက်ထဲမှာလေ... လူဝှက်ထားရင် မင်း သိတာ ကြာပြီပေါ့။”

ချူးယုချင်က ထိုသို့တုံ့ပြန်လိုက်သဖြင့် လုချန်းလည်း ပြုံးလျက် သူမအနား လျှောက်လိုက်ကာ ခါးကို ဖက်၍ ကုတင်ဆီသို့ ဦးတည်ရင်း

“ဟုတ်ပါပြီ။ ကျွန်တော်က နောက်လိုက်တာပါ... ကျွန်တော် ဒီကို မရောက်တာ ကြာပြီဆိုတော့ ဒေါ်လေးကို ကျင့်ကြံဖို့ ကူညီပေးမလို့ လာခဲ့တာ။”

လုချန်း၏ စကားကြောင့် ချူးယွမ်ကျိ စိတ်လှုပ်ရှားသွားသည်။ ချူးယုချင်၏ မှတ်ဉာဏ်များမှတစ်ဆင့် ထို ‘ကျင့်ကြံခြင်း’ ၏ အနက်အဓိပ္ပာယ်ကို သူမ သိထားသော်လည်း ကိုယ်တိုင် မကြုံဖူးသေးပေ။ ယခု အာရုံချင်းချိတ်ဆက်ထားသဖြင့် ချူးယုချင် ခံစားရသမျှကို ပင်မကိုယ်ထံသို့ တိုက်ရိုက် ပေးပို့နေသည်။

လုချန်း၏ လက်များ ခါးကို ပွတ်သပ်လိုက်ချိန်တွင် ချူးယွမ်ကျိ၏ စိတ်နှလုံးထဲ ယားယံသည့် ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် လုချန်းသည် ချူးယုချင်ကို ကုတင်ပေါ်သို့ လှဲချလိုက်ပြီး နှုတ်ခမ်းအစုံကို သိမ်းပိုက်လိုက်သည်။ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး ဖြစ်သဖြင့် သူ၏ လှုပ်ရှားမှုများက ကျွမ်းကျင်ပိုင်နိုင်လှ၏။

ချူးယွမ်ကျိအတွက်မူ ချူးယုချင်၏ ခန္ဓာကိုယ်မှတစ်ဆင့် ဤကဲ့သို့ မငြိမ်မသက်သော ခံစားမှုကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ သူမသည် ခန္ဓာကိုယ်ကို တိုက်ရိုက် မထိန်းချုပ်ထားသော်လည်း နတ်အာရုံ ချိတ်ဆက်ထားမှုကြောင့် ချူးယုချင်၏ ခန္ဓာကိုယ်သည် မနေနိုင်ပဲ ပုံမှန်မဟုတ်သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာ တော့သည်။

အခန်း (၁၂၈၃ )

လုချန်း၏ ကလဲ့စား

ချူးယုချင်၏ မူမမှန်သော တုံ့ပြန်မှုသည် သိမ်မွေ့လှသော်လည်း လုချန်း သတိပြုမိလိုက်၏။ လုချန်းသည် ချူးယုချင်အကြောင်းကို အူမချေးခါးမကျန် သိထားသူဖြစ်သည်။

ယနေ့တွင် ချူးယုချင် အလွန် စိတ်လှုပ်ရှားနေသည်။ သူမ၏ ခန္ဓာကိုယ်ကို လုချန်း ထိလိုက်သည်နှင့် သူမ မသိမသာ တုန်ယင်လာခဲ့သည်။

သူတို့သည် ဇနီးမောင်နှံ ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ရင်းနှီးကျွမ်းဝင်သော အခိုက်အတန့်များတွင် စိတ်လှုပ်ရှားနေရန် မဆိုထားနှင့် ချူးယုချင်သည် လုချန်းကိုပင် ဦးဆောင်ပြုမူလေ့ရှိသူဖြစ်၏။ ယခုကဲ့သို့ သူမ ရှက်ရွံ့နေလေ့ မရှိပေ။

မိမိရှေ့မှ ချူးယုချင်သည် အယောင်ဆောင်ထားသူ ဖြစ်နိုင်ကြောင်း လုချန်း သံသယဝင်မိသည်။ သူတို့နှစ်ဦး ရင်းနှီးကျွမ်းဝင်သော အနေအထားသို့ ရောက်ရှိပြီးနောက် ချူးယုချင်၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးရန် လုချန်း စနစ်ကို အသုံးပြုလိုက်သည်။

[အမည် : ချူးယုချင် (ချူးယွမ်ကျိ)]

[အချက်အလက်: ရှနိုင်ငံတော် ကောင်းကင်ဧကရာဇ်၏ ဇနီး။ ကိုယ်ပွား၏ ကျင့်စဉ်အဆင့်သည် ပြန်လည်ပျက်စီးခြင်းအဆင့်တစ် ဖြစ်ပြီး ပင်မခန္ဓာသည် ရှန်ယွဲ့နိုင်ငံတော်၏ ဧကရီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော ပန်းနီရထား၏ လွှမ်းမိုးမှု ကြောင့် ချူးယွမ်ကျိထံရှိ ရှန်ဝူဧကရာဇ်၏ ကျိန်စာ ဖယ်ရှားခံခဲ့ရပြီး ချူးယွမ်ကျိ၏ နှလုံးသားထဲမှ ဖိနှိပ်ခံထားရသော ခံစားချက်များ ပြန်လည် တောက်လောင်လာသည်။ သခင်နှင့် ပိုနီးကပ်စေရန် ချူးယွမ်ကျိသည် နတ်အာရုံချိတ်ဆက်၍ ချူးယုချင်၏ ခန္ဓာကိုယ်ထဲသို့ တစ်ဖန် ဝင်ရောက်လာသည်။]

[ရမှတ် :၁၀၀]

[နှစ်သက်မှု : ၁၀၀]

ချူးယုချင်၏ အချက်အလက်များကို မြင်သောအခါ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ယနေ့ ချူးယုချင်ထံတွင် ထူးဆန်းမှုများ ရှိကြောင်း သူ သိနေခဲ့သည်။ တကယ်တော့ ချူးယုချင်၏ ခန္ဓာကိုယ်ကို ပင်မခန္ဓာက ထိန်းချုပ်ထားခြင်း ဖြစ်နေသည်။

သူ့ကို ဒုက္ခပေးခဲ့သော ချူးယွမ်ကျိအကြောင်း တွေးမိလိုက်ရုံနှင့် လုချန်း၏ စိတ်ထဲတွင် ဒေါသ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာတော့သည်။ သူ့ကို အင်အားမကြီးထွားလာစေရန် စီစဉ်ခဲ့သည့် ချူးယွမ်ကျိ၏ လက်စားချေမှု မအောင်မြင်ခဲ့သော်လည်း ထိုအရာကို သူမ၏ ပုဂ္ဂလိကခံစားချက်အရ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ပြန်စဉ်းစားကြည့်ပြီး စနစ်အချက်အလက်များကို ကြည့်လိုက်ရာ ရှန်ဝူဧကရာဇ်က သူမအပေါ် ပြုလုပ်ခဲ့ ကျိန်စာကြောင့်များ ချူးယွမ်ကျိ သူ့ကို ပစ်မှတ်ထားနေခြင်းလားဟု လုချန်းတွေးမိပြန်၏။

ကျိန်စာတစ်ခုလား။

ဘယ်လိုကျိန်စာလဲ။

လုချန်း စဉ်းစားနေစဉ် စနစ်၏ အသံ ထွက်ပေါ်လာသည်။

“လူတစ်ယောက်ရဲ့ နှလုံးသားထဲက အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ချဲ့ကားပေးနိုင်တဲ့ ကျိန်စာတစ်မျိုး ဖြစ်ပါသည်”

ထိုအရာကို ကြားလျှင် လုချန်း ချက်ချင်း သဘောပေါက်သွားသည်။ ဒါဆို သူ့အပေါ်ထားရှိသော ချူးယွမ်ကျိ၏ လက်စားချေလိုစိတ်က ရှန်ဝူဧကရာဇ် ချန်ထားခဲ့သော ကျိန်စာကြောင့်ဟု ဆိုလိုခြင်းလား။

ရှန်ဝူဧကရာဇ် အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း။

ဤအရာကို နားလည်ရန် မခက်ခဲပေ။ ရှန်ဝူဧကရာဇ်သည် ချူးယွမ်ကျိကို ဧကရီအဖြစ် တင်မြှောက်ချိန်တွင် ချူးယွမ်ကျိ၌ သူ့သားအပေါ် ခံစားချက်များ ရှိနေကြောင်း သိထားဟန် တူသည်။ ချူးယွမ်ကျိ လက်လျော့စေရန် သူသည် ကျိန်စာတိုက်ပြီး သူမ၏ အချစ်ကို အမုန်းတရားအဖြစ် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ပန်းနီရထားသည် အမှန်တကယ်ကို စွမ်းအားကြီးမားလွန်းသည်ဟု ဆိုရပေမည်။ ရှန်ဝူဧကရာဇ် ပြုလုပ်ခဲ့သော ကျိန်စာကိုပင် ပန်းနီရထားက ဖယ်ရှားပေးနိုင်ခဲ့၏။ ချူးယုချင်၏ ရင်သွေးကမ္ဘာအတွင်းမှ မူမမှန်မှုများကလည်း ချူးယွမ်ကျိ၏ လက်ချက်ဖြစ်ပုံရသည်။

ယနေ့ သူ လာရောက်ရခြင်းမှာ ရင်သွေးကမ္ဘာ၏ အခြေအနေနှင့် ၎င်း၏ မူမမှန်မှု အကြောင်းရင်းကို မေးမြန်းရန် ဖြစ်သည်။ အခုတော့ သူ ထပ်စုံစမ်းဖို့ လိုအပ်တော့ပုံ မရပေ။

သို့သော် ချူးယွမ်ကျိသည် ချူးယုချင်နှင့် ကံတရား ဖြတ်တောက်ထားပြီး ဖြစ်သည်။ ထိုသို့ဖြစ်ပါက သူမ၏ နတ်အာရုံက ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ မည်သို့ ဝင်ရောက်လာသနည်း။

ထားလိုက်ပါတော့......

ယခု အများကြီး တွေးတောနေရန် မလိုအပ်ပေ။

ပန်းနီရထားနှင့် ပတ်သက်သော အရာများသည် စနစ်နှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့် ထိုအကြောင်း တွေးလျှင်လည်း မှန်းဆချက်များ သက်သက်သာ ရလာနိုင်၏။ စနစ်၏ နက်နဲသော လျှို့ဝှက်ချက်များကို သူသည် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိသေးပေ။

ဤအချိန်တွင် လုချန်း လှုပ်ရှားခြင်း မရှိသေးသည်ကို မြင်သောအခါ ချူးယွမ်ကျိ စိတ်ထဲဇဝေဇဝါ ဖြစ်သွား၏။ လုချန်းသည် အလွန် စိတ်မရှည်တတ်သောသူ ဖြစ်ကြောင်း ချူးယုချင်၏ မှတ်ဉာဏ်များမှတစ်ဆင့် သူမ သိထားသည်။ ယခုလို အချိန်မျိုးတွင် သူ မည်သို့ ထိန်းချုပ်ထားနိုင်သနည်း။

သို့သော် မိမိကိုယ်ကို ဖော်ထုတ်မိမည် စိုးသောကြောင့် ချူးယွမ်ကျိသည် ဝင်ရောက်စွက်ဖက်ခြင်း မပြု‌ပဲ ခန္ဓာကိုယ်ကို ချူးယုချင်၏ ထိန်းချုပ်မှုအောက်တွင်သာ ထားလိုက်သည်။ သူမ လုပ်ရမှာက ချူးယုချင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရန်သာ ဖြစ်ပေသည်။

ထိုအချိန်တွင် လုချန်း ရုတ်တရက် ရက်စက်ကြမ်းကြုတ်လာသည်။ ချူးယွမ်ကျိ မတုံ့ပြန်နိုင်ခင်မှာပင် ပြင်းထန်သော ထိတွေ့မှုများကြောင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားများအား ပျံ့လွင့်သွားစေ၏။

ချူးယုချင် ကတော့ သိပ်ပြီး အာရုံမစိုက်ပေ။ လုချန်း၏ ကြမ်းတမ်းမှုကို သူမ သိထားသောကြောင့်ဖြစ်၏။ သို့သော် ချူးယွမ်ကျိ အတွက်တော့ ထိုကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

ထို့ပြင် ချူးယွမ်ကျိ၏ နတ်အာရုံသည် ချူးယုချင်နှင့် ချိတ်ဆက်နေသဖြင့် သူတို့ကြုံနေရသည့် ခံစားချက်ချင်း တူညီနေသည်။ ထိုအရာက ချူးယွမ်ကျိကို လျင်မြန်စွာ လွှမ်းမိုးသွား၏။ ထို့ပြင် ချူးယွမ်ကျိ၏ နတ်အာရုံသည် ချူးယုချင်၏ ခန္ဓာကိုယ်အတွင်း တည်ရှိနေခြင်းကြောင့် ချူးယုချင်၏ ရုပ်ခန္ဓာအပေါ် သက်ရောက်မှု အချို့ ရှိနေသည်။

ထို့ကြောင့် ယနေ့တွင် ချူးယုချင်၏ အော်ဟစ်သံများ အထူး စူးရှနေသည်။ ယုတ်မာသော အမျိုးသမီး ချူးယွမ်ကျိ သူ့အပေါ် ကျူးလွန်ခဲ့သည့် အရာများကို တွေးလိုက်ရာ လုချန်း ပိုစိတ်တက်ကြွလာပြီး ပြင်းအားကို တိုးမြှင့်လိုက်တော့သည်။

ချူးယွမ်ကျိကို သင်ခန်းစာပေးရန် အစီအစဉ်ကို သူ အစောကတည်းက ချမှတ်ထားခဲ့သော်လည်း ရှန်ဝူဧကရာဇ်၏ ဧကရီဖြစ်သော ချူးယွမ်ကျိကို ထိတွေ့ခွင့်ရရန် နှစ်သောင်းချီ မကြာပဲ မဖြစ်နိုင်ဟု သူ ထင်မှတ်ထားခဲ့သည်။ ချူးယွမ်ကျိကို ကျူးလွန်ရန် ရှန်ဝူဧကရာဇ်ကို ဦးစွာ အနိုင်ယူရမည် ဖြစ်သည်။

ရှန်ဝူဧကရာဇ်သည် သာမန် ဧကရာဇ်တစ်ပါး မဟုတ်ပေ။ သူ့ကို အနိုင်ယူရန် လုံးဝလွယ်ကူလိမ့်မည် မဟုတ်ပေ။

သို့သော် မမျှော်လင့်ပဲ ချူးယွမ်ကျိ သူ့ထံသို့ ရောက်လာခဲ့သည်။ ချူးယွမ်ကျိ၏ ပင်မခန္ဓာ မရှိသော်လည်း သူမ၏ နတ်အာရုံသည် ချူးယုချင်နှင့် ချိတ်ဆက်ထားပြီး ဖြစ်သည်။ ချူးယုချင်ကို နှိပ်စက်ခြင်းသည် ချူးယွမ်ကျိကို နှိပ်စက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

အစပိုင်းတွင် ချူးယုချင်သည် လုချန်း၏ ရည်ရွယ်ချက်ကို မသိပဲ အရင်ကကဲ့သို့ပင် ကျင့်စဉ်အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်နိုင်ရန် ကြမ်းတမ်းနေသည်ဟုသာ ယူဆထားသည်။

သို့သော် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း ချူးယုချင်လည်း ခံစားလိုက်ရသည်။ အရင်က ဆိုလျှင် လုချန်းသည် သူမကို အနားယူရန် အချိန်ပေးမည် ဖြစ်သော်လည်း ယနေ့တွင် လုချန်းက သူမကို အသက်ရှူချိန်ပင် လုံးဝ မပေးပေ။

ဤအချိန်တွင် လုချန်းက သူမကို တစ်ဖက်သို့ လှန်လိုက်သည်။ လုချန်း၏ မျက်လုံးများကို ချူးယုချင် မော့ကြည့်လိုက်ရာ နတ်ဆိုးပူးနေသကဲ့သို့ မျက်လုံးများ နီရဲနေသည်ကို သတိပြုမိလိုက်၏။

အတွေးတစ်ခုကြောင့် ချူးယုချင်၏ စိတ်နှလုံး တုန်လှုပ်သွားသည်။

လုချန်း နတ်ဆိုးပူးခံရတာများလား။

ထိုအတွေးနှင့် ချူးယုချင်က

“ဟင်း... ဟင်း... ဘာဖြစ်နေတာလဲ..”

ဟု ကမန်းကတန်း ပြောလိုက်သည်။

ချူးယုချင်၏ စကားများကို လုချန်း ဂရုမစိုက်ပေ။ သူ၏ ရက်စက်သော လုပ်ရပ်များကိုသာ ဆက်လက် လုပ်ဆောင်နေလေသည်။

လုချန်း၏ အနိုင်ကျင့်မှုများကို ခွင့်ပြုရန်မှတစ်ပါး ချူးယုချင်၌ ရွေးချယ်စရာ မရှိပေ။

မိမိရှေ့တွင် ချူးယွမ်ကျိ အော်ဟစ်ပြီး အသနားခံနေသည်ကို တွေးမိကာ လုချန်း အထူး ကျေနပ်နေ၏။ ထိုအချိန်တွင် ချူးယုချင်ကတော့ ကျင့်စဉ်ကြောင့် လုချန်း နတ်ဆိုးပူးသွားခြင်းလားဟု တွေးတောနေဆဲ ဖြစ်သည်။

လုချန်း၏ အပျက်သဘောဆောင်သော ခံစားချက်များ အားလုံး ထွက်ပေါ်လာပြီးနောက် မကြာမီ တည်ငြိမ်သွားမည်ဟု သူမ မျှော်လင့်ထားသည်။ ထို့ကြောင့် သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှလွဲ၍ သူမ၌ အခြား မည်သည့်အရာကိုမှ ရွေးချယ်စရာ မရှိတာ့ပေ။

လုချန်း ကြမ်းတမ်းနေသော်လည်း ထိုကဲ့သို့ ပြင်းထန်သော ကျင့်စဉ်မျိုးက ချူးယုချင်အတွက် ကျင့်သားရနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယခု အခံရ အခက်ဆုံး ဖြစ်နေသူက သူမ မဟုတ်ပဲ သူမ၏ ပင်မခန္ဓာသာ ဖြစ်သည်။ သူမ ပင်မခန္ဓာ၏ နတ်အာရုံ စတင် ပျံ့လွင့်လာပြီး သူမ၏ ရုပ်ခန္ဓာကိုပင် ထိခိုက်လာသည်ကို ချူးယုချင် ရှင်းလင်းစွာ ခံစားနေရသည်။

ထိုအချိန်တွင် ချူးယုချင်၏ နှလုံး ရပ်တန့်သွားချင်သလို ဖြစ်သွား၏။ သူမထံ၌ ပင်မခန္ဓာ၏ နတ်အာရုံ ရှိနေသည်ကို လုချန်း သိသွားသောကြောင့် ယနေ့ ဤမျှ ရက်စက်နေခြင်းလားဟု တွေးမိလိုက်ခြင်းကြောင့်ဖြစ်သည်။

မကြာသေးမီက လျှိုချင်းချို သူမကို ပြောပြခဲ့သည်များကို တွေးမိပြီး ချူးယုချင် အလွန် စိုးရိမ်ပူပန်သွားသည်။ လျှိုချင်းယွမ်သည် သူမကို ရံဖန်ရံခါ ဝင်ပူးတတ်ကြောင်း၊ ထိုသို့ ဝင်ပူးချိန်တွင် လုချန်းကို အလွန် စိတ်လှုပ်ရှားစေကြောင်းနှင့် ထိုအခါ သူမကို လျှိုချင်းယွမ်ကဲ့သို့ သတ်မှတ်ကာ ဖောက်ပြန်သော နည်းလမ်းများကို သုံး၍ လူတစ်ယောက်ကဲ့သို့ပင် မဆက်ဆံတော့ကြောင်း လျှိုချင်းချိုက ပြောပြခဲ့ဖူးသည်။

လုချန်း၏ လက်ရှိ အခြေအနေသည် လျှိုချင်းချို ပြောပြခဲ့သည်နှင့် တူနေသည် မဟုတ်ပါလား။

လုချန်း ပိုင်ဆိုင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်အမျိုးမျိုးကြောင့် သူမအတွင်း၌ အခြား နတ်အာရုံတစ်ခု ကိန်းအောင်းနေသည်ကို ရှာဖွေတွေ့ရှိသွားဖို့က တကယ် ဖြစ်နိုင်သည်။

ချူးယွမ်ကျိကို လုချန်း ရှာဖွေတွေ့ရှိသွားနိုင်သည်ဟု တွေးမိလိုက်ရာ ချူးယုချင်၏ နှလုံးလည်း စိတ်လှုပ်ရှားမှုကြောင့် ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။ သူမ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ပင်မခန္ဓာ ရှိနေခြင်းကြောင့် လုချန်း သူမအပေါ် ဒေါသပုံချမှာကို ဖြစ်သည်။

ထိုအရာက တကယ့် ပြဿနာတစ်ခုဖြစ်၏။

ချူးယုချင် အလွန် ထိတ်လန့်နေ၏။ ထိုကဲ့သို့သော ဖိအားအောက်တွင် သူမ၏ ခန္ဓာကိုယ်သည် ပို၍ အာရုံခံစားလွယ်လာပြီး တစ်ကိုယ်လုံး တောင့်တင်းလာတော့သည်။

ချူးယုချင် စိတ်ထဲရှိ ထိတ်လန့်မှုကို လုချန်း ရှင်းလင်းစွာ သိသည်။ သို့သော် ရပ်တန့်ခြင်း၊ စကားပြောခြင်း မပြုရန် ဆုံးဖြတ်လိုက်ပြီး အလုပ်ဆက်ရှုပ်နေတော့သည်။

…………….

အခန်း (၁၂၈၄ )

ကာကွယ်ပေးလိုက်ခြင်းလား

အချိန်ကာလတို့သည် တရွေ့ရွေ့ ကုန်လွန်နေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လတာ အချိန် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။ ထိုကာလအတွင်း လုချန်းသည် ခဏခန့်ပင် ရပ်နားသည်ဟူ၍ မရှိသလောက်ပင်။

အရင်က အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်စဉ်အဆင့် တိုးတက်ရန် ကျင့်ကြံပြီးနောက် လုချန်း အနားယူလေ့ရှိ၏။ သို့သော် ဤနှစ်လတာ ကာလအတွင်း ချူးယုချင်နှင့် ရင်းနှီးသော ဆက်ဆံရေးကို မရပ်မနား ဆက်တိုက် ထိန်းသိမ်းထားခဲ့သည်။

ယခုအချိန်တွင် ချူးယုချင်နှင့် အသိစိတ်အာရုံချင်း ချိတ်ဆက်ထားမှုကြောင့် ချူးယွမ်ကျိ၏ ပင်မခန္ဓာကိုယ်လည်း ကုတင်ပေါ်တွင် ခြေကုန်လက်ပမ်းကျကာ ပျော့ခွေနေသည်။

လုချန်း၏ ကြောက်မက်ဖွယ် စွမ်းအားများကို ချူးယုချင်၏ မှတ်ဉာဏ်များမှတစ်ဆင့် သူမ သိထားပြီး ဖြစ်သော်လည်း ကိုယ်တိုင် ကြုံတွေ့ခံစားလိုက်ရခြင်းက ဤမျှ ပြင်းထန်လိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့မိပေ။ ချူးယုချင်နှင့် အကြိမ်များစွာ အသိစိတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ပြီး သူမ၏ စိတ်ကို ပြန်လည် ကြည်လင်အောင် လုပ်ယူလိုသည့် အခြေအနေအထိ ဖြစ်ခဲ့ရသည်။

သို့သော် အကြောင်းရင်းတစ်ခုခုကြောင့် ထိုခံစားမှုသည် ဆန်းကြယ်စွာပင် စွဲလမ်းဖွယ် ကောင်းလွန်းနေ၏။ သူမ၏ စိတ်ဝိညာဉ်များ ဖရိုဖရဲ ဖြစ်နေသော်လည်း ချူးယုချင်နှင့် အသိစိတ်အာရုံ ချိတ်ဆက်မှုကို တိုက်ရိုက်ဖြတ်တောက်ရန် သူမ ဝန်လေးနေဆဲ ဖြစ်သည်။ ဤအရာကို နာကျင်မှုနှင့် ပျော်ရွှင်မှုကို တစ်ချိန်တည်းတွင် ခံစားရခြင်းဟု ယေဘုယျ သတ်မှတ်နိုင်သည်။

မိုးလင်းချိန်တွင် နေရောင်ခြည်တန်း တစ်ခုသည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာ၏။ နေခြည်သည် ကုတင်နှင့် ခန္ဓာကိုယ်များပေါ်သို့ ကျရောက်နေကာ ချွေးစက်များကို ရောင်ပြန်ဟပ်နေသဖြင့် အခန်းထဲရှိ လူနှစ်ဦး၏ အသားရောင်များကို တောက်ပနေစေသည်။

ထိုအချိန်တွင် အိပ်ဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ချူးယုချင်သည် လုချန်း၏ ရင်ဘတ်ပေါ်တွင် အမျိုးသမီးငယ်လေး တစ်ဦးကဲ့သို့ မှီနေကာ ဆက်လက် လုပ်ဆောင်ရမည့်အရာကို မသေချာ ဖြစ်နေပေသည်။

ဤနှစ်လအတွင်း လုချန်း၏ အပြုအမူကို လေ့လာကြည့်လျှင် ချူးယွမ်ကျိ၏ အသိစိတ် သူမ၏ ခန္ဓာကိုယ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်နေတာကို သူ တကယ် သိထားပုံရသည်။ မဟုတ်ပါက လုချန်း ဤမျှ ရက်စက်မည် မဟုတ်ပေ။ ဤအရာသည် ချူးယွမ်ကျိကို လုချန်း လက်စားချေသည့် နည်းလမ်းဖြစ်ကြောင်း ထင်ရှားလှသည်။

သူမ၏ ပင်မခန္ဓာကိုသာ ဖမ်းမိပါက ထောင်ချထားပြီး ကလဲ့စားချေသည့် အနေနှင့် နေ့စဉ် နှိပ်စက်မည်ဟု လုချန်း ပြောဖူးသည် မဟုတ်ပါလား။

ထိုစဉ် ချူးယုချင် ချူးယွမ်ကျိကို စိတ်ထဲမှ မေးလိုက်သည်။

“ဝင်စားမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ပြောပြပါဦး။”

ချူးယွမ်ကျိသည် အပြည့်အဝ ပြန်လည်သက်သာခြင်း မရှိသေးသော်လည်း ထိုမေးခွန်းကို ကြားလိုက်ရလျှင် သူမ၏ အသိစိတ် အနည်းငယ်ပြန်လည်ကြည်လင်လာသည်။

သူမ၏ အရှက်ရဖွယ်ရာ အဖြစ်အပျက်များကို ကိုယ်ပွား၏ ရှေ့တွင် ပြသရခြင်းအား ချူးယွမ်ကျိကို အလွန် နေရခက်စေသည်။ ကိုယ်ပွားကို သူမ ဖန်တီးခဲ့ခြင်း ဖြစ်သော်လည်း ကံတရား နှောင်ကြိုးကို ဖြတ်တောက်လိုက်ကတည်းက ကိုယ်ပွားသည် လွတ်လပ်သွားပြီး အခြားလူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

သူမ ငိုယိုအော်ဟစ်နေသည်ကို အခြားလူတစ်ဦးက မြင်တွေ့သွားခြင်းက ချူးယွမ်ကျိအတွက် လက်ခံနိုင်ဖွယ် မရှိသော်လည်း မကြာမီ သူမ၏ ခံစားချက်များကို ငြိမ်သက်သွားတော့သည်။

ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ပြီး နောင်တွင် ထိုခံစားမှုကို ခံစားနိုင်ရန် ချူးယုချင်၏ ခန္ဓာကိုယ်ကို သူမ ဆက်လက်အသုံးပြုရမည် ဖြစ်သည်။

မြင်သွားလျှင်လည်း မြင်ပါစေတော့။

မည်သို့ပင်ဆိုစေကာ ဤအရာသည် သူမ၏ ကိုယ်ပိုင် ကိုယ်ပွားသာဖြစ်ပြီး ကံတရား နှောင်ကြိုးကို ဖြတ်တောက်ထားသော်လည်း ကိုယ်ပွား၏ ဝိညာဉ်သည် သူမ၏ ပင်မဝိညာဉ်မှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် ရှက်စရာတော့ သိပ်မရှိပေ။

ထို့နောက် ချူးယွမ်ကျိက ချူးယုချင်ကို စကားအများကြီး မပြောပဲ သူမ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ချူးယုချင်ထံသို့ တိုက်ရိုက် ပေးပို့လိုက်ရာ ဝင်စားခြင်းနှင့် ပတ်သက်ပြီး ချူးယွမ်ကျိ ဆိုလိုသည့်အရာကို ချူးယုချင် ချက်ချင်း နားလည်သွားသည်။

ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကို အသုံးပြုစဉ်တွင် ရှန်ဝူဧကရာဇ်နှင့် သက်ဆိုင်သော ကိစ္စရပ်အချို့ကို ချူးယွမ်ကျိ မြင်တွေ့ခဲ့ရခြင်း ဖြစ်၏။

ရှန်ဝူဧကရာဇ် သူ၏ သားများကို အပြင်လောကသို့ စေလွှတ်၍ လေ့ကျင့်စေခဲ့သည့် အကြောင်းရင်းမှာ သူ၏ ကိုယ်ပိုင် သွေးမျိုးဆက် လွှမ်းမိုးမှုနှင့် သက်တမ်းများ ကုန်ဆုံးတော့မည့် အခြေအနေတို့ကြောင့် ဖြစ်သည်။ သူ၏ သွေးမျိုးဆက်ကို မြှင့်တင်ရန်အတွက် သားသမီးတစ်ဦး၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ဝင်စားရန် ရှန်ဝူဧကရာဇ် ရည်ရွယ်ထား၏။ အကောင်းဆုံး ခန္ဓာကိုယ်ကို ရွေးချယ်ရန်အတွက် သူတို့ကို အပြင်သို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

သဘောတရားအရ ဧကရာဇ်တစ်ပါး၏ သက်တမ်းသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ ကန့်သတ်ချက် မခံရပေ။ ဧကရာဇ်၏ အသက်သည် နတ်ဝိညာဉ်အပေါ်တွင်သာ မူတည်သည်။ နတ်ဝိညာဉ် မသေသရွေ့ ဧကရာဇ်အသက် ရှင်သန်နေမည် ဖြစ်သည်။ သို့သော် ဧကရာဇ်တစ်ပါး၏ နတ်ဝိညာဉ်ပင်လျှင် အချိန်ကာလကြောင့် တိုက်စားခံရနိုင်ပြီး တဖြည်းဖြည်း သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်။

သို့သော် ဧကရာဇ်ရှန်ဝူသည် အထူးကျင့်စဉ်တစ်ခုကို ရရှိထားပုံရသည်။ သူ၏ သားသမီးများ၏ နတ်ဝိညာဉ်ကို စုပ်ယူပြီး သူတို့၏ ခန္ဓာကိုယ်များထဲတွင် ဝင်စားခြင်းအားဖြင့် တိုက်စားခံထားရသော နတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်နိုင်၏။ အချိန်ကာလ၏ တိုက်စားမှုကိုပင် ရှောင်ရှားနိုင်မည် ဖြစ်သည်။

ရှန်ဝူဧကရာဇ် ဤအရာကို မည်သို့ လုပ်ခဲ့မှန်း ချူးယွမ်ကျိ မသိသော်လည်း ရှန်ဝူဧကရာဇ် သည် ဝင်စားရန်အတွက် ခန္ဓာကိုယ်ကို ပြင်ဆင်နေပြီ ဖြစ်သဖြင့် သူ၏ နည်းလမ်းက ထိရောက်မှုရှိကြောင်း ပြသနေသည်။

ထို့ပြင် ရှန်ဝူဧကရာဇ် သူမ၏ ခန္ဓာကိုယ်ကို တစ်ခါမှ မစော်ကားခဲ့ခြင်းမှာ ဖရိုဖရဲဝိညာဉ်ခန္ဓာ ရင့်ကျက်မှု မရှိသေးခြင်း‌ တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ အခြားအကြောင်းပြချက်တစ်ခုမှာ ဝင်စားမည့် ခန္ဓာကိုယ်ကို ဖရိုဖရဲဝိညာဉ်ခန္ဓာ၏ စွမ်းအား ရရှိစေလိုသောကြောင့် ဖြစ်ပုံရသည်။

ရှန်ဝူဧကရာဇ်သည် ဝင်စားခြင်း မပြုရသေးသဖြင့် သူမကို အရေးယူဆောင်ရွက်ခြင်း မရှိတာ သဘာဝကျသော်လည်း ထိုအကြောင်းပြချက်သည် ချူးယွမ်ကျိ၏ ခန့်မှန်းချက်သက်သက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှန်ဝူဧကရာဇ်သည် သူ၏ သားသမီးကို အသုံးပြု၍ ဝင်စားရန် စီစဉ်ထားသဖြင့် မူလခန္ဓာကိုယ်ကို စွန့်လွှတ်ရမည် ဖြစ်သည်။ ယခုအချိန်တွင် ဖရိုဖရဲစွမ်းအားကို စုပ်ယူရန် မလိုအပ်ပေ။

ဝင်စားပြီးနောက် ဖရိုဖရဲစွမ်းအားကို ချက်ချင်း စုပ်ယူနိုင်ပါက ဝင်စားသည့် ခန္ဓာကိုယ်၏ စွမ်းအားကို တည်ငြိမ်စေရုံသာမက လျင်မြန်စွာ စွမ်းအားကြီးလာစေမည် ဖြစ်သည်။ ထို့ကြောင့် သူ ဝင်စားမည့် ခန္ဓာကိုယ်ကို သူမအား စော်ကားခိုင်းခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ချူးယုချင် နားမလည်သည့်အရာမှာ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ဧကရာဇ်ရှန်ဝူ၏ လျှို့ဝှက်ချက်များကို ချူးယွမ်ကျိအား အဘယ်ကြောင့် ပြောပြခဲ့သနည်း ဆိုသည့်အချက် ဖြစ်သည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးသည် ဧကရာဇ်ရှန်ဝူ၏ မှော်ရတနာ မဟုတ်ပါလား။

ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက သူ၏ လျှို့ဝှက်ချက်များကို ဖွင့်ထုတ်မှာကို ရှန်ဝူဧကရာဇ် သိပါက ဤမျှ ပေါ့ပေါ့ဆဆ ငှားရမ်းပေးလိုက်မည် မဟုတ်ပေ။ သို့မဟုတ် ချူးယွမ်ကျိ သိသွားလျှင်လည်း ကိစ္စမရှိဟု ဧကရာဇ်ရှန်ဝူ ခံစားမိခြင်းလား။

ချူးယုချင် အတွေးနက်နေသည်ကို မြင်လျှင် ချူးယွမ်ကျိက

“အခု လုချန်းက သူတော်စင်အဆင့် ရောက်သွားပြီ။ ပြီးတော့ ရှန်ဝူဧကရာဇ်ရဲ့ သွေးမျိုးဆက် လွှမ်းမိုးမှုကိုလည်း မခံရဘူး။ အိမ်ထောင်ပြုပြီး ကလေးယူလိုက်တာက သူ့ရဲ့ ကျင့်စဉ်အဆင့် တိုးတက်မှုကို အနှောင့်အယှက် မဖြစ်စေခဲ့ဘူး။

ရှန်ဝူဧကရာဇ်အတွက်တော့ သူက ဝင်စားဖို့ အကောင်းဆုံး ခန္ဓာပဲ။”

“လုချန်း သူတော်စင်တစ်ပါး ဖြစ်လာတာကို ဧကရာဇ်ရှန်ဝူ သိသွားရင် နောက်ဆုံးမှာ လုချန်းဆီကိုပဲ ဧကန်မုချ ဝင်စားလိမ့်မယ်။”

ချူးယွမ်ကျိ၏ စကားများကို ကြားလျှင် ချူးယုချင်သည် ခပ်ဖွဖွ ရယ်မောလိုက်ပြီး မေးလိုက်သည်။

“ဒါဆိုရင် ချန်းလေး အင်အားမကြီးလာအောင် ဟန့်တားခဲ့တာက တကယ်တမ်းကျတော့ သူ့ကို ကာကွယ်ပေးလိုက်သလို ဖြစ်သွားတယ်လို့ နင်ပြောချင်တာလား။”

ချူးယွမ်ကျိက ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“ငါ သူ့ကို လက်စားချေချင်ခဲ့တာ မှန်ပေမဲ့ လက်စားချေမှုရဲ့ ရလဒ်က သူ့အတွက်တော့ တကယ်ပဲ ကောင်းတဲ့အရာ ဖြစ်လာခဲ့တယ်။”

“သူ့အချိန်ရောက်လာပြီး ထျန်းချန်ကမ္ဘာမှာ သေဆုံးသွားရင်တောင် ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရဲ့ စွမ်းအားကြောင့် သူ့ဝိညာဉ်က ထပ်ဝင်စားမှာပဲ။ အဲ့ဒါဆို ရှန်ဝူဧကရာဇ်ရဲ့ သိမ်းပိုက်ခြင်းမခံရပဲ ထျန်းချန်ကမ္ဘာမှာ ဆက်လက်ရှင်သန်နိုင်လိမ့်မယ်။”

“လုချန်း အိမ်ထောင်ကျပြီး ကလေးရသွားတဲ့ အကြောင်းရင်းကြောင့်ပဲ ရှန်ဝူဧကရာဇ်က သူ့ကို လုံးဝ စွန့်လွှတ်လိုက်တာ။ အခု ထျန်းချန်ကမ္ဘာကို စောင့်ကြည့်နေတဲ့ သူတွေကိုတောင် ပြန်ခေါ်သွားပြီ။”

ချူးယုချင် ဘာပြောရမှန်း မသိတော့ပေ။ သူမ၏ ပင်မခန္ဓာ၏ လုပ်ရပ်များသည် လုချန်းကို မတော်တဆ အကျိုးရှိစေခဲ့သည်။

ချူးယုချင် အတွေးထဲနစ်မြောနေစဉ် လုချန်းက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း

“ ဘာတွေ တွေးနေတာလဲ”

ချူးယုချင် သတိပြန်ဝင်လာပြီး ဝမ်းနည်း သော လေသံဖြင့် ပြန်မေးလိုက်သည်။

“ဒေါ်လေး မင်းကို စိတ်ဆိုးအောင် တစ်ခုခု လုပ်မိလို့လား”

လုချန်းက ပြုံး၍

“လုံးဝ မဟုတ်ပါဘူး”

ချူးယုချင်က ဆက်မေးလိုက်သည်။

“ဒါဆိုရင် ဘာလို့ ဒီရက်ပိုင်း အရမ်း ကြမ်းတမ်းနေရတာလဲ။”

လုချန်းက

“မင်းကို ပိုပိုပြီး လှလာအောင် ဘယ်သူလုပ်တာလဲ။ ကိုယ့်အကြောင်း မင်းသိပါတယ်။ ကိုယ်က နည်းနည်းလေး ဆွဲဆောင်တာကိုတောင် မခံနိုင်ဘူးဆိုတာ”

ဟု တုံ့ပြန်လိုက်သည်။

ချူးယုချင်တို့ကိစ္စကို သူသိထားကြောင်း ဖွင့်ပြောရန် လုချန်း မရည်ရွယ်ပေ။ စောစောစီးစီး ဖွင့်ချလိုက်ပါက ချူးယွမ်ကျိ နောက်ထပ် ရောက်လာတော့မည် မဟုတ်ပေ။ သူ ဘာမှမသိသကဲ့သို့ ဆက်လက်ဟန်ဆောင်နေမည်ဟု လုချန်း တွေးလိုက်သည်။ ချူးယွမ်ကျိ တစ်ခါလာတိုင်း သူမနှင့် တစ်ခါ ‘ကစား’ မည်ဖြစ်သည်။ သူမ သူ့ထံမှ မထွက်ခွာနိုင်တော့ပဲ သူ၏ ကစားစရာအရုပ်အဖြစ် ရောက်ရှိသွားအောင် လုံးဝ ပြောင်းလဲပစ်ချင်သည်။

လုချန်း၏ စကားများကို ချူးယုချင် မယုံကြည်ပေ။ လုချန်းသည် အရာအားလုံးကို သိပြီး ဖြစ်သော်လည်း မသိချင်ယောင်ဆောင်နေသည်ဟု သူမ အမြဲခံစားနေရသည်။ သို့သော် လုချန်းက မသိချင်ယောင်ဆောင်ရန် ရွေးချယ်ထားသဖြင့် သူမကိုယ်တိုင်လည်း ထုတ်ပြောမည် မဟုတ်ပေ။

ဤအရာသည် ချူးယွမ်ကျိအပေါ် လုချန်း လက်စားချေသည့် နည်းလမ်းဖြစ်သဖြင့် သူမလည်း အနည်းငယ် ခံစားရနိုင်သော်လည်း တကယ်တမ်းတွင် လုချန်းအတွက် ကောင်းသောအရာဖြစ်ကြောင်း သူမ နားလည်သည်။ ထိုဒုက္ခအနည်းငယ်က သူမအတွက် ဘာမှမဟုတ်ပေ။

All Chapters