အခန်း (၁၆၅၀-၁၆၅၂)
Vol. 86 Ch. 1650-1652
အခန်း (၁၆၅၀) - ကျွန်တော်က ပညာပဲ ရောင်းတာ... ကိုယ်ခန္ဓာ မရောင်းဘူး
~"အဖွဲ့အစည်းကတော့ ရှင့်ကို ယစ်ပူဇော်ဖို့ ဆုံးဖြတ်လိုက်ပြီ... ယွီဖုန်းရှန်းဆီကိုသွားပြီး Honey Trap သုံးပြီး မြှူဆွယ်ရမယ်..."
ချန်ဖေးအယ်က လေးနက်တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။
[Honey Trap (ပျားရည်ထောင်ချောက်) ဆိုတာ သူလျှိုလောက၊ စစ်ရေးဗျူဟာနဲ့ နိုင်ငံရေး လောကတွေမှာ သုံးတဲ့ အသုံးအနှုန်း တစ်ခု ဖြစ်ပါတယ်။
အတိုဆုံး ရှင်းပြရရင်တော့ "အလှသုံးပြီး မြှူဆွယ်ဖမ်းချုပ်ခြင်း" (သို့မဟုတ်) "လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို လက်နက်အဖြစ် အသုံးပြုခြင်း" ဖြစ်ပါတယ်။
အသေးစိတ် သဘောသဘာဝကတော့ -
၁။ ပျားရည် (Honey) - ပျားရည်က ချိုမြိန်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ ဒီနေရာမှာ "အချစ်၊ ရိုမန်တစ်ဆန်မှု၊ လိင်ပိုင်းဆိုင်ရာ သာယာမှု" ကို ကိုယ်စားပြုပါတယ်။
၂။ ထောင်ချောက် (Trap) - ပျားရည်ကို မြင်ပြီး လာနားတဲ့ ယင်ကောင်/ပုရွက်ဆိတ်တွေဟာ ပျားရည်ရဲ့ စေးကပ်မှုကြောင့် ရုန်းမထွက်နိုင်ဘဲ သေဆုံးရပါတယ်။ ဒီသဘောတရားအတိုင်းပဲ ပစ်မှတ်ထားတဲ့ လူတစ်ယောက်ကို လှပတဲ့ အမျိုးသမီး (သို့မဟုတ် အမျိုးသား) တစ်ယောက်လွှတ်ပြီး မြှူဆွယ်ခိုင်းတာပါ။]
"ကြားတာတော့ ယွီဖုန်းရှန်းက အသက် (၃၀) စွန်းစွန်းပဲ ရှိသေးတယ်တဲ့... အရမ်းလှတယ်... ပြီးတော့ Single ဖြစ်နေတုန်းပဲ..."
"သူက ရှင့်လို ပုံစံမျိုးကို ကြိုက်ရင် ကြိုက်နေမှာ..."
"..."
ယဲ့ဖန်၏ မျက်နှာတစ်ခုလုံးတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်သွားရ၏။
"ခေါင်းဆောင်.. နောက်နေတာ မဟုတ်ဘူးမလား..."
"ကိုယ်က ပညာပဲ ရောင်းတာ... ကိုယ်ခန္ဓာ မရောင်းဘူး..."
"တစ်ဖက်လူက ဘယ်လောက်ပဲ လှပတဲ့ မိန်းမပျိုလေး ဖြစ်နေပါစေ... ဒီကိစ္စတော့ လုံးဝ လက်မခံနိုင်ဘူး..."
"အဟမ်း... စတာပါရှင်..."
ချန်ဖေးအယ်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး မျက်စောင်းထိုးလိုက်၏။
"ရှင်က ဟာသဉာဏ် လုံးဝ မရှိပါလား..."
"စဉ်းစားကြည့်လေ... ကျွန်မတို့က ဘာကိစ္စ 'honey trap' နည်းဗျူဟာ သုံးရမှာလဲ..."
"ရှင်က အရင်တုန်းက ကျန်းနန် မှာ တော်တော်လေး ဩဇာတိက္ကမ ရှိခဲ့တယ်လို့ အဖွဲ့အစည်းက စုံစမ်းသိရှိထားလို့ပါ... ပြီးတော့ ရှင်က သူနဲ့ အရင်တုန်းက ဆက်ဆံဖူးတဲ့ ပုံစံလည်း ရှိတယ်ဆိုတော့... ကျွန်မလို သူစိမ်း တစ်ယောက် သွားတွေ့တာထက် စာရင် ရှင်သွားတာက ပိုကောင်းမယ်လို့ ယူဆလိုက်ကြတာ..."
ယဲ့ဖန်က ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်၏။
"လန့်သွားတာပဲ.. တကယ်ကြီး ကိုယ့်ကို သွားပြီး မြှူဆွယ်ခိုင်းတော့မယ် ထင်နေတာ..."
"တကယ်လို့များ ကိုယ်သာ အဲ့ဒီနည်းကို သုံးလိုက်ရရင်... ဒီညတော့ အဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်ပြီး ယွီဖုန်းရှန်းဆီမှာ 'ယစ်ပူဇော်' ခံလိုက်ရတော့မှာ သေချာတယ်..."
"ဒီကမ္ဘာပေါ်မှာသာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ ပြိုင်ပွဲ ရှိခဲ့ရင်... ရှင်က သေချာပေါက် ချန်ပီယံ ဖြစ်မှာပဲ..."
ချန်ဖေးအယ်က ယဲ့ဖန်ကို နောက်ထပ်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်၏။
စကားပြောနေရင်း သူမက မတ်တတ်ထရပ်လိုက်ပြီး အခန်းတစ်ခန်းကို ညွှန်ပြလိုက်၏။
"တခြား ကိစ္စ မရှိတော့ရင် သွားပြီး ရေချိုးလိုက်တော့... ကိုယ့်ပုံစံကိုလည်း ပြန်ကြည့်ဦး..."
"ရှင် ဘာတွေ ဖြစ်လာလဲတော့ မသိဘူး... တစ်ကိုယ်လုံးလည်း နံစော်နေတာပဲ..."
ယဲ့ဖန်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်မိသည်။
မြင်းခွာ ဘီယာချက်စက်ရုံ ရပ်ကွက်မှ ထွက်လာခဲ့ပြီးနောက်... ဆင်းရဲသား ရပ်ကွက်၏ မနှစ်မြို့ဖွယ် အနံ့အသက်ဆိုးများက သူ့ခန္ဓာကိုယ်တွင် စွဲကပ်နေသည်မှာ အမှန်ပင် ဖြစ်ချေ၏။
သို့သော် အချိန်က စောနေသေးသည်ကို မြင်လိုက်ရသဖြင့် သူသည် ရေချိုး အဝတ်အစားလဲရန် သိပ်ပြီး မလောလည်လှပေ။
ထို့အစား သူသည် ပန်းချီကားကို ဖြန့်ချလိုက်ပြီး ပြောလိုက်၏။
"ရေမချိုးခင် ဒီပန်းချီကားကို ခံစားကြည့်ရှုရင် မင်း စိတ်ကွက်မလား..."
"အာ..."
ထိုအပြုအမူကို မြင်လိုက်ရသောအခါ ချန်ဖေးအယ်က စိတ်ကွက်ကြောင်း ပြောရန် ပြင်လိုက်မိသည်။
သို့သော် ယဲ့ဖန် ဖြန့်ခင်းလိုက်သော ပန်းချီကားကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ စကားသံများ ရပ်တန့်သွားရတော့သည်။
ထို့အစား သူမ၏ ပါးစပ်က အလိုအလျောက် ပွင့်ဟသွားရ၏။
"ပီကာဆိုရဲ့ လက်ရာလား..."
"အိပ်မက်လား..."
"ဂျယ်ရီဘားရိုး မိသားစုရဲ့ ဆက်ခံ
ရရှိတဲ့ စုဆောင်းမှုတွေထဲမှာ တန်ဖိုး အကြီးဆုံး အဆင့် (၁၀) ဝင်တဲ့ ပစ္စည်းလေ..."
ယဲ့ဖန်က သူမကို မော့ကြည့်လိုက်၏။
"မဆိုးဘူးပဲ... ခင်ဗျားက ဒါကို သိတာလား... ပြီးတော့ ဒါက ဂျယ်ရီဘားရိုး မိသားစုရဲ့ (၁၀) ခုမြောက် တန်ဖိုးအကြီးဆုံး လက်ရာ ဆိုတာကိုပါ သိနေတယ်ပေါ့... ခင်ဗျားကို တခြား မျက်လုံးနဲ့ ကြည့်ရတော့မယ်..."
"တခြား မျက်လုံးနဲ့ ကြည့်ရမှာက ကျွန်မ ဖြစ်သင့်တာပါ..."
ချန်ဖေးအယ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် အနားသို့ တိုးကပ်လာ၏။
"ရှင်…ဒါကို ဘယ်က ရလာတာလဲ..."
"ခုနကမှ နိုင်ငံခြားသူ အလှလေး တစ်ယောက်နဲ့ ကိစ္စ ရှင်းစရာ ရှိတယ်ဆိုပြီး ထွက်သွားတာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး ဒီပန်းချီကားကို ယူပြီး ပြန်ရောက်လာရတာလဲ..."
"ဇာတ်လမ်းက ရှည်တယ်ဗျ..."
ယဲ့ဖန်က ပြောပြောဆိုဆိုပင် သူ့အိတ်ကပ်ထဲမှ မင်မင်းဆက်ခေတ်က ရစ်ခွေ နဂါး ခေါင်းလောင်းပုံစံ ဇီကန် တိုကင်၊ ဧကရာဇ် ကျောက်စိမ်း လက်စွပ်၊ ဒေါ်လာ (၇) သန်းတန် ချက်လက်မှတ်နှင့် အနက်ရောင် ပဲနီ တံဆိပ်ခေါင်းတို့ကို ထုတ်လိုက်၏။
"ဘာပဲဖြစ်ဖြစ်... ဒီပစ္စည်းတွေ အကုန်လုံးက အခုတော့ ကိုယ့် ပစ္စည်းတွေ ဖြစ်သွားပြီ..."
"ကဲ... မင်း ဘာသာ ဖြည်းဖြည်းချင်း ကြည့်နေလိုက်တော့..."
"ကိုယ် ကျန်တဲ့ စစ်နိုင်ပစ္စည်းတွေကို အံဆွဲထဲ အရင် ထည့်ထားလိုက်မယ်... ရေချိုးပြီးမှ ဇာတ်လမ်းစုံ ရှင်းပြတော့မယ်..."
ချန်ဖေးအယ်က ပန်းချီကားကို အာရုံစိုက်နေသဖြင့် ယဲ့ဖန်၏ လှုပ်ရှားမှုများကို လုံးဝ သတိမထားမိလိုက်ချေ။
ယဲ့ဖန်က ကော်ဖီစားပွဲ အံဆွဲကို ဆွဲဖွင့်လိုက်ပြီး မိတ်ကပ်နံ့များ လှိုင်ခနဲ ထွက်ပေါ်လာသည့် အချိန်ရောက်မှသာ သူမ ထိတ်လန့်တကြား လှည့်ကြည့်လိုက်မိတော့သည်။
"..."
"ရှင်... ရှင် ဘာလို့ အံဆွဲကို ဖွင့်လိုက်တာလဲ..."
ချန်ဖေးအယ်က ချက်ချင်းဆိုသလိုပင် ကိုယ်ကို ကျုံ့လိုက်ပြီး အံဆွဲထဲမှ ပစ္စည်းများကို လက်ဖြင့် အုပ်ကာ ကွယ်ဝှက်ရန် ကြိုးစားလိုက်၏။
သို့သော် ယဲ့ဖန်က တမင်သက်သက် အံ့သြဟန် ဆောင်လိုက်၏။
"ခင်ဗျား... တိတ်တိတ်လေး မိတ်ကပ်တွေ ဝယ်ပြီး မိတ်ကပ်လိမ်းနည်း လေ့လာနေတာလား..."
"ဒါကြောင့် ခုနက ကျွန်တော် မေးတုန်းက ခင်ဗျား အဲ့ဒီလောက်တောင် ပြာပြာသလဲ ငြင်းနေတာကိုး..."
"အာ... လျှောက်မတွေးနဲ့နော်..."
ချန်ဖေးအယ်က အပြစ်ရှိစိတ်ကြောင့် စကားများပင် ထစ်အသွားရ၏။
"ဒီနေ့ ကျွန်မ အလုပ်ကိစ္စနဲ့ သွားရင်း လမ်းမှာ ပရိုမိုးရှင်း လုပ်နေတာ တွေ့လို့လေ... ပြီးတော့ တချို့လူတွေက မိတ်ကပ် လိမ်းလိုက်ရင် ခေါင်းပြောင်းသွားသလိုမျိုး လှသွားတာ တွေ့ရတော့... နည်းနည်း စိတ်ဝင်စားသွားပြီး ဝယ်ကြည့်လိုက်တာပါ..."
"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့နော်..."
"ကျွန်တော်လည်း ဘာမှ အများကြီး မတွေးပါဘူး..."
ယဲ့ဖန်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"ပုံမှန်ဆိုရင် မိတ်ကပ် လုံးဝ မလိမ်းတဲ့ ခင်ဗျားက... ရုတ်တရက်ကြီး မိတ်ကပ်တွေ ထလိမ်းနေတာ တွေ့လိုက်ရတော့ နည်းနည်း အံ့သြသွားရုံပါပဲ..."
"ခင်ဗျားကသာ... ဘာလို့ ရုတ်တရက်ကြီး ဒီလောက်တောင် စိတ်လှုပ်ရှားပြီး တုံ့ပြန်မှုတွေ လွန်ကဲနေရတာလဲ..."
"ကျွန်တော် ထင်တာများ မှန်နေလို့လား..."
"မှန်ရမလား... တော်စမ်းပါ..."
ချန်ဖေးအယ်က ယဲ့ဖန်ကို တွန်းထုတ်ရန် ကြိုးစားရင်း အော်ပြောလိုက်၏။
"ဘယ်သူက ရှင့်ကို ကြိုက်နေလို့လဲ... ဘယ်သူက ရှင့် အကြိုက် ဆောင်ချင်နေလို့လဲ..."
"ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့..."
"သွား... သွား... မြန်မြန် ရေသွားချိုးတော့... ရှင့်ကို ကြည့်ရတာနဲ့တင် စိတ်တိုလာပြီ..."
ယဲ့ဖန်က ဘာစကားမှ ပြန်မပြောဘဲ ပြုံးသာ ပြုံးနေလိုက်၏။
သို့သော် ထိုအပြုံးက ချန်ဖေးအယ်ကို ပို၍ပင် ရှက်ရွံ့စေပြီး ဒေါသထွက်စေ၏။
သူမ၏ မျက်နှာလေး ရဲတက်လာရုံသာမက လက်သီးဆုပ်လေးကိုပါ မြှောက်လိုက်မိသည်အထိ ဖြစ်သွားရ၏။
"အဲ့ဒီ အပြုံးက ဘာသဘောလဲ..."
"ရှင် ကျွန်မကို မယုံဘူးပေါ့..."
"ယုံချင်ယုံ မယုံချင်နေ... ရှင့်ကို အမှုန့်ကြိတ်ပစ်လိုက်လို့ ရတယ်နော်..."
"မြန်မြန် ရေသွားချိုးပြီး အဝတ်အစား လဲတော့..."
ယဲ့ဖန်က သူ့ထင်မြင်ချက် မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်ပြီ ဖြစ်၏။
သူ့မျက်နှာပေါ်မှ အပြုံးက ပို၍ ပီပြင်လာပြီး ချက်ချင်းပင် ပြောလိုက်၏။
"ကောင်းပါပြီဗျာ... အခုပဲ ရေသွားချိုးပြီး အဝတ်အစား လဲလိုက်ပါ့မယ်... ဒါပေမယ့် ကျွန်တော့်ကို မချောင်းနဲ့နော်..."
"ဘယ်သူက ရှင့်ကို ချောင်းချင်နေလို့လဲ..."
ချန်ဖေးအယ် သည်းမခံနိုင်တော့ဘဲ ယဲ့ဖန်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်တော့သည်။
ယဲ့ဖန်က ရယ်မောရင်း ရှောင်တိမ်းလိုက်ပြီး၊ ပေါ့ပါးသော စိတ်ဖြင့် အခန်းထဲသို့ ဝင်ကာ တံခါးပိတ်လိုက်၏။
ဧည့်ခန်းထဲတွင် ကျန်ရစ်ခဲ့သော ချန်ဖေးအယ်ကမူ မိတ်ကပ်ပစ္စည်းများကို သူမ၏ အခန်းထဲသို့ အလျင်အမြန် ပြန်သယ်သွားလိုက်တော့သည်။
ထို့နောက် မိတ်ကပ်ပစ္စည်းများကို ကြည့်ရင်း သူမ၏ ရင်ခုန်သံများ မြန်ဆန်လာရ၏။
...
ယဲ့ဖန် ရေချိုးပြီး သန့်ရှင်းသပ်ရပ်သော အဝတ်အစားများ လဲလှယ်ပြီးချိန်တွင်မူ ချန်ဖေးအယ်က ဟိုတယ်အခန်းထဲမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်၏။
ကော်ဖီစားပွဲပေါ်မှ ပန်းချီကားကို ပြန်လည် လိပ်ကာ သိမ်းဆည်းထားပြီး ဖြစ်၏။
သူသည် မင်မင်းဆက်ခေတ် ဇီကန် တိုကင်၊ ဧကရာဇ် ကျောက်စိမ်း လက်စွပ်၊ ဒေါ်လာ (၇) သန်းတန် ချက်လက်မှတ်နှင့် အနက်ရောင် ပဲနီ တံဆိပ်ခေါင်းတို့ကို အိတ်ကပ်ထဲမှ ထုတ်ကာ သေတ္တာ တစ်လုံးထဲသို့ ထည့်လိုက်၏။
သေတ္တာနှင့် ပန်းချီကား ဘေးတွင် ဆေးလိပ်ပြာခွက် တစ်ခုနှင့် ဘလူးတုသ် နားကြပ် (Bluetooth Headset) ပုံစံ ဆက်သွယ်ရေး ကိရိယာ သေးသေးလေး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
ဘေးတွင် စာတစ်စောင်လည်း ထားရှိထား၏။
"ကျွန်မ အဖွဲ့အစည်းနဲ့ အရင် သွားဆက်သွယ်ပြီး နောက်ဆက်တွဲ လှုပ်ရှားမှုတွေအတွက် လမ်းကြောင်းတွေ ပိုဖွင့်လို့ ရမလား ဆိုတာ သွားကြည့်လိုက်ဦးမယ်..."
"ကျွန်မတို့ တွေ့ဆုံမယ့် နေရာက ရှင်နဲ့ ယွီဖုန်းရှန်း အတူတူ စားသောက်မယ့် စားသောက်ဆိုင်ရဲ့ ဘေးကပ်လျက်မှာပဲ... ရှင့်ရဲ့ အခြေအနေကို အချိန်မရွေး စောင့်ကြည့်နေလို့ ရတယ်..."
"ရှင် ယွီဖုန်းရှန်းကို သွားတွေ့တဲ့အခါ ဒီနားကြပ်ကို အချိန်ပြည့် တပ်ထားနော်... ကျွန်မရဲ့ အကူအညီ လိုအပ်တာပဲ ဖြစ်ဖြစ်၊ သတိပေးစရာ ရှိတာပဲ ဖြစ်ဖြစ်... အဲ့ဒီကနေတဆင့် ချက်ချင်း ကူညီပေးမယ်..."
"..."
ထိုစာကို ဖတ်ပြီးနောက် ယဲ့ဖန် စိတ်ထဲတွင် ရယ်မောလိုက်မိသည်။
သို့သော် သူသည် ညွှန်ကြားထားသည့်အတိုင်း နားကြပ်ကို တပ်ဆင်လိုက်၏။
ထို့နောက် ချိန်းဆိုထားသော အချိန် နီးကပ်လာသောအခါ မီရှဲလင်း (Michelin) စားသောက်ဆိုင်သို့ ထွက်ခွာလာခဲ့လေတော့သည်။
သို့ရာတွင်... သူ လုံးဝ မျှော်လင့်မထားသော အရာ တစ်ခု ဖြစ်ပျက်လာခဲ့ချေသည်။
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်ပြီး ထိုင်လိုက်သည်နှင့် တပြိုင်နက်... အနည်းငယ် ချွဲနွဲ့သော အသံ တစ်ခု ထွက်ပေါ်လာခဲ့၏။
"ဟေး... လူချောလေး..."
"ဒီမှာ ထိုင်လို့ ရမလား..."
ထိုအသံနှင့်အတူ... ယဲ့ဖန် နားမလည်နိုင်သော အပြုံး တစ်ခုကို ဆင်မြန်းထားသည့် မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်က သူ့ရှေ့တွင် ဝင်ထိုင်လိုက်လေတော့သည်။
အခန်း (၁၆၅၁) - ဘဝမှာ ဒီလောက်တောင် အရှက်မကွဲခဲ့ဖူးဘူး
~မီရှဲလင်း စားသောက်ဆိုင်နှင့် မနီးမဝေးတွင်ရှိသော လဟာပြင် ကော်ဖီဆိုင်တွင်... ချန်ဖေးအယ်သည် လုပ်ဖော်ကိုင်ဖက်များနှင့် စကားစမြည် ပြောဆိုရင်း ယဲ့ဖန်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေ၏။
ရုတ်တရက်... သူမ ပါးစပ် အဟောင်းသား ဖြစ်သွားရ၏။
ထို့နောက်တွင်မူ သူမ ဆက်၍ သည်းမခံနိုင်တော့ချေ။ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး ရယ်လွန်းသဖြင့် ချောင်းများပင် ဆိုးလာ၏။
သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော နေမဝင် အင်ပါယာ၏ ဒေသခံ ရုပ်ရည်မျိုးနှင့် သာမန် အသွင်အပြင်ရှိ လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"ဖေးအယ်... ဘာဖြစ်လို့လဲ... ဘာလို့ ရုတ်တရက်ကြီး အဲ့ဒီလောက်တောင် ဖြစ်သွားရတာလဲ..."
ချန်ဖေးအယ်က အလျင်အမြန်ပင် အနည်းငယ် ထိန်းလိုက်ပြီး သူမ၏ လုပ်ဖော်ကိုင်ဖက်များကို လှမ်းခေါ်ကာ ပြလိုက်၏။
"ယဲ့ဖန်က ယွီဖုန်းရှန်းကို စောင့်နေတာလေ..."
"ဒါပေမယ့်... မထင်မှတ်ထားတဲ့ အခြေအနေ တစ်ခုနဲ့ သွားကြုံနေပုံပဲ..."
"ဒီနား လာကြည့်လိုက်... ဘာဖြစ်နေလဲဆိုတာ ရှင်တို့ သိသွားလိမ့်မယ်..."
"ဘုရားရေ... သေပါပြီ... ကျွန်မ ရယ်လွန်းလို့ သေတော့မယ် ထင်တယ်..."
သူမ၏ လုပ်ဖော်ကိုင်ဖက်များလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
သို့သော် ချန်ဖေးအယ်၏ ဘေးတွင် ဝင်ထိုင်ကာ မီရှဲလင်း စားသောက်ဆိုင် အတွင်းရှိ ယဲ့ဖန်နှင့် မုတ်ဆိတ်မွေးနှင့် လူ၏ အခြေအနေကို မြင်လိုက်ရသောအခါ... သူတို့၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
"ဘုရားရေ..."
"ကျွန်မ ဘာလို့ အဲ့ဒီလောက်တောင် ရယ်နေလဲဆိုတာ အခု သိပြီမလား..."
ချန်ဖေးအယ်က နောက်ထပ်တစ်ကြိမ် အူတက်မတတ် ထပ်ရယ်လိုက်ပြန်၏။
"ကျွန်မက ဘယ်လောက်ပဲ ရယ်စရာ ကောင်းတဲ့ ကိစ္စ ဖြစ်နေပါစေ... မရယ်မိအောင် ကျွမ်းကျင်စွာ လေ့ကျင့်ထားတဲ့သူပါ... ဒါပေမယ့် ဒီတစ်ခါတော့..."
သူမ၏ လုပ်ဖော်ကိုင်ဖက်က မီရှဲလင်း စားသောက်ဆိုင် အတွင်းမှ မြင်ကွင်းကို စိုက်ကြည့်နေမိ၏။
"ဟို မုတ်ဆိတ်မွေးနဲ့ လူက... ယဲ့ဖန်ကို လာကြောင်နေတာလား..."
"တကယ်ကြီးသာ ဆိုရင်တော့ ယဲ့ဖန် သနားစရာ ကောင်းလွန်းတယ်..."
"ယောက်ျား ရင့်မာကြီး တစ်ယောက်ကို..."
"သူက ယဲ့ဖန်ကို တကယ်ကြီး လာကြောင်နေတာ..."
ချန်ဖေးအယ်က မျက်ရည်များပင် ထွက်ကျလာမတတ် ရယ်မောရင်း ပြောလိုက်၏။
"နားကြပ်ထဲကနေ အသံကြားနေရတယ်..."
"ဟို မုတ်ဆိတ်မွေးနဲ့ လူက ဝင်လာလာချင်း... ပထမဆုံး ပြောလိုက်တဲ့ စကားက... 'ဟေး... လူချောလေး... ဒီမှာ ထိုင်လို့ ရမလား' တဲ့..."
"ယဲ့ဖန်ရဲ့ မျက်နှာထားကြီးကို ကြည့်ပါဦး..."
"ဟားဟားဟား... ဒီလူကြီး တစ်နေ့ကျရင် ဒီလို အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး..."
သူမ၏ လုပ်ဖော်ကိုင်ဖက်များလည်း ဆွံ့အသွားကြ၏။
"သူ့ရဲ့ နုနယ် ပျိုမြစ်တဲ့ နှလုံးသားလေး ဘယ်လောက်တောင် ထိခိုက်သွားလိုက်မလဲ..."
"လူငယ်လေး တစ်ယောက်က စားသောက်ဆိုင်မှာ သူငယ်ချင်းကို ထိုင်စောင့်နေတာ... နောက်ဆုံးကျမှ မုတ်ဆိတ်မွေးနဲ့ လူ တစ်ယောက်ရဲ့ ပိုးပန်းတာကို ခံလိုက်ရတယ် ဆိုတော့..."
"ဘုရား... ဘုရား... မြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ်..."
"ဒါပေမယ့် ဒီလို ကိစ္စမျိုးက နေမဝင် အင်ပါယာမှာတော့ တော်တော်လေး အဖြစ်များပုံ ရတယ်..."
ချန်ဖေးအယ်က အားရပါးရ ရယ်မောရင်း နောက်ပြောင်လိုက်၏။
"နေမဝင် အင်ပါယာ ဆိုတာ နာမည်ကျော် 'လိင်တူချစ်သူများရဲ့ မြို့တော်' (Gay Capital) ပဲလေ..."
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကဆိုရင် ဒီနိုင်ငံရဲ့ တော်ဝင် မင်းသားတောင်မှ လိင်တူချစ်သူ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သေးတယ်..."
"ယဲ့ဖန်က ချောလည်းချော သိမ်မွေ့တဲ့ ပုံစံလေးလည်း ဖြစ်နေတော့... လိင်တူချစ်သူ တချို့က သူ့ကို သဘောကျသွားတာ မဆန်းပါဘူး..."
"..."
သူမ၏ လုပ်ဖော်ကိုင်ဖက်များမှာ ပြောစရာ စကား မရှိတော့ပေ။
"ဒီကိစ္စက တော်တော်လေး ရယ်စရာ ကောင်းတယ် ဆိုပေမယ့်... ခင်ဗျား ရယ်နေတာက နည်းနည်း လွန်လွန်းမနေဘူးလား... ကိုယ်ရေးကိုယ်တာ အငြိုးတွေ ပါနေသလိုပဲ..."
"ကျွန်တော်တို့ သူ့ကို သွားကူညီသင့်လား..."
"ဒီက လိင်တူချစ်သူ တချို့က သာမန် အတွေးအခေါ်နဲ့ နားလည်လို့ မရဘူး... သူတို့နဲ့ ငြိသွားရင် တော်တော်လေး ပြဿနာ တက်နိုင်တယ်..."
"ကူညီရမှာပေါ့..."
ချန်ဖေးအယ်က ထိုစကားကို ကြားသည်နှင့် ရယ်မောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်၏။
ယဲ့ဖန် ဒုက္ခရောက်နေသည်ကို ကြည့်ပြီး သူမ၏ ဒေါသများ ပြေလျော့သွားသည်ဟု ခံစားလိုက်ရသော်လည်း...
အရေးကြီးသော ကိစ္စများနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် အမြဲတမ်း ရှင်းလင်းပြတ်သားစွာ ခွဲခြားနိုင်သူ ဖြစ်၏။
အလုပ်သဘောအရပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ်... လိင်တူချစ်သူ တစ်ယောက်က ယဲ့ဖန်ကို လာရှုပ်နေသည်ကို သူမ လုံးဝ ခွင့်မပြုနိုင်ပေ။
"ကျွန်မ အခုပဲ သွားကယ်လိုက်မယ်..."
သူမက ပြောပြောဆိုဆိုပင် မတ်တတ်ထရပ်ကာ ပြေးသွားရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပင်... မီရှဲလင်း စားသောက်ဆိုင် အတွင်း၌...
ယဲ့ဖန်က မုတ်ဆိတ်မွေးနှင့် လူကို နှင်ထုတ်၍ မရတော့ဘဲ စိတ်ပျက်အားလျော့နေချိန်တွင်...
ရင့်ကျက် တည်ငြိမ်ပြီး လှပသော အမျိုးသမီး တစ်ဦးက ရုတ်တရက် ရောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။
ထို့နောက် သူမက ယဲ့ဖန်၏ လက်မောင်းကို ဖွဖွလေး ချိတ်လိုက်ပြီး မုတ်ဆိတ်မွေးနှင့် လူကို ပြောလိုက်၏။
"တဆိတ်လောက်. ကျွန်မက ကျွန်မ ယောကျ်ားနဲ့ လက်ထပ်ထားတာ နှစ်အတော်ကြာနေပြီ... သူက ယောကျ်ားတွေကို စိတ်မဝင်စားဘူးရှင့်.."
"ကျေးဇူးပြုပြီး ကျွန်မ ယောကျ်ားကို လာမရှုပ်ပါနဲ့တော့..."
မတ်တတ်ရပ်နေသော ချန်ဖေးအယ်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ကျောက်ရုပ် တစ်ရုပ်ပမာ ဖြစ်သွားရ၏။
"ယွီဖုန်းရှန်း..."
"သူက ယဲ့ဖန်ကို ကူညီနေတာလား..."
"ပြီးတော့ ယဲ့ဖန်ရဲ့ မိန်းမ ဆိုပြီးတောင် ဟန်ဆောင်လိုက်သေးတယ်..."
"..."
ချန်ဖေးအယ် ဆွံ့အသွားရ၏။
ထိုအချိန်တွင် မီရှဲလင်း စားသောက်ဆိုင် အတွင်း၌...
ယဲ့ဖန်သည် သူ့ရှေ့မှ မုတ်ဆိတ်မွေးနှင့် လူကို ခြေထောက်နှင့် ကန်ထုတ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေ၏။
သူ့ဘဝ တစ်လျှောက်လုံးတွင် ဒီလောက်ထိ အရှက်ကွဲရမည့် အဖြစ်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ယောက်ျား ရင့်မာကြီး တစ်ယောက်ကို မုတ်ဆိတ်မွေးနှင့် လူတစ်ယောက်က လာကြောင်နေရုံသာမက... တွဲချင်ပါတယ် ဆိုပြီးတော့တောင် ပြောလာသေးသည်။
ဒါက လုံးဝကို ရယ်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
အဆိုးဆုံးကတော့... တစ်ဖက်လူက အရမ်းကို ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်း ဆန်နေခြင်းပင်။ ယဲ့ဖန်ကို မိန်းမလှလေး တစ်ယောက်လို သဘောထားပြီး ဆက်ဆံနေသဖြင့် ယဲ့ဖန်မှာ ဒေါသထွက်ပြီး လက်ပါဖို့ပင် ခက်ခဲနေရ၏။
သို့သော် ယခုအချိန်တွင်မူ... သူက ထိုလူကို ထွက်သွားပေးရန် အကြိမ်ကြိမ်အခါခါ ပြောဆိုပြီးသည့်တိုင် ထိုလူက ထွက်မသွားဘဲ ဆက်ရှိနေသေးသဖြင့် ယဲ့ဖန် ပေါက်ကွဲလုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ထိုစဉ်မှာပင် ယွီဖုန်းရှန်း လျှောက်လာပြီး သူ့လက်မောင်းကို ညင်သာစွာ ချိတ်လိုက်၏။
သူမက သူ့ဇနီးမယားအဖြစ် ဟန်ဆောင်ကာ မုတ်ဆိတ်မွေးနှင့် လူကို ထွက်သွားရန် ပြောလိုက်မှသာ ယဲ့ဖန် အနည်းငယ် စိတ်အေးသွားရ၏။
တစ်ချိန်တည်းမှာပင် သူ အံ့သြသွားမိသည်။
သို့သော် မမျှော်လင့်ဘဲ... ယွီဖုန်းရှန်း၏ စကားကြောင့် ထိုလူ ထွက်သွားလိမ့်မည်ဟု သူ ထင်မှတ်ထားလိုက်မိသော်လည်း...
မုတ်ဆိတ်မွေးနှင့် လူက ရုတ်တရက် ဆိုလိုက်၏။
"ကျွန်တော် သူ့ကို လာရှုပ်နေတာ မဟုတ်ပါဘူး ခင်ဗျာ..."
"ကျွန်တော့်မှာ ရည်းစားဟောင်းတွေ ဒါဇင်နဲ့ချီ ရှိခဲ့ဖူးပါတယ်... သူ့ကို တစ်ချက် ကြည့်လိုက်တာနဲ့ သူက လိင်တူချစ်သူ (Gay) ဆိုတာ ကျွန်တော် ပြောနိုင်တယ်..."
"အခုလောလောဆယ် သူက မိန်းမတွေကို စိတ်ဝင်စားနေပုံ ပေါက်နေပေမယ့်... နည်းနည်းလောက် လှုံ့ဆော်ပေးလိုက်ရင်... ပြီးတော့ ယောကျ်ားတွေရဲ့ အရသာကို မြည်းစမ်းကြည့်ဖူးသွားရင်... သူ သေချာပေါက်..."
ယဲ့ဖန်၏ ဒေါသများက မိုးထိအောင် ပေါက်ကွဲထွက်သွားတော့သည်။
"အခုချက်ချင်း ကျုပ်ကို တောင်းပန်ပြီး ထွက်သွားစမ်း..."
"ကျုပ်ကို လက်ပါအောင် မလုပ်နဲ့..."
အရင်တုန်းက တစ်ဖက်လူက ယဉ်ကျေးနေသဖြင့် သူသည် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ချင်ခဲ့ပေ။
သို့သော်၊ ယခုတော့... ဒီလူ ပြောသည့် စကားတွေက စော်ကားလွန်းနေပြီလေ။
ကျားတစ်ကောင်က သူ့အစွယ်ကို ထုတ်မပြသရွေ့... ဟယ်လိုကစ်တီ (Hello Kitty) အရုပ်လေးဟု ထင်နေကြပုံ ရသည်။
မုတ်ဆိတ်မွေးနှင့် လူကမူ သူ့စကားများက ရိုင်းစိုင်းကြောင်း သတိမထားမိသည့်ပုံပင်။ သူက ခိုင်မာသော လေသံဖြင့် ဆက်ပြောလိုက်၏။
"ခင်ဗျား ဒီလောက်ကြီး ဒေါသထွက်စရာ မလိုပါဘူး... ကျွန်တော်က အမှန်တရားကို ပြောနေတာပဲဟာ..."
"မယုံရင်... နောက်ကျရင် ကျွန်တော်တို့ စမ်းကြည့်လို့ ရတာပဲ..."
"ချီးပဲကွာ..."
ယဲ့ဖန်သည် နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆဲရေးတိုင်းထွာ လိုက်မိတော့သည်။
သူက စားပွဲပေါ်ရှိ ပန်းကန်ပြားကို လှမ်းယူလိုက်ပြီး မုတ်ဆိတ်မွေးနှင့် လူဆီသို့ ပစ်ပေါက်လိုက်၏။
ထို့နောက် ပန်းကန်ပြား ကွဲကြေသွားပြီး မုတ်ဆိတ်မွေးနှင့် လူ၏ မျက်နှာပေါ်မှ သွေးများ ပန်းထွက်လာသည့် အချိန်မှာပင်... သူက စားပွဲကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်တော့သည်။
"ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ထွက်သွား..."
"ပြီးရင်... နောက်တစ်ခါ ငါ့ရှေ့ လာမပေါ်နဲ့တော့..."
"မဟုတ်ရင် မင်းကို တွေ့တိုင်း ထပ်ရိုက်ဦးမှာ..."
သူ့ကန်ချက်က ဒေါသများဖြင့် ပြည့်နှက်နေ၏။
အင်အား အများကြီး မသုံးလိုက်သော်လည်း... မုတ်ဆိတ်မွေးနှင့် လူမှာ (၁၀) မီတာကျော်အကွာသို့ လွင့်စင်ထွက်သွားရ၏။
ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ပါသွားပြီး ငြိမ်သက်သွားသည့် အချိန်တွင်မူ... မုတ်ဆိတ်မွေးနှင့် လူ၏ မျက်နှာထားက အလွန် အရုပ်ဆိုး အကျည်းတန်နေပြီ ဖြစ်၏။
ဘေးပတ်ဝန်းကျင်ရှိ ဖောက်သည်များ၏ အကြည့်များအောက်တွင် သူသည် တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်လိုက်ပြီး... ယဲ့ဖန်ကို ရူးသွပ်နေသူ တစ်ယောက်လို စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
"ငါက မင်းကို အထင်ကြီးလို့ လိုက်ပိုးပန်းတာကွ..."
"မင်းက လူတွေ အများကြီး ရှေ့မှာ ငါ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ်ပေါ့..."
"မင်း စောင့်နေလိုက်..."
ပြောပြောဆိုဆိုပင် သူသည် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်ပြီး တစ်စုံတစ်ယောက်ဆီသို့ ဖုန်းဆက်ရန် ပြင်လိုက်၏။ သူ၏ အမူအရာမှာ ဒေါသကြောင့် တုန်ခါနေပြီး မီရှဲလင်း စားသောက်ဆိုင် အပြင်ဘက်သို့ ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် ထွက်ခွာသွားလေတော့သည်။
အခန်း (၁၆၅၂) - ရုတ်တရက် လမ်းကြောင်း ပွင့်သွားပြီ
~မုတ်ဆိတ်မွေးနှင့် လူက ဒီဆိုင်၏ ဖောက်သည်ဟောင်း ဖြစ်ပုံ ရပြီး နောက်ခံ အင်အားလည်း အတော်အတန် ရှိပုံ ရသည်။
သူ ဒေါသတကြီး ဖုန်းဆက်လိုက်ပြီးနောက်... စားသောက်ဆိုင် အတွင်းရှိ လူအများ၏ အကြည့်များက ယဲ့ဖန်ဆီသို့ စုပြုံရောက်ရှိလာကြတော့သည်။
တီးတိုး ဝေဖန်သံများလည်း ထွက်ပေါ်လာ၏။
"ဝီလိုးစ် (Willows) က သူစိမ်းတွေကို လိုက်နှောင့်ယှက်ပြန်ပြီ ထင်တယ်..."
"ဒီလူက ထူးဆန်းတယ်... ချောမောတဲ့ ယောက်ျားလေး တွေ့ရင် လိုက်ကြောင်တတ်တာ..."
"သူ့ရဲ့ အောက်ပိုင်းကို ဘာလို့ မထိန်းနိုင်ရတာလဲ မသိပါဘူး..."
"တကယ် နားမလည်နိုင်ဘူး..."
"ဒါပေမယ့် ဒီ အာရှသား ချောချောလေးတော့ ပြဿနာ အကြီးကြီး တက်တော့မယ်..."
"ဝီလိုးစ်ကို ငြင်းရုံတင် မကဘူး... ကိုယ်ထိလက်ရောက်ပါ ကျူးလွန်လိုက်တယ် ဆိုတော့..."
"ဝီလိုးစ်ရဲ့ ပုံစံကို ကြည့်ရတာ... သူ့အစ်ကိုကို သွားခေါ်တာ သေချာတယ်..."
"ဒီ စားသောက်ဆိုင် ပိုင်ရှင်တောင် မြူခိုးမြို့တော် (Fog City) မှာ အတော်အတန် အရှိန်အဝါ ရှိပေမယ့်... သူ့အစ်ကိုကို ကြောက်လို့ ဒီကောင့်ကို မထိရဲဘူးလေ... ဒါပေမယ့် ဒီ အာရှသားလေးကတော့ အကြီးအကျယ် ရန်ဖြစ်လိုက်တဲ့အပြင်... မျိုးဆက်ပြတ်သွားနိုင်တဲ့ နေရာကိုတောင် ကန်လိုက်သေးတယ်..."
"ဒီကိစ္စကို သူ လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး..."
"ဝီလိုးစ်ရဲ့ အစ်ကိုက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နာရေးအဖွဲ့အစည်း လက်အောက်က ရွှေရောင်တပ်ဖွဲ့ ဝင် တစ်ယောက်လေ..."
"အရင်တစ်ခေါက်တုန်းကလည်း ဝီလိုးစ်ကို ငြင်းပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ ကောင်လေး တစ်ယောက်... ဝီလိုးစ်ရဲ့ အစ်ကို သိသွားတော့ လက်မောင်း ဖြတ်ခံလိုက်ရတယ် ဆိုလားပဲ..."
"ဟယ်..."
"ကြောက်စရာကြီး..."
"မြန်မြန် စားပြီး မြန်မြန် ပြန်ကြရအောင်... ဒီနေရာက မနေသင့်တော့ဘူး..."
"သွေးချောင်းစီးတော့မယ် ထင်တယ်..."
"..."
ယွီဖုန်းရှန်းလည်း ထိုစကားများကို ကြားနေရ၏။
ယဲ့ဖန်၏ လက်မောင်းကို ချိတ်ထားသော သူမ၏ လက်ကလေး တောင့်တင်းသွားရ၏။
အနည်းငယ် ပြေလျော့လုနီးပါး ဖြစ်နေသော သူမ၏ မျက်နှာလှလှလေးမှာလည်း ပြန်လည် တင်းမာသွားရပြန်သည်။
"နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင် တစ်ယောက် ဟုတ်လား..."
"ရှင် ပြဿနာ ထပ်တက်ပြန်ပြီ ထင်တယ်..."
ယဲ့ဖန်ကတော့ ဂရုမစိုက်လှပေ။
မျက်လုံးထောင့်ကနေ သူ့ကို ဖက်တွယ်ထားသည့် ယွီဖုန်းရှန်း၏ လက်ကို တစ်ချက် ငုံ့ကြည့်လိုက်သည်။ သူ့လက်မောင်းနှင့် ထိကပ်နေသော သူမ၏ နူးညံ့အိစက်မှုကို ခံစားရင်း ပြုံးလိုက်၏။
"အဲ့ဒါတွေက အရေးမကြီးပါဘူး..."
"အရေးကြီးတာက... ဒီကိစ္စ မပြီးမချင်း ခင်ဗျား ကျွန်တော့်ကို ဒီအတိုင်း ဆက်ဖက်ထားမှာလား ဆိုတာပဲ..."
ထိုအချိန်ကျမှ ယွီဖုန်းရှန်း သတိဝင်လာပုံ ရ၏။
သူမက အလိုအလျောက်ပင် လက်ကို ပြန်ရုပ်ပြီး နေရာတကျ ပြန်ထိုင်ရန် ပြင်လိုက်မိသည်။
သို့သော် သူမ၏ လက်က အနည်းငယ်သာ လျော့ရဲသွားပြီး... တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် ရုတ်တရက် ရပ်တန့်သွားပြန်သည်။
"ခုနက စားသောက်ဆိုင်ထဲက လူတွေ အကုန်လုံး ကြားလိုက်တယ်လေ... ရှင်က ကျွန်မ ယောကျ်ားပါလို့ ပြောလိုက်မိပြီ..."
"အခုမှ ကျွန်မတို့ နှစ်ယောက်က စိမ်းသက်သက်နဲ့ ခပ်ခွာခွာ နေပြလိုက်ရင်... ခုနက ပြောခဲ့တာတွေက လိမ်တာပါလို့ ဝန်ခံလိုက်သလို ဖြစ်မသွားဘူးလား..."
"ဒီကိစ္စ လုံးဝ မပြီးပြတ်သေးခင် အချိန်ထိတော့... ဆက်ပြီး သရုပ်ဆောင်ထားကြတာပေါ့..."
ပြောပြောဆိုဆိုပင် သူမက ယဲ့ဖန်ကို လွှတ်ပေးမည့်အစား ပို၍ပင် သဘာဝကျအောင် ပြုမူလိုက်၏။ ဇနီးသည်ကောင်း ပီသစွာဖြင့် ယဲ့ဖန်၏ အနည်းငယ် တွန့်ကြေနေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးလိုက်သေး၏။
ထိုအပြုအမူကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ မျက်လုံးများထဲတွင် အားကျလေးစားမှု အရိပ်အယောင်များ ယှက်သန်းသွားရ၏။
‘ကျန်းနန် (ကျန်းကော) မြေအောက်လောကရဲ့ ဘုရင်မ ဖြစ်လာမယ့် အမျိုးသမီး ဆိုတာ ဒါမျိုးကိုး…’
သာမန် မိန်းမသားများနှင့် မတူသည်မှာ အမှန်ပင် ဖြစ်ချေ၏။
ပြတ်သားမှု၊ ရဲရင့်မှုနှင့် အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတို့တွင် ယောကျ်ားသား အများစုပင် သူမကို မမီနိုင်ပေ။
"ကျေးဇူးပါပဲ..."
ယဲ့ဖန် ချက်ချင်းပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
ယွီဖုန်းရှန်းကမူ နူးညံ့သိမ်မွေ့သော မျက်နှာထားဖြင့် ပြုံးလိုက်၏။ စားပွဲပေါ်ရှိ ရှုပ်ပွနေသော အရာများကို ရှင်းလင်းပေးရန် စားပွဲထိုးကို အသာအယာ လက်ပြ ခေါ်လိုက်ရင်း... ချစ်သူရည်းစားများ ပမာ တိုးတိုးလေး ပြန်ပြောလိုက်၏။
"ရပါတယ်ရှင်..."
"ရှင်က အရင်တုန်းက ကျွန်မကို အများကြီး ကူညီပေးခဲ့ဖူးတာပဲ... ဒီလောက် ကိစ္စလေးက ပြောပလောက်တာမှ မဟုတ်တာ..."
သူမ စကားပြောနေစဉ်မှာပင် စားပွဲထိုးက အချက်ပြမှုကို မြင်ပြီး လျှောက်လာ၏။ သူမက စကားလမ်းကြောင်း လွှဲလိုက်၏။
"အခု ဟို မုတ်ဆိတ်မွေးနဲ့ လူက စစ်ကူ သွားခေါ်နေပြီ... ပြီးတော့ ဖောက်သည်ဟောင်းတွေ ပြောစကားအရဆိုရင် သူက နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင် တပ်ဖွဲ့ဝင်တွေကို သွားခေါ်တာတဲ့... ရှင် ဘယ်လို လုပ်မလဲ..."
"ကျွန်မ အကူအညီ လိုမလား..."
"ကျွန်မ ဦးလေးက နေမဝင် အင်ပါယာမှာ အတော်အတန် အရှိန်အဝါ ရှိတယ်..."
ယဲ့ဖန် ပြုံးလိုက်သည်။
"ကိစ္စ မရှိပါဘူး..."
"နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ဝင်လောက်ပဲဟာ..."
"စစ်ကူ ခေါ်ရလောက်တဲ့ အထိတော့ မဟုတ်ပါဘူး..."
ပြောရင်းဆိုရင်းပင် စားပွဲထိုးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရောက်ရှိလာပြီး စားပွဲပေါ်မှ အစအနများကို ရှင်းလင်းရန် ပြင်လိုက်သည်ကို မြင်လိုက်ရသဖြင့်... ယဲ့ဖန် စကားကို ရပ်လိုက်ပြီး ယွီဖုန်းရှန်းနှင့် အခြား အရေးမကြီးသော အကြောင်းအရာများကို ပေါ့ပေါ့ပါးပါး ဆက်ပြောနေလိုက်၏။
ယွီဖုန်းရှန်းက ထိုစကားကို ကြားသောအခါ အံ့သြသွားသလို စိတ်လည်း ပူသွားမိသည်။ ယဲ့ဖန်နှင့် တခြား အသေးအဖွဲ ကိစ္စများ ပြောနေစဉ်တွင် သူမ၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လွင်နေ၏။
သို့သော် သူမသည် တည်ငြိမ်စွာပင် ထိန်းထားနိုင်၏။
စားပွဲထိုး စားပွဲရှင်းနေစဉ်တွင် သူမ ဘာမှ ထပ်မမေးတော့ဘဲ... ယဲ့ဖန်နှင့် ဟိုဟိုဒီဒီ လျှောက်ပြောနေလိုက်၏။
စားပွဲထိုး ရှင်းလင်းပြီးသွားသောအခါ... စားသောက်ဆိုင် အပြင်ဘက်သို့ ရောက်နေသော ဝီလိုးစ်က နောက်ထပ် ဖုန်းတစ်ကော ထပ်ခေါ်ပြီး သူတို့ဘက်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ ထပ်မံ ပြောဆိုလိုက်ပြန်သည်။
"လိုက်ကျီချန်းကို လူတချို့ ခေါ်ပြီး လာခဲ့ခိုင်းလိုက်ရမလား... ပြီးတော့ ကျွန်မ ဦးလေးကိုလည်း အသိပေးလိုက်မယ်လေ..."
"နာရေးအဖွဲ့အစည်းရဲ့ ရွှေရောင်တပ်ဖွဲ့ ဆိုတာ နောက်ပြောင်လို့ ရတဲ့ အရာ မဟုတ်ဘူး..."
"သူတို့ အကုန်လုံးနီးပါးက လိုက်ကျီချန်းရဲ့ စွမ်းရည်နဲ့ တန်းတူလောက် ရှိကြတယ်... ပြီးတော့ အဲ့ဒီ အဖွဲ့က အရမ်း စည်းလုံးတယ်... ရှင်က တစ်ယောက်စ နှစ်ယောက်စလောက်ကို မကြောက်ဘူး ဆိုရင်တောင်မှ... တကယ်လို့ ရှင်က သူတို့ထဲက တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်လိုက်မိရင်... ရွှေရောင်တပ်ဖွဲ့ တစ်ဖွဲ့လုံး ရှင့်နောက်ကို လိုက်လာနိုင်တယ်..."
ယဲ့ဖန်က ဒီတစ်ခါတော့ သူမကို ထပ်ပြီး တားမနေချင်တော့ပေ။
"ဒါက ခင်ဗျားကို ပိုပြီး စိတ်အေးလက်အေး ဖြစ်စေမယ် ဆိုရင်လည်း... သဘောရှိသာ လုပ်ပါ..."
ပြောရင်းဖြင့် သူက မီနူးကို ဖွင့်ကာ မှာယူရန် ပြင်လိုက်၏။
ထိုပုံစံကို မြင်လိုက်ရသောအခါ ယွီဖုန်းရှန်းလည်း သူမ၏ သဘောအတိုင်း ဆက်လုပ်နေလျှင် ယဲ့ဖန်ကို အထင်သေးရာ ကျသွားမည်ဟု ခံစားလိုက်မိပုံ ရ၏။ သက်ပြင်း သဲ့သဲ့ ချလိုက်ပြီးနောက်... သူမလည်း မီနူးကို လှန်လှော ကြည့်ရှုလိုက်ပြီး စစ်ကူခေါ်မည့် ကိစ္စကို ဆက်မပြောတော့ပေ။
ယဲ့ဖန်က ဘာကြောင့် ဆက်မပြောတော့သလဲ ဟု မမေးမြန်းပေ။
မီနူးကို ကြည့်ပြီးနောက် စားပွဲထိုးကို ခေါ်ကာ အစားအစာများ မှာယူလိုက်၏။
ထို့နောက် သူက တခြား အကြောင်းအရာများကို ဆက်ပြောလိုက်၏။
"ဒါနဲ့... ခင်ဗျား နေမဝင် အင်ပါယာကို ဘယ်တုန်းက ရောက်နေတာလဲ..."
"ကျွန်တော့် အဖော်က ခင်ဗျား ဒီမှာ ရှိနေတယ်လို့ ပြောတုန်းက ကျွန်တော် တော်တော် အံ့သြသွားတာ..."
ထိုစကားကို ကြားသောအခါ ယွီဖုန်းရှန်းက ဖြေရန် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ...
"တကယ်တော့... ကျွန်မ ရောက်တာ မကြာသေးပါဘူး..."
"ရှင် နေမဝင် အင်ပါယာကို လေယာဉ်နဲ့ ထွက်သွားပြီ ဆိုတာ ကျွန်မ လူတွေဆီက ကြားလိုက်ရလို့လေ... နေမဝင် အင်ပါယာမှာ ကိစ္စကြီး တစ်ခုခု ဖြစ်လာနိုင်တယ်လို့ ကျွန်မ ခံစားမိလိုက်တယ်..."
"ဒါနဲ့... စိတ်မြန်လက်မြန်ပဲ ကျွန်မ လူတွေကို ခေါ်ပြီး လိုက်လာခဲ့တာ..."
ယဲ့ဖန်က သူမကို စိုက်ကြည့်လိုက်၏။
"ဒါက စကားတတ်တာလား... အပြောကောင်းတာလား..."
"ကျွန်တော်က ပြဿနာကောင်လို့ ခင်ဗျား ထင်နေတာလား... ဒီတစ်ခါ နေမဝင် အင်ပါယာကို ကျွန်တော် ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပစ်မယ်လို့ ခင်ဗျား သေချာပေါက် တွက်ထားတယ် ပေါ့လေ..."
ယွီဖုန်းရှန်း၏ မျက်နှာထားက ပြောင်းလဲခြင်း မရှိပေ။
"အဲ့ဒီလိုတော့ မဟုတ်ပါဘူး..."
"ဒါပေမယ့် ကျွန်မ ရှင့်အကြောင်း သိထားသလောက်နဲ့... နေမဝင် အင်ပါယာရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရင်... ရှင် ရောက်လာတာက နေမဝင် အင်ပါယာဆီကို မုန်တိုင်းကြီး တစ်ခု သယ်ဆောင်လာသလို ဖြစ်သွားမယ်လို့ ကျွန်မ ခံစားမိတယ်..."
"ပြီးတော့... ဒါက ကျွန်မ စောင့်မျှော်နေခဲ့တဲ့ လက်စားချေဖို့ အခွင့်အရေး ဖြစ်လာနိုင်တယ်လေ..."
ယဲ့ဖန်က ယွီဖုန်းရှန်း၏ နောက်ကြောင်း ရာဇဝင်ကို ကြားဖူးထားပြီးသား ဖြစ်၏။ သူမနှင့် နာရေးအဖွဲ့အစည်းကြားက သွေးကြွေးအကြောင်းကိုလည်း သိထား၏။
“ကျွီ…”
နာရေးအဖွဲ့အစည်းထဲက ဘယ်သူတွေက ယွီဖုန်းရှန်း၏ ရန်သူတွေလဲ ဆိုတာ မေးမြန်းရန် ပြင်လိုက်စဉ်မှာပင်...
စားသောက်ဆိုင် အပြင်ဘက်မှ ကားဘရိတ်အုပ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင် ဝီလိုးစ်၏ စိတ်ပျက်စရာ ကောင်းသော အသံကြီးကလည်း ထွက်ပေါ်လာခဲ့ချေ၏။
"အစ်ကို... ရောက်လာပြီပဲ... ကျွန်တော့်အတွက် လက်စားချေပေးပါဦး…”