← Chapters

အခန်း (၁၆၅၉-၁၆၆၁)

Vol. 87 Ch. 1659-1661

အခန်း (၁၆၅၉-၁၆၆၁)

Vol. 87 Ch. 1659-1661

အခန်း (၁၆၅၉) - ၂၀၀၀ ခုနှစ် နောက်ပိုင်း မွေးတဲ့ အစ်မကြီး

~မီလီ သည် ယဲ့ဖန်၏ စကားများကြောင့် အသိစိတ် ပြန်ဝင်လာပုံ ရလေသည်။ သူမ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွား၏။

သို့သော် သူမ၏ ညီအစ်မများက ထောက်ခံပြောဆိုလိုက်ကြသည်ကို ကြားသောအခါ... သူမ၏ မျက်နှာပေါ်တွင် ဝေခွဲမရသော အရိပ်အယောင်များ ယှက်သမ်းလာပြန်သည်။

ကောင်းကျိုးဆိုးပြစ်များကို ချိန်ဆနေပုံ ရလေသည်။

ထိုအချိန်တွင် အခင်းဖြစ်ပွားရာ နေရာသို့ စနစ်တကျ ထိန်းသိမ်းရန် ရောက်ရှိလာသော 'ကြွယ်ဝခြင်း အသင်း' ဝင် အချို့က ဤနေရာမှ အခြေအနေကို သတိထားမိပြီး လျှောက်လာကြတော့သည်။

"ဘာဖြစ်ကြတာလဲ... ဒီမှာ စုမနေကြနဲ့..."

"ဒီလမ်းက သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုက မဖြေရှင်းရသေးဘူး... ခဏနေရင် ဒုတိယ အကြိမ် ထပ်ပြီး ပေါက်ကွဲနိုင်သေးတယ်..."

ယဲ့ဖန်က သူတို့၏ ခေါင်းဆောင် ဖြစ်ပုံ ရသော... ခန့်ညားထည်ဝါသည့် ရုပ်ရည်ရှိ လူလတ်ပိုင်း အမျိုးသား တစ်ဦးကို ကြည့်လိုက်ပြီး တရုတ်စကားဖြင့် ပြောလိုက်လေသည်။

"ကျွန်တော့် သူငယ်ချင်းက ဒီမှာ အငြင်းပွားမှု တချို့နဲ့ ကြုံနေရလို့ပါ..."

"သူ့ရဲ့ ဒေါ်လာ သိန်းနဲ့ချီ တန်တဲ့ ဗန်ကလိ လီမိတက် အဒီရှင်း လက်ဝတ်ရတနာတွေရယ်... အဝတ်အစားတွေ၊ ဖိနပ်တွေရယ် အကုန်လုံး အနင်းခံလိုက်ရတယ်..."

"အခု တာဝန်ရှိတဲ့သူဆီက လျော်ကြေး တောင်းနေပေမယ့် ငြင်းပယ်ခံနေရလို့..."

လူလတ်ပိုင်း အမျိုးသားက တရုတ်စကားသံ ကြားလိုက်ရသည့်အခါ... ယဲ့ဖန်၊ ရှချိုးနှင့် အစ်မဟုန်တို့ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာထားက ပျော့ပျောင်းသွား၏။

သို့သော် မီလီနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီး... မီလီ၏ ပုံစံကို သေချာ မြင်လိုက်ရသောအခါ သူ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားရပြန်သည်။

သူက ယဲ့ဖန်ကို အကြည့်တစ်ချက် ပေးလိုက်ပြီး ဘေးသို့ ခေါ်ထုတ်သွားလိုက်လေသည်။

ထို့နောက် ယဲ့ဖန်ကို စီးကရက် တစ်လိပ် ကမ်းပေးလိုက်ရင်း...

"ညီလေး... တကယ်လို့ မင်းသာ သာမန်လူ တစ်ယောက်နဲ့ တွေ့ခဲ့တာဆိုရင်... တရုတ်အချင်းချင်းမို့ ငါ မင်းဘက်ကနေ တရားမျှတမှု ရအောင် ကူညီပေးမှာပါ..."

"ဒါပေမယ့် ဒီ လူမိုက်မလေးက နောက်ခံ သာမန် မဟုတ်ဘူးကွ... ဒီနယ်မြေရဲ့ 'ကြွယ်ဝခြင်း အသင်း' ခွဲ တာဝန်ခံ ဖြစ်တဲ့ ငါ့ အစ်ကိုကြီးတောင်မှ သူ့အဖေကို မျက်နှာသာ ပေးရတယ်..."

"တကယ်လို့ မင်းက နေမဝင် အင်ပါယာမှာ အခြေအမြစ် ခိုင်မာတာ မရှိဘူး ဆိုရင်တော့... သူများတွေနဲ့ သိပ်ပြီး အခြေအနေ ဆိုးမသွားအောင် နေတာ အကောင်းဆုံးပဲ..."

သူ၏ အပြုအမူနှင့် လေသံကို ကြည့်ရတာ... သူက စေတနာနှင့် ပြောနေမှန်း ယဲ့ဖန် သိလိုက်သည်။

သို့သော် ယဲ့ဖန်က မတုန်လှုပ်ပေ။

"ဒါဆို... 'ကြွယ်ဝခြင်း အသင်း' ရဲ့ နယ်မြေခွဲ တာဝန်ခံက သူ့အဖေကို မျက်နှာသာ ပေးရတယ် ဆိုပါစို့... ခင်ဗျားတို့ 'ကြွယ်ဝခြင်း အသင်း' ရဲ့ ဥက္ကဋ္ဌကရော... သူ့အဖေကို မျက်နှာသာ ပေးရလား..."

"ငါတို့ ဥက္ကဋ္ဌလား..."

လူလတ်ပိုင်း အမျိုးသားက ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ အလျင်အမြန် ပြန်ပြောလိုက်လေသည်။

"ဘယ်ကမလဲကွ..."

"အဲ့ဒီ လူမိုက်မလေးရဲ့ မိသားစုက အရှိန်အဝါ ရှိတယ် ဆိုပေမယ့်... ဒီလမ်း တစ်ဝိုက်မှာလောက်ပဲ ရှိတာပါ..."

"ငါတို့ 'ကြွယ်ဝခြင်း အသင်း' ရဲ့ အရှိန်အဝါက နေမဝင် အင်ပါယာ တစ်ခုလုံးကို လွှမ်းခြုံထားတာလေ..."

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖန် ဘာလုပ်ရမည်ကို သိလိုက်ပြီ ဖြစ်လေသည်။

သူက ချက်ချင်းပင် ဖုန်းထုတ်လိုက်ပြီး ယွီဖုန်းရှန်းကို ခေါ်ကာ အခြေအနေကို အကျဉ်းချုံး ပြောပြလိုက်လေသည်။

ခဏကြာပြီးနောက်... ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသား၏ ဖုန်း တုန်ခါလာတော့သည်။

ခေါ်ဆိုသူ နာမည်ကို မြင်လိုက်ရသောအခါ လူလတ်ပိုင်း အမျိုးသားက သိပ်ပြီး ဂရုမစိုက်လှပေ။ ဖုန်းကိုင်လိုက်ပြီးနောက် ရိုသေလေးစားမှု အနည်းငယ်ဖြင့် နှုတ်ဆက်လိုက်၏။

"အစ်ကိုကြီး... ဘာ ညွှန်ကြားစရာ ရှိလို့လဲ..."

သို့သော် ဖုန်းခေါ်ဆိုရသည့် ရည်ရွယ်ချက်ကို ကြားလိုက်ရပြီး... ယဲ့ဖန်၏ ပုံပန်းသွင်ပြင်ကို အတည်ပြုလိုက်နိုင်သောအခါ... သူ့မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။

ဖုန်းချလိုက်သည့် အချိန်တွင်မူ... သူ့မျက်နှာပေါ်ရှိ အမူအရာများက ကြောက်ရွံ့လေးစားမှုနှင့် အားနာမှုများ အဖြစ်သို့ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်လေသည်။

"ခင်ဗျားက... ကျွန်တော်တို့ ဥက္ကဋ္ဌရဲ့ ဧည့်သည်တော်ကြီး ဖြစ်နေတာကိုး..."

"ကျွန်တော်တို့ 'ကြွယ်ဝခြင်း အသင်း' ကို နာမည်ကျော်ကြားအောင် လုပ်ပေးခဲ့ပြီး... ဒီလမ်းက သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုကို စတင် ရှာဖွေတွေ့ရှိခဲ့တဲ့ မစ္စတာယဲ့ ဆိုတာ ခင်ဗျား ဖြစ်နေတာကိုး..."

လူလတ်ပိုင်း အမျိုးသားက စကားပြောနေရင်း ယဲ့ဖန်ကို ခါးညွှတ် ဦးချလိုက်လေသည်။

"ခုနက ခင်ဗျားကို မမှတ်မိလိုက်ဘူး... ကျွန်တော့်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပါဗျာ..."

"တောင်းပန်ပါတယ်..."

ယဲ့ဖန် လက်ကာပြလိုက်၏။

"မသိသူက အပြစ် မရှိပါဘူး..."

"ဒါပေမယ့်... အခု ကျွန်တော့် သူငယ်ချင်း ကိစ္စကို ဖြေရှင်းလို့ ရပြီလား..."

"ရတာပေါ့... ရတာပေါ့..."

လူလတ်ပိုင်း အမျိုးသားက ချက်ချင်း ပြန်ဖြေလိုက်လေသည်။ ယဲ့ဖန်ကို ရှေ့မှ ကြွပါရန် ဖိတ်ခေါ်သော လက်ဟန်အမူအရာ ပြုလုပ်လိုက်ပြီး...

ယဲ့ဖန်က ရှချိုးနှင့် အစ်မဟုန် အနားသို့ ပြန်ရောက်သွားသောအခါ သူလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေသည်။

"မစ္စ မီလီ... ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် နားလည်ပြီးပါပြီ..."

"ဒီကိစ္စရဲ့ အပြစ်က မင်းတို့ ညီအစ်မတွေဆီမှာ ရှိတာ အမှန်ပဲ..."

"မစ္စတာယဲ့နဲ့ သူ့သူငယ်ချင်းတွေ တောင်းဆိုတာက မလွန်ပါဘူး..."

မီလီက ထို လူလတ်ပိုင်း အမျိုးသားနှင့် ရင်းနှီးပုံ ရလေသည်။ သူမက ပြန်လည် ချေပရန် ပြင်လိုက်၏။

"မစ္စတာ ကျုံး ..."

သို့သော် လူလတ်ပိုင်း အမျိုးသားက သူမ ပြောမည့် စကားကို စောင့်မနေဘဲ ဆက်ပြောလိုက်လေသည်။

"ဒါ့အပြင်... မစ္စတာယဲ့နဲ့ သူ့သူငယ်ချင်းကို လျော်ကြေးပေးတာ အပြင်... မင်းတို့ သူ့ကို ကျေးဇူးတင်စကားပါ ပြောသင့်တယ်..."

"..."

မီလီနှင့် သူမ၏ ညီအစ်မများမှာ သိသိသာသာပင် နားမလည်နိုင် ဖြစ်သွားကြလေသည်။

"ကျေးဇူးတင်ရမယ် ဟုတ်လား..."

"ဘာလို့လဲ..."

"အရင်တုန်းက သူ့ကို မြင်တောင် မမြင်ဖူးဘူး... သိလည်း မသိဘဲနဲ့... ဘယ်က ကျေးဇူးတင်စကား လာပြောနေတာလဲ..."

"ဦးလေး... သေချာရဲ့လား..."

"..."

ယဲ့ဖန် ဘေးရှိ အစ်မဟုန်နှင့် ရှချိုးပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က ထို လူမိုက်မလေးများကို မသိကြောင်း သူတို့ ပြောနိုင်သောကြောင့် ဖြစ်သည်။

ပြီးတော့ သူတို့ အရင်က ဆက်ဆံဖူးသည့် ပုံစံမျိုးလည်း မရှိပေ။

အဲ့ဒါကို ဘာလို့ ဒီ လူလတ်ပိုင်း အမျိုးသားက အဲ့ဒီလို ပြောရတာလဲ...

"ဘာလို့လဲ ဆိုတော့... ကျွန်တော် ခုနကပဲ ကျွန်တော်တို့ ခေါင်းဆောင်ဆီက ဖုန်းလက်ခံရရှိလိုက်လို့ပဲ..."

လူလတ်ပိုင်း အမျိုးသားက သူတို့ကို ဆွဲမထားတော့ပေ။

"ကျွန်တော်တို့ ခေါင်းဆောင် ပြောတာက... ဒီလမ်းက သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှုကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာ မစ္စတာယဲ့ တဲ့..."

"ကျွန်တော်တို့ 'ကြွယ်ဝခြင်း အသင်း' က ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လှုပ်ရှားနိုင်ခဲ့တာက... မစ္စတာယဲ့က ကျွန်တော်တို့ ဥက္ကဋ္ဌကို ယုံကြည်အောင် ပြောနိုင်ခဲ့လို့ပဲ..."

"ပြောရရင်... ဒီနေ့ မင်းတို့အားလုံး အသက်ရှင်ခွင့် ရတာ မစ္စတာယဲ့ရဲ့ ကျေးဇူးကြောင့်ပဲ..."

"ဘာ..."

ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် မီလီနှင့် သူမ၏ ညီအစ်မများ ချက်ချင်း မှင်သက်သွားကြတော့သည်။

"ရှင်တို့ ရုတ်တရက်ကြီး ရောက်လာပြီး ကျွန်မတို့ကို ရွှေ့ပြောင်းခိုင်းတာက... သူ့ရဲ့ သတိပေးချက်ကြောင့်လား..."

"ပေါက်ကွဲမှု မဖြစ်ခင် ကျွန်မတို့ ဘေးကင်းရာကို ထွက်ပြေးနိုင်ခဲ့တာက... သူ့ကြောင့်လား..."

"သူက ကျွန်မတို့ရဲ့ အသက်သခင်ပေါ့..."

ရှချိုးနှင့် အစ်မဟုန်တို့လည်း အံ့သြတကြီး ဖြစ်သွားကြပြီး ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။

အခြား 'ကြွယ်ဝခြင်း အသင်း' ဝင်များနှင့်... ထွက်ပြေးနေဆဲ လမ်းသွားလမ်းလာများ အပါအဝင် လူအများကပါ တညီတညွတ်တည်း လှည့်ကြည့်လာကြတော့သည်။

လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ်လိုက်ပြီး လေးစားသမှုဖြင့် ပြောလိုက်၏။

"ဟုတ်ပါတယ်..."

"ကျွန်တော်တို့ ခေါင်းဆောင်က ဖုန်းထဲမှာ ပြောတယ်... ဥက္ကဋ္ဌ ယွီ ကိုယ်တိုင် သူ့ကို ဖုန်းဆက်ပြောတာတဲ့..."

"..."

လူအုပ်ကြီး တိတ်ဆိတ်သွားကြလေသည်။

မီလီနှင့် သူမ၏ ညီအစ်မများ၏ မျက်နှာပေါ်တွင်လည်း ရှုပ်ထွေးပွေလီသော ခံစားချက်များ ယှက်သမ်းနေလေသည်။

ခဏကြာမှ... သူမ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့်နှယ်... ယဲ့ဖန်ကို ရုတ်တရက် ပြောလိုက်လေသည်။

"အဲ့ဒီလို ဆိုမှတော့... ကျွန်မ ရှင့်ကို မျက်နှာသာ ပေးရမှာပေါ့..."

ပြောပြောဆိုဆိုပင် သူမက ညီအစ်မများဘက်သို့ လှည့်လိုက်လေသည်။

"ဒါ ငါတို့ရဲ့ အသက်သခင်ပဲ..."

"ငါတို့က ပုံမှန် အချိန်မှာ ဘာလုပ်လုပ်... ကျေးဇူးရှိရင် ကျေးဇူးဆပ်ရမယ်..."

"အသက်သခင်ရဲ့ သူငယ်ချင်းကို သွားတောင်းပန်ပြီး... သူ့ဆုံးရှုံးမှုတွေအတွက် လျော်ကြေး ပေးလိုက်ကြ..."

သူမ၏ ညီအစ်မများက အလွန် စကားနားထောင်ကြလေသည်။

သူတို့က ယဲ့ဖန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြပြီး... ရှချိုးဆီသို့ အလျင်အမြန် ပြေးသွားကာ တောင်းပန်စကား ဆိုကြ၏။ ထို့နောက် လျော်ကြေးပေးရန် ပိုက်ဆံများ စုလိုက်ကြလေသည်။

မီလီ ကိုယ်တိုင်ကမူ... သူမ၏ ညီအစ်မများ အားလုံး လုပ်ဆောင်ပြီးသွားသည့် အချိန်ကျမှ ယဲ့ဖန်ကို လေးလေးနက်နက် ကြည့်လိုက်လေသည်။

"ကျွန်မ မီလီ က... လမ်းပေါ်မှာ သစ္စာတရားနဲ့ ရပ်တည်နေတာပါ..."

"ဦးလေး... ရှင်က ကျွန်မရဲ့ အသက်သခင် ဖြစ်သွားပြီ ဆိုတော့... နောက်နောင် တစ်ခုခု လိုအပ်ရင် ကျွန်မကို အချိန်မရွေး လာရှာလို့ ရတယ်..."

"ဒီလမ်း တစ်ဝိုက် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်... ကျွန်မ လုပ်ပေးနိုင်သရွေ့ ကူညီပေးပါ့မယ်..."

ပြောပြီးသည်နှင့် မီလီက ညီအစ်မများကို ခေါ်ကာ ယဲ့ဖန်ကို ဦးညွှတ် နှုတ်ဆက်လိုက်ပြီး... ချစ်စရာ ကောင်းသော လိပ်စာကတ် (Name Card) လေး တစ်ခု ထားရစ်ခဲ့ကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားကြလေတော့သည်။

…

အခန်း (၁၆၆၀) - ဒါဆို ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား

~မီလီနှင့် သူမ၏ ညီအစ်မများ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်... အနီးနားရှိ ခန့်ညားသော လူလတ်ပိုင်း အမျိုးသား၏ စကားများကို ကြားလိုက်ရသော လမ်းသွားလမ်းလာ အများအပြားမှာ အသိစိတ် ပြန်ဝင်လာကြပြီး... ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတော့သည်။

"ဒီကို လာကြ... အားလုံး ဒီကို လာကြ..."

"'ကြွယ်ဝခြင်း အသင်း' က လူတွေ ရုတ်တရက် ပေါ်လာပြီး... အရေးပေါ် ကြေညာချက်တွေ ထုတ်... ငါတို့ကို အတင်း ရွှေ့ပြောင်းခိုင်းရတဲ့ အကြောင်းရင်းကို သိပြီ..."

"ဒီလမ်းက သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်နေတာကို စတင် တွေ့ရှိခဲ့ပြီး... 'ကြွယ်ဝခြင်း အသင်း' ရဲ့ ဥက္ကဋ္ဌကို ယုံကြည်အောင် ပြောနိုင်ခဲ့တာက... တရုတ်လူမျိုး တစ်ယောက်တဲ့..."

"လာကြပါဦး... ငါတို့ရဲ့ ကျေးဇူးရှင်ကို လာကြည့်ကြပါဦး..."

"'ကြွယ်ဝခြင်း အသင်း' ရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ပြောတာတဲ့..."

"..."

ရုတ်ရုတ်သဲသဲ အသံများနှင့်အတူ... မရေမတွက်နိုင်သော လမ်းသွားလမ်းလာများသည် ယဲ့ဖန် ရှိရာသို့ ဒီရေအလား အုံနဲ့ကျင်းနဲ့ တိုးဝှေ့လာကြတော့သည်။

သူတို့၏ အော်ဟစ်သံများက ကွင်းဆက် တုံ့ပြန်မှု (Chain Reaction) တစ်ခု ဖြစ်ပေါ်သွားစေသကဲ့သို့ပင်...

နေရာအနှံ့အပြားမှ အာမေဍိတ်သံများနှင့် စိတ်လှုပ်ရှားသံများ ထွက်ပေါ်လာလေသည်။

"ဘုရားရေ..."

"အသက်သခင်ပါလား..."

"ငါ ခုနကမှ ငါ့အဖော်တွေကို ပြောနေတာ... ဒီတစ်ခါ ငါတို့ တကယ် ကံကောင်းလွန်းတယ်လို့..."

"ငါက ဟိုတယ်အခန်းထဲမှာ အိပ်ပျော်နေတာ... 'ကြွယ်ဝခြင်း အသင်း' က လူတွေက ဟိုတယ် ဝန်ထမ်းတွေကို ခေါ်လာပြီး တံခါးဖွင့်ခိုင်းတာ... ပြီးတော့ ငါ့ကို နှိုးပြီး အပြင်ကို ခေါ်ထုတ်လာတာ..."

"'ကြွယ်ဝခြင်း အသင်း' က လူတွေနဲ့... သူတို့ကို သွားပြောပေးတဲ့ ဒီ ကျေးဇူးရှင်သာ မရှိရင်... ငါ ဒီ ပေါက်ကွဲမှုကြီးထဲမှာ မြေမြှုပ်သင်္ဂြိုဟ် ခံလိုက်ရလောက်ပြီ..."

"ငါရောပဲ... ငါရောပဲ..."

"ငါက အိမ်သာ တက်နေတယ် ဆိုတဲ့ တစ်ယောက်လေ... တံခါး လာခေါက်တုန်းက ငါ တော်တော် ဒေါသထွက်သွားသေးတာ..."

"'ကြွယ်ဝခြင်း အသင်း' ရဲ့ သဘောထားကသာ မပြတ်သားခဲ့ရင်... ငါ အခုချိန်လောက်ဆို သေနေလောက်ပြီ... ပြီးတော့ ဘောင်းဘီတောင် ဝတ်ချိန်မရဘဲ အိမ်သာထဲမှာ အသေဆိုးနဲ့ သေရမှာ..."

"အသက်သခင်..."

"..."

မြစ်ချောင်း အစင်းတစ်ရာ ပင်လယ်ထဲသို့ စီးဝင်သကဲ့သို့... လူအုပ်ကြီးသည် ယဲ့ဖန် ဆီသို့ လှိမ့်ဝင်လာကြတော့သည်။

နောက်ဆက်တွဲ ဘာဖြစ်လာမလဲ ဆိုတာကို ယဲ့ဖန် ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။

အစ်မဟုန်နှင့် ရှချိုးတို့ ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့်... သူက သူတို့၏ လက်များကို ချက်ချင်း ဆွဲယူလိုက်လေသည်။

ထို့နောက်... လူအုပ်ကြီး လေးဖက်လေးတန်မှ ဝိုင်းပြီး ပိတ်ဆို့မသွားခင်မှာပင်... သူသည် အမြန်ဆုံး အရှိန်နှင့် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားကာ ထိုနေရာမှ ထွက်ခွာသွားလိုက်လေတော့သည်။

...

ဘုရင်မ လမ်းမကြီးနှင့် ဝေးကွာသော နေရာသို့ ရောက်မှသာ... ယဲ့ဖန်သည် အစ်မဟုန်နှင့် ရှချိုး၏ လက်များကို လွှတ်ပေးလိုက်ပြီး သက်ပြင်းချလိုက်လေသည်။

"အဆင်ပြေသွားပါပြီ..."

"ကျွန်တော်တို့ ပိတ်မိမသွားဘူး..."

ပြောပြောဆိုဆိုပင် သူက အစ်မဟုန်နှင့် ရှချိုးကို ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ... ရှချိုးနှင့် အစ်မဟုန်တို့ နှစ်ဦးစလုံးသည် တစ်စုံတစ်ခုကို တွေးတောနေပုံ ရလေသည်။ သူ ခုနက ကိုင်ထားခဲ့သော လက်ကို ပြန်ကြည့်ရင်း... သူမတို့၏ မျက်နှာများ ရဲတက်နေကြသည်။

""

ယဲ့ဖန် နားမလည်နိုင် ဖြစ်သွားရလေသည်။

ရှချိုးက နတ်သမီးလေး တစ်ပါးလို လှပပြီး... သူနှင့် သံယောဇဉ် အနည်းငယ် ရှိနေသဖြင့် ရှက်သွေးဖြာတာ လက်ခံလို့ ရသေးသည်။

အစ်မဟုန်ကတော့... ဘာကိစ္စ ရှက်သွေးဖြာနေရတာလဲ... သူနဲ့ ဘာမှ ထူးထူးခြားခြား ပတ်သက်နေတာလည်း မဟုတ်ဘဲနဲ့...။

"ခင်ဗျားတို့... အဆင်ပြေရဲ့လား..."

သူက သူတို့ နှစ်ယောက်၏ မျက်နှာရှေ့တွင် လက်ကို ယမ်းပြလိုက်လေသည်။

"အာ... ပြေပါတယ်..."

ရှချိုး အသိပြန်ဝင်လာပြီး ခေါင်းခါလိုက်၏။

အစ်မဟုန်ကမူ ဘာဖြစ်နေမှန်း မသိပေ။ သူမ လန့်ဖျပ်သွားပြီး ယဲ့ဖန်ကို အလျင်အမြန် လှမ်းကြည့်လိုက်လေသည်။ သူမ၏ မျက်ဝန်းများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

"ဘာလို့ ဒီလိုတွေ ဖြစ်နေကြတာလဲ..."

ယဲ့ဖန်က ပြောရင်းဆိုရင်းပင် သူမတို့၏ နဖူးကို စမ်းသပ်ရန် ပြင်လိုက်လေသည်။

"နေမကောင်းဘူးလား..."

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

ရှချိုးက အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ခုနက ရှင် ပြေးတာ မြန်လွန်းလို့... ကျွန်မတို့ လိုက်မမီနိုင် ဖြစ်သွားတာပါ..."

အစ်မဟုန်ကလည်း ထောက်ခံလိုက်၏။

"ဟုတ်တယ်... ဟုတ်တယ်..."

"ရင်တွေ တုန်နေတုန်းပဲ..."

"အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတာပဲနော်..."

ပြောရင်းဆိုရင်း သူမက အကြည့်ကို တခြားဘက်သို့ လွှဲလိုက်ပြီး... သူမ၏ ရင်ဘတ်ကို ဖွဖွလေး ပုတ်လိုက်လေသည်။ ရင်ဘတ်မှ လှိုင်းတံပိုးများက နိမ့်ချည်မြင့်ချည် ဖြစ်သွားရ၏။

ယဲ့ဖန်က သံသယ မဝင်ပေ။ နှစ်ယောက်စလုံးက အဆင်ပြေပါသည်ဟု အလေးအနက် ပြောနေကြသဖြင့်...

"အဆင်ပြေရင် ပြီးတာပါပဲ..."

"ကျွန်တော် နေမဝင် အင်ပါယာမှာ ခဏလောက် ဆက်နေရဦးမယ်..."

"တကယ်လို့ မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခုခု ထပ်ကြုံရရင်... ကျွန်တော့်ကို ဖုန်းဆက်လိုက်နော်..."

ပြောပြီးသည်နှင့် သူသည် နေမဝင် အင်ပါယာတွင် အသုံးပြုသော ဖုန်းနံပါတ်ကို ရှချိုးအား ပေးလိုက်ပြီး... သူမ၏ ဖုန်းနံပါတ်ကိုလည်း မှတ်သားလိုက်လေသည်။

ထို့နောက် သူ ထွက်ခွာသွားတော့သည်။

...

ရှချိုး ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့လေသည်။

ယဲ့ဖန်၏ ဖုန်းနံပါတ် အသစ်ကို မှတ်သားပြီးနောက်... ထွက်ခွာသွားသော သူ့ကျောပြင်ကို ကြည့်ရင်း သူမ မှင်သက်နေမိ၏။

ယဲ့ဖန် အဝေးကြီး ရောက်သွားမှသာ သူမ သတိပြန်ဝင်လာတော့သည်။

"သူ... ဒီအတိုင်းကြီး ထွက်သွားတာလား..."

အစ်မဟုန်က ယဲ့ဖန် ထွက်ခွာသွားရာ လမ်းကြောင်းကို ငေးကြည့်နေမိလေသည်။ သူမ၏ ရင်ခုန်သံများက မြန်ဆန်နေဆဲပင်။

"ဟုတ်တယ်... သူ ထွက်သွားပြီ..."

ယဲ့ဖန်က သူမ လက်ကို ဆွဲပြီး ပြေးခဲ့တုန်းက... ဘာကြောင့်မှန်း မသိပေမယ့်... သူမကလည်း ယဲ့ဖန်၏ လက်ကို ပြန်လည် ဆုပ်ကိုင်ထားမိခဲ့သည်။ ပျော်ရွှင်မှုနှင့် လုံခြုံမှု ခံစားချက် တစ်မျိုးကို သူမ ရရှိလိုက်လေသည်။

ဖျော်ဖြေရေး လောကထဲတွင် (၁၀) နှစ်နီးပါး ကျင်လည်ခဲ့ပြီးနောက်... လုံးဝ တိတ်ဆိတ် ခြောက်ကပ်နေခဲ့သော သူမ၏ နှလုံးသားသည် ရုတ်တရက် ပြည့်သိပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

‘သူမ သိလိုက်ပါပြီ... သူမ သူ့ကို ချစ်မိသွားပြီ ဆိုတာကို။

ရှချိုး ပြောပြောနေတဲ့ အချစ်မျိုးပေါ့...။’

ထို့ကြောင့် သူမ ထိုအချက်ကို သတိထားမိလိုက်သောအခါ... ရှားရှားပါးပါး ရှက်သွေးဖြာသွားခဲ့ရခြင်း ဖြစ်လေသည်။

ယဲ့ဖန်က သူမ၏ နဖူးကို စမ်းသပ်ရန် ပြင်လိုက်သည့် အချိန်တွင်လည်း... သူမ အလျင်အမြန် ရှောင်တိမ်းပြီး မျက်နှာလွှဲလိုက်မိသည်။

အခုတော့... ယဲ့ဖန်က ဖုန်းနံပါတ် ပေးပြီး ထွက်ခွာသွားပြီ ဖြစ်သောကြောင့်... သူမ၏ ရင်ထဲတွင် ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့လေသည်။

တစ်ချိန်တည်းမှာပင်... သူမ စိတ်ဝင်စားနေသူ ထွက်ခွာသွားပြီ ဖြစ်သောကြောင့် စိတ်သက်သာရာ ရသွားသလိုလည်း ခံစားလိုက်ရသည်။

"နိုင်ငံခြားမှာ သူ့ကို ဒီလို ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး..."

အစ်မဟုန် အလိုအလျောက် သက်ပြင်းချလိုက်မိသည်။

ထို့နောက်... ယဲ့ဖန်သည် ရှချိုး၏ တစ်ဖက်သတ် ချစ်ရသူ ဖြစ်ကြောင်း သူမ ရုတ်တရက် သတိရသွားလေသည်။

သူမက ရှချိုး၏ တုံ့ပြန်မှုကို အလျင်အမြန် ကြည့်လိုက်၏။ ရှချိုးက ယဲ့ဖန် ထွက်ခွာသွားရာ လမ်းကြောင်းကို ငေးမောကြည့်ရှုနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့်... သူမ သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ရှချိုး... ကြည့်ရတာ နင်နဲ့ မစ္စတာယဲ့က တော်တော် ရေစက်ပါပုံ ရတယ်..."

"နင် အခက်အခဲ ကြုံတိုင်း... မစ္စတာယဲ့က မမျှော်လင့်ထားတဲ့ ပုံစံမျိုးနဲ့ ကောင်းကင်က ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးလို ရောက်လာတတ်တယ်နော်... ပြီးတော့ အရာအားလုံးကို ကူညီဖြေရှင်းပေးတယ်..."

"ဒီနေ့ အပါအဝင်ပေါ့..."

"..."

ရှချိုး အသိပြန်ဝင်လာပြီး ရှုပ်ထွေးသော လေသံဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ်..."

"ကျွန်မ သူ့ကို ပိုပိုပြီး အကြွေးတင်လာသလိုပဲ..."

"သူက ကျွန်မအပေါ် အကြိမ်ကြိမ်အခါခါ ကျေးဇူးပြုခဲ့တယ်... ဒီနေ့လည်း... အရင်ဆုံး သွယ်ဝိုက်တဲ့ နည်းနဲ့ ကျွန်မ အသက်ကို ကယ်တင်ခဲ့တယ်... ပြီးတော့ ကျွန်မတို့ရဲ့ ပြဿနာကိုလည်း လက်တစ်ဖျစ်တီး အတွင်းမှာ ဖြေရှင်းပေးခဲ့တယ်..."

"ကျွန်မ သူ့ကို ဘယ်လို ကျေးဇူးဆပ်ရမလဲတောင် မသိတော့ဘူး..."

အစ်မဟုန်က သူမ ဘာတွေးနေလဲ ဆိုတာ အတိအကျ သိနေလေသည်။

သူမက ရှချိုးကို ဖွဖွလေး တွန်းလိုက်ပြီး... အနည်းငယ် စနောက်လိုသော လေသံဖြင့် ပြောလိုက်လေသည်။

"နင်က နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို သေချာ လေ့လာထားတယ် မဟုတ်လား..."

"ရှေးလူကြီးတွေ ဘာပြောခဲ့လဲ..."

"'ရှင့်ရဲ့ ကြီးမားတဲ့ ကျေးဇူးကို ကျွန်မ ပြန်မဆပ်နိုင်တော့ပါဘူး... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ပဲ...'"

ရှချိုး ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်နှာ ရဲတက်သွားလေသည်။ သူမက အစ်မဟုန်ကို ပြန်တွန်းလိုက်၏။

"အစ်မဟုန်ကလည်း... ဘာတွေ လျှောက်ပြောနေတာလဲ..."

"အမှန် ပြောရရင်... သူက ကျွန်မတို့ရဲ့ သူဌေးလေ..."

အစ်မဟုန်၏ အပြုံးက ပို၍ပင် အဓိပ္ပာယ် ပါလာတော့သည်။

"လက်အောက်ငယ်သားက သူဌေးကို လက်ထပ်လို့ မရဘူး ဆိုတဲ့ စည်းကမ်း... ကုမ္ပဏီမှာ မရှိပါဘူး..."

"ဒါ့အပြင်... ဒီလောက် ငယ်ရွယ်ပြီး၊ ချမ်းသာပြီး၊ ချောမောတဲ့ သူဌေးနဲ့ အတူတူ အိပ်ရတာ... ဘယ်လောက်တောင် စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ..."

"အစ်မဟုန်... အစ်မ တဖြည်းဖြည်းနဲ့ လွန်လာပြီနော်..."

ရှချိုးက အစ်မဟုန်ကို ထပ်မံ ရိုက်လိုက်ပြန်သည်။

သို့သော်... ထို့နောက်တွင်မူ သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံ ရလေသည်။ ခဏမျှ စဉ်းစားပြီးနောက်... သူမ၏ မျက်နှာထားက ရုတ်တရက် ရှက်သွေးဖြာသော ပုံစံ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

အခန်း (၁၆၆၁) - ပါးစပ်နဲ့ပဲ အကူအညီတောင်းနေတာလား

~တစ်ဖက်တွင်မူ... ယဲ့ဖန်သည် သိပ်ပြီး ထွေထွေထူးထူး မတွေးမိတော့ချေ။

လမ်း အနည်းငယ် လျှောက်ပြီးနောက် ဘေးဘီဝဲယာကို တစ်ချက် ဝေ့ကြည့်လိုက်ကာ နန်းတော် ဟိုတယ်သို့ ပြန်ရန် ပြင်လိုက်တော့သည်။

ထိုအချိန်မှာပင် ဖုန်းသံ မြည်လာခဲ့၏။

အန်းကျူ ပရင့်စ် (Anjou Prince) ၏ ချိုသာသော အသံလေး ထွက်ပေါ်လာလေသည်။

"ဘယ်ရောက်နေလဲ ဟင်... အချစ်ရေ..."

"ကျွန်မ အရမ်း စိတ်ညစ်နေတယ်..."

"ပြဿနာ တစ်ခုနဲ့ ကြုံနေရလို့... ဘာလုပ်ရမှန်း မသိတော့လို့ အခုထိ အလုပ်ရှုပ်နေတာ..."

"အခု ရှင့်ဆီ လာခဲ့မယ်နော်... အတူတူ အပန်းဖြေကြရအောင်..."

ယဲ့ဖန်က သူမ ဘာဖြစ်သလဲ ဆိုတာ မမေးတော့ဘဲ "အင်း" ဟုသာ ပြန်ဖြေလိုက်လေသည်။

ထို့နောက် သူ့လက်ရှိ တည်နေရာကို ပြောပြလိုက်၏။

မျက်စိကျစရာ ကောင်းသော အနီရောင် Aston Martin Vulcan ပြိုင်ကားကြီး တစ်စီး မောင်းဝင်လာသောအခါ... ပတ်ဝန်းကျင်မှ လူများ အံ့သြတကြီး ကြည့်လိုက်ကြလေသည်။ ပုလဲတစ်လုံးပမာ တောက်ပနေသော အန်းကျူ ပရင့်စ်က ကားပြတင်းပေါက် ချလိုက်ပြီး သူ့ကို ပြုံးပြကာ ကားပေါ် တက်ရန် အချက်ပြလိုက်၏။ ယဲ့ဖန်လည်း ရှေ့ခန်းတွင် ဝင်ထိုင်လိုက်ပြီး ခါးပတ်ပတ်ရင်း မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ..."

"နေမဝင် အင်ပါယာမှာ... အန်းကျူ မြို့စား မိသားစုရဲ့ မင်းသမီးလေးကို စိတ်ညစ်ပြီး ဘာလုပ်ရမှန်း မသိအောင် လုပ်ရဲတဲ့ ကိစ္စက ဘာများ ဖြစ်နေမလဲ..."

"ရှင်ကလည်း... ယဉ်ယဉ်ကျေးကျေးလေး ပြောလို့ မရဘူးလား..."

ယဲ့ဖန်၏ စကားထဲမှ သရော်သံကို အန်းကျူ ပရင့်စ် သတိထားမိလိုက်ပုံ ရလေသည်။ သူမက ချက်ချင်းပင် သူ့ကို အနည်းငယ် စိတ်ကောက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

"နေမဝင် အင်ပါယာရဲ့ ဘုရင်မတောင်မှ ခေါင်းကိုက်ပြီး စိတ်ညစ်ရတဲ့ အချိန်တွေ ရှိသေးတာပဲ... ကျွန်မလို အန်းကျူ မိသားစုရဲ့ မင်းသမီးလေးလောက်က ပြောစရာ လိုသေးလို့လား..."

ယဲ့ဖန်က သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဖျောက်ဖျက်၍ မရနိုင်သော စိုးရိမ်ပူပန်မှု အရိပ်အယောင်များနှင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံကို တွေ့လိုက်ရသဖြင့်... ဆက်မစတော့ဘဲ လေးလေးနက်နက် မေးလိုက်လေသည်။

"တကယ်တမ်း ဘာဖြစ်တာလဲ..."

"ကျွန်မရဲ့ လျှို့ဝှက် စံအိမ်ကို အရင် ခေါ်သွားပေးမယ်... အဲ့ဒီရောက်မှ ဝိုင်သောက်ရင်း ပြောပြမယ်..."

အန်းကျူ ပရင့်စ်က ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်ပြီး ခါးပတ်ပတ်ထားသည်ကို မြင်သောအခါ ကားစက်နှိုးလိုက်လေသည်။

ယဲ့ဖန် ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့ချေသည်။

[ ဂုဏ်ယူပါတယ် ပိုင်ရှင်... အခွင့်အလမ်း လမ်းကြောင်းပြခြင်း ပြီးမြောက်သွားပါပြီ... ဘုရင်မ လမ်းမကြီးပေါ်က သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အကြီးအကျယ် ယိုစိမ့်မှုကြောင့် ဖြစ်ပွားမယ့် ပေါက်ကွဲမှု မဖြစ်ခင်... အဲ့ဒီနေရာမှာ ရှိနေတဲ့ စားသောက်သူတွေ၊ ဆိုင်ရှင်တွေနဲ့ ဧည့်သည်တွေ အားလုံးကို အန္တရာယ်ဇုန်ကနေ ထွက်ခွာသွားဖို့ အကြံပေး တိုက်တွန်းနိုင်ခဲ့ပါတယ်... ]

[ ဆုလာဘ် : တန်ဖိုး ယွမ် (၃) ဘီလီယံ ရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း တစ်ခု... ]

တစ်ချိန်တည်းမှာပင် ကမ္ဘာ့ ရေနံစိမ်း ကြိုပွိုင့်ဈေးကွက် (Global Crude Oil Futures Market) နှင့် ပတ်သက်သော သတင်းအချက်အလက် အများအပြားနှင့် အရေးကြီးသော သတင်းအချက်အလက် တစ်ခုတို့သည် သူ့ခေါင်းထဲသို့ ဝင်ရောက်လာလေသည်။

သတင်းအချက်အလက်များကို အပြည့်အဝ ချေဖျက်ပြီးသွားသည့် အချိန်တွင်မူ... ဤ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကို လက်တွေ့ အကောင်အထည်ဖော်ရန် နည်းလမ်းကို ယဲ့ဖန် သိရှိသွားပြီ ဖြစ်လေသည်။

အန်းကျူ ပရင့်စ်ကမူ စိုးရိမ်ပူပန်နေပုံ ရ၏။

ယဲ့ဖန် ခဏတာ မှင်သက်သွားသည်ကိုပင် သူမ သတိမထားမိလိုက်ချေ။

ကားမောင်းနေရင်း သူမ၏ စိတ်များက ဟိုရောက်ဒီရောက် ဖြစ်နေလေသည်။

ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ ကြီးမားသော ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့နေရမှန်း ယဲ့ဖန် ခန့်မှန်းမိလိုက်သည်။

မြူခိုးမြို့တော် အလယ်ရှိ ဇိမ်ခံ တိုက်ခန်း တစ်ခုသို့ ရောက်ရှိပြီး... ပြိုင်ဘက်ကင်း မြင်ကွင်းကို ခံစားနိုင်သော ပြင်သစ် စတိုင်လ် ပြတင်းပေါက်ကြီး (French Window) ဘေးတွင် ထိုင်လိုက်သောအခါ... ယဲ့ဖန်က သူမကို ရင်ခွင်ထဲသို့ သဘာဝကျကျ ဆွဲသွင်းလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ..."

"လမ်းတစ်လျှောက်လုံး မျက်မှောင်ကြုတ်လာတာ တွေ့တယ်..."

"ကျွန်မတို့ မိသားစု အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲ တစ်ခု ရှိလို့ပါ..."

အန်းကျူ ပရင့်စ်ကလည်း ယဲ့ဖန်ကို ပြန်လည် ဖက်တွယ်လိုက်ပြီး ခေါင်းကို ပခုံးပေါ် တင်ထားလိုက်သည်။

"အဲ့ဒီ ပွဲက အန်းကျူ မိသားစုမှာ တစ်နှစ် တစ်ခါ ကျင်းပလေ့ ရှိတယ်... အသက် (၁၈) နှစ် ပြည့်ပြီးတဲ့ မိသားစု မျိုးဆက်သစ် အဖွဲ့ဝင်တွေ အားလုံး ပါဝင် ယှဉ်ပြိုင်ရတယ်..."

"ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲရဲ့ အမြတ် ရရှိနှုန်း အဆင့်သတ်မှတ်ချက် အပေါ် မူတည်ပြီး... လာမယ့် နှစ်မှာ မိသားစုက မျိုးဆက်သစ် အဖွဲ့ဝင် တစ်ယောက်ချင်းစီအပေါ် ဘယ်လောက် ရင်းနှီးမြှုပ်နှံပေးမလဲ ဆိုတာကို ဆုံးဖြတ်မှာလေ..."

"..."

ယဲ့ဖန် သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း အခြေအနေကို ခပ်မြန်မြန် သဘောပေါက်သွား၏။

‘အန်းကျူ မိသားစုရဲ့ နှစ်ပတ်လည် ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲ (သို့) စီးပွားရေး စွမ်းရည် စစ်ဆေးပွဲ ရောက်တော့မှာကိုး...

ဒီနှစ်မှာ အန်းကျူ ပရင့်စ်က ဆိုသဘီး လေလံအိမ် (Sotheby's Auction House) ကို အဓိက အာရုံစိုက်ထားပြီး... သူမရဲ့ စီးပွားရေး နယ်ပယ် ချဲ့ထွင်မှုတွေကလည်း အဲ့ဒီမှာပဲ ရှိနေတာ...

ဒါကြောင့် မိသားစု ရင်းနှီးမြှုပ်နှံမှု ပြိုင်ပွဲအတွက် အချိန် သိပ်မပေးနိုင်ခဲ့ဘူး ပေါ့လေ...

နှစ်စတုန်းက မိသားစုက ရင်းနှီးမြှုပ်နှံမှု စတင်ဖို့ ယွမ် (၁၀) သန်း ချပေးခဲ့တာ... အခု သူမရဲ့ စုစုပေါင်း ဝင်ငွေက ယွမ် သန်း (၅၀) တောင် မပြည့်သေးဘူး...

မိသားစုထဲမှာ အဆင့် (၁) ရနေတဲ့ သူမရဲ့ ဝမ်းကွဲအစ်ကိုနဲ့ ယှဉ်လိုက်ရင်... သူမရဲ့ ဝင်ငွေက ယွမ် သန်း (၂၀) လောက် လျော့နည်းနေသေးတယ်...

နောက်ဆုံး ကျန်တဲ့ တစ်ပတ် အတွင်းမှာ ယွမ် သန်း (၂၀) ရအောင် ဘယ်လို ရှာရမလဲ ဆိုတာကို သူမ စိတ်ညစ်နေရတာ…’

အန်းကျူ ပရင့်စ် ပြောတာတွေ နားထောင်ပြီးတော့ ယဲ့ဖန် မရယ်ဘဲ မနေနိုင်တော့ပေ။

"ဘာရယ်တာလဲ..."

အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်သွားရလေသည်။

"လူက ဒီလောက် စိတ်ညစ်နေရတာကို... ရှင်က ရယ်နိုင်သေးတယ်ပေါ့..."

"ရှင့်မှာ ကိုယ်ချင်းစာစိတ် ဆိုတာရော ရှိရဲ့လား..."

ယဲ့ဖန်က သူမကို ပြုံးကြည့်နေဆဲပင်။

"အရင်တုန်းက ကျွန်တော့်ရဲ့ အချက်အလက်တွေကို မတွေ့ဖူးဘူးလား..."

"ကိုယ်က နဂါးနိုင်ငံ (Dragon Country) မှာ နာမည်ကြီးတဲ့ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ တစ်ယောက်လေ..."

"ဒါ.. ကိုယ့်ရဲ့ ကျွမ်းကျင်မှု နယ်ပယ်ပဲ..."

"တကယ်လား..."

အန်းကျူ ပရင့်စ် မျက်လုံးများ အရောင်လက်သွားလေသည်။

"ဒါဆို... မိသားစုက အသိအမှတ်ပြုတဲ့ နည်းလမ်းကို သုံးပြီး (၇) ရက် အတွင်း သန်း (၂၀) ကျော် ရအောင် ရှင် ကူညီပေးနိုင်မလား..."

အန်းကျူ မိသားစုက မျိုးဆက်သစ်တွေ၏ ရင်းနှီးမြှုပ်နှံမှု အမြတ်အစွန်းအပေါ် တင်းကျပ်သည့် စည်းကမ်းချက်တွေ ထားရှိသည် ဆိုတာကို ယဲ့ဖန်လည်း ကြားဖူးထားပြီးသား ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုတိုင်း၏ အမြတ်အစွန်းကို မိသားစုက ပြန်လည် စစ်ဆေးမှာ ဖြစ်ပြီး... လျှို့ဝှက် အရောင်းအဝယ်တွေ၊ ကိုယ်ပိုင် အရင်းအမြစ် ဖလှယ်မှုတွေနှင့် နောက်ပေါက် နည်းလမ်းတွေ အားလုံးကို တားမြစ်ထားသည်။

မဟုတ်လျှင် အန်းကျူ ပရင့်စ်၏ အဆက်အသွယ်တွေနှင့် ဆိုသဘီး လေလံအိမ်၏ အရင်းအမြစ်တွေကို သုံးပြီး နည်းနည်းလောက် ဂရုစိုက်လိုက်လျှင်ပင် အမြတ်အများကြီး ရနိုင်မှာ ဖြစ်ပြီး... သူမ ဒီလောက်ထိ ခေါင်းကိုက်နေစရာ လိုမှာ မဟုတ်ပေ။

သို့သော်... သူ၏ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းက အန်းကျူ ပရင့်စ်ကို ကူညီပေးနိုင်ရုံသာမက... အန်းကျူ မိသားစု၏ အတွင်းပိုင်း စစ်ဆေးမှုကိုပါ အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် ဆိုတာကိုတော့ သူ အပြည့်အဝ ယုံကြည်မှု ရှိနေလေသည်။

သို့ရာတွင်၊ ယဲ့ဖန်က သူ၏ ရင်းနှီးမြှုပ်နှံမှု နည်းလမ်းကို ချက်ချင်း ထုတ်မပြောသေးဘဲ... ဖျော့တော့သော အပြုံးဖြင့်သာ ကြည့်နေလိုက်လေသည်။

"တကယ်လား အတုလား ဆိုတာကတော့... ခဏနေ စမ်းကြည့်ပြီးရင် သိမှာပေါ့..."

အန်းကျူ ပရင့်စ်က သိပ်ပြီး စဉ်းစားမနေတော့ပေ။ ယဲ့ဖန်ကို လွှတ်ပေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်လေသည်။

"ဘယ်လို စမ်းရမှာလဲ... ဘာ ရင်းနှီးမြှုပ်နှံရမှာလဲ ဟင်... အချစ်..."

ယဲ့ဖန် ပြုံးနေသော်လည်း ဘာမှ ပြန်မပြောပေ။

အန်းကျူ ပရင့်စ် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။

"ဘာလို့ ဘာမှ မပြောတာလဲ..."

"ပြောလေ... ကျွန်မ ဘာ ရင်းနှီးမြှုပ်နှံရမှာလဲ... ဘာလုပ်ရမလဲ ဆိုတာ ပြောပြလေ..."

ထိုအခါမှ ယဲ့ဖန်က စကားစလိုက်လေသည်။

"မင်းက အကူအညီ တောင်းနေတာလေ... ပါးစပ်နဲ့ပဲ ပြောနေတော့မှာလား..."

"ကိုယ် ဒီနေ့ နိုင်ငံတကာ လေယာဉ် စီးလာရတာ... ခရီးပန်းပြီး ပင်ပန်းနေပြီ... တစ်နေကုန်လည်း အလုပ်ရှုပ်နေတာ..."

"ပြီးတော့... အခန်းထဲ ဝင်လာကတည်းက ရေတောင် တစ်ခွက် မသောက်ရသေးဘူး..."

ထိုအခါမှ အန်းကျူ ပရင့်စ် သဘောပေါက်သွားတော့သည်။

သူမက အနည်းငယ် စိတ်ကောက်သော အမူအရာဖြင့် မျက်စောင်းထိုးလိုက်လေသည်။

"အာ... ရှင်ကတော့ တကယ်ပဲ..."

ပြောပြောဆိုဆိုပင် သူမက နှစ် (၃၀) သက်တမ်းရှိ Romanée-Conti ဝိုင်ကို ဖန်ခွက်ထဲသို့ အလျင်အမြန် ငှဲ့ပေးလိုက်လေသည်။

ထို့နောက်... သူမက ယဲ့ဖန်၏ အနောက်သို့ သွားလိုက်ပြီး... သူ့ခေါင်းကို သူမ၏ ရင်ဘတ်ပေါ်သို့ မှီစေကာ ပခုံးနှင့် ကျောကို နှိပ်နယ်ပေးလိုက်လေသည်။

ပခုံးနှင့် ကျောကို နှိပ်နယ်ပေးရင်း... အဆင်ပြေရဲ့လား ဟုလည်း မေးမြန်းနေသေး၏။

ယဲ့ဖန်ကတော့ ဇိမ်ကျနေလေသည်။

ဝိုင်နီကို တစ်ငုံချင်း သောက်ရင်း သူမ၏ အံ့သြဖွယ် ကောင်းလှသော နူးညံ့မှုကို ခဏတာ ခံစားလိုက်သည်။ ထို့နောက်မှ ပြောလိုက်သည်။

"ဒီမှာ ကွန်ပျူတာ ရှိတယ် မဟုတ်လား... သွားယူလိုက်..."

"ကိုယ် ရင်းနှီးမြှုပ်နှံမှု လုပ်စရာ ရှိတယ်..."

"ကိုယ့် ညွှန်ကြားချက် အတိုင်း လိုက်လုပ်လိုက်ရုံပဲ…”

All Chapters