အခန်း (၁၆၆၅-၁၆၆၇)
Vol. 87 Ch. 1665-1667
အခန်း (၁၆၆၅) - ကျွန်တော်တော့ တုံးသွားပြီ... ဒီလို ကစားလို့ရသေးတာလား
~အန်းကျူ မိသားစု၏ မျိုးဆက်သစ် လူငယ်များကို မဆိုထားနှင့်... အကြီးအကဲများပင် ဆွံ့အသွားကြရလေသည်။
သူတို့ ယခုလေးတင်မှ အန်းကျူ ပရင့်စ်ကို ချီးကျူးခဲ့ကြသော်လည်း... ယခုတွင်မူ အားလုံး တိတ်ဆိတ်သွားကြပြန်သည်။
"သူ ဘာတွေ လျှောက်လုပ်နေတာလဲ..."
"ဟုတ်တယ်... သူက နိုင်နေပြီလေ... ဘာလို့ ဒီလို ထပ်လုပ်ရသေးတာလဲ..."
"ရေနံစိမ်း ကြိုပွိုင့်ဈေးကွက်က မိုးထိအောင် ထိုးတက်တော့မယ်လို့ သူ ထင်နေတာလား... နောက်နေတာလား..."
"ဒါပေါ့... အခုချိန်မှာ ရေနံစိမ်း ကြိုပွိုင့်ဈေးကွက်က ရူးသွပ်မတတ် ထိုးကျနေတာလေ... ပြန်တက်မယ့် အရိပ်အယောင်တောင် မရှိသေးဘူး... ဒီအချိန်မှာ ထပ်ဝယ်တာက သေလမ်းရှာတာ မဟုတ်ဘူးလား..."
"ဟူး... သူက လောဘကြီးလွန်းတယ်... သေချာပေါက် နိုင်နေပြီဟာကို... ဘာကိစ္စ ထပ်ပြီး စွန့်စားရတာလဲ... လူငယ်တွေက တကယ်ကို စိတ်မြန်လွန်းတယ်..."
မိသားစု အကြီးအကဲများက အန်းကျူ ပရင့်စ် အတွက် သက်ပြင်းချလိုက်ကြလေသည်။
သေချာပေါက် နိုင်တော့မယ့် အခြေအနေမှ... ယခုတော့ မရေမရာ ပြန်ဖြစ်သွားခဲ့လေ၏။
အန်းကျူ တေလာ ပင်လျှင် မယုံကြည်နိုင် ဖြစ်နေရလေသည်။
"ငါ အများကြီး တွေ့ဖူးပါတယ်... ဒါပေမယ့် ဒီလိုမျိုးတော့ တစ်ခါမှ မမြင်ဖူးဘူး..."
"မျိုးနွယ်စု ခေါင်းဆောင်... ကျွန်တော်တို့ အန်းကျူ ပရင့်စ်ကို ဖုန်းဆက်ပြီး နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ပြောသင့်လား... အရမ်းကြီး စွန့်စားလွန်းမနေဘူးလား..."
ထိုအချိန်တွင် မိသားစု အကြီးအကဲ တစ်ဦးက အကြံပြုလိုက်လေသည်။
"မလိုပါဘူး..."
အန်းကျူ တေလာ ခေါင်းခါလိုက်လေသည်။
"ငါတို့က ပြိုင်ပွဲ စည်းမျဉ်းကို ချိုးဖောက်လို့ မရဘူး... သူ ကိုယ်တိုင် ရွေးချယ်လိုက်မှတော့... ဒီအတိုင်း လွှတ်ထားလိုက်ပါ... စောင့်ကြည့်ကြတာပေါ့..."
"ဟုတ်ကဲ့ပါ..."
အန်းကျူ တေလာက လူတိုင်းကို ဆုံးမပြီးနောက်... လက်ကို နောက်ပစ်ကာ အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားလေသည်။
ထို့နောက် သူသည် တိတ်တဆိတ် ဖုန်းထုတ်ကာ တစ်စုံတစ်ခုကို စတင် လုပ်ဆောင်လိုက်တော့သည်။
အန်းကျူ ပရင့်စ်က သူမ၏ အမြော်အမြင် ရှိပုံကို လက်တွေ့ သက်သေပြပြီးခဲ့ပြီ ဖြစ်သည်။
‘အခုချိန်မှာ သူမ ရုတ်တရက်ကြီး ထပ်ဝယ်လိုက်တာက... အကြောင်းရင်း တစ်ခုခု ရှိလို့ နေမှာပဲ…’
သို့သော် သူလည်း သိပ်ပြီး မစွန့်စားရဲပေ။
သူ၏ ကိုယ်ပိုင်ငွေ ယွမ် သန်း (၁၀၀) ကိုသာ တိတ်တဆိတ် ထုတ်ယူပြီး ရေနံစိမ်း ကြိုပွိုင့်ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံလိုက်ကာ (၅) ဆ လဲဗရိတ် ယူလိုက်လေသည်။
ကိစ္စပြီးသောအခါ... သူသည် လေးနက်သော မျက်နှာထားဖြင့် အစည်းအဝေးခန်းမထဲသို့ ပြန်ဝင်လာခဲ့လေသည်။
...
"ရေနံစိမ်း ဈေးကွက်က ထိုးကျနေတုန်းပဲလေ... ဒီအချိန်မှာ ထပ်ဝယ်တာက နည်းနည်း အန္တရာယ် များလွန်းမနေဘူးလား..."
အန်းကျူ ပရင့်စ်က ယဲ့ဖန်ကို နားမလည်နိုင်စွာ ကြည့်လိုက်လေသည်။
ယဲ့ဖန်က သူမကို ထပ်ဝယ်ခိုင်းတုန်းက... သူမသည် မိသားစုဝင်တွေ အားလုံးထက်တောင် ပိုပြီး အံ့သြသွားခဲ့ရသည်။
သူမက ပိုက်ဆံ နှစ်ဆတောင် မြတ်နေပြီ... အေးအေးဆေးဆေး နိုင်နေပြီ... ဘာကိစ္စ မလိုအပ်တာတွေ ထပ်လုပ်ရမှာလဲ...
သို့သော်လည်း ၊ ယဲ့ဖန်က ခိုင်မာပြတ်သားသည်။ သူ ပြောသည့် အတိုင်း လုပ်ပါဟုသာ ဆိုလေသည်။
အန်းကျူ ပရင့်စ်မှာ သူ ပြောသည့်အတိုင်း လုပ်ဆောင်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။
ဘာပဲဖြစ်ဖြစ်... ယဲ့ဖန်က သူ့ဆုံးဖြတ်ချက်တွေ ဘယ်လောက် မှန်ကန်ကြောင်း အကြိမ်ကြိမ်အခါခါ သက်သေပြခဲ့ပြီးပြီပဲလေ။
"မင်းကို ဘယ်လို ရှင်းပြရမလဲတောင် မသိဘူး... ကိုယ့် ညွှန်ကြားချက်အတိုင်းသာ လုပ်... ဈေးကွက် ပိတ်တဲ့အချိန်ကျရင် အကုန် ပြန်ရောင်းပြီး ရှင်းထုတ်လိုက်..."
ယဲ့ဖန် ပြောပြီးသည်နှင့် သူ့ ခုတင်ဆီသို့ ပြန်သွားပြီး ဆက်လက် အိပ်စက်နေလိုက်တော့သည်။
အန်းကျူ ပရင့်စ်လည်း သူ့ကို ဆက်မနှောင့်ယှက်တော့ဘဲ ဈေးကွက်ကိုသာ ဆက်လက် စောင့်ကြည့်နေလိုက်တော့သည်။
အစပိုင်းမှာတော့ ဈေးကွက်က အရှိန်မသေဘဲ နည်းနည်း ထပ်ကျနေသေး၏။
သို့သော်၊ မကြာခင်မှာပဲ... တကယ်ကြီး ပြန်တက်လာပြီး... တက်သည့် အရှိန်ကလည်း အရမ်းကို ကြမ်းတမ်းလွန်းလှသည်။
အန်းကျူ ပရင့်စ် ယဲ့ဖန်ကို လုံးဝ ယုံကြည်သွားတော့သည်။
ဒီလောက် တိကျသော ဆုံးဖြတ်ချက်မျိုးက... နတ်ဘုရား တစ်ပါးလိုပါပဲ။
တခါတလေကျရင် ဒီလူက ဂြိုဟ်သားများလားဟုတောင် သူမ တွေးမိသည်။
မဟုတ်လျှင် ဘယ်လိုလုပ် ဒီလောက် မယုံနိုင်စရာ ကောင်းသော အရာတွေကို လုပ်နိုင်မည်နည်း..။
ကြိုပွိုင့်ဈေးကွက် အပေါ် သူ၏ သုံးသပ်ချက်က တိကျလွန်း၍ ကြက်သီးထစရာ ကောင်းလှသည်။
ဈေးကွက်က သူ့အမိန့်ကို နာခံနေသလိုမျိုး... သူ တက်စေချင်ရင် တက်လာပြီး... သူ ကျစေချင်ရင် ကျသွားတာမျိုး...
ဘယ်မိန်းမကများ ဒီလို ယောက်ျားမျိုးကို စိတ်မဝင်စားဘဲ နေနိုင်မည်နည်း...။
—-----
တစ်ချိန်တည်းမှာပင်... အန်းကျူ မိသားစု တစ်ခုလုံး ထပ်မံ ပွက်လောရိုက်သွားပြန်လေသည်။
"ဘုရားရေ... ဈေးကွက်က တကယ်ကြီး ပြန်တက်လာတာလား... ဒီလောက်ထိ ဆန်းကြယ်ဖို့ လိုလို့လား..."
"ဟုတ်တယ်... အန်းကျူ ပရင့်စ်က ဈေးကျတုန်းက အများကြီး မြတ်လိုက်ပြီးပြီ... အခု ပြန်တက်လာတော့လည်း ထပ်မြတ်ဦးမှာလား..."
"ငါ ခုနက သတင်း တွေ့လိုက်တယ်... OPEC တာဝန်ရှိသူက ကောလာဟလတွေကို ထွက်ရှင်းလိုက်တယ်... ထုတ်လုပ်မှု တိုးမြှင့်မယ့် အစီအစဉ် လုံးဝ မရှိပါဘူးတဲ့... ခုနက သတင်းက သတင်းအမှားတဲ့..."
"ငါတော့ တုံးသွားပြီ... ဒီလို ကစားလို့ ရသေးတာလား... သတင်းအမှား တစ်ခုကြောင့် ဈေးကွက်က (၂၀) ရာခိုင်နှုန်း ထိုးကျသွားတယ် ဆိုတာ... ဟာသ တစ်ပုဒ်လိုပဲ..."
"ဒီကိစ္စ နောက်ကွယ်မှာ လက်ဝါးကြီးအုပ် အဖွဲ့အစည်း (Consortium) တစ်ခုခု ရှိနေမှာ သေချာတယ်..."
"အန်းကျူ ပရင့်စ်က အဲ့ဒီ အဖွဲ့အစည်းက လူတစ်ယောက်ယောက်နဲ့ သိနေတာများလား... သူ အတွင်းသတင်းကို ကြိုရလိုက်တာလား..."
"မင်းရဲ့ စိတ်ကူးယဉ်မှုကတော့ လွန်လွန်းနေပြီ... တကယ်လို့ သူသာ အဲ့ဒီလို လူမျိုးနဲ့ သိနေရင်... ငါတို့ မိသားစုက သူ့ကို တန်ဖိုးထားလွန်းလို့ ခေါင်းပေါ် တင်ထားတာ ကြာလှပြီ..."
"ဒါဆို သူ ဘယ်လိုလုပ် ဒီလောက် တိကျအောင် ခန့်မှန်းနိုင်တာလဲ..."
"ဘယ်သူ သိမှာလဲ... ဒါက ပိုက်ဆံ အများကြီး ရှာနိုင်တဲ့ ပညာရပ်လေ... သူ သေချာပေါက် ပြောပြမှာ မဟုတ်ဘူး..."
မိသားစု မျိုးဆက်သစ်တွေတင် မက.. မိသားစု အစည်းအဝေး ခန်းမထဲမှာ စောင့်ကြည့်နေကြသော အကြီးအကဲတွေပါ ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြလေသည်။
သူတို့ ခုနကမှ အန်းကျူ ပရင့်စ် အတွက် စိတ်မကောင်း ဖြစ်နေကြ၏။... ယခုတော့ ထို စကားတွေက သူတို့ မျက်နှာကို ပြန်ရိုက်လိုက်သလိုပါပင်။
တကယ်တမ်းကျတော့... အန်းကျူ ပရင့်စ်က နောက်ထပ် တစ်ကြိမ် အတိကျဆုံး ဆုံးဖြတ်ချက် ချလိုက်နိုင်ပြန်သည်ကိုး...။
"ဒီ ကလေးမလေး အန်းကျူ က တကယ့်ကို နတ်ဘုရားလိုပဲ..."
"ဒီ ဈေးကွက်က သူ့အပိုင်လို ဖြစ်နေသလိုပဲ... သူ တက်စေချင်ရင် တက်တယ်... သူ ကျစေချင်ရင် ကျတယ်..."
"ဒီ အရှိန်အဟုန် အတိုင်းဆိုရင်... ဈေးကွက် မပိတ်ခင် (၁၀) ရာခိုင်နှုန်းလောက် ပြန်တက်လာနိုင်တယ်..."
"သူက (၅) ဆ လဲဗရိတ် ယူထားတာလေ... (၁၀) ရာခိုင်နှုန်း တက်ရင်... သူ နောက်ထပ် သန်း (၅၀) ထပ်ရမှာ မဟုတ်ဘူးလား..."
"ဆိုလိုတာက... သူ ဒီည တစ်ညတည်းနဲ့ သန်း (၁၀၀) အမြတ် ရသွားတာပေါ့... စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဝင်ငွေက သန်း (၁၅၀) ဖြစ်သွားပြီ..."
"ကြည့်ရတာ... ဒီပြိုင်ပွဲကို ဆက်လုပ်နေစရာ မလိုတော့ဘူး ထင်တယ်... တစ်ပတ် အတွင်း သန်း (၁၅၀) ရှာနိုင်တဲ့လူ ဘယ်သူ ရှိဦးမှာလဲ..."
"ဟူး... ငါသာ စောစောက သိရင် လိုက်လုပ်ပါတယ်... အခွင့်အရေး ကောင်းကြီး လွတ်သွားပြီ..."
အကြီးအကဲ တချို့က အံ့သြနေကြသလို... တချို့က နားမလည်နိုင် ဖြစ်နေကြပြီး... တချို့ကတော့ နောင်တ ရနေကြလေသည်။ မျက်နှာထား အမျိုးမျိုး ယှက်သမ်းနေကြသည်ဟု ဆိုနိုင်လေသည်။
အန်းကျူ တေလာ တစ်ယောက်တည်းသာ ပြုံးနေလေသည်။
အခြေအနေကို ကြည့်ရသည်မှာ... သူ ဤတစ်ကြိမ် လောင်းကြေးထပ်လိုက်ခြင်းက မှန်ကန်သွားခဲ့ပြီ ဖြစ်ကာ... ငွေကြေးပမာဏ တစ်ခုတော့ ရရှိလိုက်မည့် ပုံပေါ်နေချေပြီ။
ဈေးကွက် မပိတ်သိမ်းမီ ဆယ်ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့မည် ဆိုပါက... သူသည် အမြတ်ငွေ သန်း (၅၀) အထိ ရရှိနိုင်ပေလိမ့်မည်။
နေ့တစ်ဝက်တာ ကာလအတွင်းမှာပင် သန်း (၅၀) မျှ ရရှိသွားခြင်း ဖြစ်ပေသည်။
ထို့ပြင် ဤငွေကြေးကို မိသားစုနှင့်သာမက ဇနီးသည်နှင့်ပါ ခွဲဝေပေးနေစရာ မလိုတော့ချေ..။
ဤအရာကား သူ့အတွက် စစ်မှန်သော ကိုယ်ပိုင် ဘဏ္ဍာတိုက်လေး တစ်ခုပင် ဖြစ်နေတော့သည် မဟုတ်ပါလော။
တွေးကြည့်ရုံနှင့်တင် ပျော်စရာ ကောင်းနေ၏။
သို့သော်၊... နောင်တ အနည်းငယ်တော့ ရမိသေးသည်။
သူ အရမ်း ရှေးရိုးဆန်လွန်းနေသေးသည်ကိုး...။
အန်းကျူ ပရင့်စ်၏ ခန့်မှန်းချက် ဒီလောက် မှန်ကန်မည်မှန်း သိခဲ့လျှင်... သူလည်း လိုက်ပြီး ပိုဝယ်လိုက်မည်လေ...။
ထိုအတွေး ဝင်လာသည်နှင့် တစ်ပြိုင်နက်... သူ လန့်ဖျပ်သွားရလေသည်။
အတွေ့အကြုံရှိတဲ့ စီးပွားရေးသမား တစ်ယောက် အနေနဲ့... လောဘ ဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ သူ ကောင်းကောင်း သိလေသည်။
လောဘကြောင့် လူဘယ်နှယောက်လောက်များ တွင်းနက်ထဲ ကျခဲ့ရပြီနည်း...
သင့်တော်သည့် အချိန်မှာ ရပ်တန့်နိုင်ခြင်းကသာ ဘုရင်တစ်ပါး၏ လမ်းစဉ်ပင်။
အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး... ဈေးကွက် ပိတ်ချိန် ရောက်သောအခါ... ဈေးနှုန်းက တကယ်ကြီး (၁၀) ရာခိုင်နှုန်းလောက် တက်လာခဲ့လေသည်။
အန်းကျူ ပရင့်စ်၏ ရန်ပုံငွေသည် ကနဦး သန်း (၅၀) မှ သန်း (၁၅၀) အထိ တိုးပွားလာခဲ့ပြီ ဖြစ်လေ၏။
သူမသည် ဒီပြိုင်ပွဲ၏ အနိုင်ရရှိမှုကို ကြိုတင် သေချာစေလိုက်ပြီ ဖြစ်သည်။
ဒါက တကယ့်ကို အံ့ဖွယ်ရာ တစ်ခုပါပင်။
တစ်ညတည်း၏ ရန်ပုံငွေကို သုံးဆ ဖြစ်အောင် လုပ်နိုင်တဲ့လူ ဘယ်နှယောက်များ ရှိမည်နည်း..။
မိုးလင်းသောအခါ... အန်းကျူ တေလာသည် မိသားစု အကြီးအကဲများကို ကိုယ်စားပြုပြီး အန်းကျူ ပရင့်စ်ထံသို့ ဖုန်းဆက်လိုက်လေသည်။
"ဟယ်လို... သမီး ပရင့်စ်... မိသားစု ကိုယ်စား ဖေဖေ ဂုဏ်ပြုပါတယ်..."
ဖုန်းတစ်ဖက်ခြမ်းမှ အန်းကျူ ပရင့်စ်သည် ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ အတော်လေး ပျော်ရွှင်သွားရလေသည်။
"ကျေးဇူးတင်ပါတယ် ဖေဖေ... သမီး သင်ယူစရာတွေ အများကြီး လိုပါသေးတယ်..."
"ဒီနေ့ သမီး နောက်ကို လိုက်ပြီး ဖေဖေလည်း မုန့်ဖိုးလေး နည်းနည်းတော့ ရလိုက်တယ်... ပြောရရင် သမီးကို ကျေးဇူးတင်ရဦးမယ်..."
"ဒါက ဖေဖေ့ရဲ့ သတ္တိကြောင့်ပါ... သမီး အကောင်း ပြောမခံရဲပါဘူး..."
အန်းကျူ ပရင့်စ် နှိမ့်ချစွာ ပြုံးလိုက်လေသည်။
အခန်း (၁၆၆၆) - အကွက်တွေကတော့ မြို့ကြီးသားမှ မြို့ကြီးသား
~"ဒီပြိုင်ပွဲမှာ သမီးက ကြိုပြီး နိုင်နေပြီ... မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ တိုင်ပင်ပြီး လာမယ့်နှစ်အတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ ဆွဲလိုက်တော့မယ်..."
အန်းကျူ တေလာက သတင်းစကား ပါးလိုက်လေသည်။
အန်းကျူ ပရင့်စ် ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားလေသည်။
"ဟုတ်ကဲ့ပါ ဖေဖေ... သမီး မိသားစုရဲ့ အရင်းအမြစ်တွေကို အကျိုးရှိအောင် အသုံးချပါ့မယ်..."
ထို့နောက် သူတို့ နှစ်ဦး ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် ဖုန်းချလိုက်ကြလေသည်။
အန်းကျူ ပရင့်စ်က ဖုန်းကို ချလိုက်ပြီး... ဤ သတင်းကောင်းကို ယဲ့ဖန်အား ဝေမျှရန်အတွက် အိပ်ခန်းထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားလိုက်လေသည်။
သို့သော် တံခါးကို တွန်းဖွင့်လိုက်သောအခါ... ယဲ့ဖန်မှာ အိပ်မက် ကမ္ဘာထဲတွင် နှစ်ခြိုက်စွာ ပျော်ဝင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့်... သူမ၏ အကြံအစည်ကို လက်လျှော့လိုက်ရတော့သည်။
'ကျေးဇူးတင်ပါတယ် ယဲ့ဖန်...'
သူမက တံခါးဝတွင် ရပ်ရင်း ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်နေမိလေသည်။
ယဲ့ဖန်နှင့် စတွေ့ကတည်းက... သူမ၏ ကံတရားများက ပိုပိုပြီး ကောင်းမွန်လာသည်ကို သူမ သတိထားမိသည်။
ပထမဦးစွာ ဆိုရလျှင်... သူသည် ဆိုသဘီး လေလံအိမ်တော်အတွက် ယွမ်ငွေ (၁၀) ဘီလီယံကျော် တန်ဖိုးရှိသည့် ရှားပါး ရှေးဟောင်းပစ္စည်းများကို ရရှိအောင် ကူညီပေးခဲ့လေသည်။ ထိုအကြောင်းရင်းကြောင့်ပင် ဆိုသဘီး၏ အရောင်းပမာဏမှာ အကြီးအကျယ် တိုးတက်မြင့်မား သွားခဲ့ရပြီး... သူမသည်လည်း ဒုတိယ ဥက္ကဋ္ဌ ရာထူးနေရာသို့ ချက်ချင်းဆိုသလို တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရပေသည်။
ယခုတစ်ဖန်လည်း... ဘဏ္ဍာရေး လောက တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြား သွားစေလောက်သည့် ကိစ္စရပ်ကြီး တစ်ခုကို သူမနှင့်အတူ လက်တွဲကာ အောင်မြင်အောင် လုပ်ဆောင်ပေးခဲ့ပြန်ချေပြီ။
ဤမျှ ကြီးမားသော ကျေးဇူးတရားများကို... သူမ မည်သို့များ ပြန်လည် ပေးဆပ်ရပါမည်နည်း။
အန်းကျူ ပရင့်စ်က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး... ဆုံးဖြတ်ချက် တစ်ခု ချလိုက်သကဲ့သို့ အိပ်ခန်းထဲမှ ဖြည်းညင်းစွာ ပြန်ထွက်လာခဲ့လေသည်။
ယဲ့ဖန် နိုးလာတော့ မနက် (၉) နာရီလောက် ရှိနေပြီ ဖြစ်သည်။
သူက အိပ်ရာထပြီး အခန်းပြင် ထွက်လာခဲ့သော်လည်း... အန်းကျူ ပရင့်စ်ကို မတွေ့ရပေ။
"ပရင့်စ်..."
သူ လှမ်းခေါ်လိုက်သော်လည်း... ဘာသံမှ ပြန်မကြားရပေ။
ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း... လသာဆောင်မှာရော မီးဖိုချောင်မှာပါ သူမ အရိပ်အယောင် မတွေ့ရပေ။
သူ ရေချိုးခန်းဘက်သို့ သွားလိုက်ပြီး တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကို ခေါက်လိုက်လေသည်။
"ပရင့်စ်... အထဲမှာလား..."
ထပ်ပြီး ဘာသံမှ မကြားရပေ။
ဒါက သူ့ကို နားမလည်နိုင်အောင် ဖြစ်စေသည်။ ဒီမနက်စောစောစီးစီး သူ ဘယ်ရောက်သွားတာလဲ...
လေ့ကျင့်ခန်း သွားလုပ်တာများလား...
သူ့ ခွန်အားတွေက သိပ်များလွန်းနေတယ် မဟုတ်လား...
ယဲ့ဖန် ခေါင်းခါလိုက်ပြီး... ရေချိုးခန်း တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်လေသည်။
ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်... သူ ကျောက်ရုပ် တစ်ရုပ်ပမာ တောင့်တင်းသွားရတော့သည်။
အန်းကျူ ပရင့်စ်၏ သန့်စင်ခန်းနှင့် ရေချိုးခန်းက ဆက်နေသည်။ သန့်စင်ခန်းက အပြင်ဘက်မှာ ရှိပြီး... ရေချိုးခန်းက အတွင်းဘက်မှာ ရှိသည်။
သူမ၏ ရေချိုးခန်းထဲတွင် ရေချိုးကန် တစ်ခု ရှိလေသည်။
ထိုအချိန်တွင်... အန်းကျူ ပရင့်စ်သည် ရေချိုးကန်ထဲတွင် လှဲလျောင်းနေပြီး... အဖြူရောင် ရေမြှုပ်များဖြင့် ဖုံးလွှမ်းထားကာ... သူမ၏ ခေါင်းနှင့် ပခုံးသား တစ်ဖက်ကိုသာ ဖော်ပြထားလေသည်။
သူမ၏ ဆံပင်များကို တူ တစ်ချောင်းဖြင့် သာမန်ကာ လျှကာ ထိုးထားပြီး... ကြည့်ရတာ အလွန် လွတ်လပ်ပေါ့ပါးနေပုံ ရလေသည်။
"အာ... တောင်းပန်ပါတယ်... ကိုယ် ရှူးပေါက်ချင်လို့ ဝင်လာတာ... မင်း အထဲမှာ ရှိနေမှန်း မသိလို့..."
ယဲ့ဖန် ပြာယာခတ်သွားလေသည်။ ချက်ချင်း လှည့်ထွက်သွားချင်သော်လည်း... ခြေထောက်များက စကားနားမထောင်တော့ပေ။
တစ်ဖက်တွင်မူ... အန်းကျူ ပရင့်စ်၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင် လုံးဝ မတွေ့ရပေ။ ထို့အစား သူမက ပြုံးပြီး ကြည့်နေလေသည်။
"ဘာ ကြောက်နေတာလဲ... ကျွန်မက ရှင့်ကို စားလိုက်မှာ ကြောက်လို့လား..."
ယဲ့ဖန် အလျင်အမြန် ခေါင်းခါလိုက်လေသည်။
"ကိုယ်က ကြောက်ရမယ် ဟုတ်လား... ယောကျ်ားလေးလေ... ဘာကြောက်စရာ ရှိလဲ..."
"ယောကျ်ားလေး..."
အန်းကျူ ပရင့်စ်က ထိုစကားလုံးကို သဘောကျသွားပုံ ရလေသည်။ သူမ ပြုံးလိုက်သောအခါ အလွန် လှပလွန်းလှသည်။
ယဲ့ဖန်၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
ဒါပေါ့... သူ့မျက်လုံးတွေတင် ပြူးကျယ်သွားတာ မဟုတ်ပေ။
ရေချိုးကန်က အဖြူရောင်... ရေမြှုပ်တွေက အဖြူရောင်... သို့သော် ၊ ဘယ်အရာကမှ သူမ၏ အသားအရေ ဖြူဝင်းမှုကို မယှဉ်နိုင်ပေ။
ထို ဖြူဝင်းမှုက... ဝိညာဉ်ကိုပါ လှုပ်ခါသွားစေနိုင်လောက်သည်။
"ယဲ့ဖန်... ကျွန်မ လှလား..."
အန်းကျူ ပရင့်စ်က ယဲ့ဖန်ကို မောင်းမထုတ်ဘဲ... မေးခွန်း တစ်ခု မေးလိုက်လေသည်။
"လှတာပေါ့..."
ယဲ့ဖန်က ဒါ မလိုအပ်တဲ့ မေးခွန်းလို့ ခံစားလိုက်ရသည်။
"ဒါဆို... ကျွန်မနဲ့ ဝန်ဒါ ဝူးမန်း (Wonder Woman) ဘယ်သူ ပိုလှလဲ..."
အန်းကျူ ပရင့်စ်က နောက်ထပ် မေးခွန်း တစ်ခု ထပ်မေးလိုက်ပြန်သည်။
"ဒါပေါ့... မင်းက ပိုလှတာပေါ့..."
ယဲ့ဖန်က သူမတို့ နှစ်ယောက် တန်းတူလောက်ပဲဟု ခံစားရသော်လည်း... ဒီအချိန်မှာ တုံ့ဆိုင်းနေစရာ လိုသေးလို့လားလေ။
"ဟွန့်... ရှင်က တကယ် ပြောတာလည်း မဟုတ်ဘဲနဲ့..."
အန်းကျူ ပရင့်စ်က နှုတ်ခမ်းစူပြီး ချွဲနွဲ့လိုက်လေသည်။ သူမ၏ ပုံစံက အလွန် ဆွဲဆောင်မှု ရှိလှသည်။
ချက်ချင်းပင်... ယဲ့ဖန်ကို ဆွံ့အသွားစေမည့် မေးခွန်း တစ်ခု ထပ်မေးလိုက်ပြန်သည်။
"ဒါဆို ရှင်... သူနဲ့... သူနဲ့ အတူတူ ဖြစ်ချင်လား..."
"မဖြစ်ချင်ပါဘူး..."
ယဲ့ဖန် ချက်ချင်း ငြင်းလိုက်လေသည်။
"တကယ်လား... မယုံပါဘူး... သူက အရမ်း လှတာလေ... ကျွန်မတို့ အင်ပါယာနဲ့ အိမ်နီးချင်း အမေရိကန်က ယောကျ်ားတွေ အများကြီးက သူ့ကို စိတ်ကူးယဉ် အိပ်မက် (Fantasy) အဖြစ် သတ်မှတ်ထားကြတာ... ရှင်က ဘယ်လိုလုပ် စိတ်ကူး မရှိရမှာလဲ..."
အန်းကျူ ပရင့်စ်က သူ့စကားကို လုံးဝ မယုံကြည်ပေ။
"..."
ယဲ့ဖန် ပြောစရာ စကား မရှိတော့ပေ။
သို့သော်... ခဏအကြာတွင်... အန်းကျူ ပရင့်စ်၏ ရေချိုးကန် ဘေးတွင် တပ်ဆင်ထားသော ဝန်ဒါ ဝူးမန်း ဝတ်စုံ (Wonder Woman Costume) တစ်စုံကို သူ သတိထားမိလိုက်လေသည်။
သူ့မျက်နှာထား ချက်ချင်း ပြောင်းလဲသွားတော့သည်။
"မင်း ဘာလို့ အဲ့ဒီ မေးခွန်း မေးတာလဲ..."
"ဘာလို့လဲ ဆိုတော့... ကျွန်မက ဝန်ဒါ ဝူးမန်း အဖြစ် သရုပ်ဆောင်လို့ ရတယ်လေ..."
အန်းကျူ ပရင့်စ်က ပြောပြောဆိုဆိုပင် ရေချိုးကန်ထဲမှ မတ်တတ်ထရပ်လိုက်လေသည်။
ထို့နောက်... ယဲ့ဖန်၏ ရှေ့မှောက်တွင်ပင် သူမ၏ ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် သုတ်လိုက်ပြီး... ဝန်ဒါ ဝူးမန်း ဝတ်စုံကို အပြည့်အစုံ ဝတ်ဆင်လိုက်ကာ... သူ့ကို စိန်ခေါ်သလို မျက်ခုံးပင့်ပြလိုက်လေသည်။
ယဲ့ဖန် သူမ ဆိုလိုတာကို ချက်ချင်း သဘောပေါက်လိုက်သည်။
"ပြောရမယ် ဆိုရင်တော့... မင်းတို့ မြို့ကြီးသားတွေက တကယ် ကစားတတ်တာပဲ..."
ပြောပြောဆိုဆိုပင် သူက အလျင်အမြန် လှမ်းသွားပြီး သူမကို ပွေ့ချီကာ ရေချိုးခန်းထဲမှ ခေါ်ထုတ်လာခဲ့ပြီး... အိပ်ခန်းထဲရှိ ကုတင်ကြီးပေါ်သို့ တန်းတန်းမတ်မတ် ပစ်တင်လိုက်လေတော့သည်။
အန်းကျူ ပရင့်စ် အနည်းငယ် ပြာယာခတ်သွားပြီး စောင်အောက်သို့ အလျင်အမြန် ဝင်ရောက် ပုန်းအောင်းရန် ကြိုးစားလိုက်လေသည်။
သူမ၏ လှပသော မျက်နှာလေးမှာ နားရွက်များအထိ ရဲတက်သွားပြီး... လည်ပင်းတွေပါ နီရဲကုန်တော့သည်။
"ခုနကတော့ တော်တော် ရဲတင်းနေတာ မဟုတ်ဘူးလား... ဘာလို့ ရုတ်တရက်ကြီး ကြောက်သွားရတာလဲ..."
ယဲ့ဖန် ပို၍ စိတ်လှုပ်ရှားလာလေသည်။
"ရှင်... ရှင် ဘာလုပ်မလို့လဲ.. ကျွန်မက ဝန်ဒါ ဝူးမန်း နော်..."
တကယ်တော့ အန်းကျူ ပရင့်စ်က သရုပ်ဆောင်နေခြင်းသာ ဖြစ်လေသည်။
သူမက စောင်အောက်တွင် ပုန်းအောင်းရင်း ကြောက်ရွံ့ရှက်ရွံ့နေသော အမူအရာ လုပ်ပြနေသော်လည်း... တစ်ချိန်တည်းမှာပင် သူမ၏ ကိုယ်ဟန်အနေအထားက ပြောမပြတတ်အောင် မြင့်မြတ်နေပုံ ပေါက်နေပြန်သည်။
ရေခဲနှင့် မီး ရောစပ်ထားသလို ခံစားချက်မျိုး...
ယဲ့ဖန် ဆက်ပြီး မထိန်းနိုင်တော့ဘဲ... ရှေ့သို့ တိုးဝင်သွားလိုက်တော့သည်။
"..."
ဒီတစ်ခါတော့... နှစ်ယောက်စလုံး စိတ်လှုပ်ရှားလွန်းသွားကြသည် ထင်သည်။
ထို့အပြင်၊ ယဲ့ဖန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အံ့မခန်း ဖြစ်နေပြန်ရာ...
ဘယ်လောက်ကြာသွားမှန်းတောင် သူတို့ မသိလိုက်ကြပေ။
တိုက်ပွဲ ပြီးဆုံး၍ အိပ်ပျော်သွားကြပြီး... ပြန်နိုးလာသော အချိန်မှာတော့ ညပင် ရောက်နေပြီ ဖြစ်လေသည်။
...
ပြန်နိုးလာသောအခါ... အန်းကျူ ပရင့်စ်၏ လှပသော မျက်နှာနှင့် ခန္ဓာကိုယ်ကို မြင်လိုက်ရပြီး... သူမ ဝန်ဒါ ဝူးမန်း အဖြစ် သရုပ်ဆောင်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိလိုက်သည်နှင့်... ယဲ့ဖန် စိတ်အနည်းငယ် လှုပ်ရှားလာပြီး သူမနှင့် ပိုမို နက်ရှိုင်းစွာ ကစားချင်စိတ် ပေါက်လာလေသည်။
ထိုအချိန်မှာပင်... ဖုန်းသံ တစ်ခုက လေထုကို ဖျက်ဆီးလိုက်တော့သည်။
ယဒယဲ့ဖန်က စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ထုတ်ယူလိုက်ပြီး ဆဲရေးရန် ပြင်လိုက်လေသည်။
သို့သော်... ခေါ်ဆိုသူ နာမည်က "ဆာမီယာ"ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ... ဒေါသကို အသာအယာ မျိုသိပ်လိုက်ရလေသည်။
"ဟယ်လို... ဆာမီယာ... ဘာကိစ္စလဲ..."
သူက အန်းကျူ ပရင့်စ်ကို ကျီစယ်ရင်း ဖုန်းကိုင်လိုက်လေသည်။
"ဘောစ့်.. ကျွန်မရဲ့ အထူး သတင်းပေး တစ်ယောက်ဆီကနေ အရေးကြီးတဲ့ သတင်း တစ်ခု ရလိုက်လို့..."
ဖုန်းထဲမှ ဆာမီယာ၏ အသံက တိုးညှင်းနေပြီး... တခြားလူ ကြားသွားမည်ကို ကြောက်ရွံ့နေပုံ ရလေသည်။
ယဲ့ဖန် ချက်ချင်း ထထိုင်လိုက်လေသည်။
"အထူး သတင်းပေး... အရေးကြီး သတင်း ဟုတ်လား... ဘာဖြစ်လို့လဲ..."
"အရင်တုန်းက ကျွန်မ အသက်ကယ်ပေးခဲ့ဖူးတဲ့ မှောင်ခိုဈေးကွက် ကုန်သည်ကြီး တစ်ယောက်လေ..."
ဆာမီယာက အထူး သတင်းပေး အကြောင်း အကျဉ်းချုံး မိတ်ဆက်ပေးလိုက်သည်။
"သူက ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ရှေးဟောင်းပစ္စည်း အချို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မှောင်ခိုဈေးကွက်မှာ လိုက်စုဆောင်းပေးနေတာ..."
"ဒီနေ့ သူ ကျွန်မကို ဖုန်းဆက်လာတယ်... အမည်မသိ ဖောက်သည် တစ်ယောက်ဆီကနေ ကော်မရှင် (Commission) တစ်ခု ရထားတယ်တဲ့... ဒီည သန်းခေါင်ယံကျရင် နေရာတစ်ခုကို သွားပြီး ဖောက်သည်နဲ့ တွေ့ဆုံကာ ပစ္စည်းတစ်ခု သွားယူပေးရမယ်တဲ့..."
"အမည်မသိ ဖောက်သည် ပေးတဲ့ ကော်မရှင်ခက အရမ်း များတယ်တဲ့... ကော်မရှင်ခ အရ တွက်ကြည့်မယ် ဆိုရင်... သူ သွားယူပေးရမယ့် ပစ္စည်း တန်ဖိုးက အနည်းဆုံး ယွမ် သန်း (၅၀၀) လောက် ရှိမယ်..."
“ဒါကြောင့်... ကျွန်မအတွက် အသုံးဝင်မလား ဆိုပြီး လှမ်းမေးတာ…”
အခန်း (၁၆၆၇) - ဝါရင့် ရင်းနှီးမြှုပ်နှံသူကြီးတောင် အံ့သြသွားတယ်
~ယဲ့ဖန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားလေသည်။
"ယွမ် သန်း (၅၀၀) ကျော်တန် ပစ္စည်း ဟုတ်လား..."
"ပြီးတော့ ဆက်သွယ်ဖို့အတွက် မှောင်ခိုဈေးကွက် ကုန်သည်ကိုတောင် အသုံးပြုရတယ် ဆိုတော့... သူ့ကိုယ်သူ အဖော်မခံနိုင်တဲ့ ပုံစံမျိုးပေါ့..."
"ဟုတ်ပါတယ်..."
ဆာမီယာက အလျင်အမြန် ပြန်ပြောလိုက်သည်။
"ဂျယ်ရီ ဘားရိုး မိသားစုရဲ့ ဆက်ခံရရှိတဲ့ ရတနာတွေထဲက တစ်ခု ဖြစ်မယ်လို့ ကျွန်မ သံသယ ဝင်နေတယ်..."
"ဘောစ့်... ကျွန်မတို့ လိုက်သွားကြမလား..."
ယဲ့ဖန် ခဏမျှ စဉ်းစားလိုက်ပြီး အလျင်အမြန် ပြန်ပြောလိုက်လေသည်။
"ခင်ဗျားက အဲ့ဒီ သတင်းပေးနဲ့ပဲ ဆက်သွယ်ထားလိုက်..."
"ကျွန်တော် ခဏနေရင် သွားပြီး စောင့်ကြည့်လိုက်မယ်..."
"ကောင်းပါပြီ... ကျွန်မ အဲ့ဒီ သတင်းပေးရဲ့ ဆက်သွယ်ရန် လိပ်စာ ပေးလိုက်ပါ့မယ်... ပြီးတော့ ရှင့်ကို ဆက်သွယ်ဖို့ သူ့ကို ပြောထားလိုက်မယ်..."
နှစ်ယောက်သား ခဏမျှ ဆက်ပြောပြီးနောက် ဖုန်းချလိုက်ကြလေသည်။
ထိုအချိန်တွင်... အန်းကျူ ပရင့်စ်က ယဲ့ဖန်၏ ရင်ဘတ်ပေါ်သို့ တွားသွားပြီး တက်လာကာ... သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် စက်ဝိုင်းပုံစံ ဆွဲနေရင်း မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ..."
"ဘာမှ မဖြစ်ပါဘူး... ကိစ္စ အသေးအဖွဲလေးပါ..."
ယဲ့ဖန်က ဒီလို အန္တရာယ်များသည့် ကိစ္စကို သူမအား အသိပေးဖို့ အစီအစဉ် မရှိပေ။
သို့သော် အန်းကျူ ပရင့်စ်က အလွန် ဇွဲကောင်းလှသည်။
"ရှောင်ဖန်... ကျွန်မတို့က တစ်သားတည်း ဖြစ်နေပြီလေ... တစ်ယောက်နဲ့ တစ်ယောက် ဘာမှ လျှို့ဝှက်မထားကြေး... နော်..."
ပြောပြောဆိုဆိုပင်... အန်းကျူ ပရင့်စ်က သူမ၏ မေးစေ့လေးကို ယဲ့ဖန်၏ ရင်ဘတ်ပေါ် တင်လိုက်ပြီး... ရေလွှမ်းနေသော မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့် သူ့ကို စိုက်ကြည့်လိုက်လေသည်။
ထိုအကြည့်ကို မြင်လိုက်ရသောအခါ ယဲ့ဖန် ဘာမှ ဆက်မပြောနိုင်တော့ဘဲ... ဖြစ်ပျက်ခဲ့သမျှကို ရိုးရိုးရှင်းရှင်းပင် ပြောပြလိုက်လေတော့သည်။
"ဘယ်လို..."
မမျှော်လင့်ဘဲ... အန်းကျူ ပရင့်စ်၏ မျက်လုံးများ အရောင်လက်သွားလေသည်။
" ဒီည မှောင်ခိုဈေးကွက် အရောင်းအဝယ်ကို သွားကြည့်မလို့လား..."
"ဒါဆို ကျွန်မကိုပါ ခေါ်သွား..."
"ကျွန်မက ဘက်တ်မန်း (Batman) တို့၊ ဝန်ဒါ ဝူးမန်း (Wonder Woman) တို့လိုမျိုး တစ်နေ့ကျရင် လျှို့ဝှက် စွန့်စားခန်းတွေ လုပ်ရမယ်လို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာ..."
"ဒါပေမယ့် အရင်တုန်းက မိသားစု စည်းကမ်းတွေ တင်းကျပ်လွန်းလို့ ကိုယ်တိုင် မလုပ်နိုင်ခဲ့ဘူး..."
ယဲ့ဖန်က သဘာဝကျစွာပင် သဘောမတူပေ။
သို့သော် အန်းကျူ ပရင့်စ်က 'ဝန်ဒါ ဝူးမန်း' ဇာတ်ရုပ်ကို ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်း သိနေလေသည်။
သူမက ယဲ့ဖန်ကို ခဏလောက် ချွဲနွဲ့လိုက်သောအခါ... ယဲ့ဖန် နောက်ဆုံးတော့ သဘောတူလိုက်ရလေသည်။
"ကောင်းပြီလေ... မင်း ဒီလောက်တောင် တောင်းဆိုနေမှတော့... မတတ်သာတဲ့အဆုံး ခေါ်သွားရတာပေါ့..."
ယဲ့ဖန်က သူမ၏ နူးညံ့အိစက်သော ပါးလေးကို အသည်းယားစွာ ဆွဲညှစ်လိုက်လေသည်။
ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒါပေမယ့်... အခု ကိုယ့်အခြေအနေကို ပြောပြပြီးပြီ ဆိုတော့... မင်းလည်း ကိုယ့်ကို ပြောပြစရာ တစ်ခုခု ရှိနေမယ် ထင်တယ်..."
"မ... မရှိပါဘူး... ကျွန်မ ရှင့်ကို ဘာမှ ဖုံးကွယ်မထားပါဘူး..."
အန်းကျူ ပရင့်စ် ရုတ်တရက် ပြာယာခတ်သွားပြီး... ဘာကြောင့် ထိုသို့ ပြောလိုက်မိမှန်းတောင် မသိလိုက်ပေ။
"ဘာမှ ဖုံးကွယ်မထားဘူး ဟုတ်လား... ခုနက ခင်ဗျား ကွန်ပျူတာထဲမှာ 'သုတေသန အချက်အလက်များ' (Research Materials) ဆိုတဲ့ ဖိုင်တွဲ တစ်ခု တွေ့လိုက်တယ်... ဖွင့်ကြည့်လိုက်တော့ စိတ်ဝင်စားစရာ ကောင်းတဲ့ ရုပ်ရှင်တွေ အများကြီးပဲ... ခင်ဗျား ဒီလို ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ပရင့်စ်..."
ယဲ့ဖန်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်လေသည်။
အန်းကျူ ပရင့်စ်၏ မျက်နှာ ရဲတက်သွားတော့သည်။
"ကျွန်... ကျွန်မက... သိချင်စိတ်နဲ့ ကြည့်မိရုံပါ... တစ်ခါကြည့်ပြီးတော့ နောက်ထပ် မကြည့်တော့ပါဘူး..."
"ဟွန့်... ယုံမယ် ထင်လား..."
ယဲ့ဖန် နှုတ်ခမ်းစူလိုက်မိသည်။
အန်းကျူ ပရင့်စ် ရှက်လွန်းသဖြင့် ဒေါသထွက်လာလေသည်။
"ကြည့်ဖူးတော့ရော ဘာဖြစ်လဲ... ကျွန်မက ဒီနှစ် (၂၃) နှစ် ရှိနေပြီ... လူကြီး ရုပ်ရှင် ကြည့်တာ ဘာမှားလို့လဲ..."
"မမှားပါဘူး..."
ယဲ့ဖန် ချက်ချင်းပင် ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။
"အဲ့ဒီထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အကွက် (Moves) တချို့ တွေ့လိုက်တယ်... စမ်းကြည့်မလား..."
"ထပ်ပြီးတော့လား... ဒီနေ့ ဘယ်နှကြိမ် ရှိနေပြီလဲ... ရှင် သေချင်နေတာလား..."
အန်းကျူ ပရင့်စ်က ဒီကိစ္စမှာ ပျော်မွေ့နေပြီ ဖြစ်သော်လည်း... တစ်နေကုန် ဆိုလျှင်တော့ မည်သူမှ ခံနိုင်မှာ မဟုတ်ပေ။
"ဒါ နောက်ဆုံး အကြိမ်ပါ... ကတိပေးတယ်..."
"ကျွန်မတို့ လုပ်စရာတွေ ရှိသေးတယ်လေ..."
"မလောပါနဲ့... ဆက်ကြရအောင်..."
တစ်နာရီ ကြာပြီးနောက်... ယဲ့ဖန်သည် ကျေနပ်အားရစွာဖြင့် အန်းကျူ ပရင့်စ်၏ နေအိမ်မှ ထွက်ခွာလာခဲ့လေသည်။
သူသည် ဆာမီယာ ပြောထားသော၊ သူမ၏ သီးသန့် သတင်းပေးလည်း ဖြစ်သော မှောင်ခိုဈေးကွက် ကုန်သည်ကြီး ဆက်သွယ်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
တစ်ချိန်တည်းမှာပင်... သူ့ကို အံ့သြစရာ (Surprise) တစ်ခု ပေးဦးမည်ဟု ပြောထားသော အန်းကျူ ပရင့်စ်ကိုလည်း စောင့်ဆိုင်းနေလေသည်။
သို့သော်... သူ အတွေးနက်နေစဉ်မှာပင်... ရုတ်တရက် ဖုန်းမြည်လာသဖြင့် လန့်ဖျပ်သွားရလေသည်။
ဖုန်းကို ထုတ်ကြည့်လိုက်ရာ... မသိသော နံပါတ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
ဆာမီယာ ပြောထားသော သတင်းပေး ဖြစ်လောက်မည်ဟု ခန့်မှန်းမိသဖြင့်... ယဲ့ဖန် ချက်ချင်း ကိုင်လိုက်လေသည်။
ထင်ထားသည့်အတိုင်းပင်... တစ်ဖက်မှ ရိုသေလေးစားသော အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာလေသည်။
"ဟယ်လို... ဘောစ့် ယဲ့ လားခင်ဗျ..."
"ကျွန်တော်က မစ် ဆာမီယာ ပြောထားတဲ့ ဂျွန်ဘူး (John Bull) ပါ..."
"ကျွန်တော့်ကို ပစ္စည်း လာပေးမယ့်သူက အများသုံး တယ်လီဖုန်းကနေ ဆက်သွယ်လာပါပြီ..."
"ဒီည သန်းခေါင်ယံကျရင် သတင်းစောင့်နေပါတဲ့..."
"..."
ယဲ့ဖန် ချက်ချင်း ပြန်ပြောလိုက်ပြီး... အသေးစိတ် အချက်အလက်များကို ဆက်လက် မေးမြန်းလိုက်လေသည်။
သူ့ တည်နေရာ၊ ပုံပန်းသွင်ပြင်နှင့် သူတို့ ဘယ်လို အရောင်းအဝယ် လုပ်လေ့ရှိသလဲ ဆိုတာတွေ အပါအဝင်ပေါ့...။
...
တစ်ချိန်တည်းမှာပင်... ယဲ့ဖန် ..ဂျွန်ဘူးနှင့် ဖုန်းပြောနေစဉ်... သမုဒ္ဒရာ တစ်ဖက်ခြမ်းတွင်...
ဝါရင့် ရင်းနှီးမြှုပ်နှံသူကြီး 'ဘတ်ဖတ်' (Buffett) သည် သူ့ရုံးခန်းထဲတွင် အစီရင်ခံစာ တစ်စောင်ကို ဖတ်ရှုနေလေသည်။
ရုတ်တရက်... ရုံးခန်းတံခါး ခေါက်သံ ကြားလိုက်ရ၏။
"ဝင်ခဲ့..."
ဘတ်ဖတ်က အစီရင်ခံစာကို ချလိုက်ပြီး... လက်ချောင်းများကို ယှက်ကာ တံခါးပေါက်ဘက်သို့ မော့ကြည့်လိုက်လေသည်။
ထိုအချိန်တွင်... သူ့လက်ထောက် 'ဒက်ဘီ' (Debbie) က စာရွက်စာတမ်း တစ်စောင်ကို ကိုင်ကာ ဝင်လာခဲ့လေသည်။
"ဆရာ... ဒါလေး တစ်ချက် ကြည့်ပေးပါဦး..."
"ဘာလဲ..."
ဘတ်ဖတ် စိတ်ဝင်တစား လှမ်းယူလိုက်လေသည်။
"ဒီနေ့ ရေနံစိမ်း ကြိုပွိုင့်ဈေးကွက်မှာ ထူးဆန်းတဲ့ ငွေကြေး စီးဆင်းမှု တစ်ခုကို ကျွန်မတို့ သတိထားမိလိုက်လို့ပါ..."
ပြောပြောဆိုဆိုပင် သူမက စာရွက်ပေါ်ရှိ မျဉ်းကွေးတစ်ခုကို ညွှန်ပြပြီး ရှင်းပြလိုက်လေသည်။
"ငွေပမာဏက သိပ်မများပါဘူး... အမေရိကန်ဒေါ်လာ သန်း (၅၀၀) အောက်ပဲ ရှိပါတယ်... ဒါပေမယ့် ကြိုပွိုင့်ဈေးကွက်ထဲမှာတော့ ရေထဲက ငါးတစ်ကောင်လိုပဲ... သူတို့က အရင်ဆုံး ရေနံစိမ်း ဈေးကျမယ့်ဘက်ကနေ လောင်းတယ် (Short Selling)... ပြီးတော့ ရေနံစိမ်း (၂၀) ရာခိုင်နှုန်းလောက် ကျသွားတဲ့ အချိန်မှာ... ချက်ချင်း ပြောင်းပြီး ဈေးတက်မယ့်ဘက်ကနေ လောင်းတယ် (Long Position)... နောက်ဆုံးတော့ ရေနံစိမ်း (၁၀) ရာခိုင်နှုန်းလောက် တက်လာတဲ့ အချိန်မှာ အကုန် ပြန်ရောင်းထုတ်လိုက်တယ်..."
အသေးစိတ် အချက်အလက်များကို ဖတ်ပြီးသောအခါ... ဘတ်ဖတ်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ယှက်သမ်းလာလေသည်။
"တစ်ဖက်လူရဲ့ ရေနံစိမ်း ဈေးကွက် အတက်အကျ ခန့်မှန်းမှုက အရမ်း တိကျလွန်းတယ်... OPEC က လူတွေ ဈေးကစားနေတာများလား..."
"မဟုတ်ပါဘူး..."
ဒက်ဘီ ခေါင်းခါလိုက်လေသည်။
"ကျွန်မတို့ စုံစမ်းသိရှိရသလောက်တော့... ရန်ပုံငွေက နေမဝင် အင်ပါယာကနေ လာတာပါ... ဒါပေမယ့် အကောင့်ပိုင်ရှင်က တရုတ်လူမျိုးပါ..."
"တရုတ်လူမျိုး ဟုတ်လား... တရုတ်ပြည်မှာ ဒီလို ပါရမီရှင်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ..."
ဘတ်ဖတ် အံ့သြလွန်းသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။
တရုတ်ပြည်ရဲ့ စတော့ဈေးကွက်က အခုထိ မပြည့်စုံသေးဘူး။ အဲ့ဒီလို ပတ်ဝန်းကျင်မျိုးမှာ... တကယ့် ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် မွေးထုတ်ပေးနိုင်ဖို့ ဆိုတာ အရမ်း ခက်ခဲတယ်။
ဒါပေမယ့် အခု... ကြိုပွိုင့်ဈေးကွက်ရဲ့ အတက်အကျကို တိတိကျကျ ခန့်မှန်းနိုင်တဲ့ ဒီကျွမ်းကျင်သူက အဲ့ဒီက လာတာလို့ သူ့လက်ထောက်က ပြောနေတယ်။
မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်လို့ပဲ သူ ခံစားမိလိုက်သည်။
"ဟုတ်တယ်... ကျွန်မတို့လည်း အစက မယုံနိုင်ဘူး... ဒါပေမယ့် အကြိမ်ကြိမ် အတည်ပြုပြီးတဲ့ နောက်မှာတော့... ဒီaccရဲ့ အချက်အလက်တွေက တရုတ်ပြည်ကဆိုတာ သေချာသွားတယ်..."
"တစ်ဖက်လူက အခု နေမဝင် အင်ပါယာမှာ ရှိနေလောက်တယ်... သူ့accရဲ့ IP လိပ်စာက အဲ့ဒီမှာ ပြနေတယ်..."
"တစ်ချိန်တည်းမှာပဲ... နေမဝင် အင်ပါယာမှာလည်း သူ့လိုပဲ လုပ်ဆောင်ပြီး သန်း (၁၀၀) အမြတ်ရသွားတဲ့ အကောင့် တစ်ခု ရှိသေးတယ်..."
"မယုံနိုင်စရာပဲ..."
ဘတ်ဖတ်၏ အကြည့်က သုတေသန အစီရင်ခံစာပေါ်သို့ ပြန်ရောက်သွားလေသည်။
‘တစ်ဖက်လူ၏ ငွေကြေးအင်အားမှာ သိပ်မများပြားလှဟု ဆိုနိုင်သော်ငြားလည်း... အမေရိကန်ဒေါ်လာ သန်း (၅၀၀) ဝန်းကျင်ခန့်သာ ရှိပါသေးသည်။
သို့သော် ထိုသူ၏ ကြိုပွိုင့်ဈေးကွက် အပေါ် သုံးသပ်ခန့်မှန်းချက်များမှာမူ... ကြက်သီးထဖွယ် ကောင်းလောက်အောင်ပင် တိကျလွန်းလှပေ၏။
သူသည် အတွင်းသတင်းကို ကြိုတင်ရရှိထား၍ပင် ဖြစ်စေ... သို့တည်းမဟုတ် ဘဏ္ဍာရေး လောက၌ ပါရမီရှင် တစ်ဦးသဖွယ် အနံ့ခံအာရုံ ထက်မြက်လွန်း၍ပင် ဖြစ်စေ... ။
ဤအချက်က ဘတ်ဖတ် (Buffett) ကိုယ်တိုင် အထူးအလေးထား အာရုံစိုက်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်နေပေတော့သည်။’
"ဒီလူကို ရှာလိုက်... ငါ သူ့ကို တွေ့ချင်တယ်..."
သူက သုတေသန အစီရင်ခံစာကို စားပွဲပေါ် တင်လိုက်ပြီး သူ့လက်ထောက်ကို အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဆရာ…”