အခန်း (၁၆၆၈-၁၆၇၀)
Vol. 87 Ch. 1668-1670
အခန်း (၁၆၆၈) - အစ်မကြီး... လုပ်ကြံသတ်ဖြတ်ရေး သမား လုပ်မလို့လား
~ယဲ့ဖန်သည် ဂျွန်ဘူးထံမှ အခြေအနေများကို မေးမြန်းနေစဉ်... သူ့နောက်မှ အင်ဂျင်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။
လှည့်ကြည့်လိုက်သောအခါ... အန်းကျူ ပရင့်စ် စိတ်လှုပ်ရှားစွာဖြင့် ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။
သူမသည် အနက်ရောင် သားရေဂျာကင်နှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားပြီး... ဘယ်က ရလာမှန်း မသိသော ဟာလေ (Harley) ဆိုင်ကယ်ကြီး တစ်စီးကို စီးနင်းထားလေသည်။
ယဲ့ဖန် သူမ၏ ပုံစံကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။
"အစ်မကြီး... လုပ်ကြံသတ်ဖြတ်ရေး သမား (Assassin) လုပ်မလို့လား..."
"ရှင်ပဲ အန္တရာယ် များတယ်ဆို... ဒါကြောင့် လိုရမယ်ရ ပစ္စည်းကိရိယာတွေ ပြင်ဆင်လာတာပေါ့..."
အန်းကျူ ပရင့်စ်က ပြောပြောဆိုဆိုပင် သူမ၏ အိတ်ကို ဖွင့်ပြလိုက်လေသည်။
ငရုတ်ကောင်းမှုန့် ဖြန်းဆေးဘူး၊ ဓားမြှောင်၊ နံပါတ်တုတ်၊ လက်သီးကွင်း၊ လျှို့ဝှက်ကင်မရာ အသေးစား...
ယဲ့ဖန် ကြည့်ရင်း မျက်နှာကြွက်သားများပင် တုန်ခါသွားရလေသည်။
"အစ်မကြီး... ကျွန်တော်တို့က စုံစမ်းထောက်လှမ်းဖို့ သွားမှာပါ... သူတို့နဲ့ သွားပြီး တိုက်ခိုက်မှာ မဟုတ်ဘူး..."
"တကယ်လို့ ကျွန်မတို့ နေရာကို ရိပ်မိသွားရင်ကော... ဒီပစ္စည်းတွေက အသုံးဝင်လာမှာပေါ့..."
အန်းကျူ ပရင့်စ်က ဓားမြှောင်ကို ကိုင်လိုက်ပြီး... သူမ အထင် အလွန် ကြည့်ကောင်းသည်ဟု ယူဆရသော ကိုယ်ဟန်အနေအထား အချို့ကို လုပ်ပြလိုက်လေသည်။
ယဲ့ဖန် ပြောစရာ စကားပင် ပျောက်ရှသွားရလေသည်။
"အာ..အစ်မကြီးရာ..တကယ်လို့ ကျွန်တော်တို့ နေရာကိုသာ ရိပ်မိသွားရင်... ဒီပစ္စည်းတွေက အလုပ်ဖြစ်မယ် ထင်လို့လား... အနည်းဆုံးတော့ သေနတ်လောက် ရှိမှ ဖြစ်မှာပေါ့ဗျ..."
"အဲ့ဒါက ကိုင်ဆောင်ဖို့ မလွယ်ဘူးလေ... ဥပဒေနဲ့ မညီဘူး..."
အန်းကျူ ပရင့်စ်က ယုံကြည်မှု ရှိစွာဖြင့် ပြန်ပြောလိုက်လေသည်။
"ဟဲဟဲ... မင်းက ဥပဒေ ရှိတယ် ဆိုတာတောင် သိသေးတာလား... မင်း ပုံစံ ကြည့်ရတာ ဥပဒေ ချိုးဖောက်ဖို့ သွားမယ့် ပုံစံ ပေါက်နေလို့ပါ..."
"အာ... ထားပါတော့... မြန်မြန် ဒီပေါ် တက်စမ်းပါ... ရှင် ဆက်ပြီး အချိန်ဆွဲနေရင် တရားခံ ထွက်ပြေးသွားလိမ့်မယ်..."
အန်းကျူ ပရင့်စ်က ယဲ့ဖန်၏ ဝေဖန်မှုကို မကျေနပ်သဖြင့် ချက်ချင်း တိုက်တွန်းလိုက်လေသည်။
ယဲ့ဖန်က လက်ကာပြလိုက်၏။
"ဒီဆိုင်ကယ် မရဘူး... အသံ ဆူလွန်းတယ်..."
"ဒီဆိုင်ကယ်ကြီး စီးပြီး သွားချောင်းရင်... တစ်ဖက်လူကို 'ငါတို့ ဒီမှာ ရောက်နေပြီ' လို့ အသံချဲ့စက်နဲ့ အော်ပြောနေသလို ဖြစ်နေမှာပေါ့..."
"သွား... ပိုပြီး ပေါ့ပါးပြီး အသံတိတ်တဲ့ ဆိုင်ကယ် တစ်စီး သွားလဲလိုက်..."
"အင်း... ဟုတ်သားပဲ..."
အန်းကျူ ပရင့်စ်လည်း သဘောပေါက်သွားပုံ ရလေသည်။
ခဏမျှ စဉ်းစားလိုက်ပြီးနောက်... သူမ ဆိုင်ကယ်ကို ကားဂိုဒေါင်ထဲသို့ ပြန်မောင်းသွားလိုက်လေသည်။ မကြာမီမှာပင် ပေါ့ပါးပြီး အသံတိတ်လုနီးပါး ဖြစ်သော ဆိုင်ကယ်အသစ် တစ်စီးဖြင့် ပြန်ရောက်လာလေသည်။
ယဲ့ဖန်လည်း ဘာမှ ထပ်မပြောတော့ဘဲ... ဆိုင်ကယ် နောက်ခုံတွင် ချက်ချင်း ဝင်ထိုင်လိုက်လေသည်။
တစ်ချိန်တည်းမှာပင်... သူသည် အန်းကျူ ပရင့်စ်၏ ခါးကို သဘာဝကျကျ ဖက်ထားလိုက်လေသည်။
နှိုင်းယှဉ် ပြောရလျှင်... ဆိုင်ကယ်တွေက လှုပ်ရှားရ လွယ်ကူပြီး... မတော်တဆမှု တစ်ခုခု ဖြစ်ရင်လည်း အချိန်မီ တုံ့ပြန်နိုင်သည်လေ။
"ရှင်...ဘာလုပ်တာလဲ..."
အန်းကျူ ပရင့်စ်က သူမ၏ သွယ်လျသော ခါးလေးကို သန်မာသော လက်မောင်း နှစ်ဖက်ဖြင့် ဖက်ထားသည်ကို ခံစားလိုက်ရသဖြင့်... အလျင်အမြန်ပင် အော်ဟစ်လိုက်လေသည်။
"ဖက်ထားရမှာပေါ့... ပြုတ်ကျသွားရင် ဘယ်လို လုပ်မလဲ..."
ယဲ့ဖန်က အလွန် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ပေးလိုက်လေသည်။
"အနောက်က လက်ကိုင်ကို ကိုင်ထားလို့ မရဘူးလား..."
"အနောက်က လက်ကိုင်ကို ကိုင်ရတာ အဆင်မပြေဘူး... ခင်ဗျား ခါးကို ဖက်ထားရတာက ပို အဆင်ပြေတယ်..."
"မရဘူး... ရှင် ကျွန်မ ခါးကို ကိုင်ထားရင်... ဆိုင်ကယ် မောင်းရတာ တစ်မျိုးကြီး ဖြစ်နေတယ်..."
ယဲ့ဖန် နားမလည်နိုင် ဖြစ်သွားရလေသည်။
‘သူတို့ နှစ်ယောက်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အတူတူ ရှိခဲ့ဖူးတာလေ...
ဒီလောက် ဖက်ထားတာလေးကိုများ…’
သို့သော်... သူ ဆက်မမေးတော့ဘဲ သူမ ပြောသည့်အတိုင်း လိုက်လုပ်လိုက်လေသည်။
"ကောင်းပြီလေ... ကောင်းပြီလေ... အနောက်ကိုပဲ ကိုင်လိုက်ပါ့မယ်... အခု သွားလို့ ရပြီလား..."
အန်းကျူ ပရင့်စ်က ဆိုင်ကယ် စက်နှိုးလိုက်ပြီး... ညအမှောင်ထုထဲသို့ တိုးဝင် မောင်းနှင်သွားလေတော့သည်။
သူတို့ နှစ်ယောက် ဂျွန်ဘူး ပြောထားသော နေရာသို့ ရောက်ရှိချိန်တွင်... ည (၁၀) နာရီခန့် ရှိနေပြီ ဖြစ်လေသည်။
ဂျွန်ဘူးက တံခါးဝတွင် စောင့်နေလေသည်။
ယဲ့ဖန်နှင့် အတူ ပါလာသော အန်းကျူ ပရင့်စ်ကို မြင်လိုက်ရသောအခါ... သူ အံ့သြသွားရလေသည်။
"သူငယ်ချင်း တစ်ယောက်ပါ ခေါ်လာတာလား..."
"ဟုတ်တယ်... ကျွန်မလည်း လိုက်လို့ ရတယ် မဟုတ်လား..."
အန်းကျူ ပရင့်စ်က သားရေဂျာကင်ကို ဝတ်ဆင်ထားပြီး... ဆံပင်ကို မြင်းမြီးပုံစံ စည်းနှောင်ထားလေသည်။ ကြည့်ရတာ ရဲရင့်တက်ကြွသော ပုံစံ ပေါက်နေလေသည်။
"ဟားဟားဟား... ရပါတယ်... ရပါတယ်..."
ဂျွန်ဘူးက ပြီးစလွယ် ပြန်ဖြေလိုက်လေသည်။
သို့သော် သူက ယဲ့ဖန်ကို ဘေးသို့ အမြန် ဆွဲခေါ်သွားလိုက်လေသည်။
"ဘောစ့် ယဲ့... တစ်ဖက်လူက တော်တော်လေး အတွေ့အကြုံ ရင့်ပြီး ပါးနပ်မယ့်ပုံ ပေါက်နေတယ်..."
"ခင်ဗျား သူငယ်ချင်းကိုပါ ခေါ်ပြီး လာချောင်းတာက နည်းနည်း အန္တရာယ် များမနေဘူးလား..."
ယဲ့ဖန်က ဂရုမစိုက်ပေ။
"စိတ်မပူပါနဲ့... ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ သိပါတယ်..."
"ကျွန်တော်တို့ကြောင့် ခင်ဗျား အလုပ် မကြန့်ကြာစေရပါဘူး..."
"ပုံမှန်အတိုင်းသာ ဆက်လုပ်ပါ..."
ဂျွန်ဘူး ခေါင်းညိတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။
"ကျွန်တော် ကြားသလောက်တော့... သူတို့က ဒီနေ့ ကျွန်တော်တို့နဲ့ပဲ အရောင်းအဝယ် လုပ်တာ မဟုတ်ဘူး... တခြား မှောင်ခို ကုန်သည်တွေနဲ့လည်း အရောင်းအဝယ် လုပ်နေကြတာတဲ့..."
"ပြီးတော့... အရောင်းအဝယ် တစ်ခုချင်းစီရဲ့ တန်ဖိုးကလည်း အံ့မခန်းပဲတဲ့..."
ယဲ့ဖန်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားလေသည်။
"သူတို့က ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို ဘယ်က ရလာတာလဲ..."
"အခု အင်ပါယာ ထိပ်တန်း အဖွဲ့အစည်းတွေ အကုန်လုံးက... ဂျယ်ရီ ဘားရိုး မိသားစုရဲ့ စုဆောင်းမှုတွေကို မျက်စိဒေါက်ထောက် ကြည့်နေကြတာလေ... သူတို့က ဘယ်လိုလုပ် ဒီပစ္စည်းတွေကို ရနိုင်မှာလဲ..."
"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူးဗျ..."
ဂျွန်ဘူး ခေါင်းခါလိုက်လေသည်။
"ကျွန်တော်လည်း ခန့်မှန်းကြည့်ရုံပါပဲ..."
"အသေးစိတ်ကိုတော့ လုံးဝ မသိရပါဘူး..."
ယဲ့ဖန် ခဏမျှ စဉ်းစားလိုက်လေသည်။ ဂျွန်ဘူးကို တစ်ဖက်လူ၏ အခြေအနေနှင့် ပစ္စည်း လွှဲပြောင်းမည့် အသေးစိတ် အချက်အလက်များကို မေးမြန်းလိုက်ပြီး... ပတ်ဝန်းကျင်ကို လေ့လာကာ ပုန်းခိုရန် နေရာတစ်ခု ရှာလိုက်လေသည်။
ထို့နောက် သူသည် အန်းကျူ ပရင့်စ်နှင့် အတူ ပုန်းအောင်းနေလိုက်လေသည်။
ယဲ့ဖန်က သူမကို စောစောစီးစီး ပုန်းခိုခိုင်းသည်ကို မြင်လိုက်ရသောအခါ အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်သွားရလေသည်။
"တစ်ဖက်လူက သန်းခေါင်ယံလောက်မှ အရောင်းအဝယ် လုပ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား..."
"အခုမှ (၁၀) နာရီကျော်ပဲ ရှိသေးတာလေ... ကျွန်မတို့က ဒီလောက် စောစောစီးစီး ဒီလို နေရာမျိုးမှာ လာပုန်းနေစရာ လိုလို့လား..."
သို့သော် ယဲ့ဖန် ခေါင်းခါလိုက်လေသည်။
"ဂျွန်ဘူး ပြောပုံအရ... တစ်ဖက်လူက အတွေ့အကြုံ ရင့်တယ် ဆိုတော့... ကျွန်တော်တို့ မထင်မှတ်ထားတဲ့ အချိန်မှာ ရောက်လာနိုင်တယ်..."
"စောစောစီးစီး ပုန်းပြီး အခြေအနေ စောင့်ကြည့်တာက အကောင်းဆုံးပဲ..."
တကယ်လည်း သူ ထင်ထားသည့် အတိုင်းပင်။
သူတို့ နှစ်ယောက် ပုန်းအောင်းနေပြီး (၁၀) မိနစ်လောက် အကြာမှာပင်... သံသယ ဖြစ်ဖွယ်ရာ လူနှစ်ယောက် အနီးနားသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရလေသည်။
ထို လူနှစ်ယောက်က လမ်းမေးသလို ဟန်ဆောင်ပြီး ဂျွန်ဘူး အနားသို့ သွားရောက် စကားပြောနေသော်လည်း... သူတို့၏ မျက်လုံးများက ပတ်ဝန်းကျင်ကို အဆက်မပြတ် လှည့်ပတ် ကြည့်ရှုနေကြလေသည်။ ခြုံခိုတိုက်ခိုက်မည့်သူ ရှိမရှိ စစ်ဆေးနေမှန်း သိသာလှသည်။
ထူးခြားမှု မရှိကြောင်း အတည်ပြုပြီးနောက်... သူတို့က ကျေးဇူးတင်ဟန်ဆောင်ကာ ထွက်ခွာသွားကြလေသည်။
မကြာမီမှာပင်... ကားသံ တစ်ခု ထွက်ပေါ်လာလေသည်။
"ရောက်လာပြီ..."
ယဲ့ဖန် လှမ်းကြည့်လိုက်ရာ... သာမန် ကုန်တင်ကား တစ်စီး မောင်းဝင်လာသည်ကို တွေ့လိုက်ရလေသည်။
ကားက ဂျွန်ဘူး ဘေးတွင် ရပ်လိုက်သည်။
ထို့နောက်... ယာဉ်မောင်းသူ နေရာမှ လူတစ်ယောက် ခုန်ဆင်းလာပြီး... ဂျွန်ဘူးထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာကာ နားမလည်နိုင်သော စကား တစ်ခွန်း ပြောလိုက်လေသည်။
"ဆူးမပါတဲ့ နှင်းဆီ မရှိဘူး..."
ဂျွန်ဘူးက ချက်ချင်း ပြန်ဖြေလိုက်လေသည်။
"အောက်ဘက်ကို မစီးတဲ့ ရေ မရှိဘူး..."
ထိုလူက ထပ်ပြောလိုက်ပြန်သည်။
"မစင် မစားတဲ့ ခွေး မရှိဘူး..."
ဂျွန်ဘူးက ထပ်မံ ဖြေကြားလိုက်ပြန်သည်။
"မစင် စားချင်တဲ့ လူ မရှိဘူး..." [ အကျိုးနည်း စကားဝှက်တွေ >